← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း (၁၁၆) စောစော ထွက်သွားကြရအောင်

ဖြန်း

ပါးတစ်ချက်တည်းရိုက်လိုက်ခြင်း မဟုတ်ပေ။

ထိုအစား စုယွမ်က လျှပ်တစ်ပြက်အတွင်း ပြင်းထန်သော ပါးရိုက်ချက် ငါးချက်တိတိကို ဆက်တိုက် ရိုက်နှက်လိုက်ခြင်း ဖြစ်ပေ၏။

ဤသည်မှာ အလွန်အမင်း ကြမ်းတမ်းလှပြီး ခုခံကာကွယ်၍မရသော အားဖြည့် လျှပ်စီးလက်သီးချက် ငါးချက်ပင် ဖြစ်တော့သည်။

ဤထိုးနှက်ချက်က လီဝေအား မူးဝေသွားစေပြီး မျက်စိသူငယ်အိမ်များ လည်ထွက်သွားကာ သူ၏ စိတ်အစဉ်များ ကမောက်ကမ ဖြစ်သွားစေခဲ့၏။ မြေပြင်ပေါ်သို့ ဘုန်းခနဲ မပြိုလဲကျမီ လေထဲတွင် ၇၂၀ ဒီဂရီခန့် လည်ထွက်သွားလေသည်။

အနီးကပ် ကြည့်ရှုလိုက်ချိန်တွင် လီဝေ၏ မျက်နှာတစ်ဖက်မှာ ဝက်ခေါင်းတစ်ခေါင်းကဲ့သို့ ရောင်ရမ်းနေသည်ကို မြင်တွေ့လိုက်ရပေ၏။

"မင်း လုပ်ရဲတယ်ပေါ့လေ..."

စုယွမ်သည် ဟောင်ကောင်တွင် သူ့အား ထိုးကြိတ်ရဲလိမ့်မည်ဟု လီဝေ တစ်ကြိမ်တစ်ခါမျှ မထင်မှတ်ထားခဲ့ချေ။

ဤနေရာက ကျန်းချန် မဟုတ်ဘူးလေ။ ငါက ဒီက ဂိုဏ်းတချို့ကို သိထားတယ်... သူက ဘာအဆက်အသွယ်မှ မရှိဘဲနဲ့ ငါ့ကို အရှက်အကြောက်မရှိ ထိုးကြိတ်ရဲတယ်ပေါ့လေ။

ခဏတာမျှ သူသည် လုံးဝ ဆွံ့အသွားရလေ၏။

ဘေးပတ်ဝန်းကျင်မှ လူများသည် စုယွမ် တိုက်ရိုက် လှုပ်ရှားလိုက်သည်ကို မြင်တွေ့လိုက်ရချိန်တွင် စိတ်ထဲ၌ တွေးတောလိုက်ကြသည်။

ဒီလူငယ်လေးက တကယ်ကို ရက်စက်တာပဲ...

"မင်းတော့ သွားပြီ... သွားပြီပဲ..."

"ဟေ့ကောင် စု... ငါပြောတာတွေကို မင်း သတိမထားမိတာ မဟုတ်ဘူးမလား... ငါက နောက်နေတယ်လို့ မင်း ထင်နေတာလား..."

"ဟောင်ကောင်ကနေ မင်း ဘယ်တော့မှ ပြန်မထွက်နိုင်အောင် ငါ လုပ်ပစ်မယ်..."

လီဝေက ဒေါသတကြီး အော်ဟစ်လိုက်ပြီး တုန်ရီနေသော လက်ညှိုးဖြင့် စုယွမ်အား ညွှန်ပြလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် သူ နောင်တရသွားခဲ့၏။ စုယွမ် ရှေ့သို့တက်လာပြီး သူ၏ လက်ချောင်းများကို ဖမ်းဆွဲလိုက်လေသည်။

ဂွပ်...

"အား..."

လီဝေသည် သူ၏ လက်ချောင်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသွားပြီး သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်း ခံစားလိုက်ရတော့၏။

ပြင်းထန်လှသော နာကျင်မှုကြောင့် သူ၏မျက်နှာမှာ ရှုံ့မဲ့သွားပြီး စုယွမ်အား ကြည့်ရှုနေသော သူ၏ အမူအရာမှာ ထိတ်လန့်မှုဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။

"မင်း... မင်းကို ငါ လက်စားချေမှာကို မကြောက်ဘူးလား..."

