← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း (၁၁၈) ဧကရာဇ်အရှင်ဝိညာဉ်ကို ချေမှုန်းခြင်း၊ မူလကို လက်ဝယ်ရရှိခြင်း

ဘုန်း

ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်က ရှုချွမ်း၏ ခန္ဓာကိုယ်အတွင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့ပြီး ရှုချွမ်း၏ အသိစိတ်ပင်လယ်ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

"သွားပါပြီ..."

ရွှမ်လျဲ့၏ မျက်နှာတစ်ခုလုံး မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

ဧကရာဇ်အရှင်နယ်ပယ်အဆင့် နတ်ဘုရားဝိညာဉ်တစ်ခုက အသိစိတ်ပင်လယ်အတွင်းသို့ တိုက်ရိုက် တိုးဝင်တိုက်ခိုက်ခြင်း ခံရသဖြင့် ရလဒ်က မည်သို့ဖြစ်လာမည်ကို သူ ကြိုတင်ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။

သို့သော်လည်း... လက်တွေ့အခြေအနေမှာ ရွှမ်လျဲ့စိတ်ကူးယဉ်နေသကဲ့သို့ ဖြစ်မလာခဲ့ချေ။

ဤအခိုက်အတန့်တွင်... ရှုချွမ်း၏ စိတ်ဝိညာဉ်ပင်လယ်အတွင်း၌ 'ရွှေရောင် ရှေးဟောင်းနန်းတော်' တစ်ခုသည် သူ၏ အသိစိတ်ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံထားလျက် ကြီးမားလှသော ဖိအားများကို ထုတ်ဖော်နေခဲ့သည်။

ဤနန်းတော်ကြီးက သူ၏ အသိစိတ်ပင်လယ်ကို အခိုင်အမာ ကာကွယ် စောင့်ရှောက်ထားခြင်း ဖြစ်သည်။

စနစ်၏ အချက်အလက်များမှတစ်ဆင့် ရှုချွမ်းက ကျင်းရှို့ လမ်းဆုံးသို့ ရောက်ရှိသွားသည့်အခါ ခန္ဓာကိုယ်လုယူရန် ကြိုးစားလိမ့်မည်ကို အစကတည်းက ကြိုတင်သိရှိထားခဲ့ပြီး ဖြစ်သည်။

သူက ဘာမှမလုပ်ဘဲ နေပါ့မည်လော၊သူက ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်ခဲ့သည့် အခိုက်အတန့်ကတည်းက မိမိကိုယ်ကို ကာကွယ်ရန်အတွက် ရွှေရောင် ရှေးဟောင်းနန်းတော်ကို သူ၏ အသိစိတ်ပင်လယ်အတွင်းသို့ ကြိုတင်ရွှေ့ပြောင်းထားခဲ့ပြီး ဖြစ်သည်။

တိုက်ခိုက်ခြင်းရော ကာကွယ်ခြင်းပါ ပြုလုပ်နိုင်သည့် စတုတ္ထအဆင့် ဧကရာဇ်လက်နက်တစ်ခုအနေဖြင့် ရွှေရောင် ရှေးဟောင်းနန်းတော်တွင် ဤကဲ့သို့ ခန္ဓာကိုယ်လုယူပြီး ပြန်လည်မွေးဖွားရန် ကြိုးစားကြသည့် သန်မာ သော သိုင်းပညာရှင် များကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းဗျူဟာများ သဘာဝအတိုင်း ရှိနေပြီးသား ဖြစ်သည်။

ကျင်းရှို့၏ နတ်ဘုရားဝိညာဉ် တိုးဝင်လာသည့် အခိုက်အတန့်မှာပင် ၎င်းသည် ရွှေရောင် ရှေးဟောင်းနန်းတော်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး လက်တစ်လုံးစာမျှပင် မလှုပ်ရှားနိုင်တော့ချေ။

