← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း (၁၁၃) မင်းတို့လေးယောက် တက်လာခဲ့

ရှုချွမ်းက နောက်ပိုင်းကျင်းပမည့် ပြိုင်ပွဲများကို သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။

သူက ပြိုင်ကွင်း ပေါ်မှ ဆင်းဆင်းချင်းပင် သူ၏ နေအိမ်သို့ ပြန်လာခဲ့ပြီး တစ်နေ့တာအတွင်း ရရှိခဲ့သော အကျိုးအမြတ်များကိုသာ တိတ်တဆိတ် တွက်ချက်နေလိုက်သည်။

နောက်ဆုံးအဆင့် ပတ်လည်ပြိုင်ပွဲက နောက်တစ်နေ့မှ စတင်မည် ဖြစ်သော်လည်း သူသည် ထိပ်ဆုံးနေရာတစ်ခုကို ကြိုတင်၍ အပိုင်ရရှိထားပြီး ဖြစ်သည်။ ကျန်ရှိနေသော လေးယောက်မှာ မည်သူမည်ဝါဖြစ်သည်ကို သူ စိတ်ဝင်စားခြင်း မရှိသလို၊ အချိန်တန်လျှင် ရင်ဆိုင်ရုံသာ ဖြစ်သဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းရန်သာ လိုအပ်သည်။

...

နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ပြိုင်ပွဲကျင်းပရာ ရင်ပြင်တွင် နံနက်စောစောကတည်းက လာရောက်ကြည့်ရှုကြသော သိုင်းပညာရှင်များဖြင့် ပြည့်နှက်နေခဲ့သည်။

သူတို့အားလုံးက ဒီနေ့ကျင်းပမည့် နောက်ဆုံး အကျိတ်အနယ်ရှိမည့် တိုက်ပွဲကြီးကို မျှော်လင့်နေကြပြီး ဤ 'တာအိုဖလှယ် ပွဲ' တွင် ဘယ်သူက ပထမကို ဆွတ်ခူးသွားမည်နည်းဟူသည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။

"သူတို့ ရောက်လာပြီ... ဟိုမှာ ကြည့်စမ်း၊ ရှုချွမ်း ရောက်လာပြီ"

"နေဦး... ဒါဆို ဘယ်သူက ပထမရမလဲ"

"ဒါကတော့ ပြောစရာတောင် လိုဦးမလား။ ထိုက်ယိမြင့်မြတ်နယ်မြေက သူတော်စင်သားတော်ရှုချွမ်း ဖြစ်ရမှာပေါ့၊ မနေ့က သူ့ရဲ့ ဓားချီက အရမ်းကို သန်မာ လွန်းတယ်"

"အဲဒါတော့ မသေချာသေးဘူးနော်။ ဒီနေ့ပွဲက တကယ့်ကို ထိပ်တန်းချင်း ထိပ်တိုက်တွေ့ဆုံမယ့်ပွဲကြီးပဲ"

"ရှုချွမ်းက အရမ်းသန်မာတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ တခြားဂိုဏ်းကြီး လေးခုက ပါရမီရှင်တွေ ပူးပေါင်းပြီး သူ့ကို အရင်ဆုံး အကျပ်ရိုက်အောင် လုပ်လိုက်ရင်ကော... သူ ပထမနေရာကို ဆက်ရနိုင်ပါ့မလား။ ထိပ်ဆုံးငါးယောက်ထဲ ဝင်လာတဲ့သူတွေအားလုံးက အရှေ့ပိုင်းဒေသရဲ့ ထိပ်တန်းအဆင့် ပါရမီရှင်တွေချည်းပဲလေ"

"ဒါကလည်း ဟုတ်တာပဲ..."

ပြိုင်ပွဲမစတင်မီပင် ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်အားလုံးက အပြင်းအထန် ငြင်းခုံဆွေးနွေးနေကြသည်။ သူတို့အမြင်အရ ဒီနေ့က နဂါးနှင့်ကျား အားပြိုင်ကြသည့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်ပြီး ရှုချွမ်း ပထမနေရာကို ဆက်ထိန်းနိုင်မလားဆိုသည်မှာ မရေမရာ ဖြစ်နေဆဲပင်။

ဒေါင် ဒေါင် ဒေါင်

ကန္တာရမြင့်မြတ်နယ်‌မြေရဲ့ ခေါင်းလောင်းသံ မြည်ဟည်းလာပြီးနောက် ၎င်း၏ လေးနက်လှသော အသံက ရင်ပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

မူလက စည်ကားဆူညံနေသော ရင်ပြင်ကြီးက ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

