← Chapters

လင်းယွင်ခယ်လိုဏ်ဂူနေအိမ်

Vol. 83 Ch. 1168

လင်းယွင်ခယ်လိုဏ်ဂူနေအိမ်

Vol. 83 Ch. 1168

အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ရာကျော်က လီဖူချန်းထံ ယူလာပေးခဲ့တဲ့ ကြွယ်ဝမှုက မှင်တက်စရာကောင်းတယ်။ အညံ့စားနတ်ဘုရားကျောက်တုံးတွေရဲ့စုပေါင်းအရေအတွက်ကတင် ထရီလီယံတစ်ထောင်ကျော်ရှိတယ်။

သူတို့အထဲမှာ လောရှီကွမ်းက အများဆုံးပဲ။ သူ့ရဲ့နေရာလပ်လက်စွပ်ထဲမှာ အညံ့စားနတ်ဘုရားကျောက်တုံးသုံးရာထရီလီယံကျော်ရှိတယ်။

ဖုန်းလန်ထျန်နဲ့မန်ဒက်တို့နှစ်ယောက်ပေါင်းက နှစ်‌ရာထရီလီယံကျော်ရှိတယ်။

……

လင်းယွင်ခယ်လိုဏ်ဂူနေအိမ်။

လင်းယွင်ခယ်လိုဏ်ဂူနေအိမ်က အလွန်သက်ဝင်လှုပ်ရှားနေတယ်။ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ရာကျော်က လိုဏ်ဂူနေအိမ်ရဲ့ဂိတ်ပေါက်အပြင်ဘက်မှာ စုဝေးနေပြီး ဝင်ရောက်ဖို့ အခွင့်အလမ်းကို စောင့်ဆိုင်းနေတယ်။

ကောလဟာလအတိုင်းပဲ၊ လင်းယွင်ခယ်လိုဏ်ဂူနေအိမ်က ပျက်စီးနေတဲ့ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနန်းတော်တစ်ခုဖြစ်တယ်။

နန်းတော်တစ်ခုလုံးရဲ့မျက်နှာပြင်ကို တိမ်နဲ့မြူခိုးအလွှာတွေက ဖုံးလွှမ်းထားတယ်။ နန်းတော််ဂိတ်ပေါက်ကလွဲပြီး ကျန်ရှိနေတဲ့နေရာတွေကို မမြင်နိုင်ပါဘူး။

ပြီးတော့ နန်းတော်ဂိတ်ပေါက်မှာတောင် တိမ်နဲ့မြူခိုးတွေများစွာ ရှိတယ်။ ဒီတိမ်နဲ့မြူခိုးတွေက စိတ်ဝိညာဉ်ရှိပုံရတယ်။ တ‌စ်ခါတစ်ရံမှာ သူတို့က နဂါးအဖြစ် ပြောင်းတယ်၊ တစ်ခါတစ်ရံမှာ သူတို့က ကျားတွေအဖြစ် ပြောင်းတယ်၊ တစ်ခါတစ်ရံမှာ သူတို့က သားရဲအမျိုးမျိုးတွေအဖြစ် ပြောင်းတယ်။

လူအချို့က စိတ်မရှည်ဘဲ တိမ်နဲ့မြူထဲရှိဂိတ်ပေါက်ကို ဖြတ်သန်းချင်ခဲ့တယ်၊ ဒါပေမယ့် တိမ်နဲ့မြူကို ထိတွေ့လျှင်ချင်း သူတို့က မြူအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး တိမ်နဲ့မြူရဲ့အစိတ်အပိုင်းတွေ ဖြစ်လာတယ်။

"တိမ်တွေ ရှင်းသွားပြီ၊ ဝင်ကြစို့"

တစ်ခဏကြာပြီးနောက် နန်းတော်ဂိတ်အပြင်ဘက်ရှိတိမ်တွေက ပျောက်ကွယ်သွားတယ်၊ နန်းတော်ကို ဝင်ဖို့ အခွင့်အရေးပဲ ကျန်တော့တယ်။

လီဖူချန်း လာတဲ့အချိန်မှာ နန်းတော်ဂိတ်အပြင်ဘက်မှာ တစ်ယောက်မှ မရှိဘူး။

ဒိအချိန်မှာ တိမ်တွေက ပိတ်ခါနီးနေပါပြီ။

ဝှစ်.......

