← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) - ပစ္စည်းများ စာရင်းစစ်ခြင်း။

"အချိန်မီ အိမ်သာကို ရှာတွေ့သွားတာ ကံကောင်းတာပဲ။"

ဝေ့ဝူသည် စိတ်အေးလက်အေးဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူသည် အိမ်သာခန်းထဲသို့ အလျင်အမြန် ဝင်လိုက်သည်။

[အချိန်ပြည့်ပါပြီ။ အိမ်ရှင်သယ်ဆောင်လာသော ပစ္စည်းများသည် ၅ ပိဿာ (၅ ကီလိုဂရမ်) အတွင်း ရှိနေသဖြင့် စံနှုန်းနှင့် ကိုက်ညီပါသည်။ ကမ္ဘာသို့ ပြန်လည်ပို့ဆောင်ခြင်းကို စတင်ပါမည်။]

သူ၏ အမြင်အာရုံများ မှောင်ကျသွားတော့သည်။

...

တိတ်ဆိတ်၍ မှောင်မိုက်နေသော ကျင့်စဉ်ကျင့်ကြံရာ ဂူအတွင်းသို့ သူ ပြန်ရောက်လာပြီး ကမ္ဘာနှစ်ခုကြား တံခါးပေါက်မှာလည်း ပျောက်ကွယ်သွားခဲ့ပြီ။

ဝေ့ဝူသည် သူ၏ ဦးခေါင်းအတွင်းရှိ မဖြစ်နိုင်သော ခံစားချက်ကို ညှိယူရန်အတွက် ထိုင်လိုက်သည်။

ထို့နောက် သူသည် ပစ္စည်းအားလုံးကို မြေပြင်ပေါ်သို့ ချလိုက်သည်။

Leo Ultraman အရုပ်တစ်ရုပ်၊ အဝတ်အစားများ၊ ဘောင်းဘီနှင့် ဖိနပ်များ၊ နေကာမျက်မှန်၊ တာအိုကျမ်း၊စစ်မဟာဗျူဟာ ၃၆ ခု၊အစပ်အရသာ အသားခြောက်တစ်ထုပ်၊ နာရီတစ်လုံး၊ စစ်တုရင်ခုံတစ်စုံ၊ နို့သကြားလုံး နှစ်ထုပ် (တစ်ထုပ်မှာ အနည်းငယ် စားထားပြီး) နှင့် နောက်ဆုံးတွင် ငှက်ပုတီးတစ်ကောင်။

ပလတ်စတစ်အိတ်များကဲ့သို့သော အခြားပစ္စည်းများမှာမူ သိုလှောင်အိတ် အတွင်းရှိ ပစ္စည်းများ ဖြစ်သည့်အတွက် ထူးပြောစရာ မလိုတော့ပါ။

"ဘယ်လောက်တောင် အကျိုးအမြတ် များလိုက်သလဲ။"

ဝေ့ဝူ၏ ပါးစပ်ဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။

ရုတ်တရက်။

ကောင်းကင်ဘုံအထက်လေဟာနယ်မှဝေးကွာလှသော နယ်မြေမှ လာသကဲ့သို့ မြင့်မြတ်၍ ကြီးမားလှသော အသက်ရှူရပင် ခက်ခဲစေမည့် ဖိအားတစ်ခုသည် အရပ်မျက်နှာအသီးသီးမှ နှိပ်စက်လာသည်။

ဝေ့ဝူသည် စကားမပြောနိုင်တော့သလို အသက်ရှူရန်ပင် ခက်ခဲလာသည်။ နားများမှာ အူတက်လာပြီး အမြင်အာရုံများ ဝါးတားတား ဖြစ်လာသည်။

ကပ်ကမ္ဘာပေါင်းများစွာ ကုန်ဆုံးသွားသကဲ့သို့ ခံစားရသော်လည်း တစ်ခဏတာမျှသာ ဖြစ်နိုင်သည်။ ထိုအချိန်တွင် နာရီသည် "ဗြုန်း" ခနဲ မြည်ကာ အမှုန့်ဖြစ်သွားသည်။

ထိုပြင်းထန်သော ဖိအားမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဝေ့ဝူ၏ အာရုံခံစားမှုများ ပြန်လည်ကောင်းမွန်လာသည်။

သူသည် အမှုန့်ဖြစ်သွားသော နာရီကို ကြည့်ရင်း ထိတ်လန့်သွားကာ နှလုံးခုန်သံများ မြန်ဆန်နေဆဲဖြစ်သည်။

