အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄) ပထမ ရခြင်း
ရှုချွမ်းက ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ကြောက်မက်ဖွယ်ကောင်းပြီး ဖော်ပြ၍မရနိုင်လောက်အောင် အစွမ်းထက်လှသော ဓားချီ များက ကောင်းကင်ပြင်ကြီးကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ ပြင်းထန်စွာ ခုတ်ထစ်ဆင်းလာခဲ့သည်။
ဘုန်း
ချက်ချင်းပင် ဤပြိုင်ဘက်ကင်း ဓားချက်က ပါရမီရှင် လေးဦး၏ နတ်ဘုရားလက်နက်များနှင့် ထိပ်တိုက် ရောယှက်သွားပြီး ရင်ပြင်တစ်ခုလုံးတွင် ကျယ်လောင်ဆူညံလှသော ပေါက်ကွဲသံကြီးများ စဉ်ဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ယံထက်တွင်မူ တောက်ပလှသော မီးရှူးမီးပန်းများ ပေါက်ကွဲထွက်လာသကဲ့သို့ စွမ်းအားအလင်းတန်းများ အရပ်မျက်နှာအနှံ့ ဖျာထွက်သွားပြီး ပြိုင်ကွင်း ထက်မှ အကာအကွယ် အပိုင်းအစများမှာလည်း လွင့်စင်ပြုတ်ကျလာခဲ့သည်။
ဤဓားတစ်ချက်တည်း၏ တိုက်ခိုက်မှုက ထိုလေးယောက်စလုံး၏ နတ်ဘုရားလက်နက်များကို တိုက်ရိုက် ကျိုးပဲ့ပျက်စီးသွားစေခဲ့သည်။
ထို့နောက် ချက်ချင်းပင် ဓားချက်၏ ကျန်ရှိသော စွမ်းအားများသည် သူတို့နောက်ထပ် ထုတ်ဖော်လိုက်သည့် နတ်ဘုရားစွမ်းရည်လျှို့ဝှက်ကျင့်စဉ် များနှင့် ထိပ်တိုက် တိုးသွားပြန်သည်။
ဒီတစ်ကြိမ်တွင်မူ ပိုမိုတောက်ပလွန်းသော နတ်ဘုရားအလင်းတန်းများ အစွန်းအထင်းအထိ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသော အသက်စွမ်းအားများက ပတ်ဝန်းကျင်ကို အဆက်မပြတ် လွှမ်းမိုးရိုက်ခတ်သွားခဲ့သည်။
အကယ်၍ ပြိုင်ကွင်းကို ကာကွယ်ပေးထားသည့် အစွမ်းထက် အစီအရင် သာ မရှိခဲ့လျှင ပြိုင် ကွင်းအပြင် ရှိ သိုင်းပညာရှင်များ၏ ခုလက်ရှိအခြေအနေမှာ အသက်အန္တရာယ်နှင့်ပင် ကြုံတွေ့နေရလောက်ပြီ ဖြစ်သည်။
သို့သော်လည်း သူတို့၏ ခုခံမှု တိုက်ခိုက်မှုများအားလုံး ပျက်ပြယ်သွားခဲ့ရသည်။
ဤဓားချက်၏ ကြာရှည်ခံသော ခွန်အားက လူလေးဦးထံသို့ အပြည့်အဝ သက်ရောက်သွားလေရာ ထိုလေးယောက်စလုံး ၏ စိတ်နှလုံးထဲတွင် ချက်ချင်းပင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်မှုများ ဒွန်တွဲပြည့်နှက်သွားကြတော့သည်။
သေခြင်းတရား၏ ပြင်းထန်သော ခြိမ်းခြောက်မှုအောက်တွင် သူတို့အားလုံးသည် မိမိတို့၏ လျှို့ဝှက် အကာအကွယ် ရတနာပစ္စည်းများကို အလုအယက် ထုတ်ယူကာ ကျန်ရှိနေသော တိုက်ခိုက်မှုလှိုင်းကို တားဆီးရန် အစွမ်းကုန် ကြိုးစားကြသည်။
ဒါပေမဲ့ ရှုချွမ်း၏ ဓားချက်ကို ဒီလောက်လွယ်လွယ်ကူကူနှင့် ပိတ်ဆို့နိုင်ပါ့မလား။
ဓားချက်က သူသိရှိနားလည်ထားသော သိုင်းတာအို အနှစ်သာရ အားလုံးနီးပါးကို ပေါင်းစပ်ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။
ဓားချက်က တကယ်ပဲ ဘယ်လောက်အထိ သန်မာ သွားလဲဆိုသည်ကို သူကိုယ်တိုင်တောင်မှ အပြည့်အဝ မခန့်မှန်းနိုင်ခဲ့ပေ။
ဘုန်း
