← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈ - တိလော့ကျန်း ထပ်မံပေါ်ပေါက်လာခြင်း။

"တာအိုဘိုးဘေးက တာအိုကျောင်းတော်များနှင့် ဂိုဏ်းအသီးသီးက ကောင်းကင်-လူသား ရပ်ဟန်ကို စတင်လေ့လာနေကြပါပြီ။ ဒါပေမဲ့ တုံ့ပြန်မှုက ပြင်းထန်လွန်းပါတယ်။ သာမန်သိုင်းသမားတချို့က ဒီသိုင်းကို လုံးဝ မယုံကြည်ကြပါဘူး"

"ကိစ္စမရှိပါဘူး။ ရလဒ်ထွက်လာတာနဲ့ သူတို့တွေ ယုံကြည်လာရုံပဲ။"

တာအိုဘိုးဘေးက လက်ကို ဝှေ့ယမ်းလိုက်ပြီးပြောသည်။

"ဒါပေမဲ့... ကျွန်တော်တို့ တာအိုနန်းတော်က မွေးထုတ်လိုက်တဲ့ သိုင်းသမားတွေက သာမန်သိုင်းသမားတွေနဲ့ ဘာမှမထူးခြားသလိုပါပဲ။"

"ဒါဆိုရင် အဲဒီ စစ်မှန်သောစွမ်းအင်သိုင်းသမားတွေနောက်ကို လိုက်သွားပြီး အပြင်မှာ လမ်းလျှောက်ကြည့်ကြပါလား" တာအိုဘိုးဘေးက ရယ်မောကာ ဆိုသည်။

မကြာမီပင် တာအိုဘိုးဘေးသည် လူစုတစ်စုကို တောင်ပေါ်နှင့် တောအုပ်ထဲ ခေါ်သွားပြီး တိရစ္ဆာန်ရိုင်း တစ်ကောင်ကို ရှာတွေ့ခဲ့သည်။

လီချန်ရှင်း၏ သင်ကြားပြသမှုဖြင့် လေ့ကျင့်ထားသော စစ်မှန်သောစွမ်းအင် သိုင်းသမားများသည် ထိုတိရစ္ဆာန်ရိုင်းကို အလွယ်တကူ အနိုင်ယူလိုက်သည်။

၎င်းကိုမြင်သော တာအိုကျောင်းသားများမှာ မယုံနိုင်အောင် ဖြစ်သွားကြပြီး စစ်မှန်သောစွမ်းအင် သိုင်းပညာသည် တိရစ္ဆာန်ရိုင်းဘေးအန္တရာယ်ကို ကုစားနိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ကြောင်း ယုံကြည်သွားကြသည်။

ထိုအချိန်တွင် ကောင်းကင်မှ မိုးကြိုးသံကြီး ဟည်းတက်လာပြီး တိလော့ကျန်း ဒုတိယအကြိမ် ပေါ်ပေါက်လာတော့သည်။

ကောင်းကင်မှ အလင်းစက်များ ကျဆင်းလာသောအခါ တိရစ္ဆာန်ရိုင်းများမှာ ၎င်းကို အလုအယက် စုပ်ယူကာ လူသားများကို အနိုင်ယူနိုင်သော မိစ္ဆာများ အဖြစ် ပြောင်းလဲသွားကြသည်။

"တိလော့ကျန်း ပေါ်လာပြီဆိုတော့ တိရစ္ဆာန်ရိုင်းတွေရဲ့ အရှိန်အဝါက ပုံသေဖြစ်သွားပြီ။ သူတို့က သားရဲခန္ဓာကိုယ်နဲ့ သာမန်အရိုးတွေကို စွန့်ခွာပြီး မိစ္ဆာတွေ ဖြစ်ကုန်ကြပြီ။"

လီချန်ရှင်းက အေးဆေးစွာ ပြောသည်။

"ဒါဆိုရင် ငါတို့ ဘာဆက်လုပ်ရမလဲ။"

တာအိုဘိုးဘေးက မေးသည်။

"ဒီနေ့ကစပြီး စပါးနဲ့ အသားတွေကို အမြန်ဆုံး စုဆောင်းပါ။ ပြီးရင် ပါရှန်မြို့ကို သိမ်းပိုက်ပြီး လုံးဝ ပိတ်ဆို့လိုက်ပါ။ မိစ္ဆာတွေရဲ့ လှုပ်ရှားမှု ငြိမ်သွားတဲ့အထိ စောင့်ပါ။"

