← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

Chapter 114

ရှကွမ်းဝမ်းမှာ ကြောင်အနေဆဲဖြစ်၏။

ရွှေအမြူတေအဆင့်တပည့်ရင်းတစ်ဦးက အရင်ဆုံးရှေ့ထွက်ကာ ပြောလာ၏။

“ဂုဏ်ပြုပါတယ်၊ ဂုဏ်ပြုပါတယ်။”

“တောင်သခင်ရာထူးကို ရသွားတဲ့အတွက် တောင်သခင်ရှကို ဂုဏ်ပြုပါတယ်။”

“သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ဆိုတဲ့နာမည်က တော်တော်လေးသာမာန်လျှံကာ ဆန်လွန်းပါတယ်။ တောင်သခင် ပြောင်းဖို့ စိတ်ကူးမရှိဘူးလား။”

“တောင်သခင်၊ အခုကစပြီး ကျွန်တော်တို့ တောင်သခင်ရဲ့အုပ်ချုပ်မှုအပေါ်မှာပဲ မှီခိုရမှာပါ။”

ဘေးပတ်လည်က အသံဗလံများက ရှကွမ်းဝမ်းကို အသိပြန်ဝင်လာစေ၏။

သူ လက်ထဲရှိ တောင်သခင်တံဆိပ်ကတ်ပြားကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်၊ ထို့နောက် တစ်ဖက်ရှိ ရွှေအမြူတေအဆင့်အကြီးအကဲတစ်အုပ်ကို ကြည့်လိုက်ပါ၏။ အနှီသူတို့ကတော့ သူ၏အောင်မြင်မှုကို ချက်ချင်းဂုဏ်ပြုမလာဘဲ တစ်ခုခုကိုပြောချင်သလို အမူအရာများက ထူးဆန်းနေကြလေသည်။

ရှကွမ်းဝမ်းမှာ တောင်သခင်တံဆိပ်ကို ပြန်ကြည့်လိုက်ရင်း ကျစ်ကျစ်ဆုပ်လျက် ပြန်ပေးလိုစိတ်ကို ဖိနှိပ်လိုက်ပါ၏။

‘ဘာတွေဖြစ်ကုန်တာလဲ၊ ငါက ရှုံးသွားတာမဟုတ်ဘူးလား။ စုယွမ်က ဘာလို့ ရှုံးချင်ယောင်ဆောင်လိုက်ကြတာလဲ။ သူ တောင်သခင်ရာထူးရတာဖြင့် ဘယ်လောက်ကြာသေးလို့လဲ။ ထောက်ပံ့မှတ်တောင် များများစားစားရသေးတာမဟုတ်ဘူး။ သူက တောင်သခင်နေရာရဲ့အရင်းအမြစ်တွေကို မလိုတာလား။’

ရှကွမ်းဝမ်းမှာ တွေဝေမိန်းမောနေမိလေသည်။

ထိုအချိန် ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းရှိ လျှို့ဝှက်နယ်မြေတစ်နေရာတွင် စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်အကြီးအကဲတစ်အုပ်မှာ ယခုလေးတွင် မြင်လိုက်ရသောမြင်ကွင်းကို ပြန်လည်အကဲဖြတ်နေကြသည်။

စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်အကြီးအကဲတစ်ယောက် မနေနိုင်တော့ဘဲ ထပြောလာ၏။

“အဲ့ဒါ ဘယ်လိုနည်းလမ်းမျိုးလဲ၊ ငါ နားမလည်ဘူး။”

“အဲ့ဒါ ကောင်းကင်နဲ့မြေကြီးကို ထိန်းချုပ်တဲ့နည်းတစ်မျိူးလား၊ သူက ရွှေအမြူတေအဆင့်လူကိုတောင် ဘယ်လိုထိန်းချုပ်သွားတာလဲ။”

စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်အကြီးအကဲများမှာ အဓိကနေရာများတွင် ထိုင်နေကြသော ဝိညာဉ်အသွင်ကူးပြောင်းအဆင့်အကြီးများကို လှည့်ကြည့်လိုက်ကြ၏၊ အထူးသဖြင့် သူတို့၏အကြည့်မှာ အမအကြီးအကဲနန်ကုန်းဆီ ရောက်ရှိသွားကြသည်။

အကြောင်းမှာ သူက စုယွမ်နှင့်အရင်းနှီးဆုံးလူဖြစ်လေသည့်အတွက်ပင်။

အမတအကြီးအကဲနန်ကုန်းက မျက်မှောင်ကြုတ်၍ ခေါင်းခါပြလာသည်။

“အဲ့ဒါက ချုပ်နှောင်တဲ့နည်းတစ်မျိုးဖြစ်လောက်မယ်၊ နောက်ပြီး စုယွမ်က ရတနာတစ်မျိုးသုံးပြီး လုပ်ထားတာ။ ဒါပေမဲ့ အဲ့ဒီရတနာက တစ်ခါသုံးလည်းမဟုတ်သလို အဆောင်တံဆိပ်အမျိူးအစားထဲကလည်း မဟုတ်ဘူး။ သူရဲ့စွမ်းရည်အစစ်ကို ထုတ်သုံးထားတယ်ပြောလို့ရတယ်။”

