← Chapters

အခန်း ၁၄၀၈

Vol. 141 Ch. 1408

အခန်း ၁၄၀၈

Vol. 141 Ch. 1408

အခန်း (၁၄၀၈) ဒီရှန်းက မင်းတို့ကိုဘာအကြွေးမှ မတင်ထားဘူး။ ကိုယ်ပိုင်လက်နဲ့ပဲ အနိုင်ယူခဲ့တာ

"ဒီဖြစ်ရပ်ပြီးနောက်မှာ။ မင်း သင်ခန်းစာတစ်ခု ရလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။"

သူ၏နက်ရှိုင်းသော အသံက ချောက်ကမ်းပါး အတွင်း၌ပဲ့တင်ထပ်သွားခဲ့သည်။

ရှီမု၏မျက်နှာက ပြာနှမ်းနေပြီး၊ သူမ၏တစ်ကိုယ်လုံးပြင်းထန်စွာတုန်ယင်နေကာ၊ သခင်မ၏အင်္ကျီလက်စကို ဆုပ်ကိုင်ထားပြီး၊ သူမ၏စကားလုံးများမှာ ရှုပ်ထွေးသွားသည်အထိ ဒေါသထွက်နေခဲ့သည်။

"သူ ဘယ်လိုလုပ်ဒီလိုလုပ်နိုင်ရတာလဲ။ အဲဒီလို အခြေအနေမျိုးမှာတောင်မှ သခင်မသူ့ကို သစ္စာဖောက်ဖို့ငြင်းဆိုခဲ့သေးတာ၊ သူက သခင်မကို ဘယ်လိုများ ဒီလိုဆက်ဆံနိုင်ရတာလဲ။"

ဧကရာဇ်ခြောက်ပါး အနက်၊ သတ္တဝါအားလုံး၏ ကောင်းကျိုးကို အမှန်တကယ် စိတ်ဝင်စားသူနှစ်ဦးသာရှိသည်။ တစ်ဦးမှာ လူသားဧကရာဇ်ဖြစ်ပြီး၊ အခြားတစ်ဦးမှာ ဧကရီဖြစ်သည်။

ရှန်းယီက ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ၊ သေမျိုးလောကအတွက် ကံကြမ္မာကိုတည်ဆောက်ပေးနေသယောင်ဟန်ဆောင်ပြီး၊ သူတို့ နှစ်ဦးစလုံးကို လှည့်စားကာ မိုးကောင်းကင်နှင့် မြေပြင်၏အရှင်သခင်ရာထူးထံသို့ တက်လှမ်းရန် အခွင့်အရေး တစ်ခုဖန်တီးခဲ့ခြင်းဖြစ်သည်။

ဤလုပ်ရပ်က မိုးကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေသည်ဟု ဆိုနိုင်သော်လည်း၊ ဤ ဧကရာဇ်နှစ်ပါးအပေါ် မည်သို့တရားမျှတမှုရှိမည်နည်း။

"..."

ဟိုထူဧကရီက သူမ၏တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးစားရင်း၊ လက်ဖက်ရည်ပန်းကန်လုံးကိုမြှောက်လိုက်ရာ၊အတွင်းရှိ လက်ဖက်ရည်မှာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

သူမက သူမ၏ပတ်ဝန်းကျင်ရှိ အသံများကို မကြားနိုင်သည့်အလား နှုတ်ခမ်းများကို တင်းကျပ်စွာ စိထားလိုက်၏။

ဧကရီတစ်ပါးအနေဖြင့်၊ ထိုနေ့က ဖိနှိပ်ခံရချိန်တွင်ပင်။ ဂုဏ်သိက္ခာကိုထိန်းသိမ်းထားနိုင်ခဲ့သော်လည်း ဤအခိုက်အတန့်တွင်မူ သူမ၏မျက်ခုံးများကြားတွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လာခဲ့သည်။

...