မရေမတွက်နိုင်သော သိုင်းပညာရှင်များစွာက သူတို့၏ အကြည့်များကို ပြိုင်ကွင်းဆီသို့ လှည့်လိုက်ကြသည်။

ထိုအချိန်တွင် ရှုချွမ်းသည်လည်း ပြိုင် ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။

သူက မြင့်မားသော စင်မြင့်ပေါ်ရှိ စစ်တုလင်းကို ဦးစွာ ဦးညွှတ်နှုတ်ဆက်ပြီးနောက် သူ၏ စီနီယာအစ်ကိုကြီးများကို ခေါင်းညိတ်ပြလိုက်သည်။

ချက်ချင်းပင် သဲဝါမြင့်မြတ် နယ်မြေ၏ မြင့်မြတ်အရှင်က စင်မြင့်ထက်တွင် ပေါ်လာပြီး မိန့်ခွန်းပြောကြားကာ ပွဲစတင်လိုက်သည်။

"ဒီနေ့ဟာ ဒီတာအိုဖလှယ် ပွဲရဲ့ အထွတ်အထိပ် အခိုက်အတန့်ပဲ "

"ဒီနေ့မှာတော့ ဒီပါရမီရှင် ငါးဦးထဲကနေ အငြင်းပွားစရာမလိုတဲ့ စစ်မှန်တဲ့ နံပါတ်တစ် ပေါ်ထွက်လာတာကို ကျွန်တော်တို့အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ရတော့မှာပါ။ ကဲ... ပြိုင်ပွဲကို စတင်ကြောင်း ကြေညာလိုက်တယ်"

သဲဝါမြင့်မြတ် အရှင်ကသူ့ရဲ့ စကားသံ ဆုံးသည်နှင့် ရှုချွမ်းသည် ပြိုင်ကွင်း ပေါ်သို့ ဝင်ရောက်ပျံသန်းသွားသည်။

ထို့နောက်တွင် ယောင်ရှန်းဓားဂိုဏ်းမှ ဓားသူတော်စင် က ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ ပြိုင်ကွင်း ပေါ်သို့ တက်ရောက်လာသည်။

သူရဲ့ တစ်ကိုယ်လုံးတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး ဝတ်ရုံဖြူဝတ်ဆင်ထားသည့် ဓားနတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားလှသည်။

တစ်ညတာ စဉ်းစားတွေးတောပြီးနောက် သူက ရှုချွမ်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ ဖိအားနှင့် အရိပ်မည်းများကို အပြည့်အဝ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။

ဒီနေ့တွင် အနိုင်အရှုံးကို ပဓာနမထားဘဲ ရှုချွမ်းနှင့် အသေအလဲ တိုက်ပွဲကောင်းတစ်ခု ဆင်နွှဲရန်သာ ဆုံးဖြတ်ထားသည်။

သူ့နောက်တွင် နောက်ထပ်လူတစ်ဦး တက်လာခဲ့သည်။

ထိုလူမှာ တန်ယန်ဂိုဏ်းမှ ဖြစ်ပြီး ကမ္မနယ်ပယ် အဆင့် ၄ ခွန်အားကို ပိုင်ဆိုင်ထားသည်။

တန်ယန်ဂိုဏ်းက ဆေးလုံးဖော်စပ်ခြင်းတွင် ကျော်ကြားသော ဂိုဏ်းတစ်ခုဖြစ်ရာ ယခင် တာအိုဖလှယ် ပွဲများတွင် ၎င်းတို့၏တပည့်များ ထိပ်ဆုံးတစ်ဆယ်အဆင့်အတွင်းပင် မဝင်ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့တပည့်တစ်ဦးက ထိပ်ဆုံးငါးဦးစာရင်းဝင် ဖြစ်လာခဲ့သည်။

ကျန်ရှိသော နှစ်ဦးထဲမှ တစ်ဦးမှာ ထိုက်ရှုမြင့်မြတ်နယ်မြေမှ သူတော်စင်သားတော်ဖြစ်ပြီး ကမ္မနယ်ပယ် အဆင့် ၄ အထွတ်အထိပ် ခွန်အား ရှိသည်။

နောက်ဆုံးတစ်ယောက်မှာမူ ရှုချွမ်းကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားရသည်။

