← Chapters

စုတ်ချက်ခြောက်ခု ရွှေရောင်သင်္ကေတ

Vol. 012 Ch. 600

စုတ်ချက်ခြောက်ခု ရွှေရောင်သင်္ကေတ

Vol. 012 Ch. 600

“ပြောကြတာကတော့ နတ်ဆိုးကုန်းမြေစိတ်ဝိညာဉ်က ကောင်းကင်ဘုံအင်ပါယာတစ်ယောက်ရဲ့ လှိုဏ်ဂူဖြစ်တယ်လို့ ပြောကြတယ်။ ဒီနေရာက တကယ်ပဲ ကောင်းကင်ဘုံသားအင်ပါယာ ဖန်တီးထားတာ ဟုတ်နိုင်နေလား…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် လှည့်ပတ်ကြည့်လိုက်သည်။ သူက သည်အကြောင်းကို ထပ်မတွေးတော့ချေ။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ကာ သူ့နယ်ပယ်နားလည်မှုကို စတင်လိုက်၏။

သေခြင်းရှင်ခြင်းနယ်ပယ်က သူ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ နယ်မြေသို့ မဝင်ရောက်ခင်တည်းက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေခဲ့ပြီး ဖြစ်သည်။ ခုချိန်၌ သူ့နှလုံးသားက သူ့နယ်ပယ်ထဲ၌ နစ်မြုပ်လျက်ရှိ၏။ သူကဘယ်လက်တွင် သေခြင်းကို ဆုပ်ကိုင်ကာ ညာလက်တွင် ရှင်သန်ခြင်းကို ဆုပ်ကိုင်သည်။

သူက သူ့နယ်ပယ်ထဲတွင် နစ်မြုပ်နေသော်လည်း ဝမ်လင်း၏ သတိက လုံးဝ လျော့ကျသွားခြင်း မရှိပေ။ သူက နတ်ဘုရားအာရုံအနည်းငဘ်ကို သူ့ခန္ဓာကိုယ်အား လှည့်ပတ်ထား၏။ ထို့ကြောင့် ယောင်ရှင်းရွှယ်က မည်သည့်လှုပ်ရှားမှုကိုမဆို ပြုလုပ်သည်နှင့် သူက ချက်ခြင်း ထောက်လှမ်းမိနိုင်ပေသည်။

ဝမ်လင်းက အလွန်ဉာဏ်များသည့်သူပင်။ ထို့ကြောင့် သူက သည်လို နိုးကြားနေရမှန်း သိ၏။ ယောင်ရှင်းရွှယ်သည်လည်း ထိုသို့တွေးနေမည်သာ။

သူက ကျင့်ကြံနေရင်း သေခြင်းရှင်ခြင်းနယ်ပယ် ပုံရိပ်က ဖြည်းဖြည်းချင်း သူ့ပတ်လည်တွင် ပေါ်လာ၏။ သူက ဆက်လက်နားလည်ရန် ကြိုးစားနေကာ အလွန်သိမ်မွေ့နူးညံသောအခြေအနေတစ်ခုသို့ ဝင်ရောက်နေသည်။ သူ့ပတ်လည်ရှိ အရာအားလုံးက သူ့စိတ်ထဲတွင် ရှင်းလင်းနေသည်။

သူက ကောင်းကင်မှဆင်းသက်လာကာ သည်စင်္ကြံပေါ်၌ လာရောက်စုဝေးသည့် ထူးဆန်းသောအားတစ်ခုကိုပင် ဝိုးတဝါးခံစားမိသည်။

သည်အားက တိတ်တဆိတ်သိပ်သည်းနေကာ ယောင်ရှင်းရွှယ်ပတ်လည်၌ လှည့်ပတ်နေ၏။

ဝမ်လင်းနှလုံးသားက တုန်ယင်သွား၏။ သူက ချက်ခြင်းပင် သူ့အာရုံအားလုံးကို သည်ထူးဆန်းသောအားပေါ်၌ စိုက်ထားလိုက်၏။ ထူးဆန်းသောအားက ယောင်ရှင်းရွှယ်ကို လှည့်ပတ်နေစဉ် ၎င်းက ရှေ့သို့ ရုတ်တရက် ရွှေ့လျားက သူမမျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက် သိပ်သည်းသွားသည်။

