← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

Chapter 120: ကျော်ကြားမှုအမှတ်ကိုအသုံးချခြင်းနှင့် ပန်းကန်လုံးပဲ့။

【ဒင်၊ကျော်ကြားမှုအမှတ်+ 60】

"ဟမ်။"

စုယွမ် စနစ်မျက်နှာပြင်ကို ကြည့်ပြီး အံ့သြသွား၏။ သူက စနစ်ကို အမှတ်၁၀မှတ်ကျော်မှသတိပေးရန်ပြောထားကတည်းက သူ၏စနစ်မြည်သံမှာတော်တော်လေး တိတ်ဆိတ်သွားခဲ့တာဖြစ်သည်။

ဤသို့သော ရုတ်တရက်အသံထွက်ပေါ်လာမှုက စုယွမ်ကို အံသြသွားစေ၏။

သူဟာ စိတ်အာရုံအစွမ်းထဲရှိနေတုန်းမို့ ရှကွမ်းဝမ်း၏ခန္ဓာကိုယ်တစ်ဝှိုက်တွင် အလင်းတစ်ချက်လင်သွားတာကိုမြင်လိုက်ရသည်ပင်။

သူသာ အမှတ်မမှားပါက ၎င်းက ကျော်ကြားမှတ်၏သင်္ကေတဖြစ်၏။

"ဒီအမှတ်တွေက ရှကွမ်းဝမ်းဆီကလာတာလား။ ရတာလည်း ၆၀တောင်ဆိုတော့ကာ အမှတ်က ရင်ထဲနက်နက်နဲနဲမှတ်မိလေလေ ပိုများလေလေလား။ အဲ့ဒါဆိုရင် ခုနှစ်စဥ်အကြွင်းမဲ့ဂိုဏ်းထဲ အမှတ်တွေပိုခြစ်ထုတ်လို့ရနိုင်သေးတာပေါ့။"

တစ်ချိန်တည်းတွင်ပင် စုယွမ်ဟာ ကိစ္စရပ်တစ်ခုကိုလည်းနားလည်လိုက်ရ၏၊ သူ၏အကြောင်းကိုပြောသော်ကြောင့် ကျော်ကြားမှုအမှတ်တိုးလာသည်ဖြစ်ရာ၊ ထိုအချိန်တိုင်းတွင် သူ စိတ်အာရုံကိုဖွင့်ကာ မည်သူ့ဆီက အမှတ်ကရလာသနည်းဆိုတာကိုပါ ကြည့်လို့ရမည်မဟုတ်ပေလား။

ဤသို့အသုံးပြုတာက အရမ်းအရေးပါပုံမပေါ်သော်ငြား တစ်နေရာရာတွင်တော့ အသုံးဝင်လာလိမ့်မည်သာ။

ဥပမာအားဖြင့် သူ့ကို အမှတ်များစွာရစေသည့်သူများကို သူမြင်နိုင်တော့မည်လေ။

မသိရှိရခြင်းဆိုသည်မှာ အဓိကအန္တာရယ်ပင်။ အကယ်၍ သူသာ အန္တာရယ်အရင်းအမြစ်ကိုသိသွားပါက ကိစ္စတော်တော်များများက တွက်ဆလို့လွယ်သွားမည်သာ။

စုယွမ်လည်း ချက်ချင်းစမ်းသပ်ကြည့်သည်။

သူ စနစ်မြည်သံကိုပြန်ဖွင့်လိုက်၏

【ဒင်၊ ကျော်ကြားမှုအမှတ်+ 1】

စုယွမ်လည်း ချက်ချင်း စိတ်အာရုံစွမ်းရည်ကိုနှိပ်လိုက်သည်။ ထိုစွမ်းရည်ထဲရောက်သွားချိန် မြင်ကွင်းကိုသီးသန့်မရွေ့ဘဲ စနစ်မြည်သံဖြစ်သောကျော်ကြားမှုအမှတ်+1ကိုသာ စိုက်ကြည့်ပြီးခြေရာခံရန်တွေးလိုက်၏။ အံ့သြဖို့ကောင်းလောက်အောင် သူ့အစီအစဉ်မှာ အောင်မြင်သွားခဲ့လေသည်။ တစ်ခဏချင်းတွင်း သူ၏အသိစိတ်ပင်လယ်က ကာလံဒေသကိုဖြတ်၍ မရင်းနှီးသည့်စျေးတစ်နေရာဆီရောက်ရှိသွားလေသည်။

