← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈ - သူတော်စင်စီဟန်နှင့် တွေ့ဆုံခြင်း

သူတော်စင်စီဟန်၏ ခန္ဓာကို ဖုံးလွှမ်းထားသည့် မြူခိုးများက ပျက်ပြယ်သွားပြီး သူမ၏ အစစ်အမှန်သွင်ပြင်က ပေါ်ထွက်လာ၏။ သူမသည် အသက် ၃၀ ကျော်အရွယ်မှာ ရှိသည့်ပုံပေါ်ပြီး သနားကြင်နာတတ်သော မျက်လုံးများနှင့် ကြော့ရှင်းရည်မွန်သော စိတ်နေစရိုက်က သူမကို ရင်းနှီးဖော်ရွေတတ်သည့်ပုံပေါ်စေ၏။ သူမ၏ ရုပ်ရည်သွင်ပြင်က ယခုထက် ပိုမိုငယ်ရွယ်မည်ဆိုလျှင် သူမက အမျိုးသားတိုင်း၏ စိတ်ကူးယဉ်အိပ်မက် ဖြစ်လာပေလိမ့်မည်။

သူတော်စင်စီဟန်၏ ကျင့်ကြံမှုအဆင့်အရ သူမသည် ငယ်ရွယ်သော ရုပ်ရည်သွင်ပြင်ကို ထိန်းထားဖို့ အိုမင်းဆန့်ကျင်နည်းလမ်းများကို အသုံးပြုနိုင်သည်။ တကယ်ဆို အရင်တုန်းက သူတော်စင်အများစုမှာ သိသာထင်ရှားစွာ ကွဲပြားခြားနားသော ရုပ်ရည်သွင်ပြင်များ ရှိခဲ့ကြသည်။

တချို့က ဆံဖြူအဘိုးအိုများဖြစ်ပြီး တချို့က ကလေးများကဲ့သို့ ရုပ်ရည်သွင်ပြင်ကို ပို၍ နှစ်သက်ကြသည်။ ဆယ်ကျော်သက်အရွယ်မှာ ထိန်းထားသည့် သူတော်စင်တချို့လည်း ရှိခဲ့ကြ၏။

ပဉ္စမမျိုးဆက် မဟာအကြီးအကဲက အတော်လေး ရှေးရိုးဆန်သူဖြစ်ရာ သူတော်စင်များ၏ ကွဲပြားခြားနားလွန်းသော ရုပ်ရည်သွင်ပြင်အမျိုးမျိုးကို သဘောမကျခဲ့ပေ။

ထို့ကြောင့် သူတို့၏ ရုပ်ရည်သွင်ပြင်ကို ကလေးသူငယ်များနှင့်တူအောင် မပြုလုပ်ရန် တာအိုတပည့်ဂိုဏ်းသားများ အားလုံးကို တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့သည်။

အကြောင်းရင်းမှာ ယင်းသည် တာအိုဂိုဏ်းတော်၏ နာမည်ဂုဏ်သတင်းကို ပျက်စီးထိခိုက်စေသောကြောင့်ဖြစ်၏။ နောက်ပိုင်းတွင် တားမြစ်ထားသော အသက်အရွယ်အပိုင်းအခြားကို အရွယ်ရောက်ပြီးသား လူငယ်များအထိပါ တိုးမြှင့်ခဲ့၏။

ထိုတားမြစ်ချက်ကို ထောက်ခံသည့်သူ ရှိသလို ဆန့်ကျင်သည့်သူများလည်း ရှိကြသည်။

သို့သော် ပဉ္စမမျိုးဆက် မဟာအကြီးအကဲ၏ သံမဏိလက်သီးအောက်မှာ မည်သူကမှ ထိုတားမြစ်ချက်ကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ရဲကြပေ။ ထို့သို့ဖြင့် ရွှေနန်းမြင့်မျှော်စင်မှာ မြီးကောင်ပေါက်အရွယ်များနှင့် ဆယ်ကျော်သက်များကို ဆက်လက်၍ မတွေ့မြင်ရတော့ပေ။

သူတော်စင်များကို သူတို့၏ နဂိုအသက်အရွယ်မှာ ထားခြင်း သို့မဟုတ် အသက် ၃၀ နှင့် ၄၀ ကြား ရုပ်ရည်သွင်ပြင်မှာ ထိန်းထားခြင်းတို့ကိုသာ ခွင့်ပြုတော့လေသည်။

