← Chapters

အခန်း ၁၃၉၇

Vol. 94 Ch. 1397

အခန်း ၁၃၉၇

Vol. 94 Ch. 1397

အခန်း (၁၃၉၇) မီးတောက်၏ စွမ်းအားအောက်တွင် သက်ရှိအားလုံး တုန်ယင်သွားခြင်း

"ဘာလို့လဲဆိုတော့... အမှားပဲဖြစ်ဖြစ်၊ အမှန်ပဲဖြစ်ဖြစ် သခင်မလေးလော့က ငါတို့ ဗုဒ္ဓဂိုဏ်းကို ဝင်ရောက်လာခဲ့ပြီလေ၊ ပြီးတော့ သူသာ ဒီလောကနယ်ပယ်ကို တကယ်ပဲ အမွေဆက်ခံလိုက်နိုင်မယ်ဆိုရင် အဲဒါက ဆိုးရွားတဲ့ကိစ္စ ဖြစ်ချင်မှ ဖြစ်လာမှာပါ အဲဒီလိုဆိုရင် တစ္ဆေမျိုးနွယ်စုရဲ့ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်သွားပြီး ပြဿနာကလည်း တစ်ခါတည်းနဲ့ အပြီးအပိုင် ဖြေရှင်းပြီးသား ဖြစ်သွားမှာမို့လို့ပဲ"

ဤစကားကို ပြောဆိုချိန်တွင် ကျင်ကျွယ်၏ လေသံမှာ ပွင့်လင်းရိုးသားနေပြီး သူ့ မျက်နှာအမူအရာမှာလည်း တည်ငြိမ်နေကာ သူ ဤကိစ္စကို ကျိန်းသေ စဉ်းစားဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေခဲ့သည်။

လော့လီ၏ မျက်လုံးများက တဖြည်းဖြည်း အရောင်လင်းလက်လာသည်။

ဆန့်ကျင်ဘက်အနေဖြင့် လော့ကျင်းထင်ကမူ ကျင်ကျွယ်ကို အနည်းငယ် အံ့ဩထိတ်လန့်စွာဖြင့် ကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးထဲတွင် အမြဲတမ်း ကြင်နာတတ်ကာ ရင်းနှီးဖော်ရွေသော ဆရာဖြစ်သူမှာ ရုတ်တရက် လုံးဝ စိမ်းသက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ဤစကားများက ရွှယ်အန်းကို ဒေါသထွက်လွန်း၍ ရယ်မောချင်စိတ် ပေါက်သွားစေလုနီးပါးပင်။ သူက သူ၏အနောက်ဘက်ရှိ ချွဲဝမ်ယွမ်နှင့် အခြားသူများကို လက်ညိုးထိုးပြကာ တည်ငြိမ်စွာ ပြောသည်။

"ဒါဆိုရင် မင်း ပြောတဲ့စကားအရ... ဒီ ဌာနေ တစ္ဆေမျိုးနွယ်စုဝင်တွေကို ဘယ်လိုလုပ်ရမလဲ၊ သူတို့ ရင်ဘတ်ထဲက ကြီးမားလှတဲ့ အမုန်းတရားတွေနဲ့ သွေးကြွေးတွေကရော ဘယ်လိုလုပ်မလဲ"

ကျင်ကျွယ်က လက်အုပ်ချီလိုက်သည်။

"မင်းလိုမျိုး နတ်ဘုရားအဆင့် စွမ်းရည်တွေ ရှိတဲ့သူ တစ်ယောက်အနေနဲ့ အရာအားလုံးက ကံတရားရဲ့ စီမံမှုအောက်မှာ ရှိတယ်ဆိုတာကို သေချာပေါက် နားလည်မှာပါ၊ အတိတ်ဘဝရဲ့ အကြောင်းတရားတွေက ပစ္စုပ္ပန်ဘဝမှာ အကျိုးပေးတယ်ဆိုတဲ့..."

