အခန်း ၄၄၄
Vol. 45 Ch. 444
အခန်း (၄၄၄)
" ချူနိုင်ငံပျက်စီးဖို့ ကံကြမ္မာက သတ်မှတ်ထားတာလား။ " ရှန်းယန်က စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်သည်။
" စစ်သေနာပတိချုပ် အရှင်မင်းကြီးက မြို့တော်ကို ချက်ချင်း ပြန်လာဖို့ အမိန့်ထုတ်ထားပါတယ်။ " သတင်းပို့သူက ထပ်ပြောလိုက်သည်။
" ငါ နားလည်ပြီ။ ငါ ပြန်လာပြီး ကူညီဖို့ နည်းလမ်းရှာမယ်လို့ ပြောလိုက်ပါ။ " ရှန်းယန်က လေးနက်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့။ " သတင်းပို့သူက လျင်မြန်စွာ ထွက်ခွာသွားသည်။
သူထွက်သွားပြီးနောက် ပတ်ဝန်းကျင်မှ တပ်မှူးများက ဒေါသထွက်နေသော အမူအရာများ ပေါ်လာကြသည်။
" စစ်သေနာပတိချုပ် ကျွန်တော်တို့ တကယ်ပြန်သွားမှာလား။ ကျွန်တော်တို့ ပြန်သွားရင် ဟန်ကုစစ်တပ်က ရှေ့တိုးလာလိမ့်မယ်။ ဟန်ကုစခန်းနဲ့ ဝူအန်းစခန်းသာ ပေါင်းမိသွားရင် ချူနိုင်ငံအတွက် အခွင့်အရေး ပိုးနည်းသွားလိမ့်မယ်။ " တပ်မှူးတစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။
" ဒီကိစ္စကို ငါနားလည်ပါတယ်။ " ရှန်းယန်က ပြောလိုက်သည်။
ယခုအချိန်တွင် သူက အလွန်စိတ်ရှုပ်ထွေးနေသည်။ အကယ်၍ သူသာ ပြန်မသွားခဲ့လျှင် အမိန့်ကို ဖီဆန်သော ပြစ်မှုကို ကျူးလွန်ရာ ရောက်ပေလိမ့်မည်။ ချူနိုင်ငံ ပျက်စီးသွားလျှင်တောင် သူက သစ္စာဖောက်တစ်ယောက် ဖြစ်သွညးပေလိမ့်မည်။
" စစ်သေနာပတိချုပ် အရှင်ချန်ဖျင်က တွေ့ခွင့်တောင်းနေပါတယ်။ "
ထိုအချိန်တွင် မီချီက စိုးရိမ်သော အမူအရာနှင့် လျင်မြန်စွာ လျှောက်လာသည်။ မီချီကို မြင်လိုက်ရသောအခါ ရှန်းယန်၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။
" ဖြစ်နိုင်တာက နောက်ထပ် ရွေးချယ်စရာတစ်ခုရှိသေးတာပဲ။ " ရှန်းယန်က မီချီကို စိုက်ကြည့်ပြီး သူ၏ စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။
ဟန်ကုစစ်တပ်တွင်။
" စစ်သေနာပတိချုပ် ကျွန်တော်တို့ သတင်းရထားပါတယ်။ ဝူအန်းကျွင်းက ချွီမြို့က ချူစစ်သည်သုံးသိန်းကို ချေမှုန်းပြီး အကျဉ်းသားတွေကိုလည်း ဖမ်းမိထားပါတယ်။ အခုဆိုရင် ဝူအန်းကျွင်းက ချင်နိုင်ငံရဲ့ မြို့တော်ကို တိုက်ရိုက်ချီတက်သွားလောက်ပါပြီ။ " လီရှင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ချင်နိုင်ငံရဲ့ စစ်နတ်ဘုရားလို့ ခေါ်ထိုက်ပါတယ်။ လေးလကျော်အတွင်း ချူစစ်တပ်ရဲ့ ထက်ဝက်ကျော်ကို ချေမှုန်းလိုက်တယ်။ နောက်သုံးလအတွင်း ချူနိုင်ငံက ပျက်စီးသွားလိမ့်မယ်။ " ဟွမ်ယိက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" ဒါဆို စစ်သေနာပတိချုပ် ကျွန်တော်တို့တပ်တွေ ချူဖန်မြို့ကို တိုက်ခိုက်ကြမလား။ " လီရှင်းက တိုက်ခိုက်လိုစိတ်များဖြင့် ပြောလိုက်သည်။
