← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

အခန်း (၈၄) - မင်း သူမကို ရူးရူးမူးမူး ချစ်မိနေတာ မဟုတ်ဘူးလား

ထူထူသည် သူမဘက်သို့ ကျောခိုင်းထားသည်ကို မြင်ရသောအခါ ကျူးလင်က ခဏမျှ တွေးတောလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ မုန်လာဥနီအကြီးကြီးတစ်လုံးကို ထုတ်ယူကာ ပြောလိုက်လေသည်။

"တောင်းပန်ပါတယ်နော်... စိတ်မဆိုးပါနဲ့တော့... ရော့... ဒါက မင်းအတွက်..."

ယုန်လေးက နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏လက်ထဲရှိ မုန်လာဥနီအကြီးကြီးကို မြင်သွားလေသည်။ ထူထူက ပါးဖောင်းဖောင်းလေးများကို ဖောင်းပွစေလျက် ကိုယ်ကိုလှည့်ကာ သူမ၏လက်ထဲမှ မုန်လာဥနီကို လှမ်းယူရင်း ပြောလိုက်သည်။

"သခင်မလေး... မုန်လာဥနီတစ်လုံးတည်း ပေးရုံနဲ့ ကျွန်တော်က သခင်မလေးကို ခွင့်လွှတ်လိမ့်မယ်လို့ မထင်နဲ့နော်..."

ကျူးလင်က တိုးတိုးလေး ရယ်မောလိုက်ပြီးနောက် မုန်လာဥနီအကြီးကြီး ခြောက်လုံးထက်မနည်းကို ထပ်မံထုတ်ယူကာ မေးလိုက်သည်။

"ဒီမုန်လာဥနီတွေဆိုရင်ကော... ငါ့ကို ခွင့်လွှတ်ဖို့ လုံလောက်ပြီလား..."

စားပွဲပုလေးပေါ်ရှိ မုန်လာဥနီအကြီးကြီးများကို မြင်လိုက်ရသောအခါ ထူထူ၏ မျက်လုံးလေးများက တောက်ပသွားချေသည်။ ၎င်းက ခေါင်းညိတ်ပြလျက် သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။

"သခင်မ‌လေးကို ခွင့်လွှတ်ပေးလိုက်ပါပြီ..."

ကျူးလင်က ခေါင်းကိုခါယမ်းကာ ထူထူကို ပြုံးပြရင်း ပြောလိုက်ပေသည်။

"ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးပါပဲနော်..."

ယုန်လေးက မုန်လာဥနီအကြီးကြီးတစ်လုံးကို စတင်ကိုက်ဝါးရင်း မေးလိုက်သည်။

"စောစောက သခင်မ‌လေး ဘာမေးလိုက်တာလဲ..."

ကျူးလင်က ရှို့ဝူကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

"သူက အဲဒီမှာ မလှုပ်မယှက်ဘဲ ရပ်နေတာ တော်တော်ကြာပြီ... သူ အဆင်ပြေတယ်လို့ မင်းထင်လား..."

သူမ၏ မေးခွန်းကို ကြားရသောအခါ ထူထူက ၎င်း၏ မျက်လုံးနီနီ‌လေးကို ဝေ့ဝဲလိုက်ရင်း ပြောလိုက်လေသည်။

"သခင်မလေးရယ်... ကျွန်တော်က သူ့ဗိုက်ထဲက သန်ကောင်မှ မဟုတ်တာ... သူ အဆင်ပြေလား မပြေဘူးလားဆိုတာ ဘယ်လိုလုပ် သိမှာလဲ... သိချင်ရင် သူ့ကိုပဲ တိုက်ရိုက်မေးကြည့်လိုက်ပါလား..."

ယုန်လေးပြောသည့် စကားကို တွေးတောလိုက်ရင်း ကျူးလင်က ခေါင်းညိတ်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ ရှို့ဝူထံသို့ လျှောက်လှမ်းသွားလေသည်။ သူမ၏ ခြေသံများ နီးကပ်လာသည်ကို ကြားရသောအခါ ရှို့ဝူက ခေါင်းကိုလှည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"ကျွန်တော် အဆင်ပြေပါတယ်... စောစောက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော့်မှာ လုပ်စရာ ကိစ္စလေးတစ်ခု ရှိသေးလို့ အရင်ပြန်နှင့်ပါဦးမယ်..."

