အခန်း ၁၂၀
Vol. 12 Ch. 120
အခန်း (၁၂၀) မခံမရပ်နိုင်ဖြစ်ဖွယ် ဇာတ်လိုက်၊ ချူဖန်၏ သေဆုံးခြင်း
ရှုချွမ်း၏ မျက်ခုံးများက သိသိသာသာ လှုပ်ခတ်သွားခဲ့ရသည်။
ဤလူကမူ ဇာတ်ညွှန်းထဲမှာ သူ့ရဲ့ ညီမလေးအပေါ် သစ္စာဖောက်ကာ ဒုက္ခပေးခဲ့သည့် လူယုတ်မာ 'ချူဖန်' ပင် ဖြစ်နေတော့သည်။
သူက ဤအမည်ကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးသော်လည်း ၎င်းအား သွားရောက်ရှာဖွေရန် အခွင့်အရေး မရရှိသေးချေ။
သို့သော် သူကိုယ်တိုင် ကိုယ်ထည်ပြ ပြေးဝင်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပေ။
သို့သော်လည်း သူက 'ရှောင်ချန်' ၏ ဇာတ်ညွှန်းကို ပြန်လည်တွေးတောလိုက်မိသည့်အခါတွင်မူ အခြေအနေကို သဘောပေါက်သွားခဲ့သည်။
ချူဖန်သည်လည်း ဤနေရာရှိ ဧကရာဇ်အရှင်မူလ အစွမ်းကို ရှာဖွေရန် ရောက်ရှိလာခြင်း ဖြစ်ရမည်။
ဇာတ်ညွှန်း၏ မူလလမ်းကြောင်းအရ ရှောင်ချန်က နောက်ဆုံး၌ ချူဖန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် မိုးကြိုး ပင်လယ်ထဲမှ ကျင်းရှို့သည်လည်း ချူဖန်၏ ရွှေလက်ချောင်းစွမ်းအားကြောင့် ပျက်စီးခဲ့ရသည်။
သို့သော်လည်း ယခုအခါတွင်မူ ရှုချွမ်းက ဤအရာအားလုံးကို ကြိုတင်၍ လက်ဦးမှုရယူ လုယူထားခဲ့ပြီး ဖြစ်သည်။
သို့သော်ငြားလည်း ကံကြမ္မာ၏ အလိုအရ ရှုချွမ်းနှင့် ချူဖန်တို့မှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြရပြန်သည်။
ရှုချွမ်းက စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်မိသည်။
ဤဇာတ်လမ်းလမ်းကြောင်း ပြုပြင်တည့်မတ်မှု စွမ်းအားက အမှန်တကယ်ပင် အလွန်အမင်း သန်မာလွန်းလှသည်။
အကယ်၍ သူသာ ယနေ့ ဤနေရာ၌ ချူဖန်ကို ရှုံးနိမ့်သွားခဲ့မည်ဆိုပါက သူရရှိထားသော ဧကရာဇ်အရှင်မူလအစွမ်းနှင့် ကျယ်ပြောလှသော နတ်ဘုရားဝိညာဉ် စွမ်းအားများအားလုံးမှာ ချူဖန်၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။
ဤအချက်များက ရှုချွမ်းအား ချူဖန်ကို အပြတ်ရှင်းပစ်ရန် ပိုမို၍ စိတ်ပိုင်းဖြတ်လာစေသည်။
သူက သူ၏ ညီမလေး 'ရှုရှင်းလီ' အား ဇာတ်ညွှန်းထဲမှ သနားစရာကောင်းလှသော လမ်းဟောင်းအတိုင်း ပြန်လည်ရောက်ရှိသွားစေရန် မည်သည့်နည်းနှင့်မျှ ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ပေ။ လုံးဝ ခွင့်မပြုနိုင်ချေ။
