← Chapters

အခန်း ၄၅၀

Vol. 45 Ch. 450

အခန်း ၄၅၀

Vol. 45 Ch. 450

အခန်း (၄၅၀)

" နောက်တစ်ခု ကျန်ပါသေးတယ်။ ချူနိုင်ငံက အခု ဘုရင်အသစ်ရသွားပါပြီ။ ရှန်းယန်က သစ္စာဖောက်မီချီကို ဘုရင်အဖြစ် တင်မြှောက်လိုက်ပါတယ်။ သူက ဟွိုက်နန်မြို့မှာ နန်းတက်လိုက်ပါပြီ။ " ကျန်းမင်က ပြောလိုက်သည်။

" မီချီ သူက သေရမှာဆိုရင်တောင် ဘုရင်ဖြစ်ရတဲ့ အရသာကို ခံစားကြည့်ချင်သွားတဲ့ပုံပဲ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။ " တုဆွေနဲ့ အခြားသူတွေက အဲ့ဒီဘက်ကို ချီတက်သွားပြီမဟုတ်လား။ "

" အရှင် ခန့်မှန်းတဲ့ အတိုင်းပါပဲ။ စစ်သူကြီးသုံးယောက်က သူတို့တပ်တွေကို ခွဲထားပေမယ့် နောက်ဆုံး စုစည်းမယ့်နေရာက ဟွိုက်နန်ဖြစ်ပါတယ်။ တစ်လအတွင်း သူတို့က ဟူနန်မြို့ကို ရောက်ပါလိမ့်မယ်။ ပြီးတော့ ဟန်ကုစခန်းကလည်း ဟွိုက်နန်ကို ချီတက်လာပါပြီ။ တစ်လအတွင်းမှာ စခန်းနှစ်ခုလုံး ပေါင်းစည်းသွားပါလိမ့်မယ်။ " ကျန်းမင်က ပြန်ဖြေလိုက်သည်။

" ငါ့အမိန့်ကို ပို့လိုက်။ ရက်နှစ်ဆယ်အတွင်း စစ်တပ်က ဟွိုက်နန်ကို ရောက်နေရမယ်။ ငါကိုယ်တိုင် အဲ့ဒီကို သွားမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

“ နားလည်ပါပြီ။ " ကျန်းမင်က ပြန်ပြောလိုက်သည်။

ဟွိုက်နန်မြို့။

ခရိုင်အုပ်ချုပ်‌ရေးမှူး၏ ခန်းမက ယခုအခါ ညီလာခံခန်းမဖြစ်လာသည်။ ဘုရင်ဝတ်ရုံနှင့် သရဖူကို ဆောင်းထားသော မီချီက ပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူက ချူဘုရင်ဖြစ်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူ၏ စိတ်ထဲတွင် ယခင်က မခံစားခဲ့ဖူးသော ခံစားချက်တစ်ခု ရှိနေသည်။ ချူနိုင်ငံက ပျက်စီးခါနီး ဖြစ်နေလျှင်တောင် သူက ဘုရင်တစ်ပါး ဖြစ်နေဆဲ ဖြစ်သည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ရှန်းယန်ဦးဆောင်သော အရာရှိများက မီချီကို ဦးညွှတ်လိုက်ကြသည်။

" ထကြပါ။ " မီချီက လက်မြှောက်ပြီး ပြောလိုက်သည်။ ချင်နိုင်ငံမှ ဝန်ကြီးတစ်ယောက်က မီချီ၏ အမူအရာကို မြင်လျှင် ချင်ဘုရင်ကို အတုခိုးထားမှန်း ချက်ချင်း သိပေလိမ့်မည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ချူနိုင်ငံရဲ့ ယခင်မြို့တော်ကို ချင်စစ်တပ်က ထိုးဖောက်ပြီး အခု ဆက်လက်တိုက်ခိုက်နေပါတယ်။ အရှင်မင်းကြီး ဆုံးဖြတ်ချက်တစ်ခု ချပေးဖို့ တောင်းဆိုပါတယ်။ " ရှန်းယန်က ကျယ်လောင်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ချူနိုင်ငံက စစ်သည်တွေနဲ့ အရာရှိတွေက ဟွိုက်နန်ကို ထွက်ပြေးလာကြတယ်မဟုတ်လား။ ငါ့ရဲ့ အမြင်အရ ထွက်ပြေးလာတဲ့ စစ်သည်အားလုံးကို ချူနိုင်ငံကို ကာကွယ်ဖို့ ချက်ချင်း ပြန်လည်ဖွဲ့စည်းသင့်တယ်။ ပြန်လည်ဖွဲ့စည်းတာကို ဆန့်ကျင်တဲ့ ဘယ်သူမဆို တစ်ခါတည်း ကွပ်မျက်လိုက်။ " မီချီက ချက်ချင်း ကြေညာလိုက်သည်။

