← Chapters

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအား

Vol. 83 Ch. 1167

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအား

Vol. 83 Ch. 1167

ဆည်းဆာစတုရန်းမြို့မှ ထွက်လာပြီးနောက် လီဖူချန်းက အပြာရောင်မီးလျှံ(အာကာသယာဉ်)ကို ယူထုတ်ကာ ဆည်းဆည်နတ်ဘုရားကမ္ဘာသို့ ဦးတည်သွားခဲ့တယ်။

"ဘယ်လိုတောင်မြန်တာလဲ၊ ဒါက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စင်းပဲ"

သွေးအေးမြွေနတ်ဘုရားဇုန်ချင်းယန်က တစ်ခဏ မှင်တက်သွားတယ်။

အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အညံ့စားနတ်ဘုရားကျောက်တုံးတစ်ဘီလီယံထိုက်တန်ပြီး အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးဆိုရင် ဘယ်လောက်တောင် ထိုက်တန်မလဲ။ ဒါကို ဝယ်ရရင် ပင်မဂိုဏ်းကြီးသုံးဂိုဏ်းက‌တောင် နာကျင်သွားရလိမ့်မယ်......

ဝှစ်.......

သွေးအေးမြွေနတ်ဘုရားရဲ့အရှိန်က အကန့်အသတ်အထိ တိုးလာပြီး အပြာရောင်မီးလျှံနောက်ကို လိုက်သွားတယ်။

အနောက်မှာ ပင်မဂိုဏ်းကြီးသုံးဂိုဏ်းက ထွက်ပေါ်လာတယ်။

လီဖူချန်းယူထုတ်ခဲ့တဲ့အာကာသယာဉ်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးဆိုတာ သူတို့က သိတယ်၊ သူတို့ဂိုဏ်းသုံးဂိုဏ်းမှာတောင် တစ်စီးမရှိဘူးလေ။

မီးတိမ်ဂိုဏ်းရဲ့ဒုခေါင်းဆောင်ဖြစ်တဲ့ဖုန်းလန်ထျန်းက လျှာသပ်လိုက်မိတယ်"သူ ဒီလောက်ချမ်းသားမှန်း ငါ သိရင် ဆည်းဆာစတုရန်းမြို့ထဲမှာတင် လုယူခဲ့လိုက်ပြီ"

"အခုမှစလဲ မနောက်ကျပါဘူး၊ သူ ငါတို့ရဲ့လက်ထဲကနေ လွတ်မြောက်နိုင်မှာတဲ့လား" ဦးခေါင်းခွံရွာရဲ့ဒုခေါင်းဆောင်မန်ဒက်က နှာခေါင်းရှုံ့လိုက်တယ်။

s.”

ယွမ်တစ်ဂိုဏ်းရဲ့ဒုခေါင်းဆောင်ဖြစ်တဲ့လောရှီကွမ်းက ပြောလိုက်တယ်"သတိတော့ ထားရမယ်"

လွန်ခဲ့တဲ့ခြောက်လ၊ လေလံပွဲရဲ့အဖြစ်အပျက်က လောရှီကွမ်းရဲ့မျက်နှာကို အိုးမဲသုတ်လိုက်သလိုပဲ၊ ဒါကြောင့် အခု သူက အရင်ကထက် ပိုသတိကြီးလာတယ်။

……

ဆည်းဆာနတ်ဘုရားကမ္ဘာက ဆည်းဆည်စတုရန်းမြို့မှ သိပ်မဝေးပါဘူး။ အပြာရောင်မီးလျှံ(အာကာသယာဉ်)ရဲ့မြန်နှုန်းနဲ့ဆိုရင် နှစ်ရက်အတွင်း ရောက်မှာပါ။

"ဆည်းဆာနတ်ဘုရားကမ္ဘာက ပျက်သုန်းဖို့ သိပ်မဝေးတော့ဘူးပဲ"

ဖျက်ဆီးခြင်းဥပဒေသကို ကျင့်ကြံခြင်းကြောင့် လီဖူချန်းက အဝေးကတောင် ဆည်းဆာနတ်ဘုရားကမ္ဘာမှထုတ်လွှတ်နေတဲ့ဖျက်ဆီးခြင်းအရှိန်အဝါကို အလွယ်တကူအာရုံခံနိုင်တယ်။

