← Chapters

ဆည်းဆာနတ်ဘုရားကမ္ဘာ

Vol. 83 Ch. 1160

ဆည်းဆာနတ်ဘုရားကမ္ဘာ

Vol. 83 Ch. 1160

"ငါတို့တွေ ဒိီနည်းလမ်းနဲ့ စနေဂြိုလ်မှ ထွက်ခွာရမယ်လို့ ငါ ဘယ်တော့မှ မတွေးထားဘူး"

နတ်ဘုရားဟင်းလင်းပြင်ထဲမှာ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က ဖြည်းဖြည်းချင်း ရပ်သွားပြီး ဘယ်လာက ခံစားချက်အပြည့်နဲ့ ပြောလိုက်တယ်။

ကြံ့ခေါင်းက အကြောက်မပျယ်သေးဘူးနဲ့တူတယ်၊ သူက ပြောလိုက်တယ်"အဲဒါက ဆန်းကြယ်နတ်ဘုရားအဆင့်တိုက်ပွဲတစ်ပွဲဖြစ်မယ်......ဒါ ကြမ်းလွန်းပါတယ်၊ ငါ့ဘဝမှာရော ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်နိုင်မှာလား......"

လီဖူချန်းက ပြောလိုက်တယ်"ဘယ်လိုနည်းလမ်းပဲ သုံးသုံး၊ ငါတို့တွေ စနေဂြိုလ်မှ ထွက်လာနိုင်တာကတင် ကောင်းတဲ့အရာတစ်ခုပဲ၊ စနေဂြိုလ်ကနေ ထွက်ပြီးမှ ငါတို့တွေ ပိုမြင့်မားတဲ့နယ်ပယ်တစ်ခုရောက်အောင် ကျင့်ကြံနိုင်မယ်" အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို ရောက်ပြီးမှသာ စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ရောက်အောင် ဆက်ကျင့်ကြံနိုင်မှာ။

"ဟုတ်တယ်၊ စနေဂြိုလ်က ထွက်သွားနိုင်တာကတင် ကောင်းတဲ့အရာတစ်ခုပဲ၊ ကြံ့ခေါင်း၊ ငါ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို သွားမယ်၊ မင်းရော ဘယ်လိုလဲ" ဘယ်လာက ကြံ့ခေါင်းကို မေးလိုက်တယ်။

ကြံ့ခေါင်းက ပြောလိုက်တယ်"ငါလဲ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို သွားချင်တယ်၊ နှစ်တွေ ဘယ်လောက်ပဲကြာကြာ ကိစ္စမရှိဘူး၊ ငါ သွားရမယ်"

"လီဖူချန်း၊ မင်းရော ဘယ်လိုလဲ" ဘယ်လာက လီဖူချန်းကို မျော်လင့်ချက်ကြီးစွာ ကြည့်လိုက်တယ်။

လီဖူချန်းက ခေါင်းကို ခါယမ်းကာ ပြောလိုက်တယ်"ငါ မင်းတို့နဲ့ အတူထပ်ရှိတော့မှာမဟုတ်ဘူး"

သူနဲ့အတူ သူတို့နှစ်ယောက်ရှိတာက သူ့ကို ဆွဲချပေးလိမ့်မယ်၊ သူ့အတွက် ကောင်းတဲ့အရာမဟုတ်ဘူး။

"ကောင်းပြီလေ၊ ဘယ်လိုပဲ ပြောပြော၊ မင်းကို ကျေးဇူးအများကြီးတင်ပါတယ်၊ မင်း မရှိရင် ငါနဲ့ကြံ့ခေါင်းက စောနက ကပ်ဘေးထဲမှာပဲ သေဆုံးသွားခဲ့ရမှာ။ ဒါက လင်ယွင်ခယ်လ်ိုဏ်ဂူ‌နေအိမ်ကို သွားတဲ့ နတ်ဘုရားဟင်းလင်းပြင်လမ်းပြ‌မြေပုံပဲ။ ငါ အစက အဲနေရာကို သွားချင်ခဲ့တာ။  အခု‌၊ ငါ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကိုပဲ သွားတော့မယ်" ဘယ်လာက လီဖူချန်းထံ ကျောက်စိမ်းဖြတ်ပိုင်းတစ်ခုကို ပေးလိုက်တယ်။

