အခန်း ၁၄၀၃
Vol. 141 Ch. 1403
အခန်း (၁၄၀၃) ဧကရာဇ်အသစ်အား သတ်ဖြတ်ခြင်း
လူငယ်လေးက သူ့အနားမှဖြတ်၍ အရှေ့သို့ ဆက်လျှောက်သွားသည်ကို လင်ရှူယာက စောင့်ကြည့်နေခဲ့သည်။
သူက မျက်လုံးပြူးကာတစ်ကိုယ်လုံး နေရာတွင် အေးခဲသွားခဲ့၏။ အသက်အနည်းငယ်မျှရှူသွင်းပြီးနောက်၊ ဤပိန်သွယ်သော လူလတ်ပိုင်းအရွယ် အမျိုးသားက ရူးသွပ်သူတစ်ဦးအလား ရုတ်တရက် ခုန်ပေါက်ကာ နောက်သို့လှည့်ကြည့်လိုက်ပြီး၊ ရှန်းယီအပေါ် သူ၏အကြည့်က အဖေဖြစ်သူ၏သေဆုံးမှုအတွက်လက်စားချေတော့မည့်အလား သတ်ဖြတ်လိုစိတ်များပြင်းထန်နေခဲ့သည်။
"ဒီ လူယုတ်မာက ဒီလောကကြီးကို ဖျက်ဆီးချင်နေတာ.."
လင်ရှူးယာက ဟိန်းဟောက်လိုက်ပြီး ရာဇပလ္လင်ကို ဦးညွှတ်လိုက်ကာ သူ၏အသံမှာ စူးရှပြီးဆူညံနေခဲ့သည်။ "အရှင်မင်းကြီး သူ့ကို ဖိနှိပ်ပေးပါ။ ဘယ်တော့မှ ပြန်လည်မမွေးဖွားလာနိုင်စေအောင် ဖိနှိပ်ပေးပါ။"
ဘုန်းကြီးများကို အားကိုး၍မရနိုင်ပေ။ သူတို့က ဤ မသေမျိုးများ၏ခေါင်းဆောင်ကို ကြောက်ရွံ့နေကြသော်လည်း၊ နတ်ဘုရားမင်းဆက်မှာမူ ကြောက်ရွံ့ခြင်းမရှိခဲ့ပါဘူး။
အဘယ်ကြောင့်ဆိုသော် ၎င်း၏အနောက်တွင် သန်းပေါင်းများစွာသော သာမန်ပြည်သူများ ရပ်တည်နေပြီး၊ သူတို့၏စုစည်းထားသော ခွန်အားက ဤသူကိုအလွယ်တကူဝါးမျိုသွားနိုင်သည့် ဧရာမရေစီးကြောင်းကြီးတစ်ခုနှင့် တူသောကြောင့် ဖြစ်သည်။
"..."
မဟာလွတ်လပ်ခြင်းဗောဓိသတ္တများအပြင် ကူလီနှင့် ယဲ့လန်တို့ကလည်း တစ်ပြိုင်နက်တည်းနီးပါး တုံ့ပြန်လိုက်ကြ၏။
လက်ရှိအချိန်တွင်၊ ဒုတိယအဆင့်၏အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော ရှန်းယီကိုကိုင်တွယ်ဖြေရှင်းရန်အတွက် အင်ပါယာမြို့တော်ကို စောင့်ကြပ်နေသည့် ပထမအဆင့် ဧရာမပုဂ္ဂိုလ်ကြီးမရှိသည်မှာ အမှန်ပင်။
သို့သော် အလားတူစွမ်းအားမျိုးကို... အင်ပါယာမြို့တော်က ပိုင်ဆိုင်ထားပါသည်။
ရာဇပလ္လင်ပေါ်တွင်မြင့်မားစွာ ထိုင်နေသော ဧကရာဇ်အသစ်က မကြာသေးမီကမှ ထီးနန်းတက်ခဲ့ခြင်းဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်က သူ၏ဖခင်နှင့် ယှဉ်နိုင်သော လူသားဧကရာဇ်တစ်ပါးဖြစ်လာရန်အတွက် ဧကရာဇ်ချီဖြင့် သေချာအားဖြည့်မခံရသေးပေ။
သို့သော် ခြံဝင်းအတွင်းရှိ အရက်ကန်ထဲတွင်မူ၊ ခေတ်အဆက်ဆက်မှ စုဆောင်းထားသော နတ်ဘုရားမင်းဆက်၏ အခြေခံအုတ်မြစ် တည်ရှိနေပါသည်။
ဧကရာဇ်အသစ်က ၎င်း၏သုံးဆယ် ရာခိုင်နှုန်းကိုသာ စုစည်းအသုံးပြုနိုင်သော်လည်း ၎င်းမှာ ပထမအဆင့် ဧရာမပုဂ္ဂိုလ်ကြီးတစ်ဦးကိုပင် နောက်ဆုတ်သွားစေရန် လုံလောက်ပါသည်။
"ငါ့ရှေ့မှာ ရပ်လိုက်စမ်း။"