သည်အခိုက်တွင် ရွှေရောင်အလင်းတစ်ခုက ယောင်ရှင်းရွှယ်၏မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာ၏။ အသက်သုံးခါရှူချိန်ပြီးနောက် ရွှေရောင်အလင်းတန်းက ပျောက်ကွယ်သွားကာ သူမက မျက်လုံးဖွင့်လာသည်။

သူမမျက်လုံး သူငယ်အိမ်တစ်ခုချင်းစီပေါ်တွင် ရွှေရောင်သင်္ကေတများက တောက်ပနေသည်။ သည်သင်္ကေတတစ်ခုချင်းစီက စုတ်ချက်သုံးခုနှင့် ဖွဲ့စည်းထားပေ၏။ သည်အရာများက ရှုပ်ထွေးလှသော်လည်း ဝမ်လင်းက ၎င်းတို့ကို နားလည်လိုက်သည်။

ခုချိန်၌ ယောင်ရှင်းရွှယ်၏ မျက်လုံးထဲ၌ ရွှေရောင်သင်္တေများ ရှိနေသည်။ ဝမ်လင်းက သူမကို ကြည့်သည့်အခါ၌ သူ့နှလုံးသားက ပြင်းထန်စွာ တုန်ယင်ရသည်။ သူ့စိတ်ထဲ၌ မိုးကြိုးပစ်ခံရသလို ကျယ်လောင်သောအသံ တစ်ခုက မည်ဟီးသွား၏။အတိတ်တုန်းက သူသည် တာ့ဆန်နှင့် ပထမဆုံးတစ်ကြိမ် တွေ့ဆုံတုန်းကလည်း ထိုသို့ တူညီစွာ ခံစားခဲ့ရပေသည်။ သည်အခိုက်၌ ယောင်ရှင်းရွှယ်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တစ်ယောက် မဟုတ်တော့ဘဲ အဆုံးစွန်အားကောင်းလှသည့် ကျင့်ကြံသူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူက သူမနှင့် ယှဉ်နိုင်ရန် မဖြစ်နိုင်တော့သကဲ့သို့ပင်။

သည်ခံစားချက်က အလွန်အားကောင်း၏။ပြင်းထန်သောလှိုင်းများက ဝမ်လင်း စိတ်ဝိညာဉ်ကို ချေမွတိုက်ခိုက်နေသည့်နှင့်ပင် တူနေသေး၏။ ရှေ့ဖြစ်ဟောသူပင် ဝမ်လင်းနှလုံးသားကို ဤသို့တုန်ယင်အောင် လုပ်နိုင်စွမ်း မရှိပေ။

ဝမ်လင်း နှလုံးသားက ပြင်းထန်စွာ တုန်ယင်နေ၏။ သို့သော် သူ့တာအိုနှလုံးသားက ခိုင်မြဲ၏။ သူက တစ်ခုခုမှားနေသည်ကို ချက်ခြင်း သတိပြုမိလိုက်သည်။ သည် ထည်ဝါမှုစွမ်းအားက ယောင်ရှင်းရွှယ်ထံက‌နေ မဟုတ်ပေ။သို့သော် သူမမျက်လုံးထဲရှိ ရွှေရောင်သင်္ကေတများထံမှ ဖြစ်၏။

ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့စိတ်နှလုံးတုန်ယင်မှုကို ဖိနှိပ်၏။ သူက သူမနှင့် ပတ်တတ်၍ အာရုံစိုက်ခြင်း မပြုတော့ဘဲ ထိုအစာား သူ့နယ်ပယ်ကို နားလည်အောင် ပြုလုပ်ခြင်းပေါ်တွင်သာ အာရုံစိုက်ထားလိုက်၏။ သူက ယောင်ရှင်းရွှယ်တွင် သည်သင်္ကေတများ စောနတုန်းက မရှိကြောင်း ရှင်းလင်းစွာ မှတ်မိနေ၏။ ထို့ကြောင့် ၎င်းက ထူးဆန်းသောအားတစ်ခုနှင့် သေချာချိတ်ဆက်မိမှ ပေါ်လာခြင်း ဖြစ်မည်။