"လူ သုံးထရပ်ကားစာလောက်က မင်းကို လာရှင်းလိမ့်မယ်..."

လီဝေက စုယွမ်အား ခြောက်လှန့်ရန် ကြိုးစားလိုက်၏။

"ဟားဟား... မင်းရဲ့ ထရပ်ကားစာလောက်ဘူတွေက အရင်ရောက်လာမယ် ဒါမှမဟုတ် ငါ့ရဲ့ လက်သီးမိုးတွေက မင်းမျက်နှာပေါ်ကို အရင်ကျလာမယ် ထင်လား..."

စကားပြောနေစဉ်မှာပင် စုယွမ်သည် သူ၏ လက်သီးကို မြှောက်ထားလိုက်လေပြီ။

"အား..."

လီဝေသည် တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ပြီး သူ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့၏။ အကယ်၍ သူသာ လက်သီးအချက်အနည်းငယ် ထပ်မံအထိုးခံရပါက အမာရွတ်များ ကျန်ရစ်နေမည် ဖြစ်သည့်အပြင် လေလံပွဲသို့ သွားရောက်ရန် သူ၏ အခွင့်အရေးများလည်း ပျက်စီးသွားနိုင်ပေသည်။

သူ အမှန်တကယ်ပင် ထိတ်လန့်နေခဲ့၏။ စုယွမ်က သူ၏ ခြိမ်းခြောက်မှုများကို အဘယ်ကြောင့် မကြောက်ရွံ့သနည်းဆိုသည်ကို သူ နားမလည်နိုင်ခဲ့ချေ။ ဤနယ်မြေရှိ ဂိုဏ်းဂဏများ မည်မျှ ဩဇာကြီးမားကြောင်းကို သူ မသိဘူးလော။

လီဝေသည် များများစားစား မတွေးတောရဲတော့ဘဲ ခြေထောက်များကို တရွတ်တိုက်ဆွဲကာ ဖြည်းညင်းစွာ ရွေ့လျားသွားလေ၏။

"ရဲတွေ ရောက်လာပြီဟေ့..."

လီဝေက အော်ဟစ်လိုက်ပြီးနောက် အနောက်ဘက်သို့ ရူးသွပ်စွာ ထွက်ပြေးသွားတော့သည်။

စုယွမ်မှာ ခဏတာမျှ အာရုံလွင့်သွားခဲ့၏။ လီဝေသည် ရှေ့သို့ မီတာတစ်ရာကျော်ခန့်ပင် ထွက်ပြေးသွားခဲ့လေပြီ။ အကယ်၍ ဤကောင်လေးသာ အိုလံပစ်ပြိုင်ပွဲတွင် ဝင်ပြိုင်ပါက အမှန်တကယ်ပင် ဆုတံဆိပ်တစ်ခု ရရှိသွားနိုင်ပေသည်။

"မင်းမှာ ခြေထောက်လေးချောင်း ရှိတယ်လို့ ငါ မှတ်ထားလိုက်မယ်..."

စုယွမ်က လီဝေ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ကင်းလှည့်နေသော ရဲအရာရှိနှစ်ဦး အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာကြသည်။ မည်သည့်အရာများ ဖြစ်ပျက်သွားကြောင်းကို သူတို့ မသိရှိကြသော်လည်း ထိုနေရာ၌ လူအများအပြား ရှိနေပြီး အချို့မှာ ထွက်ပြေးနေကြသည်ကို မြင်တွေ့လိုက်ရပေ၏။

"ဘာတွေ ဖြစ်သွားတာလဲ..."

ရဲအရာရှိတစ်ဦးက လျှောက်လာရင်း မေးလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး... လူလိမ်တစ်ယောက်က ကျွန်တော့်ကို ခြိမ်းခြောက်ပြီး ငွေညှစ်ဖို့ ကြိုးစားနေတာပါ။ ရာရှိတို့ ရောက်လာတယ်ဆိုတာ ကြားလိုက်တော့ ကြောက်လန့်ပြီး အမြီးကုပ်ကာ ထွက်ပြေးသွားတာ ဖြစ်နိုင်ပါတယ်...”

စုယွမ်က ပြုံးကာ ပြောလိုက်၏။

"ဒီမှာရှိတဲ့ လူတိုင်းက ကျွန်တော့်အတွက် သက်သေလုပ်ပေးနိုင်ပါတယ်..."

