← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း (၈၇) - ဆန်းကြယ်သော သတ္တုရိုင်း

ကျန့်ရိမုသည် ရှို့ဝူ၏ ရုတ်တရက် ရန်လိုလာသော အမူအရာကြောင့် ဇဝေဇဝါ ဖြစ်သွားရစဉ် ကျီယန်နှင့် ထန်ဝေ့တို့မှာမူ တစ်ပြိုင်နက်တည်း နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်ကြလေသည်။

ကျီယန်က စိတ်ပျက်လက်ပျက် တွေးလိုက်မိသည်။

“ဖြစ်ပြန်ပြီ... လောင်ရှို့ သဝန်တိုတာကို ကြည့်ရတာ ပျော်စရာကောင်းပေမဲ့ အရာရာတိုင်းကို လိုက်ပြီး သဝန်တိုနေတာကတော့ လွန်လွန်းတယ်..."

“အဲဒီ ထူးဆန်းတဲ့အသံကို ငါတို့ အမြန်ဆုံး ဖယ်ရှားပစ်ရမယ်... မဟုတ်ရင် လောင်ရှို့တစ်ယောက် တကယ်ပဲ ရူးသွားလိမ့်မယ်...”

ထန်ဝေ့ကလည်း စိုးရိမ်တကြီး တွေးလိုက်မိသည်။

“သူ တကယ်ပဲ ရူးသွားပြီလား... ဒီအတိုင်းတော့ မဖြစ်တော့ဘူး... အမြန်ဆုံး ဖြေရှင်းနည်း ရှာရမယ်...”

“မဟုတ်ရင် လောင်ရှို့က တခြားလူတွေရဲ့ မျက်လုံးတွေကို ရုတ်တရက် ကလော်ထုတ်ပစ်တာ ဒါမှမဟုတ် လူတွေကို စည်းကမ်းမရှိ လျှောက်သတ်ပစ်တာမျိုး တကယ် လုပ်မိလိမ့်မယ်... ဒါက ပိုပိုပြီး ကြောက်စရာကောင်းလာပြီပဲ...”

စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသော တိတ်ဆိတ်မှုအပြီးတွင် ကျီယန်က ရှို့ဝူကို သတိပေးသည့်အနေဖြင့် ချောင်းအနည်းငယ် ဟန့်လိုက်လေသည်။ ထို့နောက် ကျန့်ရိမုကို ကြည့်ကာ မေးလိုက်သည်။

"ဒီသတင်းကို လူသိရှင်ကြား ထုတ်ပြန်ဖို့ ကျုပ်တို့ သဘောတူထားပြီးပြီဆိုတော့ ဗိုလ်ကြီးကျန့်အနေနဲ့ ဒီအလုပ်ကို လျှောက်ထားချင်တုန်းပဲလား..."

ကျန့်ရိမုက ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်သည်။

“ဟုတ်ပါတယ်... ကျုပ် ဒီအလုပ်ကို လျှောက်ရတဲ့ ပထမဆုံးအကြောင်းရင်းက ဒီပစ္စည်းတွေကို စိတ်ဝင်စားလို့ပါ...”

“နောက်တစ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ချင်လို့ပါ... ဒီပစ္စည်းအသစ်တွေနဲ့ ချပ်ဝတ်တန်ဆာအသစ်တွေ ဒါမှမဟုတ် လက်နက်အသစ်တွေကို ကျုပ် ဖန်တီးနိုင်မလားဆိုတာ စမ်းသပ်ကြည့်ချင်လို့ပါ...”

ထိုစကားကို ကြားသောအခါ ထန်ဝေ့က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရှို့ဝူကို ကြည့်ကာ မေးလိုက်သည်။

"လောင်ရှို့... ငါတို့အတွက် သေနတ်တွေလုပ်ပေးဖို့ ဗိုလ်ကြီးကျန့်ကို ဒီပစ္စည်းတွေ ပေးလိုက်ရင် ဘယ်လိုလဲ..."

