အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) - ယွီထျန်ကန်းကို လိုက်လံချေမှုန်းခြင်း။
"ဟုတ်ပါတယ်... သူက မြေလျှိုးနည်းလမ်းနဲ့ ပေါ်လာတာပါ။ ဘာဖြစ်တာလဲလို့ မေးတော့လည်း ဘာမှ မပြောဘူး။"
"သူ ဘယ်ဘက်ကို သွားတာလဲ။"
ကျူးမိသားစု ဘိုးဘေး၏ မျက်လုံးများမှာ လှည့်ကွက်များဖြင့် ရစ်သိုင်းနေသည်။
"မင်း သူ့ကို လိုက်ရှာချင်တာလား။ ငါ သူ့သွားရာလမ်းကြောင်းကို ပြောပြရင် မင်း ငါ့ကို အသက်ချမ်းသာပေးမှာလား။"
ဝေ့ဝူ၏ အသံမှာ အေးစက်သွားပြီး သူ၏ လက်ထဲမှ ဓားစွမ်းအင်သည် ကျူးမိသားစု ဘိုးဘေး၏ ဦးခေါင်းဘေးသို့ တရစပ် ရောက်ရှိသွားသည်။
"ပြောစမ်း"
ထိတ်လန့်သွားသည့် ကျူးမိသားစု ဘိုးဘေးက "သူ... သူက ငါတို့ မိသားစုရှိတဲ့ဘက်ကို ဦးတည်သွားတာ..."
"ကျူးမိသားစုဆီကိုလား။"
ဝေ့ဝူ စဉ်းစားလိုက်သည်။ ဤမျှနှင့်ပင် ကျူးမိသားစု ဘိုးဘေး၏ အသုံးဝင်မှုမှာ ကုန်ဆုံးသွားပြီဖြစ်သည်။ ဝေ့ဝူသည် ဓားကို ဝှေ့ယမ်းလိုက်ရာ ကျူးမိသားစု ဘိုးဘေး၏ အသက်မှာ ချက်ချင်းပင် ရပ်တန့်သွားသည်။
ထိုစဉ် ဝေ့မိသားစုဝင်များ ရောက်ရှိလာသည်။ ဘိုးဘေး ဝေ့ချွမ်ဟဲသည် ရန်သူသုံးဦး၏ အလောင်းကို မြင်သောအခါ ပြုံးလိုက်သည်။
"ငါတို့ လက်တင်စရာ မလိုတော့ဘူးပေါ့။"
လျူကျိရှီးမှာလည်း အံ့အားသင့်စွာဖြင့် အခြေအနေအရပ်ရပ်ကို မေးမြန်းစုံစမ်းသည်။
ရွှမ်းဖုန်းဂိုဏ်းနှင့် မိသားစုသုံးစုတို့ ပူးပေါင်းကြံစည်ပုံ ဝေ့ဝူက မန်ရှင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်ခဲ့ပုံကို ကြားသိရသောအခါ လျူကျိရှီးမှာ အလွန်ပင် တုန်လှုပ်ချောက်ချားသွားသည်။
"ဘိုးဘေး ရွှမ်းဖုန်းဂိုဏ်းက ယွီထျန်ကန်း ကျန်ပါသေးတယ်။ ကျွန်တော် လိုက်သွားပြီး ရှင်းထုတ်လိုက်ပါဦးမယ်။ ကျန်တဲ့သူတွေကိုတော့ ဘိုးဘေးတို့ တာဝန်ယူပေးပါ။"
ဝေ့ဝူ ပြောပြီးနောက် ရှောင်ချီ၏ ကျောပေါ်သို့ တက်ကာ ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားသည်။
ထိုအချိန်တွင် လျူရှုယွီက "ဝေ့ဝူ မင်း ဘယ်လိုလုပ် မန်ရှင်းအဆင့်ကို သတ်နိုင်ရတာလဲ။"
အော်ခေါ်သော်လည်း ဝေ့ဝူက "အလုပ်ကိစ္စပြီးရင် ပြန်လာပြောပြမယ်။"
ပြန်လည်ပြောကြားကာ လျင်မြန်စွာ ထွက်ခွာသွားသည်။
ဝေ့ဝူတို့သည် ကျူးမိသားစုဌာနချုပ်သို့ ရောက်ရှိသောအခါ တိုက်ပွဲဖြစ်ပွားထားသည့် အငွေ့အသက်များကို တွေ့ရသည်။ ထိုနေရာတွင် ကျူးတုံကို တွေ့လိုက်ရသည်။