ချွေ့ကျန်းပင်။

သူက သူရဲ့ ကမ္မနယ်ပယ် အစောပိုင်း ကျင့်ကြံမှုအဆင့်မျှဖြင့်သာ အခြားသော ကမ္မနယ်ပယ် သိုင်းပညာရှင်များကို ကျော်ဖြတ်ကာ ထိပ်ဆုံးငါးဦးနေရာကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ယခင်က ရွှေရောင်ရှေးဟောင်းနန်းတော် အတွင်း၌ သူရရှိခဲ့သော အစွမ်းထက်သည့် အမွေအနှစ်ကြောင့် ဖြစ်ပြီး အခုအခါ အခြားသူများထက် ထူးချွန်ထွက်မြက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် လင်းရှောင် နှင့် ကျန်နှစ်ဦးမှာမူ ကွင်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် မကြာမီမှာပင် ရှုံးနိမ့်သွားခဲ့ရသဖြင့် နှမြောစရာပင် ကောင်းလှသည်။

ရှုချွမ်းက ပြိုင်ကွင်း ပေါ်တွင် ရပ်နေရင်း သူတို့လေးဦးကို တိတ်ဆိတ်စွာ ကြည့်ရှုနေပြီး စကားတစ်ခွန်းမျှ မဆိုသေးပေ။

သူ့ရဲ့ အရှေ့တွင် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားပြီး ထိုလူများ၏ အချက်အလက်များက မျက်စိရှေ့ သို့ ရောက်လာသည်။

ယောင်ရှန်းဓားဂိုဏ်းမှ ဓားသူတော်စင်၏ နာမည်မှာ ရွှယ်ဝူချင်းဖြစ်ပြီး တန်ယန်ဂိုဏ်းမှ တပည့်မှာ ချင်ချွမ်း ၊ ထိုက်ရှုမြင့်မြတ်နယ်မြေမှ သူတော်စင်သားတော်မှာ ဝူထျန်းဖြစ်ကြသည်။ အားလုံးမှာ အရှေ့ပိုင်းဒေသ၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။

သူတို့ လေးဦးစလုံး ပြိုင်ကွင်း ထက်သို့ လှမ်းတက်လာသည်နှင့် တပြိုင်နက် ပြိုင် ကွင်းအတွင်းရှိ လေထုမှာ ချက်ချင်း တင်းမာသွားပြီး ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဆင်နွှဲတော့မည့် အသွင်ဆောင်နေသည်။

"ရှုချွမ်း... မင်း အရမ်းသန်မာတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါ လုံးဝ လက်လျှော့အရှုံးပေးမှာ မဟုတ်ဘူး" ရွှယ်ဝူချင်းက တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပထမဆုံး စကားဆိုလိုက်သည်။

"ဂျူနီယာညီလေး ရှု... စော်ကားမိရင် ခွင့်လွှတ်ပါ" ချွေ့ကျန်းကလည်း လေးနက်စွာ ပြောသည်။

ကျန်နှစ်ဦးက စကားမပြောသော်လည်း သူတို့၏ မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပြည့်လျှံနေသည်ကို လူတိုင်း မြင်တွေ့နိုင်သည်။

တစ်ညတာ ကုန်လွန်ပြီးနောက် သူတို့အားလုံး ရှုချွမ်း၏ လွှမ်းမိုးချုပ်ကိုင်မှု အရိပ်အယောင်အောက်မှ ရုန်းထွက်နိုင်ခဲ့ကြပြီ ဖြစ်ရာ သူတို့သည် အရှေ့ပိုင်းဒေသ၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်ဟု ဆိုရပေမည်။

ရှုချွမ်းက သူတို့၏ အမူအရာကိုကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ကဲ... လာခဲ့ကြစမ်းပါ။ မင်းတို့ လေးယောက်လုံး တပြိုင်နက်တည်းသာ ငါ့ဆီ တက်လာခဲ့ကြ။ မင်းတို့ရဲ့ စစ်မှန်တဲ့ ခွန်အားအပြည့်က ဘယ်လောက်ရှိလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

ဤစကားသံ ထွက်ပေါ်လာသည်နှင့် ရင်ပြင် ရှိ လူတိုင်း ချက်ချင်း ဆွံ့အသွားကြသည်။

သူတို့ နားကြားမမှားဘူးမလား။ရှုချွမ်းက ထိပ်တန်းပါရမီရှင် လေးဦးကို တစ်ယောက်တည်း စိန်ခေါ်လိုက်တာလား

ထိုလေးဦးထဲတွင် ကမ္မနယ်ပယ် အဆင့်၅တစ်ဦး၊ အဆင့် ၄ နှစ်ဦးပါဝင်ပြီး ချွေ့ကျန်းက အဆင့်၁မျှသာ ရှိသေးသော်လည်း သူ၏ စစ်မှန်သော ခွန်အားမှာ တတိယ သို့မဟုတ် အဆင့် ၄ သိုင်းပညာရှင်များနှင့် ယှဉ်နိုင်စွမ်း ရှိသည်။

