အခန်း ၁၁၅
Vol. 12 Ch. 115
အခန်း (၁၁၅) အနီရောင်ကံကြမ္မာ၊ ချောက်နက်ဆီသို့ ဦးတည်ခြင်း
ရှုချွမ်းက ပထမနေရာကို ရရှိသွားခြင်းနှင့်အတူ ဤ 'တာအိုဖလှယ် ပွဲ' သည်လည်း တရားဝင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
နောက်ပိုင်းတွင်မူ ရှုချွမ်းက ကျန်ရှိသော ပါရမီရှင် လေးဦးကို ဦးဆောင်ကာ 'ဒေသငါးခု ပြိုင်ပွဲကြီး' သို့ သွားရောက်ဆင်နွှဲရမည် ဖြစ်သည်။
ဤတိုက်ပွဲအပြီးတွင် ရွှီချွမ်၏ ခွန်အားက အရှေ့ပိုင်းဒေသတစ်ခုလုံးသို့ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းကို မှင်တက်မိစေခဲ့သည်။
အရှေ့ပိုင်းဒေသရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ ရှုချွမ်း၏ နိဗ္ဗာနနယ်ပယ် အဆင့် ၂ ကျင့်ကြံမှုအဆင့်က ထိုက်ယိမြင့်မြတ်နယ်မြေ၏ ကိုးဦးမြောက် သူတော်စင်သားတော် နေရာနှင့် ထိုက်တန်ရဲ့လားဟု မေးခွန်းထုတ်ရဲခြင်း လုံးဝမရှိတော့ချေ။
အဘယ်ကြောင့်ဆိုသော်...
ဒီတာအိုဖလှယ် ပွဲတွင် ရှုချွမ်းက သူ၏ ကိုယ်ပိုင်ခွန်အားသက်သက်ဖြင့် ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင် ဝမ်လင်းကို သတ်ပစ်ခဲ့သလို ထျန်းယန်ဂိုဏ်း၏ နံပါတ်တစ် သူတော်စင်သားတော် ရှောင်ချန်ကိုလည်း သတ်ပစ်ခဲ့သည်။
သူတို့နှစ်ဦးစလုံးမှာ ကမ္မနယ်ပယ် အဆင့် ၃ နှင့် ထိုထက်မက မြင့်မားသော ကျင့်ကြံမှုရှိသည့် ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
ထို့နောက် ပထမနေရာလုပွဲတွင်လည်း သူက ပါရမီရှင် လေးဦးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပြီး ကောင်းကင်တုန်လောက်သော ဓားချက်ဖြင့် သူတို့ကို အပြတ်အသတ် ဖိနှိပ်ခြေမှုန်းပြခဲ့သည်။
ဒီမှာ ရောက်ရှိနေကြသော သိုင်းပညာရှင်များ၏ သိုင်းတာအို နှလုံးသားများကို အနာတရဖြစ်စေခဲ့ပြီး သူတို့၏ သိုင်းတာအို အပေါ် ကြီးမားသော အရိပ်မည်းကြီး တစ်ခု လွှမ်းမိုးသွားစေခဲ့သည်။
နောက်ဆုံးတွင်မူ သူက ရဲရဲတောက် ကြေညာချက်တစ်ခုကိုပင် ထုတ်ပြန်ခဲ့ပြီး ရောက်ရှိနေကြသည့် သိုင်းပညာရှင်အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ထိုကြေညာချက်က အလွန်ပင် စိုးမိုးလွန်းလှသည်။ ရှုချွမ်းက သူ၏ ခေတ်တစ်ခတ်ရဲ့ မျိုးဆက်တစ်ခုလုံးကို အမှန်တကယ် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ပြိုင်ဘက်ကင်းတဲ့ အပြုအမူ နဲ့ အမြင့်ဆုံး ပါရမီရှင်ပဲ"
"ငါတို့ အရှေ့ပိုင်းဒေသမှာ အမြင့်ဆုံး ဧကရာဇ်အရှင်နယ်ပယ်တစ်ယောက်ပေါ်ထွန်းလာတော့မှာလား..."
