← Chapters

အခန်း ၄၄၈

Vol. 45 Ch. 448

အခန်း ၄၄၈

Vol. 45 Ch. 448

အခန်း (၄၄၈)

ခန်းမအတွင်း။

ခွိုက်ဖု ထွက်သွားသည်ကို ကြည့်ရင်း ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ခွိုက်ဖုက မဆိုးဘူး။ အခွင့်အရေးကို ဘယ်လိုဆုပ်ကိုင်ရမလဲဆိုတာ သိတယ်။ " ကျောက်ဖုန်းက ရယ်မောလိုက်သဘ်။

ခွိုက်ဖုကို လက်ခံလိုက်ခြင်းက ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။ စခန်း၏ စစ်တရားသူကြီးက အမှန်တကယ် အရည်အချင်းရှိပေသည်။ တစ်နေ့ ချင်ခေတ်ကုန်သွားသောအခါ သူက အသုံးဝင်လာပေလိမ့်မည်။

" အဆင့်သုံး ရတနာသေတ္တာရှစ်ခု။ ဒီတစ်ခါလည်း တန်ဖိုးရှိတဲ့ ရတနာတွေရဖို့ မျှော်လင့်ရမှာပဲ။ " ကျောက်ဖုန်းက ထိုင်ပြီး ရတနာသေတ္တာများကို ဖွင့်ရန် ပြင်ဆင်လိုက်သည်။

" ရတနာသေတ္တာတွေ ဖွင့်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အဆင့်သုံး ရတနာသေတ္တာတွေကို ဖွင့်နေပါတယ်။ "

" အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သွေးကြောတစ်ခု ရှိပါတယ်။ "

" ကောင်းကင်အဆင့် အဆင့်မြင့် နဂါးဆင်လက်သီးကို ရရှိပါတယ်။ "

" ကောင်းကင်အဆင့် အဆင့်နိမ့် ကျောက်မျက်လေးကို ရရှိပါတယ်။ "

" အင်မော်တယ်အဆင့် အဆင့်နိမ့် စိတ်ဝိညာဉ်စမ်းချောင်းမျက်လုံးကို ရရှိပါတယ်။ "

" အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်မိုင်းတွင်းတစ်ခုကို ရရှိပါတယ်။ "

" အင်မော်တယ်အဆင့် အဆင့်နိမ့် ဓားတစ်သောင်း မူလသို့ပြန်ခြင်းကို ရရှိပါတယ်။ "

" ကောင်းကင်အဆင့် အဆင့်မြင့် တောင်ခွဲဓားချက်ကို ရရှပါတယ်။ "

" ဆက်သွယ်ရေးအဆောင် ပြုလုပ်နည်းကို ရရှိပါတယ်။ "

" အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သွေးကြော ဒါကို ကမ္ဘာငယ်ထဲမှာ ထားလို့ရတယ်။ ကောင်းကင်အဆင့် သိုင်းပညာနှစ်ခု။ ပြီးတော့ ကောင်းကင်အဆင့် ကျောက်မျက်လေး။ စိတ်ဝိညာဉ်စမ်းချောင်းမျက်လုံးကတော့ ဘာမှန်းမသိဘူး။ ဓားတစ်သောင်းမူလသို့ပြန်ခြင်းက နာမည်နဲ့တင် မိုက်နေပြီ။ ဒီတစ်ခါတော့ တော်တော်လေး ရလိုက်တာပဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

" ငါ့အမိန့်မရှိဘဲဘယ်သူမှ မလာစေနဲ့။ ကိစ္စရှိရင် ကျန်းမင်ကို ကိုင်တွယ်ခိုင်းလိုက်။ " ကျောက်ဖုန်းက ခန်းမအပြင်ဘက်သို့ လှမ်းပြောလိုက်သည်။

" ဟုတ်ကဲ့ပါ အရှင်။ "ကိုယ်ရံတော်များက ချက်ချင်း ပြန်ပြောလိုက်ပြီး ခန်းမတံခါးကို ပိတ်လိုက်ကြသည်။

" ဓားတစ်သောင်း မူလသို့ ပြန်ခြင်း၊ နဂါးဆင်လက်သီး၊ တောင်ခွဲဓားတွေကို ထုတ်ယူမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။ သိုင်းပညာသုံးခုနှင့် ပက်သက်သော အချက်အလက်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

