← Chapters

အခန်း ၁၄၀၆

Vol. 94 Ch. 1406

အခန်း ၁၄၀၆

Vol. 94 Ch. 1406

အခန်း (၁၄၀၆) အကောင်းဆုံး သရုပ်ဆောင်များ

ရိန်ထျန်းချီနှင့် တွေ့ဆုံမှုများက ခပ်ကျဲကျဲသာ ဖြစ်သော်လည်း သူတို့၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်ခဲ့သည်။ ဤသည်မှာ သူတို့ နှစ်ယောက်လုံး မိသားစုအတွင်းရှိ ဒုတိယ သားများ ဖြစ်နေကြပြီး အလားတူ အခြေအနေများကို မျှဝေခံစားနေရကာ တစ်ယောက်၏ အခက်အခဲကို အခြားတစ်ယောက်က ကိုယ်ချင်းစာနိုင်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ရိန်ထျန်းချီက ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများထံမှ ထူးဆန်းသော အကြည့်များကို လုံးဝ လျစ်လျူရှုကာ လော့ကျန့်ထံသို့ လျှောက်လာပြီး လှောင်ပြုံးပြုံးသည်။

"တကယ်တော့ ငါ့ရဲ့ အစ်ကိုကြီးကို ကျေးဇူးတင်ရမှာ၊ သူသာ ပြန်မလာသေးတာ မဟုတ်ရင် ဒီလို စုဝေးပွဲမျိုးကို တက်ရောက်ဖို့ ငါ့မှာ အရည်အချင်းတောင် ရှိမှာ မဟုတ်ဘူး"

လော့ကျန့်က တိတ်ဆိတ်နေခဲ့သည်။ သူသည်လည်း ရိန်ထျန်းချီကဲ့သို့ပင် တစ်ချိန်က ဘဝ၏ မတရားမှုများကို နာကြည်းလျက် ကိုယ့်ကိုယ်ကိုယ် သနားခြင်းများထဲတွင် နစ်မွန်းနေခဲ့ဖူးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုကဲ့သို့သော ခံစားချက်များအပေါ် သူ အနည်းငယ် ထုံထိုင်းလာခဲ့သည်။ ထို့အပြင် နှစ်များတစ်လျှောက် အချည်းနှီး ညည်းတွားမှုများကို ထုတ်ဖော်ပြောဆိုမည့်အစား သူ၏ နာကြည်းချက်များကို အတွင်းစိတ်ထဲ၌သာ မြှုပ်နှံထားရန် သူ ကြာမြင့်စွာကတည်းက သင်ယူခဲ့ပြီး ဖြစ်သည်။

သို့သော် ရိန်ထျန်းချီ၏ ဖြူဖျော့နေသော မျက်နှာမှာမူ ပြင်းထန်သော ခံစားချက် လှိုင်းလုံးတစ်ခုကြောင့် နီရဲလာခဲ့သည်။

"သခင်လေး ခုနစ်... ငါ အခု အရမ်း ရယ်စရာ ကောင်းနေတယ် မဟုတ်လား"

လော့ကျန့်က ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းကို ညင်သာစွာ ခါရမ်းသည်။

"တစ်နည်းမဟုတ် တစ်နည်းနဲ့ ငါတို့အားလုံး အတူတူပဲ မဟုတ်ဘူးလား"

"မင်းနဲ့ ငါက မတူဘူးလေ၊ အနည်းဆုံးတော့ မင်းမှာ မင်းပိုင်တဲ့ အာဏာ အခြေခံ တစ်ခု ရှိသေးတယ်၊ ဒါပေမယ့် ငါကျတော့ရော၊ ငါက မလိုချင်တော့တဲ့ အဝတ်စုတ် အရုပ်လေး တစ်ရုပ်လိုပဲ... လိုအပ်တဲ့ အချိန်ကျမှ ကောက်ယူပြီး အသုံးချခံရတာ"

ရိန်ထျန်းချီက ပြောလိုက်ရာ သူ၏ လေသံတွင် လှုပ်ရှားခံစားမှုများ ရောယှက်နေခဲ့သည်။ လော့ကျန့်က လက်ကို ညင်သာစွာ ဝှေ့ယမ်းပြသည်။

"ညီအစ်ကို ထျန်းချီ... မင်း အရမ်း ခံစားလွန်းနေပြီ"