ယောင်ရှင်းရွှယ်မျက်လုံး ခဏသာ ဖွင့်လာပြီးနောက် သူမက နောက်တစ်ကြိမ် ပြန်ပိတ်သွားကာ တိတ်တဆိတ် ပြန်ကျင့်ကြံတော့သည်။

ဝမ်လင်းက သူ့ကိုယ်သူ သေခြင်းရှင်ခြင်း၊ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းထဲ၌ နစ်မြုပ်လိုက်၏။ သူ့စိတ်ထဲ၌ အတိတ်မြင်ကွင်းများက တဖျပ်ဖျပ် ပေါ်လာခဲ့သည်။ သေခြင်းရှင်ခြင်းနှင့်ပတ်သတ်၍ သင်ယူခြင်း၊ရှင်သန်ခြင်းက မည်သို့ ဖြစ်သည်ကို သင်ယူခြင်း၊ သေခြင်းက မည်သို့ဖြစ်သည်ကို သင်ယူခြင်း။ သူက သေခြင်းရှင်ခြင်းစာလိပ်ကို ဖွင့်လိုက်ရာ နောက်ဆုံးတွင် နယ်ပယ်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ သည်အရာများအားလုံးက ဝမ်လင်း စိတ်ထဲတွင် စီးဆင်းနေသည်။

အချိန်မည်မျှ ကြာသွားမှန်း မသိလိုက်ပြီးနောက် သည်ထူးဆန်းသောစွမ်အားက စင်္ကြံပေါ်တွင် နောက်တစ်ကြိမ် ပေါ်လာပြန်သည်။

ယောင်ရှင်းရွှယ်က ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူမမျက်လုံးထဲမှ ရွှေရောင်အလင်းက စူးရှတောက်ပနေသည်။သူမက လေဟာနယ်ထဲသို့ ပုံမှန်အသွင်ဟန်ပန်ဖြင့် ကြည့်သည်။

ထူးဆန်းသောအားက လျင်မြန်စွာ ပျံ့နှံ့လာကာ ဝမ်လင်းကို စတင်လှည့်ပတ်လာ၏။

သည်အခိုက်တွင် ဝမ်လင်းစိတ်က ထူးဆန်းသောအခြေအနေတစ်ရပ်သို့ ရောက်ရှိနေ၏။ သူက အိပ်မက်မက်နေသကဲ့သို့ပင်။ သူက ကယောင်ချောက်ခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားမိနေ၏။ ပုံရပ်များကလည်း သူ့ရှေ့တွင် တစ်ခုပြီး တစ်ခု ဖျပ်ခနဲ ဖျပ်ခနဲ ဖြစ်နေသည်။

သူက ဘယ်တစ်ခုကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။သို့သော် တစ်ဖက်မှာလည်း သူက အရာအားလုံးကို ရှင်းလင်းစွာ မြင်ရသကဲ့သို့ ဖြစ်နေပြန်၏။

ယခုလို ကွဲလွဲဆန့်ကျင်နေသည့် ခံစားချက်က ဝမ်လင်းကို မသက်မသာဖြစ်ခြင်းကို ခံစားမိစေ၏။

သည်ခံစားချက်က များစွာ ကြာမြင့်လာ၏။ ဝမ်လင်းအတွက် အချိန်ပင် မေ့နေခဲ့တော့သည်။

သူ့နားထဲသို့ တိုးဝင်လာနေသည့် အသံများကလည်း ကျယ်သထက်ကျယ်လာခဲ့သည်။ သူ့ရှေ့ရှိ ပုံရိပ်များကလည်း ဖြည်းဖြည်းချင်း ရှင်းလင်းလာ၏။