ဤသည်ကို နားလည်သွားပြီးနောက် ရှုချွမ်း၏ မျက်ဝန်းအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သူတို့နှစ်ဦးစလုံးမှာ မြင့်မြတ်နယ်မြေ၏ တပည့်များ ဖြစ်ကြသော်လည်း ရှုချွမ်းအနေဖြင့် ၎င်းကို အကြောင်းပြချက်တစ်ခုအဖြစ် ထားရှိကာ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
ဤကဲ့သို့သော ဇာတ်လိုက် များမှာ မတည်ငြိမ်သော အန္တရာယ်ရှိ အကြောင်းအချက်များ ဖြစ်ကြရာ... ရှုချွမ်းအနေဖြင့် သူတို့ တည်ရှိနေခြင်းကို လုံးဝ ခွင့်မပြုနိုင်ချေ။ ထို့အပြင် မိမိ၏ ညီမလေးကို ကာကွယ် စောင့်ရှောက်ရန်အတွက် ဤချူဖန်ဟူသော လူသည် သေချာပေါက် သေရမည် ဖြစ်သည်။
သို့သော်လည်း ရှုချွမ်းက ချက်ချင်း လက်လှုပ်ရှားရန် အစီအစဉ် မရှိသေးချေ။
သူက ရွှေလက်ချောင်း ပိုင်ဆိုင်ထားသော ဤဇာတ်လိုက်၌ မည်ကဲ့သို့သော လှည့်ကွက်များနှင့် အစွမ်းများ ရှိနေသည်ကို ကြည့်ရှုလိုသေးသည်။
"စီနီယာအကို ရှု... မင်းက ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ ကိုးယောက်မြောက် သူတော်စင်သားတော်ပဲလေ ။ ဒီလောက်အထိ စိတ်သဘောထား သေးသိမ်လိမ့်မယ်လို့ ငါ မထင်ဘူးနော်"
ချူဖန်က မျက်နှာတွင် အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်ပြီးနောက်... သူ၏ နိဗ္ဗာနနယ်ပယ် အဆင့် ၉ ရှိသော သိုင်းပညာရှင် ကျင့်ကြံမှုကို လူတိုင်း၏ ရှေ့မှောက်တွင် တိုက်ရိုက် ထုတ်ဖော်ပြသလိုက်တော့သည်။
ဘေးပတ်ပတ်လည်ရှိ သိုင်းပညာရှင်များသည် ဤစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် မျက်နှာအမူအရာများ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ကြရသည်။
"ဘာ... သူက တကယ်ပဲ ထိုက်ယိမြင့်မြတ်နယ်မြေ ရဲ့ သူတော်စင်သားေတာ်လား။ ပြိုင်ဘက်ကင်း တဲ့ ပါရမီရှင် ကြီးပေါ့"
"သူတော်စင်သားတော်ရှုချွမ်းလား၊မပြောနဲ့လေ... သူက ဒီလောက်အထိ သန်မာနေတာကိုး။ ဟိုလူတွေ သေသွားတာ မဆန်းတော့ဘူးပဲ"
"တာအိုဖလှယ် ပွဲ ပြီးသွားပြီဆိုတော့ သူ ထိုက်ယိမြင့်မြတ်နယ်မြေကို ပြန်သွားရမှာ မဟုတ်ဘူးလား ဘာလို့ ဒီကို ရောက်နေတာလဲ"
ဤသိုင်းပညာရှင်များ အားလုံးက အံ့သြတုန်လှုပ်သော အမူအရာများဖြင့် အဆက်မပြတ် ဝေဖန်ပြောဆိုနေကြတော့သည်။
ရှုချွမ်းကို ချီးမွမ်းထောပနာပြုနေကြသည့် ဤစကားများကို ကြားရသောအခါ ချူဖန်က စိတ်ထဲမှနေ၍ မသိမသာ နှာခေါင်းရှုံ့လိုက်မိသည်။