ကျူးတုံမှာ ဝေ့ဝူကို မြင်သောအခါ အံ့အားသင့်သွားပြီး "ဘာလို့ မင်းဖြစ်နေရတာလဲ။"
"ယွီထျန်ကန်း ဒီကို ရောက်သေးလား။"
ဝေ့ဝူက အေးဆေးပင် မေးသည်။
"ငါ့အစ်မကို ယွီထျန်ကန်း ဖမ်းသွားတယ်။ ဝေ့ဝူ မင်းငါ့အစ်မကို ကယ်ပေးပါ။"
ကျူးထုံကတောင်းပန်လာသည်။ သူသည် ဝေ့ဝူ၏ အစွမ်းအစကို မသိသော်လည်း ဤအခြေအနေတွင် ဝေ့ဝူသာလျှင် ကယ်တင်နိုင်မည်ဟု အလိုလို သိရှိနေသည်။ ဝေ့ဝူသည် ကျူးတုံ၏ ယခင်က မောက်မာခဲ့မှုများကို ဂရုမစိုက်တော့ပေ။
သူ၏ အဆင့်မြင့်မားလာမှုနှင့်အတူ အမြင်သဘောထားများမှာလည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။
ကျူးတုံ ညွှန်ပြရာလမ်းကြောင်းအတိုင်း ဝေ့ဝူ ဆက်လက် လိုက်သွားသည်။ မကြာမီတွင် တောင်တန်းများကြား၌ လူနှစ်ဦး၏ ပုံရိပ်ကို တွေ့လိုက်ရသည်။
ယွီထျန်ကန်းသည် ကျူးမေကို ဖမ်းဆီးထားပြီး အေးဆေးစွာ ပျံသန်းနေသည်။ ဝေ့ဝူရောက်လာသည်ကို မြင်သောအခါ ယွီထျန်ကန်းမှာ ထိတ်လန့်သွားပြီး အရှိန်အပြင်းဆုံး ထွက်ပြေးသည်။
ရှောင်ချီ၏ အရှိန်မှာ ယွီထျန်ကန်းထက် သာလွန်သည်။ ရှောင်ချီသည် အဖြူရောင် အလင်းတန်းကို ပစ်လွှတ်လိုက်ရာ ယွီထျန်ကန်း၏ ခြေထောက်ကို ထိမှန်သွားသည်။
"ဒါဆိုရင်တော့ မြေလျှိုးနည်းလမ်းပဲ သုံးရတော့မယ်။"
ယွီထျန်ကန်းသည် မြေပြင်ထဲသို့ ဝုန်းခနဲ ခုန်ဆင်းကာ ပျောက်ကွယ်သွားပြန်သည်။
သို့သော် ဝေ့ဝူမှာ မပြုံးဘဲ မနေနိုင်ပေ။
"ကျူးမေကို ခေါ်သွားတဲ့အတွက် မင်းရဲ့ မြေလျှိုးနည်းလမ်းမှာ အားနည်းချက် ဖြစ်နေပြီပေါ့။"
ဝေ့ဝူက လီယိုရုပ်သေးကို အမိန့်ပေးလိုက်သည်။ လီယိုသည် ကျည်ဆန်ကဲ့သို့ မြေပြင်ထဲသို့ ထိုးစိုက်ဝင်သွားသည်။
"ဘုန်းးး"
မြေပြင်အောက်မှ ယွီထျန်ကန်းမှာ သံပြားနှင့် တိုက်မိသကဲ့သို့ ခေါင်းမူးကာ မြေပြင်ပေါ်သို့ ပြန်လည် ပစ်ပေါက်ခံလိုက်ရသည်။
ရှောင်ချီက ချက်ချင်း ဝင်ရောက်တိုက်ခိုက်လိုက်ရာ ယွီထျန်ကန်းမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားတော့သည်။
ကျူးမေသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးရန် ကြိုးစားသော်လည်း ဝေ့ဝူ၏ အမိန့်သံကြောင့် ငြိမ်သက်သွားသည်။
ယွီထျန်ကန်းမှာ သေခြင်းတရားနှင့် နီးကပ်နေပြီဖြစ်ကြောင်း သိရှိသွားသောအခါ "ဝေ့ဝူ... ငါ့မှာ မင်းရဲ့ ဝေ့မိသားစုကို ကြီးမားတဲ့ ဘေးဒုက္ခကနေ ကယ်တင်ပေးနိုင်မယ့် သတင်းစကား တစ်ခုရှိတယ်။"