သည်အခိုက်၌ သူ့မျက်လုံးရှေ့ရှိ အရာအားလုံးက ရှင်းလင်းလာကာ ရုတ်တရက် ပုံရိပ်ယောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ စတင် လွင့်ပြယ်လာပြန်သည်။ သည်အခိုက်၌ ဝမ်လင်းက အရာအားလုံးက ရှင်းလင်းလာပြီး ပြန်ပျောက်ကွယ်လု ဖြစ်သည့် အခြေအနေသို့ ရောက်ရှိလာချိန်တွင် သူက အခွင့်အရေးတစ်ခုကို ဖမ်းဆုပ်ရှာဖွေနိုင်လိုက်သည်။ သူ့မျက်လုံးက လက်ခနဲ တောက်ပသွားကာ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်မှ တစ်ဝက်သာကျန်သည့် အသက်ဓာတ်အားချိပ်တံဆိပ်က သူ့နှဖူးပေါ်၌ သိပ်သည်းသွားလေ၏။

“ငါ့နာမည်က ချင်လင်း…” ရှင်းလင်းသောအသံတစ်ခုက သူ့နားထဲသို့ ချက်ခြင်း ဝင်ရောက်လာ၏။ သို့သော် သည်အသံက ခဏသာကြာမြင့်ကာ ပြန်ပျောက်ကွယ်သွားသည်။

ဝမ်လင်းက မှန်ကန်သောအခွင့်ရေးကို ဖမ်းဆုပ်လိုက်နိုင်သည်။ သူက အသက်ဓာတ်အား ချိပ်တံဆိပ်ကို စောစီးစွာ အသုံးပြုလိုက်လျှင် သည်အသံကို ဘယ်တော့မှ ကြားရတော့မည် မဟုတ်ချေ။ သူက သည်အသံကို ကြားနိုင်ခဲ့ခြင်းက အခိုက်အတန့်အချိန်မှန်လေးတွင် အသက်ဓာတ်အားချိပ်တံဆိပ်ကို အသုံးပြုလိုက်ခြင်းကြောင့်သာ ဖြစ်၏။

သူက ပတ်ဝန်းကျင်ကို ရှာဖွေရမည့်အစား နားထောင်ခြင်းကို ရွေးချယ်သည်။အကြောင်းကတော့ လူတစ်ယောက်၏ အတွေးများကို နှောက်ယှက်နေသည့် မြင်ကွင်းပုံရိပ်များ ဖြစ်ပေါ်နေစဉ် ပိုမှန်ကန်သော အချက်အလက်များကို သိရန်က အသံဖြင့်သာ ထောက်လှမ်းနိုင်ပေသည်။

သည်လိုအရာများ အားလုံး ပျောက်ကွယ်သွားပြီးနောက် ဝမ်လင်းက အိပ်မက်မှ နိုးထလာသည့်အထား မျက်လုံး ပြန်ဖွင့်လာခဲ့သည်။ ခုချိန်၌ သူ့မျက်လုံးထဲတွင် ခရမ်းရွှေရောင်အလင်းတစ်ခု တောက်ပနေ၏။

သည် ရွှေရောင်အလင်းက အသက်ရှူချိန်ခြောက်ခါစာလောက်သာ ကြာမြင့်ကာ ပျောက်ကွယ်သွားသည်။ သည်အခိုက်၌ သူ့မျက်လုံးထဲတွင် ရွှေရောင်သင်္ကေတများ ပေါ်လာ၏။ သည်သင်္ကေတများက စုတ်ချက်ခြောက်ချက်နှင့် ပြုလုပ်ထားခြင်း ဖြစ်ကာ အလွန်တရာ ရှုပ်ထွေးလှသည်။

ယောင်ရှင်းရွှယ်အသွင်က ရုပ်စိုးသွားသည်။ သူမက ဝမ်လင်းသည် စုတ်ချက်ခြောက်ခုပါဝင်သော သင်္ကေတကို နယ်ပယ်နားလည်မှု ပြုလုပ်နေစဉ်အတွင်း ရရှိလိမ့်မည်ဟု မထင်ထားမိချေ။

ဝမ်လင်း မျက်လုံးဖွင့်လာပြီးနောက် သူက ယောင်ရှင်းရွှယ်ကို ကြည့်လိုက်ရာ သင်္ကေတများ ရှိနေသေးသော်လည်း စောနက သူမခုခံနိုင်သည့် အားကောင်းသော ထည်ဝါမှုကတော့ ဆက်လက် မရှိတော့ချေ။ သူ့စိတ်နှလုံးထဲ၌လည်း အချို့အကြောင်းများကြောင့် သူမကို အထင်သေးစွာ ငုံ့ကြည့်နေမိသည်။