သူသည် လျှို့ဝှက်ဆန်းကြယ် စာအုပ်တစ်အုပ်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ... ဤကြိုတင်သိမြင်နိုင်စွမ်းရှိသော အစွမ်းကို အားကိုးလျက် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် မှအခုကဲ့သို့သော နိဗ္ဗာနနယ်ပယ် အဆင့် ၉ သို့ အချိန်တိုအတွင်း တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သူက မိမိကိုယ်ကို မည်သူ့ထက်မဆို သာလွန်သည်ဟု ယူဆထားသူ ဖြစ်သည်။
သူက သူတော်စင်သားတော်ဖြစ်နေသည့် ရှုချွမ်းကိုပင် သူ၏ မျက်စိထဲ၌ ထည့်သွင်းထားခြင်း မရှိချေ။
အမှန်တကယ်ဆိုရလျှင်... သူက ရှုချွမ်းက သူတော်စင်သားေတာ် ရာထူးကို ရယူထားခဲ့ခြင်းအပေါ် စိတ်ထဲမှနေ၍ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များကို ကာလရှည်ကြာကတည်းက မွေးမြူထားခဲ့ခြင်း ဖြစ်သည်။
'လောကကြီးကို မမြင်ဖူးတဲ့ တောသားတစ်စုပဲ... ရှုချွမ်းက ဘာမို့လို့လဲ'
'ငါသာ တစ်ဟုန်ထိုး ထက်မြက်လာတဲ့ အချိန်ကျရင်... အစစ်အမှန် ပြိုင်ဘက်ကင်း ပါရမီရှင်ဆိုတာ ဘာလဲဆိုတာ မင်းတို့ကို ပြပေးမယ်'
သူက စိတ်ထဲမှနေ၍ ကြုံးဝါးလိုက်မိသည်။ အနာဂတ်တွင် သူသည်လည်း တစ်ကမ္ဘာလုံးက သိရှိပြီး လူပေါင်းသောင်းချီ၏ ရိုသေကိုးကွယ်ခြင်းကို ခံရမည့် အမည်နာမတစ်ခုကို သေချာပေါက် တည်ဆောက်ပြမည် ဖြစ်သည်။
သူ့စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်ထွက်နေခဲ့သော်လည်း မျက်နှာထက်တွင်မူ အပြုံးတစ်ခုကိုသာ ဆက်လက် ဆင်မြန်းထားဆဲ ဖြစ်သည်။
ထိုအပြုံးမှာ... ရှုချွမ်းကို သူ ကောင်းကောင်းကြီး အကဲခတ်မိထားပြီဟူသော သဘောကို ဆောင်နေ၏။ သူသည် မိမိ၏ အစွမ်းအစပေါ်တွင် အလွန်အမင်း ယုံကြည်မှု ရှိနေသည်။
သူ၏ နိဗ္ဗာနနယ်ပယ် အဆင့် ၉ စွမ်းအားဖြင့်ဆိုလျှင်... ကမ္မနယ်ပယ် အဆင့် ၆ သိုင်းပညာရှင်တစ်ဦးပင်လျှင် သူ၏ ရန်သူ မဟုတ်ချေ။
ရှုချွမ်းက ယခင် တာအိုဖလှယ် ပွဲတွင် ရရှိခဲ့သော အောင်မြင်မှုများနှင့် ပတ်သက်၍လည်း... အကယ်၍ မိမိသာ ထိုပြိုင်ပွဲစင်မြင့်ထက်သို့ တက်ရောက်ခဲ့မည်ဆိုပါက ရှုချွမ်းထက် မည်သို့မျှ ညံ့ဖျင်းလိမ့်မည်မဟုတ်ဘဲ ပိုမို၍ပင် အစွမ်းထက်လိမ့်မည်ဟု သူ ခံယူထားသည်။
ဤကဲ့သို့သော စိတ်နေစိတ်ထားရှိသဖြင့် သူက ရှုချွမ်းကို စိုးစဉ်းမျှ ကြောက်ရွံ့ခြင်း မရှိချေ။
ချူဖန်က ရှုချွမ်းကို အကဲခတ် စိုက်ကြည့်နေသကဲ့သို့... ရှုချွမ်းကလည်း ချူဖန်ကို အကဲခတ် စိုက်ကြည့်နေခဲ့သည်။ နှစ်ဖက်စလုံး၌ အပြန်အလှန် သတ်ဖြတ်လိုသော အကြံအစည်များ ရှိနေကြသည်။
