← Chapters

နေရာလပ်-အချိန်၊ ဖျက်ဆီးခြင်း

Vol. 83 Ch. 1166

နေရာလပ်-အချိန်၊ ဖျက်ဆီးခြင်း

Vol. 83 Ch. 1166

"ဒီလူရဲ့ခွန်အားက........"

အီဒက်ရဲ့မျက်နှာက မည်းမှောင်သွားတယ်။

သူ့ရဲ့လေတာအိုဥပဒေသက စစ်ဟိုင်ဝူယာထက် လုံးဝနိမ့်ကျတာကို သူ တွေ့ခဲ့တယ်လေ။

ဒါက နယ်ပယ်ကွာဟချက်တစ်ခုမဟုတ်ဘဲ ဥပဒေသတွေအသုံးပြုရာမှာ ကွာဟချက်တစ်ခုဖြစ်တယ်။

စွမ်းအားက အတူတူပဲ၊ လူအချို့က သက်ရောက်မှုတစ်ရာရာခိုင်နှုန်းကို ဖော်ထုတ်နိုင်တယ်၊ လူအချို့က သက်ရောက်မှုတစ်ရာ့နှစ်ဆယ်ရာခိုင်နှုန်းကို ဖော်ထုတ်နိုင်တယ်လေ။

"သတ်ဖြတ်ခြင်းနဲ့ရတနာတွေခိုးယူခြင်းက စိတ်ဝင်စားစရာပဲ။ သူ ဘယ်လိုထွက်ပြေးမလဲကိုတော့ ငါ မသိ" လေမီးနတ်ဆိုးနတ်ဘုရားက အလွန်စိတ်ဝင်စားနေမိတယ်။

"နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို မရသွားတာ  ကံကောင်းခဲ့တာပဲ"

သူ့ရဲ့နှလုံးသားထဲမှာ အေးစိမ့်လာသလို ဖုန်းလန်ထျန်းက ခံစားမိတယ်။ လက်ရှိအချိန်မှာ သူက သူ့ရဲ့စိတ်ထဲမှာ အကြိမ်ဒါဇင်ကျော် တွက်ချက်ပြီးပြီ၊ သူက သူ့ကိုယ်သူ ကီထာနိုထာခယ်ရှစ်ရဲ့နေရာမှာ ပြောင်းလဲလိုက်ရင်လဲ အဆုံးသတ်က မပြောင်းဘဲ သေခြင်းဆိုတာကိုပဲ သူက တွေ့ရှိခဲ့တယ်။

"ဆည်းဆာစတုရန်းမြို့မှာ ဒီလိုထိပ်တန်းအတင့်ပုဂ္ဂိုလ်တစ်ယောက် ဘယ်အချိန်တုန်းက ရောက်ရှိလာတာလဲ"

မီးတိမ်ဂိုဏ်းရဲ့ခေါင်းဆောင်ကတောင် သူ့ကို တစ်ကွက်တည်းနဲ့ သတ်နိုင်မှာ မဟုတ်ဘူးလို့ ဖုန်းလန်ထျန်းက တွေးခဲ့မိတယ်။

"ရဲတင်းလှချည်လား"

ကီထာနိုထာခယ်ရှစ်ရဲ့သေခြင်းကို ဂရုမစိုက်ရင်တောင် ယွမ်တစ်ဂိုဏ်းက ဒါကို သည်းခံလို့မရဘူး။ လူအချို့က သူတို့ရဲ့ပိုင်နက်မှာ ပြဿနာရှာနေတာလေ၊ သူတို့က လူတွေကို သတ်ဖြတ်ပြီး ရတနာတွေ လုယက်နေတာလေ။

သူတို့က တစ်ခုခုမလုပ်ရင် ဆည်းဆာနတ်ဘုရားမြို့ထဲရှိယွမ်တစ်ဂိုဏ်းရဲ့ဂုဏ်သတင်းက အကြီးအကျယ်လျော့ကျသွားလိမ့်မယ်။ အနာဂတ်မှာ သူတို့က လေလံပွဲ ကျင်းပတဲ့အခါ ဘယ်သူက လေလံဝင်ဆွဲရဲတော့မှာလဲ။

ဒါကြောင့်  ဒီလိုဆရာသခင်တစ်ယောက်နဲ့ မရင်ဆိုင်ချင်ရင်တောင် ယွမ်တစ်ဂိုဏ်းက ရင်ဆိုင်ရမှာပဲ။