သူတို့သည် အရေးပါသော အခမ်းအနားများမှာ ထုံးတမ်းစဉ်လာ ဝတ်စုံများကို ဝတ်ဆင်ဖို့လည်း လိုအပ်လာသည်။ ထူးထူးဆန်းဆန်း အယောင်ဆောင် အဝတ်အစားများကို ဝတ်ဆင်သူများ သို့မဟုတ် ထုံးတမ်းစဉ်လာ ဝတ်စုံများကို သရုပ်ပျက်အောင် ဝတ်ဆင်သူများက အပြစ်ပေးခံရပေလိမ့်မည်။

ထူးထူးဆန်းဆန်း အယောင်ဆောင် ဝတ်စားဆင်ယင်မှုများတွင် သူတောင်းစားများလို၊ စာပေသမားများလို၊ ဘုန်းကြီးများလို၊ နန်းတွင်းအရာရှိများလို၊ အရပ်သားများလို၊ လေလွင့်တာအိုဆရာများလို၊ ရှေးဖြစ်ဟောသူများလို စသည်ဖြင့် ဝတ်စားဆင်ယင်မှုများ ပါဝင်သည်။

ဤအရာများအားလုံးကို တားမြစ်ပိတ်ပင်လိုက်သည်။

ထို့ကြောင့် ပဉ္စမမျိုးဆက်မဟာအကြီးအကဲ ဩဇာအာဏာရရှိလာချိန်မှစ၍ ရွှေနန်းမြင့်မျှော်စင် အစည်းအဝေးများသည် လူထူးလူကြောင်များ စုဝေးခြင်းနှင့် ဆက်လက်၍ မတူတော့ပေ။

လူတိုင်းက သေသေသပ်သပ်နှင့် ထုံးတမ်းစဉ်လာအတိုင်း ဝတ်စားဆင်ယင်လာကြ၏။

ပဉ္စမမျိုးဆက်မဟာအကြီးအကဲ အုပ်စိုးစဉ်အတွင်း အကျိုးနှင့်အပြစ်များ ရှိခဲ့သည်။

ပဉ္စမမျိုးဆက်မဟာအကြီးအကဲ အသက်ရှင်စဉ်က မည်သူကမှ မဟာအကြီးအကဲ၏ အမိန့်ကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ရဲကြပေ။ ဩဇာအာဏာကို ယူထားသည့် သူ့ဘဝ၏ နှောင်းပိုင်းကာလများတွင် သူ၏ မူဝါဒများကို မပယ်ချနိုင်စေရန် လက်ထောက်မဟာအကြီးအကဲသုံးဦးကြား တိတ်တဆိတ် သွေးခွဲခဲ့လေသည်။

နောက်ဆုံးမှာ သူသည် ထိုအချိန်တုန်းက လက်ထောက်မဟာအကြီးအကဲသုံးဦးကို စောစောစီးစီး အငြိမ်းစားယူစေဖို့ ဖိအားပေးပြီး သူတို့ကို မွန်မြတ်မဟာသူတော်စင်များ ဖြစ်လာစေခဲ့သည်။

ပဉ္စမမျိုးဆက်မဟာအကြီးအကဲသည် အတွေ့အကြုံ သိပ်မရှိသည့် ပိုမိုငယ်ရွယ်သော လူသုံးဦးကို လက်ထောက်မဟာအကြီးအကဲအသစ်များအဖြစ် တိုးမြှင့်ပေးခဲ့သည်။ သူတို့သုံးဦးလုံးက ယနေ့အချိန်အထိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်၏။

ပဉ္စမမျိုးဆက် မဟာအကြီးအကဲ၏ စီးပိုးခြယ်လှယ်သော သံမဏိလက်သီးစည်းမျဉ်းသည် တာအိုဂိုဏ်းတော်အတွင်း တန်ပြန်ရိုက်ခတ်မှုတစ်ခုကို ဖြစ်စေခဲ့၏။ သူ ကောင်းကင်ဘုံသို့ တက်လှမ်းသွားပြီးနောက် တာဝန်ထမ်းဆောင်နေဆဲ လက်ထောက်မဟာအကြီးအကဲသုံးဦးသည် သဘောတူညီချက်ရရှိသွားပြီး ပဉ္စမမျိုးဆက် မဟာအကြီးအကဲ ရွေးချယ်ထားသည့် အရိုက်အရာဆက်ခံသူကို ပယ်ချကာ မာန်မာန သိပ်မရှိဘဲ သဘောကောင်းသည့် လူအိုကြီးတစ်ဦးကို ဆဋ္ဌမမျိုးဆက်မဟာအကြီးအကဲ ဖြစ်လာစေဖို့ ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ဤသို့ဖြစ်လာဖို့ မည်သူကမှ ထင်မှတ်မထားပေ။ ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲ ကိုယ်တိုင်ပင် ထင်မှတ်မထားပေ။ ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲမှာ မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိ၍ တန်ခိုးရှင်သူတော်စင်များကြား အတော်ဆုံးထဲမှ တစ်ယောက်ဖြစ်သော်လည်း သူ့ကိုယ်သူ သာမန်ပထမအဆင့် တာအိုအကြီးအကဲတစ်ဦး ဖြစ်လာဖို့သာ မျှော်လင့်ထားခဲ့သည်။

