← Chapters

အခန်း ၁၃၅

Vol. 13 Ch. 135

အခန်း ၁၃၅

Vol. 13 Ch. 135

Chapter 135

~

အခန်း ၁၃၅ : အခြေအနေ မကောင်း၍ လမ်းခွဲကြခြင်း

~

​" တတိယသားရဲ့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း စွမ်းဆောင်ရည်ကလည်း အတော်လေး ကောင်းတယ်.. အချိန်ရတဲ့အခါ အိမ်မှုကိစ္စတွေမှာ ကူညီပေးရုံသာမက သူ့ရဲ့ မောင်နှမတွေနဲ့လည်း ကစားပေးတယ်.. အဲ့ဒါက အရမ်းကောင်းတယ် .."

​ယန်ဖူကွေ့က ဆက်ပြောလိုက်သည် ။

​" ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖေ.. ဒါက သား လုပ်သင့်လုပ်ထိုက်တာတွေပါပဲ.. "

​ယန်ကျီဖန့်က ပျော်ရွှင်စွာ ပြန်ပြောသည် ။

​သူ ဤသို့ လုပ်ရခြင်းတွင် အကြောင်းပြချက် တစ်ခုသာ ရှိ၏ ။ ထိုသည်က သူ၏ အစ်ကိုနှစ်ထံမှ အကျိုးခံစားခွင့်များ ရရှိရန်ပင် ။

​သူ၏ အစ်ကိုနှစ်က စတုတ္ထညီနှင့် ပဉ္စမညီမလေးကို အချစ်ဆုံးဆိုသည်ကို မည်သူက မသိဘဲ နေမည်နည်း ။

​သူက အကျိုးအမြတ်အတွက် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း သူ၏ ယေဘုယျ စွမ်းဆောင်ရည်က အတော်လေး ကောင်းမွန်နေဆဲ ဖြစ်ပြီး ယန်ကျီဝမ်ကလည်း ဤသည်ကို အတော်လေး သဘောကျနေခဲ့သည် ။

​နောက်ဆုံးတွင်တော့ ယန်ကျီဖန့်၏ စရိုက်လက္ခဏာက ပုံသေ သတ်မှတ်ထားပြီးသား ဖြစ်ကာ အကျိုးကျေးဇူးများအတွက် ကြိုးစား အားထုတ်လိုစိတ် ရှိလာခြင်းကပင် အပြောင်းအလဲ တစ်မျိုး ဖြစ်နေပေပြီ ။

​သို့သော်လည်း သူ ယန်ကျီချန်းကိုတော့ အမှန်တကယ် သည်းမခံနိုင်ချေ ။

​ယန်ကျီချန်းက ရည်မှန်းချက် ကြီးမားသော်လည်း အရည်အချင်းက နိမ့်ကျနေ၏ ။ ယန်ကျီဖန့်လည်း အလားတူ ဆက်ဆံမှုကို ခံစားခဲ့ရသော်လည်း အစ်ကိုကြီးက ပျင်းရိပြီး စားကြူးလှသည် ။ နေ့စဉ် အိမ်မှုကိစ္စများကို ဝင်မကူသည့်အပြင် အပြင်ထွက်ကာ အလုပ်ရှာရန် ဆင်ခြေအမျိုးမျိုး ပေးတတ်သည် ။

​သို့တိုင်အောင် သူက လစဉ် စားသောက်စရိတ်ကိုပင် မပေးနိုင်ချေ ။ ဤသို့သော လူမျိုးကို သူ တကယ်ကို သည်းမခံနိုင်တော့။

​" နောက်တစ်ခုကတော့ ဒုတိယသား အကြောင်း ပြောကြရအောင် ..."

​ယန်ဖူကွေ့က ယန်ကျီဝမ်ကို ကျေနပ်အားရစွာ ကြည့်ကာ..

​" ဒုတိယသားက ဒီကာလအတွင်းမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောရမယ်.. တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ကျရှုံးခဲ့ပေမဲ့ စိတ်ဓာတ်မကျခဲ့ဘူး.. ပိုပြီးတော့တောင် ကြိုးစားခဲ့သေးတယ်... "

​" သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် မိသားစုရဲ့ လူနေမှု အဆင့်အတန်းက အတော်လေးကို မြင့်တက်လာခဲ့ပြီး ဒါတွေ အားလုံးက ဒုတိယသားရဲ့ ကျေးဇူးတွေချည်းပဲ.. အားလုံးပဲ သူ့အတွက် လက်ခုပ်တီးပေးကြပါဦး... "

​မိသားစု တစ်ခုလုံးက စိတ်အားထက်သန်စွာ လက်ခုပ်တီးပေးကြသည် ။

​အနည်းငယ် မနာလို နေသော ယန်ကျီချန်းမှလွဲ၍ ကျန်သူအားလုံးက ရိုးသားစွာ ဂုဏ်ပြုကြခြင်း ဖြစ်၏ ။

​" ကောင်းပြီ.. ဒုတိယသားက အနာဂတ်မှာလည်း ဆက်လက် ကြိုးစားသွားမယ်လို့ မျှော်လင့်ပါတယ်.. အခုတော့ ဒီလောက်ပါပဲ.. ကဲ အားလုံးပဲ စားကြစို့ .."