ဒီဆည်းဆာနတ်ဘုရားကမ္ဘာက သေဆုံးတော့မယ့်လူအိုတစ်ယောက်နဲ့ တူတယ်။

တုံ့ဆိုင်းမနေဘဲ လီဖူချန်းက ဆည်းဆာနတ်ဘုရားကမ္ဘာထဲသို့ ပြေးဝင်သွားတယ်။

လီဖူချန်း ဆည်းဆာနတ်ဘုရားကမ္ဘာထဲသို့ ဝင်ပြီးတာနဲ့ သွေးအေးမြွေနတ်ဘုရားဇုန်ချင်းယန်က နောက်မှကပ်လျက် လိုက်ဝင်လာတယ်။

သူ့ရဲ့အရှိန်က အပြာရောင်မီးလျှံအာကာသယာဉ်ထက် ပိုမနှေးပါဘူး။

ဒါပေမယ့် ဒါက အဓိကအားဖြင့် အပြာရောင်မီးလျှံ(အာကာသယာဉ်)က ထိခိုက်ပြီး ထူးကဲအဆင့်ထိ အရည်အသွေးက နိမ့်ကျသွားလို့လေ။

သို့မဟုတ်ရင် သွေးအေးမြွေနတ်ဘုရားက ဘယ်လိုမှ လိုက်မီနိုင်မှာမဟုတ်။

ဆည်းဆာနတ်ဘုရားကမ္ဘာကို ဝင်ရောက်ပြီးနောက် ဖျက်ဆီးခြင်းချီအရှိန်အဝါက ပိုတောင် သိသာလာတယ်။ ကောင်းကင်ဘုံနဲ့မြေကြီးကြားမှာ သေခြင်းနဲ့ပျက်ဆီးခြင်းချီအရှိန်အဝါတစ်ခု ရှိတယ်။ သာမန်အစစ်အမှန်နတ်ဘုရားတွေက ဒီနေရာမှာ အကြာကြီးနေရင် သူတို့က ရူးသွပ်သွားရလိမ့်မယ်။

"ပျောက်ကွယ်တော့မှာကြောင့် ဖြစ်နိုင်တယ်၊ ဒီနေရာရဲ့အချိန်နဲ့ဖျက်ဆီးခြင်းဥပဒေသတွေက ရှင်းလင်းနေတယ်"

ထိပ်တန်းအဆင့်ဥပဒေသတွေ နားလည်ရခက်ခဲတဲ့အကြောင်းကတော့ သူတို့က နက်နက်ရှိုင်းရှိုင်းဖုံးကွယ်နေပြီး သာမန်ဥပဒေသတွေလောက် မရှင်းလင်းပါဘူး။

ဒါပေမယ့် အရာအားလုံးက ပုံစံတစ်ခုနဲ့ မွေးဖွားလာစမြဲပဲ။ အချို့ထူးခြားတဲ့နေရာတွေမှာ ထိပ်တန်းအဆင့်ဥပဒေသတွေက အလွန်ရှင်းလင်းတယ်။

အပြာရောင်မီးလျှံကို သိမ်းပြီးနောက် လီဖူချန်းက လှည့်ကာ သူ့နောက်လိုက်လာတဲ့သွေးအေးမြွေနတ်ဘုရားကို ကြည့်လိုက်တယ်။

"မင်း သေရမှာကို မကြောက်ဘူးလား" လီဖူချန်းက ပြောလိုက်တယ်။

သွေးအေးမြွေနတ်ဘုရားက နှာခေါင်းရှုံ့လိုက်တယ်"သေရမှာကို ကြောက်ရမယ်၊ ဟုတ်လား။ ဘယ်လိုတောင် အရှက်မရှိဝင့်ကြွားတဲ့စကားလဲ။ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ကများ........"

ပြောရင်း သွေးအေးမြွေနတ်ဘုရားက သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်ကို အသက်သွင်းလိုက်တယ်။ ဒီအဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်ကို လင်းယွင်ခယ်လိုဏ်ဂူမှ သူ ရရှိခဲ့တာ။

လီဖူချန်းမှာ အားကောင်းတဲ့နည်းလမ်းအချို့မလားကို သူက အနည်းငယ် စိုးရိမ်မိတယ်လေ။

"သေစမ်း"

လီဖူချန်းနဲ့ အရေမရအဖတ်မရစကားတွေ ပြောရတာ ပျင်းတယ်၊ သွေးအေးမြွေနတ်ဘုရားက လှုပ်ရှားမှုတစ်ခု ပြုခဲ့တယ်၊ သူက အကောင်းဆုံးအစစ်အမှန်နတ်ဘုရားအတတ်ဖြစ်တဲ့သွေးအရိပ်မြွေလက်ကို ထုတ်ဖော်ခဲ့တယ်။

ကောင်းကင်နဲ့မြေကြီးမှာ အဆုံးမဲ့သွေးရောင်မြွေအရိပ်တွေက လီဖူချန်းဆီ တစ်ဟုန်ထိုးပြေးဝင်လာကြတယ်။

ဝှစ် ဝှစ် ဝှစ်.....