ကျူးလင်က သူ့ကို ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ဖြူလျော်မနေတော့သည်ကို မြင်ရသဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်ပေသည်။

"တစ်ခုခု လိုအပ်ရင် ကျွန်မကို လှမ်းခေါ်လိုက်ပါ..."

ရှို့ဝူက ခေါင်းညိတ်ပြကာ ကျူးလင်၏ တိုက်ခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားလေသည်။

သူက ဝတ်ရုံခေါင်းစွပ်ကို စွပ်လိုက်ပြီး တစ်စုံတစ်ခုထံမှ ထွက်ပြေးတိမ်းရှောင်နေသကဲ့သို့ လှေကားထစ်များအတိုင်း အပြေးအလွှား ဆင်းသွားသည်ကို သူမက ငေးကြည့်နေမိသည်။

သူမသည် ဇဝေဇဝါဖြစ်စွာဖြင့် ပါးပြင်ကို ကုတ်လိုက်ပြီး ခေါင်းကိုခါယမ်းကာ အခန်းထဲသို့ ပြန်ဝင်၍ တံခါးပိတ်လိုက်တော့၏။

တိုက်ခန်းအဆောက်အအုံပြင်ပသို့ ရောက်ရှိလာပြီးနောက် ရှို့ဝူက သက်ပြင်း‌မောချကာ အထပ်နှစ်ဆယ်မြောက်သို့ မော့ကြည့်လိုက်သည်။

ကျူးလင်၏ တိုက်ခန်းမှ မီးရောင်က လင်းထိန်နေဆဲဖြစ်သည်ကို မြင်ရသောအခါ သူမထံသို့ ပြန်သွားပြီး တွေ့ဆုံလိုသည့် စိတ်ဆန္ဒက ထပ်မံပေါ်ပေါက်လာပြန်သည်။ သူက ခေါင်းကိုခါယမ်းရင်း မိမိကိုယ်ကိုယ် ပြန်လည်ဆူပူကြိမ်းမောင်းလိုက်မိလေသည်။

“ရှို့ဝူ... မင်းကိုယ်မင်း ထိန်းချုပ်စမ်း... မင်း အရင်က ဒီလိုမျိုး မဟုတ်ခဲ့ပါဘူး... သတိထားစမ်း...”

“မင်းက မွေးရာပါ စိတ်ခံစားမှု ချို့ယွင်းချက်ရှိတဲ့သူလေ... ဘယ်လိုဖြစ်ပြီး ရှောင်လင်ကို မြင်မြင်ချင်း ချစ်မိသွားရတာလဲ...”

“ဒါတွေအားလုံးက အတုအယောင်တွေပဲ... ဟုတ်တယ်... ဒါတွေအားလုံးက မင်းခေါင်းထဲက ရူးသွပ်စရာကောင်းတဲ့ အသံကြောင့်ပဲ...

စိတ်ကို ရှင်းလင်းလိုက်ပြီးနောက် သူ၏ တိုက်ခန်းနှင့် မလှမ်းမကမ်းတွင်ရှိသော ကျီယန်နှင့် ထန်ဝေ့တို့၏ တိုက်ခန်းဆီသို့ အပြေးအလွှား လျှောက်လှမ်းသွားလေသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ရှို့ဝူသည် သူတို့၏ တိုက်ခန်းတံခါးရှေ့တွင် ရပ်ကာ တံခါးကို ခေါက်လိုက်သည်။

လူအချို့က သူ့ကို ရံဖန်ရံခါ လှမ်းကြည့်နေကြသည်ကို သတိပြုမိသဖြင့် သူ၏မျက်နှာကို ဖုံးကွယ်ရန် ဝတ်ရုံခေါင်းစွပ်ကို ပိုမိုနှိမ့်ချ၍ ဆွဲချလိုက်တော့၏။

ဒေါက်...

ဒေါက်...