"ဒါက နည်းနည်းတော့ မောက်မာလွန်းရာ မကျဘူးလား"

"ငါ ရှုချွမ်းကို အထင်ကြီးစပြုကာမှပဲ... အခု သူ့စကားကြောင့် အကုန်ပျက်စီးကုန်ပြီ။ ဘယ်လိုလူမျိုးမို့လို့ ဒီလောက်အထိ မောက်မာရဲတာလဲ"

"ဟုတ်တယ်... မနေ့က သူ့ရဲ့ ဓားချက်တစ်ချက်ကို ဘယ်သူမှ မခံနိုင်ခဲ့တာ မှန်ပေမဲ့ သူက နိဗ္ဗာနနယ်ပယ်အဆင့်၂ပဲ ရှိသေးတာကို အဲဒီလို ခွန်အားပါတဲ့ ဓားကွက်မျိုးကို ဘယ်နှစ်ခါလောက် သုံးနိုင်မှာမို့လို့လဲ"

"မှန်တယ်... မနေ့က တိုက်ပွဲပြီးကတည်းက တခြား ပါရမီရှင်တွေလည်း ပြင်ဆင်ထားကြမှာပဲ။ မနေ့ကလို ဓားတစ်ချက်တည်းနဲ့ အပြတ်ဖြတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး"

ရှုချွမ်း၏ စကားကြောင့် ပရိသတ် သိုင်းပညာရှင်များကြားတွင် လှိုင်းထသကဲ့သို့ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။

လူတိုင်းက ရှုချွမ်းတစ်ဦးတည်းနှင့် ပြိုင်ဘက် လေးဦးကို ရင်ဆိုင်နိုင်မည်ဟု မယုံကြည်ကြပေ။

အဘယ်ကြောင့်ဆိုသော် ထိုလေးဦးမှာ သက်ဆိုင်ရာ ဂိုဏ်းအသီးသီး၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြပြီး လူပေါင်းများစွာထဲမှ အခက်အခဲများကို ကျော်ဖြတ်ကာ ထိပ်ဆုံးငါးဦးနေရာကို ရယူထားနိုင်ခြင်း ဖြစ်ရာ သူတို့တွင် ကိုယ်ပိုင် လျှို့ဝှက်စွမ်းရည်များ ရှိကြမည်သာ ဖြစ်သည်။

သို့သော် အခု ရှုချွမ်းက သူတို့ကို တပြိုင်တည်း တက်လာရန် ပြောလိုက်ခြင်းမှာ သူတို့ကို လုံးဝ အရေးမစိုက်သကဲ့သို့ ဖြစ်နေသည်။

ပြိုင်ကွင်း ပေါ်ရှိ လေးဦးသည်လည်း ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားကြပြီး ဒေါသလှိုင်းများ အတွင်းစိတ်၌ မြင့်တက်လာခဲ့သည်။

"မိတ်ဆွေရှုက ဒီလိုတောင်းဆိုလာမှတော့ ကျွန်‌ေတာ်တို့ဘက်ကလည်း မျက်နှာသာ မပေးဘဲ နေလို့မကောင်းတော့ဘူး။ အားလုံး တပြိုင်နက်တည်း တိုက်ခိုက်ကြစို့"

"ကောင်းပြီ"

"ငါ့စိတ်ကူး လည်း အဲဒါပဲ"

"ဂျူနီယာညီလေး ရှု... မင်း... သက်ညှာပါဦး၊ ဒါဆိုရင်တော့ စော်ကားမိရင် ခွင့်လွှတ်ပါတော့"

သူတို့ လေးယောက်လုံး စကားဆိုပြီးနောက် ရှုချွမ်း၏ တောင်းဆိုချက်ကို သဘောတူလိုက်ကြသည်။

ထို့နောက် ရွှယ်ဝူချင်း ဦးဆောင်ကာ လေးဦးစလုံး ရှုချွမ်းကို ချက်ချင်း ဝိုင်းရံလိုက်ကြပြီး တိုက်ခိုက်လိုစိတ်များနှင့် ကျင့်ကြံမှု စွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။

သူတို့အားလုံးက မိမိတို့၏ အမြင့်ဆုံး အထွတ်အထိပ် ခွန်အားများကို ထုတ်ဖော်လိုက်ကြပြီး ရှုချွမ်းကို တစ်ချက်တည်းဖြင့် တိုက်ရိုက် အလဲထိုးရန် ရည်ရွယ်ကာ သူတို့၏ အားအကောင်းဆုံး တိုက်ကွက်များကို သုံး၍ ရှုချွမ်းထံသို့ ပြိုင်တူ စီးနင်းဝင်ရောက်သွားကြတော့သည်။

ထိပ်တန်း ပါရမီရှင် လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကမ္မနယ်ပယ်၏ အစွမ်းကုန် ခွန်အားများကို တွန်းထုတ်ထားခြင်း ဖြစ်သည်။

ထွက်ပေါ်လာသော နတ်ဘုရားစွမ်းရည်များက ကမ္ဘာမြေကို ဖုံးလွှမ်းသွားပြီး နတ်ဘုရားလက်နက်များ ပျံသန်းကာ ဟင်းလင်းပြင်ကြီးတစ်ခုလုံးကိုပင် တဂျိန်းဂျိန်း မြည်ဟည်းသွားစေသည်။

ဤကဲ့သို့ တိုက်ကွက်မျိုးဆိုလျှင် ကမ္မနယ်ပယ် အဆင့်၇ သိုင်းပညာရှင် တစ်ဦးပင်လျှင် နေရာ၌တင် အထိနာပြီး ရှုံးနိမ့်သွားနိုင်ပေသည်။

သို့သော်ငြားလည်း ရှုချွမ်းက စိုးစဉ်းမျှ ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏ မျက်နှာအမူအရာမှာ အလွန်တည်ငြိမ်နေဆဲ ဖြစ်သည်။

သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုကသာ သူ၏ စစ်မှန်သော ခံစားချက်ကို ဖော်ပြနေသည်။

လူလေးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရန် သူ၌ အပြည့်အဝ ယုံကြည်ချက် ရှိနေသည်။

ယနေ့ တာအိုဖလှယ် ပွဲ၏ ပထမနေရာကို သူ မလွဲမသွေ ရယူရမည် ဖြစ်ပြီး ဤနေရာသည် သူ့အတွက်သာ ဖြစ်ရမည်၊ မည်သူမျှ လုယူ၍ ရမည်မဟုတ်ပေ။

ဘုန်း

ဤအတွေးနှင့်အတူ ရှုချွမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးနှင့်ချီ များ ပြင်းထန်စွာ ဆူဝေလာပြီး နေမင်းအစစ်အမှန်မီး‌တောက်များက သူ့ရဲ့ လက်ပေါ်မှ ထွက်ပေါ်လာကာ "အဆတစ်ရာ တိုးမြှင့်ခြင်း" စွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်သည်။

သူ၏ ခွန်အားများ တိုးမြင့်လာသည်နှင့်အမျှ ယခင်က လဝက်လျှင် တစ်ကြိမ်သာ သုံးနိုင်သော ဤစွမ်းရည်သည် ယခုအခါ ပိုမိုမြန်ဆန်စွာ သုံးစွဲနိုင်လာပြီ ဖြစ်သည်။

သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ရာ မိုးတိမ်ပေါင်းများစွာသည် သူ၏ စွမ်းအားကြောင့် ချက်ချင်းပင် လွင့်စင်ကြေမွသွားခဲ့ရသည်။

'သိုင်းတာအို ပါရမီရှင် ' နှင့် 'လူနှင့်ဓား တစ်သားတည်း ကံကြမ္မာ' တို့ကို တစ်ပြိုင်နက် နှိုးဆွလိုက်ပြီး 'မဟာ‌နေနတ်ဘုရားနှင့်နတ်ဆိုးခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်' ကို လည်ပတ်စေလိုက်ရာ သူ၏ နောက်ကျောတွင် စူးရှတောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေသည့် ကြီးကျယ်ခမ်းနားလှသော နေမင်းကြီးတစ်စင်း ပေါ်ထွက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် သူက လက်ထဲမှ ဓားကို အထက်သို့ မြှောက်လိုက်သည်။

ခရက်

ဟင်းလင်းပြင်ကြီးတစ်ခုလုံးက ဤကြီးမားလှသော ဖိအားအောက်တွင် အက်ကွဲသံများ မြည်ဟည်းသွားပြီး ခံနိုင်ရည်မရှိတော့ဘဲ လေးလံလှသော ဖိအားများက ရင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

လူတိုင်းက ကောင်းကင်ကြီး ပြိုကျတော့မည့်အလား လေးလံထိုင်းမှိုင်းသော ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။

ဤဓားချက်သည် မနေ့က ဓားချက်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလှသည်။

"ခုတ်ပိုင်းလိုက်စမ်း"

အော်ဟစ်သံတစ်ချက်နှင့်အတူ ရှုချွမ်းက သူ၏ ပြိုင်ဘက်ကင်းလှသော ဓားချက်ကို အားကုန်လွှဲ၍ ခုတ်ချလိုက်တော့သည်။

All Chapters