နတ်ဘုရားဝင်္ကပါကို အသက်သွင်းလိုက်တယ်၊ အားကောင်းတဲ့ကန့်သတ်စွမ်းအားတစ်ခုက စစ်ဟိုင်ဝူယာကို လွှမ်းခြုံသွားတယ်။

တစ်ချိန်တည်းမှာ ယွမ်တစ်ဂိုဏ်းရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရှစ်ယောက်က စစ်ဟိုင်ဝူယာကို ထောင့်ရှစ်ထောင့်မှ တိုက်ခိုက်လာပြီး စစ်ဟိုင်ဝူယာရဲ့ထွက်ပြေးဖို့လမ်းကြောင်းအားလုံးကို ပိတ်ဆို့ခဲ့တယ်။

"ကောင်းတယ်"

လခြမ်းနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို သိမ်းပြီးနောက် စစ်ဟိုင်ဝူယာက အံကြိတ်လိုက်တယ်၊ သူ့ခန္ဓာကိုယ်က လည်ပတ်နေစဉ်မှာ သူက သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်တယ်။

လေတာအိုအစစ်အမှန်နတ်ဘုရားအတတ်-လေအမှတ်အသားချန်ရစ်ခြင်း။

လေအမှတ်အသားတွေ တစ်ခုပြီးတစ်ခုက စူးရှတဲ့ဓားသွားတွေပမာ ဦးတည်ဘက်တိုင်းမှ ပျံ့နှံ့လာတယ်။

ဝှစ် ဝှစ် ဝှစ်........

ယွမ်တစ်ဂိုဏ်းရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရှစ်ယောက်က အသက်တစ်ခါရှုချိန်တောင် မခုခံနိုင်ခဲ့ဘူး၊ သူတို့ရဲ့နတ်ဘုရားစွမ်းအားက ချက်ချင်း ချေမှုန်းခံလိုက်ရပြီး သူတို့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ပိုပြီးတော့တောင် ဖိညှစ်ခံလိုက်ရကာ သေဆုံးခြင်းကို မရပ်တန့်နိုင်ခဲ့ဘူး။

"လူသတ်သမား၊ စစ်ဟိုင်ဝူယာ၊ အဲမှာပဲ နေစမ်း"

အသံတစ်ခုက လေလံပိုင်နက်မှာ ပဲ့တင်ထပ်လာပြီး စစ်ဟိုင်ဝူယာရဲ့ပုံရိပ်က ပျောက်သွားတော့တယ်။

ဆည်းဆာစတုရန်းမြို့ရဲ့အပြင်ဘက်မှာ သတင်းတွေရရှိထားတဲ့ယွမ်တစ်ဂိုဏ်းက သူတို့ဂိုဏ်းပိုင်ဆိုင်တဲ့ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားဝင်္ကပါကို အပြည့်အဝလည်ပတ်ခဲ့ပေမယ့် အရာမရောက်ခဲ့ပါဘူး။ စစ်ဟိုင်ဝူယာရဲ့လေတာအိုက တကယ်အားကောင်းပြီး သာမန်ထက်ထူးခြားတယ်၊ အချိန်ဥပဒေသရဲ့နှေးကွေးစေတဲ့သက်ရောက်မှုပါ ပေါင်းထည့်လိုက်တော့ နတ်ဘုရားဝင်္ကပါက နေရာတိုင်းမှာ ချို့ယွင်းချက်တွေ ဖြစ်လာပြီး စစ်ဟိုင်ဝူယာက နတ်ဘုရားဝင်္ကပါကို အလွယ်တကူ ထိုးဖောက်ကာ ဆည်းဆာစတုရန်းမြို့မှ ထွက်ခွာသွားခဲ့တော့တယ်။

လေလံပိုင်နက်မှာ စစ်ဟိုင်ဝူယာ ထွက်သွားလျှင်ချင်း ပွက်ပွက်ဆူလာတော့တယ်။

"ဘယ်နေရာကနေ ရောက်လာတဲ့ ထိပ်တန်းကျွမ်းကျင်သူလဲ။ လေအိမ်တော်ရဲ့ဒုခေါင်းဆောင်ဖြစ်တဲ့ကီထာနိုထာခယ်ရှစ်ကို တစ်ကွက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်၊ သူက လုံးဝမခုခံနိုင်ခဲ့ဘူး"