ထိုစကားလုံး အနည်းငယ်က အပ်တစ်ချောင်းအလား ရိန်ထျန်းချီ၏ အတွင်း၌ လည်ပတ်နေသော ကြီးမားလှသည့် ခါးသီးမှုများကို ထိုးဖောက်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ နာကြည်းချက်များ အားလုံး ပျောက်ကွယ်သွားပြီး ပါးစပ်ထဲ ထောပတ်ထည့်ထားလျှင်တောင် မအရည်ပျော်နိုင်လောက်အောင် ယဉ်ကျေးသိမ်မွေ့သော တည်ငြိမ်မှုဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။

"သခင်လေး ခုနစ်ရဲ့ ရှေ့မှာ အမြင်မတော်တာတွေ လုပ်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ"

သူ၏ လေသံမှာ ရိုးသားပြီး သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေခဲ့သည်။ စောစောက ပေါက်ကွဲထွက်လာမှုမှာ စိတ်ကူးယဉ် အာရုံတစ်ခုထက် မပိုခဲ့သကဲ့သို့ပင်။ ဟန်ဆောင် လှည့်စားခြင်းတွင် ဤမျှ ကျွမ်းကျင်ပိုင်နိုင်မှုက လူတစ်ယောက်ကို ဆွံ့အသွားစေရန် လုံလောက်လှပေသည်။

သို့တိုင်အောင် လော့ကျန့်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းကို ညင်သာစွာသာ ညိတ်ပြလိုက်သည်။

ဤတစ္ဆေ မှူးမတ်မျိုးနွယ်များ၏ အမွေဆက်ခံသူများ ကြားရှိ လည်လှီးမတတ် ပြင်းထန်သော ပြိုင်ဆိုင်မှုများသည် အိုးတစ်လုံးထဲတွင် အဆိပ်ပြင်းသော သတ္တဝါများကို မွေးမြူထားခြင်းနှင့် အလားသဏ္ဍာန်တူသည့် သူတို့၏ ကျင့်ကြံခြင်း စနစ်မှ လုံးလုံးလျားလျား မြစ်ဖျားခံလာခြင်း ဖြစ်သည်။

တရားဝင် မျိုးဆက် အမွေဆက်ခံသူ မျိုးဆက်တစ်ခုစီတိုင်းတွင် တစ်ယောက်တည်းကသာ အရာအားလုံးကို အမွေဆက်ခံနိုင်မည် ဖြစ်သည်။ အရှုံးသမားများမှာ လုံးဝ စွန့်ပစ်ခံရမည်ဖြစ်ပြီး သာမန် အဆင့်အတန်းမရှိသူများ အဖြစ်သို့ လျှောကျသွားမည် ဖြစ်သည်။

အနိုင်ရသူက အားလုံးကို ရယူပြီး အရှုံးသမားက ချောက်ကမ်းပါးထဲ ကျဆင်းရမည့် ဤစနစ်တွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ခံနိုင်ရည်ရှိသူများထံ၌ အထူးကျွမ်းကျင်မှု တစ်ရပ် လိုအပ်ပေသည်။ ဥပမာအားဖြင့် ဟန်ဆောင်လှည့်စားခြင်းတွင် အော်စကာဆုရလောက်သည့် ဤသရုပ်ဆောင်မှုမျိုးက မရှိမဖြစ် လိုအပ်သော ရှင်သန်ရေး နည်းဗျူဟာ တစ်ခုပင် ဖြစ်သည်။

အလွန်အမင်း ရိုးသားပြီး ဖြောင့်မတ်လွန်းသူများအတွက်မူ သူတို့သည် သေဆုံးသွားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်စေ သို့မဟုတ် အခြားသူများ၏ အကြံအစည်များတွင် မသိလိုက်မသိဘာသာ အသုံးချခံ နယ်ရုပ်လေးများ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်. သူ၏ သရုပ်ဆောင်မှုက လော့ကျန့်ကို လှည့်စား၍ မရနိုင်ကြောင်း ရိန်ထျန်းချီ သိထားသည်။ အမှန်တွင်မူ အစကတည်းက လော့ကျန့်ကို လှည့်စားရန် သူ ဘယ်သောအခါမှ မရည်ရွယ်ခဲ့ချေ။

သူ၏ သရုပ်ဆောင်မှုမှာ ကြည့်ရှုနေသော အခြားသူများအတွက် အကျိုးရှိစေရန် သက်သက်သာ ဖြစ်သည်။ ထိုအချိန်မှာပင် အဝေးမှနေ၍ ဖော်လံဖားပြီး ချိုလွန်းလှသော ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လော့ကျန့်က ခေါင်းမော့ကြည့်လိုက်ရာ လော့ချီဖုန်းနှင့် အခြားသူများ၏ ဘေးတွင် ယခုအခါ အဖိုးတန် အဝတ်အစားများ ဝတ်ဆင်ထားသည့် ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီး တစ်ဦး ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ ဘေးတွင် ရပ်နေသော ရိန်ထျန်းချီက ခါးသီးစွာ ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများမှာ မနာလိုမှုများနှင့် မကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"သခင်လေး ခုနစ်... မင်း ဒီမိန်းမကို အရင်က တစ်ခါမှ မမြင်ဖူးဘူး ထင်တယ်"