အတွင်းစိတ်ထဲ၌ အတွေးလှိုင်းများ တုန်ခါသွားခဲ့ပြီးနောက် ရှုချွမ်းသည် သတိပြန်လည်လာခဲ့ကာ ချူဖန်ကို ကြည့်ပြီး ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"ဂျူနီယညညီလေး... မင်းရဲ့ နာမည်က ဘယ်သူလဲ"
"ကျွန်တော့်နာမည်က ချူဖန်ပါ၊ မြင့်မြတ်နယ်မြေရဲ့ အပြင်စည်းတပည့် တစ်ယောက်ပါ။ စီနီယာအစ်ကို ရှုအနေနဲ့ ကျွန်တော့်နာမည်ကို ကြားဖူးချင်မှ ကြားဖူးလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ စီနီယာအစ်ကို ရှုရဲ့ ကျော်ကြားလှတဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ"
ချူဖန်က တည်ငြိမ်အေးဆေးစွာဖြင့် တုံ့ပြန်လိုက်သည်။
ဤကာလအတွင်း သူက အခြေခံအလုပ်ကြမ်းလုပ်ရသည့် တပည့်ဘဝမှ ရုန်းထွက်နိုင်ခဲ့ပြီး ထိုက်ယိမြင့်မြတ်နယ်မြေ၏ အပြင်စည်းတပည့်တစ်ဦးအဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
သူက မိမိ၏ ကျင့်ကြံမှုကို ထုတ်ဖော်ပြသလိုက်ပြီးနောက်တွင်မူ ရှုချွမ်းအနေဖြင့် ဆက်လက်၍ လက်လှုပ်ရှားရဲလိမ့်မည်မဟုတ်ဟု တွေးထင်ထားသည်။
အကယ်၍ ရှုချွမ်းက ယနေ့ ဤနေရာ၌ မိမိကို ဆက်လက်တိုက်ခိုက်လိုပါက... သူက ရှုချွမ်းကို ပြန်လည်သတ်ဖြတ်ရန်အတွက် ခိုင်လုံသော အကြောင်းပြချက် ရရှိသွားမည်ဖြစ်ပြီး မြင့်မြတ်နယ်မြေအနေဖြင့်လည်း ဘာမှပြောနိုင်လိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။
ထိုသို့ဖြစ်လာပါက သူက အသစ်စက်စက် ကိုးယောက်မြောက် သူတော်စင်သားတော်ဖြစ်လာနိုင်ချေပင် ရှိသည်။
"ရဲတင်းလှချေလား မင်းက မြင့်မြတ်နယ်မြေရဲ့ အပြင်စည်းတပည့်တစ်ယောက်မျှသာ ဖြစ်ပြီးတော့... ငါ့လို သူတော်စင်သားတော်တစ်ယောက်ကို ဒီလို လေသံမျိုးနဲ့ စကားပြောဖို့ ဘယ်သူက သင်ပေးလိုက်တာလဲ"
"ပြီးတော့... မင်းရဲ့ မျက်နှာကို ထောက်ထားရမယ်ဟုတ်လား၊ မင်းက ဘာမို့လို့လဲ"
ရုတ်တရက်... ရှုချွမ်း၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ဒေါသတကြီးဖြင့် ပြင်းထန်စွာ အော်ဟစ်လိုက်တော့သည်။
သူက ချူဖန်အား မျက်နှာသာ စိုးစဉ်းမျှ ပေးရန် စိတ်ကူးမရှိချေ။
သူသည် ကံကြမ္မာ၏ ဇာတ်လိုက်ကို ဒီနေ့ ဒီနေရာမှာ အပြတ်ရှင်းပစ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သူ အားနည်းနေသည့် အချိန်အခါမျိုးတွင်သာ အမြစ်ပြတ် သတ်ဖြတ်ရမည် ဖြစ်ပြီး... သို့မဟုတ်ပါက အနာဂတ်တွင် ကြီးမားလှသော ဘေးအန္တရာယ်တစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ရှုချွမ်း လက်မလှုပ်ရှားမီမှာပင် ချူဖန်က လက်ဦးမှုရယူကာ စတင်တိုက်ခိုက်လိုက်တော့သည်။
