← Chapters

အခန်း ၄၄၆

Vol. 45 Ch. 446

အခန်း ၄၄၆

Vol. 45 Ch. 446

အခန်း (၄၄၆)

" ကောင်းကင်က အမြင်မရှိဘူး။ ချူနိုင်ငံက သစ္စာဖောက်တွေအောက်မှာ ဒုက္ခရောက်နေတာကြာပြီ။ အရင်ကဟွမ်ရှဲ ပြီးတော့ လီယွမ်၊ မိသားစုသုံးခုက အမြစ်တွယ်နေပြီး ချူနိုင်ငံကို ကပ်ပါးကောင်တွေလို စားသုံးနေကြတယ်။ ကောင်းကင်က ငါ့ကို အခွင့်အရေးမပေးခဲ့ဘူး။ ဒါပေမယ့် ငါ လက်နက်မချဘူး။ ငါ သေရင်တောင် အရှုံးမပေးဘူး။ " ချူဘုရင် ဖုချူက ဓားကိုင်ပြီး ကျောက်ဖုန်းကို ကြည့်ကာ ပလ္လင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းလာသည်။

" အရှင်မင်းကြီး " ထိုမြင်ကွင်းကို မြင်သောအခါ ချူအရာရှိများက စိတ်လှုပ်ရှားသွားကြသည်။

ချူဘုရင်က အရာရှိများကို ဂရုမစိုက်ဘဲ ကျောက်ဖုန်းဆီသို့ တည်ငြိမ်စွာ လျှောက်သွားသည်။

" ချူဘုရင် ရှုံးဖုချူ " ချူဘုရင်က သူ၏ ဓားကို မြှောက်ပြီး ကျောက်ဖုန်းကို ချိန်ရွယ်လိုက်သည်။

" ချင်နိုင်ငံ ကျောက်ဖုန်း။ " ကျောက်ဖုန်းကလည်း သူ၏ ဓားကို မြှောက်လိုက်သည်။ နိုင်ငံနှင့်အတူ သေဆုံးမည့်ဘုရင်က လေးစားထိုက်ပေသည်။

ချူဘုရင်က ဓားကိုင်ပြီး ကျောက်ဖုန်းဆီသို့ ပြေးဝင်သွားသော်လည်း သူ၏ လှုပ်ရှားမှုများက နှေးကွေးလှသည်။ ကျောက်ဖုန်းက တွန့်ဆုတ်ခြင်းမရှိဘဲ လုံချွမ်ဓားက ချူဘုရင်၏ နှလုံးကို ထိုးဖောက်သွားသည်။ ချူဘုရင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ၏ နှလုံးသားကို ထိုးဖောက်ထားသော ဓားကို ကြည့်လိုက်သည်။

" ငါ တကယ်ပဲ အသုံးမကျဘူး။ " ချူဘုရင်က ခါးသီးစွာ ပြုံးပြီး ပြောလိုက်သည်။

" ဖုချူ ငါက နိုင်ငံလေးခုကို ဖျက်ဆီးခဲ့ပေမယ့် မင်းက တကယ် ဘုရင်ဖြစ်ထိုက်တဲ့သူပဲ။ မင်းက ငါ့ရဲ့ လေးစားမှုနဲ့ ထိုက်တန်တယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" ချင်နိုင်ငံရဲ့ ဝူအန်းကျွင်း ချီးကျူးတာ ခံရတာ ငါကျေနပ်တယ်။ ချူနိုင်ငံက သစ္စာဖောက်တွေကို သတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ " ဖုချူက တုန်ယီစွာ ပြောလိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် မုန်းတီးမှုများမရှိဘဲ စိတ်သက်သာရရခြင်းများဖြင့် ပြည့်နှက်နေသည်။

" ချင်နိုင်ငံရဲ့ ပေါင်းစည်းမှုကို ဘယ်သူမှမတားဆီးနိုင်ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောပြီး သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ ချင်ဘုရင်၏ ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

" ချူဘုရင်ကို သတ်ပြီး စွမ်းရည်အားလုံး ၅၀၀ မှတ် ရရှိပါတယ်။ အဆင့်သုံး ရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ အသစ်ပေးချက် ထွက်ပေါ်လာသည်။

" တစ်ယောက်ယောက် လာခဲ့စမ်း။ ချူဘုရင်ကို ခမ်းခမ်းနားနား သင်္ဂြိုလ်ပေးလိုက်ပါ။ ချူတော်ဝင်သင်္ချိုင်းကို ရှာပြီး မင်းသားတစ်ပါးရဲ့ အခမ်းအနားနဲ့ ဂူသွင်းပေးလိုက်ပါ။ "