ရွှယ်အန်းက သူ့ကို တိုက်ရိုက် ကြားဖြတ်ဟန့်တားလိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောသည်။

"ဒီဘဝရဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေတဲ့ အတိတ်ဘဝက ကံတရားတွေအကြောင်း ငါ့ကို လာမပြောနဲ့၊ ငါ မင်းကို တစ်ခုပဲ မေးမယ်၊ ဝင်စားပြီးတဲ့နောက်မှာ... သူမက မူလလူ ဟုတ်သေးရဲ့လား"

"ဒါက..."

"သူမရဲ့ မှတ်ဉာဏ်တွေ ပြောင်းလဲသွားတယ်၊ သူမရဲ့ ရုပ်သွင်ကလည်း ပြောင်းလဲသွားတယ်၊ ခန္ဓာကိုယ်တောင်မှ ပြောင်းလဲသွားသေးတယ်လေ၊ သူမက အရင်လူ မဟုတ်တော့ဘူး၊ ဒါဆို ဘာလို့ ဆက်စပ်မှုမရှိတဲ့ သူတစ်ယောက်ကို အတိတ်က ကံတရားတွေကို ခံစားခိုင်းရမှာလဲ"

ဤမေးခွန်းက ကျင်ကျွယ်ကို အချိန်ကြာမြင့်စွာ ဆွံ့အသွားစေခဲ့ပြီး နောက်ဆုံးတွင် သူက ခက်ခက်ခဲခဲဖြင့် တုံ့ပြန်လာသည်။

"အရာအားလုံးက ကံကြမ္မာ ဖန်တီးထားတာပါ၊ ဒါက အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်နေပြီလို့ ငါ ယုံကြည်တယ်၊ ဘာပဲဖြစ်ဖြစ်... လူတစ်ချို့ကို စတေးလိုက်ခြင်းအားဖြင့် ဒီလောကကြီးအတွက် ရေရှည် တည်ငြိမ်အေးချမ်းမှုကို ယူဆောင်လာပေးနိုင်တယ်လေ"

ရွှယ်အန်းက အေးစက်စွာ လှောင်ပြုံးပြုံးလာသည်။

"ဒါဆို ဒီလူတွေက စတေးခံဖို့ ထိုက်တန်တယ်ပေါ့"

"ငါ ဆိုလိုတာက အဲဒီလို မဟုတ်ပါဘူး"

"ငါ နားလည်ပါတယ်၊ မင်း ပြောချင်တာက အဓိကအားဖြင့် သူတို့က သေဆုံးသွားပြီဖြစ်လို့ အတိတ်က ကိစ္စတွေကို အတိတ်မှာပဲ ထားခဲ့တာ ပိုကောင်းတယ်ဆိုတဲ့ သဘောမလား၊ ဘာပဲဖြစ်ဖြစ် အမုန်းတရားတွေကို စွန့်လွှတ်လိုက်ပြီး ရန်ကြွေးတွေကို ဆက်လက် သယ်ဆောင်သွားမယ့်အစား ပြေလည်အောင် ဖြေရှင်းလိုက်တာက ပိုကောင်းတယ်မလား"

ကျင်ကျွယ်က ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ပြသည်။ ရွှယ်အန်းက လှောင်ပြောင်သည့် လေသံဖြင့် ရယ်မောသည်။

"ဒါပေမယ့် မင်း တစ်ခါလောက်ဖြစ်ဖြစ် တွေးကြည့်ဖူးလား၊ အဲဒီအချိန်တုန်းက အပြစ်ကင်းပြီး အေးချမ်းစွာ နေထိုင်နေကြတဲ့ ဒီဌာနေ တစ္ဆေမျိုးနွယ်စုဝင်တွေကို သူတို့ အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တုန်းက ရန်ကြွေးတွေကို ဆက်မသယ်ဘဲ ပြေလည်အောင် ဖြေရှင်းဖို့ သူတို့ တွေးခဲ့ကြလား၊ ဒီလောကနယ်ပယ်ကို သူတို့ ကျူးကျော်ပြီး အပြစ်ကင်းတဲ့ လူတွေကို ကျွန်ပြုခဲ့တုန်းက သူတို့ ကြင်ကြင်နာနာ ဆက်ဆံဖို့ စဉ်းစားခဲ့ကြလား"

