အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆) မူလ၊ ဧကရာဇ်အရှင်
ဧကရာဇ်အရှင်မူလ ဆိုတာ ဘယ်သူမဆိုအတွက် အလွန်အမင်း အရေးကြီးလှသော ရတနာတစ်ပါး ဖြစ်သည်။
အကယ်၍ အထွတ်အထိပ် ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် ပုဂ္ဂိုလ် တစ်ဦးသာ ဧကရာဇ်အရှင်မူလ အချို့နှင့် ပေါင်းစပ်နိုင်ခွင့်ရရှိပါက ၎င်းတို့အနေဖြင့် ဧကရာဇ်အရှင်နယ်ပယ်သို့ အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်မည့် အခွင့်အလမ်းမှာ အဆမတန် မြင့်မားသွားမည် ဖြစ်သည်။
လက်ရှိ ရွှမ်ထျန်းတိုက်ကြီးတွင် အထွတ်အထိပ် ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ်က အသန်မာဆုံးသော ကျင့်ကြံမှုနယ်ပယ် ဖြစ်နေသည်။
ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်နေရသည့် အကြောင်းရင်းမှာ ပထမဦးစွာ... တစ်စုံတစ်ဦးက ဧကရာဇ်အရှင်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း သေဆုံးသွားတတ်ခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာမူ သိုင်းပညာရှင် များစွာ ကျင့်ကြံရန်အတွက် ထောက်ပံ့ပေးနိုင်မည့် ဧကရာဇ်အရှင်မူလ စွမ်းအား လွန်စွာ နည်းပါးလွန်းလှခြင်းကြောင့် ဖြစ်သည်။
ဤအကြောင်းရင်း နှစ်ရပ်ကြောင့်ပင် ရွှမ်ထျန်းတိုက်ကြီးတွင် ဧကရာဇ်အရှင်နယ်ပယ်ဟူ၍ ပေါ်ထွန်းမလာတော့သည့် အခြေအနေသို့ ဆိုက်ရောက်နေရခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ရှုချွမ်းက ဧကရာဇ်အရှင်မူလ အစွမ်း အစုအဝေးကို ရရှိရန် စိတ်ပိုင်းဖြတ်ထားခြင်းဖြစ်ပြီး ၎င်းကို လုယူရန် ဝံ့ရဲသူမှန်သမျှသည် သူ၏ရန်သူ ဖြစ်လာပေလိမ့်မည်။
...
လဝက်ခန့် ကြာပြီးနောက်တွင် ရှုချွမ်းကနောက်ဆုံး၌ 'ကောင်းကင်ချောက်နက် ' တည်ရှိရာနေရာသို့ ဆိုက်ရောက်လာခဲ့သည်။
ဤကောင်းကင်ချောက်နက်က တစ်ချိန်က ရွှမ်ထျန်းတိုက်ကြီးပေါ်ရှိ ရှေးဟောင်းမြေပြင် တစ်ခု ဖြစ်ခဲ့ဖူးသည်။
ကောင်းကင်ချောက်နက်အတွင်းပိုင်းက အဆုံးမရှိ နက်ရှိုင်းလှပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အဆိပ်ငွေ့မြူများ အမြဲတမ်း ဖုံးလွှမ်းနေကာ လူသူအရောက်အပေါက် လွန်စွာ နည်းပါးလှသည်။
၎င်းသည် မည်မျှကြာအောင် တည်ရှိနေခဲ့သည်ကို မည်သူမျှ မသိရှိကြဘဲ အရှေ့ပိုင်းဒေသရှိ လူများက ၎င်းကို 'ကောင်းကင်ချောက်နက် တားမြစ်နယ်မြေ' ဟု ခေါ်ဆိုကြသည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ကြီးမားလှသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာများ တည်ရှိနေသောကြောင့် ဖြစ်၏။