" ဟုတ်ကဲ့ " ကျန်းမင်က အမိန့်ကို လက်ခံလိုက်သည်။

ချူဘုရင်နှင့်ဆိုလျှင် ကျောက်ဖုန်းက ဘုရင်နှစ်ပါးကို သတ်ခဲ့ပြီဖြစ်သည်။ သူက ယန်ဘုရင်ကို တိုင်းတစ်ပါးမျိုးနွယ်စုများနှင့် ပူးပေါင်းသောကြောင့် ခေါင်းဖြတ် ကွပ်မျက်ခဲ့သည်။ သို့သော် ဖုချူကဲ့သို့ ဘုရင်တစ်ပါးအတွက် ကျောက်ဖုန်းက လေးစားစွာ ဆက်ဆံခဲ့သည်။

ကျောက်ဖုန်းက ပလ္လင်ရှိရာသို့ တက်သွားပြီး ချူအရာရှိများကို ငုံ့ကြည့်လိုက်သည်။

" မင်းတို့ လက်နက်ချမှာလား မချဘူးလား။ "

" ကျွန်တော်တို့ လက်နက်ချပါမယ်။ " ချူအရာရှိများက ဒူးထောက်လိုက်ကြပြီး တုန်ယင်စွာ ပြောလိုက်သည်။

၎င်းကို မြင်သောအခါ ကျောက်ဖုန်း၏ မျက်လုံးများထဲတွင် စိတ်ပျက်သော အရိပ်အယောင်များ ပေါ်လာသည်။ သူက ကိုယ့်နိုင်ငံကို သစ္စာဖောက်သူများကို အထင်သေးသည်။ သို့သော် ချင်နိုင်ငံတွင် အရာရှိများ လိုအပ်နေပြီး ထိုသစ္စာဖောက်များကို အသုံးချရန် လိုအပ်နေသောကြောင့် သူတို့ကို အသက်ချမ်းသာပေးရန်သာ တတ်နိုင်သည်။

" ဒီလိုဆိုမှတော့ ချူမြို့တော်ကို ထိန်းချုပ်နိုင်အောင် ငါ့ရဲ့ စစ်တပ်ကို ကူညီပေးလိုက်။ တစ်ယောက်ယောက် ပုန်ကန်ချင်ရင် တစ်ခါတည်း သတ်ပစ်လိုက်။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ ဝူအန်းကျွင်းကို ကျေးဇူးတင်ပါတယ်။ " ချူအရာရှိများက စိုးရိမ်စွာ ပြောလိုက်ကြသည်။

" တုဆွေ " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" ကျွန်တော်ရှိပါတယ်။ " တုဆွေက ရှေ့သို့ ထွက်လာသည်။

" ဒီလူတွေကို ခေါ်သွားလိုက်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " တုဆွေက အမိန့်ကို လက်ခံလိုက်ပြီး ချူအရာရှိများကို ခေါ်ထုတ်သွားရန် ချင်စစ်သည်များကို အမိန့်ပေးလိုက်သည်။

" ချူမြို့တော်တစ်ခုလုံးကို ထိန်းချုပ်ပါ။ လက်နက်ချဖို့ ဆန္ဒရှိတဲ့ စစ်သည်တိုင်းကို အသက်ချမ်းသာပေးလိုက်။ ထွက်ပြေးတဲ့သူ ခုခံတဲ့သူအားလုံးကို သတ်ပစ်။ စစ်တပ်တစ်ခုလုံးကို ငါ့အမိန့် ဖြန့်လိုက်ပါ။ ပြည်သူတွေကို လုံးဝ ထိခိုက်အောင်မလုပ်ရဘူး။ ပြည်သူတွေရဲ့ ပစ္စည်းတွေကို လုံးဝ မထိရဘူး။ ချိုးဖောက်တဲ့သူမှန်သမျှ စစ်ဥပဒေနဲ့အညီ အရေးယူမယ်။ ပြီးတော့ အဲ့ဒီမိသားစုသုံးခုက ခေါင်းဆောင်တွေရဲ့ ခေါင်းကို နန်းတော်အပြင်ဘက်မှာ အားလုံးမြင်အောင် ချိတ်ဆွဲထားလိုက်။ သူတို့ရဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းယူရင်လည်း အားလုံးမြင်အောင် ပြလိုက်ပါ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " တုဆွေက အမိန့်ကို လက်ခံပြီး ထွက်ခွာသွားသည်။