"အခုတော့ လွှတ်ချလိုက်ဖို့ ဆိုတဲ့ ပေါ့ပေါ့ဆဆ စကားတစ်ခွန်းနဲ့ ဒီလူတွေကို အလဟဿ သေဆုံးသွားစေချင်တာလား၊ ငါ မင်းကို မေးမယ်... အကယ်၍ မင်းကိုယ်မင်း စတေးလိုက်ခြင်းက လောကကြီးအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ယူဆောင်လာပေးနိုင်မယ်ဆိုရင်... မင်း သဘောတူမှာလား"

ကျင်ကျွယ်က ချက်ချင်းပင် ပြတ်သားစွာ ခေါင်းညိတ်သည်။

"ငါ ဆန္ဒရှိပါတယ်"

"မင်း အဲဒီလို ပြောမယ်ဆိုတာ ငါ သိပြီးသားပါ၊ ဒါပေမယ့် မင်းရဲ့ ဆန္ဒရှိမှုက တခြားသူတွေရဲ့ သဘောထားတွေကို ကိုယ်စားမပြုနိုင်ဘူး၊ လူတစ်ယောက်ချင်းစီရဲ့ အသက်အန္တရာယ်က လေးစားတန်ဖိုးထားခံရဖို့ ထိုက်တန်တယ် လျစ်လျူရှုခံရဖို့ မဟုတ်ဘူး"

"လူတစ်ယောက်ကို စတေးလိုက်ခြင်းက လူအများကြီးဆီကို ငြိမ်းချမ်းရေး ယူဆောင်လာပေးနိုင်တယ်လို့ လူတွေက မကြာခဏ ပြောတတ်ကြတယ် ဒါပေမယ့် ငါ မေးချင်တာ တစ်ခုတည်းပါပဲ... ဘာလို့လဲ"

"ဘာလို့ ဒီလူတွေကပဲ စတေးခံရမှာလဲ၊ တခြားသူတွေ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ဘာလို့ လူနည်းစုက သူတို့ရဲ့ အသက်တွေကို ပေးဆပ်ရမှာလဲ"

"ဒါက တရားမျှတရဲ့လား"

ရွှယ်အန်း၏ အဆက်မပြတ် မေးခွန်းထုတ်မှုများက တူဖြင့် ဆက်တိုက် ထုနှက်လိုက်သကဲ့သို့ ကျဆင်းလာခဲ့ပြီး လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့သည်။

တစ်ချိန်က ကြည်လင်နေခဲ့သော ကျင်ကျွယ် မျက်လုံးများထဲတွင်ပင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ခု စတင် ပေါ်လာခဲ့သည်။ ယင်းနင်နှင့် ချွဲဝမ်ယွမ်တို့မှာမူ သူတို့၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းက သူတို့၏ အတွင်းစိတ်ထဲမှ နာကျင်မှု အားလုံးကို ထုတ်ဖော်ပြောဆိုပေးလိုက်သည်ဟု သူတို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

"မင်း ဘယ်နေရာမှာ မှားနေလဲဆိုတာကို အခုရော မင်း သဘောပေါက်ပြီလား"

ရွှယ်အန်းက ထပ်မံ ဖိအားပေးသည်။ အဆုံးတွင် ကျင်ကျွယ်က ရိုသေလေးစားစွာ ဦးညွှတ်သည်။

"မင်းရဲ့ ကျိုးကြောင်းဆင်ခြင်မှုက အပြစ်ဆိုစရာ မရှိပါဘူး၊ ငါ အရှုံးပေးပါတယ်၊ ငါ မှားသွားခဲ့တယ် ဒါပေမယ့်..."