သူ့မှာ ဦးဆောင်နိုင်သည့် အရည်အချင်း မရှိသည်ကိုလည်း သူ့ကိုယ်သူ သိရှိထား၏။

သို့သော်လည်း လက်ထောက်မဟာအကြီးအကဲသုံးဦးက ဤကိစ္စမှာ တစ်ညီတစ်ညွတ်တည်း ရှိနေကြပြီး ဆုံးဖြတ်ချက်က သူ့အပေါ်မှာ မူတည်မနေတော့ပေ။ ဒါ့အပြင် မဟာအကြီးအကဲ ဖြစ်လာမည့် မက်လုံးမှာ မည်သည့် တာအိုတပည့်ဂိုဏ်းသားမဆို ယိမ်းယိုင်သွားပေလိမ့်မည်။

ထိုစဉ်တုန်းက တန်ခိုးရှင်သူတော်စင်တစ်ပါးသာဖြစ်သော သူ့အတွက် အဲဒါသည် အဆင့်တစ်ဆင့်ကျော်၍ တာအိုဂိုဏ်းတော်မှ အမြင့်ဆုံးပလ္လင်ပေါ်သို့ ခုန်တက်ရခြင်းနှင့် တူလေသည်။ ဒါ့အပြင် ပဉ္စမမျိုးဆက် မဟာအကြီးအကဲသည် တာအိုဂိုဏ်းတော်အတွက် လူတိုင်းကြောက်ရွံ့လေးစားရသည့် တောင့်တင်းခိုင်မာသော နာမည်ဂုဏ်သတင်းတစ်ခုကို တည်ဆောက်ပေးထားခဲ့သည်။

ထိုသို့ဖြင့်​ ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲက တာအိုဂိုဏ်းတော်မှာ အမြင့်ဆုံး ဩဇာအာဏာကို ရယူဖို့ သဘောတူလက်ခံခဲ့သည်။

ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲသည် သည်းခံတတ်၍ သဘောမနောကောင်းသူတစ်ယောက် သေချာပေါက် ဖြစ်ခဲ့သည်။ သူသည် စိုးမိုးခြယ်လှယ်၍ ရက်စက်ကြမ်းတမ်းသော ပဉ္စမမျိုးဆက် မဟာအကြီးအကဲထက် ပိုကောင်းသော စိတ်နေစရိုက် ရှိလေသည်။ သို့သော် ဩဇာအာဏာကို ထိန်းသိမ်းရသည့် အချိန်မှာ ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲက ပြတ်သားမှုနည်း၍ အတွေ့အကြုံ လိုအပ်နေ၏။

ထို့သို့ဖြင့် ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲက လုံလောက်သည့် ထက်ရှမှု မရှိဘဲ လက်ထောက်မဟာအကြီးအကဲသုံးဦးကို မထိန်းချုပ်နိုင်တော့ပေ။

ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲ ဩဇာအာဏာ ရယူထားစဉ်က လက်ထောက်မဟာအကြီးအကဲသုံးဦးသည် ယနေ့လောက် အင်အားကြီးမားခြင်း မရှိသေးပေ။

နောက်ပိုင်း လက်ထောက်မဟာအကြီးအကဲသုံးဦးက တဖြည်းဖြည်း ဩဇာအာဏာ ကြီးမားလာပြီး ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲ၏ သက်တမ်းအတွင်းမှာပင် သူတို့၏ လွှမ်းမိုးနိုင်စွမ်းကို ချဲ့ထွင်လာခဲ့ကြ၏။