လီဖူချန်းက ယူပြီး ကြည့်လိုက်တယ်။ လမ်းပြမြေပုံမှာ အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာအချို့နဲ့နတ်ဘုရားကြယ်တွေကို အမှတ်အသားပြထားတယ်။

"လင်ယွင်ခယ်ဆိုတာ ဘယ်သူလဲ။ စိတ်ဝိညာဉ်နတ်ဘုရားလား" လီဖူချန်းက မေးလိုက်တယ်။

ကြံ့ခေါင်းက ပြောလိုက်တယ်"ငါ လင်ယွင်ခယ်ရဲ့လိုဏ်ဂူနေအိမ်နဲ့ ပတ်သက်ပြီး ကြားဖူးတယ်၊ အဲဒါက အရမ်းကျော်ကြားတယ်၊ လင်ယွင်ခက်က စိတ်ဝိညာဉ်နတ်ဘုရားမဟုတ်ဘဲ ဆန်းကြယ်နတ်ဘုရားတစ်ယောက်ပဲ၊ သူ့ရဲ့လိုဏ်ဂူနေအိမ်က ပျက်ဆီးနေတဲ့ဆန်းကြယ်အသုံးအဆောင်ပစ္စည်းတစ်ခုပဲ၊ ဒါပေမယ့် အဲဒါက ပျောက်ကွယ်သွားတော့မယ့်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတစ်ခုဖြစ်တဲ့ဆည်းဆာနတ်ဘုရားကမ္ဘာပေါ် ကျရောက်နေတယ်။

နှစ်ပေါင်းမရေမတွက်များစွာကြာ မရေမတွက်နိုင်တဲ့အစစ်အမှန်နတ်ဘုရားတွေက လင်ယွင်ခယ်လိုဏ်ဂူနေအိမ်ကို ရောက်ရှိလာကြပြီး ရတနာအမြောက်အများကို တွေ့ရှိခဲ့ကြတယ်၊ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ၊ ကြယ်သုံးလုံးနတ်ဘုရားဆေးတွေ၊ စိတ်ဝိညာဉ်နတ်ဘုရားချိတ်ပိတ်ကျောက်တုံးတွေတွေ‌စသဖြင့်ပေါ့၊ အချို့သူတွေဆိုရင် ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ ကြယ်လေးလုံးနတ်ဘုရားဆေးတွေ၊ ဆန်းကြယ်နတ်ဘုရားချိတ်ပိတ်ကျောက်တုံးတွေတောင် ရခဲ့ကြတယ်၊ ဒါပေမယ့် အလွန်နည်းပါးတဲ့သူတွေကပဲ ဒီလိုကံမျိုး ရှိတာပါ"

အန္တရာယ်နဲ့အခွင့်အလမ်းက နေရာတိုင်းမှာ တည်ရှိတယ်။ လင်ယွင်ခယ်ရဲ့လိုဏ်ဂူနေအိမ်မှာ ရတနာတွေ မရေမတွက်နိုင်လောက်အောင်ရှိတယ်၊ ဒါပေမယ့် သူတို့အတွက် ဒါက အန္တရာယ်များလွန်းတယ်။ လီဖူချန်းလိုသူမျိုးကပဲ လင်ယွင်ခယ်ရဲ့လိုဏ်ဂူနေအိမ်ကို သွားရောက်ကံစမ်းဖို့ အရည်အချင်းမှီတယ်။ သူတို့က သွားရင် သေမလားရှင်မလားဆိုတာ သေချာမှာမဟုတ်ဘူး။