ကျင်ကျွယ်က ခေါင်းမော့လာပြီး သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု ပြည့်နှက်နေသည်။

"အကယ်၍ ဒီလမ်းက လမ်းပိတ်နေတယ်ဆိုရင်... တခြားလမ်းရော ရှိသေးလား"

ရွှယ်အန်းက ကျင်ကျွယ်ကို ကြည့်ကာ ခေါင်းညိတ်လာသည်။

"သေချာပေါက် ရှိတာပေါ့ ပြီးတော့ အဲဒီလမ်းကို ငါ ရှာတွေ့သွားပြီလို့လည်း ယုံကြည်တယ်"

ကျင်ကျွယ်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး အံ့ဩနေသော အကြည့်များက ရွှယ်အန်းအပေါ်တွင် ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်တွင် ရွှယ်အန်းက သူ၏ လက်ချောင်းကို တောက်လိုက်ပြီး နတ်ဘုရား အာရုံခံစားမှု အမျှင်တန်း တစ်ခုကို ပို့လွှတ်လိုက်သည်။ ကျင်ကျွယ်က ၎င်းကို အာရုံစိုက်ကာ စစ်ဆေးကြည့်လိုက်ပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။ ခဏအကြာတွင် သူက စတင် ရယ်မောလာ၏။

"ဒီလိုကိုး၊ ငါ့ရဲ့ ဝိညာဉ်အာရုံတွေက ဘယ်တုန်းကမှ မလုံလောက်ခဲ့ဘူး ထင်ပါတယ် လူဝင်စားခြင်းဆိုတဲ့ စိတ်ကူးယဉ် အာရုံကိုတောင်မှ ငါ မမြင်နိုင်ခဲ့ဘူးပဲ၊ ငါ့လမ်းစဉ်က အမြဲတမ်း မှန်ကန်တယ်လို့ ငါ ယုံကြည်ခဲ့တာ၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"

သူ့ စကားများတွင် ဝမ်းမြောက်မှုနှင့် အားကျလေးစားမှုတို့ ပါဝင်နေသည်။ ထို့နောက် ကျင်ကျွယ်က ရွှယ်အန်းကို ဒုတိယအကြိမ် ဦးညွှတ်လိုက်ပြီး သူ၏ အမူအရာမှာ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"ဉာဏ်အလင်းပွင့်အောင် လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါ နောက်ဆုံးတော့ နားလည်သွားပြီ"

ရွှယ်အန်းက ခေါင်းညိတ်ပြသည်။

"နားလည်သွားတာ ကောင်းတာပေါ့၊ ဒါဆို... နောက်ထပ် ငါ့အကူအညီကို မင်း လိုအပ်သေးလား"

ကျင်ကျွယ်က ပြုံးကာ ခေါင်းခါရမ်းသည်။

"မင်းကို ဒုက္ခပေးစရာ မလိုတော့ပါဘူး၊ တကယ်တော့ အဲဒါကို ငါ ရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ... ငါ့ရဲ့ တည်ရှိမှုက သူ့ရဲ့ ရည်ရွယ်ချက်ကို ပြည့်မြောက်သွားစေခဲ့ပြီ၊ အဲဒါကတော့ ဒီလမ်းက ဖြတ်သန်းသွားလို့ မရနိုင်ဘူးဆိုတာကို သက်သေပြဖို့ပါပဲ"

ထိုစကားပြောပြီးနောက် ကျင်ကျွယ်က လက်အုပ်ချီကာ ရွှယ်အန်းကို ခပ်ဖွဖွ ပြုံးပြသည်။

"အော်မီတော်‌ဖော်... ငါ သွားတော့မယ်"

ထိုသို့ပြောပြီးသည်နှင့် သူက မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး ကျမ်းစာ အချို့ကို တိုးညင်းစွာ ရွတ်ဆိုသည်။ ရုတ်တရက် ဘုန်းခနဲ အသံနှင့်အတူ သူ၏ ပုံရိပ်တစ်ခုလုံးက စစ်မှန်သော ရွှေရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။