လီဖူချန်းက နန်းတော်ထဲသို့ ဝင်ရောက်သွားတယ်။

နန်းတော်ရဲ့အတွင်းနဲ့အပြင်က လုံးဝကို မတူပါဘူး။

နန်းတော်အပြင်ဘက်မှာ လင်းယွင်းခယ်လိုဏ်ဂူနေအိမ်က နန်းတော်တစ်ခုဖြစ်တယ်။

နန်းတော်ထဲမှာ လင်းယွင်ခယ်လိုဏ်ဂူနေအိမ်က စစ်မှန်တဲ့လိုဏ်ဂူနေအိမ်ပါပဲ။ အထဲမှာ ကောင်းကင်ဘုံနဲ့မြေပြင် မရှိဘူး။ မော့ကြည့်လိုက်တဲ့အခါ မင်းက နေနဲ့တိမ်တွေကိုတောင် မြင်နိုင်တယ်။ လင်းယွင်ခယ်လိုဏ်ဂူနေအိမ်မှာ နေ့နဲ့ညရှိမယ်လို့ ညဆိုရင် လနဲ့ကြယ်ကို မြင်နိုင်မယ်လို့  လီဖူချန်းက ခန့်မှန်းထားတယ်။

"ဒီလင်းယွင်ခယ်က အလွန်အမင်းအားကောင်းတဲ့ဆန်းကြယ်နတ်ဘုရားတစ်ယောက်ပဲ ဖြစ်ရမယ်"

နန်းတော်အသုံးအဆောင်ပစ္စည်းတွေက အာကာသယာဉ်အသုံးအဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိတယ်၊ အထူးသဖြင့် သူတို့ရဲ့ကိုယ်ပိုင်နေရာလပ်ရှိတဲ့နန်းတော်အသုံးအဆောင်ပစ္စည်းတွေပဲ၊ ဆယ်ဆပိုတန်ဖိုးရှိတယ်။

မျက်စိဖမ်းစားတဲ့ပထမဆုံးအရာက လိုဏ်ဂူနေအိမ်ရဲ့ကွက်လပ်တစ်ခုပါပဲ။ ကွက်လပ်ရဲ့အလယ်မှာ ကြီးမားတဲ့ရေပန်းတစ်ခုရှိတယ်။ ရေပန်းရဲ့အသွင်အပြင်အရ ၎င်းက အလုပ်မလုပ်တော့တာ နှစ်ပေါင်းမရေမတွက်များစွာ ရှိလောက်မယ်။

လိုဏ်ဂူနေအိမ်ကွက်လပ်နဲ့ချိတ်ဆက်ထားတဲ့လမ်းကြောင်းရှစ်ခုရှိပြီး လီဖူချန်းက တစ်ခုကို ကြုံရာရွေးချယ်ခဲ့တယ်။

လမ်းကြောင်းက အကွေ့အကောက်တွေရှိတယ်၊ ချောင်ကျတယ်။ ရံဖန်ရံခါမှာ ညှိုးခြောက်နေတဲ့နတ်ဘုရားမြက်တွေ၊ နတ်ဘုရားပန်းတွေကို မြင်နိုင်တယ်။ လီဖူချန်းက အချို့ကို သိတယ်။ သူတို့အားလုံးက ကြယ်နှစ်လုံးနတ်ဘုရားမြက်တွေပါပဲ။

လမ်းကြောင်းရဲ့အဆုံးမှာ ဝါးတောအုပ်တစ်ခုရှိတယ်။ ဒီဝါးတောအုပ်ကို ကြည့်ရတာ အလွန်တိတ်ဆိတ်နေတယ်၊ ရံဖန်ရံခါမှာ သတ်ဖြတ်ခြင်းဆန္ဒတစ်ခုကို ထုတ်ပြနေတယ်။

