← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

Chapter 114

သရဲသုံးကောင်သည် မိမိတို့၏ ခန္ဓာကိုယ်များ မြှုပ်နှံခံထားရသည့် မြေပြင်ကို ကြည့်ရင်း ကြောင်အမ်းနေကြတော့သည်။

ဝူကျန်းသည် မိမိ၏ရင်ဘတ်ကို စမ်းသပ်ကြည့်ရင်း ပြောသည်။

"ငါ့နှလုံးသားထဲကို ပိုးကောင်တစ်ကောင် ဝင်သွားသလိုပဲ ခံစားရတယ်၊ တစ်ကိုယ်လုံး နေလို့မကောင်းဘူး"

လောင်ဝမ်ရှားက ပြောသည်။

"ဒါဆို ငါတို့ ခန္ဓာကိုယ်တွေကို တူးထုတ်ပြီး သုံးလို့ရသေးလားလို့ ကြည့်ရအောင်လား"

ကာလရှည်ကြာစွာ ကောင်းကင်မိစ္ဆာဂိုဏ်းက သူတို့ကို စွန့်ပစ်မည်မဟုတ်ဟု အခိုင်အမာ ယုံကြည်ထားသည့် ရှန့်စစ်ပေ့သည်လည်း ယခုအချိန်တွင် စိတ်ဓာတ်များ အနည်းငယ် ပျက်ပြားနေပြီ ဖြစ်သည်။

"ငါ ရှန့်စစ်ပေ့တစ်ယောက် ဘဝသက်တမ်းတစ်လျှောက်လုံး ကောင်းကင်မိစ္ဆာဂိုဏ်းအပေါ် သစ္စာစောင့်သိခဲ့တာ၊ ငါ့ရဲ့ အရာရာအားလုံးကို ပေးဆပ်ခဲ့တာပဲဥစ္စာ၊ ဂိုဏ်းက ငါ့အပေါ် ဒီလိုမလုပ်သင့်ဘူး”

“မဟုတ်သေးပါဘူး၊ ဒါ သေချာပေါက် ဝိညာဉ်ချုပ်ထိန်းရေးဌာနက လူတွေ ကောင်းကင်မိစ္ဆာဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်ပြီး ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို အတင်းအဓမ္မ လုယူသွားတာ ဖြစ်ရမယ်"

"ကောင်းကင်မိစ္ဆာဂိုဏ်းဆိုတာ မင်းစိတ်ထဲကလို မြင့်မြတ်တဲ့ နေရာမျိုး မဟုတ်ပါဘူး၊ ရွှေရောင်ဝတ်စုံ ခြုံထားတဲ့ ညစ်ပတ်တဲ့ အရိုးစုတစ်ခုပါပဲ"

လောင်ဝမ်ရှားသည် ပုံမှန်ထက် ထူးကဲစွာ တည်ငြိမ်နေခဲ့သည်။ သူမသည် အကျိုးအမြတ်ကိုသာ ကြည့်သော ကုန်သည်တစ်ဦး ဖြစ်သဖြင့် ကောင်းကင်မိစ္ဆာဂိုဏ်းနှင့် အပြန်အလှန် အသုံးချသည့် သံယောဇဉ်သာ ရှိခဲ့ရာ ဤကဲ့သို့သော အဆုံးသတ်မျိုးမှာ ကောင်းကင် မိစ္ဆာဂိုဏ်းအနေဖြင့် ဝန်ထုပ်ဝန်ပိုးများကို ဖယ်ရှားပစ်သည့် အကောင်းဆုံးဖြေရှင်းနည်းသာ ဖြစ်ပေသည်။

ဝူကျန်းသည် ဘုန်းကနဲ ဒူးထောက်ချလိုက်ပြီး မြေကြီးကို အရူးအမူး ယက်ထုတ်ရင်း ပြောသည်။

"ငါ သူမနောက်ကို ငါးနှစ်လုံးလုံး လိုက်ခဲ့တာ၊ ငါ မင်္ဂလာဆောင်ပြီးခါစပဲ ရှိသေးတယ်၊ ငါ့ဇနီးလေး နောက်ပိုင်းကျရင် တစ်ယောက်တည်း ဘယ်လို ဖြတ်သန်းရမလဲ"

ရှန့်စစ်ပေ့က နှစ်ချက်ခန့် ရယ်မောလိုက်ပြီး ဝူကျန်းကို အေးအေးလူလူ ကြည့်ကာ ပြောသည်။

"စိတ်ချပါ၊ မင်းအစား သူမကို ပြုစုစောင့်ရှောက်ပေးမယ့်လူ အမြဲတမ်း ပေါ်လာမှာပါ"

မူလက ငိုကြွေးအော်ဟစ်နေသော ဝူကျန်းသည် ရုတ်တရက် အသံတိတ်သွားပြီး လရောင်အောက်တွင် ရှန့်စစ်ပေ့ကို စူးစူးစိုက်စိုက် ကြည့်နေတော့သည်။

ရှန့်စစ်ပေ့သည် မိမိ စကားမှားသွားမှန်း သတိပြုမိသဖြင့် ပြန်လည်နှစ်သိမ့်သည်။

"ငါ ပြောတာက မင်းရဲ့ မိဘတွေကို ပြောတာပါ"