"ဟမ့်... ရှုချွမ်း၊ ငါက မင်းကို သူတော်စင်သားတော် လို့ ခေါ်တာ မင်းကို မျက်နှာပေးလိုက်တာကွ၊ မင်းကိုယ်မင်း တကယ်ပဲ အရေးကြီးတဲ့ လူတစ်ယောက်လို့ ထင်နေတာလား၊ ယနေ့... ငါ မင်းကို ဒီနေရာမှာတင် အစိပ်စိပ်အမွှာမွှာ ခုတ်ပိုင်းပစ်မယ်"
ရှုချွမ်း၏ ထက်မြလှသော အကြည့်များကို ခံစားလိုက်ရသောအခါ အစောပိုင်းက ပြုံးရွှင်နေခဲ့သော ချူဖန်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရပြီး မကျေနပ်ချက်များ အပြည့်ဖြင့် ရှုချွမ်းကို စိုက်ကြည့်လိုက်သည်။
"သေပေတော့... ရှုချွမ်း"
ချူဖန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက်... သူ၏ လက်ထဲတွင် ရှိနေသော စာအုပ်ကြီးသည် လေမတိုက်ဘဲ အလိုအလျောက် လှုပ်ရှားလာခဲ့ပြီး စာမျက်နှာများမှာ လျှင်မြန်စွာပင် တဖျတ်ဖျတ် ပွင့်လန်းလာတော့သည်။
ဤစာအုပ်ကြီးမှာ သူ၏ ရွှေလက်ချောင်း ဖြစ်ပြီး မတော်တဆ ရရှိခဲ့သော လျှို့ဝှက်ဆန်းကြယ် စာအုပ်ကြီး ဖြစ်သည်။
သူ၏ လက်ရှိ အောင်မြင်မှုများ အားလုံးမှာ ဤစာအုပ်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ဤစာအုပ်ကို လက်နက်တစ်ခုအဖြစ်လည်း အသုံးပြုနိုင်ကြောင်း သူ မတော်တဆ သိရှိထားခဲ့သည်။
ဒီနေ့တွင်မူ သူက ဤစာအုပ်ကို အသုံးချ၍ ရှုချွမ်းကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
စာမျက်နှာများမှာ ရုတ်ချည်းပင် ရပ်တန့်သွားခဲ့ပြီး ဓားတစ်စင်းဆွဲထားသည့် စာမျက်နှာတစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။
ချက်ချင်းပင် ကမ္ဘာမြေကြီးကို တုန်ခါစေနိုင်လောက်သော ဓားအော်ရာ တိုက်ခိုက်မှုတစ်ခု ရှုချွမ်းဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ခုတ်ပိုင်းသွားတော့သည်။
ဤဓားအော်ရာ မှ ထွက်ပေါ်လာသည့် ပြင်းထန်လှသော စွမ်းအားလှိုင်းများကြောင့် ဘေးပတ်ပတ်လည်ရှိ သိုင်းပညာရှင်များမှာ အကြောက်တရားဟူသည် ဘာလဲဆိုသည်ကို ကောင်းကောင်းကြီး သိရှိသွားခဲ့ကြရသည်။ သူတို့သည် ဆက်လက်၍ စောင့်ကြည့်ဝံ့ခြင်း မရှိကြတော့ဘဲ အရပ်မျက်နှာအနှံ့သို့ ကစဉ့်ကလျား ထွက်ပြေးတိမ်းရှောင်သွားကြတော့သည်။
ဘုန်း
