အခန်း ၁၄၀၁
Vol. 141 Ch. 1401
အခန်း (၁၄၀၁) မင်းရဲ့မသေမျိုးဗုဒ္ဓကို အသံထွက်ခိုင်းကြည့်စမ်း
တူညီသော မေးခွန်းအတွက်၊ ရှန်းယီ၏ယခင် အဖြေမှာ... ပြီးသွားပြီဟူ၍ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ "သင့်ပြီ"ဟူသော စကားလုံး ပျောက်ဆုံးနေ၏။
...
ကျယ်ပြောလှသော အင်ပါယာမြို့တော်က တဖြည်းဖြည်းငြိမ်သက်ခြင်းသို့ပြန်လည်ရောက်ရှိသွားခဲ့သည်။
ကူလီက ခြံဝင်းအပြင်ဘက်တွင် မှင်သက်စွာထိုင်နေပြီး၊ သူမ၏မျက်လုံးများက ဗလာကျင်းနေပ့သည်။ အစစ်အမှန်ဗုဒ္ဓများ အုပ်စုက နတ်ဘုရားမင်းဆက်မှ ထွက်ခွာသွားကြပြီ ဖြစ်ပြီး၊ ပထမအဆင့်အောက်တွင် ယှဉ်ပြိုင်ဘက်ကင်းသော မသေမျိုးခုံရုံး၏ ရာဇဝတ်ကောင်ကို လိုက်လံဖမ်းဆီးခြင်းကဲ့သို့သော ပိုမိုအရေးကြီးသည့် ကိစ္စရပ်များရှိသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။
ကျန်ရှိနေသော မဟာလွတ်လပ်ခြင်း ဗောဓိသတ္တများက ဧကရာဇ်ခုံရုံးကို နိုင်ငံအတွင်းအခြေအနေများပြုပြင်ပြောင်းလဲရန် ကူညီပေးရာတွင် အလုပ်များနေကြ၏။
မိုးကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေနိုင်သည့် ဧကရာဇ်ချီများကို ဖုံးကွယ်ထားသော်လည်း၊ ဤ အရေးမပါသောခြံဝင်းကို မည်သူကမျှစောင့်ကြပ်ခြင်း မရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤဧကရာဇ်ချီကို အသက်သွင်းရန်သော့အား မသေမျိုးခုံရုံး၏ ခိုင်မာသော ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သောကြောင့်ပင်။
ဤသော့က ယခုအခါခမ်းနားသော ဝတ်စုံများကို ဝတ်ဆင်ထားပြီး၊ရွှေရောင်တောက်နေသောခန်းမဆောင်ထဲတွင် မြင့်မားစွာထိုင်ကာ၊ အရာရှိရာပေါင်းများစွာ၏အရိုအသေပေးမှုကို ခံယူနေပြီး၊ လူသားဧကရာဇ် ဟု ခေါ်ဆိုခံနေရ၏။
သူကား ဆေးလုံးအစစ်အမှန် ဗုဒ္ဓ၏လက်အောက်နေရာသို့ ဝင်ရောက်ကာ၊ ဓမ္မအသီးအပွင့်လမ်းကြောင်းကို မျိုချလိုက်ပြီးဖြစ်ရာ၊ ထာဝရရှင်သန်ခြင်းကို သေချာပေါက်ရရှိတော့မည်ဖြစ်သည်။
ဂိုဏ်းနှစ်ခုစလုံးအတွက် သူ၏အသုံးဝင်မှု မဆုံးရှုံးသွားသေးသရွေ့ပင်။
လောကကြီးက တဖြည်းဖြည်းငြိမ်းချမ်းလာပုံရပါသည်။
ကူလီပင်လျှင် သူမ၏အဆုံးသတ်နှင့် မကြုံတွေ့ခဲ့ရပေ။
