← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

Chapter 119

စုယွမ် ဝိညာဉ်စိုက်ခင်းထဲရှိ ခုနစ်စဥ်ကြယ်အစီအရင်ကိုကြည့်ပြီး တွေးနေတာဖြစ်၏။

ရှကွမ်းဝမ်းလည်း ဝိညာဉ်စိုက်ခင်းဘက် လိုက်လှည့်ကြည့်မိလိုက်သည်။ သူ အနှီစိုက်ခင်းထဲ ပျိုးစေ့လေးများမှ အညှောင့်သေးသေးလေးများထွက်နေတာကိုမြင်လိုက်ရ၏။ သူ နတ်ဘုရားအာရုံကိုသုံး၍ကြည့်လိုက်တော့ မြေကြီးပေါ်တွင် ချမှတ်ထားသောအစီအရင်ကိုခံစားမိလိုက်သည်၊ ၎င်းက တော်တော်လေးနက်နဲသည့်ပုံပေ။

“အကွာအဝေးတွေကို ဘယ်လိုလျော့ရမလဲ။”

စုယွမ် တစ်ကိုယ်တည်းရေရွတ်နေ၏။

ရုတ်တရက် သူ၏အကြည့်က လက်ထဲရှိကျောက်စိမ်းဘူးသီးခြောက်ပေါ်သို့ကျရောက်သွား၏။ သူ မြေပေါ်ရှိအစီအရင်များကိုတဖန်ပြန်ကြည့်လိုက်သည်။ အတွေးတစ်ချက်မှာ သူ၏စိတ်ထဲ မြန်မြန်ပေါ်လာခဲ့သည်။

“မင်းမှာ အစီအရင်ရေးဆွဲလို့ရတဲ့ချပ်ပြားရှိလား။”

စုယွမ် မေးလိုက်သည်။

“ဟင်၊ဟုတ်၊ ရှိပါတယ်။”

ရှကွမ်းဝမ်းလည်း အစီအရင်ချပ်ပြားတစ်ခုကိုထုတ်ပေးလိုက်၏။

စုယွမ်လည်း ယူ၍ သူ၏အနည်အနှစ်စွမ်းအင်တို့ကိုအသက်သွင်းကာ ခုနစ်စဥ်ကြယ်အစီအရင်လေးကိုရေးဆွဲလိုက်သည်။ ထို့နောက် ၎င်းကိုအသက်သွင်းလိုက်ရာ တုံ့ပြန်သည့်အနေဖြင့် ကောင်းကင်ပေါ်ရှိခုနစ်စဥ်ကြယ်ကလည်း ခပ်ဖျော့ဖျော့လေးတောက်ပလာခဲ့၏။

ကြယ်အလင်းမှာ တော်တော်လေးမိန်ဖျော့နေပြီး အကျိုးသက်ရောက်မှာမရှိလောက်ပုံပင်ပေါ်နေသော်ငြား ကူးပြောင်းရေးအတွက်တော့ လုံလောက်ပေ၏။

စုယွမ် ရှကွမ်းဝမ်းဆီပြန်ပေးလိုက်သည်။

“မင်းဒီဟာကိုယူပြီး ဂိုဏ်းပြင်ကိုအရင်ဆုံးသွား၊ ဂိုဏ်းနဲ့ဝေးလေကောင်းလေပဲ။ ဝေးဝေးရောက်ပြီထင်ရင် အစီအရင်ကိုအသက်သွင်းပြီး ငါ့နာမည်ကိုခေါ်လိုက်။ ငါ ကြိုးစားကြည့်ချင်တာလေးရှိလို့။”

ရှကွမ်းဝမ်းမှာ စုယွမ်ဘာလုပ်မလဲဆိုတာအလွန်သိချင်နေသော်ကြောင့် ချက်ချင်းခိုင်းတဲ့အတိုင်းသွားလုပ်တော့၏။

“ကျွန်တော် နားလည်ပါပြီ။ ချက်ချင်း သွားလုပ်လိုက်ပါ့မယ်။”