လော့ကျန့်က ခေါင်းခါရမ်းသည်။

"ဟက်... ငါ ပြောပြမယ်၊ အဲဒီ မိန်းမရဲ့ အခြေအနေက ငါတို့နဲ့ တော်တော်လေး ဆင်တယ်၊ သူမကလည်း ထိပ်တန်း မိသားစု တစ်ခုကနေ စွန့်ပစ်ခံထားရတဲ့ ကလေးပဲ၊ သူမက ထန်မိသားစုကလေ၊ ဒီတစ်ခါ ငါ့အစ်ကိုကြီးက တစ်ယောက်တည်း ခရီးထွက်ခဲ့တာ မဟုတ်ဘူး၊ ထန်မိသားစုရဲ့ တရားဝင် သမီးအကြီးဆုံး ထန်ဖေးဝမ် က သူနဲ့အတူ လိုက်သွားခဲ့တာ၊ အခု သူတို့ နှစ်ယောက်လုံး ပြန်မလာသေးတော့ သူတို့ ကိုယ်စား ဒီထန်မိသားစုရဲ့ မယားငယ်က မွေးတဲ့ သမီး ထန်ရှီးယောင် က ဒီစုဝေးပွဲကို တက်ရောက်နေတာပေါ့"

သူမက ထန်မိသားစုကပေါ့လေ...

ထိုအတွေးကြောင့် လော့ကျန့် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ရိန်ထျန်းချီက အေးစက်သော လေသံဖြင့် ဆက်ပြောသည်။

"ဒီထန်ရှီးယောင်က အနိုင်ကျင့်ရ လွယ်တဲ့သူ မဟုတ်ဘူး၊ ပုံမှန်ဆိုရင် သူမရဲ့ အစ်မ ထန်ဖေးဝမ် က သူမကို အခိုင်အမာ ဖိနှိပ်ထားလို့ ထင်ပေါ်ဖို့ အခွင့်အရေး လုံးဝ မရခဲ့ဘူး၊ ဒါပေမယ့် အခု သူမက အခွင့်အရေး တစ်ခုကို မနည်း အရယူနိုင်ခဲ့တော့ အဲဒါကို စိတ်ပျက်လက်ပျက်နဲ့ ဆုပ်ကိုင်ထားတာပဲ၊ ကံဆိုးတာက သူမရဲ့ ကြိုးစားမှုတွေက အရမ်းကို သိသာလွန်းနေတာပဲ၊ အဲ့တာအပြင်..."

ဤနေရာတွင် ရိန်ထျန်းချီက ခဏတာ ရပ်တန့်သွားပြီး သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။

"သူမက ရောက်လာတော့မယ့် ဝေ့မိသားစုရဲ့ သားအကြီးဆုံးနဲ့ ပတ်သက်ဖို့တောင် မိုက်မိုက်မဲမဲ အိပ်မက်မက်နေသေးတာ၊ အဲဒါ စိတ်ကူးယဉ် အိပ်မက် မဟုတ်ရင် ဘာလဲ"

လော့ကျန့်က လှည့်ကာ ရိန်ထျန်းချီကို နက်ရှိုင်းစွာ ကြည့်သည်။

"ညီအစ်ကို ထျန်းချီ... မင်းက ဒီမိန်းမအကြောင်း ဘယ်လိုလုပ် ဒီလောက်တောင် သိနေရတာလဲ"

ရိန်ထျန်းချီမှာ ခဏတာမျှ အေးခဲသွားသည်။ ထို့နောက် သူ၏ မျက်နှာမှာ စိတ်ပျက်အားငယ်သွားပြီး တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါတို့ မိသားစု နှစ်ခုက ငါ့ကို ထန်ရှီးယောင်နဲ့ စေ့စပ်ပေးဖို့ စီစဉ်ခဲ့ကြတယ်၊ ဒါကြောင့် မင်း ပြောလို့ရတာက..."