​ယန်ဖူကွေ့က ပြုံး၍ ပြောလိုက်သည် ။

​" ဖေဖေ.. "

​ယန်ကျီတိက ရုတ်တရက် လက်ကို မြှောက်လိုက်သည် ။

​ယန်ဖူကွေ့က ပြုံးလိုက်ပြီး..

​" သမီးလေး.. ဘာပြောစရာ ရှိလို့လဲ... "

​ယန်ကျီတိက ကလေးသံလေးဖြင့်..

​" ဖေဖေ.. အစ်ကိုလေးနဲ့ သမီးလည်း အိမ်မှုကိစ္စတွေ ကူလုပ်ပေးခဲ့တာပဲကို.. ဒါပေမဲ့ ဖေဖေက သမီးတို့ကို မချီးကျူးသေးဘူးလေ.. "

​" ဟုတ်တယ်.. "

​ယန်ကျီခွမ်းကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည် ။

​ယန်ဖူကွေ့ ရယ်လိုက်ပြီး..

​"ဟားဟားဟား.. ဟုတ်ပါပြီကွာ.. သမီးတို့ နှစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကလည်း အရမ်း ကောင်းပါတယ်.. အရင် စားကြရအောင်.. မဟုတ်ရင် ဟင်းတွေ အေးကုန်လိမ့်မယ်... "

​ဤသို့ဖြင့် မိသားစုက သူတို့၏ နှစ်သစ်ကူး ညစာစားပွဲကို စတင်လိုက်ကြသည် ။

​ဤမြင်ကွင်းကို ကြည့်ရင်း ယန်ကျီဝမ်လည်း အနည်းငယ် စိတ်လှုပ်ရှားလာမိ၏ ။

​မသိမသာဖြင့် သူ ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည် ။ ဤသည်က ကူးပြောင်းလာပြီးနောက် သူ ဖြတ်သန်းခဲ့ရသော ပထမဆုံး နှစ်သစ်ကူးပွဲတော်ပင် ။

​...

​တစ်ချိန်တည်းမှာပင်..

​ကျားမိသားစုဘက်တွင်လည်း အလွန် စည်ကား တက်ကြွနေချေသည် ။

​ရှစ်ယောက်ထိုင် စားပွဲဝိုင်းကြီးတွင် လူများ ပြည့်ကျပ်နေ၏ ။

​ယီမိသားစု ဇနီးမောင်နှံ ၊ ကျားမိသားစု ၊ နားမကြားသည့် အဘွားကြီးနှင့် ဟဲယွီဆွေ တို့ ဖြစ်ကြသည် ။

​ထိုင်စရာ နေရာပင် မရှိသလောက် ကျပ်ညပ်နေသည် ။

​မီးဖိုချောင်ထဲတွင် ရှာကျူးက ဟင်းချက်နေပြီး ချင်ဟွိုင်ရုက သူ့ကို ကူညီပေးနေသည် ။

​မီးဖိုချောင်ထဲတွင် ရှာကျူးနှင့် ချင်ဟွိုင်ရုတို့ စကားပြောကာ ရယ်မောနေသည်ကို ကြည့်ပြီး ကျားဒုံရွှီ၏ မျက်လုံးများက မီးတောက်များလို နီရဲနေ၏ ။

​အထူးသဖြင့် ရှာကျူးက သူ၏ ဇနီးကို ဝါးမျိုတော့မည့် အကြည့်မျိုးဖြင့် ကြည့်နေတတ်သည်ကို သူ သိသည် ။

​သူသာ ရှာကျူး၏ အကူအညီကို မလိုအပ်တော့လျှင် ရှာကျူးထံ အပြေးသွား၍ ထိုးကြိတ်မိမည်မှာ သေချာပေသည် ။

​သူ ဤကိစ္စကို မကြာခဏ ပြောလေ့ရှိသော်လည်း နောက်ဆုံးတွင်တော့ ယီကျုံးဟိုင်က သူ့ကို ဝင်တားလေ့ရှိသည် ။

​ကံကောင်းထောက်မစွာဖြင့် ရှာကျူးက ရုပ်ဆိုးလှသဖြင့် သူ့ဇနီးက ရှာကျူးကို သဘောကျမည် မဟုတ်ကြောင်း တွေးကာ နှစ်သိမ့်နေရ၏ ။

​မကြာမီပင် ရှာကျူးနှင့် ချင်ဟွိုင်ရုတို့က နောက်ဆုံး ဟင်းလျာကို ယူဆောင်လာခဲ့ကြသည် ။

​မိသားစု အားလုံး စုံလင်သွားကြပြီ ဖြစ်သည် ။

​ကျားကျန်းရှီက စားပွဲပေါ်ရှိ အစားအစာများကို ကြည့်ပြီး တံတွေးမြိုချမိသော်လည်း ထင်ရာဆိုင်းရန်တော့ မဝံ့မရဲ ဖြစ်နေ၏ ။

​ဤခြံဝင်းထဲတွင် သူမ အကြောက်ဆုံးသူမှာ နားမကြားသည့် အဘွားကြီးပင် ။

​ထိုအချိန်တွင် ယီကျုံးဟိုင်က နားမကြားသည့် အဘွားကြီးကို ကြည့်ပြီး ပြုံးကာ..

​" အဘွား.. အချိန်တန်ပြီ... "

​" အင်း.. "

​နားမကြားသည့် အဘွားအိုက ခေါင်းအသာညိတ်ပြလိုက်ပြီး တူဖြင့် ဝက်သားဟင်းထဲမှ အသားတစ်တုံးကို ကောက်ယူလိုက်သည် ။

​သူမ စတင် စားသောက်လိုက်သည်နှင့် တခြားသူများ အားလုံးလည်း စတင် စားသောက်ကြတော့သည် ။

​အမြန်ဆုံးသူမှာ ကျားကျန်းရှီ ပင် ။

​သူမက တူဖြင့် အသားများကို သူမ၏ ပန်းကန်လုံးထဲသို့ အများကြီး ခပ်ထည့်လိုက်သည် ။

​ဟဲယွီဆွေ သူမ၏ တူကို ကောက်ကိုင်လိုက်ချိန်တွင်မျက်နှာက မည်းမှောင်သွားသည် ။

​သေချာ ကြည့်လိုက်တော့ ပန်းကန်ထဲတွင် ဝက်သား အနည်းငယ်သာ ကျန်တော့၏ ။ ထို့နောက် ကျားဒုံရွှီ ၊ ယီကျုံးဟိုင်နှင့် အခြားသူများကပါ ထပ်ယူလိုက်ကြသည် ။

​ထိုမျှနှင့် မပြီးသေးပေ ။ နောက်တစ်ခုကတော့ ကြက်သားဟင်းချိုအိုး အလှည့်ပင် ။

​ကျားကျန်းရှီက သူမ၏ တူဖြင့် ဟင်းအိုးထဲ မွှေနှောက်ကာ အထဲရှိ အသားအားလုံးနီးပါးကို ယူလိုက်သည် ။

​ဤသည်ကို မြင်တော့ နားမကြားသည့် အဘွား၏ မျက်နှာက မည်းမှောင်သွား၏ ။ ယီကျုံးဟိုင်နှင့် သူ၏ ဇနီးလည်း မကျေမနပ် ဖြစ်သွားပုံရသည် ။

​ဟဲယွီဆွေ ဆက်၍ သည်းမခံနိုင်တော့ချေ ။ သူမက ပေါင်းထားသော မန်ထို နှစ်လုံးကို ယူလိုက်ပြီး..

​" သမီး ဗိုက်ပြည့်သွားပြီ.. အရင် ပြန်နားလိုက်ဦးမယ်... "

​ထိုစကားကို ပြောပြီးသည်နှင့် ဟဲယွီဆွေက ကျားမိသားစုအိမ်မှ မျက်နှာထား တင်းတင်းဖြင့် ထွက်သွားသည် ။

​နေ့လယ်ခင်းက ရှာကျူး အသားနှင့် ကြက်တစ်ကောင် ပြန်ယူလာသည်ကို မြင်လျှင် ဤနှစ်တွင် သူတို့ နှစ်သစ်ကူးကို ကောင်းကောင်း ဖြတ်သန်းနိုင်မည်ဟု သူမ တွေးခဲ့မိ၏ ။ သို့သော် ရှာကျူးက ဤညတွင် ကျားမိသားစုနှင့်အတူ နှစ်သစ်ကူး ညစာ စားမည်ဟု ရုတ်တရက် ပြောလာလိမ့်မည်ဟု ဘယ်သူက သိထားမည်နည်း ။

​ဟဲယွီဆွေက ထိုသို့ မလုပ်ချင်ခဲ့ပေ ။ သို့သော် သူမက ယခုအချိန်တွင် တခြားသူများအပေါ် မှီခိုနေရသဖြင့် ကိုယ်ပိုင် ဆုံးဖြတ်ချက်များ မချနိုင်ချေ ။

​သူမ ဘာမှ မပြောနိုင်သော်လည်း မကျေမနပ် ဖြစ်နေခဲ့သည် ။

​မည်သို့ပင် ဆိုစေကာမူ ထမင်းတစ်နပ် စားရုံသာ မဟုတ်ပါလော ။ ဤကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း ။

​သူမ တူကို ကောက်ကိုင်ရန်ပင် အခွင့်အရေး မရလိုက်သည့်အပြင် သူမအလှည့်ပင် မရောက်လိုက်ချေ ။ ထို့အပြင် ကျားကျန်းရှီ မွှေနှောက်ထားသော ကြက်သားဟင်းရည်ကို ဘယ်သူက ဆက်သောက်ချင်တော့မည်နည်း ။

​ကျားကျန်းရှီက ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်ဟု သူမ ခံစားလိုက်ရသည် ။

​ဟဲယွီဆွေ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်က အနည်းငယ် ကသိကအောက် ဖြစ်သွားသည် ။

​အထူးသဖြင့် ကျားဒုံရွှီပင် ။ သူ၏ မျက်နှာက ရှက်ရွံ့မှုကြောင့် ရဲတွတ်နေသည် ။

​သူ၏ အမေက ဤလို နေ့မျိုးတွင် ဤကဲ့သို့ အကျင့်စရိုက်မျိုး ထုတ်ပြလိမ့်မည်ဟု သူ ထင်မထားမိခဲ့ ။ သူမက သူ့ကို မျက်နှာပျက်အောင် တမင်တကာ ကြိုးစားနေလေသည်။

​ရှာကျူးက အခြေအနေကို ထိန်းရန်..

​" အဆင်ပြေပါတယ်.. သူ့ကို စိတ်မပူကြပါနဲ့.. ကျွန်တော်တို့ဘာသာ ဆက်စားကြတာပေါ့.. "

​" ဟုတ်တယ်.. သူက ဘာမှအရေးမပါတဲ့သူပဲ.. ဘာလို့ သူ့ကို ဂရုစိုက်နေရမှာလဲ... "

​ကျားကျန်းရှီက ဂရုမစိုက်သလို ပြောလိုက်သည် ။

​ထို့နောက် စားပွဲပေါ်ရှိ ငါးဟင်းဆီသို့ သူမ၏ တူကို ဆက်လှမ်းလိုက်ပြန်၏ ။

​" ဖြန်း .."

​သူမ အသားကို ယူတော့မည့် အချိန်မှာပင် သူမ၏ တူက ရိုက်ချခံလိုက်ရသည် ။

​ကျားကျန်းရှီ ဒေါသထွက်တော့မလို ဖြစ်သွားသော်လည်း ရိုက်ချသူမှာ နားမကြားသည့် အဘွားကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည် ။ ထို့ကြောင့် သူမ၏ ဒေါသများက ချက်ချင်းပင် ပျောက်ကွယ်သွား၏ ။

​နားမကြားသည့် အဘွားကြီးက အေးစက်စက်ဖြင့်..

​" ကျားကျန်းရှီ.. နင် သေသေချာချာ မစားတတ်ဘူးလား.. မစားတတ်ရင်လည်း နင့်ဘာသာ သွားစားချေ... "

​" အဘွား.. ရှင်က လူတွေကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား... "

​ကျားကျန်းရှီက စိတ်ဆိုးစွာဖြင့်...

​" နှစ်သစ်ကူးနေ့ကြီးကို ရှင်က လူတွေကို စားခွင့်တောင် မပေးတော့ဘူးလား.. ဒါက ကျုပ်အိမ်နော်... "

​" ဒါပေမဲ့ ပါဝင်ပစ္စည်းတွေ အားလုံးက ယီကျုံးဟိုင် ပိုက်ဆံစိုက်ပြီး ရှာကျူးက ယူလာပေးထားတာလေ.. "

​နားမကြားသည့် အဘွားအိုက မျက်မှောင်ကြုတ်ကာ..

​" နင် လုပ်နေတာတွေက လွန်လွန်းတယ်လို့ မထင်ဘူးလား ..."

​ဤသည်က အမှန်ပင် ဖြစ်သည် ။

​အသားနှင့် အခြားပစ္စည်းများကို ယီကျုံးဟိုင်က ငွေပေးချေပြီး ရှာကျူးက ယူဆောင် ချက်ပြုတ်ပေးခဲ့ခြင်း ဖြစ်၏ ။ ကျားမိသားစု၏ ဝေစုကိုလည်း ယီကျုံးဟိုင်ကပင် ပေးချေထားပြီး ကျားမိသားစုက နေရာကို ပံ့ပိုးပေးရုံသာ ဖြစ်သည် ။ ဟင်းခတ်အမွှေးအကြိုင်များနှင့် အခြားအရာများကိုပင် ရှာကျူးက သူ့အိမ်မှ ယူဆောင်လာခဲ့သည် ။

​" ကျုပ် ဂရုမစိုက်ဘူး.. ရှင် ကျုပ်တို့ မြေးအဘွားကို ငတ်သေစေချင်နေတာ မလား... "

​ကျားကျန်းရှီက ကျိုးကြောင်းမဆီလျော်စွာ ပြုမူလာသည် ။

​နားမကြားသည့် အဘွားကြီးက ဒေါသထွက်သွားတော့သည် ။

​" အဘွား.. သူ့ကို သွားမနှောင့်ယှက်ပါနဲ့.. လာ.. ငါးတစ်တုံး လောက် စားလိုက်ပါဦး.. "

​ယီကျုံးဟိုင်က နားမကြားသည့် အဘွားအိုအတွက် ငါးတစ်တုံးကို ရွေးပေးရင်း အခြေအနေကို မြန်မြန်ဆန်ဆန် ဝင်ထိန်းလိုက်သည် ။

​ဤမိသားစုများ နှစ်သစ်ကို အတူတူ ကျင်းပရန်မှာ သူ၏ အကြံအစည် ဖြစ်သည် ။ အရာရာတိုင်းက အရမ်း ရုပ်ဆိုးသွားမည် ဆိုလျှင် သူသာလျှင် မျက်နှာပျက်ရပေလိမ့်မည် ။

​ယီကျုံးဟိုင်ကို လေးစားသောအားဖြင့် နားမကြားသည့် အဘွားကြီးလည်း အနည်းငယ် ဆက်စားလိုက်သည် ။

​ထို့နောက် သူမက ဗိုက်ပြည့်သွားပြီဟု ပြောကာ ယီကတော်( ယီကျုံးဟိုင်ရဲ့ မိန်းမ )ကို အကူအညီ တောင်း၍ အိမ်ပြန်သွား၏ ။

​နားမကြားသည့် အဘွားကြီး ထွက်သွားပြီးနောက် ယီကျုံးဟိုင်နှင့် ရှာကျူးတို့ မကြာမီပင် ထွက်သွားကြသဖြင့် ကျားမိသားစုသာ ကျန်ရစ်ခဲ့တော့သည် ။

​ကျားကျန်းရှီက ဘာကိုမှ စိတ်မဝင်စားဘဲ ဆက်စားနေ၏ ။

​သူမအတွက်ကတော့ အားလုံး ထွက်သွားလျှင် ပိုကောင်းသည် ။ ထိုသို့ဆိုလျှင် အရသာရှိသော အစားအစာ အားလုံးက သူမအတွက်သာ ဖြစ်လိမ့်မည် မဟုတ်ပါလော ။

​" အမေရယ်.. အမေကတော့လေ... "

​ကျားဒုံရွှီက အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်စွာ ဆေးလိပ်သောက်ရန် တံခါးဝသို့ လျှောက်သွားလိုက်သည် ။

​နှစ်သစ်ကူး ညစာစားပွဲလေး တစ်ခုက ဤကဲ့သို့ အခြေအနေမျိုး အဆုံးသတ်သွားလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ ။

​ယီကျုံးဟိုင်က နှစ်သစ်ကူးကို သူ့အိမ်တွင် အတူတူ ဖြတ်သန်းရန် အကြံပြုခဲ့ခြင်းက သူတို့ မိသားစု ရုန်းကန်နေရသည်ကို မြင်ပြီး ကူညီချင်၍သာ ဖြစ်သည် ။ ဒါက ကြင်နာသည့် ရည်ရွယ်ချက် ဖြစ်သော်လည်း သူ၏ အမေက ဖျက်ဆီးပစ်လိုက်ပြီ ။

​အခုဆိုလျှင် ဆရာယီ အတော်လေး ဒေါသထွက်သွားသည့် ပုံပင် ။

All Chapters