တိတ်ဆိတ်သောလမ်းလေး၏ထောင့်အစွန်းတွင် ချီစုဆောင်းခြင်းအဆင့်သုံးရှိလေ့လွှင့်ကျင့်ကြံသူတစ်ယောက်က လက်ထဲရှိ ဆေးလုံးကို ပျော်ရွှင်စွာဖြင့် မြှောက်လိုက်ဖမ်းလိုက်လုပ်နေသည်။

"ကောင်းလိုက်တဲ့ဆေး၊ နောက်ဆုံးတော့ ငါတစ်ခုရလာခဲ့ပြီ။ ဒါက စုယွမ်ဆိုင်ကဆိုတော့ အရည်အသွေးကလည်းကောင်းပြီး စျေးကလည်းသက်သာတယ်။ ဒီတစ်ခေါက်တော့ ငါ သေချာပေါက် ချီစုဆောင်းခြင်းအဆင့်လေးရောက်ပြီပဲ။ ကျေးဇူးတင်ပါတယ်၊ အစ်ကိုစုယွမ်ရေ၊ ရက်ရက်ရောရောရောင်းပေးတဲ့အတွက်။ ကျွန်တော့်အတွက်လည်း ကောင်းချီးလေးတွေချေးပေးပါဦး၊ အစ်ကို့ကောင်းချီးနဲ့ဆိုရင် အဆင့်လွယ်လွယ်တက်နိုင်မလားလို့လေ။"

လေ့လွှင့်ကျင့်ကြံသူမှာ ဆိုင်၏ဝင်ပေါက်နားမှာတင် ပြောနေတာဖြစ်သည်။ သူ၏လေသံမှာလည်း စိတ်လှုပ်ရှားမှုရော၊ ပျော်ရွှင်မှုဇောအဟုန်ပါ ကပ်ညှိနေ၏။

စုယွမ်လည်း ဒါကိုကြည့်ရင်း ခေါင်းကုတ်မိသွားရသည်။

"ဒါဘယ်နေရာလဲ။"

စုယွမ် ဘေးပတ်လည်က ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်တော့ ဒါက ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းနှင့်မိုင်ငါးထောင်ကျော်ဝေးသောစျေးတစ်ခုဖြစ်မှန်းသိလိုက်ရသည်။ ထိုစျေးထဲတွင်လည်း သူတို့ရောင်းသောပစ္စည်းများမှာ ချီစုဆောင်ခြင်းအဆင့်များသာဖြစ်လင့်ကစား ရောင်းအားကတော့အလွန်ကိုကောင်းနေပေ၏။

စုယွမ် ဆိုင်ထဲသို့ လူပေါင်းများစွာအလုအယှက်ပြေးဝယ်နေကြတာကိုတွေ့လိုက်ရပြီး ပစ္စည်းများမှာခဏချင်းတွင်း အကုန်ကုန်သွားလေသည်။ ဆိုင်ထဲရှိစင်အများစုမှာ ဗလာဖြစ်သွားလို့ အရောင်းဝန်ထမ်းများကတော့ နောက်ဝယ်သူများကို ပစ္စည်းများထပ်မံဖြည့်ထားမည်ဖြစ်ကြောင်း ရှင်းပြနေရ၏။

