← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

Chapter 112

"သရဲဘုရင် ဟုတ်လား၊ ဘာသရဲဘုရင်လဲ"

ကျိုးအိုက်ကော်သည် တစ်ကိုယ်လုံး တုန်လှုပ်သွားရကာ ခုနက... ခုနက ထိုမင်္ဂလာဆောင်အဖွဲ့ကြီးသည် အဆင့်ခုနစ် သရဲဘုရင်တစ်ကောင် ဖြစ်နေသည်လား။

"ရပါပြီ၊ ငါ့လူတွေ မင်းတို့ရှိတဲ့နေရာကို ရှာတွေ့ထားပြီ၊ အခုပဲ လာကြိုပေးမယ်"

လော့ယွီမင်သည် ဖုန်းချလိုက်ပြီးနောက် လျိုပန်ချန်း၊ ပိုင်ကျန့်ချန်တို့နှင့်အတူ ဓားပျံများကို ဂရုတစိုက် စီးနင်းကာ ထိုကြီးမားလှသော မင်္ဂလာဆောင်အဖွဲ့၏ နောက်ကွယ်မှနေ၍ လိုက်ပါလာကြတော့သည်။

အမှန်စင်စစ်အားဖြင့် သရဲဘုရင်၏ အခြံအရံများ ကျင်းဟိုင်မြို့၌ ပေါ်လာကတည်းက ကျင်းဟိုင်မြို့ ဝိညာဉ်ချုပ်ထိန်းရေးဌာနသည် ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိခဲ့ပြီး ဖြစ်သည်။

လော့ယွီမင်နှင့် လျိုပန်ချန်းတို့သည် ပထမဆုံးအချိန်၌ပင် တားဆီးရန် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြသော်လည်း ကြီးမားသော စွမ်းအားတစ်ခု၏ လွှင့်ပစ်ခြင်းကို ခံခဲ့ရသည်။ တစ်ဖက်လူတွင် သတ်ဖြတ်လိုစိတ် မရှိကြောင်း သိရှိသွားပြီးနောက်တွင်မူ လော့ယွီမင်နှင့် လျိုပန်ချန်းတို့သည် စိတ်အေးသွားခဲ့ကြသည်။

အကြောင်းမူကား အဆင့်ခုနစ် သရဲဘုရင်အဆင့်ရှိသော ကျင့်ကြံသူတစ်ဦးသည် တကယ်တမ်း သောင်းကျန်းပါက ကျင်းဟိုင်မြို့တစ်ခုလုံးရှိ လူများကို သတ်ဖြတ်ရန်ပင် လုံလောက်ပေသည်။

"တူလေးလော့၊ သရဲဘုရင် သွားနေတဲ့ လမ်းကြောင်းက ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ မဟုတ်လား"

"ဟုတ်လောက်တယ်၊ ဘာမှ ထူးထူးခြားခြား မရှိရင် ဒီသရဲဘုရင်က ချန်ကျိုးကို သွားရှာတာ ဖြစ်လိမ့်မယ်"

လော့ယွီမင်သည် သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောသည်။

အကြောင်းရင်းမရှိဘဲ ဤသရဲဘုရင်သည် ချန်ကျိုးနှင့် ပတ်သက်မှုရှိကြောင်း သိရှိလိုက်ရချိန်တွင် သူ၏ စိုးရိမ်ပူပန်နေသော စိတ်အခြေအနေမှာ များစွာ ပြေလျော့သွားခဲ့ရသည်။

...

"ဒီနေ့ အားလုံးပဲ စွမ်းဆောင်ရည် ကောင်းကြတယ်၊ အလှပြင်သရဲမတို့အဖွဲ့က တစ်နာရီကျော်နဲ့ တာဝန်ကို ပြီးမြောက်အောင် မြင်ခဲ့တယ်၊ ပြီးတော့ အားယန်ဆိုရင်လည်း အဆင့်သုံး အလယ်အလတ် အဆင့် အငြိုးကြီးတစ္ဆေတစ်ကောင်ကို တစ်ယောက်တည်း ရင်ဆိုင်ပြီး အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့တယ်၊ အပ်နှံသူကလည်း အရမ်း ချီးကျူးသွားခဲ့တယ်၊ ကဲ... အခု ညဉ့်နက်ပိုင်း ဒုတိယအဆင့် တာဝန်တွေကို ခွဲဝေပေးတော့မယ်"

စိတ်ကျန်းမာရေးဆေးရုံကြီးအတွင်း၌ ဟွမ်ရှောင်မော့သည် သရဲများ၏ ရှေ့တွင် မတ်တတ်ရပ်ကာ စကားများကို ဟန်ပါပါ ပြောဆိုနေသည်။