ရိန်ထျန်းချီ၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် အရှက်ရမှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး ခါးသီးစွာ ညည်းတွားမိသည်။

"အခု တခြား ယောက်ျားတွေနဲ့ အရှက်အကြောက် ကင်းမဲ့စွာ ဖွန်ကြောင်နေပြီး မျက်နှာလိုမျက်နှာရ လုပ်ဖို့ နောက်ဆုတ်မနေဘဲ သူတို့ ရင်ခွင်ထဲ အတင်း ဝင်ရောက်ဖို့တောင် ကြိုးစားနေတဲ့ ဒီမိန်းမက တကယ်တော့ ငါ့ရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးပဲ"

ဤစကားကို ကြားသောအခါ လော့ကျန့်မှာ ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူ၏ မျက်လုံးများထဲတွင် သနားညှာတာမှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး တိုးညင်းစွာ သက်ပြင်းချမိသည်။

"ညီအစ်ကို ထျန်းချီ... ငါတို့ ဟိုဘက်သွားပြီး ခဏလောက် စကားပြောကြရအောင်"

ရိန်ထျန်းချီက စူးရှပြီး ရူးသွပ်လုမတတ် ရယ်မောသံ တစ်သံကို ထုတ်လွှတ်လိုက်သည်။

"သခင်လေး ခုနစ်... မင်း ငါ့ကို သနားနေတာလား၊ ငါ ဒီထိုးနှက်ချက်ကို မခံနိုင်မှာ စိုးရိမ်နေတာလား"

လော့ကျန့်က တိတ်ဆိတ်နေခဲ့သည်။

ရိန်ထျန်းချီက ခေါင်းခါရမ်းလိုက်သည်။

"အဲဒါ မလိုအပ်ပါဘူး၊ ငါ့လို စွန့်ပစ်ခံ တစ်ယောက်မှာ ပြောပလောက်တဲ့ ဂုဏ်သိက္ခာမှ မရှိတာ၊ ပြီးတော့... ငါတို့ ဘယ်လို ကမ္ဘာကြီးမှာ နေထိုင်နေကြလဲဆိုတာကို လုံးဝ နားလည်သဘောပေါက်သွားအောင် ဒါကို ငါ့မျက်စိနဲ့တပ်အပ် ငါ မြင်ချင်တယ်"

ဤထိပ်တန်း အမွေဆက်ခံသူများက ပေါ်ပေါ်ထင်ထင် ပွတ်တိုက်ပြီး နောက်ကွယ်မှ လျှို့ဝှက်ကြံစည်နေကြချိန်တွင် ရွှယ်အန်းကမူ အပေါ်ထပ် ပြတင်းပေါက်နားတွင် ထိုင်ကာ လက်ဖက်ရည် သောက်နေခဲ့သည်။

သူတို့ နေထိုင်နေသော နေရာမှာ လော့မိသားစု စံအိမ်အတွင်းရှိ ထူးခြားမှု မရှိသော ခြံဝင်းငယ်လေး တစ်ခု ဖြစ်သည်။ သို့တိုင်အောင် ၎င်းကို အနုစိတ် မွမ်းမံထားပြီး အသက်ရှူမှားလောက်အောင် လှပကာ လော့မိသားစုက အထင်ကရ ဧည့်သည်များကို ဖျော်ဖြေဧည့်ခံသည့် ကွင်းပြင်ကျယ်ကြီးအနီးတွင် တည်ရှိသည်။

ဒုတိယထပ် ပြတင်းပေါက်မှနေ၍ အဝေးရှိ ထူထပ်နေသော လူအုပ်ကြီးကို မှိန်ပျပျ လှမ်းမြင်နိုင်သည်။ ရေစီးကြောင်းတစ်ခုအလား တည်ငြိမ်စွာဖြင့် ရွှယ်အန်းက သူ၏ လက်ဖက်ရည်ကို ဖျော်နေပြီး အပြင်ဘက်ရှိ ဆူညံပွက်လောရိုက်မှုများဆီသို့ တစ်ချက်လေးမျှပင် လှည့်မကြည့်ခဲ့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် လော့ကျင်းထင်နှင့် ဝမ်မူလင်းတို့က အဝေးရှိ မြင်ကွင်းကို စောင့်ကြည့်ရင်း ထူးဆန်းသော အကြည့်များ ဖလှယ်နေခဲ့ကြသည်။ အထူးသဖြင့် လော့ကျင်းထင်ဖြစ်ပြီး ကွင်းပြင်ပေါ်ရှိ လူအုပ်ကြီးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမ၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။

ဒီလောက် ခမ်းနားကြီးကျယ်တဲ့ မြင်ကွင်းကြီးက ဘာအတွက်လဲ...