ဝမ်လင်းထံမှ လာသော အကြည့်က ယောင်ရှင်းရွှယ်ကို မသက်မသာ ဖြစ်စေသည်။ထို့ကြောင့် သူမက အလိုလို အကြည့်လွှဲလိုက်၏။ သူမက အေးစက်စွာ ပြောလိုက်သည်။ “ရွှေရောင်သင်္ကေတတွေနဲ့ ဆိုရင် နင်က အခု ပြန်ပြောင်းနဂါးလမ်းကြောင်းဝင်ပေါက်ပေါ်မှာ လျှောက်လှမ်းနိုင်ပြီ။ သွားကြမယ်...”

ထိုသို့ပြောပြီးသည့်နောက် သူမက နဂါးလမ်းကြောင်းထဲသို့ ခြေချကာ ရှေ့ကနေ လျှင်မြန်စွာ ရွေ့လျားသွား၏။

သူမက ဝမ်လင်းကို ကြည့်လိုက်သည့်အခါ သူမမျက်လုံးထဲရှိ ရွှေရောင်သင်္ကေတများက မှိန်ဖျော့သွားသည်ကို သဘော မပေါက်လိုက်ချေ။

ဝမ်လင်းက သူ့လက်ကို မျက်လုံးရှေ့သို့ ထားလိုက်၏။ သူက လက်ဝါးကို ကြည့်လိုက်သည့်အချိန်တွင် ရှင်းလင်းသောသင်္ကေတစ်ခုက သူ့လက်ဝါးပေါ်၌ အရိပ်ကျလို့နေသည်။

“ဒီရွှေရောင်သင်္ကေတက ဘာများ ဖြစ်မလဲ…” ဝမ်လင်းက ပြန်ပြောင်းနဂါးလမ်းကြောင်းထဲသို့ လျှောက်လှမ်းနေရင်း စဉ်းစားနေ၏။သူက ရှေ့သို့ ဖြည်းဖြည်းချင်း သွားနေသည်။

သည်နဂါးလမ်းကြောင်း၏ အောက်တွင် အသူတရာနက်လှသည့် ချောက်တစ်ခု ရှိနေ၏။ သင်က ၎င်းချောက်နက်ထဲသို့ ကျသွားလျှင် သေမလား၊ရှင်မလား မသိနိုင်ပေ။သို့သော် ပြုတ်ကျသွားရင် ဆိုသည့် အတွေးတစ်ချက်ဖြင့်ပင် လူအများ ကြောက်လန့်သွားဖို့ လုံလောက်၏။

နဂါးလမ်းက ဖြည်းဖြည်းချင်း ဘယ်၊ညာ လှုပ်ရှားနေသည်။ သေမျိုးတစ်ယောက်သာ သည်လမ်းပေါ်သို့ လျှောက်လှမ်းရမည်ဆိုပါက သေလောက်အောင် ကြောက်သွားပေမည်။ သို့သော် ကျင့်ကြံသူများအတွက်တော့ သည်အရာက သူတို့ပေါ်၌ သက်ရောက်မှု မရှိပေ။

သည်လမ်းကြောင်းပေါ်တွင် လူနှစ်ယောက်က အကွာအဝေးတစ်ခုသို့ မြန်ဆန်သည့်နှုန်းဖြင့် ရွှေ့လျားနေကြ၏။

သည်လမ်းကြောင်းက အဆုံးမရှိသည်ဟု ထင်မှတ်ရ၏။ သူတို့နှစ်ယောက်က သုံးရက်တိုင်တိုင် အနားယူခြင်း မပြုဘဲ ဆက်သွားနေခဲ့သည်။သို့သော် သူတို့ရှေ့တွင် လမ်းက ဆက်လက်ရှိနေဆဲသာ။

ယောင်ရှင်းရွှယ်အသွင်က‌တော့ ပုံမှန်ပင်။ သူမက သည်နေရာသို့ အကြိမ်များစွာ အရင်ကလာခဲ့ဖူး၏။ ထို့ကြောင့် သူမက လမ်း၏ သုံးပုံတစ်ပုံသို့သာ ရောက်သေးကြောင်း သိနေခဲ့သည်။

