← Chapters

အခန်း ၁၃၁

Vol. 13 Ch. 131

အခန်း ၁၃၁

Vol. 13 Ch. 131

Chapter 131

~

အခန်း ၁၃၁ : ပထမဆုံး အလည်လာခြင်း...

~

​" ဘာတွေ လျှောက်ပြောနေတာလဲ.. "

​ယွီဟိုက်တန်က ယန်ကျီဝမ်ကို ခေါ်လိုက်သည့် အသုံးအနှုန်းကို ကြားလျှင် ယွီလီက သူမကို စိုက်ကြည့်လိုက်သည် ။

​မနေ့ကမှ စတွေ့ခဲ့ကြသည်ကို ခဲအိုဟု ခေါ်နေသည်က စောလွန်းသေး၏ ။

​နောက်ကွယ်တွင် ပြောသည်က ကိစ္စမရှိသေည်လည်း သူ့ရှေ့တွင် ဤသို့ခေါ်လိုက်၍ လန့်သွားပါက ခက်ချေမည် ။

​" အင်း.. လိမ္မာတယ်.. ဒါက ဆုချတာ.. "

​သို့သော် ယန်ကျီဝမ် ထိုအသုံးအနှုန်းကို အလွန် သဘောကျနေသည် ။ သူ၏ အိတ်ကပ်ထဲမှ နို့သကြားလုံး တစ်ဆုပ်ကို ထုတ်ကာ ယွီဟိုက်တန်၏ လက်ထဲသို့ ထည့်ပေးရင်း ပြုံးကာ ပြောလိုက်သည် ။

​" ယူပြီး ..မောင်လေးနဲ့ ခွဲစားလိုက်.. "

​" ဟီးဟီး.. ကျေးဇူးတင်ပါတယ် ခဲအို.. "

​ယွီဟိုက်တန် ချက်ချင်းပင် အလွန် ပျော်ရွှင်သွားပြီး သူမ၏ ပါးစပ်လေးက ပို၍ ချိုသာလာသည် ။

​" ကျေးဇူးတင်ပါတယ် ယောက်ဖ.. "

​ယွီလျန်လေးကလည်း ကျေးဇူးတင်စကား ပြောလိုက်သည် ။

​" ရှင်က အရမ်း ဖြုန်းတီးတာပဲ.. "

​ယွီလီက အပြစ်တင်လိုက်သည် ။

​အိတ်ထဲပါလာသော ပစ္စည်းများကပင် အလွန် စျေးကြီးနေပြီဟု သူမ ထင်ထားရာ ယခု ယုန်နို့သကြားလုံးများကိုပါ ထပ်ပေးနေသဖြင့် ဖြုန်းတီးလှ၏ ။

​ယန်ကျီဝမ်က သူမကို ပြုံးကြည့်ရင်း စနောက်လိုက်သည် ။

​" အိုး.. ကိုယ်တို့ လက်ထပ်စာချုပ်တောင် မလုပ်ရသေးဘူး.. မင်းက ကိုယ့်ကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီလား.. "

​" ဟွန်း.. ရှင့်ကို ဂရုစိုက်ဖို့ အားမနေဘူး.. "

​ယွီလီ၏ လှပသော မျက်နှာလေး နီရဲသွားပြီး ခေါင်းလှည့်ကာ အိမ်ထဲသို့ ဝင်သွားတော့သည် ။

​အဖေယွီသည် အခန်းထဲတွင် လက်လိပ်ဆေးလိပ်ကို သောက်နေ၏ ။ ယန်ကျီဝမ် ဝင်လာသည်ကို မြင်လျှင် ဆီးကြိုလိုက်သည် ။

​" ယန်လေး ရောက်လာပြီလား.. လာ..လာ.. ရေနွေးကြမ်း သောက်ရအောင်.. "

​" ဟုတ်ကဲ့.. "

​ယန်ကျီဝမ်သည် အနာဂတ် ယောက္ခထီးအိမ်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်း ဖြစ်သော်လည်း ရှက်ရွံ့နေခြင်း မရှိ ။

