← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁ - သစ္စာဖောက်ခြင်း၏အစ။

"ဆရာ... ကျွန်တော် မှားခဲ့မိပါတယ်။ အဲ့ဒီတုန်းက တောင်ပေါ်မှာပဲ ဆက်နေခဲ့ရင်..."

လီချန်ရှင်း၏ မျက်နှာမှာ သွေးရောင်ကင်းမဲ့နေပြီး သူ၏ထိပ်က ဆံပင်များမှာလည်း ဖြူစွပ်နေသည်။

သူသည် အသက် ၃၂ နှစ်သာ ရှိသေးသော်လည်း အသက် ၅၀ ၆၀ အရွယ် လူအိုကြီးတစ်ယောက်လို ဖြစ်နေသည်ကို ယုံကြည်ရန် ခက်ခဲလှသည်။

အထူးသဖြင့် လီချန်ရှင်းသည် တာအိုကျောင်း၏ ရာစုနှစ်တစ်ခုအတွင်း တစ်ယောက်ပေါ်ထွက်လာတတ်သည့် ပါရမီရှင် အမြင့်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ခြင်းကြောင့်ပင်။

ဤအချိန်တွင် လီချန်ရှင်းသည် တောင်ပေါ်မှ ဆင်းလာမိသည့်အတွက် အလွန်ပင် နောင်တရမိသည်။

တာအိုကျောင်းကိုသာ စောင့်ရှောက်ရင်း ဆက်နေခဲ့လျှင် ယနေ့တွင် သူသည် ဘေးကင်းလုံခြုံပြီး အေးချမ်းနေဦးမည်လော။

အနည်းဆုံးတော့ သူ... ဤအရာများကို မြင်တွေ့ရမည် မဟုတ်ပေ။

"အသံတိုးတိုးလုပ်ပါ ကျွန်မယောက်ျားက အခုထိ ရှိနေသေးတာကို။"

"စိတ်မပူပါနဲ့ အဲ့ဒီလူက အသက်ရှင်ဖို့ ရက်သိပ်မကျန်တော့ပါဘူး။ ဒီနှစ်တွေအတွင်း မင်းပင်ပန်းခဲ့ရပြီ။"

လီချန်ရှင်းသည် ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ အိပ်ခန်းထဲသို့ဝင်ကာ ကုတင်ပေါ် လှဲချလိုက်ပြီး မျက်တောင်မခတ်ဘဲ မျက်နှာကြက်ကို ငေးကြည့်နေမိသည်။

သူ့ဇနီးသည်သည် သူ့အပေါ် သစ္စာဖောက်ပြီး သူအယုံကြည်ဆုံး ညီအစ်ကိုဖြစ်သူ ယန်လုံဖေးနှင့် ဖောက်ပြန်နေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

"ဟွတ်... ဟွတ်... ဟွတ်"

လီချန်ရှင်းသည် ပြင်းထန်စွာ ချောင်းဆိုးလိုက်လေသည်။ ခန္ဓာကိုယ်အတွင်းပိုင်းမှ ပေါက်ထွက်မတတ် နာကျင်မှုမှာ သည်းခံနိုင်စရာမရှိပေ။

ဤဝေဒနာမျိုးမှာ နေ့တိုင်းလိုလို ဖြစ်ပွားလေ့ရှိပြီး ကြာမြင့်ချိန်မှာလည်း အမျိုးမျိုးဖြစ်သည်။

"ငါ လီချန်ရှင်း တစ်ဝက်လောက်သော ဘဝကို စစ်မှုထမ်းရင်း ကုန်ဆုံးခဲ့ရတာ အခုတော့ ဒီလိုအခြေအနေမျိုး ရောက်ရပြီပေါ့။"

လီချန်ရှင်းသည် အသက်မဲ့စွာဖြင့် ခါးသီးစွာ ရယ်မောလိုက်သည်။ သူ၏မျက်နှာပေါ်တွင် ချွေးအေးများ ပြန်လာပြီး ချောင်းဆိုးမှုနှင့်အတူ ခန္ဓာကိုယ်မှာ ပူလိုက်အေးလိုက် ဖြစ်နေကာ အတိတ်က စစ်ပွဲများမှ ရရှိခဲ့သော အတွင်းဒဏ်ရာများမှာ ပိုမိုဆိုးရွားလာသည်။