"ဆရာ"

လော့ကျင်းထင်က ထိတ်လန့်တကြား အော်ဟစ်လာသည်။ ရွှယ်အန်းက ပြန့်ကျဲသွားသော ရွှေရောင် အလင်းတန်းကို အေးစက်စွာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

"အော်နေစရာ မလိုတော့ဘူး၊ သူ သွားနှင့်ပြီ"

နဂိုကတည်းက ပြင်းထန်စွာ တုန်လှုပ်နေခဲ့သော လော့ကျင်းထင်မှာ ယခုအခါ သူမ၏ အချိန်ကြာမြင့်စွာ လက်တွဲခဲ့သော ဆရာဖြစ်သူပါ ထွက်ခွာသွားသောကြောင့် ပို၍ပင် ကြေကွဲသွားခဲ့ရသည်။ နာကျင်မှုက ခံစားနိုင်စွမ်းထက် ကျော်လွန်နေပြီး သူမက အထိန်းအကွပ်မဲ့စွာ ငိုကြွေးနေတော့သည်။

သို့သော် ရွှယ်အန်းကမူ ဂရုမစိုက်ခဲ့ချေ။ သူက စိတ်ပျက်လက်ပျက် ဖြစ်နေသော လော့လီဆီသို့ အကြည့်လွှဲလိုက်ပြီး ခပ်ဖွဖွ ပြုံးသည်။

"အပြင်ထွက်ဖို့ အချိန်တန်ပြီ"

လော့လီ၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားသည်။ ထို့နောက် သူမက ကြောက်လန့်တကြား အော်ဟစ်လယသည်။

"ကျေးဇူးပြုပြီး ကျွန်မကို ချမ်းသာပေးပါ အရှင်... ကျေးဇူးပြုပြီး ချမ်းသာပေးပါ၊ ကယ်၍ ကျွန်မကို အရှင် သတ်လိုက်ရင် အကျဉ်းချခံထားရတဲ့သူကို လွှတ်ပေးလို့ ရမှာ မဟုတ်တော့ဘူး၊ အဲဒီ ကာကွယ်မှုက ခွန်အားသက်သက်နဲ့ ဖျက်ဆီးပစ်လို့ ရနိုင်တဲ့ အရာ မဟုတ်ဘူး"

"ငါက ကာကွယ်မှုကို ဖျက်ဆီးပစ်မယ်လို့ ဘယ်သူက ပြောလဲ"

"ဟင်"

လော့လီမှာ အေးခဲသွားသည်။

"ဒါပေမယ့်..."

ရွှယ်အန်းက လက်ကောက်ဝတ်ကို လှန်လိုက်ရာ ရှေးဟောင်း ကြေးမုံနှစ်ခုက သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ သူက ဖြည်းညင်းစွာ ပြောသည်။

"မင်းက ဒီ ရှေးဟောင်း ကြေးမုံနှစ်ခုကို စုဆောင်းဖို့ အချိန်တိုင်း ကြိုးစားနေခဲ့တာ မဟုတ်ဘူးလား၊ အဲဒါတွေကနေတစ်ဆင့် သူမကို နိုးထစေဖို့လေ... ဟုတ်တယ်မလား"

ထိုကြေးမုံနှစ်ခုကို မြင်သောအခါ လော့လီမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

"ရှင်... ရှင်က ဒီကြေးမုံတွေထဲက တစ်ခုကို သုံးပြီး ကျွန်မကို ခြေရာခံခဲ့တာလား"

လော့လီက စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလာသည်။

"ဟုတ်တာပေါ့၊ ပြီးတော့ မင်း နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက မင်းကို ဒီလောကနယ်ပယ်နဲ့ ဘာလို့ အလုပ်လုပ်စေချင်ခဲ့လဲဆိုတာကိုလည်း ငါ သိတယ်"

ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝမ်မူလင်းက မတ်တတ်ရပ်လိုက်ရာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် အမျှင်တန်းလေးများ မှိန်ပျပျ ပေါ်လာသည်။