ပြောရမည်ဆိုလျှင် တာအိုဂိုဏ်းတော်၏ လက်ရှိ ဖရိုဖရဲအခြေအနေကို ပဉ္စမမျိုးဆက် မဟာအကြီးအကဲက အစပျိုးပေးခဲ့ခြင်း ဖြစ်လေသည်။

ယနေ့အချိန်အထိ ပဉ္စမမျိုးဆက် မဟာအကြီးအကဲ၏ နိုင်ငံရေးမူဝါဒများက တာအိုဂိုဏ်းတော်၏ ရှေးရှုရာလမ်းကြောင်းအပေါ် လွှမ်းမိုးမှု ရှိနေဆဲဖြစ်၏။ မဟာအကြီးအကဲများ အားလုံးထဲမှာ သူ၏ ဩဇာလွှမ်းမိုးမှုသည် ရွှမ်အရှင်မြတ်ပြီးလျှင် ဒုတိယနေရာမှာ ရှိနေသည်။ သို့သော် သူ၏ ကောင်းမှု၊ အကျိုးဆောင်မှုများကို နှစ်ပေါင်းများစွာ ကြာပြီးမှ ဆုံးဖြတ်နိုင်ခြင်းဖြစ်၏။ တကယ်တော့ အခြားသော မဟာအကြီးအကဲများက အောင်မြင်မှုများ မရရှိခဲ့ဟု မဆိုလိုပေ။ သူတို့သည် တာအိုဂိုဏ်းတော်အတွက် ကိုယ်စီအကျိုးဆောင်မှုများ ပြုလုပ်ခဲ့ကြသည်။

သူတော်စင်စီဟန်သည် ဤအသက်အရွယ်ကို ထိန်းသိမ်းထားသည်မှာ နုပျိုမှုကို အနည်းဆုံး အသက် ၃၀ အရွယ်အထိသာ ထားရမည်ဟူသော ပဉ္စမမျိုးဆက် မဟာအကြီးအကဲ ချမှတ်ခဲ့သည့် စည်းမျဉ်းစည်းကမ်းကို လိုက်နာခြင်းဖြစ်၏။ သူမက ယခုထက် ပိုမိုငယ်ရွယ်သည့်ပုံပေါက်နေလျှင် ဖုန့်ရှန်ခန်းမ၏ ပစ်မှတ်ထားခြင်း ခံရပေလိမ့်မည်။ ဖုန့်ရှန်ခန်းမက သူမကို သတိသာ ပေးမည်ဖြစ်သော်လည်း ဤကဲ့သို့သော အသေးအဖွဲကိစ္စများနှင့် မေးခွန်းထုတ်ခံရခြင်းမှာ ခန်းမသခင်တစ်ဦးအနေဖြင့် အလွန်တရာ ရှက်စရာကောင်းနေဆဲ ဖြစ်၏။

တကယ်တော့ ဤစည်းမျဉ်းစည်းကမ်းကို နောက်ဆုံးမှာ ပြောင်းလဲနိုင်သော်လည်း မဟာအကြီးအကဲတစ်ဦးကသာ ယခင်မဟာအကြီးအကဲများ၏ မူဝါဒများကို ပြောင်းလဲနိုင်မည်ဖြစ်၏။ သို့သော် ရွှမ်အရှင်မြတ်၏ မူဝါဒများကတော့ ခြွင်းချက်ဖြစ်သည်။

အင်ပါယာနန်းတော်၏ ဘိုးဘေးအမိန့်ပြန်တမ်းများကဲ့သို့ ရွှမ်အရှင်မြတ်၏ နိုင်ငံရေးမူဝါဒများကို ထိပါး၍ မရပေ။ သူတို့က တာအိုဂိုဏ်းတော် တည်ရှိမှုအတွက် အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်။

ထို့ကြောင့် တစ်ယောက်ယောက်က ရွှမ်အရှင်မြတ်၏ အမိန့်ဥပဒေကို ပြုပြင်ချင်သည်ဆိုလျှင် ရွှေနန်းမြင့်မျှော်စင် ကွပ်ကဲရေးအဖွဲ့မှ အဖွဲ့ဝင်များ အားလုံး ခွင့်ပြုမှသာ ရပေလိမ့်မည်။