ဤသည်မှာ မသေမျိုး ဗုဒ္ဓများ၏ စိတ်ကူး၍မရနိုင်သော ယုံကြည်မှုဖြစ်ပြီး၊ ခိုင်မာပြီး သည်းခံတတ်ကာ၊အရာအားလုံးကို ခွင့်လွှတ်ပေးနိုင်စွမ်းရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏အောက်တွင် အနည်းငယ်မျှပင် မလှုပ်ခတ်နိုင်သော ပုရွက်ဆိတ် များသာ ရှိသောကြောင့်ဖြစ်သည်။
သို့သော် ကူလီက ထိုခြံဝင်းထဲသို့ခြေချရန် မဝံ့ရဲသေးပေ။
ထို အရက်ကန်ကို မည်သို့ရင်ဆိုင်ရမည်ကို သူမ မသိသလို၊ နတ်ဘုရားမင်းဆက် မည်သို့ဖြစ်သွားကာ ယခင်ဧကရာဇ်၏လမ်းပျောက်နေသော ဝိညာဉ်အား မည်သို့အသိပေးရမည်ကိုလည်း သူမ မသိပေ။
"အရှင်မင်းကြီးက စစ်သူကြီးကို ဆင့်ခေါ်လိုက်ပါတယ်။ ငါတို့နဲ့အတူ ခုံရုံးကိုလိုက်ပါဖို့ စစ်သူကြီးကို တောင်းဆိုပါတယ်။"
အမျိုးသမီး၏အနောက်တွင် ဘုန်းကြီးနှစ်ပါး ပေါ်လာပြီး၊ အားနည်းနေသော ကူလီကို ခြံဝင်းထဲမှ အတင်းအကျပ် ဆွဲထူလိုက်ကြ၏။
သေမျိုးလောကမှ သတ္တဝါများက မဟာ ဂိုဏ်းကြီး ကို ကြောက်ရွံ့ပြီးရှောင်လွှဲမနေသင့်ဘဲ၊ ရိုသေလေးစားပြီး အညံ့ခံသင့်သည်။ နှလုံးသားက အညံ့မခံလျှင်ပင်... ပါးစပ်ကတော့ အညံ့ခံရမည်။
ဤအမျိုးသမီးက နတ်ဘုရားမင်းဆက် စစ်သူကြီး တစ်ဦးအနေဖြင့် ခုံရုံးအစည်းအဝေးကို မည်သို့ ပျက်ကွက်နိုင်မည်နည်း။
"..."
ကူလီ၏ အကြည့်များပ ဗလာကျင်းနေပြီး၊ သူမ၏ ခြေလှမ်းများလည်း ယိမ်းယိုင်နေကာ၊ လမ်းလျှောက်နေသော အလောင်းတစ်လောင်းအလားရှည်လျားသော လမ်းမကြီးတစ်လျှောက် ဆွဲခေါ်ခြင်းခံရပြီး၊ နန်းတော်၏အနက်ရှိုင်းဆုံး နေရာဆီသို့ တယိမ်းတယိုင်လျှောက်သွားခဲ့သည်။
ရွှေရောင်ခန်းမဆောင် အတွင်းရှိမီးရောင်များက အလွန်တောက်ပလွန်းလှသဖြင့် သူမ၏မျက်လုံးများကို စူးရှသွားစေခဲ့၏။
ခုံရုံး အရာရှိများက သင့်လျော်သောဝတ်စုံများကို ဝတ်ဆင်ထားကြပြီးနှစ်ဖက်တွင် သေသပ်စွာ စီတန်းနေကြ၏။ ကျောက်စိမ်းများဖြင့် ခင်းကျင်းထားသောမြင့်မားသည့် လှေကားထစ်များအထက်တွင်၊ ဧကရာဇ်သရဖူများ ဆင်ယင်ထားသော အမျိုးသားတစ်ဦးက ရာဇပလ္လင်ပေါ်တွင် တင်းမာစွာ ထိုင်နေခဲ့သည်။
ထိုအမျိုးသား၏ဘေးတွင်၊ လင်ရှူးယာက အဝတ်အစားသစ်များကို လဲလှယ်ဝတ်ဆင်ထားပြီး၊မြင့်မားသောနေရာတစ်ခုတွင် ပြေပြစ်သပ်ရပ်စွာ ရပ်နေပါသည်။