"ကျေးဇူးအများကြီးတင်ပါတယ်၊ ဒိီလမ်းကြောင်းမြေပုံက ငါ့အတွက် တကယ်ကို အသုံးဝင်တယ်" လီဖူချန်းက လင်းယွင်ခယ်လိုဏ်ဂူကို တစ်ချက်သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဆန်းကြယ်နတ်ဘုရားရဲ့ရတနာသိုက်က အလွန်ကြွယ်ဝမှာပဲ။ သူ နည်းနည်းလေးရရင်တောင် နှစ်ပေါင်းမရေမတွက်များစွာ အားထုတ်မှုကို လျော့ချနိုင်တယ်။

ထွက်သွားဖို့အချိန်ရောက်တော့ လီဖူချန်းက ဘယ်လာကို နောက်ထပ်အလယ်ဆင့်ပျံသန်းရေးအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု ပေးခဲ့တယ်။

……

ဆည်းဆာနတ်ဘုရားကမ္ဘာက စနေဂြိုလ်မှ အရမ်းဝေးတယ်၊ ကြားမှာ အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာခုနှစ်ဆယ့်သုံးခုကို ဖြတ်ခဲ့ရတယ်။ တတိယမြောက်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို ဖြတ်ဖို့ လီဖူချန်းက ငါးနှစ်နီးပါးအချိန်ယူခဲ့ရတယ်။

"အပြာရောင်မီးလျှံက အလင်းမိုးကြောင့် ကြီးမားတဲ့အပေါက်တစ်ခုအဖြစ် အရည်ပျော်ကျသွားပြီး အရည်အသွေးက ထူးကဲအဆင့်သို့ လျော့ကျသွားခဲ့တယ်။ သို့မဟုတ်ရင် လေးနှစ်လောက်ပဲ ကြာမှာ" လီဖူချန်းက ခေါင်းခါယမ်းကာ အကူအညီမဲ့နေလေတယ်။

အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က မဖျက်ဆီးနိုင်ပေမယ့် ဆန်းကြယ်နတ်ဘုရားတွေရဲ့မျက်လုံးထဲမှာ ၎င်းက တို့ဟူးနဲ့ မခြားပါဘူးလေ။

ဒီနေ့မှာ အကွာအဝေးတစ်ခုမှ လီဖူချန်းက ကြီးမားတဲ့စက်ဝိုင်းပုံမီးခိုးရောင်အပေါက်တစ်ခုကို မြင်ခဲ့တယ်၊ အပေါက်ကြီးရဲ့အတွင်းပိုင်းက ဝဲကတော့သဏ္ဍာန်ကြီးမားလာပြီး ၎င်းကို ကြည့်ရတာ အတော်လေးထူးဆန်းတယ်။

"ဒါ လမ်းပြမြေပုံမှာ မှတ်သားထားတဲ့ အပေါက်အတုပဲ ဖြစ်မယ်......"

လီဖူချန်းရဲ့မျက်နှာက ပျော်ရွှင်သွားတယ်။

အပေါက်အတုက နတ်ဘုရားဟင်းလင်းပြင်ရဲ့သဘာဝဆက်ကြောင်းတစ်ခုဖြစ်တယ်။ အဲဒါက နေရာနှစ်ခုကြား အကွာအဝေးနှစ်ခုကို အဆသန်းချီ တိုတောင်းစေတယ်။ အဲဒါက တည်‌နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုနဲ့ တူပေမယ့် ၎င်းက တည်နေရာရွှေ့ပြောင်းရေးအစီအရင်တွေထက် အဆများစွာ ပိုကောင်းတယ်။

နတ်ဘုရားဟင်းလင်းပြင်ရဲ့အသေးစိတ်လမ်းပြမြေပုံရှိဖို့ဆိုတာ အရမ်းအရေးကြီးတယ်၊ အကြောင်းကတော့ လမ်းပြမြေပုံက ပိုအသေးစိတ်လေ၊ အပေါက်တုကို အမှတ်အသားလုပ်ဖို့ ဖြစ်နိုင်ချေက ပိုမြင့်လို့ပဲ၊ အပေါက်တုတစ်ခုထွက်ပေါ်လာခြင်းက မင်းရဲ့ခရီးသွားကြာချိန်နှစ်တစ်သောင်းလောက်ကို လျော့ချပေးနိုင်တယ်၊ အချို့အပေါက်တုတွေက နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ကျော်ဖြတ်ပေးနိုင်တယ်။