ဝါးတောအုပ်ရဲ့အရှေ့မှာ ကျောက်ပြားတစ်ချပ်ရှိပြီး အပေါ်မှာ အက္ခရာသုံးလုံးကို ရေးထားတယ်-လိုရယ်တောအုပ်။

လက်ရှိအချိန်မှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားသုံးဆယ်ခန့်က ကျောက်ပြားရှေ့ရှိနေရာလပ်ထဲမှာ ရပ်နေတယ်။

"ပထမဆုံးတားမြစ်ဧရိယာက ဒီလောက်အန္တရာယ်များမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး" အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က ဒီနေရာကို အခုမှ ပထမဆုံးအကြိမ်ရောက်လာမှန်း သိသာတယ်။

နောက်ထပ်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က ပြောလိုက်တယ်"လင်းယွင်ခယ်လ်ိုဏ်ဂူနေအိမ်ထဲမှာ အန္တရာယ်နေရာတွေ မရေမတွက်နိုင်လောက်အောင် ရှိတယ်။ လိုရယ်တောအုပ်က သိပ်မကြမ်းပါဘူး၊ နာမည်ကပဲ ကြောက်စရာကောင်းနေတာ"

"ဒါ ဟုတ်တယ်၊ လိုရယ်တောအုပ်က သူ့ရဲ့လှုပ်ရှားမှုတွေနဲ့တိုက်ခိုက်ရေးအတတ်တွေကို စမ်းသပ်တယ်၊ ခွန်အားနဲ့ ပတ်သက်ပြီး အများကြီး အာရုံစိုက်စရာမလိုဘူး"

"နောက်ဆုံးအကြိမ် ငါ ချိုးဖြတ်တုန်းက ဒီလိုရယ်တောအုပ်က အခုလိုမဟုတ်ပါဘူး"

မျောက်တစ်ကောင်လိုပေါ့ပါးတဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က လိုရယ်တောအုပ်ထဲသို့ ခုန်ဝင်သွားတယ်။

တိတ်ဆိတ်ငြိမ်သက်နေတဲ့လိုရယ်တောအုပ်က ချက်ချင်း လှုပ်ရှားလာပြီး ဝါးရွက်တွေက အနှီအစစ်အမှန်နတ်ဘုရားဆီ ပြိုင်ဘက်ကင်းဓားပညာတစ်ခုအလား ရိုက်ခတ်လာတယ်။

အား......

အော်သံတွေ ထွက်လာတယ်။ မျောက်တစ်ကောင်လို ပေါ့ပါးတဲ့အစစ်အမှန်နတ်ဘုရားက အသက်တစ်ခါရှုချိန်တောင် မထိန်းနိုင်ခဲ့ဘဲ ဝါးရွက်က ထိုးဖောက်သွားခဲ့တယ်။

"ဒါ ဘာဖြစ်တာလဲ။ လိုရယ်တောအုပ်ရဲ့သတ်ဖြတ်ခြင်းအခက်အခဲက တိုးလာတာပဲ၊ နှစ်ဆတောင် ကျော်နေတယ်"

"မင်း လင်းယွင်ခယ်လိုဏ်ဂူနေအိမ်နဲ့ ပတ်သက်ပြီး အများကြီးမသိဘူးပဲ။ လင်းယွင်ခယ်လိုဏ်ဂူနေအိမ်ရဲ့အန္တရာယ်နေရာတွေရဲ့အန္တရာယ်အဆင့်က အမြဲတမ်းပြောင်းလဲနေတာ။ တစ်ခါတစ်ရံမှာ အန္တရာယ်နေရာအပြင်ဘက်ရဲ့အန္တရာယ်အဆင့်က အတွင်းဘက်ထက်တောင် ပိုမြင့်တယ်"