ဒိမြွေအရိပ်တွေက လီဖူချန်းနားတောင် ချဉ်းကပ်လို့မရခဲ့ဘူး၊ သူတို့က ကြောက်စရာကောင်းတဲ့အားအချို့နဲ့ ထိတွေ့ခဲ့ပုံရတယ်၊ သူတို့က ချက်ချင်း ပျက်ဆီးသွားကြတယ်။

"ဘာ"

သွေးရောင်မြွေနတ်ဘုရားရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်၊ သူက ဆိုးဝါးတဲ့ခံစားချက်တစ်ခုကို ကြိုတင်သိနေတယ်။

"သွေးမြွေက ကောင်းကင်ကို ပြောင်းလဲခြင်း......"

ဟိန်းဟောက်လိုက်ပြီး သွေးအေးမြွေနတ်ဘုရားက အစစ်အမှန်သတ်ဖြတ်ခြင်းနတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်ခဲ့တယ်။ လိမ့်တက်လာတဲ့သွေးပင်လယ်ထဲမှာ သွေးမြွေတစ်ကောင်က ထိုးဖောက်ကာ ထွက်လာပြီး လီဖူချန်းဆီ ဝါးမျိုဖို့ ရွေ့လျားလာခဲ့တယ်။

ဝှစ်......

ကံမကောင်းစွာနဲ့ သွေးမြွေက အရင်သွေးရောင်မြွေအရိပ်တွေလိုပဲ လီဖူချန်းအနား မချဉ်းကပ်နိုင်ခင် ချက်ချင်း ပျောက်ကွယ်သွားတယ်။

လီဖူချန်းပတ်လည်မှာ မမြင်နိုင်တဲ့စွမ်းအားအလွှာတစ်ခုက ကာကွယ်ထားသလိုပဲ၊ ဘယ်လိုစွမ်းအားပုံစံမျိုးကမှ မချဉ်းကပ်နိုင်ဘူး၊ ချက်ချင်း ဖျက်ဆီးခံရလိမ့်မယ်။

"ဒါ မင်း လုပ်နိုင်တာ အကုန်ပဲလား"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်၊ ရန်သူရဲ့တိုက်ခိုက်မှုက ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကို မကျော်ဖြတ်နိုင်ခဲ့ဘူး၊ ဒါတောင် သူက သူ့ခွန်အားရဲ့တစ်ဆယ်ရာခိုင်နှုန်းအောက်ကိုပဲ အသုံးပြုရသေးတာ။

"စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ မင်းခန္ဓာကိုယ်ပေါ်မှာ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု ရှိတာလား" သွေးအေးမြွေနတ်ဘုရားက တစ်ခုခုကို တွေးလိုက်မိပြီး ရုတ်တရက် ပြောလိုက်တယ်။

သူ့အမြင်အရ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကပဲ ဒီလိုမခန့်မှန်းနိင်တဲ့စွမ်းအားရှိမှာပါ။

"လူသေက အဖြေကို သိစရာမလိုဘူး"

လီဖူချန်းက သူ့ရဲ့ညာလက်ကို လှန်ပြီး သွေးအေးမြွေနတ်ဘုရားကို ပုတ်လိုက်တယ်။

လက်ဝါးစွမ်းအားမရောက်လာခင် သွေးအေးမြွေနတ်ဘုရားက သန်မာတဲ့သေခြင်းချီတစ်ခုကို ခံစားရတယ်။

လေလံပွဲရှိလီဖူချန်းရဲ့လုပ်ဆောင်ချက်ကို သွေးအေးမြွေနတ်ဘုရားက အမှတ်ပြန်ရလာတယ်၊ သူ့မှာ ယုံကြည်ချက်ရှိလို့ လီဖူချန်းက မောက်မာရဲခဲ့တယ်ဆိုတာ နားလည်ခဲ့တယ်။ သူက လောဘကြောင့် မျက်ကန်းဖြစ်ခဲ့ရတာပဲ။

"ငါ့ကို ခွင့်လွှတ်ပေးပါ........"