မသေမျိုးဌာန တည်ရှိခြင်းမရှိတော့ရာ၊ သူက ၎င်း၏အကြီးအကဲ မဟုတ်တော့ဘဲ၊ မသေမျိုးခုံရုံး၏အမိန့်များကို သေမျိုးလောကသို့ ပြန်ကြားရမည့် နတ်ဘုရားမင်းဆက်၏ ဧကရာဇ်ဆရာဖြစ်လာခဲ့ပြီ ဖြစ်သည်။
ရာဇပလ္လင်၏ဘေးနှစ်ဖက်တွင်၊ လူသားဧကရာဇ်ကိုပင် လွှမ်းမိုးထားနိုင်သည့်မြင့်မားပြီး ကျယ်ဝန်းကာ ဂရုတစိုက်ဖန်တီးထားသည့် ခမ်းနားသော စင်မြင့်များကို ပြုလုပ်ထား၏။
အပြာရောင်မီးခိုးငွေ့များက သေမျိုးလူသားများ၏အမြင်အာရုံကို မှုန်ဝါးသွားစေပြီး၊ ဗောဓိသတ္တများက ၎င်းအတွင်း၌ထိုင်ကာ သေမျိုးလောက၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည်။
"ကျေးဇူးပြုပြီး စစ်သူကြီး၊ တန်းစီလိုက်ပါ။"
လင်ရှူးယာ၏ အမူအရာက ညင်သာပြီး၊ သူ၏ စကားများသည် ရိုးသားပုံရပါသည်။
ဘုန်းကြီး နှစ်ပါးက ကူလီကို လူအုပ်ထဲသို့ တိုက်ရိုက်တွန်းပို့လိုက်ပြီး၊ သူမကိုမတ်မတ်ရပ်နေစေရန် အတင်းအကျပ်ခိုင်းစေလိုက်၏။
ရာဇပလ္လင်ပေါ်တွင်၊ ဧကရာဇ်အသစ်က ဤအရာအားလုံးကိုခံစားချက်ကင်းမဲ့စွာ စောင့်ကြည့်နေခဲ့၏။ သူက ဤနေရာတွင်နှစ်ပေါင်းများစွာ ထိုင်ခဲ့ဖူးသော်လည်း ဤမျှစွမ်းအားကြီးမားသော ခွန်အားမျိုးကို ဘယ်သောအခါမှ မခံစားခဲ့ရဖူးပေ။
(ဆိုလိုချင်တာက အရင်ဧကရာဇ်မသေခက်ကတည်းက သူဧကရာဇ်ကိုယ်စားအုပ်ချုပ်ခဲ့ရတာကိုပြောတာပါ)
ဧကရာဇ်ချီအကျိုးသက်ရောက်မှု၏ သုံးဆယ် ရာခိုင်နှုန်းမျှသာ ရှိသော်လည်း၊ သူ၏ခြေထောက်များက သေမျိုးလောကကို မထိတော့ဘဲ၊ ထာဝရရှင်သန်နိုင်ခြင်းကိုရရှိတော့မည့်အလား သူခံစားနေရသည်။
ဤစွမ်းအားများအားလုံးကို ကျွမ်းကျင်စွာထိန်းချုပ်လာနိုင်သောအခါ၊ သူ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလာမည်ကို သူ စိတ်ကူးပင် မကြည့်ဝံ့ပေ။
အထူးသဖြင့် သူက မဟာစွမ်းရည်ကို ကျင့်ကြံထားပြီး၊ မကြာမီတွင် မသေမျိုးသက်တမ်းကို ပိုင်ဆိုင်တော့မည် ဖြစ်ရာ ပို၍ပင်မျှော်လင့်နေမိ၏။
ဤခံစားချက်ကို သူ၏ခမည်းတော်က အချိန်အတော်ကြာ ခံစားခဲ့ရပြီး၊ နောက်ဆုံးတွင် သူ၏ အလှည့် ရောက်လာပြီ ဖြစ်သည်။
ဧကရာဇ်သရဖူများက အနည်းငယ် တုန်ခါသွားပြီး၊ ဧကရာဇ်အသစ်က အင်အားအလွန်အကျွံ သုံးမိမည်ကို စိုးရိမ်ကာ ရာဇပလ္လင်၏လက်တန်းကို ဂရုတစိုက် ထိတွေ့လိုက်သည်။