"ယွမ်တင်ဂိုဏ်းရဲ့ကျွမ်းကျင်သူရှစ်ယောက်ကိုတောင် တစ်ကွက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်။ သန်မာလွန်းပါတယ်"

"ငါ့အမြင်အရ ဆည်းဆာစတုရန်းမြို့ထဲမှာ ထိပ်ဆုံးဆယ်ယောက်ဆရာသခင်တွေထဲက နံပါတ်တစ်ဖြစ်တဲ့သွေးကျိန်စာနတ်ဘုရားကပဲ သူ့နဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ထင်တယ်"

ပင်မဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ခေါင်းဆောင်တွေကလဲ ယှဉ်ပြိုင်နိုင်မှာပါ"

……

လေလံပွဲရဲ့ဝရုန်းသုန်းကားဖြစ်ရပ်က ပြင်းထန်ပေမယ့် လီဖူချန်းကတော့ ဘာမှ လုပ်စရာမရှိခဲ့ပါဘူး။ သူက တည်းခိုအိမ်တစ်ခုကို ရှာဖွေပြီး ဆည်းဆာကျောက်တုံးနဲ့ဖျက်ဆီးခြင်းကျောက်တုံးတို့နဲ့ ပတ်သက်ပြီး သင်ယူဖို့ ပြင်ဆင်နေခဲ့တယ်။

ဆည်းဆာကျောက်တုံးမှာ ပါဝင်တဲ့အချိန်ဥပဒေသက အလွန်သန်မာတယ်။ လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး အချိန်ဥပဒေသကို နားလည်တဲ့အခါ အချိန်အရှိန်အဝါက လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့ပြီး လီဖူချန်းရဲ့နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားနဲ့ ပေါင်းစပ်သွားတယ်။

ဒီအချိန်ချီအရှိန်အဝါတွေကို လက်ခံရင်း သူ့ရဲ့နေရာလပ်-အချိန်စွမ်းအားက ပိုတောင်ဆန်းကြယ်ပြီးမခန့်မှန်းနိုင်ဘူးဆိုတာ လီဖူချန်းက တွေ့ရှိခဲ့တယ်။

ဆည်းဆာကျောက်တုံးတစ်တုံက ကုန်ခန်းသွားတဲ့အခါ လီဖူချန်းရဲ့နေရာလပ်-အချိန်ဥပဒေသနယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားရဲ့အကန့်အသတ်ကို ရောက်ရှိလာပြီး သူက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်နိုင်ဖို့ နည်းနည်းပဲ လိုတော့တယ်။

လီဖူချန်းက ဒုတိယမြောက်ဆည်းဆာကျောက်တုံးကို ယူထုတ်လိုက်တယ်။

အုန်း......

ပတ်ဝန်းကျင်အချိန်က နှေးကွေးသွားပုံရတယ်၊ နေရာလပ်က ပိုညင်သာလာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်က အဆတစ်ထောင်ပိုပေါ့ပါးလာတယ်လို့ ထင်ရတယ်၊ ကမ္ဘာကြီးမှာ သူ့ကို နှောင့်ယှက်နိုင်တာ ဘာတစ်ခုမှ မရှိတော့သလိုပဲ။

နေရာလပ်-အချိန်ဥပဒေသ၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးနယ်ပယ်။

"နောက်ဆုံးတော့ ချိုးဖြတ်သွားခဲ့တာပေါ့"

လီဖူချန်းက သူ့မျက်လုံးတွေ ဖွင့်လိုက်တယ်။

ခွန်အားအရ သူက အများကြီးမပြောင်းလဲခဲ့ပေမယ့် နားလည်မှုစွမ်းရည်အရ သူက ကြီးကြီးမားမားပြောင်းလဲခဲ့ပါတယ်။

သူ့ရဲ့မြင်ကွင်းထဲမှာ တည်းခိုအိမ်တစ်ခုလုံးက လုံးဝဖောက်ထွင်းမြင်နိုင်ပြီး ဘာတစ်ခုမှ သူ့ရဲ့အမြင်အာရုံကို မတားဆီးနိုင်ဘူး။ ဆည်းဆာစတုရန်းမြို့ထဲရှိအဆောက်အဦးအားလုံးက ဖောက်ထွင်းမြင်နိုင်ပြီး မမြင်နိုင်တဲ့ဖန့်ရှစ်နတ်ဘုရားဝင်္ကပါကတောင် သူ့မျက်လုံးထဲမှာ အထည်ကိုယ်ဒြပ်ရှိသလို ဖြစ်လာပြီး သူက နတ်ဘုရားဝင်္ကပါရဲ့ချို့ယွင်းချက်တွေကို အလွယ်တကူမြင်နိုင်လာတယ်။