သူက စကားတောင် ဆုံးအောင် ပြောခွင့်မရခဲ့ဘူး၊ သွေးအေးမြွေနတ်ဘုရားက ပြာအဖြစ် ပျောက်ကွယ်သွားတော့တယ်။

သွေးအေးမြွေနတ်ဘုရားရဲ့အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့နေရာလပ်လက်စွပ်ကို သိမ်းပြီးနောက် လီဖူချန်းက နေရာမှာတင် တိတ်တဆိတ်စောင့်နေခဲ့တယ်။

တစ်ခဏအတွင်းမှာ အဖွဲ့သုံးဖွဲ့စလုံးက ကောင်းကင်မှ ဆင်းသက်လာတယ်၊ စုစုပေါင်းအရေအတွက်တစ်ရာကျော်ရှိတယ်။

"သွေးအေးမြွေနတ်ဘုရားက ဘယ်ရောက်သွားတာလဲ" ယွမ်တစ်ဂိုဏ်းရဲ့ဒုခေါင်းဆောင်ဖြစ်တဲ့လောရှီကွမ်းက ပတ်ပတ်လည်ကြည့်လိုက်ပေမယ့် သွေးအေးမြွေနတ်ဘုရားရဲ့အရိပ်အယောင်ကို မမြင်တွေ့တော့ဘူးလေ။

ဦးခေါင်းခွံရွာရဲ့ဒုခေါင်းဆောင်မန်ဒက်က ပြောလိုက်တယ်"သူက ငါတို့ရဲ့တည်ရှိမှုကို သတိပြုမိပြီး လမ်းတစ်ဝက်ကနေ ရှောင်ထွက်သွားတာပဲ ဖြစ်မယ်"

"အနေအထားက တစ်ခုခုမှားနေတယ်၊ သတိထားကြ" လောရှီကွမ်းက ပြောလိုက်တယ်။

မီးတိမ်ဂိုဏ်းရဲ့ဒု‌ခေါင်းဆောင်ဖြစ်တဲ့ဖုန်းလန်ထျန်က နှာခေါင်းရှုံ့လိုက်တယ်"မင်းက အသက် ပိုရှင်လာလေ၊ ကြောက်တတ်လာလေပဲ။ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က မင်းကို ခြိမ်းခြောက်နိုင်မှာတဲ့လား"

ကောင်းကင်မှဆင်းသက်လာတဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ရာကျော်ကို ကြည့်ရင်း လီဖူချန်းရဲ့ပါးစပ်က မဲ့သွားတယ်။

"နေရာလပ်လက်စွပ်ကို လွှဲပေးပြီး မင်းကိုယ်မင်း သတ်သေလိုက်၊ မင်းရဲ့အလောင်းကိုတော့ ငါတို့တွေ ကောင်းကောင်းချန်ထားပေးမှာပါ" ဖုန်းလန်ထျန်က လီဖူချန်းကို အပေါ်စီးမှ အထင်သေးစွာ ကြည့်လိုက်တယ်။

မန်ဒက်က အံကြိတ်လိုက်တယ်"အကိုဖုန်းက အကောင်းဆုံးပြုလုပ်ထားပေးတာ၊ မဟုတ်ရင် မင်း‌ သေရင်တောင် ငါ မင်းကို အရိုးစုစစ်နတ်ဘုရားအဖြစ် ပြောင်းပစ်လိုက်မလို့ တွေးထားတာ၊ မင်း ‌သေရင်တောင် မနားစေရဘူး"

ဦးခေါင်းခွံရွာရဲ့ခွန်အားက ပင်မဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ အသန်မာဆုံးမဟုတ်ဘူး၊ ဒါပေမယ့် ကြောက်စရာအကောင်းဆုံးဂိုဏ်းမှာ ဦးခေါင်းခွံရွာက ဒုတိယဆိုရင် တစ်ယောက်မှ ပထမမယူရဲဘူးလေ။

"အမှိုက်တွေ၊ လာစမ်းပါ" လီဖူချန်းက သူ့လက်ကို နောက်ပစ်လျက် ရပ်လိုက်တယ်။

"သေချင်နေတာပဲ"

ဦးခေါင်းခွံရွာရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားကျွမ်းကျင်သူတစ်ယောက်က ပြေးထွက်လာပြီး အနက်ရောင်တံစဉ်အရိပ်တစ်ခုက လီဖူချန်းကို ခုတ်ပိုင်းလိုက်တယ်။

အုန်း.......

လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ အနှီပုဂ္ဂိုလ်က ပြာဖြစ်သွားတော့တယ်။

ဒါကို မြင်ပြီး လူတိုင်းက ထိတ်လန့်သွားတယ်။ လီဖူချန်းရဲ့ခွန်အားက သူတို့မျှော်မှန်းထားတာထက် ဆယ်ဆပိုသန်မာပြီး အဆင့်မြင့်အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက်က သူ့လက်ထဲမှာ တစ်ကွက်မခံခဲ့ဘူး။

နောက်အခိုက်အတန့်မှာ ဦးခေါင်းခွံရွာထဲရှိအဆင့်မြင့်အစစ်အမှန်နတ်ဘုရားငါးယောက်က လီဖူချန်းဆီ တစ်ဟုန်ထိုးပြေးလာတယ်။

ဒါပေမယ့် အဆုံးသတ်က အတူတူပဲ၊ အားလုံးကို အပြတ်အသတ်အနိုင်ယူခဲ့တယ်။

"ဒီလူက သူ့ခွန်အားကို ဖုံးကွယ်ထားတာပဲ၊ အတူတိုက်ခိုက်ကြစို့" ကျွမ်းကျင်သူခြောက်ယောက်က တစ်ပြိုင်နက်တည်း သေသွားတာကို မြင်ပြီး မန်ဒက်က တုန်လှုပ်သွားတယ်။

"အားလုံး ပူးပေါင်းပြီး သူ့ကို သတ်ကြစို့"

လောရှီကွမ်းနဲ့ဖုန်းလန်ထျန်က ခေါင်းညိတ်လိုက်တယ်။

သူတို့က အရူးမဟုတ်ဘူး၊ သူတို့ရဲ့ကျွမ်းကျင်သူတွေ တစ်ယောက်ပြီးတစ်ယောက် တဖြုတ်ဖြုတ်သေသွားမှာကို ခွင့်ပြုရမှာလား။

လူသုံး‌‌ယောက်ရဲ့အမိန့်နဲ့အတူ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားကျွမ်းကျင်သူတစ်ရာကျော်က လီဖူချန်းကို ဦးတည်ဘက်တိုင်းမှ တိုက်ခိုက်လာတယ်၊ အစစ်အမှန်နတ်ဘုရားအတတ် တစ်ခုပြီးတစ်ခု ထုတ်ဖော်လာခဲ့ကြတယ်။

ဒီအချိန်မှာ အဆင့်၁အဆင့်မြင့်အစစ်အမှန်နတ်ဘုရားကျွမ်းကျင်သူတစ်ယောက်မဆိုနဲ့၊ ထိပ်တန်းအဆင့်မြင့်အစစ်အမှန်နတ်ဘုရားကျွမ်းကျင်သူတစ်ယောက်ကတောင် လူတစ်ရာရဲ့ဝိုင်းရံမှုအောက်မှာ သေဆုံးသွားရလိမ့်မယ်။

"‌ကောင်းတယ်၊ အရမ်းကောင်းတယ်"

လီဖူချန်းက ပြန်မတိုက်ခိုက်ခဲ့ဘူး၊ ရှောင်တောင် မရှောင်ခဲ့ဘူး။

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ဘယ်လောက်ထိ ရောက်ရှိနိုင်မလဲကို သူက စမ်းသပ်ချင်တယ်။

ဖူး.........

မမြင်နိုင်တဲ့အတားအဆီးတစ်ခုအပေါ် ကျရောက်သွားသလို အားကောင်းတဲ့အစစ်အမှန်နတ်ဘုရားအတတ်တွေက ပူဖောင်းတွေပမာ ပျက်စီးသွားကြတယ်။

"မဖြစ်နိုင်ဘူး" ဖုန်းလန်ထျန်က မှင်တက်သွားတယ်။

လီဖူချန်းကို ဝိုင်းရံနေတဲ့ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားကျွမ်းကျင်သူတစ်ရာကျော်ကလဲ မှင်တက်သွားခဲ့တယ်။

"ဟုတ်လား"

လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ထုတ်လွှတ်လာတယ်၊ နေရာတစ်ခုလုံးက ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခု တိုက်ခတ်နေသလို ထင်ရတယ်။ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရာကျော်က အကူအညီမဲ့စွာ ကြည့်နေရတယ်၊ သူတို့ရဲ့နတ်ဘုရားခန္ဓာကိုယ်တွေက ပြာတွေအဖြစ် လွင့်ပျံသွားခဲ့ရတာပေါ့။