သူသည် အသက်မကြီးသေးသော်လည်း လီချန်ရှင်း၏ ဘဝအတွေ့အကြုံမှာ အလွန်ပင် ကြွယ်ဝလှသည်။

ကလေးဘဝတွင် နိုင်ငံနှစ်ခုကြား စစ်ပွဲကြောင့် မိဘများ ဆုံးပါးသွားခဲ့ရပြီး သူသည် ဇာတိမြေအနီးရှိ တာအိုကျောင်းမှ တာအိုဆရာကြီး ချင်းဝေထံသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

ခြောက်နှစ်သားအရွယ်တွင် တရားထိုင်ခြင်းနှင့် ကျင့်ကြံခြင်းကို စတင်ခဲ့ပြီး သုံးနှစ်အတွင်းမှာပင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိကာ အနှစ်သာရကို ချီအဖြစ် ပြောင်းလဲခြင်းကို အောင်မြင်ခဲ့သည်။

၁၆ နှစ်တွင် အရွယ်ရောက်ချိန်၌ ဆရာဖြစ်သူက သူ့အား ဟွမ်းကျန်ဟူသော နာမည်ကို ပေးအပ်ခဲ့သည်။

အသက် ၁၇ နှစ်တွင် ဆရာဖြစ်သူ သက်တမ်းကုန်ဆုံးသွားခဲ့လေသည်။ ဆရာဖြစ်သူကို မြေမြှုပ်သင်္ဂြိုဟ်ပြီးနောက် လီချန်ရှင်းသည် လောကကို လှည့်လည်ရန် တောင်ပေါ်မှ ဆင်းလာခဲ့သည်။

အချိန်အတန်ကြာ လှည့်လည်ပြီးနောက် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ပြီးအောက်ခြေမှ စတင်ကာ ကြီးမားသော အောင်မြင်မှုများကို သိမ်းပိုက်ရယူခဲ့ရာ အသက် ၃၀ တွင် မဟာယန်မင်းဆက်၏ အသက်အငယ်ဆုံး စစ်သူကြီး ဖြစ်လာခဲ့တော့သည်။

လီချန်ရှင်းသည် စစ်မြေပြင်တွင် စစ်တပ်ကို ဦးဆောင်ကာ ကြီးမားသော အောင်မြင်မှုများ ရရှိရုံသာမက သူ၏ စာပေကျွမ်းကျင်မှု နှင့် ကိုယ်ခံပညာမှာလည်း ကမ္ဘာပေါ်တွင် နံပါတ်တစ် ဖြစ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က လီချန်ရှင်းသည် သူ၏ ကိုယ်ခံပညာနှင့် စာပေကျွမ်းကျင်မှုနှစ်ခုလုံးတွင် သမိုင်းတစ်လျှောက် မကြုံစဖူးသော အဆင့်တစ်ခုသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ လီချန်ရှင်း၏ ခန္ဓာကိုယ်သည် ထူးဆန်းသော ရောဂါဝေဒနာကို ခံစားခဲ့ရသည်။ သူ၏ ကျင့်ကြံခြင်းအစွမ်းများမှာ လုံးဝ ပျက်စီးသွားရုံသာမက တစ်နှစ်အတွင်းမှာပင် သူသည် အလွန်အမင်း အိုမင်းသွားခဲ့ရသည်။

ကုတင်ပေါ်တွင် လှဲနေရင်း လီချန်ရှင်းသည် သူ၏ ဇနီးနှင့် ညီအစ်ကိုဖြစ်သူတို့၏ ဖောက်ပြန်မှုကို သိလိုက်ရသော်လည်း ကြီးမားသော ဒေါသစိတ်မျိုး မရှိတော့ပေ။

သူ၏ ဆရာ ပြောခဲ့သည့်စကားများ မှန်ကန်ကြောင်းသာ သက်ပြင်းချမိသည်။

"လူတို့၏ နှလုံးသားများမှာ အရင်ကကဲ့သို့ မဟုတ်တော့ လောကကြီးမှာ ယိုယွင်းပျက်စီးနေပြီ။"

