← Chapters

အခန်း ၄၄၇

Vol. 45 Ch. 447

အခန်း ၄၄၇

Vol. 45 Ch. 447

အခန်း (၄၄၇)

" စစ်သေနာပတိချုပ် စစ်မိန့်တွေ ထုတ်ပြီးပါပြီ။ စစ်တပ်တွေကလည်း ပြည်သူတွေကို ငြိမ်းချမ်းအောင် လုပ်ဆောင်နေပေမယ့် အောင်မြင်မှုနည်းနည်းပဲ ရှိပါသေးတယ်။ ပြည်သူအများစုက အပြင်မထွက်ရဲသေးပါဘူး။ " တုဆွေက သတင်းပို့လိုက်သည်။

" ဒါက ပုံမှန်ပါပဲ။ ချူပြည်သူတွေအတွက် ငါတို့ ချင်စစ်တပ်က ရန်သူတွေပဲ။ သူတို့ စိတ်ထဲမှာ ကြောက်ရွံ့နေတာ သဘာဝပဲ။ ဒါကြောင့် သူတို့ အပြင်မထွက်ရဲကြတာ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ။ " တုဆွေက မေးလိုက်သည်။

" ငါတို့က ငြိမ်းချမ်းဖို့ အမိန့်ထုတ်ပေးတာနဲ့ လုံလောက်ပြီ။ ငါတို့သာ သူတို့ကို ထိခိုက်အောက် မလုပ်ရင် အချိန်ကြာတဲ့အခါ သူတို့ ကြောက်စိတ်တွေ နည်းလာလိမ့်မယ်။ နန်းတော်က အုပ်ချုပ်ဖို့ အရာရှိတွေ စေလွှတ်လိုက်တဲ့အခါ အားလုံးအဆင်ပြေသွားလိမ့်မယ်။ အခု ငါတို့ အာရုံစိုက်ရမှာက ရှေ့ဆက်တိုးဖို့ပဲ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ် အမိန့်ပေးပါ။ " တုဆွေက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ကျန်းဟန်နဲ့ လီယောင် " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" ကျွန်တော်တို့ ရှိပါတယ်။ " ကျန်းဟန်နှင့် လီယောင်တို့က ကျောက်ဖုန်းဆီသို့ ရောက်လာကြသည်။

" စစ်ပွဲရလဒ်ကို စာရင်းကောက်ပြီးပြီလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" စစ်သေနာပတိချုပ် ရလဒ်တွေကို စာရင်းကောက်ပြီးပါပြီ။ မြို့ထဲကို ဝင်လာပြီးတဲ့နောက်မှာ ကျွန်တော်တို့စစ်တပ်က ချူစစ်သည်သုံးသောင်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ငါးသောင်းကျော်ကို ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့် ချူစစ်သည်တော်တော်များများက လွတ်မြောက်သွားပါတယ်။ ဒီစစ်ပွဲမှာ ကျွန်တော်တို့ စစ်တပ်က ငါးထောင်ကျော် ကျဆုံးခဲ့ပြီး ငါးထောင်ကျော် ဒဏ်ရာရခဲ့ပါတယ်။ " လီယောက်က သတင်းပို့လိုက်သည်။

" ဒဏ်ရာရတဲ့သူတွေကို အကောင်းဆုံး ကုသပေးလိုက်ပါ။ ကျဆုံးသွားတဲ့ စစ်သည်စာရင်းကိုတော့ ရှောက်ဖူဆီ အစီရင်ခံလိုက်ပါ။ နန်းတော်က ထောက်ပံ့ကြေးပေးလိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " လီယောင်က ချက်ချင်း ပြန်ပြောလိုက်သည်။

" ချူမြို့တော် ကျဆုံးသွားပေမယ့် ချူနယ်မြေက ကျယ်ဝန်းတဲ့အပြင် ရှန်းယန်ကိုလည်း ရှင်းလင်းရဦးမယ်။ မြင်းတပ်အားလုံး တပ်ဖြန့်ပြီး ချူမြို့တွေကို တိုက်ခိုက်ပါ။ ချူဘုရင်ရဲ့ တံဆိပ်ကို ယူပြီး ဘုရင်အမိန့်တွေကို အတုလုပ်ကြ။ ဘယ်နေရာကို တိုက်တိုက် လက်နက်ချဖို့ အရင်အမိန့်ပေး။ လက်နက်မချရင် သတ်ပစ်။ လက်နက်ချပြီး မြို့ကို အပ်တဲ့သူတွေကိုတော့ ကျွန်အဖြစ် မသတ်မှတ်ဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ သူက ချူဘုရင်တံဆိပ်ကို ယူပြီး ကျန်းဟန်ကို ပစ်ပေးလိုက်သည်။