ချင်စစ်တပ်က ချူမြို့တော်ကို တိုက်ခိုက်သည့်နေ့တွင် ချူအရာရှိများစွာက ထွက်ပြေးခဲ့ကြပြီး ချမ်းသာသော လူများကလည်း သူတို့၏ မိသားစုများကို ဘေးကင်းရာသို့ ပို့ဆောင်ခဲ့ကြသည်။ အံ့ဩစရာအကောင်းဆုံးမှာ မိသားစုသုံးခုပင်ဖြစ်သည်။ သူတို့က ချူနိုင်ငံတွင် အာဏာကြီးမားသောကြောင့် ကျောက်ဖုန်းက ချူနိုင်ငံကို ဆုံးရှုံးမှုနည်းနည်းဖြင့် ငြိမ်းချမ်းစေရန် သူတို့ကို အသုံးချမည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ရလဒ်မှာ သူတို့ မျှော်လင့်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

အခြားမြို့များတွင်လည်း ထွက်ပြေးသူများ၊ တောင်ပေါ်သို့ ထွက်ပြေးပြီး ဓားပြဖြစ်လာသူများ၊ ချီနိုင်ငံသို့ ထွက်ပြေးသူများ စသည်ဖြင့် အမျိုးမျိုး ရှိခဲ့သည်။ ထိုသို့ဖြစ်သည်မှာ ချူနိုင်ငံတစ်ခုထဲမဟုတ်ဘဲ အခြားနိုင်ငံလေးခုကို သိမ်းပိုက်ချိန်တွင်လည်း ထိုသို့ ဖြစ်ခဲ့သည်။

" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ " ရှန်းယန်ကလည်း ၎င်းကို လက်ခံပေသည်။ " ဟွိုက်နန်ကို ထွက်ပြေးလာသူအားလုံးကို ကျွန်တော်မျိုးက ဖမ်းဆီးထားပါတယ်။ သူတို့က ချူနိုင်ငံရဲ့ အရာရှိတွေနဲ့ စစ်သည်တွေဖြစ်တဲ့အတွက် ချူနိုင်ငံကို ကာကွယ်ရပါမယ်။ အရှင်မင်းကြီးရဲ့ အမိန့်ကို အကောင်းဆုံး အကောင်အထည်ဖော်လိုက်ပါမယ်။ "

" စစ်သေနာပတိချုပ် အခု ချူနိုင်ငံက အလွန်ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး စစ်သေနာပတိချုပ်ပဲ ငါတို့ ချူနိုင်ငံကို ကာကွယ်နိုင်ပါလိမ့်မယ်။ ငါက စစ်သေနာပတိချုပ်ရဲ့ ဆုံးဖြတ်ချက်အားလုံးကို ထောက်ခံပါတယ်။ " မီချီက ပြောလိုက်သည်။

ထိုအချိန်တွင်

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ ချင်စစ်တပ်က မြို့တံခါးကို ရောက်နေပါပြီ။ " ချူစစ်သည်တစ်ယောက်က ထိတ်လန့်စွာဖြင့် ရောက်လာပြီး အစီရင်ခံလိုက်သည်။

" ဘယ်အလံလဲ။ " ရှန်းယန်က မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။

ဟွိုက်နန်မြို့က ချူဖန်မြို့နှင့် လီပေါင်းရာချီ ကွာဝေစသည်။ ဟန်ကုစခန်း၏ လိုက်လံတိုက်ခိုက်မှုကို ရှောင်ရှားရန်နှင့် ချူနိုင်ငံ၏ နောက်ဆုံးမျှော်လင့်ချက်ကို ထိန်းသိမ်းထားရန် ရှန်းယန်က စစ်သည်ငါးသောင်းကို ချူဖန်မြို့တွင် ချန်ထားခဲ့သည်။

မြို့တော်သို့ ပြန်သွားခြင်းက အပြီးတိုင်ပျက်စီးခြင်းဖြစ်ကြောင်း ရှန်းယန်က နားလည်ထားသည်။ ထို့ကြောင့် သူက မီချီနှင့်အတူ ဟွိုက်နန်မြို့ကို ဆုတ်ခွာပြီး မီချီကို ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။

" ဟန်ကုစခန်းရဲ့ အလံပါ။ " ချူစစ်သည်က ပြန်ဖြေလိုက်သည်။

" ဟွမ်ယိ " ရှန်းယန်၏ အမူအရာက တင်းမာသွားသည်။

သို့သော် ထိုအချိန်တွင် နောက်ထပ် စစ်သည်တစ်ယောက်က ခန်းမထဲသို့ ထိတ်လန့်တကြား ဝင်ရောက်လာသည်။

