← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

Chapter 113 တောင်သခင်ရာထူးကိုပြန်လည်အပ်နှံခြင်း။

ရှကွမ်းဝမ်းတစ်ယောက် လေထုအလယ်တွင် ရပ်၍ စုယွမ်ထံလက်ကမ်းလိုက်ပြီး ဆို၏။

“မင်းအရင်စပါ။”

စုယွမ်လည်း ပြုံးလိုက်သည်။

“အဲ့ဒါဆိုရင် ညှာတာမနေတော့ဘူးနော်။”

ဤသို့ဖြင့် စုယွမ်၏ဝတ်ရုံလက်ထဲမှ ဓါးရှည်ကိုးချောင်းမှာ ပျံထွက်လာ၏။

စုယွမ်လည်း သူ၏အဆင့်မြင့်အနည်အနှစ်တို့ကို ဒန်ထန်အတွင်းလည်ပတ်စေလိုက်ပြီး ဓါးရှည်များထံ ပေးပို့လိုက်သည်။

“ခုနစ်စဥ်ဓါးအစီအရင်။”

ဓါးရှည်ကိုးချောင်းမှာ ချက်ချင်းကောင်းကင်ပေါ်မြင့်တက်သွားပြီး ခုနစ်ကြယ်ပုံစံအစီအရင်တည်ဆောက်လာကြသည်။ဤတွင် ဓါးကိုးချောင်းအနက် ခုနစ်ချောင်းကသာ ခုနစ်စဉ်ကြယ်ပုံစံအဖြစ် မြင်ရပြီး ကျန်နှစ်ချောင်းကတော့ ကိုယ်ပျောက်အသွင်နေရာယူထားကြပေသည်။

ကောင်းကင်ယံဓါးခုနစ်ချောင်းဖြစ်ပေါ်နေချိန်တွင် ကောင်းကင်နှင့်မြေကြီးမှ သတ္ထုစွမ်းအင်များက ဓါးဆန္ဒကြောင့် ဆွဲယူခံလိုက်ရ၏။ အနှီစွမ်းအင်တို့မှာ ရွှေအလင်းပုံစံဖြင့် တလဲ့လဲ့လင်းနေရာ မျက်စိကျိန်းလောက်စရာ ခမ်းနားနေပေသည်။

“စိတ်ဆန္ဒ။”

ရှကွမ်းဝမ်းလည်း ချက်ချင်း ကောင်းကင်နှင့်မြေကြီးရှိ ဝိညာဉ်စွမ်းအင်တို့ ရုတ်တရက် စုစည်းလာကြတာကို ခံစားလိုက်ရ၏။ ပုံမှန်ဆိုလျှင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်တို့မှာ ဖိအားကိုသာ ဖြစ်စေသော်ငြား ယခုလို စိတ်ဆန္ဒအဆင့်ကတော့ ကောင်းကင်နှင့်မြေကြီးရှိဝိညာဉ်စွမ်းအင်တို့ကိုပါ လှုပ်ရှားအသုံးပြုနိုင်စွမ်းရှိပေသည်။

ရွှေအမြူတေအဆင့်၏အစပိုင်းမျှသာ ရှိသေးသော်ငြား အနှီသူဟာ စိတ်ဆန္ဒအဆင့်ကိုတောင် နားလည်အသုံးပြုနိုင်နေပြီ။ ဤသည်မှာ မည်သို့သော ပါရမီစွမ်းရည်မျိုးပါနည်း။ ရှကွမ်းဝမ်းမှာ သူတော့ သွားပြီဆိုတာ သဘောပေါက်လိုက်တော့သည်။ ဤသို့သောအရည်အချင်းမျိုးနှင့်ဆိုပါက တောင်သခင်တစ်ဦးဖြစ်လာသည်မှာ အပြည့်အဝကို ဆီလျှော်ညီညွတ်သည်လေ။

သို့သော်လည်း တိုက်ပွဲက စတောင်ပြီးပြီဖြစ်လေသောကြောင့် အရှက်မကွဲစေရန် တိုက်စရာရှိတာတော့ ဆက်တိုက်ရဦးမည်သာ။