နတ်ဘုရားမင်းဆက် ၊ အင်ပါယာမြို့တော်

စုဝေးနေကြသော ဝန်ကြီးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက ရာဇပလ္လင်ပေါ်ရှိ လူငယ်လေးက အဘယ်ကြောင့် အရာအားလုံးကိုဂရုမစိုက်သကဲ့သို့ ဖြစ်နေရသနည်းဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ကြ၏။

ဗောဓိသတ္တများက သူ့ကိုအရှင်မင်းကြီးဟု ခေါ်ဆိုချိန်တွင် ၎င်းက လူသားဧကရာဇ်ရာထူးကို ရည်ညွှန်းခြင်း မဟုတ်ပေ။ မိုးကောင်းကင်နှင့် မြေပြင်၏အရှင်သခင်ဖြစ်သော မသေမျိုး ဧကရာဇ်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။

သာမန် သေမျိုးလောကတစ်ခုတည်းက သူ၏ရည်မှန်းချက်ကို မဖြည့်ဆည်းပေးနိုင်ပေ။

ဤသည်မှာ ကောင်းကင်ယံကိုပင် ဝါးမျိုလိုသော ရည်မှန်းချက် ဖြစ်သည်။

ခန်းမဆောင်အတွင်း၌ ဒူးထောက်နေသော လင်ရှူးယာက အခြားသူများ၏အကြည့်များကို ဂရုမစိုက်တော့ဘဲ၊ ကူလီ၏ရှုပ်ထွေးနေသော အမူအရာကို အရူးတစ်ယောက်အလားစိုက်ကြည့်နေရင်း၊ ရုတ်တရက်ရူးသွပ်စွာရယ်မောချင်စိတ်ပေါက်လာခဲ့သည်။

'မင်းက သူ့ကိုကယ်တင်ရှင်တစ်ယောက်လို့ မှတ်ယူထားခဲ့တယ်၊ဒါပေမယ့် မင်း မသိခဲ့တာက သူက မင်းတို့ကိုခြေနင်းတုံးတွေ အဖြစ်ပဲ သဘောထားခဲ့တယ်ဆိုတာပဲ။'

'ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ နှလုံးသားလဲ၊ ဘယ်လောက်တောင် နက်ရှိုင်းလိုက်တဲ့အကြံအစည်လဲ။'

'ဒီလင်တောင် ကတော့ ရှက်မိပါတယ်...'

လင်ရှူးယာက ပါးစပ်ကိုဟကာ တဂွီဂွီမြည်သံတစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏အဆုံးသတ်ကောင်းမွန်မည်မဟုတ်ကြောင်း သိထားသော်လည်း၊ ဤမျှခမ်းနားသောပြဇာတ်တစ်ခုကို မျက်မြင်တွေ့လိုက်ရသဖြင့် သေရမည်ဆိုလျှင်ပင် ထိုက်တန်ပါသည်။

လူအုပ်ကြီးအား ကြာရှည်စွာမစောင့်ဆိုင်းစေလိုက်ရပေ။

မကြာမီတွင် ရေတံခွန်များအလား ရွှေရောင် ကန့်လန့်ကာများက ကောင်းကင်ယံမှကျဆင်းလာခဲ့ပြီး၊ အင်ပါယာမြို့တော်တစ်ခုလုံးက တောက်ပစွာ ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မသေမျိုးငှက်များနှင့် ထူးဆန်းသောသားရဲများက တိမ်တိုက်များကို ဖြတ်သန်းလာပြီး၊ ကောင်းကင်ကန့်လန့်ကာ၏ နှစ်ဖက်စလုံးတွင် အိမ်တော်ဝင်ပေါက်ရှိ ရုပ်တုများအလားနာခံမှုရှိပြီး လေးစားစွာဖြင့်ဝပ်တွားနေကြ၏။

သာယာသောမသေမျိုးတေးဂီတက ကောင်းကင်ယံတစ်လျှောက်ပဲ့တင်ထပ်သွားပြီး၊ လောကနှစ်ခုစလုံးကိုပင် ခမ်းနားထည်ဝါသွားခဲ့၏။

မသေမျိုးအရာရှိများက ရွှေရောင်ရေတံခွန်မှ သေသပ်စွာလျှောက်လာကြပြီး၊ ကောင်းကင်ယံတွင် ပုံရိပ်များလွန်းနေရာ ထပ်မံမဆံ့တော့သည့်အထိ ထူထပ်စွာပြည့်နှက်သွားကာ နန်းတော်၏အနက်ရှိုင်းဆုံး နေရာဆီသို့ ဒူးထောက်လိုက်ကြသည်။

ဤမြင်ကွင်းက လောကကြီးကို မှင်သက်သွားစေခဲ့၏။

ဤမြင့်မြတ်လှသောမသေမျိုးများက ဤမျှသစ္စာရှိပြီး နှိမ့်ချစွာဖြင့်ကိုးကွယ်ကြလိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ကြပေ။

စုစည်းမှုပြည့်စုံသွားပြီးနောက် ကြီးကျယ်ခမ်းနားသော အလင်းတန်းနှစ်ခုက ကောင်းကင်ကန့်လန့်ကာကို ဖောက်ထွင်းလာပြီး၊ ရွှေရောင်ခန်းမဆောင်၏ရှေ့တွင် ကျဆင်းလာခဲ့၏။

တစ်ပါးမှာ ဧကရာဇ်စံအိမ်တော်အတွင်းတွင် ရှိနေပြီး၊အခြားတစ်ပါးမှာ ကြာပန်းပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပါသည်။

ဧကရာဇ် နှင့် အစစ်အမှန် ဗုဒ္ဓတို့ ကိုယ်ထင်ပြသလာခြင်းပင်။

ထိုပြင်းထန်သောဖိအားတစ်ခုတည်းကပင် သတ္တဝါ များကို အလိုအလျောက်သူတို့ထံဦးညွှတ်သွားစေခဲ့သည်။

ဝန်ကြီးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ အံ့အားသင့်မှုများအောက်တွင်၊ စံအိမ်တော်အတွင်းရှိ ဧကရာဇ်က သေမျိုးလောကသို့ ဖြည်းညှင်းစွာလျှောက်လှမ်းလာခဲ့ပြီး၊ ကြာပန်းပလ္လင်ပေါ်ရှိ ဗုဒ္ဓက သူ၏တောက်ပသော အနီရောင်သင်္ကန်းကို ပြင်ဆင်လိုက်ကာ၊ ကြာပန်းပလ္လင်ပေါ်မှ ဆင်းလာပြီး ဧကရာဇ် နှင့်အတူ ရွှေရောင်ခန်းမဆောင်၏ အဝင်ဝတွင် ရပ်နေခဲ့သည်။

ယဲ့လန်၏ အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာခဲ့၏။

ဤဧရာမပုဂ္ဂိုလ်ကြီးများနှင့် ရင်ဆိုင်ရချိန်မှသာ၊ ရှန်းယီ မည်သို့သောဖြစ်တည်မှုမျိုးကို ရင်ဆိုင်ခဲ့ရသည်ကို သူမ အမှန်တကယ်နားလည်သွားခဲ့သည်။

ဤပုဂ္ဂိုလ်များကို မသေမျိုးဗုဒ္ဓဟု ခေါ်ဆိုခြင်းမှာ လုံးဝ မသင့်လျော်သည်မဟုတ်ပေ။ သူတို့သည် အမှန်တကယ်ပင် စကြာဝဠာ၏အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

အကယ်၍ လင်ရှူးယာသာ လှုပ်ရှားနိုင်ပါက၊ သူအသေအလဲပင်ခေါင်းငုံ့နေမိမည်မှာ သေချာ၏။

မသေမျိုးဌာနတွင် အစစ်အမှန် ဗုဒ္ဓကို တွေ့မြင်ခဲ့ရဖူးသော်လည်း၊ သင်္ကန်းနှင့် ကြာပန်းပလ္လင်ကသာလျှင် သူ့ကိုအမှန်တကယ်အညံ့ခံသွားစေသောအရာများဖြစ်သည်။

မသေမျိုး ဗုဒ္ဓက ယှဉ်ပြိုင်ဘက်ကင်းသည်။ စကြာဝဠာ၏ခမ်းနားကြီးကျယ်မှုက ကိုယ်ထင်ရှား ပြသလာသောအခါ၊ သူ ‌၎င်းတို့ကိုတစ်ချက်လေးကြည့်ရန်ပင် သတ္တိမရှိတော့ပေ။

ယခုအခါ ဧကရာဇ် နှင့် အစစ်အမှန်ဗုဒ္ဓတို့က ရွှေရောင်ခန်းမဆောင်အတွင်းကိုပါ စောင့်ကြည့်နေကြ၏။

နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့မှုကို ပြန်အမှတ်ရကြည့်လျှင် သူတို့က ထည်ဝါသောတောင်ထွတ်ပေါ်တွင် မြင့်မားစွာထိုင်နေကြပြီး၊ လူငယ်လေးက မော့ကြည့်ခဲ့ရသောဖြစ်တည်မှုများဖြစ်ခဲ့ကြသည်။

အရှေ့ဘက်အစွန်းဧကရာဇ်က ဤလူအား ဧကရာဇ်စံအိမ်တော်သို့ လာရောက်၍အရိုအသေပေးမည့်အချိန်ကို စောင့်ဆိုင်းနေကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။

သို့သော် ယခုတော့...

အရှေ့ဘက်အစွန်းဧကရာဇ်က အံများကို တင်းကျပ်စွာကြိတ်ထားရာ၊ ပါးပြင်များပင် အနည်းငယ်ဖောင်းထွက်နေခဲ့သည်။

သူ၏အမူအရာမှာ လေးနက်နေပြီး၊ လိမ့်တက်လာသောဒေါသများကို ဖိနှိပ်ရန်ရုန်းကန်နေရ၏။ ကျောရိုးများတကျွတ်ကျွတ်မြည်သွားပြီးနောက်၊ နောက်ဆုံးတွင် အကူအညီမဲ့စွာဖြင့် ခါးကို ကိုင်းညွတ်လိုက်ရသည်။

ခန်းမဆောင်အထက်ရှိမြင့်မားသောနေရာမှ ပုံရိပ်ကို မျက်နှာမူကာ၊လေးစားစွာဖြင့် အရိုအသေ ပေးလိုက်သည်။

"မသေမျိုးဧကရာဇ် ကောင်းကင်ဘုံကို တက်လှမ်းပေးပါ။"

ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက အလားတူပင်နာကြည်းမှုကို ခံစားနေရသော်လည်း၊ လက်ခံလိုက်ရ၏။

ရှန်းယီမှ ကြီးမြတ်သောရာဇပလ္လင်ထံသို့ တက်လှမ်းခြင်းကို အပြင်းအထန်ဆန့်ကျင်ရန် ဘုန်းကြီးများကို မူလကဦးဆောင်ခဲ့သူမှာ သူပင်ဖြစ်ကြောင်း သိထားရမည်။

သို့သော် ယခုအခါတွင်၊ သူ့ကိုအထက်သို့ ကြိုဆိုရန် သေမျိုးလောကသို့ ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်လာရသူမှာ သူပင်ဖြစ်နေသည်။

မသေမျိုးဗုဒ္ဓ၏ အသံက ကြီးမားသော ခေါင်းလောင်းကြီးတစ်ခုအလား သေမျိုးလောက တစ်လျှောက် ပဲ့တင်ထပ်သွားတော့သည်။

လူတိုင်း၏အကြည့်က ရာဇပလ္လင်ပေါ်တွင် ပျင်းရိပျင်းတွဲစွာမှီနေသော လူဆိုးလူမိုက်လေးဆီသို့ လှည့်သွားခဲ့သည်။

ဤမျှခမ်းနားသော မြင်ကွင်းမျိုးနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူက မတ်မတ်ထိုင်ရန်ငြင်းဆန်နေဆဲပင်။ သူ၏မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများ မှေးမှိန်သွားပြီး ၎င်း၏နေရာတွင်သိမ်မွေ့သော လှောင်ပြောင်မှုတစ်ခုက အစားထိုးဝင်ရောက်လာခဲ့သည်။

သူက မသေမျိုးဗုဒ္ဓကို အထက်စီးမှ ကြည့်ရှုနေပြီး၊ မသေမျိုးခုံရုံး နှင့် ဂိုဏ်းနှစ်ခုစလုံးအပေါ် သူ၏လှောင်ပြောင်မှုကို မည်သည့်ဖုံးကွယ်မှုမျှ မရှိဘဲ ပွင့်လင်းစွာဖော်ပြနေခဲ့သည်။

ထိုသို့ဖြစ်လင့်ကစား၊ ဤပုဂ္ဂိုလ်များက အနည်းငယ်မျှမနှစ်မြို့မှုကိုမပြသဝံ့ကြပေ။ သူ့ကို ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားရန်သာ မျှော်လင့်နေကြ၏။

"..."

ကူလီက ရှန်းယီကို မှင်သက်စွာ စိုက်ကြည့်နေခဲ့သည်။ အရာအားလုံးက ဤအခြေအနေအထိ ရောက်ရှိလာခဲ့သော်လည်း၊ လူသားဧကရာဇ် ယုံကြည်ရသော တစ်ဦးတည်းသောသူက သေမျိုးလောကကို ဝါးမျိုသူများကြားတွင် အဆင့်အတန်း အမြင့်မားဆုံးသူများထဲမှ တစ်ဦးဖြစ်လာခဲ့၏။

ဤကဲ့သို့ခမ်းနားသောပုံစံဖြင့် သေမျိုးလောကမှ ထွက်ခွာတော့မည်ဆိုသည်ကို သူမ မယုံကြည်နိုင်သေးပေ။

ယဲ့လန်က သူမ၏အကြည့်ကို အနည်းငယ်နိမ့်ချလိုက်ပြီး လက်ကိုတင်းကျပ်စွာဆုပ်ထားလိုက်သည်။

ရှန်းယီလုပ်ဆောင်မည့် မည်သည့်လုပ်ရပ်ကိုမဆို သူမကန့်ကွက်မည် မဟုတ်သော်လည်း၊ သူမ၏စိတ်ထဲတွင် ရုတ်တရက်အိုမင်းနေသောမျက်နှာတစ်စုံ ပေါ်လာခဲ့သည်။

၎င်းက ဟက်ဟက်ပက်ပက်ပြုံးနေပြီး မျက်နှာပေါ်တွင် သနားစရာကောင်းသောအမူအရာ ရှိနေသည့် အမျိုးသားပင်။

၎င်းက နှိမ့်ချစွာတောင်းပန်ကာပြောခဲ့၏။

"မင်း ငါ့ကို...သစ္စာမဖောက်ဘဲနေပေးနိုင်မလား။"

လူသားဧကရာဇ်၏ မျက်လုံးများတွင်၊ အကယ်၍ ရှန်းယီသာ သေမျိုးလောကမှ ခွဲထွက်သွားရန် ဧကရာဇ်ချီကို သူအပေါ်တွင်အသုံးပြုခဲ့မည်ဆိုလျှင် ဤမြင်ကွင်းက သူအတွက် ပိုနာကျင်စေသောအရာ မရှိနိုင်လောက်တော့ပေ။

ဤအခိုက်အတန့်တွင်၊ လူတိုင်းရုတ်တရက် တုန်ယင်သွားခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် အနက်ရောင်တာအိုဝတ်ရုံပုံရိပ်က နောက်ဆုံးတွင်မတ်တပ်ရပ်လိုက်သောကြောင့် ဖြစ်သည်။

"ငါဆိုလိုချင်တာက..."

ရှန်းယီက ခန်းမဆောင်အပြင်ဘက်ရှိ လူနှစ်ဦးကို လှမ်းကြည့်လိုက်ပြီး ရယ်မောလိုက်၏။ "ဒါက မင်းတို့ ငါ့ကိုပြချင်တဲ့အရာလား။"

"..."

အစစ်အမှန် ဗုဒ္ဓ နှင့် ဧကရာဇ်တို့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ကြ၏။

သူတို့က သူ့ကိုလုံလောက်သော မျက်နှာသာပေးခဲ့ပြီးပြီ ဖြစ်သည်။ သူက အဘယ်ကြောင့် ပြဿနာများထပ်ရှာချင်နေရသနည်း။

အရှေ့ဘက်အစွန်းဧကရာဇ်က မျက်လုံးများကို အနည်းငယ်မှေးလိုက်ပြီး၊ ရန်လိုမှုအရိပ်အယောင် အချို့ကို ထွက်ပေါ်လာခဲ့၏။

အကယ်၍ ရှန်းအမည်ရှိသောသူက သူ့ကိုစော်ကားရန် ဤအခွင့်အရေးကိုအသုံးပြုရန်ရည်ရွယ်ထားပါက၊ ၎င်း တွေးလွန်နေခြင်းသာဖြစ်သည်။

တစ်ဖက်လူက မသေမျိုးဧကရာဇ်ဖြစ်လာတော့မည်ဆိုလျှင်ပင် သူသည် ဧကရာဇ်တစ်ပါးဖြစ်နေဆဲပင်။

ပွင့်ပွင့်လင်းလင်းဦးညွှတ်ရခြင်းက တစ်ကဏ္ဍပင်။ သို့သော် အကယ်၍သူကအလွန်အကျွံလုပ်ဆောင်ရန်ရည်ရွယ်ထားပါက၊ သူကျောခိုင်းသွားသည်ကို အပြစ်မတင်သင့်တော့ပေ။

"မသေမျိုးဧကရာဇ်ဘာပဲလိုချင်ပါစေ၊ ကောင်းကင်ဘုံကို အရင်တက်လှမ်းပေးပါ။ ပြီးမှ ဖြည်းဖြည်းချင်း ဆွေးနွေးကြတာပေါ့။"

ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး၊ သူ၏အသံကို နှိမ့်ကာ လေးစားမှုရှိသယောင် ဟန်ဆောင်နေသော်လည်း၊ ဖုံးကွယ်ထားသောခြိမ်းခြောက်မှုတစ်ခု ပါဝင်နေခဲ့၏။

"ဘယ်သူက အဲဒီ သောက်ကျိုးနည်းမသေမျိုး ဧကရာဇ်ဖြစ်ချင်လို့လဲ။"

ရှန်းယီ၏ရုတ်တရက်လှောင်ပြောင်မှုက လူနှစ်ဦး၏အမူအရာများကို ပြောင်းလဲသွားစေခဲ့၏။

သူတို့၏ဘေးရှိ ကူလီ၊ ယဲ့လန် နှင့် ခန်းမဆောင် အတွင်းရှိ လင်ရှူးယာတို့ကိုပါ အံ့အားသင့်စွာ ကြည့်ရှုလာစေခဲ့သည်။

"ဒါဆို မင်းဘာလိုချင်တာလဲ။"

ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး၊ သူ၏အမူအရာကလည်း အေးစက်သွားခဲ့၏။

"ငါလိုချင်တာ အများကြီးပဲ။"

ရှန်းယီက ရှည်လျားသောလှေကားထစ်ပေါ်မှ အေးအေးလူလူဆင်းလာခဲ့ပြီး၊ ကူလီကို နောက်ပြန်လှည့်ကြည့်ကာ၊ခံစားချက်ကင်းမဲ့စွာ မေးလိုက်သည်။

"အဲဒီနေ့က သူအဲဒီမှာရှိနေလား။"

ကူလီက တောင့်တင်းစွာခေါင်းညိတ်လိုက်ပြီးနောက် သတိပြန်ဝင်လာကာ သူဘာကိုမေးနေသည်ကို အကြမ်းဖျင်းခန့်မှန်းမိသွားခဲ့၏။ သူမကအက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။

"သူက ခေါင်းဆောင်ပဲ"

ထိုစကားကို ကြားသောအခါ ရှန်းယီက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး၊ သူ၏ရှေ့ရှိ အစစ်အမှန် ဗုဒ္ဓဆီသို့ ပြန်လှည့်လိုက်ရာ၊ သူ၏အပြုံးက ပျောက်ကွယ်သွားပြီး၊ လေးနက်စွာ ပြောလိုက်သည်။

"အခု မင်းရဲ့အသက်ကို အရင်လိုချင်တယ်။"

စကားလုံးများမဆုံးခင်မှာပင်၊ အစစ်အမှန် ဗုဒ္ဓ နှင့် ဧကရာဇ်တို့က ချက်ချင်းနောက်ဆုတ်သွားကြ၏။

ရှန်းယီက လောက၏ ဧကရာဇ်ချီကို စုစည်းနိုင်စွမ်း ရှိသည်ဟု သူတို့အချိန်အတော်ကြာကတည်းက ခန့်မှန်းထားခဲ့ပြီး၊ယခုအခါ ၎င်းမှာအတည်ပြုနိုင်သွားပြီ ဖြစ်သည်။

နားလည်ရခက်သောတစ်ခုတည်းသောအရာမှာ... ဤလူယုတ်မာက သူ၏အနာဂတ်ကို အမှန်တကယ် စွန့်လွှတ်လိုက်ပြီး၊ သူ၏ဒေါသကို ဖောက်ထုတ်ရန်အတွက် ဤဧကရာဇ်ချီကို အသုံးပြုရလောက်အောင်ရူးသွပ်သွားခြင်းပင်။

"..."

အစစ်အမှန် ဗုဒ္ဓ နှင့် ဧကရာဇ်တို့၏ အရှက်ရနေသော ပုံရိပ်များကို ကြည့်ရင်း.