ပြောတဲ့သူက လူအိုကြီးတစ်ယောက်၊ သူက စိုးရိမ်တကြီး ပြောလိုက်တယ်။

"ငါ ဓားနတ်ဘုရားရှောင်ဖန်းက မယုံဘူး၊ ငါ စမ်းသပ်ကြည့်ရမယ်" ဓားနတ်ဘုရားရှောင်ဖန်းက အစစ်အမှန်ဓားတာအိုနတ်ဘုရားတစ်ယောက်ဖြစ်တယ်။ သူက သူ့ရဲ့ဓားပညာကို အလွန်ယုံကြည်ချက်ရှိမှန်း သိသာတယ်။

ဒင်း ဒင်း ဒင်း ဒေါင်း.......

လိုရယ်တောအုပ်ထဲမှာ ပြိုင်ဘက်ကင်းဓားနတ်ဘုရားနှစ်ယောက်က တိုက်ခိုက်နေသလိုပဲ၊ သံချင်းထိခတ်သံ၊ ‌ရွှေချင်းထိခတ်သံတွေက အဆုံးမဲ့ဖြစ်နေတယ်။

"ဟားဟား"

တစ်ခဏကြာပြီးနောက် ဓားနတ်ဘုရားရှောင်ဖန်းရဲ့ရယ်သံက လိုရယ်တောအုပ်ရဲ့အခြားတစ်ဖက်မှ ထွက်ပေါ်လာတယ်။

"‌ဓားနတ်ဘုရားရှောင်ဖုန်းက ချိုးဖြတ်သွားတာပဲ"

ဓားနတ်ဘုရားရှောင်ဖုန်းရဲ့အောင်မြင်မှုက လူတိုင်းကို မျှော်လင့်ချက်ရှိလာစေတယ်၊ မကြာမီမှာပဲ နောက်ထပ်လူတစ်ယောက်က လိုရယ်တောအုပ်ကို ထိုးဖောက်သွားခဲ့တယ်။

တစ်ယောက်၊ နှစ်ယောက်......

လူဆယ်ယောက်ထဲမှာ လေး‌ယောက်က ထိုးဖောက်နိုင်ခဲ့ပြီး အခြားခြောက်ယောက်က လိုရယ်တောအုပ်ထဲသို့ ကျသွားတယ်။

"လိုရယ်တောအုပ်၊ နာမည်ကောင်းတစ်ခုပဲ"

သူက လိုရယ်တောအုပ်သို့ ရောက်လာတဲ့အခါ လီဖူချန်းက အထဲကို တုံ့ဆိုင်းမနေဘဲ ဝင်ရောက်ခဲ့တယ်။

ဒင်း ဒင်း ဒင်း ဒင်း......

သံချင်းထိခတ်သံ၊ ရွှေချင်းထိခတ်သံတွေက ထွက်ပေါ်လာတယ်။ အသက်ရှုချိန်အနည်းငယ်ပြီးနောက် လီဖူချန်းက လိုရယ်တောအုပ်ရဲ့အခြားတစ်ဖက်သို့ ရောက်ရှိလာတယ်။

အရှိန်က မြန်လွန်းတာကြောင့် နောက်မှ ကြည့်ရှုနေသူတွေက မှင်တက်သွားရတယ်။

"ဘယ်လိုတောင်အားကောင်းတဲ့ ဓားသမားလဲ"

"ဒါမှ အစစ်အမှန်ဓားနတ်ဘုရား"

ဓားနတ်ဘုရားရှောင်ဖန်းက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေအထဲမှာ နံပါတ်၁ဓားသမားတစ်ယောက်ဆိုရင် လီဖူချန်းက ထူးကဲအဆင့်ဓားသမားတစ်ယောက်ဖြစ်တယ်။ သူတို့နှစ်ယောက်က တူညီတဲ့အဆင့်မှာ မရှိပါဘူး။

လိုရယ်တောအုပ်ကို ဖြတ်ပြီးနောက် အဆောက်အအုံတစ်ခုက လီဖူချန်းရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။