စုယွမ် မျက်မှောင်ကြုတ်လိုက်သည်။

"ဆိုင်က ဒီလောက်ရောင်းရတာလား။ ဒါက သူများစားခွက်သွားလုသလိုဖြစ်မနေဘူးလား။ အခြားဆိုင်တွေကရော သူတို့ဝယ်သူတွေဒီလိုပဲအခိုးခံလိုက်ရတာကိုကြည့်နေတော့တာလား။"

စုယွမ်က ခုနစ်စဥ်ကြယ်အစီအရင်စင်မြင့်ဘေးတွင် ရှိနေဆဲဖြစ်သည့်အတွက် သူ ခုနစ်စဥ်ကြယ်စွမ်းအင်ကို အသက်အ

သွင်းလိုက်သည်။

ကြယ်အလင်းရောင်တို့မှာ ကောင်းကင်မှကျဆင်းလာလို့ အကြောင်းအရာများကို စုယွမ်ထံပြသလာကြ၏။

အံ့သြမှုတစ်ရပ်မှာ စုယွမ်၏မျက်လုံးများထဲဖြတ်ပြေးသွားသည်။

"ရေတိုအတွက် ပြဿနာမရှိဘူးထင်တယ်။"

စုယွမ်လည်း ခဏလောက်တွေးကြည့်လိုက်တော့ နားလည်သွား၏။

အနှီဆိုင်များက အလွန်ဝေးသော်ငြား အခြေခံအားဖြင့်တော့ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းနယ်မြေထဲတွင်သာရှိသေးသည်ပင်။ထို့အတွက် ထိုစျေးများ၏တာဝန်ရှိသူများမှာ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းနှင့်တိုက်ရိုက်ဖြစ်စေ၊သွယ်ဝှိုက်ဖြစ်စေ ဆက်ခံရေးတစ်ခုရှိကြသူများဖြစ်ရာ စုယွမ်၏ဆိုင်ကို အထူးတလယ် ဂရုစိုက်ပေးကြမည်ဖြစ်၏။ သူတို့က ပင်မအကျိုးအမြတ်များကိုမထိသရွေ့ ကြီးကြီးမားမားကြဿနာဖြစ်မည်မဟုတ်ပါလေ။

ထိုအချိန်တွင် စုယွမ် သူ၏ဆိုင်များကို တပည့်ရင်းရာထူးဖြင့်သာဖွင့်ထားကြောင်းသတိထားမိလိုက်သည်။ တပည့်ရင်းတစ်ဦးပိုင်သည့်ဆိုင်တစ်ဆိုင်ဟာ မလိုလားသူများစွာကို ဖိတ်ခေါ်နိုင်ပေ၏။

ဤဆိုင်များက ငွေများစွာမရရှိသော်ငြား စုယွမ်အတွက်တော့ အလွန်အသုံးဝင်သည်သာ။ ထို့အတွက် သူ ဆိုင်များအတွက် နောက်မှတစ်ခုခုလုပ်ပေးလိုက်မည်ပေ။

စုယွမ် စနစ်မျက်နှာပြင်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: ကောင်းစွာကျော်ကြား (49875/ 100000)

【ကျင့်ကြံမှုအဆင့်】: အစောပိုင်းအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (60/100) ရွှေမှုန်အဆင့်။

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: ၁၁.၅နာရီ။

【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာဝ။

【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။

【ပါရမီစွမ်းရည်လေး】: စိတ်အာရုံ။

မသိလိုက်ဘာသာနှင့် သူ၏ကျော်ကြားမှုအမှတ်မှာ ၅၀၀၀၀အထိတောင်ရောက်သွားခဲ့လေပြီ။ ထိုအမှတ်များအနက် ၁၀၀၀၀မှာ ဆိုင်များကြောင့်ရရှိလာခြင်းဖြစ်ပေသည်။ အနှီလေလွှင့်ကျင့်ကြံသူတို့မှာ မထင်မရှားပုံပေါက်သော်ငြား အရေအတွက်အားဖြင့်ကများလှ၏။