ဝိုး၊ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့နေရာလပ်လက်စွပ်‌မြောက်များစွာက မြေပြင်ပေါ် ပြုတ်ကျလာတယ်။ ဒါက လီဖူချန်းရဲ့အဆုံးစွန်းထိန်းချုပ်မှုကြောင့်နော်။ မဟုတ်လို့ကတော့ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့နေရာလပ်လက်စွပ်‌အများစုက ပြာအဖြစ် ပြောင်းသွားလောက်ပြီ။

"ဒီနတ်ဘုရားစွမ်းအားက ဘယ်အဆင့်လဲ"

ဖုန်းလန်ထျန်တို့သုံးယောက်က သူတို့ရဲ့ခွန်အားကို အကုန်ထုတ်ပြီး ဖျက်ဆီးခြင်းမုန်တိုင်းကို ခုခံခဲ့ရတယ်။

သူတို့သုံး‌ယောက်က အလွန်ကြောက်ရွံ့သွားတယ်။ အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့စွမ်းအားက ဒီလောက်သန်မာတာကို သူတို့က ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။

လီဖူချန်းက အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဖြစ်တဲ့ဆည်းဆာနတ်ဘုရားကမ္ဘာကို ဝင်နိုင်တာကြောင့်မဟုတ်ရင် လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ပဲလို့ သူတို့က သံသယဖြစ်မိပေလိမ့်မယ်။

ဘာလို့ဆို စိတ်ဝိညာဉ်နတ်ဘုရားကပဲ ဒီလိုအားကောင်းတဲ့နတ်ဘုရားစွမ်းအားတစ်ခု ရှိတာကြောင့်ပဲလေ။

ဝှစ်.......

မန်ဒက်ရဲ့ခုခံမှုအစစ်အမှန်နတ်ဘုရားအတတ်က အရင် ပျက်ဆီးသွားတယ်။ နောက်အခိုက်အတန့်မှာ မန်ဒက်က အရိုးစုတစ်ခုအဖြစ် ပြောင်းသွားတယ်၊ ပြီးနောက် အရိုးတွေက ပြာအဖြစ်‌ ပြောင်းသွားတော့တယ်။

ဖုန်းလန်ထျန်ကလဲ မန်ဒဏ်ရဲ့ခြေလှမ်းနောက်ကို ချက်ချင်း လိုက်သွားတယ်။

လောရှီကွမ်ပဲ ကျန်တော့တယ်။

သူ့ကို ကြည့်ရသလောက် သူလဲ သိပ်အကြာကြီးမခံတော့ပုံပဲ။

သူက အလွန်နောင်တရမိတယ်၊ ဘယ်လိုလုပ်ပြီး ဒီလိုကြောက်စရာကောင်းတဲ့လူတစ်ယောက်ကို ရန်စမိခဲ့ပါလိမ့်။

ဒိီလူနဲ့ ယှဉ်ရင် လွန်ခဲ့တဲ့နှစ်ဝက်လောက်က လေလံခန်းမမှာ ရတနာကို လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့အစိမ်းရောင်ဆံပင်နဲ့လူရွယ်က အနည်းငယ်နိမ့်ကျပုံရတယ်။

ll.

အဆုံးမှာတော့ လုရှီကွမ်းက လဲကျသွားခဲ့တယ်။ သူက သနားညှာတာပေးဖို့အတွက် ‌မတောင်းပန်ချင်လို့တော့မဟုတ်၊ ဒိီလိုဖိနှိပ်မှုအောက်မှာ သူက ဘာမှ မပြောနိုင်ခဲ့ဘူးလေ။

ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု သိမ်းဆည်းရင်း လီဖူချန်းက ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားရဲ့စွမ်းအားနဲ့ပတ်သက်ပြီး အလွန်ကျေနပ်နေမိတယ်။

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားမှာ သက်ဆိုင်ရာအစစ်အမှန်ဖျက်ဆီးခြင်းနတ်ဘုရားအတတ်တစ်ခုမရှိပေမယ့် အဲဒါက အရေးမကြီးပါဘူး။ အဆုံးမဲ့သေစေနိုင်စွမ်းနဲ့ရင်ဆိုင်ရတဲ့အခါ အစစ်အမှန်နတ်ဘုရားအတတ်ရှိသလားမရှိသလားက အများကြီး မကွာခြားတော့ပါဘူး။

All Chapters