"ငါ အစက ရှုချွမ်းဆိုတဲ့ နာမည်ကို ကြားတုန်းက ဘာမှန်းမသိခဲ့ဘူး၊ ဒါပေမဲ့ အခု တစ်ခေါက်ထပ်ကြားရတဲ့အခါမှာတော့ သူ့ရဲ့ ကောင်းကင်ဘုံလို ခွန်အားတွေကို တကယ့်ကို အံ့သြတုန်လှုပ်မိရတယ်"
"ဒီလို အပြိုင်အဆိုင် များလှတဲ့ ခေတ်ကြီးထဲမှာ သူက ရှေ့ဆုံးကနေ ရပ်တည်နေတာပဲ"
"ဒီလိုလူမျိုးကို ကိုယ်တိုင် မြင်တွေ့ခွင့်ရတာ... ဒီဘဝတော့ လာရကျိုးနပ်ပါပြီ"
အရှေ့ပိုင်းဒေသတွင် လူပေါင်းမြောက်မြားစွာက ရှုချွမ်း ဟူသော နာမည်ကို တဖွဖွ ပြောဆိုငြင်းခုံနေကြသည်။
ဤနာမည်က ထိုက်ယိမြင့်မြတ်နယ်မြေ၏ ကြီးမားလှသော လွှမ်းမိုးမှုကြောင့် ပြန့်နှံ့သွားခြင်းမျိုး မဟုတ်တော့ဘဲ ရှုချွမ်း၏ ကိုယ်ပိုင်ခွန်အား သက်သက်ကြောင့်သာ မရေမတွက်နိုင်သော လူများ၏ ချီးကျူးထောက်ခံမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
အရှေ့ပိုင်းဒေသတစ်ခုလုံး ရှုချွမ်း၏ စွမ်းဆောင်ချက်များကြောင့် ဆူညံအုတ်အော်သောင်းနင်း ဖြစ်နေသည့် အချိန်တွင်... ရှုချွမ်းကမူ 'ဝမ်ရှင်း(အဆုံးမရှိ) နန်းတော်' ပေါ်သို့ တက်ရောက်ပြီး မြင့်မြတ်သောနယ်မြေသို့ ပြန်လည်ဦးတည်နေပြီ ဖြစ်သည်။
ပြိုင်ပွဲပြီးဆုံးသည်နှင့် သူတို့က သဲဝါ မြင့်မြတ်နယ်မြေမှ ချက်ချင်း ထွက်ခွာခဲ့ကြသည်။
ဤခရီးစဉ်က ရှုချွမ်း၏ ကျော်စောမှုကို အပြည့်အဝ တည်ဆောက်ပေးနိုင်ခဲ့သော်လည်း... တစ်ဖက်တွင်မူ လူပေါင်းများစွာနှင့် အင်အားစုများစွာကို ရန်ငြိုးဖွဲ့မိသွားစေခဲ့သည်။
ရန်သူ တစ်ဦးစ၊ နှစ်ဦးစဆိုလျှင် ရှုချွမ်းနှင့် သူ၏အဖွဲ့က အလွယ်တကူ ကိုင်တွယ်နိုင်သော်လည်း အကယ်၍ ရန်လိုသောအင်အားစုများ အားလုံးပူးပေါင်းပြီး ဤပြိုင်ဘက်ကင်း ပါရမီရှင် ရှုချွမ်းကို ညှပ်ပူးညှပ်ပိတ် ချေမှုန်းရန် ကြိုးစားလာလျှင် ပြဿနာတက်လာနိုင်သည်။
ထို့ကြောင့် ပွဲပြီးသည်နှင့် စစ်တုလင်း၏ ဦးဆောင်မှုအောက်တွင် သူတို့ ချက်ချင်း ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဝမ်ရှင်းနန်းတော် အတွင်း၌...