အတိတ်သမိုင်းအရ ဤအောက်ခြေမမြင်ရသော ကောင်းကင်ချောက်နက်ကြီးက ဧကရာဇ်အရှင်နယ်ပယ် သိုင်ပညာရှင် တစ်ဦးက ဓားတစ်ချက်တည်းဖြင့် ဖန်တီးခြင်း ခံခဲ့ရသည်ဟု ဆိုကြသည်။
ဤကဲ့သို့သော စွမ်းအားမျိုးကို တွေးတောမိရုံမျှဖြင့် ရှုချွမ်း၏ စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်မိရသည်။
ဒါက သူ၏စိတ်ကို ပိုမိုခိုင်မာစေခဲ့ပြီး ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင် တစ်ဦး သေချာပေါက် ဖြစ်လာစေရမည်ဟု ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ရောက်ရှိလာသည်နှင့် ချက်ချင်းပင် ရှုချွမ်းက ကောင်းကင်ချောက်နက်အတွင်းသို့ ဝင်ရောက်ခဲ့သည်။
ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှုချွမ်းကကြောက်မက်ဖွယ်ကောင်းလှသော ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးတစ်ခုကို မြင်လိုက်ရပြီး ၎င်းအတွင်းမှ အဆုံးမရှိသော ဟင်းလင်းပြင် မုန်တိုင်းများ တိုက်ခတ်ထွက်ပေါ်နေသည်မှာ လွန်စွာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသည်။
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦးပင် ဖြစ်ပါစေဦးတော့... အကယ်၍ ဤမုန်တိုင်းနှင့် အနည်းငယ်မျှ ထိမိရုံဖြင့် အရေပြားတစ်လွှာ ကွာကျသွားနိုင်သည်။
ဤသည်ကပင် ဤနေရာ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ဖော်ပြနေခြင်း ဖြစ်သည်။
အကယ်၍ အခြား သာမန် နိဗ္ဗာနနယ်ပယ် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်ပါက ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဤဟင်းလင်းပြင် မုန်တိုင်း၏ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။
သို့သော်လည်း ရှုချွမ်းကမူ လုံးဝ ကြောက်ရွံ့ခြင်းမရှိချေ။
သူသည် 'မဟာနေနတ်ဘုရားနှင့်နတ်ဆိုးခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်' ကို ကျင့်ကြံထားခြင်းကြောင့် သူ၏ 'နေမင်းသူတော်စင်ခန္ဓာကိုယ်' မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာနေပြီးဖြစ်ရာ ဤဟင်းလင်းပြင် မုန်တိုင်းက သူ့ကို စိုးစဉ်းမျှ ဒဏ်ရာမပေးနိုင်ချေ။
ထို့ပြင် တစ်ဖက်တွင်လည်း 'ရွှေရောင် ရှေးဟောင်းနန်းတော်' တည်ရှိနေသဖြင့် အကယ်၍ ပိုမိုပြင်းထန်သော ဟင်းလင်းပြင် ပြိုကွဲမှုများနှင့် ကြုံတွေ့ရလျှင်ပင် သူသည် ဒဏ်ရာအနာတရမရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်စွမ်း ရှိသည်။
ဤသည်ကပင် ရှုချွမ်းအား ဒီလောက်အထိ ယုံကြည်မှု ရှိစေသည့် အကြောင်းရင်း ဖြစ်သည်။