လွန်ခဲ့သော သုံးလအတွင်း မြို့အားလုံးကို ဟန်ကုစခန်းက သိမ်းပိုက်ခဲ့သော်လည်း ချူဖန်မြို့ကိုတော့ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။ ဟွမ်ယိက ချူစစ်တပ်ကို ထိုနေရာတွင် အချိန်ဆွဲထားသည်မှာ ထင်ရှားသည်။
" အခြေအနေက ဒီအထိ ရောက်လာပြီဆိုတော့ ငါတို့ အလောတကြီး လုပ်စရာမလိုပါဘူး။ စိတ်ပူရမယ့်သူက ရှန်းယန်ပဲ။ " ဟွမ်ယိက ပြုံးလိုက်သည်။
" ဝူအန်းကျွင်းက ချူမြို့တော်ကို ချီတက်လာပြီဆိုတော့ ချူဘုရင်က ရှန်းယန်ကို ပြန်ခေါ်မှာလား။ " လီရှင်းက ပြောလိုက်သည်။
" သူ ပြန်ခေါ်လိမ့်မယ်။ " ဟွမ်ယိက ပြုံးလိုက်သည်။
" ဒါဆို ကျွန်တော်တို့က ရှန်းယန် သူ့တပ်တွေကို ဆုတ်ခွာသွားတာကို စောင့်ရုံပဲ။ " လီရှင်းက ရယ်မောလိုက်သည်။
" ချူနိုင်ငံကို သိမ်းပိုက်ပြီးရင် ဝူအန်းကျွင်းက သေချာပေါက် ရာထူးတိုးပြီး ချင်နိုင်ငံရဲ့ စစ်ဦးစီးချုပ် ဖြစ်လာလိမ့်မယ်။ သမိုင်းမှာ အသက်အငယ်ဆုံး စစ်ဦးစီးချုပ်ပေါ့။ " ဟွမ်ယိက လေးစားမှုများဖြင့် ပြောလိုက်သည်။
ချင်နိုင်ငံ၏ ညီလာခံခန်းမ။
" အရှင်မင်းကြီး ဝူအန်းစခန်းက စစ်ရေးအစီရင်ခံစားကို ရရှိထားပါတယ်။ ဝူအန်းကျွင်းက စစ်သည်တွေကို ဦးဆောင်ပြီး ချွီမြို့မှာ စစ်သည်သုံးသိန်းကို အနိုင်ယူခဲ့ပါတယ်။ ရန်သူတစ်သိန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီး တစ်သိန်းခွဲကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခု ဝူအန်းကျွင်းက ချူမြို့တော်ကို တိုက်ရိုက်ချီတက်သွားပါပြီ။ မကြာခင် ဝူအန်းကျွင်းက ချူမြို့တော်ကို ထိုးဖောက်ပြီး ချူနိုင်ငံကို ဖျက်ဆီးလိုက်ပြီဆိုတဲ့ သတင်းကို ရရှိပါလိမ့်မယ်။ " ယွီလျောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ချူနိုင်ငံ ပျက်စီးသွားသည်နှင့် မကြာမီ ရှန်းကျိုးနယ်မြေကို စုစည်းနိုင်ပေလိမ့်မည်။ တောင်ပေါ်မှ ဆင်းလာသော သူ၏ ရည်ရွယ်ချက်က အောင်မြင်တော့မည်ဖြစ်သည်။ ၎င်းက ကွေ့ကူကျိ၏ တပည့်တစ်ယောက်မှ မလုပ်နိုင်ခဲ့သော အလုပ်တစ်ခု ဖြစ်သည်။
ရင်ကျန့်က ကျေနပ်စွာ ရယ်မောလိုက်သည်။ " ကောင်းတယ်။ "
" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ချင်နိုင်ငံက ရှန်းကျိုးကို ပေါင်းစည်းဖို့ နီးကပ်လာပါပြီ။ " ခန်းမထဲမှ အရာရှိအားလုံးက ရင်ကျန့်ကို ဂုဏ်ပြုစကားပြောလိုက်ကြသည်။
" ချီနိုင်ငံဘက်က ဘာလှုပ်ရှားမှု ရှိသေးလဲ။ " ရင်ကျန့်က ယ်ိလျောင်ကို မေးလိုက်သည်။