ရှုချွမ်းက ကျင့်ကြံခြင်းအခန်းထဲတွင် တင်ပျဉ် ခွေ ထိုင်နေသည်။
ဤတိုက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စွမ်းအား အမြောက်အမြားကို သုံးစွဲခဲ့ရသည်။
သူက သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အခုမှပဲ ပြန်လည်ကုစားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအချိန်မှာပင်... သူ၏ မျက်စိရှေ့ ၌ စနစ် ၏ အသိပေးချက်တစ်ခု ပေါ်လာခဲ့သည်။
【 သင်သည် တာအိုဖလှယ် ပွဲတွင် ပထမနေရာကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပြီး မိမိ၏ ကိုယ်ပိုင်ခွန်အားဖြင့် အရှေ့ပိုင်းဒေသတွင် ကျော်ကြားလာခဲ့သည့်အတွက် 'အလယ်အလတ် ကံကြမ္မာထုတ်ယူခွင့်' အရည်အချင်းတစ်ခုကို ရရှိပါသည်။ ယခုချက်ချင်း ထုတ်ယူလိုပါသလား】
ရှုချွမ်းက မှင်တက်သွားမိသည်။ ဤတာအိုဖလှယ် ပွဲတွင် ပထမရခြင်းက ဤကဲ့သို့သော ဆုလာဘ်မျိုး ရရှိလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ထို့နောက်တွင်မူ ဝမ်းသာအားရမှုများ လျှံတက်လာခဲ့သည်။
ကံကြမ္မာ ထုတ်ယူခွင့် အရည်အချင်းတစ်ခု၊အလယ်အလတ်အဆင့်မျှသာ ဖြစ်သော်လည်း ၎င်းက အလွန်ထူးခြားလှသော ဆုလာဘ်တစ်ခု ဖြစ်သည်မှာ သေချာသည်။
"ဒါက မျှော်လင့်မထားတဲ့ အံ့သြစရာ လက်ဆောင်ပဲ..."
"ကဲ... ဒါဆိုရင်တော့ ထုတ်ယူလိုက်ရုံပေါ့"
ရှုချွမ်းက အသာအယာ ပြုံးလိုက်ပြီး ကံစမ်းမဲစက်ဝိုင်း ကို တိုက်ရိုက် လှည့်လိုက်တော့သည်။
【 ကံကြမ္မာကို ထုတ်ယူနေပါသည်၊ ခေတ္တစောင့်ဆိုင်းပါ 】
အသိပေးချက် စာသား ပေါ်လာသည်။
【 ထုတ်ယူခြင်း ပြီးဆုံးပါပြီ】
【 အနီရောင်ကံကြမ္မာဖြစ်သော 'နိယာမသဟဇာတ' ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်】
【 နိယာမသဟဇာတ - နိယာမများနှင့် သဟဇာတဖြစ်မှု တိုးမြင့်လာမည်၊ တာအိုကို နားလည်သဘောပေါက်ရန် ပိုမိုလွယ်ကူလာမည်၊ နိယာမများကို ကြိုတင်၍ နားလည်သဘောပေါက်နိုင်သဖြင့် ကောင်းကင်ဘုရင်နယ်ပယ် သို့ အဆင့်တက်ရန် ပိုမိုလွယ်ကူစေမည် ဖြစ်သည် 】
အနီရောင် ကံကြမ္မာတစ်ခု။ အလွန်အမင်းကြီး မကောင်းလှသော်လည်း အလွန်အမင်းလည်း မဆိုးလှပေ။
ရှုချွမ်းက ၎င်းကို မနှစ်သက်ခြင်း မရှိပါ၊ ယခင်က ဘာမှမရှိခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင် ယခုအခါ သူ၏ ကံကြမ္မာများက အများကြီး တိုးတက်လာခဲ့ပြီ ဖြစ်သည်။
ထို့ပြင် 'နိယာမသဟဇာတ' ကြောင့် နိယာမ များကို ကြိုတင်နားလည်နိုင်ခြင်းက အပေါ်ယံကြည့်လျှင် ဘာမှမဟုတ်သလို ရှိသော်လည်း ၎င်းက အလွန်အရေးကြီးလှသည်။
သူ၏ ဆရာဖြစ်သူ စစ်တုလင်းကဲ့သို့ပင်... သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ကြာအောင် ရပ်တန့်နေခဲ့သော်လည်း ကောင်းကင်ဘုရင်နယ်ပယ်သို့ မဝင်ရောက်နိုင်ခဲ့ချေ။