ရာဇပလ္လင်အထက်တွင် မြင့်မားစွာထိုင်နေသော ဧကရာဇ်အသစ်က သူ၏တစ်ကိုယ်လုံးမှာရာဇပလ္လင်၏အနက်ရှိုင်းဆုံး အစိတ်အပိုင်းအတွင်းသို့ ကျုံ့ဝင်နေကာ၊ သူ၏ကျောပြင်မှ အေးစက်ပြီး ခိုင်မာသောအထိအတွေ့ကို ခံစားနေရသည်။
သူက အသက်ရှူရခက်ခဲနေပြီး၊ အောက်ဘက်မှ တည်ငြိမ်စွာချဉ်းကပ်လာနေသော ပုံရိပ်ကို ထိတ်လန့်တကြား စိုက်ကြည့်နေခဲ့၏။
သူတို့၏အစောပိုင်း စကားပြောဆိုမှုများမှနေ၍ သူ၏ရှေ့ရှိ လူငယ်လေး၏အမှတ်အသားကို သူ အကြမ်းဖျင်း ခန့်မှန်းမိခဲ့သည်။
နတ်ဘုရားမင်းဆက်က အညံ့ခံရမည့် မသေမျိုးခုံရုံးအတွင်း၌ပင် တစ်ဖက်လူက ထိပ်တန်း အဆင့်တွင် ရှိနေပါသည်။
သို့သော် ဘာဖြစ်သနည်း။
သူက ဤရာထူးကို ယခုလေးတင်မှရယူခဲ့ခြင်းဖြစ်ပြီး၊ ဧကရာဇ်ချီက ဆောင်ကြဉ်းလာမည့် အမြင့်ဆုံးသောအာဏာကို မခံစားရသေးပေ။
ထို့အတူ ဗောဓိဂိုဏ်း၏ တာအိုအသီးအပွင့်ကို မျိုချပြီးနောက် သူကား မသေနိုင်ခြင်းကိုပင် ရရှိနိုင်သေးသည်။
ဤကဲ့သို့သော အံ့သြစရာကောင်းသည့် အရာများအားလုံးကိုတစ်စုံတစ်ယောက်က မည်ကဲ့သို့လုပ်ပြီးအလွယ်တကူဖျက်ဆီးပစ်နိုင်မည်နည်း။
"မင်း ငါ့ကိုဒီလိုလုပ်အောင် အတင်းအကျပ်ခိုင်းတာပဲ..."
ဧကရာဇ်အသစ်က ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး၊ သားရဲတစ်ကောင်အလားတိုးညှင်းသော ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်၏။
သူက သူ၏ညာဘက်လက်မောင်းကို ရုတ်တရက် မြှောက်လိုက်ရာ၊ သူ၏ကျယ်ပြန့်သော အင်္ကျီလက်စများလွှဲယမ်းသွားပြီး၊ ဖြန့်ကားထားသော လက်သီးက ကောင်းကင်ကိုပင် ဖုံးအုပ်သွားစေနိုင်သည့်အလားထင်ရသည်။
"ကျေးဇူးပြုပြီး အစစ်အမှန်အရှင် အမျက်တော်ကို ပြေလျော့ပြီး ဧကရာဇ်ရဲ့အာဏာကို မစော်ကားပါနဲ့။"
ဝန်ကြီး နှင့် စစ်ဘက်ဆိုင်ရာအရာရှိများ အားလုံးက တဒုန်းဒုန်းမြည်သံများနှင့်အတူ ဒူးထောက်ကျသွားကြပြီး၊ တည်ငြိမ်စွာရှေ့သို့ တက်လှမ်းလာနေသော ပုံရိပ်ကိုတစ်သံတည်းဖြင့် တားဆီးလိုက်ကြသည်။
လင်ရှူးယာက အသက်ကိုအောင့်ထားပြီး၊ သူ၏မျက်လုံးများကို အတတ်နိုင်ဆုံးပြူးကျယ်ထားရန် ကြိုးစားနေခဲ့သည်။
မြင့်မြတ်သောကယ်တင်ခြင်းဖြင့် ပြည့်နှက်နေသော သူ၏နှလုံးသားကို စော်ကားရန်ရဲဝံ့သူ ဤလူအား လူသားဧကရာဇ်ချီက မည်သို့ဖိနှိပ်သွားမည်ကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့လိုခဲ့သည်။
မဟာလွတ်လပ်ခြင်း ဗောဓိသတ္တလေးပါးက သူတို့၏အာရုံကြောများကို တောင့်ထားကြပြီး၊ မျက်တောင်ပင် မခတ်ရဲကြပေ။