သူပြောပြီသည်နှင့် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအကြီးအကဲတချို့နှင့် အကြည့်ချင်းဖလှယ်လိုက်တော့ အကုန်လုံးကလည်း ခေါင်းညိတ်ပြလာကြသည်။

စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်အကြီးအကဲများမှာ အမူအရာအမျိုးမျိုးဖြစ်သွားကြ၏။

“ငါတော့ စုယွမ်ရဲ့အရင်းအမြစ်ကို အမြင့်ဆုံးအဆင့်အထိထားချင်တယ်။ သဘောတူသလား၊ မတူဘူးလား မဲပေးကြတာပေါ့။”

အမတအကြီးအကဲနန်ကုန်း ပြောလိုက်သည်။

အဖွဲ့အစည်းရှိဒါဇင်ချီသောအဖွဲ့ဝင်များက စတင်မဲပေးကြတော့၏။ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်အကြီးအကဲတစ်ဦးချင်းဆီက မဲတစ်မဲဆီပေးခွင့်ရပြီး စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်များတော့ တစ်ဦးလျှင် ဆယ်မဲပေးခွင့်ရှိ၏၊ ထို့နည်းတူ ဂိုဏ်းချုပ်ဖြစ်သူကလည်း ဆယ်မဲပေးခွင့်ရှိသည်ပင်။

အမတအကြီးအကဲနန်ကုန်းက မဲများကိုရေတွက်၍ ကြေညာလာသည်။

“သဘောတူမဲ၁၂၈မဲ၊ ဆန့်ကျင်မဲ ၃၂မဲ။ အဆိုပြုမှုအောင်မြင်။”

ဤသို့ဖြင့် အကြီးအကဲအဆင့်အစည်းအဝေးက ပြီးဆုံးသွားလေသည်။

ထို့နောက် အဝေးတစ်နေရာတွင် ထိုမြင်ကွင်းကို စောင့်ကြည့်နေသော စုယွမ်၏မျက်နှာထက် အပြုံးတစ်ပွင့်ပေါ်လာလေ၏။

တောင်သခင်နေရာကိုတော့ ယူချင်တဲ့သူယူကြပါစေ။ သူ့အတွက်အရင်းအမြစ်များသာ အလုံအလောက်ရှိသရွေ့အရာရာ အဆင်ပြေသည်ပင်။

ထိုအချိန် အစည်းအဝေးပွဲတွင် ကုချင်းကျူးက မျက်မှောင်ကြုတ်ပြီး ဆိုလာသည်။

“သုံးခြယ်အကြွင်းမဲ့တောင်သခင်နေရာက ဒီလိုပဲ လွဲပြီးသွားရောလား။ တော်တော်လေးရယ်စရာဖြစ်မနေဘူးလား။”

သူက သိသိသာသာကို စုယွမ်ကို တောင်သခင်နေရာပြန်ရရန် ကူညီပေးချင်နေပေသည်။

စုယွမ်မှာ ဤမြင်ကွင်းကိုမြင်တော့ ဒေါသထွက်လွန်းလို့ သွေးတစ်ပွက်တောင် အန်ကျမတတ်ဖြစ်သွားရ၏။ အရမ်းကျေးဇူးတင်ဖို့ကောင်းသော ဂိုဏ်းချုပ်ပါပေ။

ဤသို့ဖြင့် အကြီးအကဲများက ပြန်လည်ဆွေးနွေးတော့သည်။

အမတအကြီးအကဲနန်ကုန်းက ဝင်ပြောလာ၏။

“ဘာမှမဖြစ်ပါဘူး။ အမွေကိုရတဲ့သူတောင်သခင်ဖြစ်ရမယ်ဆိုတာ အစဉ်အလာတစ်ခုပဲလေ။ သူလည်း တောင်သခင်အဖြစ်နေရာယူပြီးပြီပဲကို။ အရင်လူတွေတုန်းကလည်း အမွေကို လွှဲပြောင်းပြီးတာနဲ့ အပြင်လောကမှာ အတွေ့အကြုံယူဖို့ထွက်သွားတာပဲလေ၊ ဆက်ခံသူကိုလည်း မြန်မြန်ပဲ ရွေးခဲ့ကြတာမဟုတ်လား။ နောက်ပြီး စုယွမ်ကိုယ်တိုင်ကိုက တောင်သခင်နေရာမလိုချင်နေတာလေ။”