ရှန်းယန်မြို့တော်၊ ညီလာခံခန်းမ။

ဝန်ကြီးများက သူတို့၏ အစီရင်ခံစာများကို တင်ပြနေကြသည်။ ချင်နိုင်ငံက ချူနိုင်ငံကို တိုက်ခိုက်နေသော်လည်း နိုင်ငံလေးခုကို သိမ်းပိုက်ပြီးဖြစ်သောကြောင့် ချင်နယ်မြေက ကျယ်ပြန့်လာပြီး ရှန်းကျိုးနယ်မြေအများစုမှာ ချင်လက်အောက်သို့ ရောက်သွားခဲ့သည်။ ထိုကဲ့သို့ ကြီးမားသော နယ်မြေအတွင်း အုပ်ချုပ်ရေးကိစ္စများက အလွန်များပြားလှသည်။

ညီလာခံတွင် ဆွေးနွေးသော ကိစ္စများက အစီရင်ခံစာများတွင် ရှင်းလင်းစွာ မဖော်ပြနိုင်သော အရေးကြီးသည့် ကိစ္စများဖြစ်ပြီး ရင်ကျန့်အနေဖြင့် ညီလာခံတွင် ဖြေရှင်းရန် လိုအပ်သည်။ ရှင်းလင်းစွာ ဖော်ပြနိုင်သော အစီရင်ခံစာများကိုတော့ ကျန်းထိုင်နန်းဆောင်၌ ဖြေရှင်းသည်။

" အရှင်မင်းကြီး ဝူအန်းကျွင်းက လက်နက်ချသူတစ်သိန်းကျော်ရှိကြောင်း အစီရင်ခံထားပါတယ်။ အခု ချင်နိုင်ငံရဲ့ စစ်တပ်က လုံလောက်နေပြီမလို့ အပြစ်သားတပ်ဖွဲ့ကို ဖွဲ့စည်းစရာမလိုတော့ပါဘူး။ ဒါကြောင့် အရှင်မင်းကြီးကို တင်ပြတာပါ။ " ဟန်ဖေးက ရင်ကျန့်ကို အစီရင်ခံလိုက်သည်။

" အဲ့ဒီလက်နက်ချသူတွေနဲ့ ပက်သက်ပြီး ဝန်ကြီးချုပ်ဟန်ရဲ့ သဘောထားကရော ဘယ်လိုရှိလဲ။ " ရင်ကျန့်က မေးလိုက်သည်။

" အရှင်မင်းကြီး လက်နက်ချသူတွေက လုပ်အားကောင်းသူတွေဖြစ်လို့ သူတို့ကို အလကားမထားသင့်ပါဘူး။ ပြီးတော့ ဝူအန်းကျွင်းရဲ့ နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။ လက်နက်ချသူတွေကို ချင်နိုင်ငံအတွက် အလုပ်လုပ်ခိုင်းပြီး ကျွန်အဖြစ်က လွတ်မြောက်ခွင့်ပေးလို့ရပါတယ်။ လက်ရှိ ချင်နိုင်ငံက ကျယ်ဝန်းပေမယ့် လမ်းခရီးက အခက်အခဲ ဖြစ်နေပါတယ်။ "

" ပြီးတော့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေရဲ့ လမ်းတွေက ချင်နိုင်ငံရဲ့ စံနှုန်းနဲ့ မတူပါဘူး။ အဲ့ဒါတွေကိုလည်း ချင်နိုင်ငံရဲ့ လမ်းတွေအတိုင်း ပြန်တည်ဆောက်သင့်ပါတယ်။ ပြီးတော့ ရှုဒေသက လမ်းတွေကိုလည်း ပိုမိုဖွံ့ဖြိုးအောင် လုပ်နိုင်ပါတယ်။ ချင်နိုင်ငံရဲ့ လမ်းတွေကို ကောင်းမွန်အောင် လုပ်တာက စစ်တပ်လှုပ်ရှားဖို့နဲ့ ထောက်ပံ့ရေးနဲ့ ကယ်ဆယ်ရေးတွေအတွက် အများကြီး အကျိုးရှ်ပါလိမ့်မယ်။ " ဟန်ဖေးက ကျယ်လောင်စွာ ပြောလိုက်သည်။

ဟန်ဖေး၏ စကားများကို ကြားသောအခါ ရင်ကျန့်၏ မျက်လုံးများက တောက်ပသွားပြီး ခေါင်းညိမ့်လိုက်သည်။

" ဝန်ကြီးချုပ်ဟန်ပြောတာ မှန်တယ်။ အဲ့ဒါကို ငါခွင့်ပြုတယ်။ ချူနယ်မြေက လက်နက်ချသူတွေကို ခွဲ့ဝေမယ့်ကိစ္စ ဝန်ကြီးချုပ်ဟန် တာဝန်ယူလိုက်ပါ။ ဝန်ကြီးချုပ်ဟန်အနေနဲ့ လက်နက်ချသူတွေကို ပို့ဆောင်ဖို့ ခရိုင်စစ်သည်တွေကို စေလွှတ်နိုင်တယ်။ " ရင်ကျန့်က ချက်ချင်း သဘောတူလိုက်သည်။