လေ့လွှင့်ကျင့်ကြံသူများမှာ များပြားလှသလို ထိုထဲသေမျိုးများလည်းပါ၏။ သူတို့၏အစွမ်းနှင့်ဆိုလျှင် စုယွမ်၏နာမည်မှာ သေမျိုးများဆီပါ ပျံ့လွှင့်နိုင်သည်ပေ။ ဆိုင်များသာ ဆက်လက်ဖွင့်ထားသရွေ့တော့ စုယွမ်၏ကျော်ကြားမှုမှတ်များက ဆက်တိုင်တိုးမြင့်နေဦးမှာပင်။

စုယွမ်၏မျက်လုံးများမှာ အနည်းငယ်ပြေလျော့သွား၏။

"မထင်မှတ်ထားဘဲ အပင်စိုက်လိုက်တာ၊ အကုန်လုံးအတွက်အရိပ်ရသွားစေတာပဲ။"

စုယွမ် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ သူ ပြန်၍ထိုင်ကာ လက်ဖက်ရည်သောက်လိုက်၏။

တစ်ရှီချန်ကြာပြီးနောက်တွင် ရှကွမ်းဝမ်း ပြန်ရောက်လာသည်။

သူက တောင်ထိပ်ဆီသို့ တိုက်ရိုက်တက်လာရင်း မျက်နှာကလည်း စိတ်လှုပ်ရှားမှုအပြည့်ပါပေ။

"စု၊အကြီးအကဲစု၊ အဲ့ဒီနည်းလမ်းကဘယ်လိုလဲဟေ။ ဘယ်လောက်ဝေးဝေးသွားနိုင်တာလဲ။"

ရှကွမ်းဝမ်းက အလျင်စလိုမေးလာသည်။

စုယွမ် ကောင်းကင်ကိုမော့ကြည့်ပြီး ခုနစ်စဥ်ကြယ်ကို လက်ညိုးထိုးပြလိုက်၏။

"ခုနစ်စဥ်ကြယ်တွေရှိနေသရွေ့၊ ငါ တိုက်ခိုက်နိုင်မှာပဲ။ ခုနစ်စဥ်ကြယ်အတွက်တော့ ကမ္ဘာမြေတစ်ဝှမ်းလုံးမှာရှိတော့ ဘယ်နားတိုက်ခိုက်ချင်ချင် ကိစ္စမရှိဘူး။ ဒါက ကြယ်စွမ်းအင်ရဲ့အားသာချက်ပဲ။"

ရှကွမ်းဝမ်း၏စိတ်ထဲတွင်မူ စုယွမ်က ဆရာသခင်ကြီးအဖြစ်သတ်မှတ်လိုက်ပေပြီ။ ကောင်းကင်ယံ၌ကြယ်များဟူသည်မှာ ဟိုးရှေးအချိန်များကတည်းက တည်ရှိခဲ့ခြင်းဖြစ်၏၊ သို့သော် မည်သူကများ ၎င်းတို့၏စွမ်းအင်ကိုအသုံးပြုနိုင်ခဲ့နည်း။ ဤသည်မှာ ခုနစ်စဥ်ကြယ်၏စွမ်းအားထက် စုယွမ်၏အရည်အချင်းကြောင့်ပါပေ။

ရှကွမ်းဝမ်းမှာ ချက်ချင်းပြုံး၍ ဆိုလာသည်။

"ကျွန်တော်နားလည်ပါပြီ။ အကြီးအစုက အဲ့ဒီလိုအစီအရင်ပြားလေးတွေလုပ်ပြီး တာဝန်သွားလုပ်တဲ့တပည့်တွေနဲ့ထည့်ပေးလိုက်ရင်ရပါပြီ။ သူတို့သာ အန္တာရယ်တစ်ခုခုကြုံရရင် အကြီးအကဲရဲ့နာမည်ကိုခေါ်လိုက်တာနဲ့ အကူအညီရပြီးသားဖြစ်သွားတာပေါ့။"

