← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း (၁၂၅) ခြေလက် ကျိုးသွားခြင်း

လီဝေသည် သူ အချိန်အတော်ကြာ စော်ကားနေခဲ့သော အဘိုးကြီးက ဟုန်ဂိုဏ်း၏ ခေါင်းဆောင်ဟောင်း ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဟုန်ဂိုဏ်းဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် ဟောင်ကောင်တစ်ခွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင်ပါ ဩဇာလွှမ်းမိုးမှုရှိသော ထိတ်လန့်ဖွယ်ကောင်းသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပေ၏။

အကယ်၍ သင်သည် ဟုန်ဂိုဏ်းကို ပြဿနာရှာမိပါက ကမ္ဘာ့ကြီး၏မည်သည့်နေရာသို့ ရောက်နေပါစေ သူတို့၏ အဖွဲ့ဝင်များက သင့်ကို ရှာတွေ့လိမ့်မည်ဟု ယုံကြည်စိတ်ချစွာ ပြောဆိုနိုင်ပေသည်။

ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် လီဝေ၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး စိတ်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။

ဟုန်ဂိုဏ်း၏ ဩဇာအာဏာနှင့် ကျော်ကြားမှုမှာ အလွန်ကြီးမားလွန်းသဖြင့် လူအများစုက ၎င်းတို့ကို ရုပ်ရှင်ဇာတ်ကားများထဲမှ ဇာတ်ကောင်များကဲ့သို့သာ မှတ်ယူတတ်ကြသည်။

သို့သော် လက်တွေ့ဘဝက ရုပ်ရှင်ထဲကထက် များစွာ ကွာခြားလှသည်။

ရုပ်ရှင်များထဲတွင် ဖော်ပြထားသော ဟုန်ဂိုဏ်းသည် အတော်အတန် ထိန်းချုပ်ထားပြီး ပျော့ပျောင်းသည့် ပုံစံမျိုးသာ ဖြစ်သော်လည်း၊ လက်တွေ့ဘဝမှ ဟုန်ဂိုဏ်း၏ သြဇာနှင့် ရက်စက်မှုကမူ လူအများ စိတ်ကူးထားသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

အဘိုးအိုက ဟုန်ဂိုဏ်း၏ ခေါင်းဆောင်ဟောင်း ဖြစ်ကြောင်းကို သိရှိသွားချိန်တွင် လီဝေသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ နွေရာသီ အလယ်ခေါင် ဖြစ်နေသော်လည်း သူ၏ နွေးထွေးမှုများ အားလုံး ပျောက်ကွယ်သွားသကဲ့သို့ ရေခဲပမာ အေးစက်နေသည်ဟု ခံစားလိုက်ရပေ၏။

“စူး... စုယွမ်... မင်းက ဒီကိစ္စကို ဘယ်လိုလုပ် သိနေရတာလဲ...

အဘိုးဟန်... ခင်ဗျားကရော ဘာလို့ ကျွန်တော့်ကို ကြိုမပြောခဲ့တာလဲ...

ခင်ဗျားက တကယ်ပဲ ကိုယ်ကျင့်တရား မရှိတာပဲ...”

လီဝေက တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

ထို့နောက် သူက တံတွေးတစ်ချက်ကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ကျားသစ်က ဘာကြောင့် ယခုလို ပြင်းပြင်းထန်ထန် တုံ့ပြန်နေသည်ကို သဘောပေါက်သွားခဲ့သည်။

သို့သော် သူ့စိတ်ထဲတွင် နောက်ထပ် မေးခွန်းတစ်ခုက ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်သည်။

“ဒါပေမဲ့... စုယွမ်က ဒီလို ပုဂ္ဂိုလ်မျိုးနဲ့ ဘယ်လိုလုပ် သိကျွမ်းနေရတာလဲ...

ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ...”

"တကယ်လို့ သူက သူ့ရဲ့အဆက်အသွယ်ကို စောစောကတည်းက ထုတ်ပြောခဲ့ရင် ငါက သူ့ကို ဒီလို ပြဿနာရှာပါ့မလား..."

"ဒီကောင်လေးက အရူးလား..."လီဝေက စိတ်ထဲမှ ကျိန်ဆဲလိုက်ပေ၏။

"ငါ ဘယ်သူနဲ့ သိပါတယ်ဆိုတာကို မင်းဆီ သတင်းပို့ဖို့ လိုသေးလို့လား..."