"ဒီလောက်တောင် ပြင်းထန်တဲ့ ဖိအားက ဘာလဲ။"

"နာရီက ဘာလို့ အကြောင်းမဲ့ ပေါက်ကွဲသွားတာလဲ။"

"ဒါမှမဟုတ်... အချိန်ကြောင့်လား။"

"နာရီက အချိန်နဲ့ ဆက်စပ်နေတယ် ဒါကြောင့် တစ်စုံတစ်ရာသော ကြီးမြတ်တဲ့ တန်ခိုးရှင်ရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတာလား။ နာရီရဲ့ ပစ္စည်းတွေက ဒီလောက် ကြီးမားတဲ့ စွမ်းအားကို မခံနိုင်လို့ ကြေမွသွားတာလား။"

အဆင့်မြင့်ဆုံးအထိ ကျင့်ကြံ၍ မသေမျိုးဖြစ်လာလျှင် တာအို၏ နိယာမများကို မြင်တွေ့နိုင်ပြီး မိမိကိုယ်ကို ပေါင်းစပ်ကာ တိုင်းတာ၍မရသော တန်ခိုးရှင်စွမ်းအားများ ပိုင်ဆိုင်နိုင်ပြီး မိမိစကားသည်ပင် နိယာမဖြစ်လာနိုင်ကြောင်း သူ ကြားဖူးသည်။

"နာရီလို ပစ္စည်းတွေက တကယ့်ကို ထူးခြားတာပဲ။ ဒီအဆင့်လောက်ရှိတဲ့ အရာတွေကို ငါ အခုထိ မထိတွေ့နိုင်သေးဘူးထင်တယ်။"

နာရီကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်မှု မပြေပျောက်သေးခင်မှာပင် ငှက်ပုတီးဆီမှ အလင်းရောင်ဖြူတစ်ခု ထွက်ပေါ်လာသည်။

လက်တစ်ဖက်စာသာ ရှိသော ငှက်ပုတီးသည် ချက်ချင်းပင် ကြီးထွားလာပြီး ဂူတစ်ခုလုံးနီးပါး ပြည့်သွားအောင် သုံးပေခန့် ရှည်လျားလာသည်။

ဝေ့ဝူမှာ အံ့အားသင့်သွားသည်။ ထို့အပြင် ငှက်၏ အမွေးများမှာ အနက်နှင့် အဖြူသက်သက် မဟုတ်တော့ဘဲ တောက်ပနေကာ မြင့်မြတ်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်နေသည်။

"ကျိ ကျိ ကျိ"

ငှက်ပုတီးက အော်ဟစ်လိုက်သည်။ ထိုအသံသည် ဝေ့ဝူ၏ ဦးခေါင်းထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာသဖြင့် ခေါင်းမူးပြီး ပေါက်ကွဲမတတ် ဖြစ်သွားသည်

"မကောင်းတော့ဘူး။ ဒီကောင်က အန္တရာယ်များတယ်။"

သူသည် တိရစ္ဆာန်ကိုသာ ပြန်ယူလာဖို့ တွေးခဲ့ပြီး ထိန်းမရအောင် ဖြစ်သွားလျှင် ဘာလုပ်ရမလဲဆိုတာ မတွေးမိခဲ့ပေ။

"ကျိ ကျိ ကျိ"

ငှက်ပုတီးသည် ခန္ဓာကိုယ်ကို လှုပ်ခါရင်း အော်ဟစ်နေသော်လည်း ခြေထောက်ကို ချည်နှောင်ထားသဖြင့် မလှုပ်ရှားနိုင်ပေ။

"ဒီကောင်သာ လွတ်သွားရင်တော့ အကျိုးဆက်တွေက မတွေးရဲစရာပဲဝေ့မိသားစုတစ်ခုလုံး ကပ်ဆိုးကြီး ဆိုက်ရောက်လိမ့်မယ်။"

ဝေ့ဝူ တကယ်ပင် ထိတ်လန့်သွားခဲ့သည်။

တကယ်သာ ဖြစ်လာခဲ့ရင် သူသည် ဝေ့မိသားစု၏ အပြစ်သား ဖြစ်သွားလိမ့်မည်။

ထိုအချိန်တွင် သူ့လက်ကို ချည်ထားသော ကြိုးကို သူ သတိထားမိသည်။ ၎င်းမှာ ငှက်ကို မပျံသန်းနိုင်အောင် ချည်ထားသော ကြိုးဖြစ်သည်။