အကယ်၍ ၎င်းကျိုးပဲ့သွားကာ ဤအရာအားလုံးက အိပ်မက်တစ်ခုမျှသာဖြစ်ကြောင်း သူတွေ့ရှိသွားမည်ကို စိုးရိမ်နေခဲ့သည်။
လင်ရှူးယာက သူ၏ရှေ့ရှိမြင်ကွင်းကို အလားတူပင် ကျေနပ်နေခဲ့၏။
ဗောဓိဂိုဏ်း၏ အကူအညီဖြင့်၊ ခုံရုံးကအခြေအနေများကို လျင်မြန်စွာတည်ငြိမ်စေခဲ့ပြီး၊ အမိန့်များကတိုက်ကြီးလေးခု တစ်လျှောက် ပျံ့နှံ့သွား၏။ လောကကြီးတွင် ငြိမ်းချမ်းရေးက မကြာမီရောက်ရှိလာတော့မည် ဖြစ်ပြီး၊ အရာအားလုံးက ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိနေကာ၊ မည်သူကမျှကန့်ကွက်သံ မထွက်ရဲကြပေ။
ထို့အပြင် မသေမျိုးသုံးပါးဂိုဏ်းကလည်းကိုယ်တိုင် ပါဝင်လာပြီး၊ သေမျိုးလောကသို့ မသေမျိုးများကိုအလားတူပင် စေလွှတ်နေရာ၊ ဤတည်ငြိမ်မှုက ပိုမိုမြင့်တက်လာရုံသာ ရှိပေလိမ့်မည်။
သူက ကနဦးလမ်းညွှန်ချက်ပေးရန် ဗောဓိသတ္တကို တောင်းဆိုရန် ပြင်ဆင်ရင်း လည်ချောင်းကို ရှင်းလိုက်၏။
သို့သော် ထိုအခိုက်အတန့်တွင် ခန်းမဆောင် အပြင်ဘက်ရှိ တောက်ပသော မိုးပြာရောင်ကောင်းကင်ယံ က ရုတ်တရက်အနည်းငယ်မှေးမှိန်သွားကာ၊ မုန်တိုင်းနှင့် မိုးတိမ်များကို ဖန်တီးနေသည့်အလားပင်။
လင်ရှူးယာက မနှစ်မြို့စွာဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ယခုအခါ နတ်ဘုရားမင်းဆက် နှင့် မသေမျိုးခုံရုံး တို့က သေမျိုးလောကကို ပူးတွဲအုပ်ချုပ်နေပြီဖြစ်ရာ၊ သေချာတွေးကြည့်လျှင် မိုးကောင်းကင်၏အပြောင်းအလဲများကိုလည်း သူတို့ကသာထိန်းချုပ်ထားသင့်သည်။
ဤကဲ့သို့ ပြီးပြည့်စုံသော အချိန်မျိုးတွင်၊ မိုးကောင်းကင်က အဘယ်ကြောင့် မပူးပေါင်းဆောင်ရွက်ရသနည်း။
တစ်ချိန်တည်းမှာပင်
အင်ပါယာမြို့တော်၏ ဆင်းရဲနွမ်းပါးသော ထောင့်တစ်ခုတွင် ပုန်းအောင်းနေသော ယဲ့လန်က အနည်းငယ်ထုံကျင်စွာဖြင့် မော့ကြည့်လိုက်၏။
ထက်သာမြင်သာသော အမြန်နှုန်းဖြင့် အင်ပါယာမြို့တော်တစ်ခုလုံးကို လိမ့်တက်လာကာဝါးမျိုသွားသည့် နက်မှောင်သောတိမ်တိုက်များကို သူမ မြင်တွေ့လိုက်ရသောအခါ၊ သူမ၏မျက်လုံးများထဲရှိ မျှော်လင့်ချက်ကင်းမဲ့မှုများက တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