စုယွမ်က ခေါင်းခါလိုက်၏။

"ပထမအချက်အနေနဲ့ ငါကိုယ်တိုင် အစီအရင်ဆွဲမပေးနိုင်ဘူး။ ဒီအစီအရင်အကြောင်းက ငါ့ထိပ်သီးကျင့်စဥ်တွေရဲ့ပထမပိုင်းမှာတင်ပါတယ်၊ မင်း ဒါတွေလုပ်ဖို့တစ်ယောက်ယောက်ကိုသွားရှာလိုက်။ ဒုတိယအချက် ဒါတွေကိုလုပ်ဖို့က ဝိညာဉ်ကျောက်တုံးတအားကုန်တယ်။"

စုယွမ် ယခုလေးတွင် သုံးကုန်သွားသောဝိညာဥ်ကျောက်တုံးတစ်ထောင်ကို တစ်ချက်ကြည့်လိုက်သည်။ ဒါတောင်မှ သူ့တွင် ရတနာရှိနေလို့ဒီလောက်ပဲကုန်တာဖြစ်သည်။

"အဲ့ဒီလောက်နည်းနည်းလေးလား။"

ရှကွမ်းဝမ်း မျက်လုံးပြုးသွား၏။

သူ ပြောလာသည်။

"ကျွန်တော်တို့ အကြီးအကဲစုရဲ့အချိန်တွေကိုအလကားသက်သက်မသုံးနိုင်ပါဘူး။ တကယ်လို့ တပည့်တစ်ယောက်ကအကယ်ခံချင်ရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံးနှစ်သိန်းပေးရမယ်လို့သတ်မှတ်လိုက်ပါမယ်။"

စုယွမ် လက်ယမ်းပြလိုက်သည်။

"တစ်သိန်းပဲထားလိုက်ပါ။ ဒါတွေအကုန်လုံးက ဂိုဏ်းအတွက်ပဲလေ။"

ရှကွမ်းဝမ်းမျက်နှာတွင် လေးစားမှုတစ်ရပ်ပေါ်လာ၏။

ထိုသို့ ပကာသနကိုမက်မောမှုမရှိပုံမှာ သူ့ရင်ထဲတကယ်ထိစေပါ၏။

"ဟမ်၊ ဒါပေမဲ့ ငါက အချိန်တိုင်းအားပြီး တုံ့ပြန်ပေးနိုင်မယ်မထင်နဲ့နော်။ ငါလည်း ကျင့်ကြံဖို့လိုသေးတယ်။"

"ကျွန်တော်သိပါတယ်။ အကြီးအကဲက ကျင့်ကြံရေးကိုပဲ အဓိကအလေးထားပါ။"

ရှကွမ်းဝမ်း ခေါင်းညိတ်လိုက်သည်။

စုယွမ်လည်း ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်၏။ သို့သော် သူ ထပ်တွေးမိ၍ ပြောလိုက်သည်။

"ဒါပေမဲ့ တစ်ယောက်ယောက်သာ ထူးခြားပြီးဆန်းကြယ်တဲ့နေရာတွေကိုရှာတွေ့ရင်လည်း ငါ့နာမည်ကိုခေါ်လို့ရတယ်။ ဒီလိုလုပ်မယ်ဆိုရင်တော့ဆုချီးမြင့်မယ်။ အဲ့နေရာတွေထဲ လျှောက်သွားနိုင်တဲ့သူဆိုရင် ပိုပြီးပေးမယ်။"

ရှကွမ်းဝမ်းလည်း ချက်ချင်းပြန်ပြောလာသည်။

"အကြီးအကဲစုက ပေးဖို့မလိုအပ်ပါဘူး။ တောင်ထိပ်ကနေပဲ ပေးပါလိမ့်မယ်။ ကျွန်တော် အကြီးအကဲညွှန်ကြားထားတဲ့အတိုင်း တသဝေမသိမ်းဆောင်ရွက်နိုင်အောင်ကြိုးစားပါ့မယ်။"