ရှကွမ်းဝမ်း လက်ညှိုးတစ်ချောင်းကို ထောင်လိုက်တော့ မီးတောက်တစ်ခုက လက်ချောင်းထိပ်မှ ထွက်ပေါ်လာပြီး လျင်မြန်စွာဖြင့် မီးငှက်တစ်ကောင်အသွင်ပြောင်းသွားတော့လေသည်။ ၎င်းက သူ၏အတောင်ပံများကို ဖြန့်ကျက်ရင်းနှင့်ပင် ဝေဟင်ထက်ပျံသန်းသွား၏။

အနှီမီးငှက်နှင့် ခုနစ်စဉ်ကြယ်ဓါးအစီအရင်မှာ လေထုအလယ်တွေ့ဆုံသွားသည်။

ပြင်းထန်လှသောဖိအားတစ်ခုမှာ ထွက်ပေါ်လာ၍ ရွှေရောင်အလင်းနှင့် မီးတောက်အဟုန်တို့မှာ ဝင်တိုက်ကြရင်း အင်အားနှစ်ခုလုံးမှာ ကြေပျက်သွားကြတော့၏။

ဓါးရှည်ကိုးချောင်းက ပြန်ဆုတ်လာခဲ့သည်။ ဓါးရှည်တို့မှာ ဝိညာဉ်စွမ်းအားမှတဆင့် မသက်မသာဖြစ်နေကြောင်းကို စုယွမ်ဆီ ပေးပို့လာသည်။

မီးငှက်လွှင့်ပြယ်သွားချိန် ရှကွမ်းဝမ်းကို ကြည့်လိုက်တော့ သူဟာ ဤရလဒ်ကို မျှော်လင့်ထားပြီးသားပုံဖြစ်နေသည်။

ရှကွမ်းဝမ်း၏ထိပ်တန်းအဆင့်ရွှေအမြူတေအဆင့်မှာ တကယ်ကို အံ့လောက်ဖွယ်ရာပါပေ၊ သူ၏စွမ်းအင်က ထိုမျှပြိုင်ဘက်ကင်းနေရာ တောင်သခင်နေရာကို မျှော်မှန်းနေသည်ကလည်း ယုတ္တိရှိပါ၏။

“ငါ့အလှည့်ရောက်ပြီ။”

ရှကွမ်းဝမ်း၏ဝတ်ရုံလက်ထဲမှ ဓါးရှည်တစ်ချောင်းပျံထွက်လာခဲ့သည်။ ဓါးရှည်မှာ မီးတောက်ရဲရဲတောက်နေသော အရှိန်အဝါတစ်ခုကို ပေးစွမ်းလာသလို အနှီဓါးက ရတနာအဆင့်လက်နက်ဆိုတာလည်း သိတာလှ၏။

လက်နက်များတွင် မှော်ပညာအဆင့်၊ ဝိညာဉ်အဆင့်နှင့် ရတနာအဆင့်ဟူ၍ရှိကြပြီး ရတနာအဆင့်များကိုကား ရွှေအမြူတေအဆင့်များကို အများဆုံးအသုံးပြုကြသည်။ အနှီရတနာအဆင့်မှာ လွန်စွာ အဖိုးတန်လှပြီး ရှားလည်းရှားပါးလှ၏။ ထို့အတူ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်အချို့ကပါ ထိုအဆင့်ကို စွဲကိုင်သုံးစွဲကြရာ ရတနာအဆင့်၏တန်ဖိုးကြီးပုံကို ပြသနေလေသည်။

“သွားတော့။”

ဓါးရှည်ပတ်လည် မီးတောက်များတောက်လောင်လာပြီး ခဏချင်းတွင်း ထိုးခွင်းလာတော့၏။ ရှကွမ်းဝမ်း၏အနှီအကွက်မှာ လွန်စွာ လှပလွန်းပေသည်ပင်။

ဓါးရှည်က ရှေ့သို့တိုးဝင်လာချိန်တောင် စုယွမ်၏အမူအရာမှာ တည်ငြိမ်နေမြဲ။

သူ ချက်ချင်း လက်ထဲရှိ ကျောက်စိမ်းဘူးသီးခြောက်ကို အသက်သွင်းလိုက်သည်။ မမြင်နိုင်သော ဖိအားတစ်ခုမှာ ချက်ချင်း ရှကွမ်းဝမ်းနှင့်တကွ စုယွမ်ရှေ့ရှိဓါးရှည်ကိုပါ ဖုံးလွှမ်းသွား၏။