" အမိန့်အတိုင်းပါ။ " ဟန်ဖေးက အမိန့်ကို လက်ခံလိုက်သည်။

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ ဝူအန်းကျွင်းက ချင်နိုင်ငံမှာ အောင်ပွဲကြီးကို ရရှိခဲ့ပါတယ်။ စစ်တရားသူကြီးဆီက အစီရင်ခံစာ ရောက်လာပါတယ်။ " သတင်းပို့သူက ခန်းမထဲသို့ ဝင်လာပြီး လျင်မြန်စွာ ပြောလိုက်သည်။

" ချူမြို့တော်ကို ထိုးဖောက်နိုင်ခဲ့ပြီလား။ " ရင်ကျန့်၏ အမူအရာက ပြောင်းလဲသွားပြီး ပြုံးလိုက်သည်။ " တိုက်ရိုက်ဖတ်ပြစမ်း။ "

ကျောက်ကောင်းက အော​က်သို့ ဆင်းသွားပြီး အစီရင်ခံစာကို ယူကာ ဖွင့်လိုက်သည်။

" ဝူအန်းစခန်းရဲ့ စစ်တရားသူကြီး ခွိုက်ဖုက အစီရင်ခံပါတယ်။ ချွီမြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ဝူအန်းကျွင်းက စစ်တပ်ကို ဦးဆောင်ပြီး ၁၅ ရက်အကြာမီာ ချူမြို့တော်ကို ရောက်ရှိခဲ့ပါတယ်။ တစ်ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက်မှာ ချူမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဝူအန်းကျွင်းက စစ်တပ်ကို ဦးဆောင်ပြီး နန်းတော်ကို ဝင်စီးခဲ့ပါတယ်။ ချူဘုရင်က လက်နက်ချရန် ငြင်းဆိုခဲ့ပြီး ဓားဆွဲထုတ်ခဲ့ပါတယ်။ နိုင်ငံနဲ့အတူ ရှင်သန်မယ့် ဘုရင်ဂုဏ်သိက္ခါကို ထိန်းသိမ်းရန် ဝူအန်းကျွင်းက ချူဘုရင်နဲ့ တိုက်ခိုက်ခဲ့ပြီး နိုင်ငံနဲ့အတူ ရှင်သန်သေဆုံးလိုသည့် ချူဘုရင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ "

" ဝူအန်းစခန်းက ရှေ့ကို ဆက်လက်ချီတက်နေပြီး ချူမြို့တွေကို သိမ်းပိုက်နေပါတယ်။ မကြာခင် ချူနယ်မြေတစ်ခုလုံးကို သိမ်းပိုက်ပြီး ချူနိုင်ငံ ပျက်စီးသွားပါလိမ့်မယ်။ "

" ချွီ၊ ကျင်းနဲ့ ကျောက်မိသားစုတွေက လက်နက်ချဖို့ ရည်ရွယ်ခဲ့ပေမယ့် သူတို့က ဝူအန်းစခန်းကို ပြင်းထန်စွာ ဟန့်တားခဲ့လို့ ဝူအန်းကျွင်းက မိသားစုသုံးခုလုံးကို သုတ်သင်ခဲ့ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခဲ့ပါတယ်။ ချူနိုင်ငံရဲ့ မိသားစုကြီးသုံးခုက ပျက်စီးသွားပါပြီ။ " ကျောက်ကောင်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။

ခန်းမအတွင်းရှိ ဝန်ကြီးများက ကျောက်ဖုန်း စစ်တပ်ကို ဦးဆောင်နေသောကြောင့် ချူမြို့တော် ကျဆုံးသွားသည့်အကြောင်းကို ကြားရသောအခါ အံ့ဩခြင်းမရှိခဲ့ပေ။ သို့သော် ကျောက်ဖုန်းက ချူဘုရင်အား သတ်လိုက်သည်ကို ကြားသောအခါ ဝန်ကြီးအားလုံး၏ အမူအရာများက ပြောင်းလဲသွားကြသည်။

ဘုရင်တစ်ပါးကို ဘုရင်တစ်ပါးကသာ စီရင်ပိုင်ခွင့်ရှိသည်။ သို့သော်လည်း ယခင် ဝမ်ဝမ်၏ ကိစ္စကြောင့် ညီလာခံ၌ ထိုကိစ္စနှင့် ပက်သက်၍ ပြစ်တင်ဝေဖန်မည့်သူ ထွက်မလာခဲ့ပေ။