သို့သော် သူ ဘာလုပ်နိုင်မည်နည်း။

သူ့တွင် အသက်ရှင်ရန် ရက်အနည်းငယ်သာ ကျန်တော့သည်။ သူတို့၏ ဖောက်ပြန်မှုကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုလျှင်ပင် သူသည် စကားတစ်ခွန်းမျှ မပြောရသေးခင်မှာပင် သေဆုံးသွားလိမ့်မည်။

လီချန်ရှင်းသည် မျက်လုံးများကိုမှေးလိုက်ပြီး အားနည်းနေသော လက်များကို တင်းတင်းဆုပ်လိုက်သည်။

သူ လုံးဝမကျေနပ်နိုင်ပေ။

"အဖေ အဖေ။ အဖေ ချောင်းဆိုးနေပြန်ပြီ။ သားပြောတာ နားထောင်ပြီး အမေ့ကို ဆေးတိုက်ခိုင်းပါတော့လား။"

ရောင်စုံအဝတ်အစားများကို ဝတ်ဆင်ထားပြီး မိန်းကလေးတစ်ယောက်လို ပုံစံပေါက်နေသည့် လူငယ်တစ်ယောက်သည် ဆေးခွက်ကို ကိုင်ကာ ဝင်လာခဲ့သည်။

လီချန်ရှင်းသည် ချောင်းနှစ်ချက်ဆိုးကာ သူ့သားကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ဒီမိန်းမဝတ်စုံတွေကို ထပ်ဝတ်ပြန်ပြီလား။ အဖေ မင်းကို ဘယ်နှစ်ခါ... ဟွတ်... ဘယ်နှစ်ခါ ပြောရမလဲ။ ယောက်ျားတစ်ယောက်ဆိုတာ ဟန်ပန်ရှိရမယ်။ မိန်းမလို လုပ်နေတာက တကယ်ပဲ... ဟွတ် ဟွတ် ဟွတ်။"

"အို အဖေရာ သားဒီလိုဝတ်တာ ဘာဖြစ်လို့လဲ။ အဖေ အမြန်ဆုံး ဆေးသောက်လိုက်ပါ။"

သူသည် ဆေးခွက်ကို ကိုင်ကာ သူ့ဖခင်ကို ထူပံ့ပေးနေသည်။

လီချန်ရှင်းသည် ဆေးခွက်ကိုယူကာ တစ်ငုံချင်း သောက်လိုက်သည်။

ဆေးသောက်ပြီးနောက် သူ၏သားသည် ဆေးခွက်ကိုယူကာ ထွက်သွားသည်။

လီချန်ရှင်းသည် ကုတင်ပေါ်တွင် လှဲနေရင်း အလွန်အမင်း အားအင်ကုန်ခမ်းနေသလို ခံစားရသည်။

တစ်ချိန်က သူမည်မျှ ဘုန်းထင်ရှားခဲ့သည်ကို ပြန်တွေးမိပြီး အခုတော့ ဖောက်ပြန်သောဇနီးနှင့် မိန်းမလျာကဲ့သို့ ဖြစ်နေသော သားတစ်ယောက်နှင့်သာ ကျန်ရှိတော့သည့် သူ့၏ အောင်မြင်သော ဘဝကို ပြန်တွေးကာ စိတ်မကောင်းဖြစ်ရသည်။

အဘယ်ကြောင့်နည်း။

သူ့ကို အရင်က အလွန်ချစ်ခဲ့သော ဇနီးအရင်က အသက်ကိုပင် ပေးဆပ်ခဲ့သော ညီအစ်ကိုနယ်စပ်ကို ကာကွယ်ပြီး တိုင်းပြည်ကို စောင့်ရှောက်ရန် စစ်တပ်ထဲ ဝင်ရောက်မည်ဟု ကတိပေးခဲ့သော သားအားလုံးက ဘာကြောင့် ပြောင်းလဲသွားကြသနည်း။

လီချန်ရှင်း ဖျားနာပြီးနောက်တွင် အိမ်ရှိ အစေခံများကို လွှတ်ပေးခဲ့ပြီး သူတို့သုံးယောက်သာ ကျန်ရှိတော့သည်။

အခုတော့ သူသည် နန်းတော်သို့ မသွားနိုင်တော့ပေ။ ဧကရာဇ်မင်းမြတ်သည်လည်း သူ့ကို စွန့်လွှတ်လိုက်ပြီပုံရသည်။

အရင်တုန်းကဆိုလျှင် အနည်းဆုံး လူလွှတ်၍ မေးမြန်းလေ့ရှိသော်လည်း အခုတော့...