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ ဟွိုက်နန်မြို့ရဲ့ မြောက်ဘက်မှည ချင်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို တွေ့ရပါတယ်။ "

" မြောက်ဘက် ချင်ရဲ့ ဝူအန်းစခန်းပါ ရောက်လာတာလား။ " ရှန်းယန်က ပို၍ စိုးရိမ်သွားသည်။

ယခု ဟွိုက်နန်မြို့တွင် သူ၏ စစ်တပ်က တစ်သိန်းခွဲလောက်သာ ရှိပြီး သူတို့ကလည်း ထွက်ပြေးလာသော ချူစစ်သည်များဖြင့် ဖွဲ့စည်းထားသောကြောင့် တိုက်ခိုက်ရေးစွမ်းအားက ကျဆင်းနေပြီဖြစ်သည်။ ချင်စခန်းတစ်ခုတည်းဆိုလျှင် ထိုစစ်တပ်ဖြင့် မြို့ကို ခုခံထားနိုင်​မည်ဖြစ်သော်လည်း ဝူအန်းစခန်းပါ ရောက်လာလျှင် ဟွိုက်နန်းမြို့က လုံးဝ ဝိုင်းခံလိုက်ရမည်ဖြစ်သည်။

" ချူနိုင်ငံ အဆုံးသတ်ပြီ။ " ရှန်းယန်၏ စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားသည်။ သူက မည်သို့ပင်ဖြစ်စေ အခြေအနေကို ပြောင်းလဲနိုင်တော့မည်ဖြစ်သည်။

" ဟေ့ ဟေ့ ဟေ့...." ဟွိုက်နန်မြို့၏ ပတ်ပတ်လည်မှ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ထိုဟိန်းဟောက်သံများကြားတွင် မြို့ထဲမှ ချူစစ်သည်များနှင့် ပြည်သူအားလုံး ထိတ်လန့်သွားကြသည်။

" ချင်စစ်တပ်က စပြီးတိုက်ခိုက်တော့မယ်။ " ရှန်းယန်၏ စိတ်က လေးလံသွားသည်။

" စစ်သေနာပတိချုပ် တိုက်ခိုက်နိုင်သေးလား။ " မီချီက ရှန်းယန်ကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။

" ကျွန်တော်မျိုး ချင်စစ်တပ်ကို အသေခံပြီး တိုက်ခိုက်ပါမယ်။ " ရှန်းယန်က ဦးညွှတ်ပြီး လှည့်ထွက်သွားသည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ချူစစ်သည်တွေ အသေခံပြီး တိုက်ခိုက်ကြ။ ငါ့ရဲ့ အသက်တစ်ချောင်းရှိနေသရွေ့ ချူနိုင်ငံက မပျက်စီးဘူး။ "

ဟွိုက်နန်မြို့၏ မြောက်ဘက်နှင့် တောင်ဘက်တံခါးများတွင် ချင်နိုင်ငံ၏ စခန်းကြီးနှစ်ခုဖြစ်သော ဟန်ကုနှင့် ဝူအန်းတို့က စစ်ကြောင်းဖွဲ့စည်းပြီးသွားခဲ့သည်။

" သတ်ကြ..." မြောက်ဘက်တံခါးတွင် ကျောက်ဖုန်းက သူ၏ ဓားကို ဆွဲထုတ်ပြီး အမိန့်ပေးလိုက်သည်။

တောင်ဘက်တံခါးတွင်လည်း ဟွမ်ယိက သူ၏ ဓားကို ဆွဲထုတ်ပြီး အမိန့်ပေးလိုက်သည်။

ကျောက်ဖုန်း၏ ဦးဆောင်မှုနှင့်အတူ ချင်စစ်သည်များက နောက်မှ လိုက်ပါလာကြပြီး ဟွိုက်နန်မြို့ဆီသို့ ဦးတည်သွားကြသည်။ ဟွိုက်နန်မြို့၏ တံခါးနှစ်ဖက်ကို ချင်စစ်တပ်က တစ်ပြိုင်နက်တိုက်ခိုက်ကြသည်။

ချင်စခန်းနှစ်ခုလုံးက နှစ်ဖက်လုံးမှ ဝန်းရံထားပြီး စစ်သည်ငါးသိန်းကျော်ဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုစတင်ကလည်းက ရလဒ်က ဆုံးဖြတ်ပြီးဖြစ်သည်။ ချူနိုင်ငံ၏ အခြေအနေကြောင့် မြို့တွင်းရှိ ချူစစ်သည်များက တိုက်ခိုက်လိုစိတ်မရှိကြတော့ပေ။ တစ်နာရီမပြည့်ခင် ကျောက်ဖုန်း၏ တပ်များက မြောက်ဘက်မြို့တံခါးကို သိမ်းပိုက်လိုက်ကြသည်။