ကျန်းဟန်က တံဆိပ်တုံး ကျိုးပဲ့သွားမည်စိုးသဖြင့် ဂရုတစိုက် ဖမ်းလိုက်သည်။

" စစ်သေနာပတိချုပ် ဒါက ဘုရင်တံဆိပ်တုံးပါ။ " ကျန်းဟန်က စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။

" ဒါက ကျောက်စိမ်းတုံးတစ်တုံးပဲ။ ဒီလောက်ထိ အထူးအဆန်းလုပ်မနေနဲ့ " ကျောက်ဖုန်းက စိတ်မရှည်ဘဲ ပြောလိုက်သည်။

" ဘုရင်အမိန့်ကို အတုဘယ်လိုလုပ်ရမလဲဆိုတာကတော့ ငါ သင်ပေးစရာမလိုလောက်ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော် သိပါတယ်။ " တုဆွေက ပြန်ဖြေလိုက်သည်။

" ကျွန်တော်က မြင်းစီစစ်သည်ငါးသောင်းကို ဦးဆောင်ပြီး ချူမြို့တွေကို တိုက်ခိုက်ပါမယ်။ " ကျန်းဟန်က ပြောလိုက်သည်။

" ချူမြို့တော်ကို စောင့်ကြပ်ဖို့ စစ်သည်ငါးသောင်းထားခဲ့ပါ။ ကျန်တဲ့သူတွေက ကိုယ့်တပ်ဖွဲ့ကို ဦးဆောင်ပြီး ချူမြို့တွေကို သိမ်းပိုက်ပါ။ မြို့အများဆုံး သိမ်းပိုက်နိုင်တဲ့သူက အကြီးမားဆုံး စွမ်းဆောင်မှုကို ရမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းဟန်နှင့် တုဆွေတို့၏ မျက်လုံးများက တောက်ပသွားပြီး ချက်ချင်း ထွက်ခွာသွားသည်။

" ခွိုက်ဖု ဘာလို့ ကြောင်တောင်တောင်နဲ့ ရပ်နေတာလဲ။ စစ်ရေးအစီရင်ခံစာကို မရေးတော့ဘူးလား။ ချူမြို့တော်ရဲ့ အခြေအနေကို မတင်ပြတော့ဘူးလား။ " ကျောက်ဖုန်းက ဘေးတွင် ရပ်နေသော ခွိုက်ဖုကို ကြည့်ပြီး မေးလိုက်သည်။

" စစ်သေနာပတိချုပ်က ချူဘုရင်ကို သတ်လိုက်တယ်ဆိုတာ ဘယ်လိုအစီရင်ခံရမှန်းမသိပါဘူး။ " ခွိုက်ဖုက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ သူက ထိုအစီရင်ခံစာကို မည်သို့ရေးရမည်ကို အမှန်တကယ် မသိပေ။

" ဖြစ်ပျက်ခဲ့တဲ့အတိုင်းပဲ အစီရင်ခံလိုက်ပါ။ ချူဘုရင်က စိတ်ဓာတ်ခိုင်မာပြီး သေချင်နေလို့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တယ်လို့ ပြောလိုက်ပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ကို နန်း​တွင်းက ဝေဖန်ကြပါလိမ့်မယ်။ " ခွိုက်ဖုက တုန့်ဆိုင်းနေဆဲ ဖြစ်သည်။

" ချူဘုရင်က သေသွားပြီ။ ဒီသတင်းက အနှေးနဲ့အမြန် ရှန်းယန်ကို ရောက်သွားမှာပဲ။ ပြီးတော့ ငါက ပွင့်ပွင်းလင်းလင်းပဲ လုပ်ခဲ့တယ်။ အပြစ်တင်ချင်တဲ့သူရှိရင် တင်ခိုင်းလိုက်ပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

