ကြောက်စရာကောင်းတဲ့တိုက်ပွဲ
Vol. 83 Ch. 1159
"ဘယ်သူကများ ခရမ်းရောင်ငှက်စွန့်စားအဖွဲ့ထဲမှာ သောင်းကျန်းရဲတာလဲ"
ခရမ်းရောင်ငှက်စွန့်စားခန်းအဖွဲ့ရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက ခြံဝင်းထဲသို့ ပြေးဝင်လာတယ်၊ သူတို့ကို ခမ်းနားထည်ဝါဟန်ရှိတဲ့လူတစ်ယောက်က ဦးဆောင်လာတယ်၊ နတ်ဘုရားစွမ်းအားအတက်အကျက ဖီထယ်ထက် အများကြီး အားမနည်းပါဘူး။
"ခေါင်းဆောင်ရော၊ အမ်၊ ခေါင်းဆောင်က သေသွားပြီးလား"
ဖီထယ်ရဲ့ခေါင်းက ပေါက်ကွဲထွက်သွားပေမယ့် သူ့ခန္ဓာကိုယ်ပေါ်ရှိအရှိန်အဝါက သတိပြုမိဖို့ လွယ်ပါတယ်။
"ဘယ်လာ၊ ကြံ့ခေါင်း၊ ဘာဖြစ်နေတာလဲ" ထိုလူက ဘယ်လာနဲ့ကြံ့ခေါင်းတို့ကို စိုက်ကြည့်လိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်"ငါ သတ်ခဲ့တာ"
"ငါတို့ရဲ့အဖွဲ့ခေါင်းဆောင်ကို သတ်ရဲတယ်ပေါ့၊ သေချင်နေတာလား"
ခမ်းနားထည်ဝါဟန်ရှိတဲ့ထိုလူက မီးလျှံတွေ ဖုံးလွှမ်းလာတယ်၊ သူက မီးတာအိုဥပဒေသကို လေ့ကျင့်ထားမှန်း သိသာတယ်။
"မီးတာအိုဥပဒေသလား"
လီဖူချန်းရဲ့နှလုံးသားက လှုပ်ရှားသွားတယ်၊ ဓားတာအိုနတ်ဘုရားစွမ်းအားက မီးတာအိုနတ်ဘုရားစွမ်းအားအဖြစ် ပြောင်းသွားပြီး နတ်ဘုရားမီးခွဲတစ်စုံကို အသက်သွင်းလိုက်တယ်။ နောက်အခိုက်အတန့်မှာ ခန့်ညားထည်ဝါဟန်ရှိတဲ့လူထက် ပိုကြောက်စရာကောင်းတဲ့မီးက ကောင်းကင်သို့ မြင့်တက်လာပြီး ခြံဝင်းတစ်ခုလုံး၊ ခရမ်းရောင်ငှက်စွန့်စားခန်းအဖွဲ့ဌာနချုပ်တစ်ခုလုံးကို ရိုက်ခတ်လာတယ်။
"နတ်ဘုရားစွမ်းအားအညွှန်းကိန်းဆယ်သန်းကျော်" ခမ်းနားထည်ဝါဟန်ရှိတဲ့လူက နောက်ဆုတ်သွားတယ်။
သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၉.၅သန်းအောက်သာ ရှိတယ်။
လီဖူချန်းရဲ့မီးတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက တကယ်တော့ ခုနှစ်သန်းကျော်မှာ ရှိတာ သူ မသိဘူး၊ ဒါပေမယ့် ပြီးပြည့်စုံခြင်းအဆင့်မြင့်မီးတာအိုအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့နတ်ဘုရားမီးခွဲတစ်စုံနဲ့အတူ နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဆယ်သန်းအထက်ကို ရုတ်ချည်း တိုးသွားတယ်၊ နတ်ဘုရားစွမ်းအားကလဲ အမြောက်အများတိုးလာတာပေါ့။
လီဖူချန်းရဲ့မီးလျှံအရှိန်အဟုန်ရဲ့ဖိအားအောက်မှာ ခမ်းနားထည်ဝါဟန်ရှိတဲ့လူကလွဲပြီး ကျန်သူတွေက တိုက်ခိုက်ဖို့ အသာထား၊ အသက်ရှုဖို့တောင် ခက်ခဲလာတယ်။