​သူ လျှောက်သွားကာ ထိုင်ချလိုက်ပြီး အိတ်ကပ်ထဲမှ အိတ်ငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည် ။

​" ဦးလေး.. ဒါ ကျွန်တော့်အဖေက ဦးလေးအတွက် လက်ဆောင် ပေးလိုက်တဲ့ လက်ဖက်ခြောက်ပါ ... "

​အဘိုးကြီးယွီက ခေါင်းညိတ်ပြီး ဖွင့်ကြည့်လိုက်ရာ အံ့အားသင့်သွားသည် ။

​" အိုး.. ဒီလက်ဖက်ခြောက်က ကောင်းလိုက်တာ.. စျေးပေါတဲ့ပုံ မပေါ်ဘူး.. လောင်ယန်က ငွေအများကြီး အကုန်ခံလိုက်တာပဲ.. "

​" ရပါတယ် ဦးလေး.. "

​" ပြန်မသွားခင် ညစာစားပြီးမှ ပြန်.. "

​အဖေယွီက စကားပြောပြီးသည်နှင့် ယန်ကျီဝမ်၏ အဖြေကို မစောင့်တော့ဘဲ အတွင်းခန်းဘက်သို့ လှမ်းအော်လိုက်သည် ။

​" မိန်းမရေ.. ယန်လေး ရောက်လာပြီ.. ဒီနေ့ သူ ငါတို့နဲ့ ညစာစားမှာ.. "

​" လာပါပြီတော်.. "

​အမေယွီ အခန်းထဲမှ ထွက်လာပြီး ယန်ကျီဝမ်ကို ပြုံးကာ နှုတ်ဆက်သည် ။

​" ယန်လေး ရောက်ပြီလား.. မင်းဦးလေးနဲ့ စကားပြောနေဦးနော်.. အဒေါ် အခု သွားချက်လိုက်ဦးမယ်.. သားလာမယ်မှန်း သိလို့ အန်တီက အသားခြောက်တွေ ချက်မလို့.. အားရပါးရ စားရမယ်နော်.. "

​" အင်း.. မင်းအန်တီရဲ့ အသားခြောက်က အရသာရှိတယ်.. နောက်မှ များများစား.. "

​အဖေယွီက ပြောပြီးနောက် ယွီလီဘက်လှည့်ကာ..

​" ယွီလီ.. မီးဖိုချောင်ထဲ သွားပြီး သမီးအမေကို ကူညီလိုက်ဦး.. "

​ယွီလီက သဘောတူကာ ခေါင်းညိတ်လိုက်သည် ။

​ယန်ကျီဝမ်က သူမကို တားလိုက်ပြီး..

​" အဒေါ်.. အသားခြောက်က ထားလိုက်ပါ.. ကျွန်တော် ဒီနေ့ အသားနည်းနည်း ယူလာတယ်.. အဲ့ဒါပဲ အကုန်ချက်လိုက်ရအောင်.. "

​ဤသည်က မည်သည့်ခေတ် ဖြစ်သနည်း ။ ပြောနေစရာပင် မလို ။ အမေယွီ ပြောသော အသားခြောက်ဆိုသည်မှာ နှစ်သစ်ကူးအတွက် ချန်ထားခြင်း ဖြစ်ပေမည် ။

​" သားက ပူစရာမလိုပါဘူး.. စားဖို့သာ စောင့်နေ.. "

​အမေယွီက ယန်ကျီဝမ်ကို ကောင်းကောင်း ဧည့်ခံလိုသဖြင့် ငြင်းလိုက်သည် ။

​ယန်ကျီဝမ်လည်း သဘောတူလိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ ။ နောက်မှ ဝက်သား နှစ်ကျင်းလောက် ထပ်ပို့ပေးရန် ဆုံးဖြတ်လိုက်သည် ။

​ယန်ကျီဝမ်က အဖေယွီနှင့်အတူ ဆေးလိပ်သောက်ရင်း ရေနွေးကြမ်း သောက်နေသည် ။ ယွီလီက မီးဖိုချောင်ထဲသို့ ဝင်သွား၏ ။

​" အမေ.. ဒီအသားတွေ အကုန် တကယ် ချက်မှာလား.. "

​ယွီလီက နှမြောဟန်ဖြင့် ပြောလိုက်သည် ။

​" အမေ့ကို ပြစမ်း.. "

​အမေယွီက အိတ်ထဲကို ကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့်..