သူတော်စင်စီဟန်သည် ဤလူကို ကျန်းယွဲ့လု၏ လူယုံအဖြစ် မသိရှိဘဲ အကဲခတ်ကြည့်နေ၏။ ကျန်းယွဲ့လုက ချီရွှမ်းစုအကြောင်း ပြောသည်ကို သူမ ကြားဖူးသော်လည်း လူကိုယ်တိုင်တွေ့မြင်ဖူးခြင်း သို့မဟုတ် ပုံတူပန်းချီ တွေ့မြင်ဖူးခြင်း မရှိခဲ့ပေ။ မဟာအကြီးအကဲ ဖြစ်လာနိုင်သည့် တန်ခိုးရှင်သူတော်စင်တစ်ပါးအနေဖြင့် အဆင့် ၇ တာအိုဆရာတစ်ဦးက သူမကိုယ်တိုင် စုံစမ်းစစ်ဆေးရဖို့ တကယ်ပင် မထိုက်တန်သောကြောင့် ဖြစ်၏။

ထို့ကြောင့် သူတော်စင်စီဟန်သည် ချီရွှမ်းစု၏ နာမည်ကို စုစုပေါင်း နှစ်ကြိမ်သာ ကြားဖူးခဲ့သည်။

ပထမတစ်ကြိမ်မှာ သာမန်ကာလျှံကာ စကားပြောဆိုနေစဉ်အတွင်း ကျန်းယွဲ့လု ထုတ်ပြောခဲ့ခြင်းဖြစ်၏။

ထိုအချိန်တုန်းက သူတော်စင်စီဟန်သည် အဲ့ဒါကို များစွာအာရုံမစိုက်ခဲ့ပေ။ သူ့နာမည်ကို သူမ ဒုတိယအကြိမ် ကြားသည်မှာ စာတစ်စောင်မှ ဖြစ်၏။ ထိုအခါမှ ချီရွှမ်းစုသည် သူမ၏ တပည့်အတွက် သူ့ကိုယ်သူ စွန့်လွှတ်စတေးခဲ့သည်ကို သိရှိခဲ့ရ၏။

သူတော်စင်စီဟန်သည် ထိုသတင်းကို ကြားတုန်းက သူမ၏ တပည့်သည် လူယုံတစ်ယောက် ဆုံးရှုံးခဲ့သည့်အတွက် သက်ပြင်းရှည်တစ်ချက်ချခဲ့မိ၏။ ထို့ကြောင့် သူမက ချီရွှမ်းစု၏ နာမည်ကို မှတ်မိနေခြင်း ဖြစ်၏။

ယခုအချိန်မှာ ချီရွှမ်းစုက သူတော်စင်စီဟန်မှန်း မသိရှိသလို သူမကလည်း မသိရှိပေ။

ထို့ကြောင့် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး နောက်ဆုံး ချီရွှမ်းစုက အရင်စတင် ဦးညွှတ်လိုက်၏။

“မင်္ဂလာပါ သူတော်စင်”

သူတော်စင်စီဟန်က မေးလိုက်၏။

“ငါက တာအိုဂိုဏ်းတော်ကဆိုတာ နင် ဘယ်လို သိလဲ”

ချီရွှမ်းစုက ပြန်ဖြေလိုက်၏။

“တာအိုဂိုဏ်းတော်က ပညာရှင်တချို့က လျှို့ဝှက်အသင်းအဖွဲ့က အယူဝါဒမိစ္ဆာတွေကို ဖမ်းဆီးဖို့အတွက် ဒီကိုရောက်နေတယ်လို့ ဝတ်ရုံနက်တွေ ပြောတာ ကျုပ် ကြားထားပါတယ်... အဲဒါကြောင့် အကြီးအကဲက တာအိုဂိုဏ်းတော်က သူတော်စင်တစ်ပါး ဖြစ်မယ်လို့ ကျုပ် တွေးမိပါတယ်”

သူတော်စင်စီဟန်က ငြင်းပယ်ခြင်း မရှိဘဲ စကားထောက်လိုက်၏။

“ဒါဆို နင်က ဘယ်သူလဲ”

ချီရွှမ်းစုက ရိုသေစွာဖြင့် ဖြေပေးလိုက်၏။

“ကျုပ်က ခြေဦးတည့်ရာ လေလွင့်နေတဲ့သူ ဝေဝူကွေ့ပါ”

“လေလွင့်သူတစ်ယောက်က ပြည့်စုံတဲ့ အသက်ရှူနည်းစနစ်တစ်ခုကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ”

သူတော်စင်စီဟန်၏ မျက်လုံးများက ချီရွှမ်းစု၏ အပြင်ပန်းကို ထွင်းဖောက်မြင်နေရပုံရ၏။

ချီရွှမ်းစုက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြန်ဖြေပေးလိုက်၏။