ဒီအဆောက်အအုံတွေမှာ ခန်းမငယ်အနည်းငယ်၊ ခြံဝင်းအနည်းငယ်နဲ့ သေးငယ်တဲ့ကွပ်လပ်တစ်ခု ပါဝင်တယ်။

ခန်းမငယ်တွေထဲကတစ်ခုကို ဝင်ရောက်ပြီးနောက် လီဖူချန်းက မော့ကြည့်လိုက်တယ်၊ ခန်းမရဲ့ကျောက်ပြားပေါ်မှာ ရေးထိုးထားတဲ့'မူလပန်းပဲခန်းမ'ဆိုတဲ့စကားလုံးတွေကို မြင်လိုက်ရတယ်။

"နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ထုလုပ်တဲ့နေရာဖြစ်မယ်"

လီဖူချန်းက ဝင်သွားတယ်။

ပန်းပဲခန်းမရဲ့အတွင်းပိုင်းက အလွန်ဖရိုဖရဲဖြစ်နေတယ်။ သတ္တုတွေ၊ ပျက်ဆီးနေတဲ့အသုံးအဆောင်ပစ္စည်းအစအနတွေက နေရာတိုင်းမှာ ပြန့်ကျဲနေတယ်။ ကပ်လျက်ရှိပန်းပဲဖိုက မီးငြိမ်းသတ်နေပြီး အထဲက မှောင်နေတယ်၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းနမူနာအချို့ကို ရေးတေးတေးမြင်ရနိုင်သေးတယ်။

အကြည့်တစ်ချက်နဲ့ သူနဲ့ကပ်လျက်မှာ ဘေးခန်းမတစ်ခုရှိတာကို လီဖူချန်းက တွေ့ခဲ့တယ်။

ဘေးခန်းမထဲမှာ သံစင်တွေ အတန်းလိုက်ရှိတယ်၊ စုစုပေါင်းဆယ်တန်းရှိပြီး အတန်းတစ်ခုစီမှာ အက္ခရာတစ်ခုစီရှိတယ်၊ သာမန်အဆင့်နိမ့်၊ ပျမ်းမျှအဆင့်နိမ့်၊ ထူးကဲအဆင့်နိမ့်၊ ပြီးပြည့်စုံခြင်းအဆင့်နိမ့်၊ ထူးကဲအဆင့်နိမ့်၊ သာမန်အလယ်ဆင့်၊ ပျမ်းမျှအလယ်ဆင့်........

အဆုံးစွန်းအလယ်ဆင့်နေရာပြီးနောက် အဆင့်မြင့်နေရာမရှိတော့ဘူး။

လက်ရှိအချိန်မှာတော့ သံစင်တွေပေါ်မှာ ဘာတစ်ခုမှ မကျန်ရှိတော့ပါဘူး။

"သူတို့အားလုံး ယူသွားကုန်လောက်ပြီ"

ဘေးခန်းမကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို သိုလှောင်ဖို့ အသုံးပြုတယ်ဆိုတာ သိဖို့ လီဖူချန်းက ခန့်မှန်းစရာတောင် မလိုပါဘူး။

လီဖူချန်း ထင်ထားသလိုပဲ၊ ဘေးနားကပ်လျက်ရှိမူလအဂ္ဂိရတ်ခန်းမ၊ မူလနတ်ဘုရားအတတ်ခန်းမ၊ မူလပစ္စည်းခန်းမတွေက ဗလာဖြစ်‌နေတယ်၊ ဘာတစ်ခုမှ မကျန်တော့ပါဘူး။

"နောက်ထပ်တားမြစ်နေရာကို သွားဖို့ အချိန်ပဲ"

အဆောက်အအုံကို ဖြတ်ပြီးနောက် လီဖူချန်းက သေးငယ်တဲ့ရွာကလေးတစ်ရွာဆီ ရောက်ရှိလာတယ်၊ ရွာကလေးကို ဖြတ်ပြီးရင်တော့ ရွေးချယ်စရာလမ်းကြောင်းလေးခုရှိတယ်။