ဤသည်မှာ သူ၏ နိယာမများအပေါ် နားလည်သဘောပေါက်မှု မလုံလောက်သေးသောကြောင့် ဖြစ်သည်။
သူ၏ ဓားတာအို နိယာမ များအပေါ် နားလည်မှုက လုံလောက်အောင် နက်ရှိုင်းလာသည့် အခါမှသာ ကောင်းကင်ဘုရင်နယ်ပယ် ပုဂ္ဂိုလ် တစ်ဦးအဖြစ် တစ်ဟုန်ထိုး ရောက်ရှိသွားမည့် အခွင့်အရေးရှိလိမ့်မည်။
နှမြောစရာကောင်းသည်မှာ... ကျန်းယန်တောင်ထိပ်၏ ဆက်ခံသူ တောင်ထိပ်အရှင် အဆက်ဆက်တို့သည် ဤနယ်ပယ်၌သာ ရပ်တန့်သွားခဲ့ကြရသည်။
သူတို့၏ ဘဝတစ်လျှောက်လုံးတွင် ရှေ့ဆက်မတိုးနိုင်ခဲ့ကြသဖြင့် စစ်တုလင်းအတွက်လည်း အတုယူ ကိုးကားစရာ ရှေ့ဆောင်လမ်းပြများ၏ အတွေ့အကြုံ လုံးဝမရှိခဲ့ချေ။
【 ကံကြမ္မာအသစ်ကို တပ်ဆင်ပြီးပါပြီ၊ ကျေးဇူးပြု၍ စစ်ဆေးပါ 】
အသိပေးချက် စာသားအသစ် ပေါ်လာပြန်သည်။ ထိုကံကြမ္မာသည် ရှုချွမ်း၏ ခန္ဓာကိုယ်အတွင်းသို့ အပြည့်အဝ ပေါင်းစပ်သွားခဲ့သည်။
ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုက ရှုချွမ်း၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ရှုချွမ်း ခံစားလိုက်ရသည်မှာ... သူက ဓားတာအိုနှင့် ပတ်သက်သည့် နိယာမ အချို့ကို သေချာစွာ အာရုံခံနိုင်လာခြင်း ဖြစ်သည်။
ယခင်ကကဲ့သို့ မျက်စိဖြင့် မမြင်နိုင် လက်ဖြင့် ကိုင်တွယ်၍ မရသည့် အခြေအနေမျိုး မဟုတ်တော့ဘဲ သူ၏ မျက်စိရှေ့ သို့ ရောက်ရှိနေသကဲ့သို့ပင်။
"တော်တော်ကောင်းတာပဲ"
ရှုချွမ်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက သူ၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
【 နာမည် - ရှုချွမ်း 】
【 နယ်ပယ် - နိဗ္ဗာနနယ်ပယ် အဆင့် ၂ 】
【 ပါရမီ - ပြိုင်ဘက်ကင်း 】
【 ကံကြမ္မာ - ကံကြမ္မာကို ဆန့်ကျင်ခြင်း (ရွှေရောင်)၊ သိုင်းပညာပါရမီရှငမ (ရွှေရောင်)၊ တစ်ချက်ထိုး လူသား(ခရမ်းရောင်)၊ လူနှင့်ဓား တစ်သားတည်း (ခရမ်းရောင်)၊ ဓားဝိညာဉ်မျိုးစေ့ (အနီရောင်)၊ ပြိုင်ဘက်ကင်းပြီး သန့်စင်ခြင်း (အနီရောင်)၊ နိယာမသဟဇာတ (အနီရောင်) 】
【 နတ်ဘုရားစွမ်းရည် -ရွှေကျီးကန်း သက်တန့်အသွင်ပြောင်းလဲခြင်းကျင့်စဥ်၊ နေမင်းအစစ်အမှန်မီးတောက်များ၊ အဆတစ်ရာတိုးပွားခြင်း၊ မူလအစကို ထိုးထွင်းသိမြင်ခြင်း 】
【 ဘဝဇာတ်ညွှန်း - သင့်တွင် ကံကြမ္မာကို ဆန့်ကျင်နိုင်စွမ်း ရှိသဖြင့် အနာဂတ်ကို မြင်တွေ့ရန် ခက်ခဲလှပါသည် 】
【 ဘဝလမ်းကြောင်း - သင့်တွင် ကံကြမ္မာကို ဆန့်ကျင်နိုင်စွမ်း ရှိသဖြင့် အတိတ်နှင့် အနာဂတ်ကို စုံစမ်း၍ မရနိုင်ပါ 】
【 အခွင့်အရေး - သင့်တွင် ကံကြမ္မာကို ဆန့်ကျင်နိုင်စွမ်း ရှိသဖြင့် အတိတ်နှင့် အနာဂတ်ကို စုံစမ်း၍ မရနိုင်ပါ 】
...