ကောင်းကင်ချောက်နက်အောက်သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းဆင်းသက်လာခဲ့ရာ နေ့ တစ် ဝက်ခန့် ကြာပြီးနောက်တွင် ရှုချွမ်းက ကောင်းကင်ချောက်နက်၏ အောက်ခြေအကျဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် အဆုံးမရှိသော မိုးကြိုး များ တဖျတ်ဖျတ် လက်လျက်ရှိပြီး ဟင်းလင်းပြင် အစိတ်အပိုင်းအတော်များများမှာလည်း အဆက်မပြတ် ပြိုကွဲပျက်စီးနေသည်။
ဤကဲ့သို့သော နေရာမျိုးတွင် ကောင်းကင်ဘုရင်နယ်ပယ် သိုင်းပညာရှင် တစ်ဦးပင် ဖြစ်ပါစေဦးတော့... သေဘေးနှင့် ရင်ဆိုင်ရနိုင်သည်။
အနည်းငယ်မျှ သတိလွတ်သွားရုံဖြင့် ဟင်းလင်းပြင်၏ ဖရိုဖရဲ စွမ်းအားများအတွင်းသို့ ကျသွား ပြီး တိုက်ရိုက် ဝါးမြိုခြင်း ခံရပေလိမ့်မည်။
နောက်ဆုံးတွင် ရှုချွမ်းက မတတ်သာသည့်အဆုံး ရွှေရောင် ရှေးဟောင်းနန်းတော်ကို ဆင့်ခေါ်လိုက်ရတော့သည်။
သူက စတုတ္ထအဆင့် ဧကရာဇ်လက်နက် ကို သူ၏ ဦးခေါင်းထက်တွင် ဝဲပျံစေလျက် မိမိ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ထားလိုက်သည်။
စတုတ္ထအဆင့် ဧကရာဇ်လက်နက်ဟူသော အမည်နှင့်အညီ တကယ့်ကို ထိုက်တန်လှသည်ဟု ဆိုရမည်။
အဆုံးမရှိသော မိုးကြိုး များနှင့် ဆက်တိုက် ပေါ်ထွက်နေသည့် ဟင်းလင်းပြင် ပြိုကွဲမှုများသည် ရှုချွမ်း၏အနားသို့ ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် ရွှေရောင် ရှေးဟောင်းနန်းတော်၏ စွမ်းအားကြောင့် ချက်ချင်းပင် နတ္ထိ အဖြစ်သို့ ပြောင်းလဲပျက်ပြယ်သွားကြရသည်။
ရှုချွမ်းက ကောင်းကင်ချောက်နက်၏ အောက်ခြေတွင် နိယာမများအားလုံး သူ့ကို မကျူးကျော်နိုင်တော့သကဲ့သို့ ဘေးကင်းလုံခြုံစွာ လျှောက်လှမ်းနေခဲ့သည်။
သူ အကြာကြီး လျှောက်လှမ်းခြင်း မပြုရသေးမီမှာပင်... ရှုချွမ်းက အလွန် တည်ငြိမ်လှသော ဟင်းလင်းပြင် ဝဲကတော့တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
၎င်းဝဲကတော့အတွင်းမှနေ၍ အားကောင်းလှသော ကောင်းကင်နှင့် မြေကြီး မူလချီများ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်ရှိ ပျက်စီးခြင်း စွမ်းအားများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
"ဧကရာဇ်အရှင်မူလ က ဒီထဲမှာ ရှိနေတာ ဖြစ်ရမယ်..."
ရှုချွမ်းက စိတ်ထဲတွင် အနည်းငယ် မရေမရာ ဖြစ်နေမိသည်။
သို့သော်လည်း ရွှေရောင် ရှေးဟောင်းနန်းတော်၏ အကာအကွယ်ကို အားကိုးလျက် သူက ဝဲကတော့အတွင်းသို့ ပြတ်ပြတ်သားသားပင် ခြေလှမ်းလှမ်း ဝင်ရောက်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုချွမ်းက လျှို့ဝှက်နယ်မြေ တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။