ဓားချီလှိုင်းက အကာအကွယ်များကို ရိုက်ခတ်မိသွားပြီးနောက် ထိုအကာအကွယ် များသည် ဖန်ခွက်တစ်ခုကဲ့သို့ ချက်ချင်းပင် အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားတော့သည်။
"ငါ့အတွက် ပိတ်ဆို့ထားစမ်း"
ရွှယ်ဝူချင်းက ဒေါသတကြီး အော်ဟစ် လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အသက်စွမ်းအားများကို ရူးသွပ်စွာ ပေါက်ကွဲထုတ်ဖော်က ဓားချက်ကို တားဆီးရန်သာ အာရုံစိုက်လိုက်သည်။
ဒီအခိုက်အတန့်ကျမှပဲ သူနှင့် ရှုချွမ်း ကြားရှိ ကြီးမားလှသော ကွာဟချက်ကို နောက်ဆုံးတော့ နားလည်သွားခဲ့ရပြီ ဖြစ်သည်။
ပါရမီရှင်တစ်ဦးဖြစ်သည့် ရှုချွမ်းက ဘာကြောင့် ဤမျှအထိ ကောင်းကင်တုန်လောက်အောင် သန်မာ နေရသနည်းဆိုသည်ကို သူ လုံးဝ နားမလည်နိုင်တော့ပေ။
အံ့အားသင့်စရာကောင်းလောက်အောင်နှင့် ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာအထိ သန်မာ လွန်းလှသည်။
သူက ဘဝတစ်လျှောက်တွင် ဤကဲ့သို့သောလူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ရှုချွမ်းက မွေးရာပါ အမြင့်ဆုံး သိုင်းတာအိုပညာရှင်တစ်ယောက်ကဲ့သို့ပင်... ၎င်းတို့၏ တစ်ခေတ်တစ်ဆက် မျိုးဆက်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။
သူတို့လေးဦးက ဓားချက်၏ ဒဏ်ကို ခုခံရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင် အလွန်တောက်ပသော နတ်ဘုရားစွမ်းအားကို သယ်ဆောင်လာသည့် ဓားလှိုင်းက လူလေးယောက်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။
ခဏလေးအတွင်းမှာပင်...
လေးယောက်စလုံး လတ်ဆတ်သော သွေးများကို ပါးစပ်အပြည့် အန်ထုတ်လိုက်ကြရပြီး သူတို့၏ အစွမ်းထက်လှသော ကမ္မနယ်ပယ် ခန္ဓာကိုယ်များပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာကာ ကြွေရုပ်လေးများကဲ့သို့ တစ်ချက်ထိရုံဖြင့် ကွဲကြေသွားတော့မည့် အနေအထားသို့ ရောက်ရှိသွားသည်။
ဝှစ်
ဓားချက်၏ စွမ်းအားလှိုင်းများ ပြီးဆုံးသွားသောအခါ ထိုပါရမီရှင်များမှာ မြေပြင်ပေါ်တွင် ဝပ်စင်းလဲလျောင်းနေကြပြီး ပြင်းထန်စွာ ဒဏ်ရာရရှိနေကြပြီဖြစ်သည်။
ဤအချိန်တွင် ရှုချွမ်းက နောက်ထပ် ဓားချက်တစ်ချက်သာ ထပ်မံပစ်ထုတ်လိုက်မည်ဆိုလျှင် သူတို့လေးယောက်စလုံး ပြိုင် ကွင်းထဲတွင် သေချာပေါက် အသက်ပျောက်သွားကြမည် ဖြစ်သည်။
နောက်ဆုံးရလဒ်က လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ထင်ရှားစွာ ပေါ်လာသောအခါ ပြိုင်ကွင်း အောက်မှ ကြည့်နေကြသည့် သာမန် သိုင်းပညာရှင်များ ဖြစ်စေ မြင့်မားသော စင်မြင့်ထက်မှ စောင့်ကြည့်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ အစွမ်းထက် ပုဂ္ဂိုလ် ကြီးများ ဖြစ်စေ အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး မျက်နှာများတွင် အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
"ဒါ... ကောင်းကင်ကနေ ဆင်းသက်လာတဲ့ ဒီဓားကျင့်စဉ် က ဘယ်လိုဓားကျင့်စဉ် မျိုးလဲ..."