သူမ၏ မျက်လုံးများမှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဝမ်မူလင်းကလည်း အတူတူပင် စပ်စုချင်နေခဲ့သော်လည်း သူမတွင် စိုးရိမ်ပူပန်မှုများ ပိုနည်းပေသည်။ ထို့ကြောင့် သူမက စိတ်လှုပ်ရှားနေသော အမူအရာဖြင့် မေးလိုက်သည်။

"သခင်ကြီး... ဟိုဘက်က ဆူညံပွက်လောရိုက်မှု အားလုံးက ဘာအကြောင်းကြောင့်လဲ"

ရွှယ်အန်းက ခေါင်းမမော့ခဲ့ချေ။ သူက အေးအေးလူလူပင် လက်ဖက်ရည် တစ်ခွက်ကို ငှဲ့ကာ တစ်ငုံ သောက်လိုက်ပြီး ကျေနပ်စွာ သက်ပြင်းချလိုက်ပြီးနောက် တိုးညင်းသော လေသံဖြင့် ပြောသည်။

"တစ်ယောက်ယောက်ကို စောင့်နေကြတာ ဖြစ်မယ်"

"တစ်ယောက်ယောက်ကို စောင့်နေတာ ဟုတ်လား"

ဝမ်မူလင်းက အဝေးသို့ စူးစိုက်ကြည့်လေသည်။ အခြားတစ်ဖက်တွင် လော့ကျင်းထင်မှာ သိသိသာသာ တုန်ယင်သွားပြီး သူမ၏ မျက်နှာအမူအရာများပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။

လူတစ်ယောက် ရောက်လာတာကို စောင့်ဖို့အတွက် သက်သက် လော့မိသားစုဝင် အများအပြားကို လှုပ်ရှားခိုင်းထားရတယ်ဆိုတော့... ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဧည့်သည်က ဘယ်သူများ ဖြစ်နိုင်မလဲ

ရုတ်တရက် အထက်ကောင်းကင်ယံမှ မိုးကြိုးထစ်ချုန်းသကဲ့သို့ လေတိုက်ခတ်သံများ ပဲ့တင်ထပ်လာခဲ့သည်။

လူတိုင်းက ပင်ကိုယ်အသိအရ အပေါ်သို့ မော့ကြည့်ကြသည်။

အဝေး မိုးကုတ်စက်ဝိုင်းတွင် လေနှင့် မိုးကြိုး အသံများ ပူးတွဲလျက် ဧရာမ တစ္ဆေ ရထားလုံးကြီး တစ်စင်းက ဖြည်းညင်းစွာ ပေါ်ထွက်လာပြီး သူတို့ဆီသို့ အသက်ရှူမှားလောက်သော အမြန်နှုန်းဖြင့် အပြင်းအထန် ရောက်ရှိလာတော့သည်။ ကွင်းပြင်ပေါ်ရှိ လူအုပ်ကြီးမှာ တိုးတိုးတိတ်တိတ် ရေရွတ်သံများဖြင့် ပေါက်ကွဲသွားခဲ့သည်။

"ရောက်လာပြီ... ရောက်လာပြီ"

လူအများအပြားက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ လော့ချီဖုန်းက ဖန်းယုံကဲ၊ မိုကျင်းတို့နှင့် အကြည့်ချင်း ဖလှယ်မ်သည်။ သူတို့ သုံးယောက်က အချင်းချင်း သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်ကြပြီးနောက် ရှေ့သို့ လှမ်းကာ ရိုသေလေးစားစွာဖြင့် အသင့်အနေအထား ရပ်လိုက်ကြသည်။

လူအုပ်ကြီးမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။ ခဏအကြာတွင် တစ္ဆေ ရထားလုံးကြီးက ကွင်းပြင်၏ အထက်တွင် အုပ်မိုးလာခဲ့သည်။ ၎င်း အောက်သို့ ဆင်းသက်လာသည့် အချိန်ရောက်မှသာလျှင် ၎င်း၏ ကြီးမားလှသော အရွယ်အစားက ထင်ရှားလာခဲ့သည်။

အနက်ရောင် မြူခိုးများ လည်ပတ်နေပြီး မှိန်ပျပျ တောက်ပနေသော မန္တန်အက္ခရာများဖြင့် တန်ဆာဆင်ထားသော ၎င်းမှာ ရှားပါးပြီး ထူးကဲသော တစ္ဆေ ကိရိယာတစ်ခု ဖြစ်ကြောင်း ရှင်းလင်းနေခဲ့သည်။

--

All Chapters