ကျောက်ဖုန်းက လှည့်ပြီး ချူဘုရင်၏ ပလ္လင်ကို ကြည့်လိုက်သည်။

" ဘုရင်ဆိုတာ တကယ်ရှားပါးတာပဲ။ တစ်နေ့ကျရင် ငါ ကျောက်ဖုန်းလည်း ဒါကို ပိုင်ဆိုင်လိမ့်မယ်။ ဘုရင်တင်မဟုတ်ဘူး။ ကမ္ဘာကြီးကို ပေါင်းစည်းပြီး အင်ပါယာကို တည်ထောင်တဲ့အခါ ငါက ဧကရာဇ် ဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက ပလ္လင်ကို ကြည့်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

သူ၏ ရည်ရွယ်ချက်က ရှန်းကျိုးတစ်ခုတည်းမဟုတ်ဘဲ နယ်နိမိတ်များကို ကျော်လွန်ပြီး လူသားဘုံ၊ အင်မော်တယ်ဘုံအထိ တက်လှမ်းမည်ဖြစ်သည်။ ၎င်းတို့အားလုံးက ကျောက်ဖုန်း၏ ရည်မှန်းချက်များဖြစ်သည်။ ဤကမ္ဘာတွင် ပြန်လည်မွေးဖွားလာပြီးနောက် စွမ်းရည်များကို စုဆောင်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသော ကျောက်ဖုန်းက အားလုံးထဲတွင် အသန်မာဆုံး ဖြစ်လာပေလိမ့်မည်။

အင်မော်တယ်ဖြစ်ရန် နတ်ဘုရားဖြစ်ရန် ဤကမ္ဘာတွင် ၎င်းတို့က အိပ်မက်သက်သက် မဟုတ်ပေ။ အကယ်၍ သူသာ မသန်မာလျှင် အင်မော်တယ်များက လူသားများကို တိရစ္ဆာန်များကဲ့သို့ သတ်ဖြတ်နေသည်ကို ထိုင်ကြည့်နေရမည်ဖြစ်သည်။ ကျောက်ဖုန်းက ၎င်းကို ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် ကျောက်ဖုန်းက ရှန်းကျိုးမှ လူသားများ၏ အင်အားကို စုစည်ပြီး သိုင်းတာအိုကို လက်ဆင့်ကမ်းမည်ဖြစ်သည်။

" အရှင် ချူနိုင်ငံရဲ့ ဘဏ္ဍာတိုက်ကို ရှာတွေ့ပါပြီ။ ကိုယ်ရံတော်တစ်ထောင်က အဲ့ဒီမှာ စောင့်ကြပ်နေပါတယ်။ ကျွန်တော်တို့ သွားကြတော့မလား။ " ကျန်းမင်က အမြန်လျှောက်လာပြီး ပြောလိုက်သည်။

နန်းတော်ကို သိမ်းလိုက်ပြီဆိုလျှင် ဘဏ္ဍာတိုက်ကို လုယူခြင်းက လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည်။ ၎င်းက ကျောက်ဖုန်း၏ ကိုယ်ရံတော်များ အမိန်းပေးစရာမလိုပဲ နားလည်ထားသော ကိစ္စဖြစ်သည်။ နန်းတော်တစ်ခုကို သိမ်းပိုက်ပြီးတိုင်း ကိုယ်ရံတော်များ၏ နောက်ဆုံးအလုပ်က ဘဏ္ဍာတိုက်ကို အရင်ဆုံးထိန်းချုပ်ပြီး သူတို့၏ အရှင်ကို စောင့်ဆိုင်းခြင်းဖြစ်သည်။

" သွားမယ်။ " ကျောက်ဖုန်းက ထရပ်ပြီး ကျန်းမင်နောက်သို့ လိုက်သွားသည်။

ချူနိုင်ငံ၏ ဘဏ္ဍာတိုက်တွင် ရွှေငွေများ သိပ်မကျန်တော့ပေ။ မိသားစုသုံးခုက ဘဏ္ဍာတိုက်ထဲတွင် ရွှေငွေများကို ချန်ထားမည်မဟုတ်ပေ။ သို့သော် အခြားအရာများတော့ ရှိနေနိုင်သည်။

ချူမြို့တော်ထဲတွင် အချို့နေရာများ၌ အလောင်းများနှင့် သွေးကွက်များ ရှိနေသည်။ ချင်စစ်သည်များက မြို့ထဲတွင် ကင်းလှည့်နေပြီး ကျန်ရှိသော ရန်သူများကို ရှင်းလင်းနေသည်။ အလောင်းများကို ထောက်ပို့စစ်တပ် မြို့ထဲသို့ ရောက်လာချိန်တွင် ရှင်းလင်းပေးမည်ဖြစ်သည်။ နိုင်ငံတစ်ခု၏ မြို့တော်ဖြစ်သောကြောင့် မြို့ထဲတွင် လူဦးရေ သိန်းချီ ရှိနေသည်။