စုယွမ်သည် ဘေးပတ်ဝန်းကျင်ရှိ လူများထံသို့ လှည့်ကြည့်လိုက်သည်။

ကြည့်ရှုနေသူများသည် စုယွမ်၏ ရက်စက်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး လီဝေ၏ လုပ်ရပ်များကိုလည်း မြင်တွေ့ခဲ့ရသဖြင့် စုယွမ်အား ကူညီပေးလိုကြ၏။

"ဟုတ်ပါတယ်... ခုနလေးတင် တစ်ယောက်ယောက်က မတော်တဆမှုကို တမင်ဖန်တီးဖို့ ကြိုးစားနေတာ... ဒါပေမဲ့ ရာရှိတို့ လာနေတာကို မြင်တော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ထွက်ပြေးသွားတယ်..."

စားသောက်ဆိုင်ပိုင်ရှင်သည် ပြဿနာ ထပ်မဖြစ်စေလိုသဖြင့် ဝင်ရောက်ဖြေရှင်းပေးလိုက်သည်။

ဆိုင်ရှင်က ထိုသို့ပြောသည်ကို မြင်လိုက်ရချိန်တွင် အခြားသူများကလည်း အလျင်အမြန်ပင် သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်ကြ၏။

"သဘောပေါက်ပါပြီ... အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်..."

ရဲအရာရှိသည် မေးခွန်းများ မေးမြန်းပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားလေသည်။

"လူငယ်လေး... ဒါက မင်း ဟောင်ကောင်ကို ပထမဆုံးအကြိမ် လာတာလား..."

စားသောက်ဆိုင်ပိုင်ရှင်သည် အလျင်အမြန် လျှောက်လာပြီး မေးလိုက်၏။

"ဟုတ်ပါတယ်... ဘာပြဿနာ ရှိလို့လဲ..."

စုယွမ်က ပြန်ဖြေလိုက်သည်။

“အို... ဘုရားရေ၊ ဒီနယ်မြေအကြောင်း မင်း ကောင်းကောင်း မသိသေးဘူး ထင်တယ်။ ခုနကလူက ဒီမှာ အဆက်အသွယ်တွေ ရှိတယ်လို့ ပြောသွားတယ် မဟုတ်လား။ အဲဒါက အကြောင်းမဲ့ ပြောသွားတာ မဟုတ်ဘူး။ နေ့လယ်ပိုင်းတုန်းကတောင် သူ့ကို ဒီပတ်ဝန်းကျင်မှာ ငါ ကိုယ်တိုင် မြင်ခဲ့သေးတယ်...”

"တကယ်လို့ မင်းက သူ့ကို တိုက်ရိုက် ထိုးကြိတ်လိုက်မယ်ဆိုရင် သူ ပြန်ပြီး လက်စားချေတာကို မင်း သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်..."

ဆိုင်ရှင်က ကြင်နာစွာ သတိပေးလိုက်၏။ လီဝေသည် ယနေ့မွန်းလွဲပိုင်းက ဒေသခံတစ်ဦးနှင့်အတူ ဤနေရာ၌ အမှန်တကယ် ရှိနေခဲ့ပေသည်။

ထိုသူမှာ အမှန်တကယ်ပင် ဩဇာအာဏာ အနည်းငယ် ရှိသူဖြစ်၏။

"ရပါတယ်... အဲဒီကောင်ကို ကျွန်တော် သိပါတယ်... သူ့ကို ထိုးကြိတ်တာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ... သူ ကျွန်တော့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး..."

စုယွမ်သည် လီဝေကို အလေးမထားခဲ့ချေ။

"သူက ဟိုဘက်မှာတော့ လှုပ်ရှားရဲမှာ မဟုတ်ဘူးဆိုပေမဲ့ ဒီမှာကတော့ ကွာခြားသွားပြီလေ... ဒါက မင်း ပထမဆုံးအကြိမ် ရောက်လာတာ ဆိုပေမဲ့ ရုပ်ရှင်တွေ ဘာတွေထဲမှာ မင်း မြင်ဖူးမှာပါ..."

ဆိုင်ရှင်မှာ အသက်ခြောက်ဆယ်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့ခဲ့ဖူးသောကြောင့် ယခုကဲ့သို့ စိုးရိမ်ပူပန်နေခြင်း ဖြစ်ပေလိမ့်မည်။

"အဆင်ပြေပါတယ်... သူ့မှာ ဘယ်လိုအာဏာမျိုး ရှိနိုင်မှာမို့လို့လဲ... စိတ်မပူပါနဲ့ ဦးလေး... ကျွန်တော် ဘာမှဖြစ်မှာ မဟုတ်ပါဘူး..."