အားယန်သည် ချီးကျူးစကား ကြားရသဖြင့် ပါးစပ်ကြီး ဖြဲကာ ရယ်မောနေပြီး မျက်လုံးနှစ်လုံးမှာ လမင်းကွေးလေးကဲ့သို့ ဖြစ်နေကာ မျက်စိသူငယ်အိမ်များမှာ ဘယ်တစ်ဖက် ညာတစ်ဖက် စောင်းနေသဖြင့် ကြည့်ရသည်မှာ အူကြောင်ကြောင်နှင့် ချစ်စရာ ကောင်းနေတော့သည်။

သူမသည် ရှောင်ကွေ့ထို၏ လက်ကို ဆွဲလိုက်ပြီး ကလေးတစ်ယောက် ဆရာမထံမှ ဆုရရှိသည့်အလား အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှောင်ကွေ့ထိုကို ကြွားဝါနေတော့သည်။

"အစ်မကွေ့၊ စောစောက ကျမဖြင့် ကြောက်လွန်းလို့ သေတော့မလို့ပဲ၊ အဲဒီ အငြိုးကြီးတစ္ဆေကို သိလား၊ သူက ခေါင်းပြတ်သရဲ ဖြစ်နေတာ၊ ပြီးတော့ သူ့ခေါင်းကို သူ့လက်ထဲမှာ ကိုင်ထားသေးတယ်၊ ကျမနှလုံးသားလေးဆိုတာ တုန်ခါနေတာပဲ၊ သူ့ကို ကြည့်တောင် မကြည့်ရဲဘူး"

အားယန်သည် စကားများကို ကယောက်ကယက် ပြောဆိုနေသော်လည်း ရှောင်ကွေ့ထိုကမူ တည်ငြိမ်လျက်ပင် ရှိသည်။

ရုတ်တရက် ရှောင်ကွေ့ထိုသည် တစ်ခုခုကို ခံစားမိလိုက်သည့်အလား မျက်လုံးများ ကျဉ်းမြောင်းသွားကာ စိတ်ကျန်းမာရေးဆေးရုံ၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ကျားဝိညာဉ်ကြီးသည်လည်း မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်လွှတ်ကာ တိုက်ခိုက်တော့မည့် ပုံစံမျိုး ပြုလုပ်လိုက်သည်။

ဟွမ်ရှောင်မော့သည် နားကို လှုပ်ခါလိုက်ရာ ဘယ်ကမှန်းမသိသော ပုလွေမှုတ်သံကို တိုးတိုးတိတ်တိတ် ကြားလိုက်ရသည်။

“တီတူးတီးတား တီတူးတီး...”

ပုလွေမှုတ်သံမှာ တဖြည်းဖြည်း ကျယ်လောင်လာပြီး အဝေးတစ်နေရာတွင် သရဲရိပ်တစ်စု ပေါ်လာကာ မမြင်ရသော ဖိအားတစ်ခုသည် သရဲများ၏ ရင်ထဲတွင် လွှမ်းမိုးသွားခဲ့သည်။

ဟွမ်ရှောင်မော့သည် စိတ်ကျန်းမာရေးဆေးရုံ၏ တံခါးဝသို့ လှမ်းကြည့်လိုက်ရာ အမွှေးအမျှင်များ ထောင်မတ်သွားပြီး တစ်ခါမျှ မကြုံဖူးသော ကြီးမားလှသည့် ထိတ်လန့်စရာ အရာတစ်ခု မိမိတို့ထံသို့ ချဉ်းကပ်လာနေသည်ဟု ခံစားလိုက်ရသည်။

စိတ်ကျန်းမာရေးဆေးရုံ တံခါးဝရှိ ပုံရိပ်များသည် တဖြည်းဖြည်း ပြတ်သားလာပြီး သရဲတစ်ရာ ညဉ့်လှည့်လည်ခြင်းဖြစ်ကာ ပုလွေသံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေပြီး မောင်းသံများ ညံစီနေကာ ခြံစည်းရိုးတွင် ကပ်ထားသော ပန်းကလေးများ၊ မြက်ပင်ကလေးများနှင့် ငါးပူဖောင်းကလေးများ စသည့် အဆောင်များသည် လေမတိုက်ဘဲ အလိုအလျောက် မီးလောင်ကျွမ်းကုန်ကြသည်။

"သရဲဘုရင် တံခါးဝအထိ ရောက်လာပြီ"

ရှောင်ကွေ့ထို၏ မျက်လုံးများတွင် အနီရောင်အလင်းများ ဖြာထွက်လာသည်။

"သရဲ... သရဲဘုရင် ဟုတ်လား"

ဟွမ်ရှောင်မော့သည် ကြောက်လွန်းသဖြင့် အသံပင် ပြာသွားရကာ ခေါင်းလှည့်ပြီး အခန်းငယ်လေးထဲသို့ ပြေးဝင်သွားကာ ဟောက်သံ ပြင်းထန်နေသော ချန်ကျိုးကို နှိုးလိုက်တော့သည်။

"ချန်ကျိုး... မြန်မြန်နိုးတော့၊ သရဲဘုရင် မင်းကို လာရှာနေပြီ၊ ချန်ကျိုး၊ မြန်မြန်နိုးပါတော့"

ချန်ကျိုးသည် အိပ်မက်ကောင်းများ မက်နေဆဲ ဖြစ်သည်။ အိပ်မက်ထဲတွင် သူသည် ထိပ်သီးကျင့်ကြံသူ ရုပ်မြင်သံကြား အစီအစဉ်၏ ရိုက်ကူးရေးတွင် ပါဝင်နေပြီး ကုတ်အင်္ကျီအဖြူကို ဝတ်ဆင်ကာ မျက်မှန်ရွှေကိုင်းကို တပ်ဆင်ထားပြီး လက်ထဲတွင် ထူထဲသော စာအုပ်ကြီးတစ်အုပ်ကို ကိုင်ဆောင်လျက် ထိုသရဲများကို စာဖတ်ရန် သင်ကြားပေးနေသည်။

သူက ထိုသရဲများကို စာသေချာသင်ရန်နှင့် နေ့တိုင်း တိုးတက်အောင် လုပ်ရန် ပြောနေသည်။

မည်သူမဆို စာကြိုးစား၍ မဖတ်ပါက အရိုက်ခံရမည်ဖြစ်ပြီး ပြင်းပြင်းထန်ထန် အရိုက်ခံရမည် ဖြစ်သည်။

မိုက်မဲသော ကမ္ဘာမြေ လူသားများသည် သူ၏ အမူအရာ တင့်တယ်မှုကို အားကျတပ်မက်နေကြသည်။

သူ ရောက်ရှိသွားသည့် နေရာတိုင်းတွင် မိုက်မဲသော ကမ္ဘာမြေ လူသားများသည် တောင်ပြိုမတတ် အော်ဟစ်အားပေးကြသည်။

...

"ဟီးဟီး... ဟီးဟီး..."

ချန်ကျိုးသည် မေးစေ့ကို ကုတ်လိုက်ရင်း တစ်စုံတစ်ယောက်က မိမိကို ခေါ်နေသကဲ့သို့ ဝေဝါးစွာ ကြားလိုက်ရသည်။

"ချန်ကျိုး၊ မြန်မြန်နိုးတော့၊ ချန်ကျိုး၊ သရဲဘုရင် မင်းကို လာရှာနေပြီ"

နောက်တစ်စက္ကန့်တွင် ချန်ကျိုးသည် မျက်စိဖွင့်လိုက်ပြီး မိမိ၏ အိပ်မက်ကောင်းကို နှောင့်ယှက်သော ဟွမ်ရှောင်မော့ကို ကြည့်ကာ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

"ကြောင်လေး၊ မင်းက တုတ်စာမိချင်ပြန်ပြီလား"

ဟွမ်ရှောင်မော့သည် ငိုမဲ့မဲ့မျက်နှာဖြင့် အပြင်ဘက်သို့ လက်ညှိုးထိုးကာ ပြောသည်။

"ချန်ကျိုး၊ အပြင်မှာ၊ အပြင်မှာ သရဲဘုရင်တစ်ကောင် ရောက်နေတယ်"

ချန်ကျိုးသည် ထိုအချိန်မှသာ မိုးပြိုမတတ် မြည်ဟည်းနေသော ပုလွေမှုတ်သံကို သတိပြုမိလိုက်တော့သည်။

“ဟင်...ဘယ်သူက မင်္ဂလာဆောင်ပြန်တာလဲ”

ချန်ကျိုးသည် ကုတင်ပေါ်မှ ချက်ချင်း ထထိုင်လိုက်ပြီး မျက်မှန်ရွှေကိုင်းကို တပ်ဆင်ကာ ခေါင်းကို အပြင်သို့ ပြူထွက်ကြည့်လိုက်သည်။