လက်ရှိအချိန်မှာ သူတို့က နားလည်လာပြီ၊ တစ်ဖက်လူက ဖီထယ်ကို သတ်နိုင်တယ်၊ သူတို့ကိုလဲ သတ်နိုင်တယ်ဆိုတာကိုလေ။
"မင်းတို့ဘာဆက်လုပ်ချင်လဲ"
လီဖူချန်းက ခမ်းနားထည်ဝါဟန်ရှိတဲ့လူကို ကြည့်လိုက်တယ်၊ တစ်ဖက်က ဆက်လက်ရစ်ပတ်နေဦးမယ်ဆိုရင်တော့ သူက အကုန်သတ်ဖြတ်ခဲ့မှာပါ။
အဆုံးမှာ မြင့်မြတ်ထည်ဝါဟန်ရှိတဲ့လူက အဲလိုလုပ်ဖို့ မရွေးချယ်ခဲ့ဘူး။ သူက အဲဒါကို လုပ်ရင် သူ သေရမယ်လို့ သူ့ရဲ့မသိစိတ်က သူ့ကို ပြောပြနေတယ်လေ။
ဖီထယ်ရဲ့သေဆုံးမှုက အဆုံးမှာတော့ ဒိီအတိုင်းပဲ ပြီးသွားခဲ့တာပေါ့။
ဘယ်လာနဲ့ကြံ့ခေါင်းတို့ကတော့ ခရမ်းရောင်ငှက်စွန့်စားအဖွဲ့မှ ထွက်လာတယ်။ ဘယ်လာမှာ လီဖူချန်းပေးထားတဲ့အညံ့အစားကျောက်တုံးတစ်ထရီလီယံလောက် ရှိတယ်၊ စွန့်စားခရီးလုံးဝထွက်စရာမလိုဘဲ ထိုက်ဖျင်မြို့မှာပဲ နှစ်ထောင်ချီတိတ်တဆိတ်ကျင့်ကြံဖို့ လုံလောက်တယ်။ ကြံ့ခေါင်းကလဲ ဘယ်လာနဲ့ အမြဲတမ်းခွဲလို့မရဘူးလေ၊ ဘယ်လာနဲ့အတူနေတာက သေချာပေါက်မဆိုးပါဘူး။
လီဖူချန်းအတွက်ကတော့ သူ့ရဲ့နေရာလပ်-အချိန်ဥပဒေသကို ဆက်လက်နားလည်ခဲ့တယ်။
လက်ရှိမှာ စနေဂြိုလ်မှ ထွက်သွားဖို့ တစ်ခုတည်းသောနည်းလမ်းက နေရာလပ်-အချိန်ဥပဒေသပါပဲ။
……
မျက်စိတစ်မှိတ်အတွင်း ငါးနှစ်က ကုန်ဆုံးသွားတယ်။
လွန်ခဲ့တဲ့ငါးနှစ်အတွင်း လီဖူချန်းက နတ်ဘုရားစွမ်းအားကလွဲပြီး ဘာတစ်ခုမှ မရရှိပါဘူ။
ဓားတာအိုဥပဒေသပဲဖြစ်ဖြစ်၊ နေရာလပ်-အချိန်တာအိုဥပဒေသပဲဖြစ်ဖြစ် သူတို့က လုံးဝတစ်ဆို့နေတယ်။
သူ့ရဲ့ကျင့်ကြံတဲ့နှစ်က နည်းလွန်းတယ်၊ စုဆောင်းမှုကလဲ မလုံလောက်ဘူးလေ။
သူတိုးတက်နေတဲ့တစ်ခုတည်းသောအရာကတော့ ဖျက်ဆီးခြင်းဥပဒေသပါပဲ။
သူက ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားကြယ်သက်ရှိတွေကို မကြာခဏ စားတယ်၊ အထူးစွမ်းအင်တွေကို စုပ်ယူတယ်။ လီဖူချန်းရဲ့ဖျက်ဆီးခြင်းဥပဒေသက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပြီးပြည့်စုံခြင်းအခြေအနေကို ရောက်ရှိထားပြီး အဆင့်နိမ့်အစစ်အမှန်နယ်ပယ်ကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။
"ဧည့်သည်၊ ဒါက အသစ်ရောက်လာတဲ့အရှင်သခင်အဆင့်နတ်ဘုရားကြယ်သက်ရှိနက်ရွှေဖွတ်ပုတက်ရဲ့အသားပဲ၊ မင်း စမ်းကြည့်ပါလား" တည်းခိုခန်းဝန်ထမ်းက လီဖူချန်းအတွက် နေ့လည်စာကို ယူဆောင်လာတယ်။
"ကောင်းပြီလေ၊ သွားလို့ရပြီ....."
လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်။
သူက ထိုက်ဖျင်တည်းခိုခန်းရဲ့နေထိုင်မှုအကြာဆုံး၊ လက်အဖွာဆုံးဧည့်သည်တစ်ယောက်လို့ပဲ ဆိုရမယ်။ အခြားနေထိုင်သူတွေရဲ့နှစ်စဉ်အစာကုန်ကျစရိတ်က အများဆုံးအညံ့စားနတ်ဘုရား ကျောက်တုံးဆယ်သန်းပဲ ရှိတယ်၊ သူ့ရဲ့နှစ်စဉ်အစာကုန်ကျစရိတ်က အညံ့စားနတ်ဘုရားကျောက်တုံးတစ်ဘီယံလောက် ရှိတယ်။
နက်ရွှေဖွတ်ပုတက်ရဲ့အသားက ပုံမှန်အားဖြင့် အရသာမရှိပါဘူး။ ၎င်းက သတ္တုအရသာရှိတယ်။
သူက တစ်ဝက်လောက်စားပြီးတဲ့အချိန်မှာ လီဖူချန်းက သူ့ခန္ဓာကိုယ်ကို ရုတ်တရက် လှုပ်ခါလိုက်တယ်၊ သူ့ခန္ဓာကိုယ်က ဖျက်ဆီးခြင်းအရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်တယ်။
"ချိုးဖြတ်တော့မယ်......"
လီဖူချန်းက ဝမ်းသာအားရသွားတယ်။
ချိုးဖြတ်ခြင်းက အလွန်ချောမွေ့တယ်။ နာရီအနည်းငယ်ကြာပြီးနောက် လီဖူချန်းရဲ့ဖျက်ဆီးခြင်းဥပဒေသက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေပြီး ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကလဲ အစစ်အမှန်နတ်ဘုရားဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲလာခဲ့တယ်။
သာမန်အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ယူထုတ်ပြီးနောက် လီဖူချန်းက ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကို ၎င်းအပေါ်သို့ ဖုံးလွှမ်းစေလိုက်တယ်။
ဝှစ်.......
မဖျက်ဆီးနိုင်တဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးဆောင်ပစ္စည်းက ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားအရှေ့မှာ တို့ဟူးလိုပါပဲ။ ၎င်းက ချက်ချင်း တစ်စစိီကြေမွသွားပြီး သဲတွေအဖြစ် ပြောင်းကာ မြေပြင်ပေါ်မှာ ဖျန်းဖြူးသွားတော့တယ်။
ဒီအချိန်မှာ အခြားအစစ်အမှန်နတ်ဘုရားတွေရှိရင် သူတို့က မှင်တက်သွားရလိမ့်မယ်။
အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတို့လောက် မကောင်းပေမယ့် ၎င်းက အလွယ်တကူမပျက်ဆီးနိုင်ဘူး၊ သာမန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေကတောင် မလုပ်နိုင်ဘူး။ လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်မှာသာ ရှိပြီး သူက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို အလွယ်တကူဖျက်ဆီးနိုင်တယ်လေ။
"မိုက်တယ်ဟေ့"
လီဖူချန်းက ကျေနပ်အားရခဲ့တယ်။
သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အရာအားလုံးကို ဖျက်ဆီးရာမှာ အကောင်းဆုံးပဲ။
အနာဂတ်မှာ သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအဆင့်ကို ရောက်ရှိတဲ့အခါ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ဖျက်ဆီးဖို့က ပြဿနာမဟုတ်တော့ဘူး။
ဖျက်ဆီးခြင်းဥပဒေသက အရာအားလုံးကို ဖျက်ဆီးဖို့ တည်ရှိတယ်လို့ ပြောနိုင်တယ်။
"ကြယ်နှစ်လုံးအဆင့်မြင့်အစစ်အမှန်နတ်ဘုရားကြယ်သက်ရှိတွေရဲ့အသားထဲရှိအထူးစွမ်းအင်နဲ့ဥပဒေသကို စုပ်ယူတာက အရင်ကလောက် မမြင့်မားတော့ဘူးလို့ ခန့်မှန်းထားတယ်။ အနာဂတ်မှာ ကြယ်သုံးလုံးနတ်ဘုရားကြယ်သက်ရှိတွေကို စုပ်ယူမှပဲ အဆင်ပြေလောက်မယ်" ဘာလို့ နတ်ဘုရားကြယ်သက်ရှိတွေရဲ့ခန္ဓာကိုယ်မှာ အထူးစွမ်းအင်တွေ၊ ဥပဒေသတွေ ရှိနေသလဲကိုတော့ လီဖူချန်းက မသိဘူး၊ သူတို့ရဲ့နေထိုင်ရာပတ်ဝန်းကျင်နဲ့တော့ သက်ဆိုင်မယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။
အုန်း......