လီချန်ရှင်းကအကြံပေးသည်။

တာအိုဘိုးဘေးက သံသယဖြစ်နေစဉ် တစ်ရက်အကြာမှာပင် မိစ္ဆာအချို့ တာအိုနန်းတော်အပြင်ဘက်သို့ ရောက်လာသည်။

အကြီးဆုံး မိစ္ဆာမှာ လမ်းလျှောက်နေသော သစ်ပင်ကြီးတစ်ပင် ဖြစ်ပြီး သူ၏ အကိုင်းအခက်များမှ ရေစီးကြောင်းများ စီးဆင်းနေသည်။

ထိုမိစ္ဆာများ တာအိုနန်းတော်ထဲသို့ ဝင်ရောက်လာပြီး လူများကို သတ်ဖြတ်စားသောက်နေကြသည်။

"မြန်မြန်... တာအိုဘိုးဘေးချန်ကျန်းကို သွားခေါ်လိုက်ကြ။"

တာအိုဘိုးဘေးက ချက်ချင်းအမိန့်ပေးသည်။ လီချန်ရှင်း တံခါးပေါက်မှတစ်ဆင့် ဝင်လာကာ အခြေအနေကို ကြည့်လိုက်သည်။

"ချန်ကျန်း... အဲဒီ မိစ္ဆာတွေကို... ဖြေရှင်းနိုင်ပါ့မလား"

တာအိုဘိုးဘေးက တုန်ရီစွာ မေးသည်။

"တာအိုဘိုးဘေး အမြန်ပြင်ဆင်ပြီး ထွက်ပြေးဖို့သာ စဉ်းစားပါ။ မြို့ရိုးတွေမရှိရင် တာအိုနန်းတော်လည်း မရှိတော့ဘူး။"

လီချန်ရှင်းက ရယ်မောရင်း ပြောသည်။

လီချန်ရှင်းသည် ရေစီးကြောင်းများ စီးဆင်းနေသည့် သစ်ပင်မိစ္ဆာကို အလွယ်တကူ အနိုင်ယူလိုက်သည်။

သူသည် သစ်ပင်မိစ္ဆာ၏ အသက်ကို သတ်လိုက်ပြီး အကိုင်းအခက်များကို ချိုးဖဲ့ကာ တုတ်တံတစ်ချောင်းအဖြစ် ပြုလုပ်လိုက်သည်။ ကျန်ရှိသော မိစ္ဆာနှစ်ကောင်ကိုလည်း သူ၏ သိုင်းပညာဖြင့် အမြန်ဆုံး အနိုင်ယူလိုက်သည်။

တာအိုကျောင်းသားများမှာ လီချန်ရှင်း၏ စွမ်းအားကို မြင်ပြီး အံ့အားသင့်သွားကြသည်။

"ချန်ကျန်း... ခင်ဗျား..."

တာအိုဘေးသည် လီချန်ရှင်းကို ကြည့်ကာ အံ့ဩတကြီး ဖြစ်နေသည်။

"တာအိုဘိုးဘေး အထုပ်အပိုး ပြင်ဆင်ပြီးပြီလား ကပ်ဆိုးကြီး စတင်တော့မယ်။"

"ကျွန်တော် ဟွမ်ယဲ့ တာအိုနန်းတော်ရဲ့ ၃၂ ဆက်မြောက် တပည့်က ဆရာတူအကို ချန်ကျန်းကို တာအိုနန်းတော်ရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ချင်ပါတယ်။"

တာအိုဘိုးဘေးက လီချန်ရှင်းကို ဦးညွတ်ကာပြောလိုက်သည်။

"တာအိုဘိုးဘေး ခင်ဗျားစကားတွေက လေးလွန်းပါတယ်။ ကျွန်တော် ချန်ကျန်းမှာ သိုင်းစွမ်းအားပဲ ရှိတာပါ ဒီလောက်ကြီးမားတဲ့ တာဝန်ကို မထမ်းဆောင်နိုင်ပါဘူး။"

"ကျွန်တော်တို့ တိုအိုဘိုးဘေး ချန်ကျန်းရဲ့ အမိန့်ကို နာခံပါ့မယ်။"

ပတ်ဝန်းကျင်ရှိသူများအားလုံးက ကြွေးကြော်ကြသည်။

"ကျွန်တော်က တာအိုဘိုးဘေးရဲ့ အမိန့်ကိုပဲ နာခံမှာပါ။ အားလုံး အသက်ရှင်ဖို့ပဲ လိုပါတယ်။"

လီချန်ရှင်းကလည်း အခြေအနေကို ထိန်းချုပ်ကာ ပါရှန်မြို့သို့ ထွက်ခွာရန် စီစဉ်လိုက်တော့သည်။

All Chapters