သူမက ရူးသွပ်နေသူတစ်ဦးအလား ခြံဝင်းထဲမှ ပြေးထွက်သွားပြီး၊ နန်းတော်၏အနက်ရှိုင်းဆုံး နေရာဆီသို့ တိမ်တိုက်များ၏ထိပ်သို့ နောက်မှလိုက်သွားခဲ့သည်။
သူမ၏ကျင့်ကြံခြင်းကို အားကိုးကာ၊ သူမ၏လမ်းကြောင်းပေါ်ရှိ အစောင့်များအားလုံးကို အနိုင်ယူပြီး၊ စိတ်လွတ်နေသူတစ်ဦးအလား အင်ပါယာနန်းတော်ထဲသို့ အတင်းဝင်ရောက်သွားကာ၊ ရွှေရောင်ခန်းမဆောင်၏ရှေ့တွင် ရပ်တန့်လိုက်ချိန်တွင် ပြင်းထန်စွာအသက်ရှူနေခဲ့ရ၏။
အစစ်အမှန် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသူများဖြစ်သော၊ စစ်သူကြီးများဖြစ်စေ ဗောဓိဂိုဏ်းမှ ဘုန်းကြီးများဖြစ်စေ၊ သူမ အတင်းဝင်ရောက်လာသည်ကို ခံစားချက်ကင်းမဲ့စွာစောင့်ကြည့်နေခဲ့ကြ၏။
ဧကရာဇ်ဆရာက သူမကို ဖမ်းဆီးရန်အမိန့်ပေးထားပြီးဖြစ်သော်လည်း၊ မမျှော်လင့်ဘဲ သူမကယနေ့တွင် သူတို့၏တံခါးပေါက်ဝသို့ ကိုယ်တိုင် လာရောက်အပ်နှံနေခဲ့သည်။
"ဟက်။"
လင်ရှူးယာကလည်း ယဲ့လန်ရောက်ရှိလာခြင်းကို သတိပြုမိသွားပြီး၊ အေးစက်သော ရယ်မောသံတစ်ခုကို မထုတ်ဖော်ဘဲ မနေနိုင်ခဲ့ပေ။
အမိန့်ပေးရန်ပင် မလိုအပ်ဘဲ၊ ဧကရာဇ်ချီဖြင့် ပြည့်နှက်နေသော စစ်သူကြီးတစ်ဦးက သူမကိုဖမ်းဆီးရန်ရည်ရွယ်ကာ သူမဆီသို့ လျှောက်သွားခဲ့သည်။
"..."
ကူလီ၏အာရုံလွင့်နေသော အကြည့်များကပြန်လည်စုစည်းသွားပြီး၊ သူမ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ၊ ယဲ့လန်ရှေ့တွင် ရပ်ရန် လူအုပ်ထဲမှ ချက်ချင်းပြေးထွက်သွားချင်စိတ် ပေါက်လာခဲ့သည်။
အတိတ်က နာကြည်းချက်များရှိနေသော်လည်း လင်ရှူးယာက အခြားသူများကို လျစ်လျူရှုကောင်းလျစ်လျူရှုနိုင်မည်ဖြစ်သော်လည်း၊ ယခင် ဧကရာဇ်၏ယုံကြည်မှုကို သူနှင့် ယှဉ်ပြိုင်ခဲ့ဖူးသော အမျိုးသမီးကိုမူ ဘယ်သောအခါမှ အလွတ်ပေးမည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့်၊ ကူလီ က ဧကရာဇ်ချီ ရုပ်သိမ်းခံထားရပြီးဖြစ်သည်။ သိုင်းပညာစွမ်းရည်အချို့ ရှိနေလျှင်ပင် သူမက သာမန်လူသားတစ်ဦးထက် မပိုတော့ပေ။ ဤစစ်သူကြီးများနှင့် ဘုန်းကြီးများကို ဟန့်တားနိုင်မည် မဟုတ်ပါဘူး။
"ပြေးတော့" သူမက အက်ကွဲနေသော အော်ဟစ်သံ တစ်ခုကိုသာ ထုတ်ဖော်နိုင်ခဲ့၏။