တုံ့ဆိုင်းမနေဘဲ လီဖူချန်းက ကြုံရာတစ်ခုကို ရွေးချယ်ခဲ့တယ်။

တစ်ခဏကြာပြီးနောက် လှေကားတစ်ခုက ထွက်ပေါ်လာတယ်။

လှေကားပေါ်မှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက ရွေ့လျားနေတယ်။ သူတို့ ကြိုးစားအားထုတ်နေရတာကို ကြည့်ရင် ဒီလှေကားက မလွယ်ဘူးဆိုတာ သေချာတယ်။

ဝှစ်.......

လှေကားထစ်တွေရဲ့အလယ်မှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က ရုတ်တရက် သွေးတစ်ပွက်အန်လိုက်တယ်၊ ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးက ပေါက်ကွဲထွက်သွားတယ်။ မြင်ကွင်းက အလွန်ကြောက်စရာကောင်းတယ်။

"အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေကတောင် ပျက်ဆီးသွားရတယ်။ ဒီကမ္ဘာဆွဲအားလှေကားက နာမည်နဲ့ ထိုက်တန်ပါတယ်လေ"

လှေကားရဲ့အရှေ့ကျောက်ပြားပေါ်မှာ 'ကမ္ဘာဆွဲအားလှေကား'ပြီး အက္ခရာလေးခုရေးထားတယ်။ ဆည်းဆာစတုရန်းမြို့မှ ဝယ်ယူခဲ့တဲ့ လင်းယွင်ခယ်လိုဏ်ဂူနေအိမ်ရဲ့တားမြစ်နေရာတွေနဲ့ပတ်သက်တဲ့ကျောက်စိမ်းဖြတ်ပိုင်းအရ ကမ္ဘာဆွဲအားလှေကားက ရိုးရှင်းပြီးခက်ခဲတယ်ဆိုတာ လီဖူချန်းက သိတယ်။ အခက်အခဲကတော့ မင်းရဲ့နတ်ဘုရားစွမ်းအားက ကမ္ဘာဆွဲအားလှေကားရဲ့ကမ္ဘာဆွဲအားကို တောင်ခံနိုင်မလားဆိုတဲ့အပေါ်မှာ မူတည်တယ်။

"မရတော့ဘူး၊ မရတော့ဘူး"

အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက ကမ္ဘာဆွဲအားလှေကားမှ တစ်ယောက်ပြီးတစ်ယောက် ပြန်ဆင်းလာကြတယ်။

လီဖူချန်းက ပြုံးပြီး ကမ္ဘာဆွဲအားလှေကားပေါ်ကို ခြေချခဲ့တယ်။

ချက်ချင်းပဲ မမြင်နိုင်တဲ့ကမ္ဘာဆွဲအားတစ်ခုက လီဖူချန်းကို ဝန်းရံလာတယ်။

တစ်၊ နှစ်၊ သုံး......

မကြာမီမှာပဲ လီဖူချန်းက ကမ္ဘာဆွဲအားလှေကားကို ဖြတ်ကျော်ခဲ့တယ်။

ကမ္ဘာဆွဲအားလှေကားရဲ့ကမ္ဘာဆွဲအားက အလွန်ကြောက်စရာကောင်းပေမယ့် လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဆယ်ဆပိုသန်မာလာရင်တောင် သူ့အပေါ် ဘာသက်ရောက်မှုမှ ရှိလာမှာ မဟုတ်ပါဘူး။

……

ဒါက ကြီးမားတဲ့ဆေးပင်ဥယျာဉ်တစ်ခုဖြစ်ပြီး သေးငယ်တဲ့ဆေးပင်ဥယျာဉ်တစ်ရာအဖြစ် ခွဲခြားထားတယ်။