သို့သော်လည်း... ထိုပြင်းထန်လှသော ဓားအော်ရာ ရှုချွမ်း၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်တော့မည့် အခိုက်အတန့်မှာပင် ရှုချွမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စူးရှတောက်ပလှသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
အစီအရင် ကာကွယ်ရေးတံတိုင်းကြီးတစ်ခုက ထိုဓားအော်ရာ ကို တိုက်ရိုက်ပင် ပိတ်ဆို့ဖြတ်တောက်လိုက်ရာ ၎င်းမှာ လက်တစ်လုံးစာမျှပင် ရှေ့သို့ ဆက်လက် မတိုးနိုင်တော့ချေ။
၎င်းနောက်တွင်မူ ရှုချွမ်း၏ ဦးခေါင်းထက်မှနေ၍ ရွှေရောင် အလင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ချူဖန်၏ လက်ထဲရှိ လျှို့ဝှက်ဆန်းကြယ် စာအုပ်ကြီးကို တိုက်ရိုက်ပင် လွှမ်းခြုံပိတ်ဆို့လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ လျှို့ဝှက်ဆန်းကြယ် စာအုပ်ကြီးမှာ ရွှေရောင် ရှေးဟောင်းနန်းတော်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရတော့သည်။
"ဘာ... ဘာဖြစ်တာလဲ"
မိမိ၏ စာအုပ်ကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသဖြင့် ချူဖန်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားခဲ့ရသည်။
သူ ဤမျှအထိ ယုံကြည်မှု ရှိနေရခြင်းမှာ ဤနတ်ဘုရားစာအုပ်ကြီးကြောင့် ဖြစ်သည်။
ထို့အပြင် သူသင်ယူထားခဲ့သမျှ အရာအားလုံးမှာလည်း ဤနတ်ဘုရားစာအုပ်မှတစ်ဆင့် ရရှိခဲ့သော အခွင့်အရေးများသာ ဖြစ်၏။
နတ်ဘုရားစာအုပ် မရှိတော့လျှင်... သူသည် လက်နှစ်ဖက်စလုံး ဖြတ်တောက်ခြင်း ခံလိုက်ရသည့်အလား။ သူ့တွင် အစွမ်းစွမ်းရည်များ ရှိနေသော်လည်း ၎င်းကို ထုတ်ဖော်အသုံးချနိုင်စွမ်း လုံးဝ မရှိတော့ချေ။
"ရှုချွမ်း... ငါ့ရဲ့ နတ်ဘုရားစာအုပ်ကို ပြန်ပေးစမ်း"
ချူဖန်က ပျာပျာသလဲဖြင့် အော်ဟစ်လိုက်တော့သည်။
သို့သော်လည်း ရှုချွမ်းကမူ ချူဖန်ကို လုံးဝ ဂရုမစိုက်အားချေ။
'နတ်ဘုရားသတ်ဓား' က သူ၏ လက်ထဲတွင် ပေါ်ထွက်လာခဲ့ပြီး ယခင် ပြိုင်ပွဲစင်မြင့်ထက်တွင် အသုံးပြုခဲ့သည့်အတိုင်း နတ်ဘုရားသတ်ဓားကျင့်စဉ်ကို ထပ်မံ၍ ထုတ်ဖော်လိုက်တော့သည်။
ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေနိုင်သော ဓားအော်ရာ ကြီး ပေါ်ထွက်လာခဲ့ပြီး ၎င်း၏ ဦးတည်ချက်မှာ ချူဖန်ပင် ဖြစ်တော့သည်။
"ပြန်လာခဲ့စမ်း... မြန်မြန် ပြန်လာခဲ့စမ်း"
ဤကြောက်မက်ဖွယ်ကောင်းလှသော ဓားအော်ရာ ကြီးကို ခံစားလိုက်ရသောအခါ ချူဖန်၏ စိတ်ထဲ၌ အစောပိုင်းက ရှိနေခဲ့သော ယုံကြည်မှုများ စိုးစဉ်းမျှ ရှိမနေတော့ချေ။
သူက ကြီးမားလှသော အကြောက်တရားကြီးတစ်ခု မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်ကိုသာ ခံစားလိုက်ရသည်။
ခဏမျှအတွင်း သူ၏ နဖူးပြင်ထက်တွင် ချွေးစေးများ ထွက်ပေါ်လာခဲ့ပြီး ကျောပြင်တစ်ခုလုံး အေးစိမ့်သွားခဲ့ရကာ အေးစက်လှသော အော်ရာ များက အဆက်မပြတ် တက်လာခဲ့သည်။
သူက အခြေခံအလုပ်ကြမ်းလုပ်ရသည့် တပည့်ဘဝမှ ရုန်းထွက်လာသူဖြစ်ရာ... သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုက အစစ်အမှန် ကျွမ်းကျင်သူများကဲ့သို့ ခိုင်မာမှု မရှိချေ။
နတ်ဘုရားစာအုပ်ကြီး သူ၏ လက်ထဲမှ ထွက်ခွာသွားခဲ့သည်နှင့် တစ်ပြိုင်နက် သူ ဘာလုပ်ရမည်ကို မသိရှိတော့ဘဲ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်းများသာ ကျန်ရှိတော့သည်။
ဤအခိုက်အတန့်တွင် ချူဖန်က လုံးဝ ပျာယာခတ်သွားခဲ့ရပြီ ဖြစ်သည်။
အခြေခံအလုပ်ကြမ်းသမားတစ်ဦး၏ မစွမ်းသာသော ပင်ကိုယ်သဘာဝအစစ်အမှန်မှာ အပြည့်အဝ ပေါ်ထွက်လာခဲ့ချေပြီ။
'မဖြစ်နိုင်တာ... သူက ငါ့ရဲ့ နတ်ဘုရားစာအုပ်ကို ဘယ်လိုလုပ် ဖိနှိပ်ထားနိုင်ရတာလဲ"
'အဲဒီအရာက ဘာကြီးလဲ"
'ဘာလို့... ဘာလို့ ရှုချွမ်းက ဒီလောက်အထိ အစွမ်းထက်နေရတာလဲ'
သူက စိတ်ထဲမှနေ၍ ရူးသွပ်စွာ အော်ဟစ် နေခဲ့သော်လည်း... မျက်နှာထက်တွင်မူ ထိန်းချုပ်မရနိုင်လောက်သော အကြောက်တရားများ ထွက်ပေါ်နေခဲ့ပြီး စကားပင် မပြောနိုင်တော့ဘဲ ခြေထောက်နှစ်ဖက်စလုံးလည်း အလိုအလျောက် ပျော့ခွေသွားခဲ့ရသည်။
သူက နတ်ဘုရားစာအုပ်ကြီးကို ရရှိထားခဲ့သည့် အချိန်ကာလမှာ လွန်စွာ တိုတောင်းလှသေးသည်။
သူက ဤကမ္ဘာ၏ ဇာတ်လိုက် ဖြစ်နေခဲ့သည့်တိုင်အောင် သူ၏ ကျင့်ကြံမှုမှာ များစွာ တိုးတက်လာခဲ့သည့်တိုင်အောင်... သူ၏ အတွင်းစိတ်အစစ်အမှန်မှာမူ အသုံးမကျသော သာမန်လူတစ်ယောက်၏ အဆင့်တွင်သာ ရှိနေသေးခြင်း ဖြစ်၏
"သေပေတော့"
ရှုချွမ်းကမူ သူနှင့် နောက်ထပ် စကားအပိုများ ပြောဆိုနေရန် ပျင်းရိလှသည်။ ကံကြမ္မာ၏ ဇာတ်လိုက်တစ်ယောက်က ဤမျှအထိ အသုံးမကျလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိချေ။
သူ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက်... ပြင်းထန်လှသော ဓားအော်ရာ ကြီးမှာ ကောင်းကင်ယံမှ သက်ဆင်းလာခဲ့ပြီး သေဆုံးခြင်း အရှိန်အဝါများက ချူဖန်ကို ဖုံးလွှမ်းသွားတော့သည်။
"မလုပ်ပါနဲ့... မင်း ငါ့ကို သတ်လို့မရဘူး..."