ထို့အပြင် ရွှေရောင် ရှေးဟောင်းနန်းတော်မှ ထွက်ပေါ်နေသည့် ဧကရာဇ်လက်နက်၏ အော်ရာ က ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်ကို အဆက်မပြတ် တိုက်စားဖျက်ဆီးနေခဲ့သည်။

စတုတ္ထအဆင့် ဧကရာဇ်လက်နက်တစ်ခုဟူသည်မှာ ၎င်းကို အသုံးချ ထိန်းချုပ်မည့် ဧကရာဇ်အရှင်အဆင့် သိုင်းပညာရှင် မရှိသည့်တိုင်အောင် ပထမအဆင့် ဧကရာဇ်အရှင်နယ်ပယ် တစ်ဦးကို ဖိနှိပ်ခြေမှုန်းရန်အတွက် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။ ဆက်ပြောရလျှင် ကျင်းရှို့က မိမိ၏ ခန္ဓာကိုယ်ကို ကိုယ်တိုင် စွန့်လွှတ်ခဲ့ပြီး နတ်ဘုရားဝိညာဉ် သက်သက်ဖြင့် ရှုချွမ်း၏ အသိစိတ်ပင်လယ်အတွင်းသို့ တိုက်ရိုက်တိုးဝင်လာခဲ့ခြင်း မဟုတ်ပါလား။

ဤသည်မှာ ခွေးကို အသားတုံးနှင့် ပေါက်လိုက်သကဲ့သို့ပင်... သွားသာသွားပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့သည့် အခြေအနေ ဖြစ်၏။

"ဒါ... ဒါက ဘာကြီးလဲ"

ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်က အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

ရှုချွမ်း၏ အသိစိတ်ပင်လယ်အတွင်း၌ ဤမျှအထိ သန်မာ လှသော ဧကရာဇ်လက်နက်တစ်ခု ရှိနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။

သူ၏ ထင်မြင်ချက်အရ ရှုချွမ်းက ဤနေရာသို့ ရောက်ရှိလာနိုင်ခြင်းမှာ အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ် လိပ်ကြီးကို လုံးလုံးလျားလျား အားကိုးခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

မိမိကိုယ်တိုင်ကမူ နိဗ္ဗာနနယ်ပယ် အဆင့် ၂ မျှသာရှိသည့် ပုရွက်ဆိတ်တစ်ကောင်မျှသာ။ သူ၏ သန်မာလှသော ခန္ဓာကိုယ်မှလွဲ၍ ကျန်သည့်အရာများတွင် ထူးခြားမှု စိုးစဉ်းမျှ မရှိချေ။

သူကခန္ဓာကိုယ်လုယူရန်အတွက် အကောင်းဆုံး သားကောင် ဖြစ်ခဲ့သည်။

သို့သော် မည်သူက ထင်ထားပါ့မည်နည်း... သူ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှေရောင် ရှေးဟောင်းနန်းတော်၏ ဖိနှိပ်ခြေမှုန်းခြင်းကို ခံလိုက်ရသည်။

စတုတ္ထအဆင့် ဧကရာဇ်လက်နက်၏ အော်ရာ က သူ၏ နတ်ဘုရားဝိညာဉ်ပေါ်သို့ အပြင်းအထန် ဖိနှိပ်ထားသဖြင့် ၎င်းမှာ ကွဲကြေပျက်စီးပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။

ကျင်းရှို့၏ နတ်ဘုရားဝိညာဉ် ဝင်လာသည်နှင့် တစ်ပြိုင်နက် ဖိနှိပ်ခြင်း ခံလိုက်ရသည်ကို မြင်သောအခါ ရှုချွမ်းက သူ၏ နတ်ဘုရားဝိညာဉ်ကို လုံးဝ မှုန့်မှုန့်ညက်ညက် ခြေမှုန်းပစ်ရန်အတွက် ရွှေရောင် ရှေးဟောင်းနန်းတော်၏ စွမ်းအားကို ချက်ချင်း လှုံ့ဆော်လိုက်တော့သည်။