ဒေါက်...

ထန်ဝေ့က ကြမ်းပြင်ပေါ်တွင် လှဲလျောင်းလျက် လက်ယပ်တောင်ဖြင့် မိမိကိုယ်ကိုယ် ယပ်ခတ်နေစဉ် တံခါးခေါက်သံကို ကြားလိုက်ရသည်။ သူက လှုပ်ရှားရန် ပျင်းရိနေသဖြင့် မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်လေသည်။

"လောင်ယန်... တံခါးခေါက်နေတယ်... တံခါးသွားဖွင့်ပေးလို့ ရမလား..."

ဟင်းချက်ရန် အလုပ်ရှုပ်နေသော ကျီယန်က သူပြောသည်ကို ကြားရသောအခါ ပြန်လည်အော်ဟစ်လိုက်၏။

"ငါ အလုပ်ရှုပ်နေတယ်... မင်းပဲ သွားဖွင့်လိုက်..."

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် တံခါးခေါက်သံက ထပ်မံထွက်ပေါ်လာပြန်သည်။

ယခုတစ်ကြိမ်တွင်မူ တံခါးခေါက်သံက ပိုမိုလောကြီးနေပုံရချေသည်။

ဒေါက်...

ဒေါက်...

ဒေါက်...

ထန်ဝေ့က ကြမ်းပြင်ပေါ်မှ မထနိုင်သေးမီမှာပင် အပြင်ဘက်မှ ရှို့ဝူ၏ အသံကို ကြားလိုက်ရလေသည်။

"လောင်ယန်... ရှောင်ဝေ့... တံခါးဖွင့်ဦး..."

ဒေါက်...

ဒေါက်...

ဒေါက်...

သူတို့သည် ရင်းနှီးသော သူငယ်ချင်းကောင်းများဖြစ်သည်ကို မသိဘဲ သူ့အသံထဲမှ လောကြီးနေမှုကို ကြားရသူတိုင်းသည် ရှို့ဝူက အကြွေးလာတောင်းသည်ဟု ဧကန်မုချ ထင်မှတ်ကြပေလိမ့်မည်။

မီးဖိုချောင်ထဲမှ ထွက်လာသော ကျီယန်နှင့် ထန်ဝေ့တို့သည် တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ကျီယန်က တံခါးဖွင့်ရန် အပြေးအလွှား သွားလိုက်တော့၏။

တံခါးပွင့်သွားသည်နှင့်တစ်ပြိုင်နက် ရှို့ဝူက အထဲသို့ အတင်းတိုးဝင်လာရာ ကျီယန်နှင့် တိုက်မိလုနီးပါး ဖြစ်သွားလေသည်။

တံခါးကို ပိတ်လိုက်ပြီးနောက် ကျီယန်က ရှို့ဝူကို ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ပုံမှန်မဟုတ်နေသည်ကို တွေ့ရှိလိုက်ရလေသည်။

သူက အထဲသို့ လျှောက်လှမ်းသွားရင်း မေးလိုက်၏။

"လောင်ရှို့... မင်း ဘာဖြစ်လာတာလဲ... မင်း ပုံစံက... တစ်မျိုးကြီးပဲနော်..."

ကျူးလင်က သူတို့၏ တိုက်ခန်းတွင် အပူချိန်ထိန်းညှိပေးတဲ့ အစီအရင်ကို လုပ်ပေးထားသဖြင့် ရှို့ဝူက ရေခဲပြာရောင်ဝတ်ရုံကို ချွတ်လိုက်သည်။

သူသည် ကြမ်းပြင်ပေါ်သို့ ပစ်လဲချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဆံပင်များကို ဆွဲဖွလျက် သူ၏ သူငယ်ချင်းကောင်းနှစ်ဦးကို ကြည့်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်လေသည်။

"ငါ ရူးသွားပြီ ထင်တယ်..."