​" ဘယ်လောက်တောင်လဲ.. နှစ်ကျင်းလောက် ရှိမှာပဲ.. ယန်လေးက အိမ်ထောင်မှု ထိန်းသိမ်းတဲ့နေရာမှာ သိပ်မကျွမ်းဘူး ထင်တယ်.. နောက်ကျရင် သမီး သူ့ကို သေချာ ပြောပြရမယ်နော်.. သူ့မှာ ပိုက်ဆံရှိရင်တောင် ဒီလိုမျိုး မဖြုန်းသင့်ဘူး.. "

​ယွီလီ ထိုစကားကို ကြားလျှင် မျက်နှာနီရဲသွားပြီး..

​" အမေ.. ဒီကိစ္စတွေ ပြောဖို့ စောပါသေးတယ်.. "

​" ဘာစောရမှာလဲ.. "

​အမေယွီက အတွေ့အကြုံရှိသူပီပီ ပြောလိုက်သည် ။

​" ယန်လေး ပထမဆုံး အလည်အပတ်မှာ ယူလာတဲ့ လက်ဆောင်တွေကို ကြည့်ပါလား.. သူ သမီးကို အရမ်း ဂရုစိုက်တယ်ဆိုတာ ပြနေတာပဲ.. မင်းတို့နှစ်ယောက် လက်ထပ်ဖို့ဆိုတာ အချိန်တန်ရင် ဖြစ်လာမှာပါ.. "

​ယွီလီ၏ မျက်လုံးများ အနည်းငယ် အရောင်လဲ့သွားသည် ။

​ထိုစကားက အမှန်ပင် ။ ဤခေတ်တွင် ပထမဆုံးအကြိမ် လာလည်ရာ၌ မည်သူက ဤမျှ ရက်ရောမည်နည်း ။ နှံစားပြောင်းသကြားလုံး ကျင်းဝက်ခန့် ယူလာလျှင်ပင် လုံလောက်နေပြီ ဖြစ်သည် ။

​လက်ထပ်ခွင့်တောင်းသည့် အချိန်တွင်သာ ဤသို့ လုပ်လေ့ရှိကြသည် ။ ဤသည်က ယန်ကျီဝမ် သူမအပေါ် မည်မျှ အလေးထားကြောင်း ပြသရန် လုံလောက်နေလေပြီ ။

​" ဒါဆို ဒီအသားတွေကရော.. "

​" တစ်ကျင်းလောက်ပဲ ချက်လိုက်.. ကျန်တာ သူ့ကို ပြန်ပေးလိုက်.. "

​ယွီလီ ကန့်ကွက်စရာ မရှိပေ ။

​...

​ညစာစားပြီးနောက် ..

​ခဏတာ စကားစမြည် ပြောပြီးသည့်နောက် ယန်ကျီဝမ် ပြန်ရန် ပြင်လိုက်သည် ။ ယွီလီက သူ့ကို တံခါးဝအထိ လိုက်ပို့ပေး၏ ။

​အိမ်ထဲတွင်တော့ အမေယွီက ညည်းတွားနေသည် ။

​" အဘိုးကြီး.. ခုနက သူနဲ့ ယွီလီ ဘယ်တော့ လက်ထပ်စာချုပ် သွားလုပ်ကြမလဲဆိုတာ ယန်လေးကို ဘာလို့ မမေးလိုက်တာလဲ.. "

​သူမအနေဖြင့် ဤမျှ ကောင်းမွန်သော သမက်မျိုးကို အမြန်ဆုံး အတည်ပြုချင်နေသည် ။ ထို့အပြင် သူမ၏ သမီးကလည်း ယန်လေးကို တကယ် သဘောကျနေ၏ ။ သူ့ကို ကြည့်သည့်အခါ သူမ၏ မျက်လုံးများက တောက်ပနေသည် မဟုတ်ပါလော ။

အဖေ​ယွီက မကျေမနပ်ဖြင့် ပြောသည် ။

​" ဒါ သူ ပထမဆုံး အလည်လာတာလေကွာ.. ငါ ဘယ်လိုလုပ် တိုက်ရိုက်ကြီး မေးလို့ရမှာလဲ.. ရက်နည်းနည်းလောက် စောင့်ကြည့်ကြတာပေါ့.. "

​" ဒါက ဘာခက်တာမှတ်လို့.. "

​အမေယွီက နှာခေါင်းရှုံ့လိုက်ပြီး..

​" ဒီခေတ်မှာ ဘယ်သူက ဒီလို မဟုတ်လို့လဲ.. ဒီနေ့ မျက်မမြင်ချိန်းတွေ့ပြီး နောက်နေ့ဆို လက်ထပ်ခွင့် လာတောင်းနေကြပြီ.. "

​ဤသည်က မှန်ကန်ပေသည် ။

​ဤခေတ်တွင် လက်ထပ်ရသည်က အလွန် မြန်ဆန်သည် ။ မျက်မမြင် ချိန်းတွေ့ခြင်း၊ လက်ထပ်ခွင့်တောင်းခြင်း၊ လက်ထပ်စာချုပ် ချုပ်ခြင်းတို့က ရက်အနည်းငယ်မျှသာ ကြာတတ်သည် ။

​အဖေယွီက လက်ကို ဝှေ့ယမ်းလိုက်ပြီး..

​" ဒီကိစ္စကို ယောက်ျားလေးဘက်က အရင် စပြောရမှာ.. ငါတို့ မိန်းကလေးဘက်က စပြောရင် ဘယ်လို ကြည့်ကောင်းမလဲ.. မသိတဲ့လူတွေက ငါ့သမီး ယွီလီကို အထင်သေးသွားကြဦးမယ်.. "

​" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ကျုပ်သမီး ယွီလီက အရမ်း ချစ်စရာကောင်းတာ.. အရင်က ဘေးအိမ်က အောင်သွယ်တော်ဝမ် ကျုပ်ဆီ အကြိမ်ကြိမ် လာခဲ့ပေမယ့် သဘောမတူခဲ့တာ.. "

​ထို့နောက် အမေယွီက ထိုကိစ္စကို ထပ်မပြောတော့ပေ ။

​" ကဲ.. အပြင်မှာ အေးတယ်.. ဒီလောက်ဆို ရပါပြီ.. ကိုယ် ပြန်တော့မယ်.. "

​ခြံဝင်းအဝင်ဝတွင် ယန်ကျီဝမ်က ယွီလီကို လက်ပြနှုတ်ဆက်ပြီး သူ၏ စက်ဘီးကို စီးကာ ထွက်သွားသည် ။

​" ဟွန်း.. စကားလေး နှစ်ခွန်း သုံးခွန်းလောက်တောင် ပိုမပြောသွားဘူး.. စိတ်ရှုပ်စရာကောင်းတဲ့ လူကြီး.. "

​ယန်ကျီဝမ်၏ ကျောပြင်ကို ကြည့်ရင်း ယွီလီ၏ မျက်လုံးများတွင် နာကြည်းမှု အရိပ်အယောင်လေးများ စွန်းထင်းနေသည် ။

​'ချစ်သူတွေ လမ်းခွဲကြရင် ရင်းနှီးတဲ့ အမူအရာလေးတွေ လုပ်ပြတတ်ကြတယ်လို့ လူတွေက ပြောကြတယ် မဟုတ်ဘူးလား..'

​' ဒါကို ထားလိုက်ပါတော့.. အဲဒီလူက ဘယ်တော့ ပြန်လာတွေ့မယ် ဆိုတာကိုတောင် မပြောသွားဘူး.. တကယ် စိတ်ရှုပ်ဖို့ ကောင်းတာပဲ..'

​' ဒါပေမယ့်လည်း အဆင်ပြေပါတယ်.. ရှင် ကျွန်မဆီ မလာရင် ကျွန်မ ရှင့်ဆီ လာလို့ မရဘူးလား..ဟင်းဟင်းဟင်း.. '

​ထိုသို့ တွေးပြီး ယွီလီ၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ အိမ်ထဲသို့ ပြန်ဝင်သွားသည် ။

​...

​ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ..

​ယန်ကျီဝမ် အိမ်ထဲသို့ ဝင်ဝင်ချင်း မီးဖိုနားတွင် အနွေးဓာတ် ယူနေကြသော ယန်ဖူကွေ့နှင့် ရန်ရွေ့ဟွားတို့ကို တွေ့လိုက်ရသည် ။

​ယန်ကျီဝမ် ပြန်လာသည်ကို မြင်လျှင် ရန်ရွေ့ဟွားက ချက်ချင်း မေးလိုက်၏ ။

​" ဒုတိယသား... ဘယ်လိုလဲ.. သူ နင့်ကို သဘောကျရဲ့လား.. ဘယ်တော့ သွားပြီး လက်ထပ်ခွင့် တောင်းမလဲ.. "

​ယန်ကျီဝမ်က ခေါင်းကိုက်ဟန်ဖြင့် ပြန်ဖြေသည် ။

​" အမေရယ်.. ကျွန်တော် သူတို့မိသားစုနဲ့ ရင်းနှီးအောင် သွားတွေ့ရုံလေးပဲ ရှိသေးတာလေ.. ဘယ်သူက ပထမဆုံး အလည်သွားတဲ့အချိန်မှာ လက်ထပ်ခွင့် သွားတောင်းကြလို့လဲ.. ပြီးတော့ လက်ထပ်ခွင့် သွားတောင်းမယ်ဆိုရင် အဖေက ကျွန်တော်နဲ့ လိုက်ခဲ့ရမှာလေ.. "

​" အဲဒါတော့ ဟုတ်ပါတယ်.. ဒါပေမယ့် အမေက လီလီလေးကို အရမ်း သဘောကျနေလို့.. နင် မြန်မြန်လေးတော့ လုပ်ရမယ်.. "

​ရန်ရွေ့ဟွားက သတိပေးလိုက်သည် ။

​" ခဏလောက် အရင် တွဲကြည့်ပါဦးမယ်.. "

​ယန်ကျီဝမ်က တိတိကျကျ အဖြေမပေးပေ ။

​ဤကိစ္စကို နောက်နှစ်အထိတော့ သေချာပေါက် စောင့်ရပေမည် ။ နှစ်သစ်ကူးရန် ရက်အနည်းငယ်သာ လိုတော့သဖြင့် အချိန်က အရမ်း ကပ်လွန်းနေသည် ။

​" အစ်ကို ယန်ကျီဝမ် ရှိလား.. "

​ထိုစဥ် တံခါးအပြင်ဘက်မှ ဟဲယွီဆွေ၏ အသံ ထွက်ပေါ်လာသည် ။

​ရန်ရွေ့ဟွားက ရှုပ်ထွေးဟန်ဖြင့် မေးသည် ။

​" ယွီဆွေက ဘာလို့ ဒုတိယသားကို လာရှာတာလဲ.. "

​ယန်ဖူကွေ့က ခန့်မှန်းကြည့်လိုက်သည် ။

​" သူ ချေးထားတာ လာပြန်ဆပ်တာ ဖြစ်မယ်.. "

​" ဘာချေးတာလဲ.. "