"ဒီကြိုးပါးလေးကလည်း ပြောင်းလဲသွားတာပဲ မှော်ရတနာတစ်ခု ဖြစ်သွားတာလား။"

"ထားလိုက်ပါ အရင်ဆုံး ငါပိုင်ဆိုင်ကြောင်း အမှတ်အသား ပြုလိုက်မယ်။"

သူသည် စိတ်စွမ်းအား ဖြင့် ဖုံးအုပ်လိုက်ရာ ချက်ချင်းပင် ထိန်းချုပ်နိုင်သည့် ခံစားချက်ကို ရရှိလိုက်သည်။ ဝေ့ဝူ၏ မျက်လုံးများ တောက်ပသွားသည်။

"ဒီကြိုးပါးလေးက ငှက်ပုတီးကို ချည်နှောင်ထိန်းချုပ်ဖို့အတွက် သီးသန့်ဖြစ်နေတာပဲ။"

ကြိုးကို သူ ပိုင်ဆိုင်ကြောင်း အမှတ်အသားပြုပြီးနောက်တွင် ကြိုးသည် တဖြည်းဖြည်းနှင့် ပုံစံပျောက်ကွယ်သွားသော်လည်း သူနှင့် ငှက်ပုတီးကြားတွင် လျှို့ဝှက်သော ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာကြောင်း သူ သိလိုက်သည်။

"တိတ်လိုက်။"

သူ စိတ်ဖြင့် ထိန်းချုပ်ကြည့်သည်။

ငှက်ပုတီးသည် တကယ်ပင် အော်ဟစ်ခြင်းကို ရပ်တန့်ကာ ငြိမ်သက်သွားသည်။ ဝေ့ဝူ သက်ပြင်းရှည်ကြီး ချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အဆင်ပြေသွားသည်။

သူသည် ငှက်ပုတီးကို ကြည့်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။

"ငါ့မှာ အရမ်းမိုက်တဲ့ အိမ်မွေးတိရစ္ဆာန် တစ်ကောင် ရှိသွားပြီပေါ့။"

ဝမ်းသာမှုများ လျော့ကျသွားပြီးနောက် သူသည် အခြားပစ္စည်းများကို ကြည့်ရင်း ငှက်၏ အမွေးများကို ပွတ်သပ်လိုက်သည်။

"ဒီပစ္စည်းတွေနဲ့အတူ လမ်းညွှန်ချက်တွေ ပါလာရင် ဘယ်လောက်ကောင်းမလဲ။"

သူ တွေးလိုက်မိသည်။

【အိမ်ရှင်၏ မေးခွန်းကို မှတ်သားထားပါသည်။ ဤစနစ်သည် လက်ခံသူအတွက် ညွှန်ကြားချက် ဝန်ဆောင်မှုများကို ပေးအပ်ရန် ရည်ရွယ်ပါသည်။】

စနစ်၏ အသံထွက်ပေါ်လာသည်။

ဝေ့ဝူ ဝမ်းသာသွားသည်။

"လမ်းညွှန်ချက်တွေ တကယ်ပါတာလား။"

【ပစ္စည်းဖော်ပြချက် ဝန်ဆောင်မှုကို မန်ရှင်းအဆင့်မှာ ဖွင့်လှစ်ပေးပါမည်။သို့သော် အချို့သော စရိတ်ကို ပေးဆောင်ရပါမည်။】

"..."

ဝေ့ဝူ စကားမပြောနိုင် ဖြစ်သွားသည်။

"ဘာစရိတ်လဲ။"

【ကမ္ဘာနှစ်ခုကြား တံခါးပေါက်၏ ကြာချိန် ကို တိုးမြှင့်ခြင်း ဖြစ်ပါသည်။】

"ဘယ်လောက် တိုးရမှာလဲ။"

【ပစ္စည်းအမျိုးအစားပေါ် မူတည်ပါသည်။】

ဝေ့ဝူ ခဏစဉ်းစားပြီး "ကိစ္စမရှိပါဘူး။ ကျင့်ကြံသူတွေက အသက်ရှည်ကြတာပဲကျင့်ကြံတဲ့အခါ နှစ်အတန်ကြာအောင် အချိန်ယူလေ့ ရှိကြတာပဲလေ။"

လက်ရှိတွင် ပစ္စည်းဖော်ပြချက် ဝန်ဆောင်မှု မရှိသေးသဖြင့် သူကိုယ်တိုင် စမ်းသပ်ရတော့မည်။

"Ultraman အရုပ်ကနေ စလိုက်ရအောင်..."