နေရာလပ်-အချိန်ဥပဒေသရဲ့အရှေ့မှာ အစစ်အမှန်နဲ့ပုံရိပ်ယောင်ဆိုတာက အဓိပ္ပါယ်မရှိတော့ပါဘူး။

"နယ်ပယ်ခြားနားချက်တစ်ခုဆိုပေမယ့် အရမ်းကွာတာပဲ။ ဒါက မွေးရာပါထိပ်တန်းအဆင့်ဥပဒေသများလား"

လီဖူချန်းက သက်ပြင်းချလိုက်တယ်။

သူ့ရဲ့ဓားတာအိုက ထိပ်တန်းအဆင့်ဥပဒေသတစ်ခုဆိုတာ မကြည့်ပါနဲ့၊ ၎င်းက ဆည်းပူးဖို့လိုအပ်တဲ့ထိပ်တန်းအဆင့်ဥပဒေသတစ်ခုဖြစ်တယ်။ မင်းက ကိုယ်တိုင် ရှာဖွေဖော်ထုတ်ရမယ်၊ အသုံးပြုရမယ်၊ တိုးတက်အောင် လုပ်ရမယ်။ အလွန်မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိမှသာ မွေးရာပါထိပ်တန်းအဆင့်ဥပဒေသနဲ့ ယှဉ်နိုင်မယ်။

မွေးရာပါထိပ်တန်းအဆင့်ဥပဒေသတွေက မွေးရာပါအားကောင်းတယ်။

တတိယဆည်းဆာကျောက်တုံးကို မယူထုတ်ခင်  လီဖူချန်းက နေရာလပ်-အချိန်ဥပဒေသနယ်ပယ်ကို အရင်ခိုင်မာစုစည်းစေဖို့ လိုအပ်တယ်။

တစ်ပတ်ကြာပြီးနောက် နေရာလပ်-အချိန်ဥပဒေသနယ်ပယ်ကို ခိုင်မာစုစည်းပြီးနောက် လီဖူချန်းက တတိယဆည်းဆာကျောက်တုံးကို စတင်နားလည်ခဲ့တယ်။

ပြီးရင် စတုတ္ထမြောက်ဆည်းဆာကျောက်တုံး။

နောက်ဆုံးမှာ လီဖူချန်းရဲ့နေရာလပ်-အချိန်ဥပဒေသက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှနယ်ပယ်ထိ ချိုးဖြတ်ခဲ့တယ်။

လီဖူချန်းက ပဉ္စမမြောက်ကျောက်တုံးကို နားလည်ဖို့ မလုပ်ခဲ့ပါဘူး၊ ဆည်းဆည်ကျောက်တုံးမျှနဲ့ သူက နေရာလပ်-အချိန်ဥပဒေသကို ပိုမြင့်မားတဲ့အဆင့်တစ်ခုကို မမြှင့်တင်နိုင်ဘူး၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှနယ်ပယ်က သူ့ရဲ့အကန့်အသတ်ဆိုတာ သူ သိတယ်။

နေရာလပ်-အချိန်ဥပဒေသမှာ နေရာလပ်ဥပ‌ဒေသနဲ့ အချိန်ဥပဒေသတို့ပါဝင်ပြီး အချိန်ဥပဒေသတစ်ခုတည်းမဟုတ်ပါဘူး၊ ဒါကြောင့် နေရာလပ်ဥပဒေသကို နားမလည်ဘဲ ဆည်းဆာကျောက်တုံးထဲရှိအချိန်ဥပဒေသလောက်နဲ့ ချိူးဖြတ်ဖို့ဆိုတာ နည်းလမ်းမရှိဘူးလေ။

"ကြည့်ရတာ ငါ နေရာလပ်ဥပဒေသနဲ့ ပတ်သက်ပြီး အခွင့်အရေးတစ်ခုကို ရှာဖွေရမယ့်ပုံပဲ"

လီဖူချန်းက စိတ်ထဲမှာ ပြောလိုက်တယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို ဖယ်ထုတ်ပြီး လီဖူချန်းက ဖျက်ဆီးခြင်းဥပဒေသအပေါ်မှာ စတင်အာရုံစိုက်လာခဲ့တယ်။

ဆည်းဆာကျောက်တုံးမှာ အချိန်ဥပဒေသပဲ ပါဝင်ရုံတင်မက ၎င်းမှာ ဖျက်ဆီးခြင်းဥပဒေသနဲ့ပျက်သုန်းခြင်းဥပဒေသလဲ ပါဝင်တယ်။

ဆည်းဆာကျောက်တုံးလေးတုံးကို အသုံးပြုပြီးနောက် လီဖူချန်းရဲ့ဖျက်ဆီးခြင်းဥပဒေသနယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေသို့ ချိုးဖြတ်သွားခဲ့ပြီး ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ထူးကဲအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ ပြီးပြည့်စုံခြင်းအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတို့ကို အလွယ်တကူ ဖျက်ဆီးနိုင်လာခဲ့တယ်။

ဆည်းဆာကျောက်တုံးကို သုံးပြီး ဖျက်ဆီးခြင်းဥပဒေ‌သက်ု နားလည်တာက အနည်းငယ်ဖြုန်းတီးသလိုပဲ၊ လီဖူချန်းက ဖျက်ဆီးခြင်းကျောက်တုံးကို ယူထုတ်လိုက်တယ်။

အချိန်တွေ ကုန်ဆုံးလာတယ်။

အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်။

အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးနယ်ပယ်။

အလယ်ဆင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှနယ်ပယ်။

အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းနယ်ပယ်။

အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်။

မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်က ကုန်ဆုံးသွားတယ်၊ ဖျက်ဆီးခြင်းဥပဒေသကလဲ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်အထိ ရောက်ရှိလာခဲ့တယ်။

ဒိီကျင့်ကြံခြင်းအရှိန်က လီဖူချန်းရဲ့မျှော်မှန်းချက်ကို လုံးဝကျော်လွန်သွားတယ်။

လီဖူချန်းက ဒါနဲ့ပတ်သက်ပြီး တစ်ခဏလောက် စဉ်းစားပြီးနောက် အကြောင်းပြချက်ကို နားလည်ခဲ့တယ်။

ဖျက်ဆီးခြင်းကျောက်တုံးက ဖျက်ဆီးခြင်းဥပဒေသကို လေ့ကျင့်တဲ့အခါမှာ အကောင်းဆုံးအခန်းကဏ္ဍမှာ ပါဝင်ခဲ့တာပဲ။

ဖျက်ဆီးခြင်းဥပဒေသက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်အထိ မြင့်တက်လာခဲ့ပေမယ့် လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကတော့ မတိုးတက်လာသေးပါဘူး။ နတ်ဘုရားဟင်းလင်းပြင်ထဲမှာ နတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ အသက်အား(မူလချီ) မရှိပါဘူး။ နတ်ဘုရားစွမ်းအားကို တိုးမြှင့်ဖို့ နတ်ဘုရားကျောက်တုံးထဲရှိ အသက်အား(မူလချီ)ကို စုပ်ယူဖို့ လိုအပ်တယ်။

(မှတ်ချက်။ နတ်ဘုရားကျောက်တုံးထဲရှိ အသက်အား= the vitality in the Divine Stone။ E mtlမှာတော့ vitality ဆိုပြီး ပါတယ်၊ ဒါပေမယ့် ကျွန်တော့်အထင် အသက်အားအစား ချီက ပိုဖြစ်သင့်တယ်လို့ ထင်တယ်၊ ဘာလို့ဆို ဟိုးအရင်အပိုင်းတွေမှာတော့ နတ်ဘုရားကျောက်တုံးထဲမှာ ချီဆိုပြီးပဲ ပါလာတာ၊ ဒါကြောင့် ကျွန်တော်က အသက်အား(မူလချီ)ဆိုပြီး တွဲပြန်ပေးလိုက်ပါတယ်)

ဒါပေမယ့် လက်ရှိအချိန်မှာ လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အရင်ကနဲ့ မတူပါဘူး၊ အကြောင်းကတော့ သူက ဖျက်ဆီးခြင်းကျောက်တုံးထဲရှိဖျက်ဆီးခြင်းချီအရှိန်အဝါကို စုပ်ယူခဲ့လို့လေ။

အရင်ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက စစ်မှန်တဲ့ဖျက်ဆီးခြင်းစွမ်းအားမဟုတ်ဘဲ ဖျက်ဆီးခြင်းစွမ်းအားရဲ့စွမ်းပကားကိုပဲ ပိုင်ဆိုင်ထားတာ၊ လက်ရှိဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီး စစ်မှန်တဲ့ဖျက်ဆီးခြင်းစွမ်းအားနဲ့ ပိုနီးကပ်လာပါပြီ။

အဆင့်နိမ့်နတ်ဘုရားကျောက်တုံးကို ယူထုတ်ပြီးနောက် လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးထဲရှိအသက်အား(မူလချီ)ကို စတင်စုပ်ယူခဲ့ပြီး ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကို တိုးမြှင့်ခဲ့တယ်။

တစ်သိန်း၊ တစ်သန်း၊ ဆယ်သန်း......

မီးတာအိုနတ်ဘုရားစွမ်းအားက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်မှ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ခဲ့ပေမယ့် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်သိန်းလောက်ပဲ အသုံးပြုခဲ့ရတာ၊ ဒါပေမယ့် ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ဆယ်သန်းလောက်ထိ အသုံးပြုခဲ့တယ်။ ခြားနားချက်က အဆတစ်ရာပဲ။

ဒါတောင် လီဖူချန်းရဲ့အဆင့်က နိမ့်သေးလို့။ သူ့ရဲ့အ‌ဆင့်က မြင့်မားတဲ့အခါ ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကို တိုးတက်ဖို့ လိုအပ်တဲ့ နတ်ဘုရားကျောက်တုံးရဲ့အရေအတွက်က သေချာပေါက်ကြီးမားတဲ့ပမာဏတစ်ခုပါပဲ။

တကယ်တော့ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားဖြစ်ဖို့ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်သန်း လိုတယ်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားဖြစ်ဖို့ဆိုရင် သန်းတစ်ရာ လိုအပ်တယ်။

နောက်တစ်ဆင့်သို့ တက်ဖို့ဆိုရင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဘီလီယံချီ လိုအပ်မယ်ဆိုတာ ငါ စိုးရိမ်မိတယ်။

အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်အဆင့်ရှိဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ပြီးပြည့်စုံခြင်းအလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို အလွယ်တကူ ဖျက်ဆီးနိုင်တယ်။ လက်ရှိဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အဆုံးစွန်းအလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကိုတောင် အလွယ်တကူ ဖျက်ဆီးနိုင်မယ်လို့ လီဖူချန်းက ခံစားမိတယ်။ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ထိခိုက်ဖို့တော့ မစွမ်းဆောင်နိုင်လောက်ဘူး။

ဒါပေမယ့် စမ်းသပ်ဖို့အတွက် အဆုံးစွန်းအလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဖြုန်းတီးဖို့ကိုတော့ လီဖူချန်းက တွန့်ဆုတ်နေမိတယ်။

"သက်ဆိုင်ရာအစစ်အမှန်ဖျက်ဆီးခြင်းနတ်ဘုရားအတတ်တစ်ခု ကင်းမဲ့တာကလွဲပြီး ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက မီးတာအိုနတ်ဘုရားစွမ်းအားနဲ့ဓားတာအိုနတ်ဘုရားစွမ်းအားတို့ကို ကျော်ဖြတ်သွားပြီပဲ"

မီးတာအိုဥပဒေသကို မကြည့်နဲ၊ နတ်ဘုရားမီးတစ်စုံလုံးကို အသက်သွင်းပြီးနောက် နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဆယ်သန်းကျော်တယ်။

ဓားတာအိုဥပဒေသနယ်ပယ်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းနယ်ပယ်ကို ရောက်ရှိထားပြီး ဓားတာအိုစွမ်းအားကလဲ ဆယ်သန်းကို ကျော်လွန်သွားတယ်။

ဒါပေမယ့် နတ်ဘုရားစွမ်းအားခွန်အားအရ နှစ်ခုလုံးက ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားအတွက် ပြိုင်ဘက်မဟုတ်ပါဘူး။

မီးစွမ်းအားက မီးဆိုရင် ဓားစွမ်းအားက ဓားတစ်လက်ဖြစ်တယ်၊ ပြီးနောက် ဖျက်ဆီးခြင်းစွမ်းအားက မီးလျှံကို အလွယ်တကူပျောက်ကွယ်စေကာ ဓားကို အလွယ်တကူအရည်ပျော်စေတဲ့ ကျောက်ရည်ပူ ဖြစ်တယ်။

All Chapters