လက်ရှိ သူ၏ စွမ်းအားနှင့် ဘုရင်တစ်ပါးကိုပင် ဂရုစိုက်စရာမလိုပေ။ ချင်ဘုရင်က သူ့ကို ဂရုစိုက်ပြီး အသေးအဖွဲ ပြစ်ဒဏ်ဆိုလျှင် လက်ခံနိုင်သော်လည်း အကယ်၍ မိသားစုတစ်ခုလုံး သုတ်သင်ရမည့် ပြစ်ဒဏ်မျိုးဆိုလျှင် ကျောက်ဖုန်းက ငြမ်ခံနေမည်မဟုတ်ပေ။ သူက အစကတည်းက ဘုရင်အပေါ် မျက်စိမှိတ်သစ္စာရှိသူတစ်ယောက် မဟုတ်ပေ။

" နားလည်ပါပြီ။ " ခွိုက်ဖုက ခေါင်းညိမ့်လိုက်သော်လည်း ထွက်မသွားသေးပေ။

" နားလည်ပြီဆို ဘာလို့ထွက်မသွားသေးတာလဲ။ " ကျောက်ဖုန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ထိုအချိန်တွင် ခွိုက်ဖုက ကျောက်ဖုန်းဆီသို့ လျှောက်လာပြီး ဒူးထောက်လိုက်သည်။

" ဘာလုပ်တာလဲ။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်သွားသည်။

" စစ်သေနာပတိချုပ် ကျွန်တော်​လည်း စစ်သူကြီးကျန်းဟန်တို့လို ဖြစ်ချင်ပါတယ်။ စစ်သေနာပတိချုပ်ရဲ့ လူယုံတစ်ယောက် ဖြစ်ချင်ပါတယ်။ စစ်သေနာပတိချုပ်ရဲ့ စစ်မှန်တဲ့ ယုံကြည်မှုကို ရယူချင်ပါတယ်။ " ခွိုက်ဖုက ဒူးထောက်ပြီး လေးနက်စွာ ပြောလိုက်သည်။

" အဲ့ဒါ ဘာကိုဆိုလိုတာလဲ။ " ကျောက်ဖုန်း၏ အမူအရာက လေးနက်သွားသည်။

" ကျွန်တော် အရှင်အပေါ် သစ္စာခံဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်ကို လက်ခံပေးဖို့ အရှင်ကို တောင်းဆိုပါတယ်။ ကျွန်တော်က သာမန် စစ်တရားသူကြီးတစ်ယောက်ဖြစ်ပေမယ့် အရှင်နောက်ကို သေတဲ့အထိ လိုက်ဖို့ ကတိပြုပါတယ်။ " ခွိုက်ဖုက ရိုးသားစွာ ပြောလိုက်သည်။

" မင်း တစ်ခုခု မြင်လိုက်တာလား။ " ကျောက်ဖုန်းက ခွိုက်ဖု၏ အမူအရာကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့ မြင်လိုက်ပါတယ်။ စစ်သူကြီးကျန်းဟန်နဲ့ စစ်သူကြီးတုဆွေတို့ နှစ်ယောက်လုံးက လက်တစ်ချက် ဝှေ့ရမ်းလိုက်ရုံနဲ့ ကျောက်တုံးတွေကို ကြေမွသွားစေနိုင်တဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါက သာမန်လူသားတွေထက် ကျော်လွန်နေကြပါတယ်။ ဒါတွေအားလုံးက အရှင်ကေးခါးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ " ခွိုက်ဖုက ဖုံးကွယ်ခြင်းမရှိဘဲ ပြောလိုက်သည်။

" ငါလက်အောက်ကို ဝင်ဖို့ဆိုရင် ဘာတွေစွန့်လွှတ်ရမလဲဆိုတာ သိလား။ " ကျောက်ဖုန်းက လေးနက်စွာ မေးလိုက်သည်။

" ကျွန်တော်ရဲ့ အသက်ပါ။ " ခွိုက်ဖုက တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

" ငါ့လက်အောက်ကို ဝင်ပြီးရင် နောက်ပြန်လှည့်လို့မရတော့ဘူး။ ငါက လူတွေရဲ့ စိတ်နှလုံးကို မြင်နိုင်တယ်။ ငါ့အပေါ် နည်းနည်းလေး သစ္စာမဲ့ရင်တောင် ငါ ခံစားမိနိုင်တယ်။ အတုအယောင်သစ္စာရှိမှုကိုလည်း ငါ မြင်နိုင်တယ်။ " ကျောက်ဖုန်းက ခွိုက်ဖုကို စိုက်ကြည့်နေသည်။

