အခန်း ၁၁၇
Vol. 12 Ch. 117
Chapter 117
ကျူးကောကျန့်လည်း ခဏတန့်သွားပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်မေးလာသည်။
“ဂိုဏ်းတူအစ်ကိုလည်း အုတ်မြစ်တည်ပြီးသွားပြီမလား။ ဘယ်လောက်ကုန်သွားလဲမေးလို့ရမလား။”
စုယွမ်လည်း ခဏမျှတုံ့ဆိိုင်းနေပြီးမှ ဖြေလိုက်သည်။
“ကျွန်တော့်တုန်းကတော့ ဝိညာဉ်ကျောက်တုံးသန်းနှစ်ရာကုန်ခဲ့တာပဲ။”
“သန်း၊ သန်းနှစ်လား။ နှစ်သိန်းမဟုတ်ဘဲလေ။”
နန်ကုန်းဟော်ယွီ၏လှပသောမျက်ဝန်းလေးများမှာ ပြူးကျယ်သွားပြီး မှားကြားရသလားပင် ထင်သွားရသည်။
စုယွမ် လက်ဖက်ရည်တစ်ငုံ ငုံ့သောက်လိုက်သည်။
“အဲ့ဒီအချိန်တုန်းက ပြီးပြည့်စုံတဲ့တာအိုအုတ်မြစ်ကိုတည်ဖို့ကြံခဲ့တာမို့ ဝိညာဉ်ကျောက်တုံးပိုကုန်သွားတာလေ။”
“ဘယ်၊ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဂိုဏ်းတူအစ်ကို၊ အစ်ကိုပြောတဲ့ပြီးပြည့်စုံတဲ့အုတ််မြစ်နဲ့ အဆင့်မြင့်အုတ်မြစ်က ဘာကွာတာလဲ။”
ကျူးကောကျန့်မှာ မနေနိုင်ဘဲ ထုတ်မေးမိသွားသည်။
သို့သော် ပြောမိသည်နှင့် သူ ချက်ချင်း ပြန်အသိဝင်သွား၏။
“တောင်းပန်ပါတယ်။ ဂိုဏ်းတူအစ်ကိုရဲ့လျှို့ဝှက်ချက်တွေကိုမေးမိသွားတယ်။”
စုယွမ်လည်း ခဏလောက်တွေးကြည့်ပြီး မေးလိုက်သည်။
“မင်းအသက်ဘယ်လောက်လဲ။”
“သုံးဆယ်ပါ။”
ကျူးကောကျန့် ပြန်ဖြေလိုက်သည်။
“အဆင်ပြေသားပဲ။”
စုယွမ် ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ကိုယ်တိုင်ဖန်တီးထားတဲ့အမွေမှန်သမျှကို သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ရဲ့စာကြည့်တိုက်ထဲ ထားထားတယ်။ အဲ့ဒီထဲ ပြီးပြည့်စုံတဲ့အုတ်မြစ်အကြောင်းလည်းပါတယ်။”
သူ ကျူးကောကျန့်၏ဒန်ထျန်နေရာကိုကြည့်ပြီး အနည်းငယ်အာရုံခံကြည့်လိုက်သည်။
“ကျွန်တော် မင်းကို ကျွန်တော့်နည်းလမ်းကိုသင်ဖို့နှစ်သုံးဆယ်သုံးဖို့အကြံပေးချင်တယ်။ အသက်ခြောက်ဆယ်မှ အုတ်မြစ်တည်လည်းနောက်မကျပါဘူး။ ကျွန်တော် ဘယ်သူ့ကိုမှ ဖြောင်းဖျဖူးတာမဟုတ်ဘူး။ မင်းက ကျွန်တော့်ကို အရင်က သင်ပြပေးဖူးတော့ မင်း သာမန်အုတ်မြစ်လောက်လေးရသွားမှာမကြည့်ရက်နိုင်လို့လေ။”
ကျူးကောကျန့်မှာ နှုတ်ခမ်းများပင်တွန့်သွားရသည်။
“အဆင့်မြစ်အုတ်မြစ်လေ။ ကျွန်တော်ဖြင့် ဝိညာဉ်ပစ္စည်းသုံးခုတောင်ရှာထားရတာ။ ဒါကို သာမန်လို့ပဲသတ်မှတ်လို့ရတာလား။”
“မင်းဘာသာမင်း သွားလေ့လာကြည့်ပေါ့။”
စုယွမ်လည်း ရပ်သွားပြီး ပြောလိုက်သည်။
“အပိုင်း၃ခုပဲသင်ရင်လုံလောက်ပြီနော်။ နောက်ထပ်အပိုင်းတွေဆက်သင်စရာမလိုဘူး။”