သို့သော် ယဲ့လန်က မကြားခဲ့သည့်အလား၊ ကောင်းကင်ကန့်လန့်ကာကို ဆက်လက် စိုက်ကြည့်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်၊ သူမက ရုတ်တရက် သူမ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လှည့်ကာ၊ ရာဇပလ္လင်ဘေးရှိ လင်ရှူးယာကို ကြည့်လိုက်ပြီး သူမ၏ခြောက်သွေ့နေသော လည်ချောင်းအနည်းငယ် လှုပ်ရှားသွားခဲ့သည်။
"ဧကရာဇ်ဆရာ... ဧကရာဇ်ဆရာအဖြစ် ရှင့်ရဲ့အချိန်က ကုန်ဆုံးသွားပြီ။"
သူမ၏စကားလုံးများ ထွက်လာခဲ့သည့်အခိုက်အတန့်တွင်၊ ဧကရာဇ်ခုံရုံး အရာရှိများ အားလုံး၏အမူအရာများ ပြောင်းလဲသွားခဲ့ကြသည်။
ယနေ့ခေတ်တွင် သခင်ကြီးလင်က ထိပ်ဆုံးတွင်ရှိနေရာ အဆင့်တစ်ဆင့်မျှပင်နိမ့်သည်ဟုပင် မသတ်မှတ်နိုင်တော့ကြောင်းကို မည်သူကမသိဘဲ နေမည်နည်း။
သူက မသေမျိုးခုံရုံး၏ အောက်တွင်သာ ရှိပြီး၊ သေမျိုးလောကရှိ အားလုံး၏အထက်တွင် ရှိနေသည်။
သတ်ဖြတ်လိုသောရည်ရွယ်ချက်အရိပ်အယောင်တစ်ခု လင်ရှူးယာ၏ မျက်လုံးများထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားခဲ့၏။
ရူးသွပ်နေသော အမျိုးသမီးတစ်ဦး၏ရူးသွပ်သော စကားများကို သူသေချာပေါက်ဂရုစိုက်မည် မဟုတ်ပေ။ ရေတွက်၍မရနိုင်သော မသေမျိုး ဗုဒ္ဓများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် မည်သူက သူ၏ရာထူးကို စိန်ခေါ်နိုင်မည်နည်း။
'ဘယ်သူက ရဲမှာလဲ။'
"သူမကို ဖမ်းဆီးထားပြီး အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြ။" လင်ရှူးယာက သူ၏အင်္ကျီလက်စကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။
ထိုအချိန်တွင်ပင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး အားလုံးက နေရာတွင်အေးခဲသွားကြပါသည်။
ကျယ်ပြောလှသော ရွှေရောင်ခန်းမဆောင်တွင် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက မည်သည့်အချိန်က ရောက်ရှိလာမှန်း မသိဘဲပေါ်လာခဲ့၏။
သူက ယဲ့လန်၏ ရှေ့တွင် တိတ်ဆိတ်စွာရပ်နေပြီး၊ သူ၏အနက်ရောင်ဆံပင်များက ရွှေရောင်ဆံထိုး အောက်တွင် သေသပ်ပြေပြစ်နေကာ၊ သူ၏ခမ်းနားသော အနက်ရောင်တာအိုဝတ်ရုံက သူ၏မြင့်မြတ်မှုကို ပိုမိုပေါ်လွင်စေသော်လည်း၊ သူ၏ဖြူဖျော့သောမျက်နှာတွင် ချဉ်းကပ်၍မရနိုင်သော အေးစက်မှုအရိပ်အယောင်အချို့ကို သယ်ဆောင်ထားခဲ့သည်။