"ဒီတာအိုဖလှယ် ပွဲမှာ ပထမရပြီးပြီဆိုတော့ ခဏတဖြုတ်တော့ ဘာမှလုပ်စရာ သိပ်မရှိတော့ဘူး"
"ဒါနဲ့ ... အရင်က ရှောင်ချန်ဆီကနေ ငါရထားတဲ့ အခွင့်အရေးတစ်ခု ရှိသေးတယ်၊ ဒီတစ်ခေါက်တော့ ထျန်းယွမ်နယ်မြေဆီကို သွားပြီး တစ်ချက်လောက် ကြည့်ရမယ်"
"ထျန်းယွမ်နယ်မြေက မဟာဝေမင်းဆက် နဲ့ သိပ်မဝေးလှဘူး။ အခွင့်အရေးကို ရပြီးရင် မဟာဝေ မြို့တော်ဆီ သွားပြီး နင်ယို့ချီ ကိုပါ ဝင်တွေ့လို့ရတာပေါ့"
ရှုချွမ်းက သူ့ဘာသာ တွေးတောနေလိုက်သည်။
ဤနေရာမှ ထျန်းယွမ်နယ်မြေ ဆီသို့ သွားရန် လဝက်ခန့် ကြာမြင့်မည် ဖြစ်သည်။
အဲ့အချိန်က ဧကရာဇ်အရှင်မူလ ပေါ်ထွက်လာမည့် အချိန်နှင့် ကွက်တိပင် ဖြစ်လိမ့်မည်။
"ကဲ... ဒါဆိုရင်တော့ ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ"
စိတ်ပိုင်းဖြတ်ပြီးနောက် ရှုချွမ်းက စစ်တုလင်း၏ အခန်းဆီသို့ လျှောက်လှမ်းခဲ့သည်။
"ဆရာ... တပည့် တွေ့ ခွင့် တောင်းခံပါတယ်"
စစ်တုလင်း၏ အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ရှုချွမ်းက ဦးစွာ ရိုသေစွာ ဦးညွှတ်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
ဤသည်က စစ်တုလင်းကို အနည်းငယ် အံ့အားသင့်သွားစေသည်။
"ဘာကိစ္စလဲ... ပြောစရာရှိတာကို ပြောပါ"
စစ်တုလင်းက ပြုံးလျက် ဆိုလိုက်သည်။ ဤခရီးစဉ်တွင် ရှုချွမ်းက သူ့ကို ကြီးမားသော အံ့အားသင့်မှုကြီး ပေးခဲ့သည်။
ထို့ကြောင့် ရှုချွမ်းကို တပည့်အဖြစ် လက်ခံခဲ့သည့် သူ၏ ဆုံးဖြတ်ချက်အတွက် သူ ပိုမို၍ ဂုဏ်ယူနေမိသည်။
"တပည့်အနေနဲ့ အပြင်ထွက်ပြီး တစ်ယောက်တည်း စွမ်းရည်မြှင့် တိုက်ပွဲအတွေ့အကြုံတွေ သွားရောက်ရှာဖွေချင်ပါတယ်၊ ဆရာ့အနေနဲ့ ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်"
ရှုချွမ်းက ထျန်းယွမ်နယ်မြေသို့ သွား၍ ဧကရာဇ်အရှင်မူလကို ရှာဖွေမည်ဟူသည်ကိုမူ ထည့်မပြောခဲ့ပေ။
ထိုသို့ပြောလျှင် မည်သူမျှ ယုံကြည်မည် မဟုတ်သလို သူ၏ စနစ် ကိုပါ ရိပ်မိသွားစေနိုင်သည့် အန္တရာယ် ရှိသည်။