သူ မြင်လိုက်ရသည်မှာ မိုးကြိုး မုန်တိုင်းပင်လယ်ကြီး တစ်ခုဖြစ်ပြီး ၎င်းအတွင်း၌ အဆုံးမရှိသော မိုးကြိုး များ ပြည့်နှက်နေကာ ထိုမိုးကြိုး များ၏ ဗဟိုချက်တည့်တည့်တွင်မူ အရိုးစုတစ်ခု ဝဲပျံနေခဲ့သည်။ ထို့ပြင် ထိုအရိုးစု၏ ဦးခေါင်းခွံအတွင်း၌မူ ဖြူဖွေးတောက်ပသော အလင်းရောင်များ ဖြာထွက်နေသည့် မူလ အစုအဝေးတစ်ခု ရှိနေလေသည်။
"ဘယ်လိုမှ မလွဲနိုင်ဘူး... အဲဒါက ဧကရာဇ်အရှင်ရဲ့ မူလပဲ ဖြစ်ရမယ်"
ဤနေရာသို့ ရောက်ရှိလာပြီးနောက်တွင် ဟင်းလင်းပြင် မုန်တိုင်းများနှင့် ပြိုကွဲမှုများနှင့် ထပ်မံ၍ မကြုံတွေ့ရတော့သဖြင့် ရှုချွမ်းကရွှေရောင် ရှောင်းဟောင်းနန်းတော်ကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရုပ်သိမ်းလိုက်သည်။
သူ၏ လက်ရှိ ကျင့်ကြံမှုနယ်ပယ်နှင့်ဆိုလျှင် ဤစတုတ္ထအဆင့် ဧကရာဇ်လက်နက်ကို အကြာကြီး အသုံးမပြုနိုင်ချေ၊ စွမ်းအားသုံးစွဲမှုက ပြင်းထန်လွန်းလှသည်။
သို့သော်လည်း ဘေးကင်းစေရန်အတွက် ရှုချွမ်းက နန်းတော်ကမ္ဘာအတွင်း၌ အိပ်မောကျနေသည့် ရွှမ်လျဲ့ကို လှမ်း၍ ဆင့်ခေါ်လိုက်သည်။
"မင်း နောက်ဆုံးတော့ ငါ့ကို သတိရလာပြီပေါ့ ငါ အထဲမှာ အသက်ရှူကျပ်ပြီး သေတော့မလို့"
ရွှမ်လျဲ့က အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် အော်ဟစ်ဆူညံလိုက်တော့သည်။
ဤသည်ကို ရှုချွမ်းက ဘာမှမတတ်နိုင်သလို ဖြစ်နေမိသည်။
ဤအတောအတွင်း သူက မြင့်မြတ်နယ်မြေ၌ တံခါးပိတ် ကျင့်ကြံနေခြင်း သို့မဟုတ် တာအိုဖလှယ် ပွဲသို့ တက်ရောက်နေခြင်း ဖြစ်ပြီး သူ၏ ပတ်ဝန်းကျင်တွင်လည်း ကောင်းကင်ဘုရင်နယ်ပယ် ပုဂ္ဂိုလ် များ အမြဲ ရှိနေခဲ့သည်။
အကယ်၍ သူသာ ရွှမ်လျဲ့ကို အပြင်သို့ ထုတ်လိုက်မည်ဆိုပါက သေချာပေါက် ရိပ်မိသွားကြပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူ၏ထံ၌ ရွှေရောင် ရှေးဟောင်းနန်းတော် ရှိနေသည်ဟူသောအချက် ကွက်ကွက်ကွင်းကွင်း ပေါ်သွားမည်ဖြစ်ပြီး ၎င်းက မရေမတွက်နိုင်သော သိုင်းပညာရှင် များ၏ လောဘဇောကို ဆွဲဆောင်မိသကဲ့သို့ ဖြစ်သွားနိုင်သည်။
ယခု ကောင်းကင်ချောက်နက်၏ အောက်ခြေအကျဆုံးနေရာသို့ ရောက်ရှိလာသည့် အခါမှသာ ရွှမ်လျဲ့ကို အပြင်ထုတ်ရန် အခွင့်အရေး ရရှိခြင်း ဖြစ်သည်။
"မညည်းညူနေနဲ့တော့... ပတ်ပတ်လည်မှာ ဘာအန္တရာယ်ရှိလဲဆိုတာ မြန်မြန် စစ်ဆေးပေးဦး"
"ဘာအန္တရာယ် ရှိရမှာလဲ၊ ဒါက လျှပ်စီးပင်လယ်ကြီးတစ်ခုပဲကို..."
ရွှမ်လျဲ့၏ အသံမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။
ထို့နောက်တွင်မူ ရှုချွမ်းသည် ရွှမ်လျဲ့၏ မျက်လုံးကြီးများ ပြူးကျယ်သွားကာ ရှေ့မှောက်ရှိ အရိုးစုကြီးနှင့် ဖြူဖွေးသော အလင်းရောင်များ ဖြာထွက်နေသည့် မူလ ဆီသို့ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
"ဒါ... ဒါက... ဧကရာဇ်အရှင်မူလ လား..."