စုယွမ်သည် မြေပြင်ပေါ်တွင် တွားသွားနေသော လီဝေကို ကြည့်လိုက်ပြီး အတော်လေး ရယ်စရာကောင်းနေသည်ကို တွေ့လိုက်ရကာ အထူးသဖြင့် သူ၏ ယခင်အမူအရာနှင့် လက်ရှိအခြေအနေကြားမှ ကြီးမားသော ကွာခြားချက်ကြောင့်ပင် ဖြစ်ပေသည်။

"မိတ်ဆွေလေးစုယွမ်... ဒီနှစ်ယောက်ကြောင့် ငါတို့ရဲ့ ထမင်းစားချိန်ကို အပျက်အစီးမခံပါနဲ့... မင်း သူတို့ကို ဘယ်လို လုပ်ချင်လဲ..."

အဘိုးဟန်က သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး လုံးဝ ဂရုမစိုက်ကြောင်း ထင်ရှားနေပေ၏။

ဤစကားကို ကြားချိန်တွင် လီဝေသည် ကြောက်ရွံ့မှုကြောင့် တုန်ရီသွားပြီး စုယွမ်အား တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"သခင်လေးစူး... သခင်လေးစူး... ခင်ဗျားက အရမ်းကို သဘောထားကြီးပါတယ်... အရမ်းကို သဘောထားကြီးပါတယ်..."

"ငါတို့အားလုံးက တစ်နေရာတည်းကလာတာပါ... ငါတို့က ဇာတိမြေ တစ်ခုတည်းကပါ... ကျေးဇူးပြုပြီး ဘုန်းကြီး မျက်နှာကို ထောက်ပြီးတော့ ဒီတစ်ကြိမ်လောက် ငါ့ကို ခွင့်လွှတ်ပေးပါ..."

"ငါက ကျိုးယွဲ့နည်းပညာကုမ္ပဏီရဲ့ အမွေဆက်ခံသူပါ... တကယ်လို့ ဒီတစ်ကြိမ်သာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ ပြန်သွားပြီး ကျိုးယွဲ့နည်းပညာကုမ္ပဏီကို အမွေဆက်ခံပြီးတာနဲ့ ရှယ်ယာတစ်ဝက်ကို ပေးပါ့မယ်လို့ ကတိပေးပါတယ်... ကျေးဇူးပြုပြီး..."

"သခင်လေးစူး... ငါ တကယ် မှားသွားမှန်း သိပါပြီ... ငါ လီဝေက တကယ်ကို လူမဆန်တဲ့ကောင်ပါ... ငါတို့တွေ ဇာတိမြေ တစ်ခုတည်းက ဖြစ်တာကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ ငါ့ကို ခွင့်လွှတ်ပေးပါ..."

"ငါက ဒီည မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်ရုံလေးပါ..."

“သခင်လေးစူး... ကျွန်တော့်ကို ခေါင်းကိုင်အဖေအဖြစ် လက်ခံပေးဖို့ ဆန္ဒရှိရဲ့လား...”

လီဝေသည် အလွန်အမင်း ထိတ်လန့်နေခဲ့သည်။ သူက ဒူးထောက်ချလိုက်ပြီး စုယွမ်၏ ဖိနပ်များကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကိုင်ထားကာ စတင်လျက်တော့၏။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ အဘိုးဟန်က မျက်မှောင်ကြုတ်သွားပြီး စုယွမ်သည်လည်း ရွံရှာသွားကာ သူ့ကို ကန်ထုတ်လိုက်လေသည်။

" ရွံစရာပဲ..."

စုယွမ်က စွန်းထင်းသွားသော ဖိနပ်အကောင်းတစ်ရံကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ခေါင်းကိုင်အဖေ... ကျွန်တော် ခင်ဗျားကို ရှိခိုးပါတယ်...

ကျွန်တော်ကသာ ခင်ဗျားရဲ့ ခေါင်းကိုင်သား ဖြစ်ချင်တာပါ...

ခေါင်းကိုင်အဖေ... တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို ခေါင်းကိုင်သားအဖြစ် လက်ခံပေးမယ်ဆိုရင်၊ ကျိုးယွဲ့နည်းပညာကုမ္ပဏီရဲ့ ရှယ်ယာ ငါးဆယ်ရာခိုင်နှုန်းကို ခင်ဗျားထံ လွှဲပြောင်းပေးပါ့မယ်...”