သူ၏ စိတ်ပျက်အားလျော့နေသော မျက်နှာအမူအရာကို မြင်ရသောအခါ ကျီယန်နှင့် ထန်ဝေ့တို့နှစ်ဦးလုံး တည်ကြည်လေးနက်သွားကြသည်။ ကျီယန်က ကြမ်းပြင်ပေါ်တွင် ဝင်ထိုင်လိုက်ရင်း မေးလိုက်ပေသည်။

"မင်း ဘာကို ဆိုလိုတာလဲ..."

ရှို့ဝူက သူတို့နှစ်ဦးကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။

“ငါ့ခေါင်းထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အသံတစ်ခု ရှိနေတယ်... ငါ ရှောင်လင်နဲ့ နီးကပ်သွားတိုင်း အဲဒီအသံက ငါ့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပစ်လိုက်တယ်...”

“အဲဒါက ငါ့ကို ရှက်စရာကောင်းတဲ့ အပြုအမူတွေ လုပ်မိအောင် အတင်းအကျပ် စေခိုင်းပြီး ငါကလည်း သူမအနားကို မသိစိတ်ကနေ ကပ်ချင်နေမိတယ်...”

“သူမက တခြားအမျိုးသားတွေနဲ့ စကားပြောနေတာကို မြင်ရရင်ဖြစ်ဖြစ်... တခြားအမျိုးသားတွေက သူမကို ကြည့်နေတာကို မြင်ရရင်ဖြစ်ဖြစ်... ငါက အရမ်းသဝန်တိုပြီး သူတို့ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်ပြီး သတ်ပစ်ချင်တဲ့အထိ ဖြစ်မိတယ်..."

သူပြောသည်ကို ကြားရသောအခါ ထန်ဝေ့က သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။

"မင်းမှာ ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေတယ်လို့ ငါက ထင်နေတာ... တကယ်တော့ မင်းက လာပြီး ကြွားဝါနေတာပဲ..."

“မင်း သူမကို ရူးရူးမူးမူး ချစ်မိနေတာ မဟုတ်ဘူးလား... တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ ဒီလိုမျိုး ရူးသွပ်တဲ့ အတွေးတွေ ရှိတတ်ကြတာပဲ...”

“ ဒါပေမဲ့... လောင်ရှို့... မင်းက ရှောင်လင်အပေါ် အပိုင်စိုးချင်စိတ် ပြင်းထန်လွန်းတယ်... မင်းက အပိုင်စိုးချင်စိတ် အရမ်းများလွန်းလို့ သူမကို မင်းတစ်ယောက်တည်းရဲ့ အပိုင်ပဲ ဖြစ်စေချင်နေတာ...”

“သူမက တခြားလူတွေနဲ့ ပတ်သက်တဲ့အခါ မင်းကို စွန့်ပစ်သွားလိမ့်မယ်လို့ ခံစားရပြီး မလုံခြုံသလို ခံစားရတာ... ဒါမှမဟုတ် ပိုဆိုးရင် စိတ်လွတ်သွားတာမျိုး ဖြစ်တတ်တယ်..."

ထန်ဝေ့က ထိုသို့ပြောပြီးနောက် ရှို့ဝူက သူ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်ပေသည်။

"ငါက မွေးရာပါ စိတ်ခံစားမှု ချို့ယွင်းချက်ရှိတဲ့သူဆိုတာ မင်းတို့လည်း သိတာပဲ..."

“ငါက သာမန်လူတစ်ယောက်လို စိတ်ခံစားချက်တွေ မရှိနိုင်ဘူး... ဒါပေမဲ့ သူမနဲ့ တွေ့ကတည်းက ငါ့မှာ ထူးဆန်းပြီး ထိန်းချုပ်လို့မရတဲ့ စိတ်ခံစားချက်တွေ အများကြီး ဖြစ်ပေါ်လာခဲ့တာ..."

“အဲဒါက တစ်စုံတစ်ခုက အတားအဆီးတွေကို ရုတ်တရက် ချိုးဖျက်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသလိုပဲ... ဒီနေ့ဆိုရင် ငါ ရှောင်လင်အပေါ် တကယ်ပဲ ပြောမပြနိုင်တဲ့ အပြုအမူတစ်ခုခု လုပ်မိသွားမှာကိုတောင် ကြောက်မိတယ်..."

All Chapters