“ဝန်ခံရရင် ကျုပ် ဝမ်ရှန်းတာအိုနန်းတော်မှာ နေခဲ့ဖူးပါတယ်”

သူတော်စင်စီဟန်ကို အရူးလုပ်ရ မလွယ်ကူပေ။

“ငါသိရသလောက်ဆိုရင် ဝမ်ရှန်းတာအိုနန်းတော်က အလွန်ဆုံး ခွန်လွင်အဆင့်ထိပဲ သင်ကြားပေးတယ်... ဒါပေမဲ့ နင်က အခု ယွီရှုအဆင့်မှာ ရှိနေတယ်... နောက်ပိုင်းကျင့်စဉ်တွေ နင့်ကို ဘယ်သူသင်ပေးထားတာလဲ... ငါ နင့်ဆီမှာ စီဟန်လမ်းစဉ်ရဲ့ အငွေ့အသက်တွေကိုလည်း တွေ့မြင်နေရသလိုပဲ”

ချီရွှမ်းစုက ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။ သူ ယွီလန်ဘုရားကျောင်းမှာ ယွီရှုအဆင့်ကို တက်လှမ်းပြီးနောက် ကျောက်စိမ်းနေပြည်တော်မှာ ရှိမနေခဲ့ရာ လေလွင့်ကျင့်ကြံသူများအတွက် ကျင့်စဉ်များအပေါ် သမားရိုးကျ ဘယ်လမ်းညွှန်မှုကိုမှ မရရှိခဲ့ပေ။ ထို့ကြောင့် သူက ကျန်းယွဲ့လုကို အကြံတောင်းခဲ့ရသည်။

ကျန်းယွဲ့လုက နတ်သက်ကြွေအင်မော်တယ်တစ်ဦး ဖြစ်သော်လည်း လေလွင့်ကျင့်ကြံသူလမ်းစဉ်သည် နတ်သက်ကြွေအင်မော်တယ်လမ်းစဉ်ကနေ ဆင်းသက်လာခဲ့သည်။ ထို့ကြောင့် သူတို့မှာ ဆင်တူမှုများစွာ ရှိနေ၏။ ထို့ကြောင့် ကျန်းယွဲ့လုသည် သက်ဆိုင်ရာ နည်းစနစ်များနှင့် လျှို့ဝှက်ဆန်းကြယ်စွမ်းရည်များနှင့် ပတ်သက်၍ ချီရွှမ်းစုကို လမ်းညွှန်မှု ပေးနိုင်ခဲ့သည်။

သို့သော် ကျန်းယွဲ့လုက အစစ်အမှန် လေလွင့်ကျင့်ကြံသူတစ်ဦး မဟုတ်လေရာ ချီရွှမ်းစုအား သူမ သင်ပေးသည့် ဘယ်နည်းလမ်းမဆို သူမ၏ ကိုယ်တိုင်သင်ယူမှုကနေ စစ်ထုတ်ထားခြင်းဖြစ်၏။ မည်သို့ပင်ဆိုစေ လေလွင့်ကျင့်ကြံသူ၏ ယွီကျင်းနယ်ပယ်သည် သိပ်ပြီး မမြင့်မားသေးရာ ကျန်းယွဲ့လုက ချီရွှမ်းစုကို လမ်းညွှန်မှုပေးနိုင်ဆဲဖြစ်၏။

သို့သော် ကျန်းယွဲ့လု၏ ကျင့်စဉ်နည်းလမ်းများမှာ သူမ၏ ကိုယ်ပိုင်အသိသညာတချို့ ရောနှောနေရာ သမားရိုးကျ လေလွင့်ကျင့်ကြံသူ၏ ကျင့်စဉ်နည်းလမ်းများနှင့် အနည်းငယ် ကွာခြားမှု ရှိခဲ့သည်။ ထို့ကြောင့် သူတော်စင်စီဟန်သည် ချီရွှမ်းစုထံမှ စီဟန်လမ်းစဉ်၏ အငွေ့အသက်များကို ထောက်လှမ်းနိုင်ခြင်းဖြစ်၏။

ချီရွှမ်းစုက မည်ကဲ့သို့ ပြန်ဖြေရမည် မသိဘဲ သူ့နဖူးကနေ ချက်ချင်းပင် ချွေးများ စီးကျလာသည်။

All Chapters