ခုံရုံးအရာရှိများက အဆင်ခြင်မဲ့မလှုပ်ရှားဝံ့ကြပေ။ မည်သို့ပင်ဆိုစေ အသစ်ရောက်ရှိလာသူက မသေမျိုးအရှင်သခင်တစ်ပါး၏ပုံရိပ်နှင့် တူနေရာ၊ မသေမျိုးသုံးပါးဂိုဏ်းက စေလွှတ်လိုက်သော မသေမျိုးအရာရှိ တစ်ပါးဖြစ်နိုင်ပါသည်။
"သခင်ကြီးလင်.." ရာဇပလ္လင်ပေါ်ရှိ ဧကရာဇ်အသစ်က သူ၏ရှေ့ရှိမြင်ကွင်းကြောင့် အနည်းငယ် ဇဝေဇဝါဖြစ်နေပြီး၊ သံသယဖြင့် ခေါင်းလှည့်ကြည့်ရန်သာ တတ်နိုင်ခဲ့သည်။
လင်ရှူးယာ၏မျက်လုံးသူငယ်အိမ်များက အပ်ပေါက်များအလားကျုံ့ဝင်သွားခဲ့၏။ လူငယ်လေးက ဝတ်စုံကိုပြောင်းလဲဝတ်ဆင်ထားသော်လည်း၊ ထိုရင်းနှီးနေသော မျက်နှာကို သူချက်ချင်းမှတ်မိလိုက်ပါသည်။
ဤလူသည် တောင်ပိုင်းတိုက်ကြီးကို ကယ်တင်ခဲ့သော်လည်း၊ သူ၏ဖိတ်ကြားချက်ကို လျစ်လျူရှုခဲ့သည့် ထိုမောက်မာသော လူငယ်လေးပင်။
ဤကောင်လေးက တောင်ပိုင်းဍုမေဏု၏လိုက်လံဖမ်းဆီးခံရခြင်းကို ရှောင်ရှားရန်၊ သူ့အသက်ကို ကယ်တင်ရန်အခြားနေရာများထံ ထွက်ပြေးနေရမည် မဟုတ်လော။၊ အဘယ်ကြောင့် ဤနေရာတွင် ထွက်ပေါ်လာရသနည်း။
သို့သော် ယခုအချိန်မှာတော့ အခြေအနေများအားလုံးကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
တိုက်ကြီးလေးခုက တပ်စွဲရန်လူများ မလိုအပ်တော့သလို၊ ညမတိုင်မီဤသူကို ကြားဖြတ် တားဆီးကာ စကားပြောဆိုရန်လိုအပ်သည့် မသေမျိုး ဌာန၏အကြီးအကဲလည်း သူ မဟုတ်တော့ပေ။
"နန်းတော်ထဲကို ဝင်ခွင့်ဘယ်သူက ပေးထားလို့လဲ။"
လင်ရှူးယာက အသာအယာပင် သူ၏ဝတ်စုံကို ပြင်ဆင်လိုက်ပြီးရှည်လျားသော လှေကားထစ်များမှ ဆင်းလာခဲ့သည်။
နတ်ဘုရားမင်းဆက် နှင့် မသေမျိုးခုံရုံးတို့ သဘောထားကွဲလွဲနေချိန်တွင်၊ ဤလူက တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ် ဖြစ်ခဲ့လိမ့်မည်။ သို့သော် ယခုအခါ၊နတ်ဘုရားများနှင့် လူသားများ ပူးတွဲအုပ်ချုပ်သော ဤသေမျိုးလောက အတွင်း၊ ဤလူက ရာဇဝတ်ကောင်တစ်ဦးအနေဖြင့် မသေမျိုး နှင့် သေမျိုးလူသားတို့မဟာမိတ်ကို လွတ်လပ်စွာ ချိုးဖောက်နေခြင်းဖြစ်သည်။
ဤလူသည် တစ်ချိန်က ယခင်ဧကရာဇ် နှင့် တွေ့ဆုံခဲ့ဖူးပြီး၊ ထိုကိစ္စရပ်များကို လျှို့ဝှက်စွာသိရှိထားသည်။ လက်ရှိအချိန်မှာ ထုတ်ဖော်ပြောဆိုနိုင်သည့်အခွင့်အရေးရှိသောတစ်ဦးတည်းသောသူမှာ သူပင်။