ဤသည်က ဧကရာဇ်အရှင်နယ်ပယ်အဆင့် နတ်ဘုရားဝိညာဉ်တစ်ခု၊ အကယ်၍ သူသာ ၎င်းကို သန့်စင် နိုင်မည်ဆိုပါက သူ၏ 'ဓားဝိညာဉ်မျိုးစေ့'မှာ သေချာပေါက် တစ်ဟုန်ထိုး တိုးတက်လာမည်ဖြစ်ပြီး သူ၏ ဧကရာဇ်အရှင်နယ်ပယ်သို့ အဆင့်တက်လှမ်းနိုင်မည့် အခွင့်အလမ်းမှာလည်း ပိုမိုကြီးမားလာပေလိမ့်မည်။

ရွှေရောင် ရှေးဟောင်းနန်းတော်၏ ကာကွယ်ရေး အစီအရင်မှာ အသက်ဝင်လာခဲ့ပြီး ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်ကို တစ်စစီ အပြတ်အသတ် ဖိခြေကာ ရှုချွမ်း စုပ်ယူနိုင်မည့် သန့်စင်သော နတ်ဘုရားဝိညာဉ် စွမ်းအားများအဖြစ်သို့ အပြည့်အဝ ပြောင်းလဲပစ်လိုက်တော့သည်။

သာမန်သိုင်းပညာရှင်များသာ ဤကဲ့သို့သော အခြေအနေနှင့် ကြုံတွေ့ရပါက မိမိ၏ ခန္ဓာကိုယ်ကို လုယူခံရသည်ကို ရုန်းကန်နိုင်စွမ်းမရှိဘဲ ထိုင်ကြည့်နေရုံသာ တတ်နိုင်ပေလိမ့်မည်။

ရှုချွမ်းကဲ့သို့ ရန်သူ၏ အစွမ်းထက် ပိုမိုလွန်ကဲလှသော ဧကရာဇ်လက်နက်ကို ပိုင်ဆိုင်ထားသူမျိုးသာလျှင် ဤကဲ့သို့သော ဘေးအန္တရာယ်မှ ဘေးကင်းစွာ ရှင်သန်နိုင်ခြင်း ဖြစ်သည်။

ရှုချွမ်းက ရွှေရောင် ရှေးဟောင်းနန်းတော်၏ စွမ်းအားကို လှုံ့ဆော်လိုက်သည့် အခိုက်အတန့်တွင် ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်မှာ လွန်စွာ တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။

ရွှေရောင် ရှေးဟောင်းနန်းတော်မှ ထွက်ပေါ်လာသည့် ဖိအားများက ပိုမို၍ ပြင်းထန်လာခဲ့ပြီး ကာကွယ်ရေး အစီအရင်ကလည်း တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်ဖော်နေခဲ့သည်။

၎င်းတို့မှာ အဆုံးမရှိ ပေါ်ထွက်နေသည့်အလား။ ဤကဲ့သို့သော တိုက်ခိုက်မှုများအောက်တွင် ကျင်းရှို့၏ နတ်ဘုရားဝိညာဉ် ကွဲကြေပျက်စီးသည့် အမြန်နှုန်း မှာ လျှင်မြန်စွာ မြင့်မားလာခဲ့သည်။

နတ်ဘုရားဝိညာဉ်၏ အပိုင်းအစများမှာ အဆက်မပြတ် ကွဲထွက်သွားခဲ့ပြီး ရွှေရောင် ရှေးဟောင်းနန်းတော်၏ သန့်စင်ခြင်းကို ခံလိုက်ရသည်။

ပြေးရမယ်၊သေချာပေါက် ထွက်ပြေးရမယ်။

ဤအခိုက်အတန့်တွင် ကျင်းရှို့၏ စိတ်ထဲ၌ ထွက်ပြေးရန်ဟူသော အတွေးတစ်ခုတည်းသာ ရှိတော့သည်။