စုယွမ်က ပြုံးကာ ဆက်ပြောလိုက်၏။

"ဟူး... ဘာပဲဖြစ်ဖြစ်ပါလေ..."

ဆိုင်ရှင်သည် စုယွမ်၏ ခေါင်းမာမှုကို မြင်လိုက်ရချိန်တွင် သက်ပြင်းချကာ အထဲသို့ ဝင်သွားလိုက်ပြီး

"ခေါင်းမာတဲ့ အရူးတစ်ယောက်ကို ဘယ်လိုမှ ဖြောင်းဖျလို့ မရဘူး..."ဟု သူ့ဘာသာသူ ရေရွတ်လိုက်လေသည်။

"အားလုံးပဲ လူစုခွဲကြပါတော့... စားမယ့်လူတွေ စားကြပါ... တခြားကိစ္စ ရှိတဲ့လူတွေ သွားလုပ်ကြပါ... ဒီမှာ စုမနေကြပါနဲ့..."

ဆိုင်ရှင်သည် လူအုပ်ကို လူစုခွဲလိုက်ပြီးနောက် စားသောက်ဆိုင်ထဲသို့ ပြန်ဝင်သွားတော့၏။

ပိုင်ချန်မှာ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သော အရာများထဲ၌ နစ်မြုပ်နေဆဲပင်။ စုယွမ် အမှန်တကယ် လှုပ်ရှားလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မထင်မှတ်ထားခဲ့ချေ။

"စုယွမ်... နင် အဆင်ပြေရဲ့လား... အဲဒီ လီဝေက စက်ဆုပ်ရွံရှာစရာ ကောင်းပေမဲ့ သူ့ဆီမှာ လွှမ်းမိုးနိုင်စွမ်း နည်းနည်းတော့ ရှိနေသေးတယ်..."

"ဟောင်ကောင် ရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေကိုပဲ ကြည့်လေ..."ပိုင်ချန်သည် ရုတ်တရက် အနည်းငယ် စိုးရိမ်ပူပန်လာခဲ့၏။

"အဆင်ပြေပါတယ်... ရုပ်ရှင်တွေက အကုန်လုံး လိမ်ဆင်တွေချည်းပါပဲ... ပြီးတော့ လီဝေလို လူမျိုးက ဘာလှိုင်းတွေများ ထစေနိုင်မှာမို့လို့လဲ..."

စုယွမ်သည် ရန်သူကို အထင်သေးနေခြင်း မဟုတ်ဘဲ ဟောင်ကောင်တွင် သူကိုယ်တိုင်လည်း ဩဇာအာဏာ ကင်းမဲ့နေသူ မဟုတ်သောကြောင့်ပင်။

ဩဇာကြီးမားသော ဒေသခံ လေလံရုံများအကြောင်း ပြောရမည်ဆိုလျှင် ဆိုသဘီလေလံရုံကို ထိုအထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်သည် မဟုတ်လော။

ထိုအဘိုးအိုသုံးဦးနှင့် ယခင်က စကားပြောဆိုခဲ့စဉ်က ကြီးမားသော ဆူပူအုံကြွမှုကြီး မဖြစ်ပေါ်စေသရွေ့ ဤအသေးအဖွဲ ကိစ္စလေးများကို သူတို့ ကိုင်တွယ်ဖြေရှင်းပေးနိုင်ကြောင်း ပြောဆိုထားခဲ့ကြပေ၏။

သူတို့ မည်သို့ ဖြေရှင်းပေးမည်ဆိုသည်ကိုမူ စုယွမ် ဂရုစိုက်နေစရာ မလိုချေ။

မည်သို့ပင်ဆိုစေကာမူ ဤလုပ်ငန်းနယ်ပယ်သို့ မဝင်ရောက်မီက ဆိုသဘီလေလံရုံမှ မည်သည့်အရာများ လုပ်ဆောင်ခဲ့ကြောင်းကို စုယွမ် လုံးဝ သေချာမသိခဲ့ချေ။

"နင် တကယ်ပဲ အဆင်ပြေရဲ့လား..."

ပိုင်ချန်က အားနည်းသော လေသံဖြင့် မေးလိုက်သည်။

"အင်း... တကယ် ဘာမှမဟုတ်ပါဘူး..."