သူတစ်ဦးတည်းသာ ကျန်ရှိပါတော့သည်။
၎င်းက လင်ရှူးယာ ဘာခိုင်းခိုင်းသူဖြစ်အောင်လုပ်ရမည်ဟု ဆိုလိုခြင်းလည်းဖြစ်သည်။
"မသေမျိုး ဗုဒ္ဓတွေကို နှောင့်ယှက်တဲ့ အကျိုးဆက်ကို မင်း ခံနိုင်ရည်ရှိလား။"
ဤအခိုက်အတန့်တွင်၊ လင်ရှူးယာက အနည်းငယ်မှကြောက်ရွံ့ခြင်း မရှိတော့ပေ။ သူ၏အသံက တည်ငြိမ်နေပြီး၊ သူ၏အနောက်ရှိ ယဇ်ပလ္လင်ပေါ်တွင် မဟာလွတ်လပ်ခြင်းဗောဓိသတ္တလေးပါးလည်း ထိုင်နေသေး၏။
တစ်ဖက်လူတွင် စွမ်းရည်အချို့ရှိနေလျှင်ပင်။ သူက တတိယအဆင့်တောင်ပိုင်း ကာကွယ်ရေးစစ်သူကြီးချုပ် တစ်ဦးမျှသာဖြစ်ရာ၊ လက်တစ်ချက်တောက်ရုံဖြင့် အလွယ်တကူဖိနှိပ်နိုင်ပါသည်။
၎င်းက မည်သို့သောလှိုင်းဂယက်မျိုးကို ဖန်တီးနိုင်မည်နည်း။
"မင်းက မသေမျိုးဗုဒ္ဓတွေကို အတော်လေး ကြောက်နေပုံရတယ်။"
လူအုပ်၏သံသယဖြစ်ဖွယ် အကြည့်များအောက်တွင်၊ ရှန်းယီက လင်ရှူးယာဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး၊ သူ၏အကြည့်ကို အနည်းငယ်နိမ့်ချလိုက်ကာ၊ သူ၏နှုတ်ခမ်းများကို အနည်းငယ် ကွေးတင်ပြီး ညင်သာစွာ ပြောလိုက်၏။
"ဆက်လုပ်လေ သူတို့ကိုအသက်လေးတစ်ချက်လောက်ရှူထုတ်ခိုင်းလိုက်။ ငါကြားပါရစေ။"
သူတို့ နှစ်ဦးအလွန်နီးကပ်စွာ ရပ်နေချိန်တွင်၊ လင်ရှူးယာက သူ၏နှလုံးသားကို ရုတ်တရက်အေးစက်သောအအေးဒဏ်တစ်ခု ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရပြီး၊ သူ၏လက်ချောင်းထိပ်များကိုပင် အနည်းငယ်တုန်ယင်သွားစေခဲ့၏။
သူ့ကို ပို၍ကြောက်လန့်စေသောအရာမှာ သူ၏အနောက်ဘက်ရှိ ထူးဆန်းသော တိတ်ဆိတ်မှုပင်။
လင်ရှူးယာက သူ၏ခေါင်းကို တောင့်တင်းစွာ လှည့်ကြည့်လိုက်သည်။
အထက်ရှိမြင့်မားသော ယဇ်ပလ္လင်ပေါ်တွင် အပြာရောင်မီးခိုးငွေ့များ တဖြည်းဖြည်းလွင့်စင်သွားသည်ကို သူမြင်လိုက်ရပြီး၊ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တလေးပါးလုံးက လုံးဝထိတ်လန့်နေသော အမူအရာများကို ပြသနေကြကာ၊ သူတို့၏မျက်နှာများက တွန့်လိမ်ပြီးတုန်ခါနေကြ၏။
လွန်စွာကြောက်မက်ဖွယ်ကောင်းသော သားရဲကြီး တစ်ကောင်ကိုမြင်တွေ့လိုက်ရသည့်အလား သူတို့၏ခန္ဓာကိုယ်များက သစ်ငုတ်တိုများပမာ တောင့်တင်းနေကြကာ၊အသက်ပင် မရှူဝံ့ကြပေ။