စစ်တပ်ထဲက သူ့ညီအစ်ကိုများနှင့် လက်အောက်ငယ်သားများမှာလည်း သူသေခါနီးပြီကို သိသည့်အခါ အလွန်ပင် ဂရုမစိုက်ကြတော့ပေ။

"ငါ တစ်ခုခု မှားလုပ်မိခဲ့တာလား။"

လီချန်ရှင်းသည် သူ၏ စစ်မှုထမ်းဘဝကို ပြန်တွေးကြည့်သည်။ သွေးချောင်းစီးနေသော လမ်းကြောင်းကို သူ ဖြတ်သန်းခဲ့ရသည်ဟု ဆိုလျှင် မမှားပေ။

သူ့သည် မည်သူ့ကိုမျှလည်း ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပေ။

ဖြစ်ကောင်းဖြစ်နိုင်သည်... အရင်က သူတို့ သူ့ကိုကြည့်သော မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် ယုံကြည်မှုတို့ ရောထွေးနေခဲ့သည်။

သူ့ကို အကျဉ်းသားများကို မသတ်ရန် တားဆီးခဲ့သူတိုင်းမှာ သေဆုံးခဲ့ကြရသည်။

"ဒါဆို အားလုံးက ငါကြောင့်ပဲပေါ့။"

လီချန်ရှင်း ကောင်းကောင်း နားမလည်ပေ။ သူသည် မိသားစုနှင့် တိုင်းပြည်ကို ကာကွယ်ရန် စစ်မြေပြင်တွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သူသည် ကြောက်ရွံ့ခြင်းမရှိဘဲ စစ်တပ်ကို ဦးဆောင်ကာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ သူ၏ စစ်တပ်မှာ မဟာယန်မင်းဆက်၏ အစွမ်းထက်ဆုံး စစ်တပ်ဟု ဆိုနိုင်ပေသည်။

ထို့အပြင် နိုင်ငံနှစ်ခုကြား စစ်ပွဲပြီးနောက်နန်းတော်မှ ကျန်းဟူ ကို နှိမ်နင်းရန် အမိန့်ထုတ်ခဲ့သည်။

ကိုယ်ခံပညာဖြင့် ဥပဒေကို ချိုးဖောက်သော သူရဲကောင်းများပြဿနာကို ဖြေရှင်းရန်အတွက် ကျန်းဟူ ဂိုဏ်းများနှင့် အဖွဲ့အစည်းပေါင်းများစွာကို ဖျက်ဆီးရန် လူများကို ဦးဆောင်ခဲ့သူမှာလည်း သူပင်ဖြစ်သည်။

သူ လူအများအပြားကို သတ်ဖြတ်ခဲ့မိ၍ ကံတရားက အပြစ်ပေးနေခြင်းလော။

လီချန်ရှင်း၏ နှလုံးသားတွင် ဝမ်းနည်းမှုအနည်းငယ် ဖြစ်ပေါ်လာသည်။ သို့သော်အတိတ်ကို ပြောပြနေခြင်းဖြင့် ဘာအကျိုးရှိမည်နည်း။

သူသေဆုံးသွားမည့်နေ့တွင် လူများစွာမှာ ပျော်ပွဲစားပွဲ ကျင်းပကာ အောင်ပွဲခံကြလိမ့်မည် မဟုတ်လော။

"ဟွတ်... ဟွတ်... ဟွတ်"

လူအများကြီး သူ့ကို စွန့်ခွာသွားရသည့်အကြောင်းရင်းကို လီချန်ရှင်း နားလည်သွားသည်။

အဆုံးတွင် သူ လူအများကြီးကို သတ်မိခဲ့သည်။ လီချန်ရှင်း လက်ချက်ဖြင့် သေဆုံးသူမှာ လူတစ်သောင်းမနည်းပေ။

