← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) - သတ်ဖြတ်ခြင်း။

"ကျိ..."

ဝေးလံသော ကောင်းကင်ယံတွင် တိုက်ပွဲမှာ အရှိန်အဟုန်ပြင်းထန်နေဆဲဖြစ်သည်။ တုကူမင်မှာ မသေဆုံးသေးပေ။ သူ၏ သွေးရောင်တိမ်တိုက်မှာ ပေတစ်ရာကျော်အထိ ကြီးမားလာပြီး ထိုတိမ်တိုက်ထဲမှ အမျိုးသား အမျိုးသမီး ကလေးသူငယ်များ၊ ကျားသစ်များနှင့် ဝံပုလွေများ၏ ရုပ်သွင်များ ပေါ်ထွက်လာကာ တစ္ဆေတို့၏ ငိုညည်းသံများ ပဲ့တင်ထပ်နေသည်။

"ယုတ်မာတဲ့ အတတ်ပညာပဲ။"

ဘိုးဘေး ဝေ့ချမ်ဟဲက ဒေါသတကြီး ဆဲဆိုလိုက်သည်။

တုကူမင်မှာ ယခုအခါ အလွန်အမင်း အခက်အခဲနှင့် ကြုံတွေ့နေရသည်။ လီယို၏ သံမဏိကဲ့သို့ မာကျောသော ကိုယ်ထည်ကို သူ မည်သို့မျှ မဖောက်ထွက်နိုင်သဖြင့် ဒုက္ခရောက်နေသည်။

ထိုအချိန်တွင် သူသည် ဇောင်ကွမ်ကိုသာကျိန်ဆဲမိတော့သည်။

ဤသူယုတ်မာသည် ဘေးဒုက္ခကို သူ့ဆီသို့ ရွှေ့ပြောင်းပေးလိုက်ခြင်းဖြစ်သည်။ ဇောင်ကွမ် အဘယ်ကြောင့် အလျင်အမြန် ထွက်ပြေးရသည်ကို ယခုမှ နားလည်တော့သည်။

တုကူမင်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး သေလုနီးပါး ဖြစ်နေပြီဖြစ်သည်။

"မဖြစ်ဘူး ငါ ဒီနေရာမှာ မသေနိုင်ဘူး။ ငါ့မှာ နောက်ဆုံး အန်စာတုံး တစ်ခုကျန်သေးတယ်။"

တုကူမင်သည် သူ၏ ခြောက်ကပ်နေသော ညာဘက်လက်မောင်းကို မြှောက်လိုက်သည်။

သူသည် တိတ်တဆိတ် မန္တန်ရွတ်ဖတ်လိုက်သောအခါ အထက်ရှိ သွေးရောင်တိမ်တိုက်မှာ သူ၏ လက်ထဲသို့ အငမ်းမရ စီးဝင်လာသည်။

သွေးနီရောင် မြူခိုးများကြောင့် ခြောက်ကပ်နေသော လက်မောင်းမှာ ပြန်လည် ဖောင်းကားလာပြီး ကြီးမားသော တုံးကြီးတစ်ခုကဲ့သို့ ဖြစ်လာသည်

"လော့မို သွေးလက်ဝါး။"

တုကူမင်၏ အသွင်အပြင်မှာလည်း ပြောင်းလဲသွားသည်။ ယခင်ကထက် ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး တစ္ဆေတစ်ကောင်နှင့်ပင် တူနေသည်။

"ဒါက ငါ့ရဲ့ နှစ် ၂၀ စာ ကျင့်စဉ်အစွမ်းတွေနဲ့ ပေါင်းစပ်ထားတာ ဒီနေ့ မင်းတို့အားလုံးကို ငါ ငရဲပို့ပေးမယ်။"

သူသည် ကောင်းကင်ယံမှ နေ၍ အရာအားလုံးကို ဝါးမြိုရန် ပြင်ဆင်လိုက်သည်။

တုကူမင်၏ အရှိန်အဝါမှာ လင်းထိုင်အဆင့် ၅ ရှိသူပင် ကြောက်ရွံ့ရလောက်အောင် ပြင်းထန်လှသည်။

"စစ်မှန်သော အမှတ်အသား အဆင့် ၆ ဖြစ်နေရင်လည်း သေလိုက်တော့။"

တုကူမင်သည် လော့မို သွေးလက်ဝါးဖြင့် ရှောင်ချီကို ရိုက်ချလိုက်သည်။

သို့သော် လီယိုသည် လေထဲတွင် လှည့်ပတ်ကာ မြင့်မားစွာ ခုန်တက်လိုက်သည်။ သူ၏ ခြေထောက်တစ်ဖက်မှာ မီးခဲကဲ့သို့ နီရဲသွားပြီး တောင်ပြိုမည့်အလား အားဖြင့် သွေးလက်ဝါးကို ဆောင့်ကန်လိုက်သည်။