ရွှမ်လျဲ့က စကားများ ထစ်အလျက် မေးလိုက်သည်။
သူ၏ လိပ်မျက်လုံးကြီးများအတွင်း၌ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
သူ၏ အထွတ်အထိပ် ကာလများတွင်ပင် ဤကဲ့သို့သောအရာမျိုးကို တစ်ခါမျှ မပိုင်ဆိုင်ဖူးခဲ့ဘဲ ကြားရုံသာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် ဤရတနာနှင့် ဤမျှအထိ နီးကပ်စွာ ရှိနေရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
"အင်း"
ရှုချွမ်းက သူ့ကို အတည်ပြုသည့် အဖြေတစ်ခု ပေးလိုက်သည်။
"ဒါ... ဒါက... ဒါက...
ရွှမ်လျဲ့က အလွန်အမင်း အံ့သြတုန်လှုပ်နေဆဲပင် ဖြစ်သည်။
ရုတ်တရက်... ရှုချွမ်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။
သူ မြင်လိုက်ရသည်မှာ... မိုးကြိုး များ စုစည်းမှုကြောင့် ဖြစ်ပေါ်လာသည့် မိုးကြိုး ပင်လယ်ကြီးအတွင်း၌ ဧကရာဇ်အရှင်၏ အရိုးစုအပြင် လူရိပ်တစ်ခုပါ ဝဲပျံနေခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ထိုဖက်မှ လူရိပ်သည်လည်း ရှုချွမ်း တည်ရှိနေခြင်းကို သတိပြုမိသွားခဲ့သည်။
"နိဗ္ဗာနနယ်ပယ် အဆင့် ၂ မျှသာရှိတဲ့ ပုရွက်ဆိတ်တစ်ကောင်က ဒီနေရာအထိ ရောက်လာနိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး၊ အော်... ပြီးတော့ ကောင်းကင်ဘုရင်နယ်ပယ် အဆင့် ၉ ရှိတဲ့ လိပ်တစ်ကောင်လည်း ပါတာပဲ"
ထိုလူရိပ်က ခေါင်းကို ဖြည်းည်းစွာ လှည့်လာပြီး ရှုချွမ်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်တည်းနှင့်ပင် ရှုချွမ်းအား သန်မာလှသော ရန်သူ တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားသွားစေသည်။
သူ၏ ပခုံးပေါ်ရှိ ရွှမ်လျဲ့သည်လည်း ချက်ချင်းပင် ထိတ်လန့်ဖွယ်ရာတစ်ခုခုကို မြင်လိုက်ရသည့်အလား သူ၏ လိပ်အခွံအတွင်းသို့ တိုးဝင် ပုန်းအောင်းသွားတော့သည်။
သို့သော်လည်း မကြာမီမှာပင် ရှုချွမ်းက ထိုလူမှာ မိုးကြိုး ပင်လယ်မှ ဖြစ်ပေါ်လာသည့် သံကြိုးများဖြင့် ချည်နှောင်ခြင်း ခံထားရပြီး ခြေတစ်လှမ်းမျှပင် မရွေ့လျားနိုင်ကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။ ဤသည်က ရှုချွမ်းကို အနည်းငယ် သက်ပြင်းချနိုင်စေခဲ့သည်။
ချက်ချင်းပင် သူက စနစ်ကို အသုံးပြု၍ ထိုလူ၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
【 နာမည် - ကျင်းရှို့ 】
【 နယ်ပယ် - ဧကရာဇ်အရှင်နယ်ပယ် အဆင့်၁(သေလုမြောပါး အခြေအနေ) 】
【 ပါရမီ - ??? 】
【 ကံကြမ္မာ - ??? 】
【 နတ်ဘုရားစွမ်းရည် - ??? 】
【 ဘဝဇာတ်ညွှန်း - "အနန္တ နတ်ဘုရားကျင့်စဉ် " ၏ ဇာတ်လိုက်အတွက် အခွင့်အရေးပေးမည့် ကလေးငယ် 】