"ဒီဓားချက်ရဲ့ ခွန်အားက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်မလား"
"ဒီလိုဆိုရင်... ကမ္မနယ်ပယ် အဆင့် ၉ ကျွမ်းကျင်သူတစ်ယောက် တောင်မှ ဒါကို အလွယ်တကူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
"လုံးဝကို မကြားဖူးဘူး၊ အံ့သြစရာပဲ"
"သူ တကယ်ပဲ လုပ်ပြသွားခဲ့ပြီ ထိပ်တန်း ပါရမီရှင် လေးယောက်ကို တစ်ယောက်တည်းနဲ့ အပြတ်အသတ် တိုက်ခိုက်အနိုင်ယူခဲ့ပြီ"
"ဓားတစ်ချက်တည်း... ဓားတစ်ချက်တည်းပဲနော်၊ သူက ဘယ်လောက်တောင် သန်မာ လိုက်လဲ။ သူ့ရဲ့ခွန်အားက ဘာလို့ အဆုံးမရှိသလို ခံစားနေရတာလဲ"
လူတိုင်းက မသိစိတ်မှနေ၍ အာမေဍိတ်သံများဖြင့် ဟစ်အော်လိုက်ကြသည်။ အံ့အားသင့်မှု၊ ကြောက်ရွံ့မှု၊ မယုံကြည်နိုင်မှုများနှင့် မှင်တက်မိခြင်းများသည် သူတို့၏ မျက်နှာများတွင် ထင်ရှားစွာ ပေါ်လွင်နေသည်။
ပြိုင်ဘက်က ဘယ်လောက်ပဲ သန်မာ ပါစေ၊ပြိုင်ဘက်တွေ ဘယ်လောက်ပဲ များပြားနေပါစေ၊ သူက ဓားချက် တစ်ကြိမ်တည်းကိုသာ အမြဲတမ်း ပစ်လွှတ်ခဲ့သည်။
သူ၏ ဓားတစ်ချက်ထိုးပြီးနောက်တွင် ရန်သူကသေမလား၊ သို့မဟုတ် အပြတ်အသတ် ရှုံးနိမ့်သွားမလား ဆိုသည်သာ ရှိပြီး တခြားဖြစ်နိုင်ခြေ လုံးဝမရှိချေ။
ရွှေရောင် ရှေးဟောင်းနန်းတော်မှာလည်း ဒီလိုမျိုး ဖြစ်ခဲ့သည်။
မီးတောင်ကြား တွင်လည်း ဤကဲ့သို့ပင် ဖြစ်ခဲ့သည်။ ရှောင်ချန် နှင့် ဆက်ဆံရာတွင်လည်း ဤကဲ့သို့ပင် ဖြစ်ခဲ့သည်။
ယခုလည်း ဓားတစ်ချက်တည်းဖြင့် ထိပ်တန်း ပါရမီရှင်လေးဦးမှာ ချက်ချင်းပင် ပြင်းထန်စွာ ဒဏ်ရာရရှိကာ မြေပြင်ပေါ် လဲကျသွားပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားကြရပြီ ဖြစ်သည်။
"မကြုံစဖူးပဲ... ဘယ်တော့မှလည်း ကျော်လွန်နိုင်တော့မှာ မဟုတ်ဘူး"
"သူက သမိုင်းမှာ ပထမဆုံးပဲ"
"နိဗ္ဗာနနယ်ပယ် အဆင့် ၂ ကျင့်ကြံမှုနဲ့တင် သူက ကမ္မနယ်ပယ် ပါရမီရှင် လေးယောက်ကို အပြတ်အသတ် အနိုင်ယူခဲ့တယ်"
"သူသာ ကမ္မနယ်ပယ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားတဲ့အခါ... ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေထဲမှာ ဘယ်သူက သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ဦးမှာလဲ"
"မယုံနိုင်စရာပဲ၊ ဒီနေ့မှာ ငါတို့က ဒီလိုပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ရဲ့ ဖြစ်တည်မှုကို တကယ်ပဲ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခဲ့တာပဲ"
"ဒီပွဲကို လာကြည့်ရတဲ့ ခရီးစဉ်က တန်လိုက်တာ၊ လုံးဝကို တန်လိုက်တာ"
"လူတွေထက် ကျော်လွန်တဲ့လူတွေ အမြဲရှိနေတယ်၊ ကောင်းကင်ဘုံထက် ကျော်လွန်တဲ့ ကောင်းကင်ဘုံတွေ အမြဲရှိနေတယ်ဆိုတဲ့ အခြေခံတရားကို ငါတို့ သိထားရမယ်"
...
ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များထံမှ ချီးကျူးအံ့အားသင့်သည့် အသံများ ဝေေဝဆာဆာ ထွက်ပေါ်လာသည်။
သူတို့က ရှုချွမ်း၏ ရှုံးပွဲမရှိသော ဒဏ္ဍာရီကို ကိုယ်တိုင်မျက်မြင် တွေ့ခဲ့ကြရပြီး မကြုံစဖူး ထူးကဲလှသော စွမ်းဆောင်ချက်ကြီးတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရခြင်း ဖြစ်သည်။
ထို့ပြင် အစောပိုင်းပွဲစဉ်များတွင် ဖယ်ရှားခြင်းခံခဲ့ရသည့် ပါရမီရှင်များ၏ နှလုံးသားထဲတွင်မူ အခုဆိုလျှင် ခံစားချက်များ အလွန်ရှုပ်ထွေးနေကြပြီ ဖြစ်သည်။
အစောပိုင်းကမူ သူတို့က နိဗ္ဗာနနယ်ပယ် အဆင့် ၂ မျှသာရှိသော သိုင်းပညာရှင်တစ်ယောက်ကို မျက်စိထဲပင် ထည့်ရန် ဂရုမစိုက်ခဲ့ကြချေ။
သူတို့၏ အသိစိတ်ထဲတွင် ထိုကဲ့သို့သော ကျင့်ကြံမှုအဆင့်ရှိသည့် သိုင်းပညာရှင်တစ်ဦးက လက်တစ်ချက် လှုပ်ရုံမျှဖြင့် ငြိမ်းသတ်ပစ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်ပြီး အာရုံစိုက်ခံရရန် လုံးဝ မထိုက်တန်ဟု ထင်ခဲ့ကြသည်။
ဒါပေမဲ့ အခုတော့ ရှုချွမ်း၏ ပေါ်ထွက်လာမှုက သူတို့၏ သိနားလည်မှုများကို လုံးဝ ဇောက်ထိုးမိုးမျှော် ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။
သူတို့ ခံစားရသည်မှာ အလွန်အမင်း ရှက်ရွံ့မှုသာ ဖြစ်ပြီး ရှုချွမ်းကို အထင်သေးအရှက်ခွဲခဲ့ကြသည့် သူတို့၏ အစောပိုင်းစကားများအတွက် ရှက်ရွံ့ထိတ်လန့်သွားကြသည်။
"ငါ့တို့အားလုံးက လူသားတွေပဲလေ... သူက ဘာလို့ ဒီလောက်အထိ ခွန်အားကြီးနေရတာလဲ။ ဒါဆို ငါတို့အားလုံးက အမှိုက်တွေပဲလား..."