ထို့ကြောင့် ဤကဲ့သို့သောအရာကို လုံးဝ မလုပ်သင့်ချေ။
ရှုချွမ်း၏ စကားကို ကြားရသောအခါ စစ်တုလင်းက တွေးတောနေသည့် အမူအရာ ပေါ်လာသည်။
ဤနေရာသည် မိုင်ပေါင်းသန်းချီသော ကန္တာရမြေပြင်အပြင်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အကယ်၍ တစ်ယောက်ယောက်က သူတို့ကို ရန်မူချင်လျှင်ပင် လိုက်မီနိုင်တော့မည် မဟုတ်ချေ။
ထို့ပြင် ရှုချွမ်း၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် သာမန်ကာလျှံကာ တံခါးပိတ်ကျင့်ကြံနေရုံမျှဖြင့် သူ့ကို ပိုမိုတိုးတက်အောင် လုပ်ပေးနိုင်တော့မည် မဟုတ်ပေ။
ဆက်ပြောရလျှင် သူ၏ လက်ရှိအစွမ်းဖြင့်ဆိုပါက အရှေ့ပိုင်းဒေသတွင် သူက မည်သည့်အန္တရာယ်နှင့်မျှ ကြုံတွေ့ရရန် အကြောင်းမရှိသလောက်ပင်။ ထို့အပြင် ရှုချွမ်းမှာ သူပေးထားသော အသက်ကယ် လျှို့ဝှက်ချက် များလည်း ရှိနေသေးသည်။
ခဏမျှ တွေးတောပြီးနောက် စစ်တုလင်းက ရှုချွမ်း၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။
"မင်းမှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိနေမှတော့ ငါလည်း မတားတော့ပါဘူး"
"ဒါပေမဲ့... တစ်ယောက်တည်း စွန့်စားတဲ့အခါ ဘေးကင်းလုံခြုံရေးက ပထမဆုံးပဲ"
"ကဲ... သွားတော့"
"နောက်တစ်နှစ်မှာ ကျင်းပမည့် ဒေသငါးခု ပြိုင်ပွဲကြီးအတွက် အချိန်မှန် ပြန်လာဖို့ မမေ့နဲ့ဦး"
စစ်တုလင်းက မှာကြားလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာ့ရဲ့ သွန်သင်ချက်တွေကို တပည့် အမြဲ နှလုံးသွင်းထားပါ့မယ်"
ရှုချွမ်းက ရိုသေစွာ ဆိုလိုက်သည်။ ထို့နောက် သူက ဦးညွှတ်နှုတ်ဆက်ကာ အခန်းထဲမှ ထွက်ခွာခဲ့သည်။
သင့်တော်သော အခွင့်အရေးကို ကြည့်ပြီးနောက် ရှုချွမ်းက သင်္ဘောပျံ ကြီးပေါ်မှ အောက်သို့ ပျံသန်းဆင်းသက်ခဲ့သည်။
သင်္ဘောပျံကြီး ဖြည်းည်းစွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှုချွမ်းက တွန့်ဆုတ်မနေတော့ဘဲ လှည့်၍ ထျန်းယွမ်နယ်မြေရှိရာ အရပ်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့တော့သည်။