" ကျွန်တော်ရဲ့ သစ္စာက စစ်မှန်ပါတယ်။ အတုအယောင်ဆိုရင် ကျွန်တော် သေခြင်းကို လက်ခံပါတယ်။ " ခွိုက်ဖုက ချက်ချင်း ပြောလိုက်သည်။

" ဒါဆို မင်းရဲ့ သစ္စာခံမှုကို ငါ လက်ခံတယ်။ " ကျောက်ဖုန်းက ပြောလိုက်ပြီး ခွိုက်ဖု၏ သစ္စာရှိမှုနှုန်းကို ကြည့်လိုက်သည်။

" ၈၈ မှတ် ကြည့်ရတာ ဝူအန်းစခန်းမှာ ငါ့ရဲ့ ဩဇာအာဏာက တကယ်ကြီးမားတာပဲ။ " ကျောက်ဖုန်းက သစ္စာအရှိဆုံးအဆင့်သို့ ရောက်ခါနီးပြီဖြစ်သော ခွိုက်ဖု၏ အချက်အလက်များကို ကြည့်ပြီး တွေးလိုက်သည်။

ခွိုက်ဖုတစ်ယောက်တည်းမဟုတ်ပေ။ ဝူအန်းစခန်းထဲတွင် ကျောက်ဖုန်းအတွက် သေပေးနိုင်သော စစ်သည်များစွာ ရှိနေသည်။ သူတို့က ချင်ဘုရင်အပေါ် သစ္စာရှိကြသော်လည်း ကျောက်ဖုန်းသာ အမိန့်ပေးလိုက်လျှင် ချက်ချင်း ဘက်ပြောင်းပြီး သူ့ဘက်မှာ တိုက်ခိုက်ကြပေလိမ့်မည်။

" ဒီစစ်ပွဲပြီးရင် ကျန်းဟန်နဲ့ တုဆွေတို့ဆီသွားလိုက်ပါ။ သူတို့ မင်းကို သင်ပေးလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်။ အရှင်အပေါ် သေတဲ့အထိ သစ္စာရှ်မယ်လို့ ကျိန်ဆိုပါတယ်။ " ခွိုက်ဖုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" သွားပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ခွိုက်ဖုက ခန်းမထဲမှ ထွက်ခွာသွားသည်။

" စစ်တရားသူကြီး ခွိုက်ဖု ဘာလို့ဒီလောက်တောင် ပျော်နေတာလဲ။ ပိုက်ဆံကောက်ရလို့လား။ " ခန်းမအပြင်ဘက်မှ ကိုယ်ရံတော်တစ်ယောက်က ခွိုက်ဖုကို ကြည့်ပြီး မေးလိုက်သည်။ .

" ဒီနေ့ကစပြီး ငါလည်း မင်းတို့ထဲက လူတစ်ယောက်ဖြစ်သွားပြီလေ။ ဘယ်လိုလုပ်မပျော်ဘဲနေမှာလဲ။ " ခွိုက်ဖုက ရယ်မောပြီး ထွက်ခွာသွားသည်။

ကိုယ်ရံတော်များက ထွက်ခွာသွားသော ခွိုက်ဖုကို ကြည့်ပြီး ပြုံးလိုက်ကြသည်။ ခွိုက်ဖုက သူတို့အရှင်သခင်အပေါ် သစ္စာခံလိုက်ပြီကို အားလုံး နားလည်လိုက်ကြသည်။ ကျောက်ဖုန်းတွင် ကိုယ်ရံတော်သုံးထောင်ရှိပြီး တစ်ယောက်ချင်းစီတိုင်းက သူ့အပေါ် အကြွင်းမဲ့ သစ္စာရှိကြသည်။

ထို့အပြင် တုဆွေနှင့် ကျန်းဟန်တို့ လက်အောက်မှ ကိုယ်ရံတော်များကို ထည့်တွက်လိုက်လျှင် ကျောက်ဖုန်းက ကိုယ်ရံတော်ငါးထောင်ကို တိုက်ရိုက်ထိန်းချုပ်ထားသည်။ ကိုယ်ရံတော်တစ်ယောက်ချင်းစီတိုင်းက ဟောက်ထျန်းအဆင့် ခုနှစ်များ ဖြစ်ကြပြီး အချို့က ရှန်းထျန်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters