← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အခန်း (၁၁) - ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခြင်း။

ဝေ့ဝူသည် စိတ်ထဲတွင် လေးလံမှုတစ်ခုကို ခံစားနေရသည်။ ကမ္ဘာမြေသို့ ရောက်သွားလျှင် သူ၏ ကျင့်စဉ်စွမ်းအားများ ပျောက်ကွယ်သွားလိမ့်မည်။

အကယ်၍ သူသာ သေဆုံးသွားခဲ့လျှင်...

"ငါက အဲဒီလောက်လည်း ကံမဆိုးလောက်ပါဘူး။ ငါရောက်နေတာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ နေရာမျိုးမှ မဟုတ်တာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းပဲ။ ဘယ်သူကမှ ရုတ်တရက် သေနတ်နဲ့ ပစ်သတ်မှာ မဟုတ်ပါဘူး။ ငါ မလိုအပ်ဘဲ စိုးရိမ်နေတာနေမှာပါ။"

ဤသို့ တွေးတောမိလိုက်သောအခါ သူသည် တရုတ် နိုင်ငံတွင် မွေးဖွားလာခဲ့သည့်အတွက် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက်သူသည် ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ထိုညတွင် တင်ပျဉ်ခွေထိုင်နေသော ဝေ့ဝူသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ဘေးတွင် စိတ်ကူးယဉ်ဆန်သော ဝဲဂယက်တစ်ခု ပေါ်လာသည်။

ကမ္ဘာနှစ်ခုကြား တံခါးပေါက်သည် နေ့ဘက်ကပင် ပွင့်နေခဲ့သော်လည်း အခြားသူများ အနှောင့်အယှက်ပေးမည်ကို စိုးရိမ်သဖြင့် ညဘက်ရောက်မှသာ သူစောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။

သူသည် သိုလှောင်အိတ်ထဲမှ ရွှေများကို ထုတ်ယူပြီး အထုပ်တစ်ခုအဖြစ် ထုပ်ပိုးလိုက်သည်။

ကမ္ဘာမြေသို့ ပြန်ရောက်သွားလျှင် သိုလှောင်အိတ်သည် အသုံးပြု၍ ရတော့မည်မဟုတ်ပေ။ အကယ်၍ သူ ဟိုဘက်ရောက်သွားပြီး ရွှေများကို ပြန်ထုတ်၍ မရတော့ပါက အတော်လေး အဖြစ်ဆိုးလိမ့်မည်။

သူသည် တမင်တကာပင် တီရှပ်ကိုသာ ဝတ်ဆင်ထားပြီး ဘောင်းဘီနှင့် ဖိနပ်များမှာ ကမ္ဘာမြေ၏ ပုံစံနှင့် အလွန်တူအောင် ရွေးချယ်ထားသည်။

သူ၏ ခေါင်းပေါ်မှ ကျောက်စိမ်းသရဖူကိုလည်း ဖယ်ရှားကာ ဆံပင်ကို ကြိုးတစ်ချောင်းဖြင့် မြင်းမြီးပုံစံ စည်းနှောင်ထားလိုက်သည်။

အမှန်အတိုင်းပြောရလျှင် မှန်ထဲကြည့်လိုက်သည့်အခါ သူသည် ဤပုံစံဖြင့် အတော်လေး ချောမောနေသည်။

သူ ဤသို့ ပြုလုပ်ရခြင်းမှာ လူအများ၏ အာရုံစိုက်မှုကို မခံချင်၍ ဖြစ်သည်။ ထို့အပြင် သူဝတ်ထားသည့် တီရှပ်က ဤတစ်ခေါက်တွင် အလေးချိန်ကန့်သတ်ချက်ထဲ ပါဝင်မဝင်ကိုလည်း စမ်းသပ်လိုသည်။

"ဟူး..."

သူသည် အသက်ပြင်းပြင်းရှူပြီး ဝဲဂယက်ထဲသို့ ခြေလှမ်းလိုက်သည်။

အမှောင်ထု။

ထို့နောက် အလင်းရောင်။

သူသည် ကျဉ်းမြောင်းသော နေရာတစ်ခုတွင် ပြန်လည် ပေါ်လာခဲ့သည်။ အောက်ကို ငုံ့ကြည့်လိုက်သောအခါ၎င်းမှာ အိမ်သာတစ်ခုဖြစ်နေဆဲပင်သို့သော် သူအရင်က ရောက်ခဲ့သည့် နေရာတော့ မဟုတ်ပေ။

"အိမ်သာနှစ်ခုစလုံးက သန့်ပေမဲ့ဒါဟာ တကယ့်ကို မနှစ်မြို့စရာ အတွေ့အကြုံပါပဲ။"

ဝေ့ဝူ သက်ပြင်းချရင်း တွေးလိုက်သည်။

အိမ်သာဆိုသည်မှာ ကမ္ဘာကူးပြောင်းရန် တကယ့်ကို သင့်တော်သည့်နေရာဖြစ်ကြောင်း သူ ဝန်ခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ သတိမပြုမိနိုင်သောကြောင့် ဖြစ်သည်။

ကမ္ဘာမြေသို့ ပြန်ရောက်သည့်အချိန်တွင် သူအဓိက ခံစားလိုက်ရသည်မှာ သူ၏အထုပ်ထဲမှ ရွှေများကြောင့် ဖြစ်ပေါ်လာသည့် ကိုယ်အလေးချိန်ပင်။

သူသည် အထုပ်ကို ဖွင့်ကြည့်လိုက်သည်။ အပေါ်ယံကြည့်ရသလောက်တော့ ရွှေများ ပြောင်းလဲသွားခြင်း မရှိပေ။

"အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။"

ရေကန်တွင် မျက်နှာသစ်ပြီး ကြည်လင်တောက်ပနေသည့် မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်း ဝေ့ဝူ ပြုံးလိုက်သည်။ ဤကမ္ဘာသည် သူ့ကို စိတ်အေးချမ်းမှုများစွာ ပေးစွမ်းနိုင်ပုံရသည်။

အချိန်က အလွန်တိုတောင်းသော်လည်းသူသည် လမ်းတစ်လျှောက်ရှိ ခေတ်မီရှုခင်းများကို ကြည့်ရှုခံစားနေခဲ့သည်။

ကားများ၊ လမ်းမီးတိုင်များ၊ အပင်များ၊ ရုံးခန်းအဆောက်အအုံများ၊ ကြော်ငြာဆိုင်းဘုတ်များ နှင့် သူရင်းနှီးကျွမ်းဝင်နေသည့် တရုတ်ဘာသာစကားများ။

သူသည် လက်ထဲတွင် လေးလံနေသည့် အထုပ်ကို အလေးချိန်ချိန်ကြည့်ရင်း ရွှေတွေအများကြီး ပါလာသော်လည်း ရောင်း၍မရပါက အသုံးမဝင်ကြောင်း တွေးမိသည်။

သူသည် အနီးနားရှိ ရွှေဆိုင်တစ်ဆိုင်ကို ရှာဖွေပြီး လမ်းတစ်လျှောက်တွင် ပစ္စည်းအချို့ ဝယ်ယူနိုင်မလားဟု စဉ်းစားလိုက်သည်။ သူအတွက်တော့ ကမ္ဘာမြေသည် ရတနာများ ပြည့်နှက်နေသည့် နေရာတစ်ခုလိုပင်။

ဆိုင်များ၏ လမ်းအမှတ်အသားများနှင့် လမ်းညွှန်ဆိုင်းဘုတ်များအရ သူသည် မြို့တွင်ပင် ရှိနေသေးကြောင်း သိလိုက်ရသည်။

"နေရာက ပြောင်းသွားပေမဲ့ မြို့ကတော့ မပြောင်းဘူးပေါ့လေ။"

ကိစ္စမရှိပါ။ အနည်းဆုံးတော့ အခု သူဘယ်ရောက်နေမှန်း သိလိုက်ရပြီ။

သူသည် ဦးတည်ချက်မရှိဘဲ လမ်းလျှောက်နေစဉ် ရှေ့တွင် သားမိနှစ်ယောက်တွေ့လိုက်ရသည်။ မိခင်ဖြစ်သူက ဖုန်းပြောနေပြီး ကလေးကတော့ ၁၀ စင်တီမီတာခန့်ရှိသည့် Ultraman အရုပ်ကို ကိုင်ကာ အော်ဟစ်ရင်း မိခင်၏ပေါင်ကို ရိုက်နှက်နေသည်။

"အား မေမေက မကောင်းဆိုးဝါးပဲ။ သားရဲ့ Ultraman Leo က မေမေ့ကို ဖျက်ဆီးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ပေးမယ်။"

ကလေးသည် သူ၏ မိခင်ကို မကောင်းဆိုးဝါးတစ်ကောင်လို သဘောထားပြီး ကစားနေပုံရသည်။

ရုတ်တရက် ထိုအမျိုးသမီးက ဖုန်းထဲသို့

"ဒါဆိုရင်လည်း ပြန်မလာနဲ့ ထွက်သွားလိုက်

အော်ပြောပြီး ဖုန်းကို ချလိုက်သည်။

ကလေးသည် Ultraman အရုပ်ကို မိခင်၏ပေါင်ပေါ်တွင် ဆက်တိုက်ရိုက်နှက်ရင်း အော်ဟစ်နေသည်။ စိတ်အနှောင့်အယှက်ဖြစ်နေသော မိခင်ဖြစ်သူက အရုပ်ကို လုယူကာ အနီးရှိ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။

ကလေးမှာ ချက်ချင်း ငိုယိုလာပြီး မိခင်ကမူ မျက်နှာတည်ဖြင့် ကလေးကို ဆွဲခေါ်သွားရင်း "သူနဲ့ လုံးဝတူတယ်။"

သူတို့နှစ်ဦး ထွက်သွားပြီးနောက် ဝေ့ဝူသည် အမှိုက်ပုံးကို စိုက်ကြည့်ရင်း အတွေးတစ်ခု ဝင်လာသည်။

အကယ်၍ သူသာ Ultraman အရုပ်ကို ဟိုဘက်ကမ္ဘာသို့ ယူသွားလျှင် ဘာဖြစ်လာမလဲ။

သူသည် အမှိုက်ပုံးနားသို့ သွားပြီး အညစ်အကြေးများကို ဂရုမစိုက်ဘဲ အရုပ်ကို ဆွဲထုတ်လိုက်သည်။

ပလတ်စတစ်အရုပ်မှာ အရည်အသွေးကောင်းပြီး အလေးချိန်လည်း အနည်းငယ်ရှိသည်။ ဂရမ် ၁၀၀ ကျော်လောက် ရှိနိုင်သည်။

သူသည် Ultraman အရုပ်ကို ကြိုတင်ပြင်ဆင်ထားသော အိတ်ထဲသို့ ထည့်လိုက်သည်။ လှည့်ကြည့်လိုက်သောအခါ ဆယ်ကျော်သက် မိန်းကလေးအချို့က သူ့ကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှက်ရွံ့သွားသော ဝေ့ဝူသည် သူတို့နှင့် မျက်လုံးချင်းမဆုံမိစေရန် ရှောင်ခွာကာ လမ်းလျှောက်သွားသည်။

"သူက ချောပေမဲ့ သူ့ဦးနှောက်ကတော့ ရင့်ကျက်ပုံမပေါ်ဘူး..."

တိုးတိုးပြောသံများ ထွက်ပေါ်လာသည်။

"ဒီအရုပ်ကြီး ကျင့်စဉ်နယ်ပယ်ကို ရောက်သွားရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲဆိုတာ မင်းတို့ ဘယ်သိမလဲ။"

ဝေ့ဝူ ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့်လိုက်သည်။

လမ်းနည်းနည်း ထပ်လျှောက်ပြီးနောက် လူစည်ကားသည့် လမ်းကြားတစ်ခုတွင် ရွှေဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။

ဆိုင်ခန်းသည် အလွန်သေးငယ်ပြီး မှန်စင်များထဲတွင် ရွှေလက်စွပ်နှင့် လည်ဆွဲများကို စနစ်တကျ ပြသထားသည်။

ဤကဲ့သို့ ပုဂ္ဂလိကပိုင်ဆိုင်သည့် ဆိုင်ငယ်မျိုးကို သူလိုချင်နေတာဖြစ်သည်။ အကယ်၍ အမှတ်တံဆိပ်ကြီးများ ဖြစ်နေပါက စည်းကမ်းချက်များ တင်းကျပ်လွန်း၍ သူ့အတွက် အခက်အခဲရှိနိုင်သည်။

"ဆိုင်ရှင်။"

သူသည် ဆိုင်ထဲဝင်ရင်း ခေါ်လိုက်သည်။

ဝတုတ်နေသော အမျိုးသားတစ်ဦးသည် ကုလားထိုင်မှ ထလာသည်။

"ရွှေဝယ်မလို့လား။ လက်စွပ်လား လည်ဆွဲလား။"

ဝေ့ဝူသည် မှန်စင်ထဲရှိ ပစ္စည်းများကို ကြည့်လိုက်သည်။ အများစုမှာ ယွမ်ရာဂဏန်းသာ တန်ဖိုးရှိပြီး စစ်မှန်သော ရွှေစစ်စစ်များ မဟုတ်ပေ။

ဤကဲ့သို့ ဆိုင်ငယ်များမှာ ရွှေနှင့် ကြေးနီ ရောစပ်ထားသည့် ပစ္စည်းများသာ ရောင်းလေ့ရှိသည်။

"ရွှေ ဝယ်လား။"

ဆိုင်ရှင်သည် ဝေ့ဝူကို ခေါင်းဆုံးခြေဆုံး အကဲခတ်ကြည့်လိုက်သည်။

"ဝယ်တယ်ဘယ်လောက်ပါလာလဲ။"

"အရင်ဆုံး ဈေးညှိရအောင်။"

"ဒါက ပစ္စည်းရဲ့ ရွှေပါဝင်နှုန်းအပေါ် မူတည်တာပေါ့။"

"စိတ်မပူပါနဲ့ ဒါ ရွှေစစ်စစ်ပါ။"

"ဈေးကွက်ပေါက်ဈေးယွမ် ၄၀၀။"

ဝေ့ဝူသည် ရွှေဈေးကွက်အကြောင်းကို လေ့လာမထားခဲ့ပေ။ ခုနစ်နှစ်လောက်က ရွှေဈေးသည် ၃၀၀ ကျော်ခန့် ရှိသည်။ ခုနစ်နှစ်အကြာတွင် ၄၀၀ ဆိုသည်မှာ ကျိုးကြောင်းဆီလျော်သည်။

သို့သော် ဆိုင်ရှင်ပေးသည့်ဈေးသည် နည်းလွန်းကြောင်း သူသိသည်။

သို့သော်သူသည် ငွေကြေးအတွက် အရေးမစိုက်ပေ။

"သဘောပါပဲ။"

ဆိုင်ရှင်မှာ အံ့အားသင့်သွားသည်။

ဒီလူငယ်လေးက ဈေးတောင်မဆစ်ဘူး။ အတွေ့အကြုံမရှိတဲ့လူ ဖြစ်လိမ့်မည်။

"ဒါဆို ထုတ်ပြလေ။"

ဆိုင်ရှင်က ဝေ့ဝူ ဘာမှကောင်းကောင်း ထုတ်ပြနိုင်လိမ့်မည်မဟုတ်ဟု ယူဆကာ လေသံပြတ်ပြတ်ဖြင့် ပြောသည်။

ဆိုင်ရှင်၏ အထင်သေးသည့် အကြည့်အောက်တွင် ဝေ့ဝူသည် ရွှေလက်ကောက်တစ်ကွင်းကို ထုတ်လိုက်သည်။

"အို လက်ကောက်ပါလား။"

ဆိုင်ရှင်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ အပြုံးတစ်ခု ပေါ်လာပြီး စိတ်လှုပ်ရှားသွားသည်။ သူသည် လက်ကောက်ကို သေချာစစ်ဆေးကြည့်လိုက်သည်။ သူ၏ အပြုံးသည် မှေးမှိန်မသွားဘဲ တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်သည့်ပုံပင်။

"တော်တော်ကောင်းတယ်။ ရွှေစစ်စစ်ပဲ၄၃.၇၅ ဂရမ်။"

ရွှေရောင်းသူများသည် ရောင်းချခြင်းမပြုမီ အလေးချိန်ကို တိုင်းတာပြီးသားဖြစ်၍ ဆိုင်ရှင်များအနေဖြင့် အလေးချိန်ကို လိမ်လည်ရန် ခက်ခဲသည်။

"လူငယ်လေး ဒီလက်ကောက်က တကယ်ကောင်းတယ်။ မဆိုးဘူး။"

ဆိုင်ရှင်၏ သဘောထားမှာ လုံးဝ ပြောင်းလဲသွားသည်။ ဤရိုးရှင်းနေသည့် လူငယ်လေးဆီကနေ ဤမျှကြီးမားသည့် လုပ်ငန်းတစ်ခု ရလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အမြတ်အစွန်းများစွာ ရနိုင်မည့် အခွင့်အရေးတစ်ခုကို သူ မြင်လိုက်ရသည်။

ဤအချိန်တွင် ဝေ့ဝူသည် စိတ်အေးသွားတော့သည်။ ဆိုင်ရှင် စစ်ဆေးနေစဉ်အတွင်း သူဘယ်လောက်တောင် တုန်လှုပ်နေခဲ့လဲဆိုတာ ဘုရားပဲ သိသည်။

အကယ်၍ ဤရွှေသည် ကမ္ဘာမြေ၏ ရွှေနှင့် မတူဘဲ ကွဲပြားနေခဲ့လျှင် သူ အပြီးသတ်ပြီ ဖြစ်သည်။

"၄၃.၇၅ ဂရမ် ယွမ်၄၀၀ နှုန်းနဲ့ တွက်ရင် ၁၇,၅၀၀ ယွမ်ရမယ်။ မင်းဖုန်းထဲကို လွှဲပေးလိုက်မယ်နော်။"

"ကျွန်တော် ငွေသားပဲ လိုချင်တာ။"

ဆိုင်ရှင်က သူ့ကို သံသယအကြည့်ဖြင့် ကြည့်လိုက်ပြီး "ကောင်းပါပြီ အထဲမှာသွားယူလိုက်ဦးမယ်။"

ဒီလက်ကောက် ဘယ်ကလာသလဲဆိုတာ ဘယ်သူ ဂရုစိုက်မှာလဲ။ နောက်ကြောင်းပြန်လိုက်လာရင်တောင် သူ မသိဘူးလို့ ငြင်းလိုက်ရုံပဲ။

ရွှေဆိုင်မှ ထွက်လာသောအခါ ဝေ့ဝူသည် အိတ်ထဲရှိ ငွေစက္ကူများကို ပုတ်ကြည့်လိုက်ပြီး ပိုမိုယုံကြည်မှု ရှိလာသည်။

"ဒီငွေတွေက ကျင့်စဉ်ကမ္ဘာကို ရောက်သွားရင် ဘာတွေဖြစ်လာမလဲ။"

ဝေ့ဝူ စိတ်ဝင်တစား တွေးတောမိသည်။

နောက်ထပ် စဉ်းစားပြီးနောက် သူသည် ကျန်ရှိနေသည့် ရွှေများကို မရောင်းရန် ဆုံးဖြတ်လိုက်သည်။ ၎င်းတို့ကို ပြသခြင်းသည် ပြဿနာများ ဖိတ်ခေါ်လိမ့်မည်ဟု သူစိုးရိမ်သောကြောင့်ဖြစ်သည်။

မလိုအပ်သော ပြဿနာများကို ရှောင်ရှားခြင်းက အကောင်းဆုံးပင်။

သူ ကမ္ဘာမြေသို့ ပြန်ရောက်သည်မှာ မိနစ် ၂၀ ကျော်နေပြီယခုတော့ အရင်းအမြစ်များကို ရှာဖွေရမည့် အချိန်ဖြစ်သည်။ သူသည် စျေးဝယ်စင်တာတစ်ခုသို့ ရောက်ရှိသွားသည်။

အရင်းအမြစ်များ အလျှံပယ်ရှိသည့် နေရာကို ပြောရလျှင် ဤနေရာမှာ အသင့်တော်ဆုံးပင်။

"ကံမကောင်းတာက ငါက ပစ္စည်း ၅ ပိဿာလောက်ပဲ သယ်သွားလို့ ရတာ။"

All Chapters