လီဝေက မျက်ရည်များဖြင့် ငိုကြွေးရင်း ခါးသီးစွာ ပြောလိုက်သည်။

စုယွမ်သည် သုံးစက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ပိုင်ချန်အား ကြည့်ကာ မေးမြန်းလိုက်၏။

"မင်း အသံဖမ်းထားလိုက်လား..."

ပိုင်ချန်က သူ၏ဖုန်းကို ပြန်သိမ်းလိုက်ပြီး ပြောဆိုလိုက်သည်။

"အကုန်လုံး မှတ်တမ်းတင်ထားပြီးပြီ..."

ဤစကားကို ကြားလိုက်ရချိန်၌ လီဝေသည် သူ၏စိတ်များ ရုတ်တရက် ဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့က ဗီဒီယိုကို ဘယ်လိုလုပ်ပြီး မှတ်တမ်းတင်နေသေးတာလဲ။

"ငါက ဒါတွေကို အသက်ဘေးက လွတ်ဖို့အတွက် အသနားခံနေတာ... သူတို့က ဘယ်လိုလုပ်ပြီး ဗီဒီယို မှတ်တမ်းတင်ထားနိုင်ရတာလဲ..."

"တကယ်လို့ ငါ ကျန်းချန်ကို ပြန်သွားရင် သူတို့က ငါ့ကို အကျပ်ကိုင်ဖို့ ငါ့ရဲ့ အားနည်းချက်တစ်ခု ရသွားတာ မဟုတ်ဘူးလား..."

ဤအခိုက်အတန့်၌ လီဝေသည် စုယွမ်ကို လုံးဝ အရှက်မရှိသူဟု ခံစားလိုက်ရပြီး သူ ဖိနပ်အောက်ခြေကို လျက်နေခြင်းနှင့် ခေါင်းကိုင်အဖေအဖြစ် အသိအမှတ်ပြုနေခြင်းများကို အမှန်တကယ် ဗီဒီယို ရိုက်ကူးထားခဲ့လေသည်။

"ဒါက တကယ်ကို ကိုယ်ကျင့်တရား ကင်းမဲ့လွန်းတယ်..."

"တကယ်လို့ ဒါက အင်တာနက်ပေါ် ရောက်သွားရင် ကျိုးယွဲ့နည်းပညာကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေ ထိုးကျသွားပြီး ငါကလည်း တစ်နိုင်ငံလုံးမှာ နာမည်ကြီးသွားကာ မျက်နှာပျက်ရတော့မယ်..."

"ဒီအကြံအစည်က... တကယ်ကို ရက်စက်လွန်းတယ်..."

လီဝေသည် တကယ်ကို ကျိန်ဆဲချင်ခဲ့သော်လည်း ပိုမိုပြင်းထန်သော လက်စားချေမှုများကို ကြောက်ရွံ့နေသဖြင့် စကားမပြောရဲခဲ့ချေ။

“လီဝေ... မင်းက ငါ့ရဲ့ ခေါင်းကိုင်သား ဖြစ်လာဖို့ မထိုက်တန်ဘူး...ငါက ရွံံတက်တယ်''

"ငါ ဒီဗီဒီယိုကို လောလောဆယ် သိမ်းထားမယ်... ဘာလို့လဲဆိုတော့ ငါက ဘယ်အချိန်မှာ မတော်တဆ တင်မိမလဲဆိုတာ မသိနိုင်လို့ပဲ..."

"ပြီးတော့ မင်း ခုနက မှားမှန်းသိပြီလို့ ပြောတယ်နော်... အဲဒါ တကယ်ပဲလား..."

စုယွမ်က မေးမြန်းလိုက်သည်။

နောက်ဆုံးစကားကို ကြားလိုက်ရချိန်၌ လီဝေ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး ကြီးမားသော မျှော်လင့်ချက်များ ပြည့်နှက်သွားလေ၏။

သူက ချက်ချင်း ရှေ့သို့ တွားသွားကာ အလျင်အမြန် ပြောဆိုလိုက်သည်။

"သခင်လေးစူး... ကျွန်တော် တကယ် မှားမှန်းသိပါပြီ... ကျွန်တော် တကယ် မှားမှန်းသိပါပြီ..."

လီဝေ၏ မျက်လုံးများထဲတွင် တောင်းပန်နေသော အမူအရာတစ်ခု ရှိနေပေ၏။

"အင်း... မင်း တကယ် မှားမှန်းသိပုံရတယ်..."