နိုင်ငံနှစ်ခုကြား စစ်ပွဲနှင့် ကျန်းဟူ ကို နှိမ်နင်းစဉ်အတွင်း သူတို့၏ မိသားစုများ ပျက်စီးသွားပြီး သွေးချောင်းစီးခဲ့ရသူ မည်မျှရှိမည်ကို ဘယ်သူသိမည်နည်း။

ကျန်းဟူ မှ လူများမှာ သူ့ကို မုန်းတီးကြပြီး နန်းတော်မှ လူများမှာ သူ့ကို ပို၍ပင် ကြောက်ရွံ့ကြသည်။

"အခုတော့ ဒါက ကံတရားလား။"

လီချန်ရှင်း ထိုင်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

"ငါသေရင်တောင် ငါ့ကို သစ္စာဖောက်သူတွေကို... အတူ ခေါ်သွားနိုင်မယ်ဆိုရင်..."

လီချန်ရှင်းသည် မျက်လုံးများကို မှေးလိုက်ပြီး ချောင်းနှစ်ချက်ဆိုးကာ နံရံထောင့်သို့ လျှောက်သွားသည်။

အုတ်တစ်ချပ်ကို ရွှေ့လိုက်ပြီးနောက် အထဲတွင် ဝှက်ထားသော အထုပ်တစ်ထုပ်ကို ထုတ်လိုက်သည်။

ဤအထုပ်ကို လီချန်ရှင်းက ကြာမြင့်စွာကတည်းက ဝှက်ထားခဲ့ခြင်းဖြစ်ပြီး သူ၏ဇနီးနှင့် သားတောင်မှ မသိကြပေ။

အထုပ်ထဲတွင် မီးခိုးရောင် အမှုန့်တစ်မျိုး ရှိနေသည်။

"နှလုံးခြွေအဆိပ်"

လီချန်ရှင်း၏ မျက်လုံးများတွင် ဒေါသနှင့်အမုန်းတရားများ ပြည့်နှက်နေသည်။ ဤအချိန်တွင် သူ၏ စိတ်ထဲတွင် စကားလုံး နှစ်လုံးသာ ကျန်ရှိတော့သည်။

လက်စားချေခြင်း။

ကံတရား၊ ညီအစ်ကိုမောင်နှမစိတ်၊ ဇနီးနှင့် ကလေးများ အားလုံးမှာ... ဟာသတစ်ခုသာ ဖြစ်သည်။

"ငါသာ ဒီထူးဆန်းတဲ့ ရောဂါကို မရခဲ့ရင် ဒီအရာတွေကို မြင်ရမှာ မဟုတ်ဘူး။ ငါ့ကို ချစ်ပြီး ယုံကြည်ခဲ့တဲ့သူတွေကပဲ ငါ့ကို အထိခိုက်ဆုံး ဖြစ်စေခဲ့တာပဲ။"

လီချန်ရှင်း ချောင်းဆိုးလိုက်ပြီး ကုတင်ပေါ် ပြန်တက်ကာ လှဲနေလိုက်သည်။

သူ၏ဇနီးသည် မကြာမီ ရောက်လာလိမ့်မည်ကို သူသိသည်။ သူ၏ အစွမ်းအစများမှာ ယခင်ကဲ့သို့ မဟုတ်တော့သော်လည်း သူ၏ အာရုံငါးပါးမှာမူ ထက်မြက်နေဆဲဖြစ်သည်။

သူ၏ဇနီးသည် ခြေလှမ်းတိုင်းတွင် ကြာပန်းကဲ့သို့ ယိမ်းနွဲ့ကာ အပြာရောင်ဝတ်စုံကို ဝတ်ဆင်၍ မျက်နှာတွင် အပြုံးတစ်ခုဖြင့် လျှောက်လာခဲ့သည်။

"ယေက်ျားရေ ဆေးသောက်ပြီးပြီလား။"

"အင်း ဒီနေ့... ဟွတ်... ဟွတ်... ဟွတ်...စားဖိုမှူးတွေကို... ဟွတ်... ကောင်းမွန်တဲ့ ဝိုင်နဲ့ ဟင်းပွဲတွေကို ပို့ခိုင်းလိုက်ပါ။ ပြီးတော့ ငါ့ရဲ့ ညီအစ်ကိုတွေကို... အကုန်ဖိတ်လိုက်ပါ။ သူတို့နဲ့ မတွေ့တာ ကြာပြီ..."