ချူဖန်က မျက်နှာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်ခြင်းများနှင့်အတူ စူးရှစွာ အော်ဟစ်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် ရွှေရောင် ရှေးဟောင်းနန်းတော်၏ ဖိနှိပ်ခြင်းကို ခံထားရသော နတ်ဘုရားစာအုပ်ကြီးမှာလည်း အဆက်မပြတ် တုန်ခါလာခဲ့ပြီး ရွှေရောင် ရှေးဟောင်းနန်းတော်၏ ဖိနှိပ်မှုအောက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
"ဟုတ်ပြီ... အဲဒီအတိုင်းပဲ၊ မြန်မြန် ပြန်လာခဲ့စမ်း"
၎င်းကို မြင်လိုက်ရသောအခါ ချူဖန်၏ မျက်နှာပေါ်တွင် ရူးသွပ်လှသော ဝမ်းမြောက်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
နတ်ဘုရားစာအုပ်ကြီး မိမိ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်... သူ ရှုချွမ်းကို သေချာပေါက် သတ်ပစ်နိုင်လိမ့်မည် မဟုတ်ပါလား။
သို့သော်လည်း... ထိုနတ်ဘုရားစာအုပ်ကြီးမှာ ရွှေရောင် ရှေးဟောင်းနန်းတော်၏ ခိုင်မာလှသော ဖိနှိပ်မှုအောက်တွင် တုပ်တုပ်မျှ မလှုပ်နိုင်ဘဲ လက်တစ်လုံးစာမျှပင် ရှေ့သို့ မတိုးနိုင်ခဲ့ချေ။
ဘုန်း
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ... ထိုနတ်ဘုရားစာအုပ်ကြီးမှာ ကြီးမားလှသော ဖိအားဒဏ်ကြောင့် တိုက်ရိုက်ပင် အစိပ်စိပ်အမွှာမွှာ ကွဲကြေပျက်စီးသွားခဲ့ရပြီး ကောင်းကင်ယံအနှံ့ ဝဲပျံနေကြသော စာမျက်နှာအစအန အမြောက်အမြားအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။
"မဖြစ်နိုင်ဘူး"
ဤမြင်ကွင်းကို ကြည့်ပြီး ချူဖန်၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
မိမိ၏ အသက်သခင် ရွှေလက်ချောင်းအဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့သော နတ်ဘုရားစာအုပ်ကြီးမှာ ဤမျှအထိ လွယ်ကူစွာ ကွဲကြေပျက်စီးသွားလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်တော့ချေ။
ထိုအခိုက်အတန့်တွင် ရှုချွမ်း၏ ပြင်းထန်လှသော ဓားအော်ရာ ကြီးမှာ ချူဖန်၏ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဓားချက်တစ်ချက်တည်းဖြင့်ပင်... ၎င်းက ချူဖန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် မှုန့်မှုန့်ညက်ညက် ဖျက်ဆီးပစ်လိုက်တော့သည်။
၎င်းနောက်တွင်မူ... ချူဖန်၏ နတ်ဘုရားဝိညာဉ် ထွက်ပေါ်လာခဲ့ရာ ရှုချွမ်းက လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် သူ၏ နတ်ဘုရားဝိညာဉ်ကို မိမိ၏ လက်ဝါးအတွင်းသို့ တိုက်ရိုက်ပင် ဖမ်းဆုပ် ဖမ်းဆီးလိုက်တော့သည်။