ရင်းနှီးနေသော သရဲအဖွဲ့တစ်ဖွဲ့သည် ခြံဝန်းထဲ၌ တီးမှုတ်ကခုန်နေကြပြီး မိမိလက်အောက်ရှိ သရဲအုပ်စုမှာမူ ထောင့်တစ်နေရာတွင် စုပြုံကာ တစ်ဆတ်ဆတ် တုန်ရီနေကြသည်ကို မြင်တွေ့လိုက်ရသည်။

ကျားဝိညာဉ်ကြီးနှင့် ရှောင်ကွေ့ထိုတို့သာလျှင် ထိုသရဲများကို သတိကြီးစွာဖြင့် ကြည့်ရှုရင်း တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားကြသည်။

"မင်းတို့ အရည်အချင်းမရှိတဲ့ အကောင်တွေ"

ချန်ကျိုးသည် ကြီးမားသော အိမ်စီးဖိနပ်ကို စီးနင်းကာ အပေါ်က အပြာရောင် တီရှပ်၊ အောက်က အမည်းရောင် ဘောင်းဘီတိုကို ဝတ်ဆင်လျက် မကျေမနပ်ဖြစ်ကာ အခန်းထဲမှ ထွက်လာသည်။

"ဘာလုပ်နေကြတာလဲ၊ ဘာလုပ်နေကြတာလဲ၊ ညဉ့်နက်သန်းခေါင် ဆူညံသောင်းကျန်းနေတာ၊ ငါချန်ကျိုးကြီးကို အိပ်ခွင့်မပေးတော့ဘူးလား"

"သခင်လေး၊ ရှင်နဲ့ကျမက မင်္ဂလာဆောင်ထားကြတာပဲဥစ္စာ၊ တစ်ရက်ပဲ ခွဲခွာရသေးတာကို ရှင်က ကျမကို မမှတ်မိတော့ဘူးလား"

ဖြူစင်နုနယ်သော လက်မောင်းလေးသည် ပိတ်ပါးစလိုက်ကာကို ဖယ်ရှားလိုက်ရာ ထန်ထိုက်မင်ယွဲ့သည် အနီရောင် မင်္ဂလာဝတ်စုံကြီးကို ဝတ်ဆင်ထားပြီး အပြင်ဘက်တွင် ပုရစ်တောင်ပံကဲ့သို့ ပါးလွှာသော ဝတ်စုံရှည်ကို ခြုံထားလျက် ဝေါယာဥ်ထဲကလူမှာ ပြုံးပြုံးလေး ပျံသန်းထွက်လာခဲ့သည်။

သူမ၏ ခေါင်းပေါ်တွင် သပ်ရပ်လှပသော ရွှေဖီးနစ်ဆံထိုးကို ထိုးစိုက်ထားပြီး ဆံပင်အမည်းရောင်များသည် ရေတံခွန်ကဲ့သို့ ခါးအထိ ဝဲကျနေသည်။

မင်္ဂလာဦးသရဖူနှင့် မင်္ဂလာဝတ်စုံကြီးသည် အလွန်တရာ သန့်စင်လှပပြီး မြင့်မြတ်ကျော့ရှင်းလှပေသည်။

ချန်ကျိုးသည် တစ်ချက် ကြောင်အသွားပြီးနောက် ပြောသည်။

"မင်းလို မိန်းမငယ်လေးက တကယ်ပဲ အထီးကျန်တာကို မခံနိုင်ပါလား၊ ငါ ပြန်လာတာ တစ်ရက်ပဲ ရှိသေးတယ်၊ မင်းက မအိပ်နိုင်မစားနိုင် ဖြစ်နေပြီလား၊ ငါကတော့ ထိပ်သီးလူစွမ်းကောင်းတွေထဲက လူစွမ်းကောင်းကြီးပဲ၊ မင်းရဲ့ သေးငယ်တဲ့ အိမ်ဂေဟာထဲမှာ အကျဉ်းချခံထားရမှာလား၊ မင်းက ငါနဲ့ မင်္ဂလာဆောင်ထားတာဆိုတော့ မယားဝတ်တရား ကျေပွန်ရမယ်၊ ငါတို့လို လူစွမ်းကောင်းကြီးတွေရဲ့ ကိစ္စထဲကို ဝင်မရှုပ်နဲ့"

ထန်ထိုက်မင်ယွဲ့၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး အင်္ကျီလက်အောက်ရှိ လက်ကို တင်းတင်းဆုပ်လိုက်သည်။

“အောင့်ခံရမယ်...ချရင်လည်း မနိုင်ဘူး၊ ပညာရှိသူက ကလဲ့စားချေဖို့ ဆယ်နှစ်စောင့်တာ နောက်မကျပါဘူး”