" ဝူအန်းကျွင်း တကယ်တော်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ဒီလောက်အချိန်တိုအတွင်း ချူမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့တယ်။ နိုင်ငံနဲ့အတူ သေဆုံးသွားဖို့က ဘုရင်တစ်ပါးရဲ့ တာဝန်ပဲ။ နိုင်ငံပျက်သုဉ်းသွားပြီး ဘုရင်က အသက်ရှင်နေသေးရင် တကယ် အရှက်ရစရာပဲ။ ချူဘုရင်က နိုင်ငံနဲ့အတူ သေဆုံးချင်တဲ့အတွက် ဝူအန်းကျွင်းက သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာက ဘုရင်တစ်ပါးရဲ့ ဂုဏ်သိက္ခါကို ထိန်းသိမ်းပေးလိုက်တာပဲ။ "

" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ " ခန်းမတစ်ခုလုံးမှ အရာရှိများက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။

" ချူနိုင်ငံရဲ့ မိသားစုသုံးခုက ချူနိုင်ငံရဲ့ ရှင်သန်မှုကို လုံးဝဂရုမစိုက်ခဲ့ဘူး။ အခု သူတို့ ပျက်စီးသွားပြီဆိုတော့ အနာဂတ်မှာ ချင်နိုင်ငံအတွက် ပြဿနာတစ်ခု လျော့သွားတာပေါ့။ " ရင်ကျန့်က တွေးလိုက်သည်။

" ချူမြို့တော် သိမ်းပိုက်ပြီးပြီဆိုတော့ ချူနိုင်ငံက ပျက်စီးသွားပြီလို့ သတ်မှတ်နိုင်ပါတယ်။ " ဖုန်းချွီကျိက ပြုံး၍ ပြောလိုက်သည်။

" မဟုတ်သေးဘူး။ " ယွီလျောင်က ခေါင်းခါလိုက်သည်။ " ချူမြို့တော်ကို သိမ်းပိုက်ပြီး ချူဘုရင်က သေဆုံးသွားပေမယ့် ချူနိုင်ငံမှာ ရှင်းလင်းရမယ့် စစ်အင်အားတစ်ခု ရှိနေတယ်။ "

" ယွီချင်းက ရှန်းယန်ကို ပြောတာလား။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ရှန်းယန်က ချူနိုင်ငံရဲ့ ထူးချွန်တဲ့ စစ်သေနာပတိချုပ်တစ်ယောက်ပဲ။ ချူမြို့တော် သိမ်းပိုက်ပြီး ချူဘုရင် သေဆုံးသွားပေမယ့် ရှန်းယန်က ရှုံးနိမ့်မှုကို လက်ခံမှာမဟုတ်ဘူး။ ပြီးတော့ မီချီကလည်း သူ့လက်ထဲမှာရှိတယ်။ ကျွန်တော်မျိုးအထင် ရှန်းယန်က မီချီကို ရုပ်သေးဘုရင်အဖြစ် တင်မြှောက်ပြီး ချင်နိုင်ငံကို ဆန့်ကျင်ဖို့ တပ်တွေ စုရုံးလိမ့်မယ်။ " ယွီလျောင်က ကျယ်လောင်စွာ ပြောလိုက်သည်။

" ချူနိုင်ငံက ပျက်စီးနေပြီ။ ရှန်းယန်တစ်ယောက်တည်း ဘာများလုပ်နိုင်မှာလဲ။ ငါ့ အမိန့်ကို ပေးပို့လိုက်။ ဝူအန်းနဲ့ ဟန်ကု စခန်းနှစ်ခုလုံးက ရှန်းယန်ကို ဝန်းရံပြီး သုတ်သင်လိုက်ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ " အရာရှိအားလုံးက ပြောလိုက်ကြသည်။

" အရှင်မင်းကြီး ချူနိုင်ငံကျဆုံးသွားပါပြီ။ ချူနယ်မြေက ကျယ်ဝန်ပြီး လူဦးရေ သန်းနှစ်ဆယ်နီးပါး ရှိပါတယ်။ အခုဆိုရင် ချူနယ်မြေထက်ဝက်ကျော်ကို သိမ်းပိုက်ပြီး စစ်တပ်ထိန်းချုပ်မှုအောက် ရောက်သွားပါပြီ။ အဲ့ဒီနယ်မြေတွေကို အုပ်ချုပ်ဖို့ အရည်အချင်းရှိတဲ့ အရာရှိတွေ လိုအပ်နေပါတယ်။ " ဟန်ဖေးက ပြောလိုက်သည်။

" အင်း " ရင်ကျန့်က စဉ်းစားဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။

" ဝန်ကြီးချုပ်ဟန်ရဲ့ အမြင်အရ ဘယ်သူက ချူနိုင်ငံရဲ့ အုပ်ချုပ်ရေးကို တာဝန်ယူနိုင်မလဲ။ "

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters