ရတနာအတွက် တိုက်ခိုက်ခြင်း
Vol. 83 Ch. 1165
ဆည်းဆာကျောက်တုံးနဲ့တော့ မတူပါဘူး၊ ဆည်းဆာကျောက်တုံးမှာ အချိန်ချီအရှိန်အဝါနဲ့ပျက်သုန်းခြင်းချီအရှိန်အဝါအများဆုံးပါဝင်ပြီး ဖျက်ဆီးခြင်းက ရှားတယ်။ ဖျက်ဆီးခြင်းကျောက်တုံးမှာတော့ ပျက်သုန်းခြင်းနဲ့ဖျက်ဆီးခြင်းတို့ရဲ့သန့်စင်တဲ့ချီအရှိန်အဝါပါဝင်ပြီး အချိန်ချီအရှိန်အဝါတော့ မရှိပါဘူး။
"တကယ်ကို သန့်စင်တဲ့ ဖျက်ဆီးခြင်းဥပဒေသတစ်ခုပဲ"
ဖျက်ဆီးခြင်းကျောက်တုံးရဲ့ချီအရှိန်အဝါတစ်ခုကို စုပ်ယူကြည့်လိုက်တဲ့အခါ သူ့ရဲ့ဖျက်ဆီးခြင်းစွမ်းအားက အရူးအမူးလှုပ်ရှားလာတာကို လီဖူချန်းက ခံစားမိတယ်။
"ဒီဆည်းဆာနတ်ဘုရားကမ္ဘာက ငါ့အတွက် ကောင်းချီနယ်မြေပဲ။ ဆည်းဆာကျောက်တုံးပဲဖြစ်ဖြစ်၊ ဖျက်ဆီးခြင်းကျောက်တုံးပဲဖြစ်ဖြစ်၊ ငါ့အတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခုရှိတာပဲ"
ဆည်းဆာကျောက်တုံးနဲ့ဖျက်ဆီးခြင်းကျောက်တတုံးမရှိဘဲနဲ့ သူက နေရာလပ်အချိန်ဥပဒေသနဲ့ဖျက်ဆီးခြင်းဥပဒေသတို့ကို တဖြည်းဖြည်း တိုးတက်စေနိုင်မယ်လို့ လီဖူချန်းက ယုံကြည်ချက်ရှိတယ်။ ဒါပေမယ့် အချိန်အများကြီးယူရမှာပါ။
ဖျက်ဆီးခြင်းကျောက်တုံးကို သိမ်းပြီးနောက် နောက်ဆုံးလေလံပစ္စည်းက ဘာလဲဆိုတာ လီဖူချန်းက သိချင်ခဲ့တယ်။
"အားလုံးပဲ၊ အာရုံစိုက်ပေးကြပါ၊ ဒါက ဒီလေလံပွဲရဲ့နောက်ဆုံးလေလံပစ္စည်းဖြစ်တဲ့အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ" လေလံပစ်သူက ကျယ်လောင်စွာ အော်ပြောလိုက်တယ်။
"ဘာ၊ ယွမ်တစ်ဂိုဏ်းက ရူးနေတာလား၊ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကိုတောင် လေလံတင်တယ်ပေါ့လေ"
"ရူးတယ်၊ တကယ်ကို ရူးတယ်၊ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ဘယ်လောက်တောင် တန်ဖိုးရှိအလဲ၊ ပင်မဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ အခြားဂိုဏ်းကြီးအနည်းငယ်ကလွဲပြိး ဘယ်သူက တတ်နိုင်မှာလဲ၊ သူတို့က တတ်နိုင်ရင်တောင် သူတို့က လေလံဝင်ဆွဲရဲမှာတဲ့လား"
"ယွမ်တစ်ဂိုဏ်းက လင်းယွင်ခယ်လိုဏ်ဂူရဲ့စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းခန်းမထဲကို ဝင်ရောက်ခဲ့တာများလား၊ ဒါမှမဟုတ် ဒီစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ဘယ်နေရာက လာတာလဲ"
"ယွမ်တစ်ဂိုဏ်းက စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လေလံတင်ရဲတယ်ဆိုမှတော့ သူတို့မှာ အခြားစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ ရှိရမယ်"
လေလံပွဲရဲ့မြင်ကွင်းက အလွန်ဆူညံလာတယ်၊ လူတိုင်းက အံ့ဩတုန်လှုပ်နေမိတယ်။ ဒါက စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလေ၊ သူတို့အများစုမှာ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုတောင် ရှိတာ မဟုတ်ဘူးလေ။
ဖုန်းလန်ထျန်းနဲ့မန်ဒက်က မှင်တက်သွားတယ်။ ယွမ်တစ်ဂိုဏ်းက စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လေလံတင်ရဲတယ်ဆိုတော့ သူတို့မှာ အခြားစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရှိတယ်ဆိုတာ ပြနေတာပဲ။ သူတို့က မီးတိမ်ဂိုဏ်းနဲ့ဦးခေါင်းခွံရွာတို့ကို ဂရုမစိုက်ဘူးလို့လဲ ဆိုလိုတယ်၊ ဒါ ကောင်းတဲ့အဖြစ်အပျက်တစ်ခုမဟုတ်ဘူး။
အဓိကအချက်ကတော့ မီးတိမ်ဂိုဏ်းနဲ့ဦးခေါင်းခွံရွာနှစ်ဖွဲ့လုံးမှာ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ ရှိတာပဲ။
"စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလား" လီဖူချန်းက မေးငေါ့လိုက်တယ်။ ဒီလေလံပစ္စည်းက တကယ်ပဲ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဆိုရင် သူက ဆည်းဆာစတုရန်းမြို့ရဲ့စွမ်းအားကို ပြန်တွက်ချက်ရမှာပါ။
"စိတ်ဝင်စားစရာပဲ၊ ငါ ဆည်းဆာစတုရန်းမြို့ကို လျော့တွက်ခဲ့မိပုံပဲ" စစ်ဟိုင်ဝူယာရဲ့မျက်လုံးတွေက ပိုလေးနက်လာတယ်။
လေလံပစ်သူက တန်ဖိုးကို မပြောဘဲ ဆက်ပြောလိုက်တယ်"အားလုံးပဲ၊ ငါ ငါ့ရဲ့စကားတွေ ပြောလို့ မပြီးသေးဘူး။ ဒီစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက တကယ်တော့ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ၊ ဒါပေမယ့် အဲဒါက ပျက်ဆီးနေတာ" လေလံပစ်သူက စင်နောက်ကို လက်ဝှေ့ယမ်းပြလိုက်တယ်။
ဒါကို မြင်ပြီး အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနှစ်ယောက်က ချပ်ပြားတစ်ခုနဲ့အတူ လျှောက်လာတယ်။
လေလံပစ်သူက ချပ်ပြားပေါ်ရှိ အနက်ရောင်အဝတ်စကို မတင်လိုက်တယ်။
ဒါက လခြမ်းသဏ္ဍာန်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ၊ တံစဉ်တစ်ခုနဲ့ တူတယ်၊ ဒါပေမယ့် လက်ကိုင်မရှိဘူး၊ အစွန်းနှစ်ဖက်လုံးက ပျက်ဆီးနေတယ်၊ အလယ်မျက်နှာပြင်ပေါ်မှာ သံချေးတွေ တော်တော်များများ တက်နေတယ်။
ဒါက အတော်လေးပျက်ဆီးနေတဲ့စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။
"ဒီလို ပျက်ဆီးနေတာကိုး၊ စွမ်းအားတွေ ဘယ်လောက်ထိ ကျန်အုံးမလဲ"
"စွမ်းအားနည်းနည်းပဲ ကျန်လဲ မဆိုးပါဘုး။ အသုံးအဆောင်ပစ္စည်းတစ်ခုမှာ အရေးကြီးဆုံးအရာက အင်းကွက်ပဲ။ အင်းကွက်က ပြီးပြည့်စုံနေရင် စွမ်းအားက ပိုကောင်းပါလိမ့်မယ်။ အင်းကွက်က ထိခိုက်ရုံမျှပဲဆိုရင်တောင် စွမ်းအားကို အကြီးအကျယ် သက်ရောက်ပါလိမ့်မယ်။ ဒီစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ အင်းကွက်ရဲ့သုံးဆယ်ရာခိုင်နှုန်းက ပျက်ဆီးနေတာ၊ မင်းမြင်တာပဲလေ၊ အားလုံးက သံချေးတက်နေတာ"
ဟူး........
ဖုန်းလန်ထျန်းနဲ့မန်ဒက်တို့က စိတ်သက်သာရာရသွားတယ်။ ဒါက ပျက်ဆီးနေတဲ့စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမျှပဲ၊ သူတို့က သတိမှားယွင်းမိသွားတာပဲ။
"လေတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ ဒါက ပစ္စည်းကောင်းတစ်ခုပဲ" စစ်ဟိုင်ဝူယာရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
လခြမ်းပုံနတ်ဘုရားအသုံးအဆောင်ပစ္စည်းထဲမှာ လေတာအိုဥပဒေသတွေ ရှိနေတာကို သူက အကြည့်တစ်ချက်နဲ့ မြင်နိုင်တယ်။
လေလံပစ်သူက ကြမ်းခင်းဈေးကို မပြောသေးပါဘူး"မင်းတို့က ဒီစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအပျက်နဲ့ ပတ်သက်ပြီး သံသယဖြစ်နေမယ်ဆိုတာ ငါ သိတယ်။ တကယ်တော့ ဒီစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့စွမ်အားက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့ ယှဉ်နိုင်တယ်၊ အရေးကြီးဆုံးအရာကတော့ ဒီစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက လုံလုံလောက်လောက်ထက်ရှတာပဲ၊ အားလုံးပဲ၊ ကြည့်ကြည့်လိုက်၊ ဒါက ကြယ်နှစ်လုံးအဆင့်မြင့်သတ္တုဖြစ်တဲ့အပြာရောင်ရွှေနော်"
လေလံပစ်သူက လခြမ်းစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ကိုင်ထားရင်း အပြာရောင်ရွှေကို ဖြတ်ချလိုက်တယ်။
ဂျွက်......
အပြာရောင်ရွှေက ဆတ်ခနဲကျိုးသွားတယ်။
"ဟိုး......"
ပင့်သက်ရှိုက်သံကို ကြားလိုက်ရမှာပဲ။
လူတိုင်းရဲ့မျက်လုံးတွေက လင်းလက်လာပြန်တယ်။
အပြာရောင်ရွှေက ကြယ်နှစ်လုံးအဆင့်မြင့်သတ္တုတစ်ခုဖြစ်ပြီး အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ထုလုပ်ရာမှာ အသုံးပြုတယ်။ ၎င်းရဲ့မာကျောမှုက သက်သေခံပါပဲ။
ဒါပေမယ့် လခြမ်းစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့အရှေ့မှာတော့ ၎င်းက တို့ဟူးလို အလွယ်တကူကျိုးသွားရတာပဲ။
သူတို့က လခြမ်းစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ကိုင်ထားရင် တစ်ဖက်လူရဲ့အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို အလွယ်တကူ ဖျက်ဆီးနိုင်မှာ မဟုတ်လား"
ဒါပေမယ့် သတ္တုက သတ္တုပဲ၊ အသုံးအဆောင်ပစ္စည်းက အသုံးအဆောင်ပစ္စည်းပဲ၊ အပြာရောင်ရွှေရဲ့မာကျောမှုက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းထက် အများကြီးနိမ့်တယ်။
သူ့မျက်နှာက ပြုံးလျက် လေလံပစ်သူက ဖြည်းဖြည်းချင်း ပြောလိုက်တယ်"ပျက်ဆီးနေတဲ့အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု၊ ကြမ်းခင်းဈေးက တစ်ရာ့ငါးဆယ်ထရီလီယံ၊ တစ်ခါတိုးတိုင်း သန်းတစ်ရာထက် နည်းလို့မရဘူး၊ ကဲ၊ လေလံ စပြီ"
"တစ်ရာငါးဆယ့်ငါးထရီလီယံ"
ဒိီလေလံက ဆည်းဆာစတုရန်းမြို့ရဲ့ထိပ်တန်းဂိုဏ်းနှစ်ဆယ်ထဲကတစ်ဂိုဏ်းရဲ့အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်ပါပဲ။
"တစ်ရာခြောက်ဆယ်ထရီလီယံ"
"တစ်ရာခုနှစ်ဆယ်ထရီလီယံ"
"တစ်ရာရှစ်ဆယ်ထရီလီယံ"
"နှစ်ရာထရီလီယံ"
တန်ဖိုးက နှစ်ရာထရီလီယံအထိ ချက်ချင်း မြင့်တက်သွားတယ်။
"နှစ်ရာတစ်ဆယ်ထရီလီယံ"
အေးစက်တဲ့အသံတစ်ခုက ထွက်လာတယ်။
"ဒါ ထိပ်တန်းအဆင့်ဆရာသခင်ဆယ်ယောက်ထဲက ဒုတိယဖြစ်တဲ့ အီဒက်ပဲ"
"အီဒက်လိုလူကပဲ လေလံပစ်ရဲမှာ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်က သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားဒါဇင်ကျော်ကို လေဓားသွားတစ်ကွက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ငါ ကြားတယ်။ သူ့ခွန်အားက ကြောက်စရာကောင်းတယ်"
လူတိုင်းက အီဒက်ကို သိတယ်။
"နှစ်ရာ့နှစ်ဆယ်ထရီလီယံ"
အသံတစ်ခုက ထွက်လာတယ်။
"သူက ထိပ်တန်းအဆင့်ဆရာသခင်ဆယ်ယောက်ထဲက တတိယဖြစ်တဲ့လေမီးနတ်ဘုရားနတ်ဘုရားပဲ"
"လေမီးနတ်ဆိုးနတ်ဘုရားက နတ်ဆိုးမျိုးနွယ်ရဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်ပြီး လေရောမီးရောစွမ်းပကားနှစ်ခုလုံးရှိတယ်။ သူ့ရဲ့အစစ်အမှန်လေမီးနတ်ဘုရားအတတ်တွေက အတော်လေးအထင်ကြီးစရာပဲ၊ အထူးသဖြင့် သူ့ရဲ့အစစ်အမှန်နတ်ဘုရားအတတ်ဖြစ်တဲ့ လေမီးပိုင်နက်ပဲ"
လေမီးနတ်ဆိုးနတ်ဘုရားက လေလံပစ်တာကို မြင်ပြီး လူတိုင်းက ပြောဆိုနေကြတယ်။
အသက်ကို ရှုရင်း စစ်ဟိုင်ဝူယာရဲ့မျက်လုံးတွေက စူးရှလာတယ်"နှစ်ရာငါးဆယ်ထရီလီယံ"
ဒါက သူ့ရဲ့နောက်ဆုံးမျဉ်းပါပဲ။
ဒီတန်ဖိုးကို ကျော်လွန်သွားရင်တော့ ဘယ်သူပဲဖြစ်ဖြစ်၊ သူက သတ်ရမယ်၊ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ယူရမယ်။
လေတာအိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက သူ့ကို သေချာပေါက် အများကြီး ကူညီပေးလိမ့်မယ်၊ ဆည်းဆာကျောက်တုံးထက်တောင်ပေါ့။
တကယ်တော့ သူက လေတာအိုဥပဒေသနဲ့ မီးတာအိုဥပဒေသတို့ကို အဓိကထားတာလေ။
ဒါကြောင့် သူက ဒီလေတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ရရမယ်။
တစ်ယောက်မှ စစ်ဟိုင်ဝူယာရဲ့အတွေးကို မကြားဘူး၊ တစ်ယောက်မှ စစ်ဟိုင်ဝူယာရဲ့အတွေးကို ဂရုမစိုက်ဘူး၊ တစ်ခဏအတွင်း တန်ဖိုးအသစ်က ထွက်ပေါ်လာပြီး နှစ်ရာ့ခြောက်ဆယ်အထိ ရောက်ရှိသွားတာလေ။
"ကောင်းတယ်၊ ကောင်းတယ်"
စစ်ဟိုင်ဝူယာက မျက်လုံးတွေ မှိတ်လိုက်တယ်။ လေလံပွဲပြီးတာနဲ့ သူ သတ်ဖြတ်ရမယ်။
"နှစ်ရယ့ခုနှစ်ဆယ်ထရီလီယံ"
“Two hundred and eighty trillion.”
"နှစ်ရာ့ရှစ်ဆယ်ထရီလီယံ"
တန်ဖိုးက မြင့်တက်နေတုန်းပဲ။ လက်ရှိမှာ သုံးဖွဲ့က လေလံဆွဲနေတယ်၊ ဖုန်းလန်ထျန်းရယ်၊ ဂိုဏ်းကြီးတွေထဲကတစ်ဂိုဏ်းဖြစ်တဲ့လေအိမ်တော်ရဲ့လက်ထောက်ခေါင်းဆောင်ကီထာနိုထာခယ်ရှစ်ရယ်၊ ထိပ်တန်းဆယ်ယောက်ဝင်တစ်ကိုယ်တော်ဆရာသခင်အီဒက်ပါပဲ။ တတိယအဆင့်လေမီးနတ်ဘုရားနတ်ဘုရားက လေလံမှ လက်လျော့သွားခဲ့ပြီးလေ။
"သုံးရာ့ငါးဆယ်ထရီလီယံ"
ကီထာနိုထာခယ်ရှစ်က ပြောလိုက်တယ်။
လေအိမ်တော်က လေတာအိုဥပဒေသကို အဓိကထားတဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်တယ်။ သူ့ရဲ့ကီထာနိုမိသားစုက လေတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့မျိုးဆက်တွေဖြစ်တယ်။ နိုးထလာတဲ့သွေးမျိုးဆက်နတ်ဘုရားအတတ်တွေအားလုံးက လေတာအိုနတ်ဘုရားအတတ်တွေပါပဲ။
သူက ဒီလေတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ရရင် သူ့ရဲ့မိသားစုက လေအိမ်တော်မှာ နံပါတ်၁ဖြစ်လာနိုင်လိမ့်မယ်။
"ဒိီကောင်က ရူးနေတာပဲ"
ဖုန်းလန်ထျန်းက ခေါင်းခါကာ လက်လျော့လိုက်တေ
တစ်ဖက်လူရဲ့အဟုန်ကို ကြည့်ရတာ သုံးရာ့ငါးဆယ်ထရီလီယံက အကန့်အသတ်မဟုတ်မှန်း သိသာတယ်၊ သူက ဒီလိုနဲ့ တိုက်ခိုက်စရာမလိုပါဘူး။
ဒါ့အပြင် မီးတိမ်ဂိုဏ်းက လင်းယွင်ခယ်လိုဏ်ဂူကို ရှာဖွေဖို့ လူတစ်ဖွဲ့ကို စုစည်းဖို့ ပြင်ဆင်နေတယ်။ တစ်ခုခုရလာခဲ့မယ်ဆိုရင် အကောင်းပတိရှိတဲ့စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုတောင် ယူထုတ်နိုင်လောက်တယ်။
"သုံးရာ့ငါးဆယ်ထရီလီယံလား။ အဲလောက်ထိ မထိုက်တန်တော့ပါဘူး" အီဒက်က လက်လျော့လိုက်တော့တယ်။
ဒီလိုနဲ့ လခြမ်းစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ကီထာနိုထာခယ်ရှစ်က အညံ့စားနတ်ဘုရားကျောက်တုံးသုံးရာ့ငါးဆယ်ထရီလီယံနဲ ရရှိခဲ့တယ်။
"ဟားဟားဟား၊ သနားစရာကောင်းတဲ့ကောင်တွေ၊ ငါနဲ့ ပြိုင်ပြီး လေလံပစ်ရဲတယ်ပေါ့လေ"
သူ့လက်ထဲရှိ လခြမ်းစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ကြည့်ရင်း ကီထာနိုထာခယ်ရှစ်က အားပါးတရရယ်လိုက်လေတယ်။
ဝုန်း.....
ရုတ်တရက် သီးသန်းခန်းတစ်ခုက ပေါက်ကွဲထွက်လာပြီး ပုံရိပ်တစ်ခုက လေပွေတစ်ခုပမာ ငါးတစ်ကောင်ပမာ အလင်းတန်းပမာ ကီထာနိုထာခယ်ရှစ်ရှိတဲ့သီးသန့်ခန်းထဲသို့ ချက်ချင်း ရောက်ရှိလာခဲ့တယ်။
ဖြောက်.......
သီးသန့်ခန့်းက အပေါက်တစ်ခုဖြစ်လာတယ်။ အပေါက်နေတစ်ဆင့် ကီထာနိုထာခယ်ရှစ်ရဲ့မှင်တက်နေတဲ့အမူအရာကို မြင်နိုင်တယ်။
"လုဖို့လား"
ကီထာနိုထာခယ်ရှစ်က ငတုံးမဟုတ်ဘူး၊ တစ်ဖက်လူက သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို လုယက်ဖို့ ကြိုးစားနေမှန်း သူသိတယ်။
တစ်ဖက်လူက ဘာလို့ ဒီလောက် သတ္တိရှိရတာလဲ၊ ဒါက ယွမ်တစ်ဂိုဏ်းရဲ့ပိုင်နက်ဖြစ်တယ်၊ သူက စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ရရင်တောင် လေလံပိုင်နက်ကနေ ထွက်သွားနိုင်မှာလား။
ဒါ့ပြင် သူ၊ ကီထာနိုထာခယ်ရှစ်ကလဲ သာမန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်မဟုတ်ဘူးလေ။
ကီထာနိုထာခယ်ရှစ်က အံကြိတ်လိုက်တယ်။
သူ့လက်ထဲမှာ ဓားတစ်ချောင်းရောက်ရှိလာပြီး ကီထာနိုထာခယ်ရှစ်က ခုတ်ပိုင်းချကာ သွေးမျိုးဆက်နတ်ဘုရားအတတ်ဖြစ်တဲ့လေထဲကဓားကို အသက်သွင်းလိုက်တယ်။
မဟုတ်ဘူး၊ ငါ နှေးကွေးနေတာပဲ။
တစ်ခုခုမှားနေတာကို ကီထာနိုထာခယ်ရှစ်က တွေ့ရှိခဲ့တယ်။
သူ့ပတ်လည်ရှိအချိန်က နှေးကွေးသွားပုံရတယ်၊ သူ့ရဲ့လှုပ်ရှားမှုတွေက နှေးကွေးလားတယ်၊ နှေးကွေးတာက ကြောက်စရာကောင်းလောက်အောင် နှေးကွေးနေတယ်။
လက်ချောင်းတစ်ချောင်းက ထိုးဖောက်လာပြီး ကီထာနိုထာခယ်ရှစ်ရဲ့ကမ္ဘာက အနက်ရောင်ဖြစ်သွားတယ်။
"မှင်တက်စရာကောင်းတဲ့လေတာအိုဥပဒေသနဲ့အချိန်တာအိုဥပဒေသပဲ"
ဒါတွေအားလုံးကို ကြည့်ရင်း လီဖူချန်းက အံ့ဩနေမိတယ်။
တိုက်ခိုက်လာတဲ့သူက သူနဲ့ နှစ်ခါတိတိလေလံပြိုင်ဆွဲခဲ့တဲ့ အစိမ်းရောင်ဆံပင်နဲ့လူရွယ်ပဲ။ တစ်ဖက်လူရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဆယ်သန်းကျော်ပြီး သူ့ရဲ့ချီအရှိန်အဝါက လီဖူချန်းမြင်ဖူးသမျှအဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေထဲမှာ အသန်မာဆုံးဖြစ်တယ်။