ရှို့ဝူက သူ၏ အကြံပြုချက်ကို စဉ်းစားလိုက်ပြီးနောက် ကျန့်ရိမုကို ကြည့်ကာ မေးလိုက်သည်။

"ဗိုလ်ကြီးကျန့်... ကျွန်တော်တို့အတွက် သေနတ်တွေ လုပ်ပေးနိုင်မလား..."

ကျန့်ရိမုသည် ပထမတော့ ငြင်းပယ်ရန် ပြင်လိုက်သော်လည်း ယခုအခါတွင် ယခင်ကကဲ့သို့ ဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတွင် နေထိုင်နေကြရခြင်း မဟုတ်ဘဲ အလွန်အန္တရာယ်များသော ကမ္ဘာပျက်ကပ်လွန်ကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေးမိကာ တုံ့ဆိုင်းသွားရလေသည်။

သဘာဝလွန်စွမ်းအားရှင်များ၏ ရှင်သန်နိုင်စွမ်းမှာ သာမန်လူများထက် ပိုမိုမြင့်မားသော်လည်း ၎င်းတို့၏ စွမ်းအင်များ ကုန်ဆုံးသွားပါက စဉ်းတီတုံးပေါ်က ငါးတစ်ကောင်လို ဖြစ်သွားကာ ဖုတ်ကောင်များနှင့် သန္ဓေပြောင်းသတ္တဝါများ၏ ရန်မှ ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

သူ့ကဲ့သို့သော စစ်သားများအတွက်မူ ရှို့ဝူတို့ကဲ့သို့သော ကြေးစားအဖွဲ့မှာ စခန်းအတွက် အဖိုးတန်သော အင်အားစုတစ်ခု ဖြစ်ပေသည်။

၎င်းတို့သည် ရံဖန်ရံခါ တာဝန်များကို ထွက်ရောက်ထမ်းဆောင်ပေးသဖြင့် စစ်သားများ၏ ဝန်ထုပ်ဝန်ပိုးကို များစွာ လျော့ပါးစေသည်။

အကယ်၍ ၎င်းတို့သာ တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားပါက ၎င်းတို့၏ အသက်များ ဆုံးရှုံးရုံသာမက စခန်းအတွက်လည်း အစွမ်းထက်သော သဘာဝလွန်စွမ်းအားရှင်အဖွဲ့တစ်ဖွဲ့ ဆုံးရှုံးရမည် ဖြစ်ချေသည်။

ထိုသို့ တွေးတောလိုက်ပြီးနောက် ကျန့်ရိမုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ကောင်းပါပြီ... ဗိုလ်ကြီးရှို့အနေနဲ့ ကျုပ်ကို ပုံစံထုတ်ပေးပါ... ကျွန်တော် ဒီပစ္စည်းတွေကို သုံးပြီး ခင်ဗျားတို့ သုံးယောက်အတွက် သေနတ်တွေ လုပ်ပေးပါ့မယ်..."

ကျန့်ရိမု၏ စကားကို ကြားပြီးနောက် ကျီယန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် မျက်လုံးများ တောက်ပသွားလေသည်။

သူသည် နေရာလွတ်ထဲမှ မည်းနက်နေသော သတ္တုရိုင်းတစ်တုံးကို ထုတ်ယူကာ ကြမ်းပြင်ပေါ်သို့ တင်လိုက်ရင်း ပြောလိုက်သည်။

"ဗိုလ်ကြီးကျန့်... ဒီသတ္တုရိုင်းကို သုံးပြီး ကျည်ဆန်တွေ လုပ်ဖို့ ဖြစ်နိုင်မလား..."

ကျန့်ရိမုသည် ကြမ်းပြင်ပေါ်ရှိ မီးသွေးခဲနှင့် တူသောအရာကို ကြည့်ကာ ကျီယန်တစ်ယောက် နောက်ပြောင်နေသည်ဟု ထင်မှတ်သွားသည်။

သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ရင်း ပြောလိုက်သည်။

"အစ်ကိုကျီ... မီးသွေးနဲ့ ကျည်ဆန်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ..."