သူတို့က ဤမေးခွန်း၏ အဖြေကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း သူတို့ ပိုမိုတွေးတောလေလေ ပိုမိုစိတ်ပျက် အားလျော့လာလေလေ ဖြစ်ပြီး ရှုချွမ်းက သူတို့၏ စိတ်နှလုံးအပေါ်တွင် ကြီးမားသော အရိပ်မည်းကြီးတစ်ခု ထပ်မံ၍ လွှမ်းမိုးပေးလိုက်ပြန်သည်။
သို့သော်လည်း ရှုချွမ်းသည် ဤလူများ၏ အတွေးများကို စိုးစဉ်းမျှ ဂရုမစိုက်ခဲ့ပေ။ ထိုအချိန်တွင် သူက ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။
သူက တည်ငြိမ်သော အမူအရာဖြင့် မြေပြင်ပေါ်တွင် ပြန်မထနိုင်ဘဲ လဲလျောင်းနေကြသော လူလေးယောက်ကို ငုံ့ကြည့်ကာ အကြည့်လွှဲလိုက်ပြီး မေးလိုက်သည်။
"ငါ့ ရဲ့ ဓားချက်က ဘယ်လိုလဲ..."
ဤစကားက ရုပ်ပိုင်းဆိုင်ရာအရ သတ်ပစ်သည်ထက် စိတ်ပိုင်းဆိုင်ရာကို ပို၍ နာကျင်စေသည်။
ဒါကို ကြားလိုက်ရသောအခါ သုံးယောက်မှာ သွေးများ နှလုံးထဲသို့ စီးကျလာသလို ခံစားလိုက်ရပြီး နောက်ထပ် သွေးတစ်လုတ်ကို ထပ်မံ၍ အန်ထုတ်လိုက်ကြပြန်သည်။
မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခုနှင့် ရှိနေသူမှာ ချွေ့ကျန်းတစ်ယောက်တည်းသာ ရှိသည်။
အစကတည်းက သူက ရှုချွမ်းနှင့် ယှဉ်နိုင်သူ မဟုတ်ကြောင်း ကောင်းကောင်းကြီး သိထားပြီးသား ဖြစ်သည်။
သူကိုယ်တိုင်မှာမူ ရွှေရောင် ရှေးဟောင်းနန်းတော်ရှိ အမွေအနှစ်ကို အားကိုးခြင်းဖြင့် နိဗ္ဗာနနယ်ပယ်မှ ကမ္မနယ်ပယ်သို့ အချိန်တိုအတွင်း ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် နန်းတော်သခင်၏ စစ်မှန်သော အမွေအနှစ်ကို တိုက်ရိုက်ရရှိခဲ့သည့် ရှုချွမ်းက အမှန်တကယ် မည်မျှအထိ သန်မာ နေမည်ကို မြင်ယောင်ကြည့်နိုင်ပေသည်။
သူ၏ ကျင့်ကြံမှုနယ်ပယ်က အများကြီး တိုးတက်လာပုံမပေါ်သော်လည်း သူ၏ ခွန်အားက ရိုးရှင်းသည်ဟု လုံးဝမဆိုနိုင်ချေ။
သူနှင့် ဝင်ရောက်ယှဉ်ပြိုင်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခံစားကြည့်ချင်ရုံသာ ဖြစ်သည်။
သို့သော် ဤကြုံတွေ့မှုသည် သူစိတ်ကူးထားသည်ထက် လုံးဝကို ကျော်လွန်သွားခဲ့သည်။
ထို့ကြောင့် သူက ခေါင်းကိုခါယမ်းပြီး ခါးသီးစွာ ပြုံးရုံသာ တတ်နိုင်ခဲ့တော့သည်။
"ငါ အရှုံးပေးပါတယ်"
ချွေ့ကျန်းက ပြတ်ပြတ်သားသားပင် လက်နက်ချလိုက်သည်။ သူ့တွင် ဆက်လက်တိုက်ခိုက်ရန် ခွန်အား လုံးဝမရှိတော့ချေ။
သူ လက်နက်ချလိုက်သောအခါ ကျန်ရှိသည့် သုံးယောက်လည်း စိတ်ဓာတ်များ အောက်ခြေသို့ ကျဆင်းသွားပြီး မျက်နှာများ အဆက်မပြတ် ပျက်ယွင်းကာ ရုန်းကန်နေရသည့် အမူအရာများ မျက်နှာပေါ်တွင် ပေါ်လာသည်။
အတော်အတန် တွန့်ဆုတ်နေပြီးနောက်... နောက်ဆုံးတွင် ထိုသုံးယောက်စလုံးသည်လည်း ဤစကားလုံးအနည်းငယ်ကို ခက်ခက်ခဲခဲ ပြောဆိုလိုက်ကြရတော့သည်။
"ငါ လည်း လက်နက်ချပါတယ်"
"လက်နက်ချပါပြီ..."
"ငါ ရှုချွမ်းရဲ့ ခွန်အား ကို လုံးဝကို သဘောကျ ယုံကြည်သွားပါပြီ"
ဤစကားများကို ပြောလိုက်ရသည့်အချိန်တွင် ထိုသုံးယောက်၏ မျက်လုံးထဲရှိ အလင်းရောင်များသည် သိသိသာသာ မှေးမှိန်သွားခဲ့ပြီး သူတို့၏ ကမ္မနယ်ပယ် အော်ရာ များသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ရောက်ရှိနေကြသော သိုင်းပညာရှင်အားလုံးက ဤသုံးယောက်သည် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရကြောင်း ကောင်းကောင်း မြင်နိုင်ကြသည်။
သူတို့၏ သိုင်းတာအို နှလုံးသားသည် ကွဲကြေတော့မည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အနာဂတ်တွင် ရှုချွမ်းက သူတို့အပေါ် ချန်ရစ်ခဲ့သည့် အရိပ်မည်းကြီးကို မကျော်လွှားနိုင်ကြဘူးဆိုလျှင် သူတို့သည် ကမ္မနယ်ပယ်၌သာ တစ်သက်လုံး ရပ်တန့်နေနိုင်ပြီး ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ဘယ်တော့မှ ခြေချနိုင်တော့မည် မဟုတ်ချေ။
ထိုလေးယောက်စလုံး လက်နက်ချလိုက်ခြင်းနှင့်အတူ... ရှုချွမ်းသည် ဤတာအိုဖလှယ် ပွဲတွင် လုံးဝကို ပထမနေရာကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ အငြင်းပွားဖွယ်ရာမရှိသော နံပါတ်တစ် နေရာပင် ဖြစ်၏။
လဲလျောင်းနေသော လူအနည်းငယ်ကို ကြည့်ပြီးရှုချွမ်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ငါ့ လက်နဲ့ အနိုင်ယူခံရတာကို မင်းတို့ရဲ့ ဂုဏ်သိက္ခာလို့ပဲ သတ်မှတ်လိုက်ပါ..."
"အခုကစပြီး ငါဟာ မင်းတို့ မော့ကြည့်အားကျရမယ့် တည်ရှိမှုတစ်ခုပဲ"
"ငါ့ရဲ့ ခြေရာကို လိုက်လျှောက်ဖို့ မင်းတို့ကို အခွင့်အရေး ပေးလိုက်မယ်..."
"မင်းတို့သာ ငါ့ကို လိုက်မီနိုင်ရင်... အဲဒါ တကယ့်ကို အထင်ကြီးစရာပဲ..."
"ဒါပေမဲ့ ဒီနေ့မှာတော့... ဒီတာအိုဖလှယ် ပွဲရဲ့ ပထမနေရာက ငါတစ်ယောက်တည်းအတွက်ပဲ ဖြစ်နိုင်တယ်"
ရှုချွမ်း၏ အသံက အေးဆေးတည်ငြိမ်နေသည်။ ပြောပြီးသည်နှင့် သူက လှည့်၍ ပြိုင် ကွင်းထဲမှ ဖြည်းဖြည်းစွာ ထွက်သွားခဲ့သည်။ ထိုလေးယောက်ကို ကျောခိုင်းလျက် သူ၏ အောင်မြင်မှုများကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့လေသည်။
ဤစကားများသည် အလွန်မာနထောင်လွှားသည်ဟု ထင်ရသော်လည်း... သိုင်းပညာရှင်များနှင့် ပါရမီရှင်များ အားလုံးကမူ ရှုချွမ်းက အရှေ့ပိုင်းဒေသ၏ ထိပ်တန်း ပါရမီရှင် ပလ္လင်ထက်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဝန်ခံလိုက်ကြရတော့သည်။