"ကောင်းပြီလေ။ ဒါဆိုရင် ဒီလောက်ပဲပေါ့။ ဘာမှထပ်မရှိတော့ရင် ငါလည်း ပြန်ကျင့်ကြံတော့မယ်။"

စုယွမ် ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်တော်လည်းအကြီးအကဲစုကို မနှောင့်ယှက်တော့ပါဘူး။"

ရှကွမ်းဝမ်း ထရပ်လိုက်သည်။

သို့သော်သူလည်း ခြံဝန်းထဲထွက်လာချိန် စုယွမ်ကပါ ထွက်လာတာကို သိလိုက်ရ၏။

"အကြီးအကဲစု၊ ကျွန်တော့်ကို လိုက်ပို့စရာမလိုပါဘူး။"

ရှကွမ်းဝမ်း ပြောလိုက်၏။

"ငါက မင်းကိုလိုက်ပို့မလို့မဟုတ်ဘူး။ သွားတဲ့လမ်းတူနေရုံပဲ။"

စုယွမ် ပြောလိုက်သည်။

"ဟမ်။"

ရှကွမ်းဝမ်းလည်း ခြံဝန်းထဲမှထွက်ကာ ဝိညာဉ်စိုက်ခင်းများရှိသည့် လမ်းသွယ်လေးမှ ဖြတ်လာခဲ့ငည်။ သူ ကြည့်လိုက်တော့ စုယွမ်မှာ အနှီစိုက်ခင်းများထဲဝင်၍ တူရွှင်းကိုကိုင်ကာ မြေဆွနေတာကိုတွေ့လိုက်ရလေ၏။

သူလည်း ဘေးတွင်ရပ်ကာ ဆယ့်ငါးမိနစ်လောက်ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေမိသည်။ သူ စုယွမ်က တကယ်ကိုအတည်အတံ့ကြီးလုပ်နေမှန်းသိသွားသော် အတွေးများထဲ နစ်မြှပ်သွားရ၏။

လယ်စိုက်တာက ကျင့်ကြံနည်းတစ်မျိုးလားဟ။

ရှကွမ်းဝမ်းမှာ သံသယများစွာဖြင့် ထွက်လာခဲ့ရသည်။

တစ်ဖက်တွင်မူ စုယွမ်က တစ်ခုခုကို သတိရသွားသည်။

သူလည်း ခြံဝန်းထဲပြန်လာပြီး စားပွဲပေါ်ရှိ သစ်သားသေတ္တာလေးကို ယူကြည့်လိုက်၏။

ဤသည်မှာ ကျူးကောကျန့်တို့ယူလာသောပစ္စည်းပင်၊ သူ မကြာသေးမီအချိန်ကတင် တမင်သက်သက်မသိချင်ယောင်ဆောင်ခဲ့သောပစ္စည်းဖြစ်ပေ၏။

သူသာမက၊ ရှကွမ်းဝမ်းကလည်း ဤပစ္စည်းရှိနေတာကို သိပ်သတိမထားမိခဲ့ပေ။

ကျူးကောကျန့်တို့အုပ်စုက သူ့ကို တရိုတသေပေးအပ်လာသော်ငြား သူတို့ကိုယ်တိုင်တောင် ဒါကို အရမ်းတန်ဖိုးထားပုံမပေါ်၊ ၎င်းမှာ အပိုလတ်ဆောင်သာဖြစ်လေပြီး အဓိကလက်ဆောင်ကတော့ ဝိညာဉ်ကျောက်တုံးများဖြစ်ပေ၏။