ကျီယန်သည် မိမိ နားလည်မှုလွဲခံလိုက်ရသည်ကို သိသဖြင့် ပြုံးလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဗိုလ်ကြီးကျန့်... ဒါက မီးသွေးမဟုတ်ပါဘူး... လွန်ခဲ့တဲ့ နှစ်လလောက်က တာဝန်တစ်ခုနဲ့ အပြင်ထွက်တုန်းက ဒီသတ္တုရိုင်းကို တွေ့ခဲ့တာပါ...”

“အဲဒီတုန်းကတော့ မီးသွေးခဲပဲလို့ ထင်ခဲ့တာ... ဒါပေမဲ့ လောင်စာအဖြစ် သုံးပြီး မီးရှို့ကြည့်တဲ့အခါကျမှ မီးသွေးမဟုတ်ဘဲ သတ္တုရိုင်းဖြစ်နေမှန်း သိလိုက်ရတာ..."

ကျီယန်၏ စကားကို ကြားရသောအခါ ကျန့်ရိမုသည် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာလေသည်။

သူသည် ထိုသတ္တုရိုင်းကို ကောက်ယူလိုက်ပြီး သူ၏ စွမ်းရည်ကို အသုံးပြုလိုက်သည်။ အကယ်၍ ဤအရာသည် တကယ်ပင် မီးသွေးဖြစ်နေပါက သူ ကျည်ဆန်များ ဖန်တီးနိုင်မည် မဟုတ်ပေ။

သို့သော် ၎င်းသည် တကယ်ပင် သတ္တုရိုင်းဖြစ်နေပါက ကျည်ဆန်များ ပြုလုပ်ရန် သူ့အတွက် ပြဿနာရှိမည် မဟုတ်ချေ။

ကျန့်ရိမုသည် မည်းနက်နေသော မီးသွေးခဲနှင့်တူသည့် အရာကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။

နောက်တစ်စက္ကန့်တွင် မှိန်ပျပျ ရွှေရောင်အလင်းတန်းတစ်ခုက သူ၏လက်ကို ဖြည်းညှင်းစွာ ဖုံးလွှမ်းသွားလေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် သူ၏လက်ကို ဖွင့်ကြည့်လိုက်ရာ မီးသွေးခဲအစား မည်းနက်သော ကျည်ဆန် တစ်ဆယ့်ငါးတောင့်မှာ သူ၏လက်ဖဝါးပေါ်တွင် အစီအရီ ရှိနေချေပြီ။

ထိုမည်းနက်သော ကျည်ဆန်များကို ကြည့်ရင်း ကျန့်ရိမု၏ မျက်ဝန်းများမှာ ခဏမျှ လှုပ်ခတ်သွားရသည်။

ခုနက သတ္တုရိုင်းကို ပုံသွင်းရန် သူ၏စွမ်းရည်ကို အသုံးပြုလိုက်စဉ် ထိုသတ္တုရိုင်းမှာ အလွန်မာကျောကြောင်း သူ သိရှိလိုက်ရသည်။

သို့သော် သူ့ကို ပို၍ အံ့အားသင့်စေသည်မှာ ထိုသတ္တုရိုင်းသည် သူ၏စွမ်းရည်ကို ပျက်ပြယ်စေနိုင်ခြင်းပင် ဖြစ်သည်။

သတ္တုရိုင်းကို ကျည်ဆန်အဖြစ် ပုံသွင်းရန်အတွက် သူ၏စွမ်းအင်ကို သုံးဆခန့် ပိုမိုအသုံးပြုလိုက်ရသည်။

ကျည်ဆန်များကို ကြမ်းပြင်ပေါ်သို့ တင်လိုက်ပြီးနောက် သူက ကျီယန်ကို ကြည့်ကာ ပြောလိုက်သည်။

"အစ်ကိုကျီ... ဒီသတ္တုရိုင်းရဲ့ အရည်အသွေးက တကယ်ကို ကောင်းမွန်လွန်းတယ်... တန်စတင်နီးပါး မာကျောတဲ့အပြင် စွမ်းရည်တွေကိုလည်း ပျက်ပြယ်စေနိုင်စွမ်း ရှိတယ်..."