မသေမျိုးဗုဒ္ဓများကိုပင် သွားရည်ကျစေနိုင်သည့် နတ်ဘုရားမင်းဆက်၏ကြောက်မက်ဖွယ်ကောင်းသည့် အခြေခံအုတ်မြစ်ကို သူတို့ကောင်းစွာ သတိပြုမိကြသော်လည်း၊ အတိတ်က ရှန်းယီ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်က သူတို့၏စိတ်ထဲတွင် စွဲထင်နေဆဲဖြစ်သည်။
သူ၏ကျဆုံးမှုကို မမြင်တွေ့ရဘဲနှင့် သူတို့မည်သို့ စိတ်သက်သာရာ ရနိုင်မည်နည်း။
လူတိုင်း၏အံ့အားသင့်နေသော အကြည့်များအောက်တွင်၊ ရှန်းယီ၏အရှေ့သို့ လှမ်းနေသော ခြေလှမ်းများက အနည်းငယ်မျှပင် ရပ်တန့်မသွားခဲ့ပေ။
သူက ရှည်လျားသောလှေကားထစ်များအထက်ကို အေးအေးလူလူတက်သွားခဲ့၏။
မျှော်လင့်ထားသော ကျယ်ပြောလှသည့် ဧကရာဇ်ချီများက အရက်ကန်ထဲမှ ခုန်ထွက်မလာခဲ့သလို၊ ဤကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာ အစစ်အမှန်အရှင်ကိုလည်း သတ်ဖြတ်မသွားခဲ့ပေ။
ရာဇပလ္လင်ရှေ့မှ ဧကရာဇ်အသစ်က ဖြန့်ကားထားသောလက်တစ်ဖက်ကိုယ်ဟန်ကို ဆက်လက် ထိန်းသိမ်းထားသော်လည်း၊ ပုံမှန်မဟုတ်သော မည်သည့်အရာမျှဖြစ်မလာခဲ့ရာ၊ အနည်းငယ် ရယ်စရာကောင်းနေပုံပေါ်သည်။
ရှန်းယီ သူ၏ရှေ့တွင် ရောက်လာသည့်အထိပင်။
"မဟုတ်ဘူး မဟုတ်ဘူး။ မင်းက ငါ့ရဲ့စစ်သူကြီးပါ... မင်းရဲ့အပြစ်ကို ငါ ခွင့်လွှတ်တယ်။ မင်းလိုချင်တာ ဘာပဲဖြစ်ဖြစ်၊ ငါ ပေးပါ့မယ်။"
ဧကရာဇ်အသစ်၏ခြေထောက်များ ပျော့ခွေသွားပြီး၊ နောက်သို့ယိုင်းယိုင်သွားကာရာဇပလ္လင်ပေါ်သို့ ပြိုကျသွားပြီး၊မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။
ရှန်းယီက သူ၏လက်ကောက်ဝတ်ရှိ နွေးထွေးသော ကျောက်စိမ်းနီကို ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်ပြီးနောက်၊သူ၏ရှေ့ရှိ အမျိုးသားကိုပြန်ကြည့်ကာ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
"ဒါပေမယ့် မင်းရဲ့ဆုလာဘ်တွေကို ငါ မလိုအပ်ဘူးလေ။"
စကားမဆုံးမီမှာပင်။
လူငယ်လေးက သူ၏ညာဘက် ခြေထောက်ကို ရုတ်တရက်မြှောက်လိုက်ပြီး၊ သူ၏ဖိနပ်က ရာဇပလ္လင်၏ကျောမှီကို ပြတ်သားစွာရိုက်ချလိုက်၏။
တကျွတ်ကျွတ်မြည်သံတစ်ခုနှင့်အတူ၊ အနီရောင်နှင့် အဖြူရောင်ရောနှောနေသော အရည်များက သူ၏ဖိနပ်နှင့် ကုလားထိုင်ကျောမှီကြားမှ ဖြည်းညှင်းစွာ စီးကျလာခဲ့သည်။
ခေါင်းကြေမွသွားပြီးနောက် ဧကရာဇ်သရဖူများက ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေသော ပုလဲများအဖြစ်သို့ ပြောင်းလဲသွားကာ၊ တောက်ပပြီး ခမ်းနားသော ရွှေရောင်ခန်းမဆောင်အောက်သို့ ခုန်ပေါက်ကာ ပြန့်ကျဲသွားခဲ့၏။
ခေါင်းမရှိသော အလောင်းက ရာဇပလ္လင်ပေါ်မှ ဆန့်ငင်ကာလျှောကျသွားပြီး၊ ၎င်းပေါ်တွင် ထင်ရှားသောသွေးကြောင်းတစ်ခုကိုသာ ချန်ရစ်ခဲ့သည်။