"ဒါပေမဲ့ နင်က အရမ်းကို ဆွဲဆောင်မှု ရှိလွန်းနေတယ်... တကယ်လို့ တခြား သူဌေးသားလေးတွေပါ နင့်နောက်ကို ထပ်လိုက်လာမယ်ဆိုရင် ငါ တော်တော်လေး အားစိုက်ရတော့မယ်..."

စုယွမ်က ပြုံးကာ ပြောလိုက်၏။

"နင်ကတော့..."

ပိုင်ချန်၏ မျက်နှာလေး နီရဲသွားပြီး စုယွမ်၏ စကားကို ကြားရချိန်တွင် သူမ၏ စိုးရိမ်ပူပန်မှုများ များစွာ လျော့ကျသွားလေသည်။

သူတို့မှာယူထားသော နာမည်ကြီး ဟင်းလျာများ လျင်မြန်စွာ ရောက်ရှိလာပြီး ဆိုင်ရှင်က သူတို့ကို အပိုများပင် ထည့်ပေးလိုက်သေး၏။

နာရီဝက်ခန့် စားသောက်ပြီးနောက် စုယွမ်နှင့် ပိုင်ချန်တို့သည် အစားအသောက်များကို အဆုံးသတ်လိုက်ကြပြီး ကမ္ဘာလှည့်ခရီးသည်များ အဆင်ပြေစေရန်အတွက် ဆိုင်ရှင်က အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုကို အသုံးပြုခွင့် ပေးထားကြောင်း တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားကြလေသည်။

စောစောက ဆိုင်ရှင်က ကြင်နာစွာ သတိပေးခဲ့ပြီး ၎င်းက သူ့အတွက် အမှန်တကယ်ပင် ပြဿနာအချို့ ဖြစ်ပေါ်စေခဲ့ကြောင်းကို စုယွမ် သတိရလိုက်သဖြင့် ကျသင့်ငွေထက် အနည်းငယ်ပို၍ ငွေပေးချေလိုက်ပြီးနောက် ပိုင်ချန်နှင့်အတူ ထွက်ခွာသွားတော့၏။

ဆိုင်ရှင်သည် ထိုနှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ကာ နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။

အနီးနားရှိ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ခန့်ရှိ အမျိုးသားတစ်ဦးက ပြောဆိုလာ၏။

"သူ ထိုးကြိတ်ခဲ့တဲ့ကောင်က ကျားသစ်ဆိုတဲ့ လူနဲ့ သွေးသစ္စာဆိုထားတဲ့ ညီအစ်ကိုတွေလို့ ကျွန်တော် မှတ်မိနေတယ်... ဟုတ်တယ် မဟုတ်လား... ဒီလူငယ်လေးကတော့ အကြံပေးစကားကို နားမထောင်ဘူးပဲ..."

စကားပြောအပြီးတွင် ဘီးတပ်ကုလားထိုင်ပေါ်မှ အမျိုးသားသည် သူ၏ မသန်စွမ်းဖြစ်နေသော ခြေထောက်များကို ငုံ့ကြည့်ကာ အတွေးများထဲ၌ နစ်မြောသွားပုံရပေသည်။

ဆိုင်ရှင်မှာလည်း သူ၏ ဝမ်းနည်းမှုကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဘီးတပ်ကုလားထိုင်ပေါ်ရှိ အမျိုးသားမှာ သူ၏သားဖြစ်ပြီး သူ၏ခြေထောက်များကို ကျားသစ်ဟု ခေါ်ဆိုသော အမျိုးသားက ရိုက်ချိုးပစ်ခဲ့ခြင်း ဖြစ်သောကြောင့်တည်း။

သူတို့၌ နက်ရှိုင်းသော အမုန်းတရားများ ရှိနေသော်လည်း ကျားသစ်ကို အလွန်အမင်း ရိုသေလေးစားစွာ ဆက်ဆံနေရဆဲပင်ဖြစ်ပြီး လက်စားချေခံရမည်ကို ကြောက်ရွံ့သဖြင့် သူ၏ နာမည်ကိုပင် မခေါ်ဆိုရဲခဲ့ကြချေ။ ခဏတာမျှ ဆိုင်ရှင်၏ မျက်နှာပေါ်တွင် အရှက်ရမှုများဖြင့် ပြည့်နှက်သွားလေ၏။

"ဒီလူငယ်လေး ဟောင်ကောင်ကနေ စောစော ထွက်သွားဖို့ မျှော်လင့်ရတာပဲ..."

ဆိုင်ရှင်က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

All Chapters