လီချန်ရှင်း ချောင်းဆိုးလိုက်ရာ အနီးရှိ သူ၏ဇနီးသည် စိုးရိမ်သော မျက်နှာဖြင့် လျှောက်လာသည်။

"ယောက်ျား ရှင့်ဒဏ်ရာတွေက..."

"ထားပါ ငါ့သက်တမ်းကလည်း သိပ်မကျန်တော့ပါဘူး။"

"အဲ့ဒီလို မပြောပါနဲ့ ဝမ်အာအရမ်း ဝမ်းနည်းတယ်လေ။"

သူ၏ဇနီးသည် မျက်ရည်များကို သုတ်လိုက်သည်။ လီချန်ရှင်းသည် အတွင်းစိတ်ထဲတွင် ရယ်မောလိုက်သော်လည်း အပြင်ပန်းတွင်မူ ဝမ်းနည်းဟန်ဆောင်ကာ သူ့ဇနီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"အသက်ရှင်ခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာ ကောင်းကင်ဘုံရဲ့ သဘာဝစက်ဝန်းပဲ။ သွားပြီး ပြင်ဆင်လိုက်တော့။"

"ဟုတ်ကဲ့။"

သူ၏ဇနီး ထွက်သွားပြီးနောက် လီချန်ရှင်းသည် ထရပ်လိုက်ပြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"သူတို့ ငြင်းမှာမဟုတ်ဘူး။ ငါ့လက်ထဲမှာ အဆင့်မြင့် ကိုယ်ခံပညာ ကျမ်းစာအုပ်တွေ ရှိသေးတယ် ပြီးတော့ ငါ... ဟွတ်... ကိုယ်တိုင်ဖန်တီးထားတဲ့ ကောင်းကင်-လူသား ကိုယ်ခံပညာကို သူတို့ ညီအစ်ကိုတွေက အမြဲ လိုချင်နေခဲ့တာလေ။ ငါသေတော့မယ်ဆိုတာ သိရင် သူတို့ ဒီပွဲကို လာကြမှာပဲ။"

လီချန်ရှင်း မျက်လုံးမှေးကာ အနားယူလိုက်သည်။

လီချန်ရှင်း အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ ယန်လုံဖေး ထွက်သွားလောက်ပြီဟု ထင်သောကြောင့် သူ့သားကို ရှာပြီး သူ့ဘဝတစ်လျှောက်လုံး သင်ယူခဲ့သမျှကို လက်ဆင့်ကမ်းပေးချင်သည်။

သူကျင့်သည်ဖြစ်စေ မကျင့်သည်ဖြစ်စေ အနည်းဆုံးတော့ ကိုယ်ခံပညာကြောင့်မို့လို့ သူ့ကို အထင်ကြီးပြီး အခက်အခဲ မလုပ်လောက်ဟု သူတွေးမိသည်။

သူ ဤသို့တွေးနေစဉ် လီချန်ရှင်းသည် သားဖြစ်သူ၏ အခန်းဘေးသို့ ရောက်သွားပြီး သူ့ကို တုန်လှုပ်ချောက်ချားသွားစေသော စကားသံကို ကြားလိုက်ရသည်။

"ဦးလေးယန်...ကျွန်တော့်ကို ကြည့်ပါဦး ကျွန်တော် လှရဲ့လား။"

သားဖြစ်သူ၏ မိန်းမလျာဆန်သော အသံကို ကြားလိုက်ရချိန်တွင် လီချန်ရှင်း၏ ဦးနှောက်မှာ လျှပ်စီးကြောင်းဖြင့် အထိခံလိုက်ရသကဲ့သို့ ထုံကျင်သွားသည်။

"အရမ်းလှတာပေါ့။"

အခြား ကြမ်းတမ်းသော အသံတစ်ခု ထွက်လာသည်။ သူ၏ဇနီးနှင့် ခဏလေးကမှ ဖောက်ပြန်နေခဲ့သော ယန်လုံဖေး မဟုတ်ဘဲ ဘယ်သူဖြစ်မည်နည်း။

လီချန်ရှင်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

"ဟွန့် ဦးလေးရဲ့ နှလုံးသားက ကျွန်တော့်အမေဆီမှာပဲ ရှိနေသေးတာ မဟုတ်ဘူးလား။"

"အို...မင်းတို့နှစ်ယောက်လုံးက ငါ့ရဲ့ အချစ်တော်တွေပါ။ ငါ့ရဲ့ ဒီနှလုံးသားကို ခွဲလိုက်ရင်တောင် တစ်ဝက်စီအတွက် ဖြစ်မှာ အသေအချာပဲ။"

"ဦးလေးယန် ကျွန်တော်..."