ဒါပေမယ့် အပေါက်တုက အမြဲတမ်းမတည်ရှိပါဘူး၊ ၎င်းရဲ့တည်ရှိမှုအချိန်က မတိကျပါဘူး၊ ၎င်းက နှစ်ရာချီ မထွက်ပေါ်တာလဲ ဖြစ်နိုင်တယ်၊ ၎င်းက နှစ်သန်းတစ်ရာချီ ထွက်ပေါ်လာတာလဲ ဖြစ်နိုင်တယ်။

လမ်းပြမြေပုံရှိရိုးရှင်းတဲ့ဖော်ပြချက်အရ ဒီအပေါက်တုက သူ့ကို အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာခြောက်ဆယ့်နှစ်ခုကို ကန့်လန့်ဖြတ်ပေးနိုင်တယ်။

တစ်ခဏတုံ့ဆိုင်းပြီးနောက် လီဖူချန်းက အပြာရောင်မီးလျှံ(အာကာသယာဉ်)ကို ထိန်းချုပ်ကာ အပေါက်တုထဲသို့ ပြေးဝင်သွားတယ်။

အဆက်မပြတ်လည်ပတ်နေတဲ့အဆုံးမဲ့နေရာလပ်တစ်ခုကို ဝင်ရောက်နေသလို လီဖူချန်းက အပြာရောင်မီးလျှံကိုတောင် မထိန်းချုပ်နိုင်တော့ဘူး။

ဘယ်လောက်ကြာသလဲကို မသိ၊ ဦးခေါင်းအထက်မှာ ကြယ်အလင်းတွေ တောက်ပနေပြီး အပြာရောင်မီးလျှံက အပေါက်တုမှ ထွက်လာတယ်။

ကြယ်အလင်းက နက်ပြာရောင်နတ်ဘုရားကြယ်တစ်လုံးမှထုတ်လွှတ်နေတဲ့အလင်းပါပဲ။

ဒီနတ်ဘုရားကြယ်ကို အပြာရောင်ဗုဒ္ဓဟူးဂြိုလ်လို့ ခေါ်ပြီး ၎င်းက ရေစွမ်းပကားနတ်ဘုရားကြယ်တစ်လုံးဖြစ်တယ်။ ၎င်းက ရေတွေနဲ့ ပြည့်ပြီး ကျွန်းတွေဒါမှမဟုတ်ကုန်းမြေတွေ မရှိပါဘူး။

သူက အပြာရောင်ဗုဒ္စဟူးဂြိုလ်မှာ ရှာဖွေဖော်ထုတ်ဖို့ စိတ်မဝင်စားပါဘူး။ သူက စနေဂြိုလ်မှာ ဆယ်နှစ်ကျော်ပိတ်မိနေတာလို ဆက်မဖြစ်ချင်တော့ဘူးလေ။ ဆန်းကြယ်နတ်ဘုရားနှစ်ယောက်ကြားတိုက်ပွဲကြောင့်သာ မဟုတ်ရင် သူက နောက်ထပ်ရာစုနှစ်အနည်းငယ်အထိ ပိတ်မိနေလောက်ပြီ။

လီဖူချန်းက အပြာရောင်ဗုဒ္စဟူးဂြိုလ်မှာ ရှာဖွေမဖော်ထုတ်ချင်ပေမယ့် ပြဿနာက သူ့တံခါးကို လာခေါက်သေးတယ်။