ထိုအခိုက်အတန့်လေးတွင်ပင် မီးတောက်ဓါးရှည်မှာ တစ်စုံတစ်ခုထံမှ ချည်နှောင်ခံလိုက်သည့်အတိုင်း ရုတ်ချည်းရပ်တန့်သွားလေသည်။ အစက ကြောက်မက်ဖွယ်တောက်ပနေသော မီးအဟုန်ကလည်း ဆက်လက်မတောက်ပနိုင်တော့ချေ။ ရတနာအဆင့်လက်နက်အတွင်းရှိ ဝိညာဉ်စွမ်းအားအလုံးစုံက တင်းကြပ်စွာချီနှောင်ခံလိုက်ရပြီး ၎င်းက ရှကွမ်းဝမ်းထံသို့ ကြောက်ရွံမှု၊ ကူရာမဲ့မှုနှင့် တုန်လှုပ်မှုဟူသော ခံစားချက်မျိုးစုံကို ပို့လွှတ်လာလေ၏။

ထိုအချိန် ရှကွမ်းဝမ်းကိုယ်၌ကလည်း ထိုသို့အတူတူ ခံစားနေရတာဖြစ်သည်။ သူ ရုတ်တရက်လေထဲမှ ထွက်ပေါ်လာသော ဖိအားတို့ကြောင့် သူ၏အသိစိတ်ပင်လယ်နှင့် ဒန်ထျန်မှာ လုံးဝချိတ်ပိတ်ခြင်း ခံလိုက်ရချေသည်။

ခန္ဓာကိုယ်ထဲရှိ ရွှေအမြူတေအဆင့်ရှိစွမ်းအားအလုံးစုံကလည်း လုံးဝဖမ်းဆုတ်မရတော့ပါပေ။ တလောကလုံးရှိ အလွန်အင်အားနည်းသောအရာလေးကတောင် သူ့ကို ချက်ချင်းသတ်ပစ်လိုက်နိုင်ကြောင်း ခံစားလိုက်ရသည်။

ဤသို့သော သေရေးရှင်ရေးခံစားချက်ကြီးမှာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလျက် သူ၏နှလုံးကလည်း တဒိုင်းဒိုင်းခုန်မည်လာပြီး မျက်ဆန်များလည်း ပြင်းထန်စွာကျုံ့ဝင်သွားတော့သည်။

သူ့မှာ အပေါ်အောက်ဘေးပတ်လည်ဝန်းကျင်တစ်ခွင်လုံး အဘက်ဘက်က ချည်နှောင်ထားသလိုခံစားလိုက်ရပြီး မည်သည့်နေရာကိုမှလည်း ရှောင်ပြေး၍မရဖြစ်နေ၏။

ရုတ်တရက် အနှီဖိအားက ပျောက်ကွယ်သွားလေသည်။

ရှကွမ်းဝမ်းလည်း ပုံမှန်ပြန်ဖြစ်သွားပေ၏။

ထို့နောက်တွင် သူ၏မီးတောက်ဓါးရှည်က ရှေ့သို့ဆက်လက်ပြေးထွက်ပြီး စုယွမ်ဆီပြေးဝင်သွားတာကို တွေ့လိုက်ရသည်၊ စုယွမ်၏တောင်သခင်ဝတ်ရုံအကာအကွယ်ကလည်း မိန်ဖျော့သွားပြီး စုယွမ်မှာ အနှီအားကို မခံနိုင်တော့ပုံဖြင့် လွှင့်ထွက်သွားကာ အောက်ရှိသစ်တောထဲကျသွားကိုပါ တစ်ဆက်တည်း မြင်လိုက်ရလေသည်။

“နေဦး။”