မြေပြင်က ရုတ်တရက် တုန်ခါသွားပြီး ထိုက်ဖျင်တည်းခိုခန်းက ယိမ်းထိုးသွားတာကို လီဖူချန်းက တွေ့ရှိခဲ့တယ်။
မဟုတ်ဘူး၊ ထိုက်ဖျင်တည်းခိုခန်းတစ်ခုလုံးက ယိမ်းထိုးနေတာ။
"ဘာဖြစ်နေတာလဲ"
လီဖူချန်းက ထိုက်ဖျင်တည်းခိုခန်းမှ ပြေးထွက်လာပြီး ထိုက်ဖျင်မြို့အထက် ကောင်းကင်သို့ တက်သွားတယ်။
လီဖူချန်းကပဲ ပြေးထွက်လာတာ မဟုတ်ဘူး၊ လူတိုင်းက ပြေးထွက်လာတယ်။
အတိတ်မှာ သူတို့ရဲ့လှုပ်ရားမှုကို ကန့်သတ်ထားတဲ့ နတ်ဘုရားဝင်္ကပါက လုံးဝပျက်ဆီးသွားတာကို သူတို့က တွေ့ခဲ့တယ်၊ ဒါပေမယ့် သူတို့က ကမ္ဘာဆွဲအားကိုတော့ အများကြီးမခံစားရတော့ဘူး၊ အဲ့အစား သူတို့က ပေါ့ပါးလာသလို ခံစားနေမိတယ်။
သူတို့ရှေ့ရှိမြင်ကွင်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေခဲ့တယ်။
ထိုက်ဖျင်မြို့အနီးနားမှာ ကြီးမားတဲ့အပေါက်တစ်ခုကို မြင်ခဲ့ကြတယ်၊ ဘာကြောင့် အဲဒါက အက်ကွဲသွားရသလဲကိုတော့ မသိကြဘူး။ ဒိီကြီးမားတဲ့အပေါက်က မိုးကုတ်စက်ဝိုင်းအထိတိုင် သွားနေပြီး အဆုံးကို မမြင်ရဘူး။ ထိုင်ဖျင်မြို့ကိုသယ်ဆောင်ထားတဲ့မြေပြင်တစ်ဝက်လောက်က လက်ရှိအချိန်မှာ ဖြည်းဖြည်းချင်းမြင့်တက်လာနေတယ်၊ ဒါကြောင့် ထိုက်ဖျင်မြို့က ယိမ်းထိုးနေတယ်လို့ သူတို့က ခံစားမိတာ။
"ငလျင်လှုပ်တာများလား" အချို့က ခန့်မှန်းကြတယ်။
"ဒါပေမယ့် ငါ စနေဂြိုလ်ပေါ်မှာ ရှိလာတာ နှစ်သိန်းကျော်ပြီ၊ ငလျင်တစ်ခုက စနေဂြိုလ်ပေါ်မှာ ဖြစ်ပျက်တယ်ဆိုတာ ဘယ်တော့မှ မကြားဖူးဘူး"
ချက်ချင်း ချေပမှူတစ်ခုဖြစ်လာတယ်။
"ကြည့်လိုက်ကြ၊ ကောင်းကင်က ကွဲအက်လာတယ်"
တစ်ယောက်ယောက်က ကောင်းကင်သို့ ညွှန်ပြလိုက်တယ် သူ့အသံက တုန်ယင်နေတော့တယ်။
ဒါကို ကြားပြီး လူတိုင်းက ကောင်းကင်သို့ ကြည့်လိုက်တယ်။
မီးခိုရောင်ကောင်းကင်က ဘယ်အချိန်ကတည်းက အပေါက်ကြီးတစ်ခု အက်ကွဲနေတာကို ဘယ်သူမှမသိ။
ဂျုံး......