ဤသည်ကိုကြားတော့ လူလေးယောက်မှာ အကြည့်ချင်းဖလှယ်လို့ သိချင်စိတ်များပြင်းပျလာရသည်။
ထိုအချိန် စုယွမ် တောင်ခြေဘက်သို့ လှည့်ကြည့်လိုက်၏။
ကျူးကောကျန့်လည်း ဆိုလိုက်သည်။
“အစ်ကိုစုမှာ ဧည့်သည်ရှိတာလား။ ကျွန်တော်တို့အရင်ပြန်လိုက်ရမလား။”
“ဟားဟား၊ရပါတယ်။”
စုယွမ် လက်ယမ်းပြလိုက်သည်။
သူ၏အမြင်အာရုံမှာ တောင်ခြေကအစီအရင်ဆီရောက်သွားလျက် လူတစ်ယောက်ကိုမြင်လိုက်ရ၏၊ ၎င်းမှာ ရှကွမ်းဝမ်းပါပေ။
ထိုအချိန် ရှကွမ်းဝမ်၏နှလုံးသားမှာတော့ မုန်တိုင်းဝင်နေလေပြီ။
သူ တောင်သခင်ရာထူးကို အောင်မြင်စွာလွှဲယူပြီးချိန်တွင် ဂိုဏ်းချုပ်ကုဆီ အထူးတလည်သွားကာ စုယွမ်အကြောင်း မေးမြန်းခဲ့၏။
သူ ဂိုဏ်းချုပ်ကုက စာအုပ်တစ်အုပ်ကိုသာ ပစ်ပေးလာပြီး ဖတ်ရန်ပြောလာမည်ဟု ထင်မထားခဲ့ပါပေ။
သူ စာအုပ်နာမည်ကို ဖတ်ကြည့်လိုက်သည်၊ ၎င်းမှာ ယခင်ဆက်ခံသူဘိုးဘေးများ၏ကိုယ်ရေးမှတ်တမ်းဟူ၍ဖြစ်၏။
သူ တစ်ချက်လှန်ကြည့်လိုက်ရုံဖြင့် အဓိကအကြောင်းအရာများကို နားလည်သွားရသည်။
အထူးသဖြင့် ကွယ်ဝှက်တောင်ထိပ်ခေါ် မူရင်းအမည် သီးသန့်တောင်ထိပ်၏အကြောင်းအရာကိုပေ။
ယခင်တောင်ခုနစ်လုံး၏ဦးဆုံးတောင်သခင်များအားလုံး ဘိုးဘေးဆရာသခင်၏အမွေကိုအရယူနိုင်ခဲ့သူများသာဖြစ်ကြောင်း သိလိုက်ရချိန်တွင်တော့ သူ လုံးဝကို ထိတ်လန့်သွားခဲ့ရ၏။
နောက်ဆုံးတွင်တော့ သူဟာအောင်မြင်မှုများစွာနှင့်အတူ ကြီးမားသောခွန်အားရှိသည်တောင်မှ တောင်သခင်ဘယ်တော့မှမဖြစ်ရသည့်အကြောင်းကို နားလည်သွားခဲ့ပေပြီ။
ကွယ်ဝှက်တောင်ထိပ်ဆိုသည်မှာ ထပ်မံပေါ်ပေါက်လာမည့် ဆက်ခံသူအတွက် ပြင်ဆင်ထားသောတောင်ထိပ်ဖြစ်နေသည်လေ။
သမိုင်းအရမည်သို့သောသူတို့က အမွေကိုဆက်ခံနိုင်ခဲ့ပါသနည်း။
မှတ်တမ်းများကဆိုထားသည်ကတော့ ထိုသူတစ်ဦးချင်းစီက ပါရမီ၊နားလည်နိုင်စွမ်း၊ အခွင့်အလမ်း၊ စွမ်းဆောင်ရည်စသဖြင့်အရာရာတွင် ပြီးပြည့်စုံသောတုနှိုင်းမဲ့ထူးချွန်သူများဖြစ်ပြီး ခေတ်တစ်ခေတ်၏ထိပ်တန်းအကြီးအကဲဆရာသခင်ဖြစ်လာရန် ကံကြမ္မာဖန်လာသူများဖြစ်ကြတာပင်။
ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း၏သမိုင်းတွင်လည်း ထိုသူတို့ ပေါ်ပေါက်ခဲ့သော ကာလခုနစ်ရပ်တွင် ဂိုဏ်းသည်ကား လောက၏ပထမနေရာကို ရယူနိုင်လျက် ထိပ်သီးရောက်သွားခဲ့သည်များသာ။
ဤသို့သောပုဂ္ဂိုလ်များသည်ကား သာမန်အသိဥာဏ်ဖြင့် ဆုံးဖြတ်နိုင်သောသူမဟုတ်ကြပါပေ။
ယခုတွင်တော့ ရှစ်ယောက်မြောက်ဆက်ခံသူဘိုးဘေး ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပေသည်။