ကျောက်ဖုန်းက သူ၏ တပ်များကို ဦးဆောင်ပြီး ချူစစ်သည်များကို တိုက်ခိုက်လျက်ရှိသည်။ မကြာမီ သူတို့က လက်ရှိ ချူဘုရင်၏ နန်းတော်သို့ ရောက်ရှိလာကြသည်။

ကျောက်ဖုန်းက သူ၏ လှံကို ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။ တစ်ချက်တည်းနှင့် တံခါးများက ပျက်စီးသွားပြီး အတွင်းရှိ ချူစစ်သည်များက ချက်ချင်း သေဆုံးသွားကြသည်။

ကျောက်ဖုန်းက မြင်းပေါ်မှ ဆင်းလိုက်ပြီး အာဏာရှင်လှံကို မြေပြင်သို့ ထိုးစိုက်ဘိုက်သည်။ ထို့နောက် သူက လုံချွမ်ဓားကို ဆွဲထုတ်ပြီး အတွင်းသို့ ဝင်ရောက်သွားသည်။ သူ၏ နောက်တွင် ကိုယ်ရံတော်များက လိုက်ပါလာကြပြီး ချူစစ်သည်အများအပြားက သေဆုံးကာ အချို့က ထွက်ပြေးသွားကြသည်။

ရှန်းယန်က သူ၏ ကိုယ်ရံတော်များနှင့်အတူ ခန်းမရှေ့တွင် ရပ်နေသည်။

" ကျောက်ဖုန်း " ရှန်းယန်က ကျောက်ဖုန်းကို ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

" ရှန်းယန် " ကျောက်ဖုန်းက ရပ်ပြီး တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူရပ်လိုက်သောအခါ ကျောက်ဖုန်း၏ ကိုယ်ရံတော်များကလည်း ရပ်တန့်လိုက်ပြီး ကျန်ရှိသော ချူစစ်သည်များကို အေးစက်စွာ ကြည့်နေကြသည်။

" မင်းက တကယ်ကို အရည်အချင်းရှိတဲ့ စစ်သေနာပတိချုပ်ပဲ။ ငါ့ရဲ့ ချူနိုင်ငံက မင်းကြောင့် ပျက်စီးသွားရပြီ။ ငါ လုံးဝ မကျေနပ်ဘူး။ " ရှန်းယန်က ကျောက်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်နေသည်။

" ဒေါသထွက်တာ ဘာအသုံးဝင်မှာလဲ။ " ဒီနေ့ပြီးရင် ချူနိုင်ငံဆိုတာ မရှိတော့ဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

" ဒီနေ့ ချူနိုင်ငံ ကျဆုံးသွားရင်တောင် ချူပြည်သူတွေက ရှိနေဦးမှာပဲ။ မင်းတို့ ချင်နိုင်ငံလည်း အနာဂတ်မှာ ပျက်စီးရလိမ့်မယ်။ တစ်နေ့ ချင်နိုင်ငံကို ဖျက်ဆီးမယ့်သူက ချူလူမျိုးတစ်ယောက် ဖြစ်လိမ့်မယ်။ ချူနိုင်ငံမှာ မိသားစုသုံးခုပဲ ကျန်နေခဲ့ရင်တောင် ချင်နိုင်ငံက ချူနိုင်ငံရဲ့ လက်ချက်နဲ့ ပျက်စီးရလိမ့်မယ်။ " ရှန်းယန်က အော်ဟစ်ပြီး ကျောက်ဖုန်းဆီသို့ ပြေးဝင်သွားသည်။

" အဓိပ္ပါယ်မရှိတာ။ ချူနိုင်ငံမှာ မိသားစုသုံးခုပဲ ကျန်နေခဲ့ရင်တောင် ချင်နိုင်ငံက ချူနိုင်ငံရဲ့ လက်ချက်နဲ့ ပျက်စီးရလိမ့်မယ်တဲ့လား။ ငါရှိနေသရွေ့ မငြိမ်မသက်ဖြစ်အောင် လုပ်တဲ့သူမှန်သမျှ အားလုံးကို ဖျက်ဆီးပစ်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး သူ၏ ဓားကို ဝှေ့ရမ်းလိုက်သည်။ သွေးရောင်တစ်ချက် လင်းလက်သွားပြီး ရှန်းယန်၏ ဦးခေါင်းက မြေပြင်သို့ လိမ့်ဆင်းသွားသည်။

All Chapters