"ဘုန်းးး"

ကောင်းကင်ယံတွင် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားသည်။ တုကူမင်၏ ဂုဏ်ယူနေသော လော့မို သွေးလက်ဝါးမှာ အပိုင်းပိုင်း ပြိုကွဲသွားပြီး သူ၏ လက်မောင်းမှာလည်း ပခုံးမှ စ၍ ပြတ်ထွက်သွားသည်။

"ဝိုး ဝိုး လီယိုရဲ့ လေပျံကန်ချက် တကယ်မိုက်တယ်။"

ဝေ့ဝူမှာ သွေးဆူလာပြီး အော်ဟစ်လိုက်တော့သည်။

"မဖြစ်နိုင်ဘူးငါ့ရဲ့ လော့မို သွေးလက်ဝါးက ဘယ်သူ့ကိုမှ မရှုံးရဘူး။"

တုကူမင်မှာ အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေသည်။ ရှောင်ချီကမူ သူ၏ စိတ်ဓာတ်ကျနေမှုကို ဂရုမစိုက်ဘဲ အဖြူရောင် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ရာ တုကူမင်မှာ ကောင်းကင်မှ အောက်သို့ပြုတ်ကျသွားတော့သည်။

ဝေ့ဝူတို့အဖွဲ့ ထိုနေရာသို့ ရောက်ရှိသွားသောအခါ တုကူမင်မှာ အသက်ငွေ့ငွေ့သာ ကျန်တော့သည်။

"မင်း... ငါ့ကို... မသတ်နိုင်ဘူး။"

ဝေ့ဝူသည် ဝိညာဉ်ဓားကိုထုတ်၍ တုကူမင်၏ လည်ပင်းကို ထောက်လိုက်သည်။

"ဘာလို့ မသတ်နိုင်ရမှာလဲ။"

"ငါ... ငါက သွေးမြစ်ဂိုဏ်းကပဲ... မင်း ငါ့ကို သတ်ရင်... သွေးမြစ်ဂိုဏ်းက မင်းတို့ကို လွှတ်ပေးမှာမဟုတ်ဘူး။"

"သွေးမြစ်ဂိုဏ်း...သူတို့ ဘာလို့ ဒီကိုရောက်နေတာလဲ။ ပိုင်မိသားစုကို မကြောက်ကြဘူးလား။"

ဤအကြောင်းကို ပြောလိုက်သည်နှင့် သူတို့အားလုံး ဆိတ်ဆိတ်နေလိုက်ကြသည်။ ကူယွန်းတောင်တန်းတွင် ဤမျှ အရေးကြီးသော ဖြစ်ရပ်ကြီး ဖြစ်ပျက်နေသော်လည်း ပိုင်မိသားစု ထွက်မလာခြင်းမှာ သံသယဖြစ်ဖွယ် ကောင်းလှသည်။

"ကျင့်ကြံသူတစ်ယောက်က နှစ် ၂၀ အတွင်း လင်းထိုင်အဆင့် ၃ ရောက်အောင် ကျင့်ကြံတာ တရားမျှတတဲ့ နည်းလမ်းတော့ မဟုတ်ဘူး မိစ္ဆာကျင့်စဉ်ပဲ။"

ဘိုးဘေး ဝေ့ချွမ်ဟဲက နှာခေါင်းရှုံ့သည်။

ဝေ့ဝူသည် တစ်ခုခုကို သတိရသွားသည်။

"ဇောင်ကွမ်ကော သွေးမြစ်ဂိုဏ်းကလား။"

"ဟုတ်တယ်"

တုကူမင်က ပြောသည်။

ဝေ့ဝူသည် ချက်ချင်း ရှောင်ချီ၏ ကျောပေါ်သို့ တက်ကာ "ကျွန်တော် အခုချက်ချင်း ဇောင်ကွမ်ကို သွားသတ်မယ်။ မဟုတ်ရင် သူတို့ နောက်ထပ် လူတွေခေါ်ပြီး လက်စားချေလိမ့်မယ်။"

ထိုစကားကို ကြားလိုက်ရသော တုကူမင်သည် သွေးအန်ကာ နောက်ဆုံး အသက်ပါထွက်သွားတော့သည်။

ဒီကောင်လေးက ဇောင်ကွမ်ကိုတောင် လိုက်သတ်ဖို့ ကြံနေတာပဲ။ သူ့ကို သတ်ဖို့ ကြောက်ရွံ့နေစရာ အကြောင်း မရှိတော့ပါ။

ဝေ့ကျင်းပေါ်က သူ၏ သားကိုကြည့်၍ "သတိထားပါ။"

ဝေ့ဝူသည် လီယိုနှင့် ရှောင်ချီကိုခေါ်၍ ဇောင်ကွမ်ကို လိုက်လံချေမှုန်းရန် ဦးတည်သွားလေတော့သည်။

All Chapters