ရှကွမ်းဝမ်းမှာ စုယွမ်၏နေရာမှပျံထွက်ကာ ဂိုဏ်းပြင်ဦးတည်လိုက်သည်။

တစ်ချိန်တည်းတွင်ပင် စုယွမ်ကလည်း တောင်၏ထိပ်ဆုံးတစ်နေရာ၌ ခုနစ်စဥ်ကြယ်အခင်းအကျင်းစင်မြင့်ကို တည်ဆောက်လိုက်၏။

ဤတစ်ကြိမ်၊ သူ အစီအရင်၏ဗဟိုချက်ကို ဓါးကိုးခုကိုသာသုံး၍မတည်ဆောက်ပေ။ ထိုအစား ဓါးရှည်တို့အပြင် ကျောက်စိမ်းဘူးသီးခြောက်ကိုပါ ယွီဟိန်ကြယ်နေရာတွင် နေရာချထားလိုက်၏။ ယွီဟိန်ကြယ်သည်ကား အတောက်ပဆုံးကြယ်ဖြစ်ရာ အမြန်ဆုံးတုံ့ပြန်လာခဲ့သည်။

ထိုအချိန်တွင် အစီအရင်အတွင်း အဆင့်ခြောက်ရှိဝိညာဉ်ရတနာကိုပါ ထည့်သွင်းအသုံးပြုမှုကြောင့် အစီအရင်အဆင့်မှာ များစွာတိုးမြင့်သွားရပြီး အဆင့်ငါးအထိ အစွမ်းမြင့်သွားရ၏။

ဤတစ်ခေါက်အစီအရင်ရှိ ခုနစ်စဥ်ကြယ်မှာ စုယွမ် ယခင်က ခံစားမိခဲ့သည်များထက် များစွာပိုရှင်းလင်းနေခဲ့၏။ ၎င်းမှာ အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်ကိုသုံးတာထက်တောင်ပို၍ ကြည်လင်နေသေးပေသည်။

“သက်ရောက်မှုက ဒီလောက်ကောင်းမယ်ထင်မထ်းဘူး။”

စုယွမ်လည်း ဤသို့ဖြစ်လာမည်ဟု ထင်မှတ်မထားပါချေ။ ထို့အပြင် ၎င်းကလည်း ရတနာတစ်ခုတည်းသာသုံးရသေးသည်ပင်၊ ရတနာခုနစ်ခုလောက်သာရှိခဲ့ပါက အစွမ်းသတ္တိမှာ ပို၍ပင်ဆန်းကြယ်နေလောက်မည်သာ။

သို့သော်လည်း အဆင့်ခြောက်ရှိဝိညာဉ်ရတနာတစ်ခုတည်းကတောင် အဆင့်မြင့်လှပြီးဖြစ်ရာ ၎င်း၏အစွမ်းကပင်တော်တော်လေးများလောက်၏။

သူ စောင့်နေလိုက်သည်။

နှစ်နာရီကြာပြီးနောက်တွင် စိတ်အာရုံစွမ်းရည်မှာ ဂိုဏ်း၏အဝေးတစ်နေရာတွင် အချက်ပြလာ၏။

အနှီအချက်ပြမှုမှာ အလွန်ရှင်းလင်းနေလေသည်။

စုယွမ် စိတ်အာရုံစွမ်းရည်ကို ဖွင့်လိုက်၏။

တစ်ခဏချင်းတွင်း သူ၏အသိစိတ်ပင်လယ်တစ်စိတ်တစ်ပိုင်းမှာ ဂိုဏ်း၏အဝေးတစ်နေရာ၊ တောင်ထိပ်တစ်ခုသို့ရောက်ရှိသွားသည်။

ထိုအချိန်တွင် ရှကွမ်းဝမ်းမှာ ဆက်ခံသူဟုခေါ်နေသလို လက်ထဲရှိအစီအရင်ကိုလည်းအသက်သွင်းလိုက်၏။