သူ သေတ္တာထဲအာရုံခံကြည်းလိုက်ရာ အဆင့်ခြောက်လောက်ရှိမည့်ဝိညာဥ်ရတနာအစွမ်းကို ခပ်ရေးရေးအာရုံခံမိသည်။

"ရှောင်လီ၊ ခဏလောက်ပြန်လာဦး။"

ထို့နောက် မြေခွေးလေးစုလီမှာ ချက်ချင်းကို နေရာကူးပြောင်းနည်းဖြင့် စုယွမ်ဘေးပြန်ရောက်လာ၏။

"ဘာဖြစ်လို့လဲ၊စုယွမ်။"

ရှောင်လီက ရှုပ်ထွေးစွာ မေးလာသည်။

"ငါ ရတနာတစ်ခုရလို့လေ။ ဒါလေး ဖွင့်ဖို့ကူကြည့်ပေးဦး။"

စုယွမ်က လေးနက်စွာ ဆိုလာသည်။

"အင်း။"

ရှောင်လီလည်း စုယွမ်ရှေ့ရှိသေတ္တာလေးကို အထူးဆန်းစိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

စုယွမ်က သစ်သားသေတ္တာပေါ်ရှိ ချိတ်ပိတ်အစီအရင်ကိုလေ့လာနေလိုက်သည်။

"နည်းနည်းတော့ရှုပ်တယ်။ ဒါပေမဲ့ ငါ့နားလည်နိုင်စွမ်းထဲရှိပါသေးတယ်။"

စုယွမ်မှာ ထောင်ချီအစီအရင်ပညာကိုလေ့လာခဲ့သူဖြစ်ရာ သူ၏အစီအရင်များအပေါ်နားလည်မှုမှာ အတော်လေးမြင့်သည်လေ။

သူ အနည်အနှစ်ကိုစုစည်း၍ သေတ္တာပေါ်ရှိချိတ်စည်းထံ သေချာဂရုတစိုက် ထည့်သွင်းလိုက်ရာ သူ၏စွမ်းအင်တို့မှာ သေတ္တာတစ်ခုလုံးစီပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ချောမွေ့စွာ အစီအရင်မှာ ပွင့်လှစ်သွား၏။

စုယွမ်မှာ ချက်ချင်းအသင့်အနေအထားဖြစ်နေပြီး တစ်ခုခုဖြစ်လာပါက ရှောင်ပြေးရန်အသင့်ပါပေ။

သေတ္တာလေးမှာ ဖြေးညင်းစွာပွင့်သွားပြီး အထဲတွင်အနားပဲ့နေသော မီးခိုးရောင်ပန်းကန်လုံးလေးတစ်ခုရှိနေ၏။

၎င်းမှာ အလွန်သာမာန်ဆန်ပြီး သေမျိုးများခွေးစာကျွေးရန် သုံးသည့်ပန်းကန်များအတိုင်းပါပင်။

သေချာဂရုစိုက်ကြည့်လျှင်လည်း ပန်းကန်လုံးပေါ်တွင် မည်သည့်အစီအရင်မှမရှိသလို၊ ကြွေသားမှာလည်း အဆင့်မြင့်ပစ္စည်းပုံဖြစ်ဟန်မတူပေ။

၎င်းက အပြင်တွင်သာ တွေ့ရပါက စုယွမ်မှာ အနှီပန်းကန်ကို ဒုတိယတစ်ချက်ပင်ပြန်ကြည့်မည်မဟုတ်၊ သို့သော် ၎င်းက လျှို့ဝှက်နယ်မြေထဲ၊ အသေအချာချိတ်ပိတ်ထားသောသေတ္တာထဲမှပစ္စည်းဖြစ်လေရာ စူးစမ်းချင်စိတ်များကိုနိုးဆွပေးနိုင်သည်ပေ။

စုယွမ်၏မျက်လုံးများ ပြူးကျယ်သွားရသည်။

"ဒါက ပန်းကန်အပဲ့သက်သက်ပဲလား။"

All Chapters