သူ၏ စကားသံ ဆုံးသွားသည်နှင့် ဧည့်ခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားလေသည်။ ခဏအကြာတွင် ကျန့်ရိမုက မေးလိုက်သည်။

"အစ်ကိုကျီ... ဒီသတ္တုရိုင်းကို တွေ့ခဲ့တဲ့နေရာကို မျှဝေပေးလို့ ရမလား..."

ကျီယန်က သူ့ကို ကြည့်ကာ မေးလိုက်သည်။

"ဗိုလ်ကြီးကျန့်က ဒီသတ္တုရိုင်းကို သုံးပြီး လက်နက်တွေနဲ့ ကျည်ဆန်တွေ လုပ်ချင်လို့လား..."

ကျီယန်ထံမှ သတ္တုရိုင်းရှိရာ နေရာအချက်အလက်ကို ရယူရန် လိုအပ်နေသေးသဖြင့် ကျန့်ရိမုသည် အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်လေသည်။

သူက ခေါင်းညိတ်ပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟုတ်ပါတယ်... ကျွန်တော်တို့ ဒီစခန်းကို တည်ထောင်ပြီးကတည်းက သဘာဝလွန်စွမ်းအားရှင်တွေ အများကြီး လာနေထိုင်ကြတယ်...”

“ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သူတို့ထဲက အများစု ထွက်သွားကြပေမဲ့ ကျန်ခဲ့တဲ့သူတွေကတော့ အမြဲတမ်း ပြဿနာရှာတတ်တဲ့သူတွေပဲ...”

“ကျွန်တော်က စခန်းရဲ့ လုံခြုံရေးကို ပိုပြီး တင်းကျပ်ဖို့အတွက် ဒီသတ္တုရိုင်းကို သုံးပြီး လက်နက်အသစ်တွေနဲ့ ကျည်ဆန်တွေ လုပ်ချင်တာပါ..."

ထိုစကားကို ကြားသောအခါ ကျီယန်က ပြုံးလိုက်ပြီး မေးလိုက်သည်။

"နားလည်ပါပြီ... ဒါဆို ဗိုလ်ကြီးကျန့်က အဲဒီ သဘာဝလွန်စွမ်းအားရှင်တွေကို ထိန်းချုပ်ဖို့နဲ့ ခြိမ်းခြောက်ဖို့အတွက် ဒီသတ္တုရိုင်းနဲ့ လက်နက်အသစ်တွေ၊ ကျည်ဆန်တွေ လုပ်ချင်တာပေါ့..."

ကျန့်ရိမုက ခေါင်းညိတ်ပြကာ ထပ်မံဝန်ခံလိုက်သည်။ ကျီယန် စဉ်းစားနေစဉ်အတွင်း ထန်ဝေ့က ရုတ်တရက် ဝင်မေးလိုက်လေသည်။

"လောင်ယန်က ခင်ဗျားကို ဘာလို့ ပြောပြရမှာလဲ... ကျုပ်တို့လည်း သဘာဝလွန်စွမ်းအားရှင်တွေပဲလေ...”

“ကျုပ်တို့ရဲ့ စွမ်းရည်တွေကို ပျက်ပြယ်စေနိုင်တဲ့ လက်နက်တွေနဲ့ ကျည်ဆန်တွေကို ခင်ဗျားကို တကယ် ပေးလုပ်လိုက်ရင် ကျုပ်တို့လည်း အန္တရာယ်ရှိသွားမှာ မဟုတ်ဘူးလား... ဗိုလ်ကြီးကျန့်... ကျုပ်တို့ကို အဲဒီလောက်အထိ အူတူတူနိုင်လိမ့်မယ်လို့တော့ မထင်နဲ့လေ..."

All Chapters