မူလက ဒီနတ်ဘုရားဆေးဥယျာဉ်တွေကို နတ်ဘုရားဝင်္ကပါတွေနဲ့ ကာကွယ်ထားခဲ့ပေမယ့် လက်ရှိမှာတော့ နတ်ဘုရားဝင်္ကပါအများစုက ပျက်ဆီးနေပြီး အထဲရှိနတ်ဘုရားဆေးပင်တွေကလဲ ဗလာဖြစ်နေတယ်။ နတ်ဘုရားဝင်္ကပါအနည်းငယ်ကပဲ လည်ပတ်နေသေးတာ။

"အစစ်အမှန်သွေးကြောမြက်"

တစ်ချက်ကြည့်လိုက်ရာ သေးငယ်တဲ့နတ်ဘုရားဆေးဥယျာဉ်တွေထဲကတစ်ခုမှာ အစစ်အမှန်သွေးကြောမြက်ခုနှစ်ပင်ကို လီဖူချန်းက မြင်ခဲ့တယ်။

အစစ်အမှန်သွေးကြောမြက်၊ ကြယ်နှစ်လုံးအဆင့်မြင့်‌အစစ်အမှန်သွေးကြောဆေးကို သန့်စင်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေက တစ်ခုဖြစ်တယ်။

၎င်းက ထိပ်တန်းအဆင့်ဆေးဖြစ်ပြီး အစစ်အမှန်သွေးကြောဆေးရဲ့တန်ဖိုးက အစစ်အမှန်သွေးဆေးထက် အဆတစ်ရာပိုတယ်။

တကယ်တော့ အစစ်အမှန်သွေးပြန်ဆေးက ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားဆေးဖြစ်ပြီး အစစ်အမှန်သွေးဆေးက ကြယ်နှစ်လုံးအဆင့်နိမ့်နတ်ဘုရားဆေးလေ။ နှစ်ခုကြား အသက်နယ်ပယ်သက်ရောက်မှုက အများကြီး ကွာတယ်။

"ပြား‌တွေပဲ၊ ပြေးကြတော့"

အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက နတ်ဘုရားဝင်္ကပါတစ်ခုကို တိုက်ခိုက်နေတယ်။ ဝင်္ကပါက ပျက်ဆီးနေပြီး ဖရဲသီးအရွယ်အစားရှိအနက်ရောင်ပြားတွေက ပြေးထွက်လာခဲ့ကြတယ်။ သူတို့က လူတစ်ယောက်ယောက်ကို မြင်တဲ့အခါ အရူးအမူးကိုက်ခဲလာကြတယ်။

"နတ်ဘုရားသတ်ဖြတ်သူပိုးလောင်းတွေဆိုတာ အံ့ဩစရာမရှိဘူးပဲ"

လီဖူချန်းက အနည်းငယ်အံ့အားသင့်သွားတယ်။

နတ်ဘုရားသတ်ဖြတ်သူပြား၊ အလွန်အမင်းအားကောင်းတဲ့အင်းဆက်တစ်မျိုး၊ ၎င်းရဲ့ပိုးလောင်းပုံစံက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့ခွန်အားရှိပြီး ၎င်းရဲ့ခန္ဓာကိုယ်က မဖျက်ဆီးနိုင်ကာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့ ယှဉ်နိုင်တယ်။ အရွယ်ရောက်လာပြီးနောက် နတ်ဘုရားသတ်ဖြတ်သူပြားက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနဲ့ ယှဉ်နိုင်ပြီး ၎င်းခန္ဓာကိုယ်ရဲ့မာကျောမှုက ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ယှဉ်နိုင်တယ်။

ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ နတ်ဘုရားသတ်ဖြတ်သူပြားပိုးလောင်းရဲ့တန်ဖိုးက ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် မနိမ့်ကျပါဘူး၊ ဆန်းကြယ်နတ်ဘုရားများစွာက နတ်ဘုရားသတ်ဖြတ်သူပြားပိုးလောင်းကို လိုချင်ကြတယ်။

All Chapters