အဆတစ်သောင်းလောက် ပုံကြီးချဲ့ထားတဲ့ ကြာပွတ်တစ်ချောင်းနဲ့တူတဲ့ ကြီးမားတဲ့လက်တံတစ်ခုက လီဖူချန်းဆီ အပေါ်ကနေအောက်ထိ လွှဲယမ်းရိုက်ချလာတယ်။ ရေအလင်းတန်းအပြင်မိုးကြိိုးအလင်းတန်းလဲပါတယ်၊ ရေတာအိုဥပဒေသနဲ့မိုးကြိုးတာအိုဥပဒေသတို့ ပါဝင်နေမှန်း သိသာတယ်။

"ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားကြယ်သက်ရှိလား" လီဖူချန်းက ထိတ်လန့်သွားတယ်။

အပြာရောင်ဗုဒ္စဟူးဂြိုလ်မှာ ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားကြယ်သက်ရှိရှိနေမယ်လို့ သူက မမျှော်လင့်ထားခဲ့ဘူး၊ ဒါက စနေဂြိုလ်ထက်တောင် ပိုအန္တရာယ်များတာပဲ။

အပြာရောင်မီးလျှံအာကာသယာဉ်ကို သိမ်းပြီးနောက် လီဖူချန်းက မီးခိုးရောင်အရိပ်ဓားကို ဆွဲထုတ်ပြီး လက်တံတွေဆီ ဓားတစ်ချက် ခုတ်ပိုင်းလိုက်တယ်။

သံကဲ့သို့မာကျောတဲ့ထူးဆန်တဲ့အရာဝတ္ထုတစ်ခုအပေါ် ခုတ်ပိုင်းချလိုက်သလိုပဲ၊ ဒါပေမယ့် နူးညံခြင်းလဲ ရှိတယ်၊ လီဖူချန်းက လွင့်စဉ်သွားပြီး သူ့ခန္ဓာကိုယ်က အနည်းငယ်ထုံကျင်နေပြီး သူ့သွေးတွေက ဆူပွက်နေတယ်။

"ဒါ ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားကြယ်သက်ရှိတစ်ယောက်ရဲ့စွမ်းအားလား" လီဖူချန်းက ထိတ်လန့်အံ့ဩသွားတယ်။

သူ့လက်ထဲရှိမီးခိုးရောင်အရိပ်ဓားက စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမဟုတ်ရင် သူက ဒဏ်ရာအပြင်းအထန်‌ရသွားနေပြီ။

မိုးကြိုးတွေ မြည်ဟည်းလာပြီး ကြီးမားတဲ့မွန်းစတားတစ်ကောင်က အပြာရောင်ဗုဒ္စဟူးဂြိုလ်မှ ပြေးထွက်လာတယ်။

ဒါက ကတော့ပုံဦးခေါင်းနဲ့ လက်တံသုံးဆယ့်ရှစ်ခုပါရှိတဲ့ ကြောက်စရာကောင်းတဲ့သတ္တဝါတစ်ကောင်ပဲ။ ၎င်းရဲ့အဟုန်ကြောင့် လီဖူချန်းတောင် အသက်ရှုရတာ နည်းနည်းကျပ်သွားတယ်။ ဒီကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားသက်ရှိရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အနည်းဆုံးသန်းငါးဆယ်ရှိပြီး သန်းတစ်ရာကိုတောင် ရောက်ရှိနေနိုင်တယ်။ စော‌နက လက်တံတစ်ချောင်းကပဲ သူ့ကို အဝေးကနေ တိုက်ခိုက်ခဲ့တာ။ လက်တံ‌သုံးဆယ့်ခြောက်ချောင်းလုံးက သူ့ကို တိုက်ခိုက်လာရင် သူ့မှာ မီးခိုးရောင်အရိပ်ဓားတစ်လက်ရှိရင်တောင် အကြွင်းမဲ့ဖိနှိပ်ခံရလိမ့်မယ်။

"ပြိုင်ဘက်ကင်းပဲ"

လီဖူချန်းက ချက်ချင်းရှောင်ပြေးဖို့ ရွေးချယ်ခဲ့တယ်။

"ပြာတွေကို ဗလာအဖြစ် ချန်ထားခဲ့........"

ခန္ဓာကိုယ်ထဲရှိ ဓားတာအိုနတ်ဘုရားစွမ်းအားကို မီးတာအိုနတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲပြီးနောက် နတ်ဘုရားမီးတစ်စုံကို အသက်သွင်းပြီးနောက် လီဖူချန်းရဲ့မီးတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဆယ်သန်းကျော် မြင့်တက်သွားတယ်၊ ပြီးနောက် သူက ပြီးပြည့်စုံခြင်းအဆင့်မြင့်မီးတာအိုရွေ့လျားရေးအစစ်အမှန်နတ်ဘုရားအတတ်ဖြစ်တဲ့'ပြာတွေကို ဗလာအဖြစ် ချန်ထားခဲ့'ကို ထုတ်ဖော်လိုက်တယ်၊ ခန္ဓာကိုယ်တစ်ခုလုံးက ပြာတွေအဖြစ် ပြောင်းသွားပြီး နေရာမှာတင် ပျောက်ကွယ်သွားတယ်။

ဖြောက်......

လီဖူချန်း ထွက်သွားပြီးလျှင်ချင်း လက်တံသုံးခုက ရိုက်ချလာပြီး  တစ်ခဏမှာ မိုးကြိုးနဲ့လျှပ်စိီးတွေက နတ်ဘုရားဟင်းလင်းပြင်မှာ ရစ်ဝဲနေတော့တယ်။

ကြောက်စရာကောင်းတဲ့သတ္တဝါက အပြာရောင်ဗုဒ္ဓဟူးဂြိုလ်ကနေ အဝေးကို ထွက်သွားချင်ပုံမရဘူး၊ ဒါပေမယ့် လီဖူချန်း ထွက်ပြေးလွတ်မြောက်သွားမှာကိုလဲ မမြင်ချင်ဘူး။ တစ်ခဏတုံ့ဆိုင်းပြီးနောက် ကြောက်စရာကောင်းတဲ့သက်ရှိက ကြီးမားတဲ့ပါးစပ်နှစ်ဖက်ကို ဟလိုက်ရာ ရေတန်းတစ်ခု ပန်းထွက်လာတယ်၊ မိုးကြိုးအလင်းတန်းကပါ ပန်းထွက်လာပြီး လီဖူချန်းအနောက်ကို လိုက်သွားတယ်။

ရေတန်းနဲ့မိုးကြိုးအလင်းရဲ့အရှိန်က မြန်လွန်းတယ်၊ လီဖူချန်းရဲ့မီးတာအိုရွေ့လျားရေးနည်းစနစ်ထက် အဆများစွာ ပိုမြန်တယ်၊ သူတို့က ချက်ချင်း လိုက်မီလာပြီး လီဖူချန်းကို နစ်မြုပ်သွားတော့တယ်။

"ဘယ်လိုတောင် ဆိုးဝါးတဲ့ကံလဲ........."

ရေက ဂယက်ထနေတယ်၊ မိုးကြိုးနဲ့လျှပ်စီးက ပက်ဖျန်းနေကာ ပုံရိပ်တစ်ခုက ပြေးထွက်လာပြီး နတ်ဘုရားဟင်းလင်းပြင်ရဲ့အနက်ပိုင်းထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့တယ်။

ဂတ် ဂတ်......

ကဆလးငိုသံနဲ့တူတဲ့ အသံတစ်ခု ထွက်လာပြီး ကြောက်စရာကောင်းတဲ့သတ္တဝါက လှည့်ကာ အပြာရောင်ဗုဒ္ဓဟူးဂြိုလ်သို့ ပြန်သွားတော့တယ်။

အုန်း.......

အပြာရောင်မီးလျှံကို ယူထုတ်ပြီးနောက် လီဖူချန်းက ဦးတည်ဘက်တစ်ခုကို သတ်မှတ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးက ကုန်းပတ်ပေါ်မှာတင် သတိလစ်လဲကျသွားတော့တယ်။

သူ ဒီတစ်ကြိမ်ခံစားရတဲ့ဒဏ်ရာက ပြင်းထန်လွန်းတယ်။ မီးတာအိုစွမ်းအားက ကြောက်စရာကောင်းတဲ့သတ္တဝါရဲ့တိုက်ခိုက်မှုအောက်မှာ ချက်ချင်း ချေမှုန်းခံလိုက်ရတယ်။ ဓားတာအိုနတ်ဘုရားစွမ်းအားနဲ့နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားတို့ကလဲ တစ်ခုပြီးတစ်ခု ကုန်ဆုံးသွားတယ်။ အရိပ်အငွေ့တစ်ခုသာ ကျန်ပြီး အဲဒါက သူ့ကို သူ့နတ်ဘုရားခန္ဓာကိုယ်ပျက်ဆီးခြင်းမှကာကွယ်ပေးခဲ့တယ်။

သို့မဟုတ်ရင် သူက စိတ်ဝိညာဉ်တစ်ခုပဲ ကျန်ရစ်တော့မှာ။

ဒါ့အပြင် ဒီတစ်ခေါက်ဒဏ်ရာက နတ်ဘုရားစွမ်းအားပျက်သုန်းသွားတာလောက် မရိုးရှင်းဘူး။ ဒီတစ်ကြိမ်မှာ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကတောင် ကြီးကြီးမားမားထိခိုက်ခဲ့တယ်။

သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က စိတ်ဝိညာဉ်နတ်ဘုရားအဆင့်နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုဆိုတာ သိထားရမယ်။

ဒါက ကြောက်စရာကောင်းတဲ့သတ္တဝါရဲ့တိုက်ခိုက်မှုက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲကို ခန့်မှန်းနိုင်တယ်။

အပြာရောင်မီးလျှံက လီဖူချန်းချမှတ်ထားတဲ့ဦးတည်ဘက်အတိုင်း ပျံသန်းနေလျက်။ ကုန်းပတ်ပေါ်မှာ လီဖူချန်းက လှုပ်ရှားမှုကင်းမဲ့စွာ လဲလျောင်းနေတုန်းပဲ။

……

ဆည်းဆာချိန်နတ်ဘုရားကမ္ဘာက ပတ်ဝန်းကျင်ရှိ အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတွေထဲမှာ အလွန်‌ကျော်ကြားတယ်။

အခြေခံအားဖြင့် နေ့တိုင်းမှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေအမြောက်အများက ဆည်းဆာချိန်နတ်ဘုရားကမ္ဘာဆီ ခရီးနှင်လာလာကြတယ်။

ယေဘုယျအားဖြင့် ဆည်းဆာနတ်ဘုရားကမ္ဘာဆီ အပြေးလာတဲ့သူတွေက ရည်ရွယ်ချက်နှစ်ခုပဲ ရှိတယ်။

ပထမဆုံးရည်ရွယ်ချက်က လင်းယွင်ခယ်လိုဏ်ဂူအတွက်ပဲ။

ဒုတိယရည်ရွယ်ချက်တော့ ဆည်းဆာကျောက်တုံးကို ရှာဖွေဖို့ပဲ။

ပြောရရင် ဆည်းဆာနတ်ဘုရားကမ္ဘာဆိုတာ ၎င်းရဲ့မူရင်းနာမည်မဟုတ်ပါဘူး။ တစ်ယောက်မှ ၎င်းရဲ့မူရင်းနာမည်ကို မသိဘူး၊ ဘာလို့ဆို လွန်ခဲ့တဲ့နှစ်ပေါင်းသန်းတစ်ရာလောက်က ဆည်းဆာနတ်ဘုရာဘုရားကမ္ဘာက မျိုးသုန်းနေပြီလေ။ ပတ်ဝန်းကျင်ရဲ့ဆိုးဝါးပြင်းထန်တဲ့ပြောင်းလဲမှုတွေအောက်မှာ အထဲရှိသက်ရှိတွေက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြတယ်။ ဆည်းဆာနတ်ဘုရားကမ္ဘာလဲ အသက်မရှိတဲ့သေခြင်းကမ္ဘာအဖြစ် လုံးဝပြောင်းလဲသွားပြီး ၎င်းရဲ့မူရင်းနာမည်ကို အပြီးတိုင်မေ့သွားကြတော့တယ်။

ဆည်းဆာကျောက်တုံး၊ အမှန်အတိုင်းပြောရရင် ၎င်းက ဆည်းဆာနတ်ဘုရားကမ္ဘာရဲ့အထူးထုတ်ကုန်တစ်ခုတော့ မဟုတ်။ ပျောက်ကွယ်သွားတော့မယ့်ဘယ်လိုအသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမဆို ဆည်းဆာကျောက်တုံးကို မွေးထုတ်ပေးပါလိမ့်မယ်၊ နာမည်တွေကတော့ မတူဘူးပေါ့လေ။

နာမည်အတိုင်းပဲ၊ ဆည်းဆာကျောက်တုံးမှာ အချိန်ဥပဒေသပါဝင်တယ်။

ထပ်ပြောရရင် ဆည်းဆာကျောက်တုံးမှာ ဖျက်ဆီးခြင်းဥပဒေသလဲ ပါဝင်တယ် ၊ပြီးတော့ ၎င်းမှာ ထူးခြားတဲ့သက်ရောက်မှုတွေ အများကြီးရှိတယ်။

နတ်ဘုရားဟင်းလင်းပြင်ထဲမှာ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းပျံသန်း‌ရေးလှေတစ်စီးက ခုတ်မောင်းလာနေတယ်။ လှေရဲ့ခေါင်းပိုင်းမှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနှစ်ယောက်ရှိတယ်၊ အမျိုးသမီးနှစ်ယောက်နဲ့အမျိုးသားနှစ်ယောက်။

"ဒါ  အဆင့်မြင့်ပျံသန်းရေးအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဆိုတာ တကယ်ပဲ၊ အရှိန်က တကယ်ကို မြန်တယ်။ ဒါနဲ့ဆိုရင် နှစ်အနည်းငယ်အတွင်း ငါတို့တွေ ဆည်းဆာနတ်ဘုရားကမ္ဘာကို ရောက်ရှိမှာ သေချာတယ်" ပြောလိုက်တဲ့သူက ညစ်ပေရှုပ်ပွနေတဲ့ဆံပင်ရယ်၊ ပုဆိန်တစ်လက်နဲ့ လူရွယ်တစ်ယောက်ပါပဲ။

ဘေးရှိကျောက်ပွင့်နဲ့တူတဲ့ဆံပင်နဲ့ညှို့ယူဖမ်းစားနိုင်တဲ့အမျိုးသမီးက ပြောလိုက်တယ်"အဆင့်မြင့်အစစ်အမှန်ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းက မြန်တယ်၊ ဒါပေမယ့် အကျယ်က မလုံလောက်ချင်ဘူး။ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်ခုဆိုရင် သိပ်ကောင်းမှာ"

အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ရဲ့တန်ဖိုးက ပျံသန်းရေးအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့ဆယ်ဆရှိတယ်။ အဲဒါက အရမ်းတန်ဖိုးရှိတာ။ ဘယ်လိုလုပ်ပြိီး အလွယ်တကူရနိုင်မှာလဲ" သံယပ်‌တောင်တစ်လက်ကို ကိုင်လျက် ရွှေရောင်မျက်ခုံးတွေနဲ့ လူရွယ်ကိုကြည့်ရတာ အနည်းငယ်မရွှင်ပျသလို ဖြစ်နေတယ်။

"ကြည့်စမ်း၊ အဲမှာ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စင်းမလား။ တကယ် မြန်တယ်ဟ" ညှို့ယူဖမ်းစားနိုင်တဲ့အမျိုးသမိိီးက ပြောလိုက်တယ်။

ဒါကို ကြားပြီး ရွှေရောင်မျက်ခုံးနဲ့လူရွယ်က ကမန်းကတန်းကြည့်လိုက်လေတယ်။

All Chapters