ခုနစ်ရက် ကြာပြီးနောက် ပြန်ပြောင်းနဂါးလမ်းကြောင်း ရှေ့တွင် နောက်ထပ် ကြီးမားသည့် စင်္ကြံတစ်ခု ပေါ်ထွက်လာ၏။ သည်စင်္ကြံပေါ်တွင် တည်ရှိနေသည့် အရာတစ်ခု ရှိနေ၏။

သည်အရာက ပေသုံးဆယ်ခန့်မြင့်သည့် ရုတ်ထုတစ်ခု ဖြစ်ကာ ၎င်းက စင်္ကြံအလယ်တွင် တည့်မတ်စွာရှိနေသည်။ သည်ရုပ်ထုက လူသားတစ်ယောက်အသွင် ရှိ၏။ သို့သော် သူ့တွင် ဧရာမနားကြီးနှင့် လက်များ ရှိလို့နေသည်။

ယောင်ရှင်းရွှယ်က နဂါးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေရာကနေ ရပ်တန့်လိုက်၏။ သူက နောက်လှည့်ကာ ဝမ်လင်းထံသို့ ကြည့်ကာ ပြောလိုက်သည်။ “ဒီနေရာက ပထမချိပ်တံဆိပ်ပဲ။ ငါတို့နှစ်ယောက်က အလွှာတစ်ခုကို ချိုးဖျက်ရလိမ့်မယ်။ ငါက အရင်ဆုံးအလွှာကို ချိုးဖျက်မယ်။ နင်က ဒုတိယမြောက် အလွှာကို ချိုးဖျက်ချေ…”

ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ “ကောင်းပြီ…”

ယောင်ရှင်းရွှယ်က စကားများဖြင့် အချိန်မဖြုန်းတော့ချေ။ သူက လေထဲသို့ ခုန်တက်ကာ စင်္ကြံပေါ်သို့ ခြေချလိုက်သည်။ သူမမျက်လုံးထံကနေလည်း ရွှေရောင်အလင်းတန်းတစ်ခုက အလိုလို ထွက်ပေါ်လာ၏။ သည်ရွှေရောင်အလင်းတန်းထဲ၌ ရွှေရောင်သင်္ကေတများ ပေါ်လာသည်။ ၎င်းအလင်းက သူမနှင့်အတူ စင်္ကြံပေါ်သို့ ကျရောက်သွား၏။

စင်္ကြံဗဟိုရှိ ရုပ်ထုက တုန်ယင်ကာ အဖြူရောင်အခိုးငွေ့များ ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက ရုတ်တရက် မျက်လုံးပွင့်လာကာ ကြမ်းကြုတ်စွာ ကြည့်၏။ ၎င်းက ခြေကိုမြှောက်၍ တစ်လှမ်းလှမ်းလိုက်ရာ စင်္ကြံတစ်ခုလုံး တုန်ခါလို့ သွားသည်။

ထိုခြေလှမ်းမှ ထူထဲသောသတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခု ချက်ခြင်း ပျံ့နှံ့လာ၏။

ယောင်ရှင်းရွှယ်က လေထဲ၌ လွင့်မြောနေသည်။ သူမက သည်ရုပ်ထုနှင့် အကြိမ်များစွာ ရင်ဆိုင်ခဲ့ဖူးပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမက ၎င်းနှင့်ပတ်သတ်၍ ရင်းနှီးမှု ရှိ၏။ သူမက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူသည်။ သည်ကျောက်စိမ်းပြားက သွေးနီရောင်ရှိကာ ပုံမှန်ကျောက်စိမ်းပြားနှင့် သိသာစွာ ခြားနား၏။

“ချိပ်ပိတ်ခြင်း…”

စကားတစ်ခွန်းဖြင့်ပင် ယောင်ရှင်းရွှယ်က ကျောက်စိမ်းပြားကို ပစ်လွှတ်၏။ သည်ကျောက်စိမ်းပြားက လေထဲတွင် တစစီကွဲထွက်ကာ သိပ်သည်းသောသွေးရောင်အဖြစ်သို့ ပြောင်းလဲ၍ ရုပ်ထုကို ဖုံးလွှမ်းသွားသည်။