" ချူနိုင်ငံက ချီနိုင်ငံကို သံတမန်တွေ လွှတ်ပြီး အကူအညီတောင်းခဲ့ပေမယ့် စစ်သေနာပတိချုပ်ဝမ်ကျန့်က လန်ထျန်းစခန်းကို ဦးဆောင်ပြီး နယ်စပ်ကို စောင့်ကြပ်နေပါတယ်။ တကယ်လို့ ချီက လှုပ်ရှားလာရင် ချင်နိုင်ငံက ချီနိုင်ငံကို တိုက်ခိုက်မှာပါ။ ချီဘုရင်က ချင်နိုင်ငံကို ကြောက်လို့ စစ်ကူလွှတ်ရဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် ချူသံတမန်တွေက အကူအညီတောင်းနေပေမယ့် ချီဘုရင်ကတော့ ဘာမှမလုပ်ရဲပါဘူး။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" ချီဘုရင်၊ ချူနိုင်ငံပျက်စီးသွားရင် ချီနိုင်ငံအလှည့်ပဲ။ " ရင်ကျန့်က လှောင်ပြုံးပြုံးလိုက်သည်။
" အရှင်မင်းကြီးက အမြော်အမြင်ရှိလှပါတယ်။ " အရာရှိများအားလုံးက ပြန်ပြောလိုက်ကြသည်။
" ချူနိုင်ငံ ကျဆုံးဖို့က သေချာနေပြီ။ ဝန်ကြီးတို့ ဝူအန်းကျွင်းကို ဘယ်လိုဆုချသင့်လဲ။ " ရင်ကျန့်က အရာရှိများကို ပြုံး၍ ကြည့်လိုက်သည်။ အမှန်တော့ ထိုမေးခွန်းက ဆုံးဖြတ်ချက် ချပြီးသားဖြစ်သည်။
" အရှင်မင်းကြီး ဝူအန်းကျွင်းကို ဘွဲ့ထူးပေးတုန်းက နောက်ထပ် အောင်ပွဲတစ်ခုရရင် စစ်ဦးစီးချုပ်ရာထူးပေးမယ်လို့ ပြောခဲ့ပါတယ်။ အခု ချူနိုင်ငံ ကျဆုံးတော့မှာဆိုတော့ ဒီအောင်မြင်မှုက ဒီရာထူးရဖို့ လုံလောက်ပါတယ်။ ဝူအန်းကျွင်းကို စစ်ဦးစီးချုပ်ရာထူးတိုးပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ။ " ဟန်ဖေးက ရှေ့ထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
" ဝူအန်းကျွင်းကို စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးပေးဖို့ ထောက်ခံပါတယ်။ " လီစီ၊ ယွီလျောင်နှင့် အခြားသူများကလည်း ကျယ်လောင်စွာ ပြောလိုက်ကြသည်။
" ဝန်ကြီးတွေရဲ့ တောင်းဆိုမှုက ကျိုးကြောင်းဆီလျော်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ဝူအန်းကျွင်းက ချူနိုင်ငံကို သိမ်းပိုက်ပြီး ပြန်လာရင် သူ့ကို စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးပေးပြီး ချင်နိုင်ငံရဲ့ စစ်အင်အားအားလုံးကို ထိန်းချုပ်ခွင့်ပေးမယ်။ "
" အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ " အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက မကျေမနပ်ဖြစ်နေသော်လည်း ဘာမှမတတ်နိုင်ဘဲ အော်ဟစ်လိုက်ရသည်။
" ကမ္ဘာကြီးကို ပေါင်းစည်းပြီးရင် ငါ ဖုန်းအာကို ငါ့သားအဖြစ် သတ်မှတ်မယ်။ အဲ့ဒီအခါ မင်းတို့ ပိုအံ့ဩရလိမ့်မယ်။ " ရင်ကျန့်က စိတ်ထဲမှ ပြုံးလိုက်သည်။
ကျောက်ဖုန်းကို တစ်ဆင့်ချင်း မြှင့်တင်ပေးရခြင်းက သူ့ကို ကျေနပ်စေသည်။ ယခုဆိုလျှင် ကျောက်ဖုန်း၏ ဂုဏ်သတင်းက ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။ ရင်ကျန့်က ကျောက်ဖုန်းကို အိမ်ရှေ့စံမင်းသားအဖြစ် သတ်မှတ်ထားပြီး အခြားဘယ်သူမှ ထိုအခွင့်အရေးမရှိပေ။
ချူမြို့တော်။