နေထွက်ချိန်အထိ ဝေ့ဝူသည် ဤပစ္စည်းများ၏ လုပ်ဆောင်ချက်များကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားသည်။

Leo Ultraman အရုပ်အရည်အသွေး အတိအကျမသိရသော်လည်း အဆင့်၂ထက် မြင့်မားသည့် ရုပ်သေး၊ အလွန်အားကောင်းသည့် တိုက်ခိုက်မှုစွမ်းရည်ရှိသည်။

အဝတ်အစား၊ဘောင်းဘီနှင့် ဖိနပ်များအဆင့်၂ရှိ ကာကွယ်ရေး မှော်ရတနာများ၊ ဖိနပ်များတွင် ပျံသန်းနိုင်စွမ်း ရှိသည်။

နေကာမျက်မှန် ပြိုင်ဘက်၏ အဆင့်ကို မြင်နိုင်စွမ်း ရှိသည်။

တာအိုကျမ်း- ကျင့်စဉ်ကျမ်း (အဆင့် မသိရ)။

နို့သကြားလုံး- စားလိုက်လျှင် ခန္ဓာကိုယ်တစ်ခုလုံး သက်သောင့်သက်သာ ဖြစ်စေပြီး စိတ်ကို ကြည်လင်စေသည်။

အစပ်အရသာ အသားခြောက် - စားလိုက်လျှင် တစ်နာရီကြာအောင် ကျင့်စဉ်အဆင့် တိုးတက်စေသော်လည်း စိတ်ကို ထိခိုက်စေသည့် ဆိုးကျိုး အနည်းငယ် ရှိသည်။

သူ ပြန်ယူလာသော စက္ကူငွေစက္ကူများသည် ကျင့်စဉ်ကမ္ဘာတွင် အသုံးမဝင်ကြောင်း သူ သိလိုက်ရသည်။

"ဟူး"

ညလုံးပေါက် ကြိုးစားခဲ့ရသည့် ရလဒ်များကို ကြည့်ရင်း ဝေ့ဝူသည် ခန္ဓာကိုယ်ကို ဆန့်ထုတ်ကာ သက်သောင့်သက်သာဖြင့် အသံပြုလိုက်သည်။

"ဒီအရာတွေထဲမှာ Ultraman အရုပ်နဲ့ ငှက်ပုတီးက ငါ့အတွက် အမြန်ဆုံး အကျိုးသက်ရောက်မှု ရှိတယ်။"

သူတို့ ဝေ့မိသားစု၏ နှစ် ၂၀၀ သက်တမ်းရှိ အကောင်းဆုံး ကျင့်စဉ်သည်အဝါရောင် အဆင့်သာ ရှိသည်။ ယခု သူရရှိလိုက်သော တာအိုကျမ်းသည် သူ၏ စိတ်ကူးထက်ပင် ကျော်လွန်နေသည်။

နေပင် ထွက်လာခဲ့ပြီဖြစ်သည်။ အခြားသူများ လာရောက်ရှာဖွေပြီး တွေ့ရှိသွားမည်ကို စိုးရိမ်သဖြင့် ဝေ့ဝူသည် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ သို့သော် ငှက်ပုတီးကို ကြည့်ရင်း စိုးရိမ်မိသည်။

"ဟို... အကြီးကြီးရေ ခန္ဓာကိုယ်ကို သေးအောင် လုပ်လို့ရမလား။"

ငှက်ပုတီးသည် ထိုစကားကို ကြားသောအခါ မျက်လုံးကို ဉာဏ်ကောင်းစွာ မှိတ်လိုက်သည်။ အလင်းရောင်ဖြူတစ်ခု လက်ခနဲဖြစ်သွားပြီးနောက် လက်တစ်ဖက်စာသာ ရှိတော့သည့် ငှက်ငယ်လေး ဖြစ်သွားသည်။

"တော်လိုက်တဲ့ငှက်လေး။"

"ဟေး ငါ လာတယ်။"

ဂူပြင်ပမှ လျူရှုယွီ ၏ အသံ ထွက်ပေါ်လာခဲ့သည်။

All Chapters