ကောင်းကင်က ထပ်မံအက်ကွဲသွားတယ်၊ မိုင်တစ်သောင်းရှည်တဲ့ကြယ်အလင်းဓားသွားတစ်ခုက နဂါးငွေ့တန်းတစ်ခုနောက်ပြန်လိမ့်လာတဲ့အလား မြေပြင်ကို ခုတ်ပိုင်းလိုက်တယ်။
အုန်း......
ငလျင်က လှုပ်ခတ်သွားပြီး မရေမတွက်နိုင်တဲ့လှိုင်းဂယက်တွေက ကောင်းကင်သို့ မြင့်တက်လာတယ်။ အဆများစွာပိုအားနည်းနေတဲ့ကမ္ဘာဆွဲအားက လက်ရှိအချိန်မှာ လုံးဝပျောက်ကွယ်သွားတယ်။
"ဒါ ဘယ်လိုတိုက်ပွဲအဆင့်လဲ"
လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
စနေဂြိုလ်အပြင်ဘက်ရှိ နတ်ဘုရားဟင်းလင်းပြင်မှာ စွမ်းအားရှင်နှစ်ယောက် တိုက်ခိုက်နေတာ ရှင်းလင်းတယ်၊ စောစောက ကြယ်အလင်းဓားသွားကို သူတို့ထဲကတစ်ယောက် ထုတ်လွှတ်တာပဲ ဖြစ်မယ်။
လီဖူချန်းက အမြင်အာရုံက ဘယ်လောက်ပဲ ချို့ယွင်းနေပါစေ၊ ဒီလူနှစ်ယောက်ရဲ့ကျင့်ကြံခြင်းအဆင့်က စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ကျော်လွန်ပြီး ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ အနည်းဆုံး ရှိမယ်ဆိုတာ သူသိတယ်။
ဆန်းကြယ်နတ်ဘုရားတွေကပဲ စနေဂြိုလ်ကို ဖျက်ဆီးဖို့ ခွန်အားရှိတာ။ ဆန်းကြယ်နတ်ဘုရားနယ်ပယ်ကို ကျော်လွန်နေမလားကိုတော့ လီဖူချန်းက မသိဘူး။
……
စနေဂြိုလ်အနီးရှိ နတ်ဘုရားဟင်းလင်းပြင်မှာ ပုံရိပ်နှစ်ခုက အကွက်ဒါဇင်ကျော် တိုက်ခိုက်ပြီးနောက် ရပ်တန့်သွားခဲ့တယ်။
"ရှင်းရွှယ်ဇီ၊ မင်း ရူးနေလား၊ ငါ ပြောပြီးပြီးပဲ၊ မင်းအကိုကို ငါ မသတ်ဘူး၊ မင်း တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ်" နဖူးမှာ အညိုရောင်ငှက်တောင်မွေးတွေနဲ့ ငှက်ခေါင်းနဲ့လူက ဒေါသတကြီးအော်လိုက်တယ်။
သတ်ဖြတ်ခြင်းအရှိန်အဝါနဲ့အတူ တာအိုဝတ်စုံကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းလူက ပြောလိုက်တယ်"ရှောင်ဖမ်း၊ ရှောင်ဖမ်း။ ငါ့အကိုကိုသတ်သွားတဲ့လူသတ်တရားခံကို သိဖို့ ငါ ကြီးမားတဲ့တန်ဖိုးတစ်ခုကို ပေးပြီး အချိန်နောက်ပြန်သွားဖို့ အချိန်ဘုရားကျောင်းရဲ့ဆရာသခင်တွေကို ဖိတ်ခေါ်ခဲ့ရတာ။ မဟုတ်ရင် မင်း ငါ့အကိုကို သတ်သတ်သွားမှန်း သိမှာတောင် မဟုတ်ဘူး"