ထန်ထိုက်မင်ယွဲ့သည် ခေါင်းကို ငုံ့လိုက်ပြီး အံကြိတ်ကာ မချိပြုံး ပြုံးလိုက်ပြီးနောက် အပြုံးမျက်နှာသို့ ပြန်လည်ပြောင်းလဲလိုက်သည်။

"သခင်လေး ဆုံးမတာ မှန်ပါတယ်၊ ဒါပေမဲ့ ရှင်နဲ့ကျမက မင်္ဂလာဆောင်တုန်းက မင်္ဂလာအရက်ပဲ သောက်ရသေးတာ၊ ကောင်းကင်နဲ့ မြေကြီးကို မကန်တော့ရသေးဘူး၊ ကျမ ဒီတစ်ခေါက် လာတာက သခင်လေးကို ဝိညာဉ်ကမ္ဘာဆီ ပြန်ခေါ်သွားပြီး ရှင်နဲ့ကျမ မပြီးဆုံးသေးတဲ့ မင်္ဂလာပွဲကို အဆုံးသတ်ချင်လို့ပါ"

ထန်ထိုက်မင်ယွဲ့က နှိမ့်ချလေလေ ချန်ကျိုးက ပို၍ မောက်မာလေလေဖြစ်ကာ တစ်ခြံလုံးရှိ သရဲများကို လက်ညှိုးထိုးပြပြီး ပြောသည်။

"မင်းလို မိန်းမငယ်လေးက အကျိုးအကြောင်း ပြောနေသေးတယ်၊ မင်္ဂလာဆောင်တာပဲ၊ မင်း နေ့ဘက် မလာရဲဘူးလား၊ ငါချန်ကျိုးကြီးက စိတ်အေးလက်အေး နေထိုင်နေတာကို မင်းက ဒီလောက် ဆူညံတဲ့ အရာတွေကို ယူလာတာ၊ ငါချန်ကျိုးကြီးရဲ့ ကျင့်စဉ်ကို တမင်တကာ ဖျက်ဆီးချင်လို့မလား၊ ကောင်းပြီလေ၊ မင်းလို မိန်းမငယ်လေးက တကယ်ပဲ စိတ်သဘောထား အောက်တန်းကျလိမ့်မယ်လို့ မထင်ထားမိဘူး"

"သခင်လေး..."

သရဲအဖွဲ့ထဲတွင် သရဲသုံးကောင်မှာ သရဲဘုရင်မက ချန်ကျိုးအပေါ် နှိမ့်ချစွာ ပြုမူနေသည်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်ရှုရင်း ဝိညာဉ်ချင်း လျင်မြန်စွာ ဆက်သွယ်နေကြသည်။

ရှန့်စစ်ပေ့က ပြောသည်။

"လောင်ဝမ်ရှား၊ မင်း ခွေးမသား၊ မင်း ပြောတော့ အရှင်မက ချန်ကျိုးကို နှိမ်နင်းဖို့ သုံးမှာဆို၊ အခု ဒီလူနှစ်ယောက်က ရန်ငြိုးကြီးမားနေတဲ့ ပုံစံမျိုး ဖြစ်နေလို့လား၊ ဒီလူနှစ်ယောက်က တစ်ဖွဲ့တည်းပဲဥစ္စာ"

ဝူကျန်းက ပြောသည်။

"ရန်ငြိုးကြီးမားတာ ဖြစ်မလား၊ ဒီလူနှစ်ယောက်က လင်မယားတွေပဲဟာ၊ အရှင်မ ပြောတာ မကြားဘူးလား၊ သူမက ချန်ကျိုးနဲ့ မင်္ဂလာဆောင်ထားတာတဲ့"

လောင်ဝမ်ရှားမှာ ကြောင်အမ်းသွားကာ ပြောသည်။

"အား... ငါလည်း ဒီလိုဖြစ်မယ်လို့ ဘယ်သိမလဲ၊ အရှင်မက ဝိညာဉ်ကမ္ဘာမှာ ချန်ကျိုးကို အလိုရှိစာရင်း ထုတ်ထားတာပဲ၊ အလိုရှိစာရင်းကို မင်းတို့အားလုံးလည်း မြင်ဖူးတာပဲ"

ဝူကျန်းက မေးသည်။

"အခု ငါတို့ ဘာလုပ်ကြမလဲ"

ရှန့်စစ်ပေ့က ပြောသည်။

"မူလအစီအစဉ်အတိုင်းပဲ လုပ်မယ်၊ အရင်ဆုံး ထွက်ပြေးကြမယ်၊ သူမက သရဲဘုရင် ဖြစ်နေပါစေဦး၊ လူ့လောကထဲမှာ အကြီးအကျယ် လိုက်မရှာရဲပါဘူး"

All Chapters