သူက နာမည်အစား ဆက်ခံသူဟုခေါ်နေသော်ငြား စိတ်ထဲရှိရည်ရွယ်ချက်မှာ စုယွမ်ကိုရည်ညွှန်းသည်ဖြစ်ရာ စုယွမ် ချက်ချင်းအာရုံခံနိုင်ခဲ့ပေသည်။ နာမည်ဖြစ်ပါစေ၊ လျှို့ဝှက်သင်္ကေတဖြစ်ပါစေ အရေးမကြီးပါပေ။ အဓိကမှာ သူ့ကိုရည်ညွှန်းလိုစိတ်ရှိရန်သာဖြစ်၏။

စုယွမ် ရှကွမ်းဝမ်းလက်ထဲရှိအစီအရင်က ကြယ်စွမ်းအင်ကိုစုပ်ယူလိုက်တာမြင်လိုက်ရသည်။ ၎င်းမှာ အလွန်မိန်ဖျော့ကာ အားနည်းနေသော်ငြား စုယွမ်ဘက်သို့ ဦးတည်ညွှန်ပြနေလေ၏။

စင်မြင့်အရှေ့ရှိ စုယွမ်၏အဓိကခန္ဓာကိုယ်မှာ ချက်ချင်းကို သူ၏တိုက်ခိုက်မှုများ၊ကျင့်စဥ်များစသဖြင့်အယူအဆများကို အစီအရင်မှတဆင့် ခုနစ်စဥ်ကြယ်ဆီပေးလွှတ်လိုက်လေသည်။

တစ်ခဏချင်းတွင် အစီအရင်စင်မြင့်မှာ ချက်ချင်းစွမ်းအင်တို့ထိုးတက်လာပြီး သူ၏စွမ်းအင်တို့သယ်ဆောင်ထားသော အလင်းတို့မှာ ကောင်းကင်ယံဆီထိုးတက်သွား၏။

စုယွမ်ပြင်ဆင်ထားသောဝိညာဉ်ကျောက်တုံးများမှာ အနည်းငယ်များသာကုန်သွားပြီး အဓိကစုပ်ယူမှုကို အဆင့်ခြောက်ဝိညာဥ်ရတနာက တာဝန်ခံထားပေသည်။

ကောင်းကင်ထက်ရှိခုနစ်စဥ်ကြယ်တို့မှာ လွန်စွာတောက်ပနေလေ၏။

ခုနစ်စဥ်ကြယ်က သူ့ကိုတုန့်ပြန်လာခြင်းဖြစ်ပေသည်။

အဝေးရှိ ရှကွမ်းဝမ်းကမူ ကောင်းကင်ရှိခုနစ်စဥ်ကြယ်က ရုတ်တရက်တောက်ပလာတာကိုသာ မြင်လိုက်ရ၏။

ထို့နောက် ကောင်းကင်မှ ဓါးအလင်းခုနစ်စင်းက ဆန်းကြယ်စွာ ကျရောက်လာလေသည်။

ရှကွမ်းဝမ်းမှာ ချက်ချင်း တုန်လှုပ်သွားပြီး မြန်မြန်ရှောင်လိုက်၏။ ထို့ကြောင့် ဓါးများ၏တိုက်ခိုက်မှုမှာ အနီးနားရှိကျောက်ဆောင်ပေါ်တွင်သာ ကျရောက်သွားလေသည်။

ဝုန်း၊ဝုန်း၊ဝုန်း။

တောင်ကုန်းငယ်လေးမှာ ကြယ်ဓါးများ၏စွမ်းပကားကြောင့် မှုန့်မှုန့်ညှပ်ညှပ်ကြေသွားတော့သည်။

ရှကွမ်းဝမ်းမှာ မျက်လုံးအပြူးစားနှင့်သာ အနှီမြင်ကွင်းကိုကြည့်နေမိသည်။ သူ ကောင်းကင်ကိုမော့ကြည့်မိပြီး လက်ထဲရှိအစီအရင်ကိုကြည့်မိ၏၊ ထို့နောက် ဂိုဏ်းဘက်သို့ ထိတ်လန့်စွာပြန်ကြည့်မိလေသည်။

သူလည်း ရေရွတ်လိုက်မိတော့၏။

“ယခင်ဆက်ခံသူဘိုးဘေးများ၏ကိုယ်ရေးမှတ်တမ်းထဲမှာ ပြောထားတာတွေက တကယ်ဖြစ်နေတာပဲ။*

All Chapters