ချင်စစ်တပ် မြို့ထဲသို့ ဝင်ရောက်လာချိန်တွင် ချူပြည်သူများက အိမ်ထဲတွင် ပုန်းအောင်းနေပြီး တံခါးများကို တင်းကျပ်စွာ ပိတ်ထားကြသည်။ ချင်စစ်တပ်က သူတို့အား ဘာလုပ်မည်ကို မသိသောကြောင့် စိုးရိမ်ထိတ်လန့်နေကြသည်။ သို့သော် ကျောက်ဖုန်း၏ အမိန့်များ ထွက်ပေါ်လာသောအခါ ချင်စစ်သည်များက မောင်းများ တီခတ်ပြီး ကင်းလှည့်လာကြသည်။

" ဝူအန်းကျွင်းရဲ့ အမိန့်အရ မြို့ထဲက ပြည်သူများ စိုးရိမ်ပူပန်ခြင်း မရှိကြဖို့နဲ့ ရုတ်ရုတ်သဲသဲဖြစ်အောင် မလုပ်ကြပါနဲ့။ ချူမြို့တော် ကျဆုံးသွားပြီး ချင်စစ်တပ်က မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ပါပြီ။ ချင်စစ်သည်တွေက ပြည်သူတွေကို လုံးဝထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး။ " ချင်စစ်သည်များက ကင်းလှည့်ရင်း မောင်းများတီးခတ်ပြီး ကြေညာနေကြသည်။

" ချင်စစ်တပ်က မြို့ကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိပုံရတယ်။ "

" သူတို့ တကယ်ပဲ ငါတို့ အိမ်ထဲကို ဝင်မလာကြဘူး။ "

" ချင်စစ်တပ်က ဝံပုလွေတွေလို့ ရက်စက်တယ်လို့ နန်းတော်က ပြောခဲ့ပေမယ့် အခုတော့ အဲ့လိုမဟုတ်တဲ့ပုံပဲ။ "

"ချင်စစ်တပ်က မြို့ကို သိမ်းတာကြာလှပြီ။ ဒါပေမယ့် သူတို့က ငါတို့ သာမန်ပြည်သူတွေကို တစ်ချက်လေးမှ မထိပါးကြဘူး။ "

အိမ်ထဲတွင် ပုန်းအောင်းနေသော ပြည်သူများက အချင်းချင်း ဆွေးနွေးနေကြသည်။ ချင်စစ်တပ်၏ လုပ်ရပ်က သက်ရောက်မှုရှိသော်လည်း သူတို့က ကြောက်ရွံ့နေကြဆဲ ဖြစ်သည်။ ချူမြို့တော်က ယခင်ကဲ့သို့ ပြန်ဖြစ်လာရန် ဆယ်ရက် သို့မဟုတ် လဝက်လောက် ကြာဦးမည်ဖြစ်သည်။

နန်းတော်အတွင်း။

" ချူနန်းတော်ရဲ့ ဘဏ္ဍာတိုက်က နိုင်ငံအားလုံးထဲမှာ အဆင်းရဲဆုံးပဲ။ ရွှေ၊ငွေ ကျောက်စိမ်းပစ္စည်း တစ်ခုမှမကျန်ဘူး။ ဆေးမြစ်အနည်းငယ်နဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေပဲရှိတယ်။ ချူနိုင်ငံမှာ အာဏာမက်မောတဲ့ အမတ်တွေ ပေါများနေတာ အံ့ဩစရာမရှိပါဘူး။ " ကျောက်ဖုန်းက စိတ်ပျက်စွာဖြင့် တွေးလိုက်သည်။

ချူနန်းတော်က ဆင်းရဲမည်ဟု ထင်ခဲ့သော်လည်း ယခုလောက်ထိ ဆင်းရဲလိမ့်မည်ဟု မထင်ထားပေ။ အခြားနိုင်ငံများ၏ ဘဏ္ဍာတိုက်ထဲတွင် လက်နက်များနှင့် အခြားအရာများ ရှိနေတတ်သည်။ သို့သော် ချူဘဏ္ဍာတိုက်က လျို့ဝှက်ခန်းများအထိ အလွတ်များဖြစ်ပြီး လက်နက်များပင် မရှိပေ။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters