← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

Chapter 112

ပလ္လင်ပေါ်တွင်မူ ချောမောကာခန့်ညားသောယောက်ျားပျိုတစ်ဦးက လက်ထဲတွင် ငွေဖြူရောင်မြေခွေးတစ်ကောင်ကို ပွေ့လျက် အောက်သို့ ငုံ့ကြည့်လာပုံမှာ မသေမျိုးတစ်ပါးအလား။

နဂါးကြီးက ဟိန်းလိုက်ရာ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်တစ်ခုလုံးကို တုန်ယင်သွားစေ၏။

အနှီအသံကိုကြားသော ကျင့်ကြံသူတိုင်းမှာ ခေါင်းလောင်းကြီးအနားတွင် တုန်ရီနေသကဲ့သို့ ခံစားလိုက်ရရာ သူတို့၏စိတ်နှံလုံးရော ဝိညာဉ်ကပါ တုန်လှုပ်သွားရသည်။

ဤသို့သော မြင်ကွင်းက အောက်ရှိတပည့်များကို အေးခဲသွားစေလေ၏။

အကြောင်းမှာ စုယွမ်၏အံ့လောက်ဖွယ်ပေါ်ပေါက်လာမှုကြောင့်မဟုတ်၊ အဓိကမှာ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်၏တားမြစ်အစီအရင်များကို ဖြတ်ကျော်နိုင်သောကြောင့် ဖြစ်၏။ ပြောရလျှင် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲများတောင် အနှီအတားအဆီးဖြတ်၍ လေထုအလယ်မှတဆင့် ပြောင်ပြောင်တင်းတင်း မဝင်နိုင်သည်လေ။

စုယွမ်က သေချာပေါက်ကို ဂိုဏ်းချုပ်ရော အကြီးအကဲများပါမဟုတ်လေရာ တစ်ခုတည်းသော ဖြစ်တန်ချေမှာ လပေါင်းများစွာ ပျောက်ဆုံးနေသော တောင်သခင်အသစ်စက်စက်ကလေးသာ ဖြစ်ချေတော့မည်။

သုံးခြယ်အကြွင်းမဲ့တောင်ထိပ်၏တိတ်ဆိတ်သောအခန်းတစ်နေရာတွင် ရှကွမ်းဝမ်းက မျက်လုံးများ ရုတ်တရက်ဖွင့်လာပြီး မျက်မှောင်ကြုတ်ကာ ဆို၏။

“ငါ တံခါးပိတ်ကျင့်ကြံတာဖြင့် နှစ်နည်းနည်းပဲရှိသေးတာကို ဘာလို့ ဒီလိုထူးဆန်းတဲ့ရွှေအမြူတေအဆင့်တပည့်ရင်းတစ်ယောက်က ပေါ်လာရတာလဲ။ သူ့အရှိန်အဝါကဖြင့် အခုမှ ရွှေအမြူတေအဆင့်အစောပိုင်းပဲရှိသေးတွင် ဘယ်လိုဖြစ်လို့ တောင်သခင်ဖြစ်လာရတာလဲ။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့နှစ်ရက်က ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲက ငါလည်း တောင်သခင်နေရာကို ယှဉ်ပြိုင်နိုင်တယ်ပြောထားတာပဲ။ အဲ့ဒီလိုဆိုမှတော့ ကြိုးစားကြည့်ကြတာပေါ့။”

ကုယို အံ့ဩဝမ်းသာသွားပြီး အော်လာတော့သည်။

“တောင်သခင်။ ကျေးဇူးပြုပြီး တရားမျှတမှုကို ရှာပေးပါ၊တောင်သခင်။”

စုယွမ်ကတော့ လူတိုင်းကို သာမာန်လျှံကာသာ ကြည့်လိုက်ပြီး သူ၏အကြည့်မှာ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်၏တစ်နေရာတွင်ရပ်တန့်သွား၍ ဆိုလိုက်၏။

“ရှကွမ်းဝမ်း၊ ထွက်လာခဲ့။ မင်းငါ့ကို ရှာနေတာ မဟုတ်ဘူးလား။”

ထိုစကားများထွက်လာသည်နှင့် သုံးခြယ်အကြွင်းမဲ့တောင်ထိပ်တစ်ခုလုံးမှာ ထိတ်လန့်သွားလေ၏။

ရွှေအမြူတေအဆင့်အကြီးအကဲတို့က လေထုထဲတစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြလေသည်။

ထိုထဲမှအချို့က စုယွမ်ကို ချက်ချင်း အရိုအသေပြုလာကြ၏။

“တောင်သခင်ကို ဂါဝရပြုပါတယ်။”

ဒါကိုမြင်တော့ စုယွမ်၏အမူအရာမှာ အနည်းငယ်ပြန်၍ နူးညံ့သွားပြီး ဆိုလိုက်သည်။

“ငါက မသေမျိုးမျိုးစေ့တောင်ကြားကိစ္စတွေကို ဒီလတွေထဲ ဖြေရှင်းနေရတာနဲ့၊ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်မှာ ပေါ်မလာမိတာပဲ။ ဒီနေ့ ငါတရားဝင် တောင်သခင်နေရာကို ကိုယ်စားပြုဖို့လာပြီ။ တကယ် မကျေနပ်တဲ့လူတစ်ယောက်ယောက်သာ ရှိရင် အခုချက်ချင်းထပြောနိုင်တယ်။ ဒါပေမဲ့ အခုအခွင့်အရေးပေးနေတုန်းမယူဘဲ နောက်ရက်ကျမှ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ရဲ့စည်းလုံးမှုကို ပျက်ပြားအောင်လုပ်တဲ့သူတိုင်းကို ပြင်းထန်စွာ အရေးယူမယ်။”

တိတ်တဆိတ်သာစောင့်ကြည့်နေကြသော ရွှေအမြူတေအဆင့်အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်သွားကြ၏။ သူတို့မှာ ရုတ်တရက်ပေါ်ပေါက်လာသော ရွှေအမြူတေအဆင့်တပည့်ရင်းကို ရှုပ်ထွေးစွာ ကြည့်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။

ဤကိစ္စရပ်များက သေချာပေါက်ကို စာပေများမဖတ်ရှုခဲ့သည့်အတွက် ဗဟုသုတနည်းပါးမှုကြောင့်ဖြစ်လာတာပင်။ သူတို့သာ စာလေးနည်းနည်းသာ ဖတ်ရှုခဲ့ပါက ထိုသို့သောပြဿနာများတောင် ဖြစ်လာမည် မဟုတ်ပါပေ။

ထိုအချိန်တွင် ရှကွမ်းဝမ်းက ရောက်ရှိလာပြီး စုယွမ်နှင့်အမြင့်တူသောလေထုတစ်နေရာတွင် ရပ်တည်လာ၏။

သူက အံ့သြနေပုံဖြင့် ဆိုလာသည်။

“မင်းငါ့ကိုသိတာလား။”

သူ၏အမူအရာမှာ လေးနက်သွားပြီး အဆောတလျင်ဆိုလာပြန်၏။

“ငါ့နာမည်က ရှကွမ်းဝမ်း၊ ငါ တကယ်ပဲ ဒီကိစ္စကို နောက်ကွယ်ကကိုင်တွယ်ထားတယ်။ ဒါငါ့အမှားပဲ။ စည်းကမ်းထိန်းသိမ်းရေးခန်းမကို ငါကိုယ်တိုင်သွားပြီးအပြစ်ခံယူလိုက်မယ်။ ဒါပေမဲ့ ငါ မင်းက တောင်သခင်ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်ဘူး။ ငါက ဒီကွယ်ဝှက်တောင်ထိပ်ကိုနှစ်ပေါင်းများစွာ စီမံလာခဲ့တာ။ ထောက်ပံ့မှတ်လည်းများနေပြီဖြစ်သလို ငါ့ရဲ့ကျင့်ကြံဆင့်ကလည်း ရွှေအမြူတေအဆင့်အထွဋ်အထိပ်ပဲ။ အဖက်ဖက်ကကြည့်ရင်ပဲ ငါက တောင်သခင်ဖြစ်ဖို့အရည်အချင်းပြည့်မှီတယ်။ ဒါပေမဲ့ ဘယ်ကမှန်းမသိ တောင်သခင်တစ်ယောက်ရုတ်တရက်ကြီးပေါ်လာတယ်လေ။ သဘာဝကျကျပဲ၊ ငါ မကျေနပ်ဖြစ်သင့်တယ်မလား။”

စုယွမ် ပြုံး၍ ပြောလိုက်သည်။

“မင်းသာ အခြားတောင်ထိပ်နေရာမှာဆိုရင် ဒီအရည်အချင်းနဲ့တောင်သခင်နေရာလိုချင်တာဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဒီကွယ်ဝှက်တောင်ထိပ်မှာကျ စည်းကမ်းလေးနည်းနည်းရှိနေတယ်လေ။ ဒါပေမဲ့ မင်းလုံးဝယူလို့မရတာမျိုးမဟုတ်ပါဘူး။ ငါခဏလောက် တာဝန်ထမ်းဆောင်ပြီးတာနဲ့ ပြန်လွှဲပေးလို့ရတာပဲ။”

“မင်းဘာပြောချင်တာလဲ။”

ရှကွမ်းဝမ်း မျက်မှောင်ကြုတ်သွား၏။ သူ စုယွမ်ဟာ တစ်ခုခုကွယ်ဝှက်ထားသလို ခံစားလိုက်ရသည်။

စုယွမ်မှာ တကယ် သိချင်စိတ်ဖြင့် မေးမိရတော့၏။

“မင်းက တကယ်ကြီးကျင့်ပဲကျင့်ကြံနေတာလား။ ဒီရွှေအမြူတေအဆင့်အထွဋ်အထိပ်ကိုရောက်ဖို့ ဘယ်နှစ်နှစ်ကျင့်ကြံခဲ့ရလဲ။”

ရှကွမ်းဝမ်းကတော့ ဂုဏ်ယူစွာပြန်ဖြေလာသည်။

“ငါ့မှာ ထိပ်သီးဝိညာဥ်ရင်းမြစ်ရှိတယ်လေ။ အဲ့ဒီတော့ ကိုးဆယ့်ရှစ်နှစ်နဲ့ပဲ ရွှေအမြူတေအဆင့်အထွဋ်အထိပ်ကိုရောက်ခဲ့တာ။ နောက်ပြီး ငါက တချိန်လုံး တံခါးပိတ်ပြီးပဲကျင့်ကြံနေတာမဟုတ်ဘူးနော်။ ဂိုဏ်းပြင်ကိုထွက်ပြီးပါ အတွေ့အကြုံယူခဲ့တယ်၊ ရွှေအမြူတေအဆင့်သားရဲတွေ၊နတ်ဆိုးတွေတော်တော်များများကို သတ်နိုင်ခဲ့တာ။ ငါက သေခြင်းရှင်ခြင်းကိုရော အန္တရာယ်ပေါင်းစုံကိုပါ ရင်ဆိုင်ခဲ့ပြီးပြီ။ ဘယ်ဘက်ကနေကြည့်ကြည့် ငါက မင်းထက်ပိုသန်မာတယ်။”

ဤစကားလုံးများကိုကြားတော့ စုယွမ်က တည်ငြိမ်စွာသာ ခေါင်းညိတ်၍ ဆိုသည်။

“တော်ပါတယ်။ ဒါပေမဲ့ လိုက်နာရမဲ့စည်းမျဥ်းလေးတွေရှိနေတယ်လေ။”

“စည်းမျဉ်းတဲ့လား။ ဂိုဏ်းထဲတောင်သခင်တစ်ယောက်ဖြစ်ဖို့ဆိုရင် သုံးချက်ပဲလိုတာမဟုတ်ဘူးလား။ ပထမအချက်က ထောက်ပံ့မှတ်လုံလုံလောက်လောက်ရှိရမယ်။ ဒုတိယအချက်က ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲဆီက ထောက်ခံချက်ရှိရမယ်။ တတိယအချက်ကတော့ မြင့်မားတဲ့ကျင့်ကြံစွမ်းအားရှိရမယ်။ ငါက ဒီသုံးခုလုံးနဲ့ကိုက်တယ်လေ။ မင်းလည်း ရှေ့နှစ်ခုနဲ့ညီမယ်ထင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတစ်ခုကျတော့ မကိုက်လောက်ဘူးထင်တယ်နော်။ ကျင့်ကြံရေးလောကမှာလည်း အရေးကြီးဆုံးကခွန်အားပဲကို၊ ဒါမရှိရင်အဆင်မပြေဘူး။ ငါ မင်းကိုစိန်ခေါ်ချင်တယ်။ မင်းတိုက်ရဲလား။”

ရှကွမ်းဝမ်းက ကျယ်လောင်စွာ ဖိတ်ခေါ်လာ၏။

သူ့ဘေးတွင် ရွှေအမြူတေအဆင့်အကြီးအကဲများစွာက ရပ်နေကြ၏။ သူတို့က ရှကွမ်းဝမ်းဘေးနည်းနည်းလေးသာပိုရပ်ထားသော်ငြား ရပ်တည်ချက်ကတော့ သိသာနေလေသည်။ စုယွမ်နံဘေးက ရွှေအမြူတေအဆင့်များကတော့ အချင်းချင်း အကြည့်ချင်းဖလှယ်မိသွားကြလျက် စွံ့အနေကြသည်။

ဤကိစ္စမှာ ခွန်အားနှင့်ဆိုင်ပါသလော။ ကွယ်ဝှက်တောင်ထိပ်၏တောင်သခင်နေရာဆိုသည်မှာ၊ အထူးသဖြင့် ပထမဆုံးတောင်သခင်နေရာက ထူးခြားသောစည်းမျဥ်းတစ်ခုဖြင့်သတ်မှတ်ထားခြင်းမဟုတ်ပါလား။ ထိုသို့သော ရွေးချယ်ခံရသူတို့ဆိုလျှင် ဂိုဏ်းတစ်ဂိုဏ်းလုံးကိုတောင် ပြောင်းလဲပြုပြင်နိုင်စွမ်းရှိသူများမဟုတ်ပေတကား။

သူတို့မှာ စုယွမ်ကို စိုးရိမ်တကြီးပြန်ကြည့်မိကြသည်။ အနှီသူကတိုက်ခိုက်နိုင်လောက်ပါ့မလား။ ဘိုးဘေးဆရာသခင်က အမွေပေးခဲ့ရင်တောင် သူ၏ကျင့်ကြံချိန်က အလွန်နည်းပါးနေဆဲမဟုတ်ပေလား။

ဤစကားကိုကြားတော့ စုယွမ်က တည်ငြိမ်စွာခေါင်းညိတ်၍ ပြောလိုက်သည်။

“ကောင်းပြီလေ။ ငါမင်းကိုအခွင့်ရေးပေးမယ်။ ဒါပေမဲ့ အရင်သဘောတူထားရအောင်။ ငါသာမင်းကိုနိုင်ရင် မင်း သုံးခြယ်အကြွင်းမဲ့တောင်ထိပ်က ထွက်ပြီး အခြားတောင်တွေဆီသွားနိုင်တယ်။ ဒါပေါ့၊ ဒီတောင်မှာပဲလည်းနေနိုင်ပါသေးတယ်၊ ဒါပေမဲ့ အပြစ်ဒဏ်ကတော့ နှစ်ဆဖြစ်သွားမယ်။”

“ကောင်းပြီလေ၊ မင်းရှုံးရင်ရော။”

ရှကွမ်းဝမ်းက ချက်ချင်း ပြန်မေးလာသည်။

စုယွမ်က ခပ်ယဲ့ယဲ့ပြုံးလာသည်။

“ရှုံရင်လား။ ရှင်းပါတယ်၊ ငါမင်းကို တောင်သခင်နေရာပေးတာပေါ့။ ဘာပဲ​ဖြစ်ဖြစ်၊ ငါက တောင်သခင်နေရာကို သုံးလလောက်ယူပြီးပြီပဲကို။”

ရှကွမ်းဝမ်း မျက်မှောင်ကြုတ်သွားရသည်။ သူ ထပ်မံ၍ စုယွမ်၏စကားများထဲ မူမမှန်တာကိုခံစားလိုက်ရသော်ငြား ဘာကိုမှန်းမသိဖြစ်နေသည်။

သူ စိတ်ထဲ အချိန်အကြာကြီးတွေးပြီးသော်လည်း ဘာမှမှားမနေကြောင်းသေချာစမ်းစစ်ပြီးမှ စိတ်လုံးလုံးချလိုက်တော့၏။

“ကောင်းပြီလေ။ လူတိုင်းရှေ့မှာပဲ တစ်ပွဲလောက်နွဲကြတာပေါ့။”

စုယွမ်လည်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူ၏လက်ဖဝါးပြင်ထက် ဘူးသီးခြောက်ပုံကျောက်စိမ်းလေးတစ်ခုပေါ်လာခဲ့သည်။ ၎င်းဟာ ကြည့်ရတာ ဘာမှအစွမ်းမထက်ဟန်ရှိသော်ငြား တကယ်တော့ ယခုလက်ရှိတွင် ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း၏တန်ဖိုးအရှိဆုံးရတနာဖြစ်လောက်ပေမည်။

အဆင့်ခြောက်ရှိရတနာတစ်ပါးကို ရွှေအမြူတေအဆင့်သာရှိသောသူတစ်ဦးအပေါ် သုံးရတာ အများကြားလျှင် ရှက်ဖွယ်ကောင်းနေမည်လား။

စုယွမ်ကတော့ ပြဿနာရှိသည်မထင်ပါပေ။ ရတနာများကလည်း သူ၏ခွန်အားဖြင့်ရလာသောကြောင့် သူ၏အင်အားတစ်ရပ်သာဖြစ်၏။ ထို့အပြင် အခြားသူများကလည်း ရတနာ၏အဆင့်ကိုမသိလောက်သောကြောင့် ပြဿနာမရှိလောက်ပါချေ။

အဆင့်ခြောက်ရှိရတနာတစ်ပါးကိုပိုင်ဆိုင်ပြီးကတည်းက စုယွမ်မှာ ယုံကြည်ချက်မှုတိုးလာရတာဖြစ်သည်။ ဤအရာလေးတစ်ခုဖြင့်ပင် သူက ဂိုဏ်းထဲထပ်ကျော်ကြားလာနိုင်ကြောင်း ခံစားလိုက်ရပေ၏။

All Chapters