စုယွမ်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဟုတ်ပါတယ် သခင်လေးစူး... ကျွန်တော် တကယ် မှားမှန်းသိပါပြီ... ဒါတွေအားလုံးကို ဒီကျားသစ်က စီစဉ်ခဲ့တာပါ... ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး..."

"သခင်လေးစူး... အားလုံးက အဲဒီ ကျားသစ်ကောင်ကြောင့်ပါ... သူသာ မဟုတ်ရင် ကျွန်တော်က ခင်ဗျားကို ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ဘူး..."

"အခု ကျွန်တော် တကယ် မှားမှန်းသိပြီဆိုတော့ သွားလို့ရပြီလား..."

လီဝေက ဤအကြောင်းကို ပြောဆိုနေရင်း ချက်ချင်း လှည့်လိုက်ပြီး စုယွမ်၏ အဖြေကို စောင့်ကာ ထွက်ပြေးရန် ရည်ရွယ်လိုက်၏။

"နေဦး..."

"မင်းကို သွားလို့ရပြီလို့ ငါ ပြောလို့လား..."

စုယွမ်က အေးစက်စွာ ပြောဆိုလိုက်သည်။

လီဝေ လှည့်လာခဲ့ပြီး သူ၏ မျက်နှာအမူအရာသည် ခဏတာ ကြက်သေသေသွားကာ ပြောဆိုလိုက်၏။

"သခင်လေးစူး... ကျွန်တော် တကယ် မှားမှန်းသိပါပြီ... ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပြုပါ..."

"ဟားဟား... မင်းက မှားမှန်းသိတာ မဟုတ်ဘူး... ဘယ်လို လိုက်လျောညီထွေ နေရမလဲဆိုတာကို သိနေတာပါ..."

"လီဝေ... မင်းက နာကျင်မှုကို မကြောက်ဘူးဆိုတာ ငါသိတယ်... မင်းက အမှားကို ဝန်ခံပြီးပြီဆိုတော့ ငါကလည်း မင်းကို အခက်တွေ့အောင် မလုပ်တော့ပါဘူး..."

"မင်းတို့တွေ နားထောင်ထား... ဒီည လီဝေက ညဘက် လမ်းလျှောက်ရင်း ချော်လဲပြီး ခြေလက်လေးဖက်စလုံး ကျိုးသွားတယ်... မင်းတို့ သိတယ်မလား..."

စုယွမ်က အစ်ကိုကျားသစ်၏ လက်အောက်ငယ်သားများကို ပြောဆိုလိုက်သည်။

လက်အောက်ငယ်သားများက အလျင်အမြန် ခေါင်းညိတ်လိုက်ကြ၏။ ကျားသစ်ကိုယ်တိုင် ဒူးထောက်နေရပြီဖြစ်ရာ သူတို့က မနာခံဘဲ မနေရဲကြချေ။

"ဟုတ်ကဲ့... ဟုတ်ကဲ့... နားလည်ပါပြီ..."

ထိုသို့ပြောဆိုပြီးနောက် လူအုပ်စုသည် လီဝေကို ဘေးဘက်ရှိ မြက်ခင်းပြင်ဆီသို့ ဆွဲခေါ်သွားကြလေသည်။

"မင်းတို့ ဘာလုပ်နေတာလဲ... မင်းတို့ ဘာလုပ်နေတာလဲ... အဘိုးစူး... ကျွန်တော် မှားမှန်းသိပါပြီ..."

"အား... ငါ့လက်..."

လီဝေက ပြင်းထန်သော နာကျင်မှုကြောင့် ရူးသွပ်စွာ အော်ဟစ်လိုက်ပေ၏။

စက္ကန့်အနည်းငယ်အကြာတွင် သူ တိတ်ဆိတ်သွားပြီး သူ၏ လက်အောက်ငယ်သားများက အလျင်အမြန် ပြန်ရောက်လာကာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြောဆိုလိုက်ကြသည်။

"အမ်း..."

"လူကြီးမင်းတို့... သူက ခုနက ချော်လဲပြီး ခြေလက်လေးဖက်စလုံး ကျိုးသွားရုံတင်မကဘူး... သူ့ရဲ့ ပဉ္စမမြောက် ခြေပါ ကျိုးသွားပါတယ်..."

All Chapters