ရှန်းယီ၏ နှုတ်ခမ်းထောင့်များရှိ လှောင်ပြောင်မှုသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။ သူက လက်လှမ်းလိုက်ပြီး သူ၏လက်ကောက်ဝတ်ရှိ သွေးကျောက်စိမ်းကို ဆုပ်ကိုင်လိုက်ကာ၊ ၎င်းကို နှစ်ကြိမ်မျှညင်သာစွာပွတ်သပ်လိုက်သည်။

သို့သော် အခြားသူများမျှော်လင့်ထားသကဲ့သို့ ဧကရာဇ်ချီကို စုစည်းခြင်း မရှိခဲ့ပေ။

လူတိုင်း၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင်၊ ခွပ်ခနဲမြည်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

သွေးကျောက်စိမ်းက သူ၏လက်ချောင်းထိပ်များတွင် ဤအတိုင်းပင်ကြေမွသွားခဲ့သည်။

'တကယ်လို့ ခင်ဗျားက ဒီရှန်းကို ရိုးသားစွာ ဆက်ဆံခဲ့မယ်ဆိုရင်၊ ဒီရှန်းကလည်း ခင်ဗျားကို ဘယ်လိုများသစ္စာဖောက်ရက်မှာလဲ။'

ရှန်းယီက သူ၏လက်ကောက်ဝတ်ကို ပေါ့ပေါ့ပါးပါးပွတ်သပ်လိုက်ပြီး၊အဝေးရှိ ကောင်းကင် ကန့်လန့်ကာထံသို့ ငေးကြည့်နေခဲ့သည်။

အင်ပါယာမြို့တော်၏ အနက်ရှိုင်းဆုံးနေရာရှိ အရက်ကန်များထဲတွင် ရေတွက်၍မရနိုင်သော ရွှေရောင်နဂါးများက ကောင်းကင်ယံသို့ပျံတက်သွားသည်။ ကောင်းကင်ကန့်လန့်ကာကို ချက်ချင်း နေရာယူသွားကာ ထို့နောက်လိမ့်တက်သွားသော ဝါညိုရောင်တိမ်တိုက်များအဖြစ် ပျောက်ကွယ်သွားပြီး၊သာမန်မျက်စိဖြင့် မမြင်နိုင်သော အမြန်နှုန်းဖြင့် တိုက်ကြီးလေးခု၏ နယ်မြေများဆီသို့ အလျင်စလိုရွေ့လျားသွားကြသည်။

အရှေ့ဘက်အစွန်းဧကရာဇ် နှင့် ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓတို့က နောက်ဆုံးတွင်ဘာဖြစ်နေသည်ကို နားလည်သွားကြပြီး၊ တီးတိုးရေရွတ်လိုက်ကြ၏။

"အရူး..."

'ပြည်သူတွေဆီက ယူတယ်၊ ပြည်သူတွေဆီကို ပြန်ပေးတယ်။'

ရှန်းယီက နတ်ဘုရားမင်းဆက်၏ခေတ်အဆက်ဆက်စုဆောင်းထားခဲ့သော ဧကရာဇ်ချီကို၊ လွတ်မြောက်ခြင်းအတွက်အခွင့်အရေးတစ်ခုကို သေမျိုးလောကထံသို့ ပေါ့ပေါ့ပါးပါးပြန်လည် ပေးအပ်လိုက်ခြင်းဖြစ်သည်။

ထို့နောက်တော့ ဧကရာဇ်ချီအကြွယ်ဝဆုံးနေရာတွင် အပြောင်းအလဲများက ချက်ချင်း ဖြစ်ပေါ်လာခဲ့တော့သည်။

ကောင်းကင်ယံတွင်ဒူးထောက်နေကြသော ပုံရိပ်များက တတိယအဆင့်မသေမျိုးအရာရှိများဖြစ်စေ၊ သတ္တမ နှင့် အဋ္ဌမအဆင့် အရာရှိငယ်များဖြစ်စေ တစ်ပါးပြီးတစ်ပါးပြုတ်ကျလာကြပြီး၊ ဧကရာဇ်ချီ၏ဖိနှိပ်မှုအောက်တွင် အားလုံးက သာမန် သေမျိုးလူသားများဖြစ်သွားခဲ့ကြ၏။

All Chapters