အနှီသူမှာ ငယ်ရွယ်နေသေးလင့်ကစား ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းကတော့ ထပ်မံ၍ တစ်ခေတ်တစ်ခါကို အုပ်စိုးနိုင်တော့မည်ပေ။
ဤသို့သောအချိန်မျိုးတွင် ဆက်ခံသူဘိုးဘေး၏ခြေထောက်ကို တင်းတင်းဖက်ကာ တွယ်ကပ်ထားဖို့က အရေးပါဆုံးအရာပါပေ။ သို့သော်လည်း သူကတော့ ဆက်ခံသူအရှင်ကို တောင်သခင်နေရာအတွက်တောင် ယှဥ်တိုက်ခဲ့သေးသည်တဲ့လား။
ရှကွမ်းဝမ်းမှာ မြန်မြန်ဆန်ဆန်ပင် အိန္ဒြေတောင်မဆယ်နိုင်ဘဲ ဂိုဏ်းချုပ်ကိုနှုတ်ဆက်ကာ စုယွမ်၏နေရာဆီရောက်လာရခြင်းဖြစ်၏။
“တောင်သခင်ရှ၊ ဘာကိစ္စများရှိလို့ပါလဲ။”
စုယွမ်၏အသံမှာ အစီအရင်မှထွက်ပေါ်လာ၏။
ရှကွမ်းဝမ်းမှာ အရိုအသေပြုကာ ဦးညွတ်လာလေသည်။
“ကျွန်တော် အရင်တုန်းက ရိုင်းပြမိသွားပါတယ်။ တောင်သခင်နေရာကိုယူဖို့အထိ အရှက်မဲ့သွားမိပါတယ်။ တောင်သခင်စု၊ ကျေးဇူးပြုပြီး နေရာကိုပြန်ယူပေးပါ။”
“တော်တော့၊ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးစရာမရှိဘူး။ မင်းက သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ရဲ့တောင်သခင်အသစ်ပဲ။ ငါ အဲ့ဒီနေရာကိုပြန်မယူနိုင်ဘူး။”
“ဒါပေမဲ့ ထိပ်သီးကျင့်စဥ်တွေ .. “
“အဲ့ဒီဟာတွေအကုန်လုံးကို စာကြည့်တိုက်ထဲထည့်ထားပြီးပြီ။”
“ဒါပေမဲ့ ကျွန်တော်မှ မတတ်တာ။ ကျွန်တော်သာ ပင်မတပည့်တွေ၊တပည့်ရင်းတွေခန့်လို့ရှိရင် ဘာသွားသင်ပေးရတော့မှာလဲ။”
ရှကွမ်းဝမ်းမှာ အတော်လေးစိတ်ဒုက္ခရောက်နေသည်ပေ။
“လွယ်လွယ်လေးပါ။ မင်းလည်း အဲ့ဒါတွေကိုသင်လိုက်လေ။”
ရှကွမ်းဝမ်း ထိုစကားကိုကြားတော့ရပ်တန့်သွား၏။ ဤသည်မှာ ကျိုးကြောင်းညီညွတ်သော်ငြား တစ်ခုခုမှားနေသလိုသာ ခံစားလိုက်လိုက်ရပေသည်။
“ကျွန်တော် အသေးစိတ်လာဆွေးနွေးလို့ရမလား။”
“ရတယ်လေ၊အပေါ်တက်ခဲ့။”
အစီအရင်က ဖွင့်လှစ်သွား၏။
ရှကွမ်းဝမ်းမှာ အသက်ပြင်းပြင်းရူရင်း တောင်ထိပ်သို့တက်လာလေသည်။
သူ ကျူးကောကျန့်နှင့်အခြားချီစုဆောင်းခြင်းအဆင့်တပည့်များကို တောင်ပေါ်တွင်မြင်လိုက်ရတော့ အံ့သြသွားရသည်။
သို့သော်လည်း သူ ဦးညွတ်ကာ ဂါဝရပြုလိုက်၏။
“ဆက်ခံသူဘိုးဘေးကို ဂါဝရပြုပါတယ်။”
ဤမြင်ကွင်းမှာ ကျူးကောကျန့်တို့အုပ်စုကို လုံးဝကြောင်အသွားစေခဲ့သည်။ သူတို့မှာ ဆက်၍တောင်မထိုင်နိုင်တော့ဘဲ ဘေးတွင်သာတန်းစီရပ်၍ ကြောင်အအလေးကြည့်နေကြလေ၏။
ဆက်ခံသူဘိုးဘေးတဲ့လား။
ဘာကြီးလဲ။
စုယွမ်မှာ ရှကွမ်းဝမ်းကြောင့် မျက်လုံးလှန်လိုက်မိ၏။
“ဘာတွေပြောနေတာလဲ။”
“ဘာကိုဘိုးဘေးလဲ။ ငါက အခုမှ၁၈နှစ်ပဲရှိသေးတာကို။”