"ကောင်းပြီ ထပ်မပြောနဲ့တော့။"

အခန်းထဲမှ ထွက်ပေါ်လာသော လှုပ်ရှားမှုများကြောင့် လီချန်ရှင်း၏ မျက်လုံးများမှာ ဒေါသဖြင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရသည်။

သူသည် ဤအမှန်တရားကို လက်ခံနိုင်စွမ်းမရှိဘဲ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

သူ၏ အခန်းထဲသို့ ပြန်ရောက်သောအခါ လီချန်ရှင်း ရုတ်တရက် ငြိမ်သက်သွားသည်။

"ငါ့ရဲ့ ခြေသံကို ယန်လုံဖေး သိသွားလောက်ပြီ။ တွေးကြည့်ရင် သူ့ကို သတ်ဖို့ ခက်ခဲလိမ့်မယ်။"

လီချန်ရှင်းသည် သူ့နှလုံးသားထဲရှိ ဒေါသကို တတ်နိုင်သမျှ နှိမ်လိုက်သည်။ သူ၏သားသည် ယန်လုံဖေးနှင့် ပတ်သက်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။

သူ၏သားနှင့် ဇနီး သူတို့နှစ်ယောက်လုံး ယန်လုံဖေးနှင့် ဆက်ဆံရေးရှိနေသည်ကို သိနေနိုင်ကြသည်။

လီချန်ရှင်းသည် အလွယ်တကူ ဒေါသထွက်၍ မရကြောင်း သိသည်။

မဟုတ်လျှင် သူ၏နှလုံးသားကို တိုက်ခိုက်နေသော ဒေါသက သူ့ကို ချက်ချင်း သေဆုံးစေနိုင်သည်။

ဒေါသကို နှိမ်ရန် နည်းလမ်းကို အမြန်ဆုံး စဉ်ဆက်းစားရမည်။

ဤအချိန်တွင် လီချန်ရှင်းသည် အလွန်ပင် တည်ငြိမ်နေသည်။ သူမသေဆုံးခင်မှာ ဤလူစုကို ဤမျှရိုင်းစိုင်းစွာ ပြုမူနေသည်ကို ထပ်မမြင်ချင်တော့ပေ။

သူ၏ ဇနီးနှင့် သားကို ချစ်သလား။

လီချန်ရှင်း အတိတ်ကို ပြန်တွေးသည်။

သူ၏ဇနီးသည် အာဏာရှိသော အရာရှိကြီးတစ်ဦး၏ သမီးဦးဖြစ်သည်။ သူ စစ်ပွဲတစ်ခုတွင် အောင်ပွဲရသောအခါ ဧကရာဇ်မင်းမြတ်က သူ့ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ သူတို့ကြားတွင် အချစ်အခြေခံ မရှိခဲ့ပေ။

သူ့သားမှာလည်း သူစစ်တိုက်နေစဉ်အတွင်း မွေးဖွားလာခြင်းဖြစ်သည်။ သူသည် အိမ်သို့ တောက်လျှောက် နှစ်ပေါင်းများစွာ မပြန်ခဲ့ရသဖြင့် ငယ်စဉ်ကတည်းက သူ့သားနှင့် စိတ်ခံစားမှု ဆက်သွယ်ခြင်း မရှိခဲ့ပေ။

စစ်သူကြီးတစ်ဦးအနေဖြင့် သူသည် နေ့စဉ်ကိစ္စများဖြင့် အလုပ်ရှုပ်နေရပြီး မိသားစုကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။

ချစ်ခြင်းမေတ္တာလား။

လီချန်ရှင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

"ဘာမှ မဆိုင်တော့ပါဘူး။"

All Chapters