နိဗ္ဗာနနယ်ပယ် အဆင့် ၂ သိုင်းပညာရှင်တစ်ယောက်က ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလှသော ဧကရာဇ်လက်နက်ကို မည်သို့ကြောင့် ပိုင်ဆိုင်ထားရသနည်းဟူသည်ကို သူ လုံးဝ နားမလည်နိုင်တော့ချေ။

ဤသည်က လောက၏ သာမန် ကျိုးကြောင်းဆင်ခြင်မှုများကို လုံးဝ ကျူးကျော်ဖောက်ဖျက်နေခဲ့သည်။ သူသည် နောက်ဆုတ်လိုသည့် စိတ်ဆန္ဒများ ပြင်းထန်နေသော်လည်း ရွှေရောင် ရှေးဟောင်းနန်းတော်၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန်မှာမူ ထင်သလောက် မလွယ်ကူလှချေ။

နောက်ဆုံးတွင်မူ သူ၏ နတ်ဘုရားဝိညာဉ် သုံးပုံနှစ်ပုံခန့် ဆုံးရှုံးသွားခဲ့ရပြီးနောက် ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်သည် ရှုချွမ်း၏ အသိစိတ်ပင်လယ်အတွင်းမှ မနည်းရုန်းထွက်ကာ အပြင်ဘက်သို့ ပြန်လည် ထွက်ပေါ်လာခဲ့တော့သည်။

"ထွက်ပြေးချင်တာလား မင်း ပြေးနိုင်ပါ့မလား..."

ရှုချွမ်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် 'သံပူတုန်း ထု ရမည်' ဟူသော နိယာမကို မည်သူထက်မဆို ပိုမိုကောင်းမွန်စွာ နားလည်ထားသူ ဖြစ်သည်။

ယနေ့တွင် ကျင်းရှို့အနေဖြင့် လွတ်မြောက်သွားရန် မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

ဧကရာဇ်အရှင်နယ်ပယ် အဆင့်၁၏ နတ်ဘုရားဝိညာဉ်ကို သတ်ဖြတ်ရမည်ဟူသော အတွေးတစ်ခုတည်းနှင့်ပင် စိတ်လှုပ်ရှားဖွယ် လွန်စွာ ကောင်းလှသည်။

သူ၏ စိတ်အာရုံတစ်ချက်ဖြင့် ရွှေရောင် ရှေးဟောင်းနန်းတော်သည် ရှုချွမ်း၏ အသိစိတ်ပင်လယ်အတွင်းမှ အပြင်သို့ ထွက်ပေါ်လာခဲ့ပြီး စူးရှတောက်ပလှသော နတ်ဘုရားအလင်းတန်းများကို ပေါက်ကွဲထွက်ပေါ်စေလျက် ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်ကို ထပ်မံ၍ ဖိနှိပ်ခြေမှုန်းလိုက်ပြန်သည်။

ထို့နောက်တွင်မူ ရှုချွမ်းက သူ၏ 'ဓားဝိညာဉ်မျိုး‌စေ့' ကို လှုံ့ဆော်လိုက်တော့သည်။

စွမ်းအားကြီး‌မားတဲ့ ဓားအော်ရာ များ ရှုချွမ်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပေါ်ထွက်လာခဲ့သည်။

သတ်ဖြတ်ခြင်းဓားကျင့်စဉ် - ဝိညာဉ်ဖြတ်တောက်ခြင်း

ဖရိုဖရဲ ဖြစ်နေသည့် ကျင်းရှို့က ဤဓားအော်ရာ ကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

သေဆုံးခြင်း၏ ခံစားချက်က သူ၏ စိတ်နှလုံးကို လျှင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။

ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင် တစ်ဦး ဖြစ်လာခဲ့ကတည်းက သူက ဤကဲ့သို့သော ခံစားချက်မျိုးကို တစ်ခါမျှ ထပ်မံ၍ မကြုံတွေ့ခဲ့ဖူးချေ။

အခြားသော ဧကရာဇ်အရှင်တစ်ဦးနှင့် သေခြင်း ရှင်ခြင်း တိုက်ပွဲ ဖြစ်ပွားခဲ့စဉ်ကပင် ဤမျှအထိ မခံစားခဲ့ရဖူးချေ။

သို့သော် ယနေ့တွင်မူ ၎င်းခံစားချက်ကို သူ ခံစားလိုက်ရရုံသာမက ၎င်းက နိဗ္ဗာနနယ်ပယ် အဆင့် ၂ မျှသာရှိသော လူတစ်ယောက်ထံမှ ဖြစ်နေခဲ့သည်။

သူ ထွက်ပြေးလိုသော်လည်း ရွှေရောင် ရှေးဟောင်းနန်းတော်၏ ဖိနှိပ်မှုကြောင့် လက်တစ်လုံးစာမျှပင် မရွေ့လျားနိုင်တော့ချေ။

"အသက်ချမ်းသာပေးပါ..."

ကျင်းရှို့သည် ရှုချွမ်းအား အသနားခံကာ သူ့ကို လွှတ်ပေးရန် တောင်းပန်တိုးလျှိုးလိုက်တော့သည်။ သို့သော်လည်း ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်သောအရာပင်။

သူက လက်ဦးမှုယူကာ ခန္ဓာကိုယ်လုယူရန် ကြိုးစားခဲ့သည့်အပြင် ယခုအခါ ရွှေရောင် ရှေးဟောင်းနန်းတော် တည်ရှိနေခြင်းကိုပါ သိရှိသွားခဲ့ပြီ ဖြစ်ရာ ရှုချွမ်းအနေဖြင့် သူ့ကို အသက်ရှင်လျက် လွှတ်ပေးရန် အကြောင်း လုံးဝ မရှိချေ။

"ဖြတ်တောက်စမ်း"

ရှုချွမ်း၏ အမိန့်ပေးသံနှင့်အတူ...

ထိုဓားအော်ရာ က ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်ကို တိုက်ရိုက် လွှမ်းခြုံသွားခဲ့ပြီး ၎င်းကို အဆက်မပြတ် ခြေမှုန်းတိုက်စားပစ်လိုက်ကာ အသန့်စင်ဆုံးသော နတ်ဘုရားဝိညာဉ် စွမ်းအားများအဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။

"မလုပ်နဲ့... အား"

ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်က စူးရှလှသော အော်ဟစ်သံကြီးတစ်ခုကို ထုတ်ဖော်လိုက်ပြီးနောက် ဓားအော်ရာ ၏ စွမ်းအားကြောင့် လုံးဝ မှုန့်မှုန့်ညက်ညက် ပျက်စီးပျောက်ကွယ်သွားခဲ့ရတော့သည်။

ကျင်းရှို့ အပြည့်အဝ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အာရုံခံမိပြီးနောက်တွင်မှ ရှုချွမ်းသည် နောက်ဆုံး၌ သက်ပြင်းအရှည်ကြီးတစ်ခုကို ချနိုင်ခဲ့တော့သည်။

တစ်ဖက်တွင်မူ ရွှမ်လဲ့သည် ဤမြင်ကွင်းကို ကြည့်ပြီး မှင်တက်မိနေခဲ့ရသည်။ ရှုချွမ်းက ဧကရာဇ်အရှင်အဆင့် နတ်ဘုရားဝိညာဉ်တစ်ခုကို တကယ်ပဲ သတ်ပစ်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။

သို့သော်လည်း သူက ရှုချွမ်း၏ ဦးခေါင်းထက်တွင် ဝဲပျံနေသည့် ရွှေရောင် ရှေးဟောင်းနန်းတော်ကို တစ်ချက်ထပ်ကြည့်လိုက်ပြီးနောက်တွင်မှ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားခဲ့သည်။