ဤစကားကိုကြားတော့ ကုချင်းကျူးလည်း ဆက်မပြောနိုင်တော့ပေ။

စုယွမ်မှာလည်း ဤသည်ကိုမြင်မှ စိတ်သက်သာရာရသွားတော့၏။

“အခုတော့ ငါ စိတ်အေးလက်အေး အေးအေးချမ်းချမ်းနေနိုင်လောက်ပြီ။ ‌နောက်ပြီး ငါကတော့ အပြင်ထွက်အတွေ့အကြုံမယူနိုင်ဘူးနော်၊ တကယ့်ကိုကျင့်ကြံရေးမှာ အခက်ကြုံနေရမှပဲ အဲ့ဒီအကြောင်းကို စဉ်းစားတော့မယ်။”

ထို့နောက် စုယွမ် သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ဆီပြန်သွားလိုက်ပြီး သူ၏ခြံဝန်းအသစ်စက်စက်ဆီသွားလိုက်သည်။

ဤတစ်ခုမှာ သုံးခြယ်အမတတောင်ထိပ်ရှိ ရှားပါးအဆင့်လေးရှိခြံဝန်းဖြစ်ပြီး သူတောင်သခင်ရာထူးပြန်မအပ်ခင်ကတည်းက ကြိုရွေးထားခဲ့တာဖြစ်သည်။

စုယွမ် လေထဲမှနေ၍ အကဲခတ်လိုက်သည်။ ခြံဝန်းလေးမှာ မီတာခုနစ်ရာတောင်မြင့်သောတောင်ကုန်းငယ်လေးပေါ်တွင်တည်ရှိခြင်းဖြစ်၏။ ၎င်းတောင်ကုန်းတွင် ရေတံခွန်များ၊ တောင်ကြားများ၊ ကမ်းပါးများ၊ မြက်ခင်းပြင်များ၊ တောအုပ်နှင့်အတူ မြစ်တစ်စီးသွယ်ဝှက်စီးစင်းနေသည်အထိ ပြည့်စုံလှသည်။

စုယွမ် အစီအရင်ပေါ်သို့ သူ၏ကတ်ပြားကို ဖိနှိပ်လိုက်ရာ ခြံဝန်းလေးမှာ သူ့အပိုင် တရားဝင်ဖြစ်လာခဲ့သည်။

သူလည်း အစီအရင်ကိုဖြတ်၍ တောင်ကုန်းထဲကို ဆင်းလိုက်ရာ ကြွယ်ဝလှသောဝိညာဉ်စွမ်းအင်တို့က သူ့ကို ပြေးဝင်လာကြသည်။ အဆင့်လေးရှိခြံဝန်းမှာ မျှော်လင့်ထားသည့်အတိုင်း ဝိညာဉ်စွမ်းအင်ကလည်း လွန်စွာပေါကြွယ်ဝလှသည်ပင်။ ဤသို့သောနေရာက စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲများကိုတောင် ထောက်ပံ့ပေးထားနိုင်လောက်၏။

တောင်ထိပ်ပေါ်တွင် အဆောက်အအုံများကတည်ရှိနေသည်။ သူလည်း အပေါ်သွားကြည့်လိုက်‌တော့ ဗလာဖြစ်နေသော ဝိညာဉ်စိုက်ခင်းအကျယ်ကြီးကို တွေ့လိုက်ရ၏။

“ဒီလောက်အဆင့်မြင့်တဲ့ဝိညာဉ်စိုက်ခင်းထဲ အပင်တစ်ပင်မှ မရှိတာ ဖြန်းတီးရာကျတာပဲ။”

စုယွမ်မှာ ဂိုဏ်း၏ဖြုန်းတီးမှုကြောင့် ရင်နာသွားရသည်။ ဤနေရာတွင် အဆင့်လေးရှိဝိညာဉ်စိုက်ခင်းလေးဧကရှိပြီး အဆင့်သုံးစိုက်ခင်းကတော့ သုံးဧကရှိပေသည်။ အဆင့်တစ်စိုက်ခင်းတစ်ခုတောင်ရှိမနေခဲ့။ ဤသို့အဖိုးတန်လှသောအရင်အနှစ်များက အဖြုန်းတီးခံနေရပေသည်။

ယခင်၊ သူ သာလွန်တောင်ထိပ်တွင်ရှိတုန်းက အဆင့်တစ်ရှိဝိညာဥ်စိုက်ခင်းနှစ်ဧကလောက်သာ ရှိခဲ့သည်ပေ။ သို့သော် ထိုအချိန်တုန်းက ချက်ချင်း အဆင့်တက်သွားသည့်အတွက် စိုက်ရန်အချိန်မရှိခဲ့ပေ။

ယခုတွင်တော့ သူ ဒီခြံဝန်းထဲ အချိန်ကြာကြာနေရလောက်ရာ သူ၏စိုက်ပျိုးလိုသောဆန္ဒများ ပြည့်ဝတော့မည်ပေ။

All Chapters