ရှန်းယီက အလောင်းကိုလှေကားထစ်များအောက်သို့ ပေါ့ပေါ့ပါးပါးပစ်ချလိုက်ပြီး၊ သူ၏ဝတ်စုံကို ပြင်ဆင်လိုက်ကာ၊ လူအုပ်၏ထိတ်လန့်တကြား စောင့်ကြည့်မှုအောက်တွင်၊ သူက ခြေတစ်ဖက်ကို ဇိမ်ကျကျပင်ကုလားထိုင်ပေါ်တွင်တင်ကာ ထိုင်လိုက်ပြီး၊ သူ၏လက်တစ်ဖက်ကို ဒူးများကြားတွင် ပျင်းရိပျင်းတွဲတင်ထားလိုက်သည်။
၎င်းမှယ လူသားဧကရာဇ်၏ဂုဏ်သိက္ခာ အနည်းငယ်မျှမပြသဘဲ လူဆိုးလူမိုက်ဟန်ပန် အချို့ကိုသာ ပြသနေခဲ့သည်။
သူက အောက်ဘက်ရှိ လူအုပ်ကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေခဲ့၏။
အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသော ထိုမျက်လုံးများက၊ ရှန်းယီ၏အကြည့်နှင့် ဆုံမိသောအခါ တုံ့ဆိုင်းခြင်းမရှိဘဲအောက်သို့ နိမ့်ချသွားကြသည်။
ဤအခြေအနေက နတ်ဘုရားမင်းဆက် တည်ထောင်ကတည်းက ဘယ်သောအခါမှ မဖြစ်ပေါ်ခဲ့ဖူးပေ။
မသေမျိုးကျင့်ကြံသူ တစ်ဦးက အင်ပါယာမြို့တော်ထဲသို့ ကြောက်ရွံ့ခြင်းကင်းစွာခြေချလာပြီး၊ ဧကရာဇ်၏ခေါင်းကို ခြေထောက်ဖြင့်ချေမွပစ်လိုက်၏။ ဤအခိုက်အတန့်မှာ အိပ်မက်တစ်ခုနှင့်ပင် ဆင်တူနေစေသည်။
"..."
ကူလီက အထက်သို့မှင်သက်စွာ စိုက်ကြည့်နေပြီး၊ ရှန်းယီကိုမြင်တွေ့လိုက်ရချိန်တွင် သူမ၏ကနဦး ဝမ်းသာမှုနှင့် စိုးရိမ်ပူပန်မှုတို့က ဇဝေဇဝါဖြစ်မှုအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။
အရာရှိရှန်း ဘာကိုရည်ရွယ်ထားသနည်း။ သို့မဟုတ် ဧကရာဇ်ချီ၏ဖိနှိပ်ခြင်းမှ သူမည်သို့ ရှောင်လွှဲနိုင်ခဲ့သနည်းဆိုသည်ကို သူမ လုံးဝ မသိရှိပေ။
ယဲ့လန်က သူမ ရှိရာနေရာတွင် မတ်မတ်ရပ်နေပြီး၊ အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ပေ။ ရှန်းယီ ရောက်ရှိလာသရွေ့ အရာအားလုံးက ချွင်းချက်မရှိ သူ၏ထိန်းချုပ်မှုအောက်တွင်သာရှိနေသင့်သည်။
ခန်းမဆောင်အတွင်း လင်ရှူးယာက ရုတ်တရက် တုန်ယင်သွားခဲ့၏။
သူ၏ရှေ့ရှိမြင်ကွင်းက သူ၏နားလည်နိုင်စွမ်းကို ချိုးဖျက်ပစ်လိုက်သည်မှာ ငြင်းမရနိုင်ပေ။ သူ၏ဂုဏ်ယူဝင့်ကြွားဖွယ် အားကိုးရာများ အားလုံးက ဤလူငယ်လေး၏ရှေ့တွင် အဘယ်ကြောင့် ရှင်းပြ၍မရနိုင်လောက်အောင် ထိခိုက်လွယ်သွားရသနည်း။
"ဆင်းခဲ့။"
ရှန်းယီက သူ၏အကြည့်ကို အထက်သို့ ပို့လွှတ်လိုက်သည်။ သူ၏တည်ငြိမ်သော မျက်လုံးများအောက်တွင် မဟာလွတ်လပ်ခြင်းဗောဓိသတ္တ လေးပါးက ကြောက်လန့်နေသောကြက်ပေါက်လေးများအလား တုန်ယင်နေကြပြီး တစ်ခွန်းမျှမပြောဘဲ မတ်တပ်ရပ်လိုက်ကြကာ ထို့နောက် ရာဇပလ္လင်၏ရှေ့သို့ ရောက်လာခဲ့ကြ၏။