"မရဏအရှင်သခင်... သူမက မရဏအရှင်သခင်ရဲ့ လက်အောက်ခံပဲ"

လော့လီက သနားစဖွယ်‌ ပြောသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အရာအားလုံးကို ချက်ချင်း သဘောပေါက်သွားသောကြောင့် ဖြစ်သည်။ နတ်မီးလျှံ တစ္ဆေအရှင်သခင်နှင့် မရဏအရှင်သခင်တို့ကြားရှိ ဆက်စပ်မှုကို ပြန်လည်အမှတ်ရသွားသောအခါ လော့လီမှာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ရေခဲတမျှ အေးစက်သော အကြောက်တရားကို ခံစားလိုက်ရသည်။

"မင်း အရာအားလုံးကို သဘောပေါက်သွားပုံပဲ"

"ဟုတ်... ဟုတ်ပါတယ်"

"ဒါဆို... မင်း ပြောချင်တာ တစ်ခုခု ကျန်သေးလား"

ရွှယ်အန်းက အပြုံးသဲ့သဲ့ဖြင့် မေးသည်။ အသနားခံခြင်းမှာ အချည်းနှီးဖြစ်ကြောင်း လော့လီ နားလည်သွားသည်။ ဖြူဖျော့နေသော မျက်နှာဖြင့် သူမက ဝမ်းနည်းကြေကွဲမှု နာကျင်မှုများထဲတွင် ပိတ်မိနေဆဲဖြစ်သော လော့ကျင်းထင်ဆီသို့ အကြည့်လွှဲလိုက်သည်။ ခဏတာမျှ တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင် သူမက တိုးညင်းစွာ ပြောသည်။

"ကျင်းထင်... မေမေ သမီးအပေါ် မှားခဲ့ပါတယ်၊ သမီးရဲ့ အသက်နဲ့ အလောင်းအစား မလုပ်ခဲ့သင့်ဘူး၊ ဒါပေမယ့် မေမေ့ကို သမီး ယုံရမယ်... မေမေ တကယ်ပဲ သမီးအပေါ် ဂရုစိုက်ခဲ့တာပါ"

လော့ကျင်းထင်က သူမကို သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေသော မျက်လုံးများဖြင့် ကြည့်နေသည်။

လော့လီက ခါးသီးသော အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီးနောက် ရွှယ်အန်းဘက်သို့ လှည့်ကာ ပြောသည်။

"လုပ်လိုက်ပါတော့"

ဤမြင်ကွင်းကို တွေ့သောအခါ ချွဲဝမ်ယွမ်နှင့် ယင်းနင်တို့၏ မျက်နှာပေါ်တွင် သနားညှာတာမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သို့သော် ရွှယ်အန်းကမူ မည်သည့် တွန့်ဆုတ်မှုကိုမျှ မပြသခဲ့ချေ။ သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ စစ်မှန်သော အဖြူရောင် မီးတောက်တစ်ခုက ကောင်းကင်ယံသို့ တက်သွားကာ နှစ်ခုကွဲသွားပြီး ထိုမှတစ်ဆင့် လေးခုဖြစ်သွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက ချူကျိုးမြို့ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ မီးတောက်များ၏ ဖိနှိပ်မှုအောက်တွင် သက်ရှိအားလုံး တုန်ယင်သွားကြသည်။

လော့လီမှာ ရုတ်တရက် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ကောင်းကင်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။

"ဟင့်အင်း..."

ရွှယ်အန်းက အေးစက်စွာ ပြောသည်။

"မင်းရဲ့ ဟန်ဆောင် ကြင်နာမှုတွေကို နောက်ဘဝအတွက် ချန်ထားလိုက်တော့၊ အကောင်းနဲ့ အဆိုးဆိုတာ ပြန်လည် ပေးဆပ်ရမှာပဲ၊ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက လက်ကို မြှောက်ကာ အမိန့်ပေးသည်။

"သတ်”

--

All Chapters