"အချိန်နောက်ပြန်သွားတာလား" ရှောင်ဖမ်းလို့ခေါ်တဲ့ငှက်ခေါင်းနဲ့လူက အံ့အားသင့်သွားတယ်။ တစ်ဖက်လူက အချိန်ဘုရားကျောင်းရဲ့ကျွမ်းကျင်သူတွေကို ငှားခဲ့တယ်ဆိုရင် သတ်ဖြတ်သူက ဘယ်သူလဲဆိုတာ အလွယ်တကူရှာတွေ့နိုင်မှာပါ။ သူက အသက်ကို ခပ်ပြင်းပြင်း ရှုထုတ်လိုက်ပြီး ရှောင်ဖမ်းရဲ့မျက်လုံးတွေက ခက်ထန်လာတယ်" ငါ တကယ်ကို မထင်ထားဘူး၊ မင်း အချိန်နောက်ပြန်သွားဖို့ အချိန်ဘုရားကျောင်းရဲ့နတ်ဘုရားတွေကို ဖိတ်ခေါ်ခဲ့မယ်လို့လေ။ ကဲ၊ မင်းအကိုကို့ ငါသတ်တယ်ကွာ ၊ဘာဖြစ်ချင်လဲ"
"သေစမ်း"
ရှင်းရွှယ်ဇီက နတ်ဘုရားစွမ်းအားကို နှိုးဆွလိုက်တယ်၊ ကြယ်အလင်းလှိုင်းဂယက်စက်ဝိုင်းတွေက သူ့ကို ဗဟိုပြုပြီး ဦးတည်ဘက်တိုင်းကို ပျံ့နှံ့လာတယ်။ ဒိီလှိုင်းဂယက်တွေမှာ ကြောက်စရာကောင်းတဲ့ပိုင်နက်စွမ်းအားပါဝင်နေမှန်း သိသာတယ်။ ပိုင်နက်စွမ်းအားရဲ့သက်ရောက်မှုအောက်မှာ အနီးနားရှိစနေဂြိုလ်ရဲ့ကမ္ဘာဆွဲအားက လုံးဝကို ဖိနှိပ်ခံလိုက်ရတယ်၊ ကြီးမားတဲ့ပန်းကန်ပြားပျံတွေက လွင့်မျောလာတယ်။
"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ပိုင်နက်စွမ်းအားလဲ"
လီဖူချန်းက ပိုင်နက်စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားရနိုင်တယ်။
ရန်သူရဲ့ပိုင်နက်စွမ်းအားနဲ့ ယှဉ်ရင် သူအရင်ကကျွမ်းကျင်တဲ့ပိုင်နက်နတ်ဘုရားအတတ်တွေက အဆထောင်သောင်းပေါင်းများစွာ ပိုအားနည်းတယ်။
"မဟုတ်ဘူး၊ မင်းတို့ ကပ်သွားလို့ မရဘူး၊ မဟုတ်ရင် မင်းတို့ဘယ်လိုသေသွားရမလဲဆိုတာတောင် သိလိုက်ရမှာ မဟုတ်ဘူး"
လီဖူချန်းက အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို ယူထုတ်ကာ ဘယ်လာနဲ့ကြံခေါင်းတို့ကို ဆွဲခေါ်ပြီး အဝေးသို့ ပျံသန်းသွားခဲ့တယ်။
ပိုင်နက်စွမ်းအားက သန်မာလွန်းတယ်။ စနေဂြိုလ်ရဲ့ကမ္ဘာဆွဲအားက ဖိနှိပ်ခံထားရရင်တောင် နှစ်ခုကြားမှာ သိမ်မွေ့တဲ့ဟန်ချက်ညီမှုတစ်ခုရှိတယ်။ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က ပျံသန်းရတာ အရမ်းခက်ခဲတယ်လို့ လီဖူချန်းက ခံစားမိတယ်။
"ရှင်းရွှယ်ဇီ၊ ငါ မင်းကို ကြောက်နေမယ်လို့ တကယ် ထင်နေတာလား"