ရှကွမ်းဝမ်း၏မျက်လုံးများ ပြူးကျယ်သွားရသည်။

သူ ဓါးရှည်ကို ပြန်၍ဆင့်ခေါ်လိုက်သည့်အခါ ယခုတစ်ခေါက်တွင်တော့ ဆင့်ခေါ်လို့ရသွားပြီး ဓါးရှည်၏ဝိညာဉ်မှာ ကပ်ဘေးကြီးတစ်ခုကလွှတ်မြောက်လာသလို သက်ပြင်းချသံကိုပါ ကြားလိုက်သည်။

ထိုမှသာ သူ ခဏလေးက ကြုံတွေ့ခဲ့သောအရာမှာ အထင်မှားမှုမဟုတ်တာကို သိသွားရ၏။ သူက တကယ်ပဲ စုယွမ်၏ကျင့်စဉ်တချို့ကြောင့် အထိန်းချုပ်ခံလိုက်ရသည်ပင်။ အကယ်၍ ထိုအချိန်က ပုံမှန်လူတစ်ယောက်က သူ့အပေါ် ဝိညာဉ်စွမ်းအင်အနည်းငယ်သာသုံး၍ တိုက်ခိုက်လာလျှင်တောာင် သူက ချက်ချင်းသေဆုံးသွားရမည်သာ။ သူဟာ ခုခံရန်ဝိညာဉ်စွမ်းအားနည်းနည်းကလေးတောင် အသုံးမပြုနိုင် ဖြစ်ခဲ့ရသည်လေ။

သူ တွေးနေတုန်းမှာပင် စုယွမ်က သစ်ရွက်များအမှိုက်များ တစ်ကိုယ်လုံးပေကပ်နေသောပုံစံဖြင့် ပြန်ထလာခဲ့သည်။

သူက လက်များကို အရိုအသေပြုဟန် ဆုပ်လိုက်ပြီး ဆိုသည်။

“ရှကွမ်းဝမ်း၊ ငါရှုံးသွားပါတယ်။ မင်းက ငါ့ထက်အင်အားပိုကြီးတာမလို့ တောင်သခင်နေရာကို လိုလိုလားလားပေးပါ့မယ်။”

သူ လက်တစ်ချက်ဝှေ့လိုက်တော့ တောင်သခင်တံဆိပ်ပြားနှင့်အတူ တောင်သခင်ဝတ်စုံများကလည်း သူ့လက်ထဲ ပေါ်လာလေသည်။ စုယွမ်ကလည်း ချက်ချင်း တံဆိပ်ပြားရှိ သူ့အမည်ကို ပယ်ဖျက်လိုက်ပြီး ရှကွမ်းဝမ်းထံ ကမ်းလာ၏။

ရှကွမ်းဝမ်းတစ်ယောက် ကြောင်အလို့ပင် မပြီးသေးခင် စုယွမ်က ထပ်ပြောလာခဲ့သည်။

“အခုကစပြီး ကျွန်တော်က သုံးခြယ်အကြွင်းမဲ့တောင်ထိပ်မှာ သာမန်အကြီးအကဲတစ်ယောက်အဖြစ်ပဲ နေပါ့မယ်။ တောင်သခင်ရှက အနာဂတ်ကျရင် ကျွန်တော့်ကို စောင့်ရှောက်ပေးပြီး တာဝန်တွေကြီးကြီးမားမားမခိုင်းဖို့ပဲ မျှော်လင့်ပါတယ်။”

သူ ပြောပြီးသည်နှင့် အရိုအသေထပ်ပြုလိုက်ပြီး ချက်ချင်း အဝေးသို့ ပျံထွက်သွားတော့သည်။

သူက အရှိန်ပြင်းပြင်းဖြင့်ထွက်သွားတာကြောင့် သူ့ကိုယ်ပေါ်ရှိ သစ်ရွက်အမှိုက်များ ချက်ချင်း လွှင့်ပြယ်သွားလေ၏။ အမြင်စူးရှသောကျင့်ကြံသူများကတော့ စုယွမ်၏ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ချက်တောင် မရှိတာကို မြင်လိုက်ကြပေသည်၊ စုယွမ်၏ကိုယ်ပေါ်၌ ဒဏ်ရာမပြောနှင့် တွန့်ကြေရာတစ်ချက်တောင် ရှိမနေပါပေ။

All Chapters