​ရန်ရွေ့ဟွား ရှုပ်ထွေး သွားသည် ။

​ပြီးခဲ့သည့်အကြိမ် ဟဲယွီဆွေ ဆန်လာချေးစဥ်က သူမ အိမ်ထဲတွင် အလုပ်ရှုပ်နေသဖြင့် မသိလိုက်ပေ ။ ထို့ကြောင့် ယန်ဖူကွေ့က သူမကို ရှင်းပြလိုက်သည် ။

​ထိုစဥ် ယန်ကျီဝမ်က တံခါးဆီသို့ ထွက်သွားသည် ။

​ဟဲယွီဆွေက အိတ်တစ်လုံးကို လှမ်းပေးကာ..

​" အစ်ကို ယန်ကျီဝမ်.. ဒါက ညီမလေး ပြန်ဆပ်တဲ့ပြောင်းဖူးမှုန့်ပါ.. "

​ယန်ကျီဝမ်က အိတ်ကို ယူလိုက်ပြီး ပြုံးကာ မေးလိုက်သည် ။

​" မင်းတို့ မိသားစု ပြောင်းဖူးမှုန့်ဝယ်လိုက်ပြီလား.. "

​" ဒီမနက်တင် အစ်ကို ဝယ်လာတာ.. "

​ဟဲယွီဆွေက ပြန်ဖြေသည် ။

​ရှာကျူး ဝယ်လာသည်နှင့် ဟဲယွီဆွေက ယူလာပြီး ယန်ကျီဝမ်ကို လာပြန်ဆပ်ခြင်းပင် ။

​ယန်ကျီဝမ်က သတိပေးလိုက်သည် ။

​" ဒါဆိုရင် မင်းအစ်ကိုက တခြားလူတွေကို ထပ်ပြီး အချေးအငှားမလုပ်ခင် မင်းအခန်းထဲမှာ ယူသိမ်းထားတာ ပိုကောင်းမယ်.. "

​အချေးဆိုသည့် အသုံးအနှုန်းက အလွန် အဓိပ္ပာယ်ပါလှသည် ။

​ဟဲယွီဆွေ ထိုစကားကို ကြားလျှင် ခါးသီးစွာ ပြုံးလိုက်၏ ။

​နားထောင်ကောင်းအောင် ပြောရလျှင်တော့ ချေးငှားခြင်း ဖြစ်သော်လည်း ကျားမိသားစုက ယခုထိ ပြန်မဆပ်သေးပေ ။ ထပ်သာ ချေးနေ၏ ။

​သို့သော် ယန်ကျီဝမ်က စေတနာဖြင့် ပြောခြင်းဖြစ်မှန်း သူမ သိသောကြောင့် ခေါင်းညိတ်ကာ ပြောလိုက်သည် ။

​" ညီမလေး မှတ်ထားပါ့မယ်.. အိမ်ပြန်ရောက်ရင် အခန်းထဲကို နည်းနည်း ယူသွားလိုက်မယ်.. "

​" မင်းက ငါ့ကို ဝင်ပါလွန်းတယ်လို့ အပြစ်မတင်ရင် ရပါပြီ.. "

​ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်လိုက်သည် ။

​" မတင်ပါဘူး.. အစ်ကို ယန်ကျီဝမ်က ညီမလေး ကောင်းဖို့အတွက် ပြောနေမှန်း သိပါတယ်.. "

​ဟဲယွီဆွေက ခေါင်းခါပြလိုက်သည် ။ သူမ ကလေး မဟုတ်တော့ပေ ။ သူမအပေါ် မည်သူက ကောင်းသလဲ ဆိုသည်ကို သိသည် ။

​" ကောင်းပါပြီ.. အပြင်မှာ အေးတယ်.. မင်း ပြန်တော့.. နောက်ပိုင်း အခက်အခဲ တစ်ခုခုရှိရင် ငါ့ဆီ အချိန်မရွေး လာခဲ့လို့ရတယ်.. "

​" ကျေးဇူးတင်ပါတယ် အစ်ကို ယန်ကျီဝမ်.. "

All Chapters