" အရှင်မင်းကြီး ချင်စစ်တပ်က ရောက်လာပါပြီ။ အခု သူတို့က မြို့တော်ကို ဝိုင်းထားကြပါတယ်။ ရှန်းယန်က ကူညီဖို့ ပြန်မလာပါဘူး။ " ကျောက်ဝမ်က စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
" ရှန်းယန်က နိုင်ငံကို သစ္စာဖောက်တာလား။ သူက ဘာလို့ပြန်မလာတာလဲ။ " ချူဘုရင်က မျက်နှာပျက်သွားပြီး ပြောလိုက်သည်။ အချိန်များ ကုန်လွန်သွားပြီဖြစ်သော်လည်း ရှန်းယန်က ကူညီရန် ရောက်မလာခဲ့ပေ။
" သူ ကျွန်တော်မျိုးတို့ကို သစ္စာဖောက်သွားတာ ဖြစ်နိုင်ပါတယ်။ " ကျောက်ဝမ်က သက်ပြင်းချလိုက်သည်။
" ငါတို့ ဘာလုပ်ကြမလဲ။ ချင်စစ်တပ်က မြို့တံခါး ရောက်နေပြီ။ အခု ချူနိုင်ငံက အန္တရာယ်ရှိနေပြီ။ " ချူဘုရင်က စိုးရိမ်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် ချင်စစ်သည်များ၏ ဟိန်းဟောက်သံများက ချူမြို့တော်တစ်လျှောက် ပျံ့နှံ့လာသည်။ နန်းတော်ထဲမှပင် ထိုအသံများကို ပြတ်ပြတ်သားသား ကြားနေရသည်။ မြို့ထဲမှ ချူစစ်သည်များနှင့် အရပ်သားများက ထိတ်လန့်သွားကြသည်။ ချင်စစ်တပ်၏ ရက်စက်မှုကို တစ်ကမ္ဘာလုံး သိကြသည်။
" ချင်စစ်တပ်က တိုက်ခိုက်ဖို့ စတင်လိုက်ပြီ။ " ချူဘုရင်၏ အသံက တုန်ယီနေသည်။ ဘေးအန္တရာယ်နှင့် အမှန်တကယ် ရင်ဆိုင်ရသောအခါ သူက ထိတ်လန့်နေပြီဖြစ်သည်။
ချူမြို့တော်၏ အပြင်ဘက်တွင်။
" ဒီနေ့ ချူနိုင်ငံ ကျဆုံးလိမ့်မယ်။ စစ်သည်အားလုံး ငါ့အမိန့်ကို နာခံကြ။ သတ်ကြ...." ကျောက်ဖုန်းက အာဏာရှင်လှံကို မြှောက်ပြီး အော်ဟစ်လိုက်သည်။
အမိန့်ပေးပြီးနောက် မြားမိုးများနှင့် ကျောက်တုံးများက ချူမြို့တော်ပေါ်သို့ ကျဆင်းလာပြီး သတ်ဖြတ်မှုများကို ယူဆောင်လာသည်။ ထိုတိုက်ခိုက်မှုက တစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။
" ငါ့နောက်ကို လိုက်ပြီး သတ်ကြ။ " ကျောက်ဖုန်းက အော်ဟစ်လိုက်ပြီး မြင်းကို အရှိန်မြှင့်လိုက်သည်။
" စစ်သေနာပတိချုပ်နောက်ကို လိုက်ပြီး သတ်ကြ။ " ကျန်းမင်းက က်ုယ်ရံတော်နှစ်ထောင်ကို ဦးဆောင်ပြီး ချီတက်သွားသည်။ ကျောက်ဖုန်း၏ ကိုယ်ရံတော်မျာယအနေဖြင့် သူတို့က စစ်မြေပြင်တွင် တိုက်စစ်ကို ဦးဆောင်ကြသည်။
" သတ်ကြ။ " နောက်မှ စစ်သည်များကလည်း အော်ဟစ်ပြီး ရှေ့တိုးလာကြသည်။
ကျောက်ဖုန်းက ချူမြို့တော်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။ ချူမြို့တော်မှ မြားမိုးများကိုရှောင်တိမ်းရင်း သူက လေးကို မြှောက်ကာ မြားကို ပစ်လွှတ်လိုက်သည်။
ရွှီး... ဝုန်း...
မြားက မြို့တံခါးကို ဖျက်စီးသွားပြီး အထဲမှ ချူစစ်သည်များစွာ သေဆုံးသွားကြသည်။ တံခါးပျက်စီးသွားသည်နှင့် ရလဒ်က ဆုံးဖြတ်ပြီးသားဖြစ်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့