သူကရွှေရောင် ရှေးဟောင်းနန်းတော်က မည်မျှအထိ အစွမ်းထက်သည်ကို အတိအကျ မသိရှိသော်ငြားလည်း ၎င်းက ဧကရာဇ်အရှင်နယ်ပယ်တစ်ခုကို ကိုင်တွယ်ဖြေရှင်းရန်အတွက်မူ လုံလောက်သည်ထက် ပိုနေသည်မှာ အထင်အရှားပင်။

အစောပိုင်းက သူ အလွန်အမင်း ထိတ်လန့်သွားခဲ့သဖြင့် ရှုချွမ်း၌ ဤကဲ့သို့သော အသက်ကယ် ရတနာရှိနေသည်ကို ခဏမျှ မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။

"ဟူး..."

ဘေးအန္တရာယ် ပြေလည်သွားခဲ့ပြီ ဖြစ်ရာ ရွှမ်လျဲ့သည်လည်း သက်ပြင်းအရှည်ကြီးတစ်ခုကို ချလိုက်သည်။ သူက လှည့်၍ ရှုချွမ်း၏ ပခုံးပေါ်သို့ ပြန်လည်ပျံသန်း ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် ရှုချွမ်းကမူ ကျင်းရှို့ သေဆုံးပြီးနောက် ကျန်ရစ်ခဲ့သော နတ်ဘုရားဝိညာဉ် စွမ်းအင်များကို အားသွန်ခွန်စိုက် စုပ်ယူနေခဲ့သည်။

ဧကရာဇ်အရှင်နယ်ပယ် အဆင့် ၁တစ်ဦး၏ နတ်ဘုရားဝိညာဉ် စွမ်းအား ဟူသည်မှာ လွန်စွာမှပင် ကျယ်ပြောလှသဖြင့် ရှုချွမ်းက စွမ်းအားများ လွန်ကဲလွန်းလှသဖြင့် ဗိုက်အလွန်အမင်း ပြည့်အိသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ့ဘာသာ အာခေါင်ဆို့ကာ လေတက်သံပင် ထွက်ပေါ်လာခဲ့သည်။

ဤအခြေအနေသို့ ရောက်ရှိလာသောအခါ ရှုချွမ်းသည် ဆက်လက်၍ စုပ်ယူရန် အနေရခက်သွားသဖြင့် ကျန်ရှိနေသော နတ်ဘုရားဝိညာဉ် စွမ်းအားများကို ရွှေရောင် ရှေးဟောင်းနန်းတော်အတွင်းသို့ သိမ်းဆည်းလိုက်တော့သည်။

ထို့နောက်တွင်မူ ရှုချွမ်း၏ အကြည့်က ယခင်က မိုးကြိုး ပင်လယ်အတွင်း၌ ရှိနေခဲ့သော ဧကရာဇ်အရှင်နယ်ပယ်ရဲ့ အရိုးစုဆီသို့ ကျရောက်သွားခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင်မူ ၎င်းကို မိုးကြိုး ပင်လယ်ဟု ခေါ်ဆိုရန် မဖြစ်နိုင်တော့ချေ။

အစောပိုင်းက ကျင်းရှို့၏ ခန္ဓာကိုယ် ဖောက်ခွဲမှုကြောင့် မိုးကြိုး ပင်လယ်ကြီးမှာ လွင့်စင်ပျက်ပြယ်သွားခဲ့ရပြီး ယခုအခါ ကျင်းရှို့ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ လွင့်စင်နေသော မိုးကြိုး များမှာလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