【 ဘဝလမ်းကြောင်း - လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင် တစ်ဦး ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် အခြားသော ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင် တစ်ဦးနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆုံး၌ ၎င်းကို သတ်ပစ်နိုင်ခဲ့သော်လည်း မိမိကိုယ်တိုင်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထိုဧကရာဇ်အရှင်နယ်ပယ် မသေဆုံးမီတွင် ၎င်း၏ ခန္ဓာကိုယ်ကို အဆုံးမရှိသော မိုးကြိုး ပင်လယ်အဖြစ် ပြောင်းလဲကာ သူ့ကို ဤနေရာ၌ အစီအရင်ဖြင့် ပိတ်လှောင်ခဲ့သည်။ နှစ်ပေါင်းသောင်းချီ ကြာပြီးနောက်တွင် သူသည် သေလုမြောပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ရှောင်ချန်က ဤနေရာသို့ မတော်တဆ ဝင်ရောက်လာခဲ့ရာ သူက ခန္ဓာကိုယ်လုယူပြီး ပြန်လည်မွေးဖွားရန် ကြိုးစားခဲ့သော်လည်း မိုးကြိုး ပင်လယ်၏ တန်ပြန်တိုက်ခိုက်မှုကို ခံခဲ့ရသည်။ နောက်ဆုံးတွင် ချူဖန် ဤနေရာသို့ ဝင်ရောက်လာသည့်အခါ သူက ခန္ဓာကိုယ်လုယူရန် ထပ်မံကြိုးစားခဲ့သော်လည်း ချူဖန်၏ ရွှေလက်ချောင်း စွမ်းအားကြောင့် တိုက်ရိုက် ဖိနှိပ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သူ၏ မှတ်ဉာဏ်များအားလုံးမှာလည်း ချူဖန်၏ ဝါးမြိုခြင်းကို ခံခဲ့ရသည်။ 】
...
ကွာဟချက်က ကြီးမားလွန်းလှသဖြင့် ရှုချွမ်းအနေဖြင့် အချက်အလက် အမြောက်အမြားကို မမြင်တွေ့နိုင်ချေ။
သို့သော်လည်း အခြေခံအချက်အလက်အချို့ကိုမူ သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။
မိမိ၏ ရှေ့မှောက်ရှိ လူမှာ အမှန်တကယ်ပင် 'ဧကရာဇ်အရှင်နယ်ပယ် အဆင့် ၁ ' သိုင်းပညာရှင် တစ်ဦး ဖြစ်နေခြင်းက ရှုချွမ်းကို အတော်ပင် ထိတ်လန့်သွားစေသည်။
အ ပြင်ကမ္ဘာရှိ ရွှမ်ထျန်းတိုက်ကြီးတစ်ခုလုံးတွင်မူ ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင် တစ်ဦးမျှပင် မရှိချေ။
သို့သော် ဤနေရာတွင်မူ သေလုမြောပါး အခြေအနေ ဖြစ်နေပါစေဦးတော့... အသက်ရှင်နေသေးသည့် ဧကရာဇ်အရှင်နယ်ပယ်တစ်ပါး ရှိနေခြင်း ဖြစ်သည်။
ထို့အပြင် စနစ်၏ အချက်အလက်များအရ ဤလူသည် ဖြောင့်မတ်သော လမ်းစဉ် မှလူတစ်ဦး လုံးဝမဟုတ်ချေ။
သူက အသက်ရှင်သန်နိုင်ရန်အတွက် ခန္ဓာကိုယ်လုယူခြင်းကို နှစ်ကြိမ်တိုင်တိုင် ကြိုးပစားခဲ့သည်။
နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့သည် ဆိုသော်ငြားလည်း ဤသည်က ရှုချွမ်းအား အလွန်အမင်း သတိကြီးစွာ ထားရှိစေခဲ့သည်။
"မျိုးဆက်သစ်လေး... ဒီကိုလာခဲ့စမ်းပါ၊ ငါ မင်းကို ကြီးမားတဲ့ အခွင့်အရေးတစ်ခု ပေးမယ်"
ဤအခိုက်အတန့်တွင် မိုးကြိုး ပင်လယ်အတွင်းရှိ ကျင်းရှို့က စကားစတင်ပြောဆိုလိုက်ပြီး ရှုချွမ်းအား မိုးကြိုး ပင်လယ်အတွင်းသို့ ဝင်ရောက်လာစေရန် မြှူဆွယ်သိမ်းသွင်းရန် ကြိုးစားလိုက်တော့သည်။