ငှက်ခေါင်းနဲ့လူရှောင်ဖမ်းက စူးရှစွာ လေချွန်လိုက်တယ်၊ နူးညံ့မှုရောကြမ်းတမ်းမှုရောပါရှိတဲ့ပိုင်နက်တစ်ခုက မြင့်တက်လာကာ ရှင်းရွှယ်ဇီရဲ့ကြယ်ပိုင်နက်နဲ့ ယှဉ်ပြိုင်လိုက်တယ်။
"သေတော့"
ရှင်းရွှယ်ဇီက တစ်ဖက်လူနဲ့ အဓိပ္ပါယ်မရှိတာတွေ မပြောတော့ဘူး၊ သူ့လက်ဝါးနှစ်ဖက်ကြားမှာ ကြယ်အလင်းဓားသွားတွေက နောက်ပြန် လိမ့်လာတဲ့ နဂါးငွေ့အလင်းတန်းပမာ ရှေ့သို့ ခုတ်ပိုင်းလိုက်တယ်။
"ငှက်မွေးတစ်ထောင်သတ်ဖြတ်ခြင်း"
ပုံရိပ်ယောင်တောင်ပံတစ်စုံက ရှောင်ဖမ်းရဲ့အနောက်မှာ ထွက်ပေါ်လာတယ်။ တောင်ပံတဖျပ်ဖျပ်ခပ်ရာ ထက်ရှတဲ့ငှက်တောင်မွေးမြောက်များစွာက ကျဆင်းလာပြီး ကြယ်အလင်းဓားသွားနဲ့ ရင်ဆိုင်လိုက်တယ်။
"ပြေးတော့"
နတ်ဘုရားတွေ တိုက်ခိုက်တိုင်း သေမျိုးတွေ ဒုက္ခရောက်သလိုပဲ။ နှစ်ယောက်ကြားတိုက်ပွဲက တစ်ယောက်က်ိုတစ်ယောက် ထိခိုက်မှုမဖြစ်စေခဲ့ပေမယ့် စနေဂြိုလ်ပေါ်ရှိအစစ်အမှန်နတ်ဘုရားတွေအပေါ် သေကျေပျက်ဆီးမှုတွေ ယူဆောင်လာပေးခဲ့တယ်။
ထက်ရှတဲ့ငှက်တောင်မွေးတွေ ပျက်ဆီးတဲ့အခါ အလင်းမိုးရွာချလာသလိုပါပဲ။ အလင်းမိုးနဲ့ထိတွေ့တဲ့ဘယ်အစစ်အမှန်နတ်ဘုရားမဆို ချက်ချင်း အရည်ပျော်သွားလိမ့်မယ်၊ သူ့ခန္ဓာကိုယ်ပေါ်ရှိအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကတောင် ကျန်မှာမဟုတ်ဘူး။
"ဟာကွာ"
အလင်းမိုးတစ်စက်က အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်အပေါ် ကျလာပြီး အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို ကြီးမားတဲ့အပေါက်တစ်ခုအဖြစ် ချက်ချင်း အရည်ပျော်စေခဲ့တယ်၊ ဒါက လီဖူချန်းကို စိတ်သောကရောက်သွားစေတယ်။
ပျက်ဆီးသွားတဲ့ကြယ်အလင်းဓားသွားတွေအတွက်ကတော့ ၎င်းက ပိုတောင် နိုင်ထက်စီးနင်းပြုတယ်၊ ၎င်းက စိတ်ဝိညာဉ်အထိ တိုက်ရိုက်နာကျင်စေနိုင်တယ်။
ကံကောင်းစွာနဲ့ လီဖူချန်းက အခွင့်အလမ်းကို လျင်မြန်စွာ မြင်ခဲ့လို့။ စစ်ပွဲစတင်ပြီး မကြာမီမှာပဲ သူက စစ်မြေပြင်မှ လျင်မြန်စွာ ထွက်ခွာလာခဲ့တာလေ။
စွမ်းအားအကန့်အသတ်တွေအားလုံးမရှိတော့ဘဲ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က နတ်ဘုရားဟင်းလင်းပြင်ရဲ့အနက်ပိုင်းထဲသို့ ပျောက်ကွယ်သွားတော့တယ်။