၎င်းသည် မိမိ၏ တာဝန်ဝတ္တရား ပြီးဆုံးသွားခဲ့သည့်အလားပင်။

သို့သော် ပြောင်းလဲခြင်းမရှိဘဲ ကျန်ရစ်နေခဲ့သည့် တစ်ခုတည်းသောအရာမှာမူ ဧကရာဇ်အရှင်နယ်ပယ်၏ အရိုးစုနှင့် ဧကရာဇ်အရှင်မူလ စွမ်းအား သာ ဖြစ်ပေလိမ့်မည်။

၎င်းတို့မှာ လေထုထဲတွင် ဝဲပျံနေဆဲဖြစ်ပြီး မည်သည့်အရာ၏ သက်ရောက်မှုကိုမျှ ခံထားရခြင်း မရှိချေ။

ယခုအခါတွင်မူ ရှုချွမ်းအနေဖြင့် ဤဧကရာဇ်အရှင်၏ မူလကို သိမ်းဆည်းရန်အတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ တားဆီးနိုင်တော့မည် မဟုတ်ပေ။

သူက အရိုးစုကြီးရှိရာဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။

ရှုချွမ်းက အရိုးစုကြီးကို ထိတွေ့တော့မည့် အခိုက်အတန့်မှာပင်... အရိုးစုကြီးအတွင်းမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင်မူ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး၏ ဝိညာဉ်ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

သူက သူ၏ မုတ်ဆိတ်ရှည်ကြီးကို သပ်လိုက်ရင်း ရှုချွမ်းကို မျက်နှာတွင် အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။

ရှုချွမ်းက ထိုပုံရိပ်ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေမိသည်။

"ဒါက နောက်ထပ် ခန္ဓာကိုယ်လုယူဖို့ ကြိုးစားတာတော့ မဟုတ်ပါဘူးနော်"

သူ့စိတ်ထဲတွင် အနည်းငယ် မရေမရာ ဖြစ်နေမိသည်။

ရုတ်တရက်... ထိုပုံရိပ်က စကားစ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် သူငယ်ချင်းလေး... ဒီလူယုတ်မာကို သတ်ဖြတ်ပေးခဲ့တဲ့အတွက်ပေါ့ အခု အဲ့လူ သေဆုံးသွားခဲ့ပြီဖြစ်လို့ ငါလည်း စိတ်အေးချမ်းသာစွာနဲ့ ထွက်ခွာနိုင်ပါပြီ..."

ပြောပြီးသည်နှင့် ထိုပုံရိပ်သည် ကောင်းကင်နှင့် မြေကြီးကြားတွင် လုံးဝ ကွယ်ပျောက်သွားခဲ့တော့သည်။

ထိုပုံရိပ် ပျောက်ကွယ်သွားခြင်းနှင့်အတူ ဧကရာဇ်အရှင်နယ်ပယ်၏ အရိုးစုကြီးမှာလည်း လျှင်မြန်စွာပင် ဆွေးမြည့်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဝါးမြိုရလွယ်သော မြေမှုန့်တစ်ဆုပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရကာ လေထုထဲတွင် ဝဲပျံနေသည့် ဧကရာဇ်အရှင်၏ မူလ သက်သက်သာ ကျန်ရစ်ခဲ့တော့သည်။

ဤသည်ကို မြင်ရမှသာ ရှုချွမ်းက နောက်ဆုံး၌ သက်ပြင်းအရှည်ကြီးတစ်ခုကို အပြည့်အဝ ချနိုင်ခဲ့တော့သည်။

သူက အပေါ်သို့ ပျံသန်းသွားခဲ့ပြီး ထိုတောက်ပလှသော မူလစွမ်းအားလုံးကြီးကို သူ၏ လက်ဝါးအတွင်းသို့ အမိအရ ဖမ်းဆုပ်သိမ်းပိုက်လိုက်တော့သည်။

ဤအခိုက်အတန့်တွင်... သူ၏ ဤခရီးစဉ်၏ ပန်းတိုင်မှာ နောက်ဆုံး၌ အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်တော့သည်။

All Chapters