ထိုအခါ ၎င်းရုပ်ထုက မည်မျှရုန်းကန်သည် ဖြစ်စေ သည်သွေးချိပ်ပိတ်ခြင်းကို ဖျက်စီးနိုင်ခြင်း မရှိတော့ချေ။

ယောင်ရှင်းရွှယ်၏ လှပသောပုံရိပ်လေးက စင်္ကြံမြေပေါ်သို့ ဆင်းသက်လာ၏။ သူမက လှည့်၍ ဝမ်လင်းကို ကြည့်လိုက်၏။ထို့နောက် သူမက အခြားစင်္ကြံအစွန်းဘက်သို့ လှည့်သွားတော့သည်။ အခြားစင်္ကြံတစ်ခုပေါ်တွင်လည်း နောက်ထပ် ပြန်ပြောင်းနဂါးလမ်းကြောင်း တစ်ခု ရှိနေ၏။

ဝမ်လင်းက မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိသည်။ သည်ရုပ်ထု၏ ကျင့်ကြံမှုအဆင့်က အားနည်းခြင်း မရှိပေ။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်ထက် ပိုသန်မာ၏။ ၎င်းက ဉာဏ်ရည်ကင်းမဲ့သော်လည်း သည်ခြေလှမ်းစွမ်းအားက သန်မာလှ၏။

သို့ရာတွင် ၎င်းက အချိန်သိပ်မကြာဘဲ ယောင်ရှင်းရွှယ်၏ ချိပ်ပိတ်ခြင်းကို လွယ်လင့်တကူ ခံလိုက်ရ၏။ သည်အရာက ဝမ်လင်းကို သူမနှင့်ပတ်သတ်၍ အမြင်သစ် ဖြစ်သွားစေ၏။

ဝမ်လင်းက စိတ်ထဲ၌ တွေးမိနေ၏။ “ဒီသွေးကျောက်စိမ်းပြားက သူမအဖေ သန့်စင်ထားတာ ဖြစ်ရမယ်။ ဒါ့ကြောင့် ဒီလိုစွမ်းအား ရှိနေတာ…”

သူက သူ့အတွေးများကို မျက်နှာပေါ်၌ စိုးစိမျှ ထုတ်ပြခြင်း မပြုချေ။ ဝမ်လင်းက စင်္ကြံပေါ်သို့ ခုန်တက်လိုက်၏။ သူက သွေးရောင်ဖြင့် ဖုံးအုပ်ထားသည့် ရုပ်ထုကို ကျော်လွန်လာသည့်အခိုက်၌ ၎င်းရုပ်ထုထံမှ ရွှေရောင်းအလင်းတစ်ချက် ဖျပ်ခနဲတောက်ပပြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။

ဝမ်လင်းက မည်သည့်အမူအရာကိုမျှ ဖော်ပြခြင်း မပြုဘဲ နောက်ထပ် နဂါးလမ်းကြောင်းပေါ်သို့ ခြေချလိုက်၏။ သူက ထိုလမ်းကြောင်းပေါ်သို့ ခြေချလိုက်သည့်အခါ ပြန်လှည့်၍ ရုပ်ထုထံသို့ ကြည့်လိုက်ပြန်သည်။ သူပြန်လှည့်လိုက်သည့်အခိုက်တွင် သူ့နှဖူးပေါ်ရှိ အသက်ဓာတ်အားချိပ်တံဆိပ်က သူ့မျက်လုံးပေါ်၌ သိပ်သည်းသွား၏။ သူ့အကြည့်က သွေးရောင်အလင်းကို ထွင်းဖောက်သွားကာ ရုပ်ထုပေါ်ရှိ တဖျပ်ဖျပ် တောက်ပနေသည့် သင်္ကေတကို တွေ့မြင်လိုက်ရသည်။

သည်သင်္ကေတက စုတ်ချက်တစ်ခုသာ ရှိကာ ရှင်းရှင်းလင်းလင်း ရှိသည်။

All Chapters