"ငါ့မှာ မိဘတွေ မရှိဘူး"

"ဒါဆိုရင် မင်းရဲ့ ညီအစ်ကိုတွေ ဆိုရင်လည်း ရတာပဲ"

ဝူကျန်း၏ မျက်နှာမှာ သိသိသာသာပင် စိမ်းဖန့်သွားခဲ့သည်။

ရှန့်စစ်ပေ့သည် ပြောလေ ပိုဆိုးလေ ဖြစ်နေသဖြင့် နောက်ထပ် မရှင်းလင်းတော့ဘဲ ပြောသည်။

"မင်း ဆက်ပြီး ငိုတာပဲ ကောင်းပါတယ်"

လောင်ဝမ်ရှားက ပြောသည်။

"အဖိုးကြီးရှန့်၊ မင်းက လူကို မနှစ်သိမ့်တတ်ရင်လည်း မနှစ်သိမ့်ဘဲ နေပါတော့၊ မင်းလည်း သေနေပြီပဲဥစ္စာ၊ သူများကိစ္စကို ဝင်စွက်ဖက်ဖို့ အားယားနေသေးတယ်"

သရဲသုံးကောင်သည် တောအုပ်ထဲတွင် ငိုကြွေးအော်ဟစ် ဆဲဆိုနေကြပြီး ကောင်းကင်မိစ္ဆာဂိုဏ်းအပေါ် မကျေနပ်မှုများနှင့် လူ့လောကအပေါ် တွယ်တာမှုများကို တိုင်တည်နေကြတော့သည်။

ကျင်းဟိုင်မြို့၏ လမ်းမများပေါ်တွင်မူ မောင်းသံများနှင့် ပုလွေသံများ မိုးပြိုမတတ် ဆူညံနေခဲ့သည်။

ထိုအရာသည် ကျင်းဟိုင်မြို့ ပြည်သူများကို ထိတ်လန့်ခြောက်ခြားစေခဲ့သဖြင့် မိစ္ဆာနှိမ်နင်းရေး ရဲစခန်းနှင့် ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ဖုန်းများမှာ ခေါ်ဆိုမှုများပြားလွန်းသဖြင့် ပေါက်ကွဲမတတ် ဖြစ်ခဲ့ရသည်။

ဝေါယာဥ်ပေါ်တွင်မူ ချန်ကျိုးသည် စားသောက်ပျော်ပါးနေပြီး အလွန်တရာ စိတ်ချမ်းမြေ့စရာ ကောင်းနေကာ နောက်ဆုံးတွင် အိစက်သော ဝေါယာဥ်ပေါ်၌ ဟွမ်ရှောင်မော့နှင့်အတူ အိပ်ပျော်သွားခဲ့ကြသည်။

မင်္ဂလာဆောင်အဖွဲ့ကို ဦးဆောင်လာသော အငြိုးကြီးတစ္ဆေ စစ်သူကြီးသည် ချန်ကျိုး၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့ပြီး ချန်ကျိုး အိပ်ပျော်သွားသည်ကို မြင်သောအခါ အဖွဲ့ကို ဦးဆောင်၍ ကျင်းဟိုင်မြို့ ဆင်ခြေဖုံးအရပ်ရှိ သရဲဘုရင် ဖောက်လုပ်ထားသော လူနှင့်ဝိညာဥ်နှစ်ကမ္ဘာဆက်စပ်လမ်းကြောင်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

အရာရာအားလုံးသည် သရဲဘုရင်မ၏ အစီအစဉ်အတိုင်း တိတ်တဆိတ် လည်ပတ်နေခဲ့ပြီး ဝိညာဉ်ကမ္ဘာတွင်လည်း သရဲဘုရင်မက ပိုက်ကွန်ကဲ့သို့ အစီအရင်များ ချထားပြီးဖြစ်ရာ ချန်ကျိုးအနေဖြင့် ဝိညာဉ်ကမ္ဘာသို့ ရောက်ရှိသွားသည်နှင့် သရဲဘုရင်မ စိတ်ကြိုက် ဆော့ကစားနိုင်သည့် ငါးတစ်ကောင် ဖြစ်လာပေလိမ့်မည်။

အဖွဲ့သည် ကျင်းဟိုင်မြို့ ဆင်ခြေဖုံးအရပ်သို့ ရောက်ရှိလာခဲ့ရာ ဘေးပတ်ပတ်လည်တွင် သစ်ပင်ချုံနွယ်များ ထူထပ်နေသဖြင့် နှစ်ကမ္ဘာဆက်စပ်လမ်းကြောင်းကို ဖုံးကွယ်ရန် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေသည်။

သရဲတစ္ဆေများ၏ မျက်စိထဲတွင်မူ မှောင်မိုက်နေသော သစ်ပင်ရိပ်များအကြား၌ အလင်းရောင်အားလုံးကို ဝါးမြိုနေသည့် အမည်းရောင် ဝဲဂယက်ကြီးတစ်ခု ရှိနေသည်။

[စနစ်သတိပေးချက် : ရှေ့တွင် လူနှင့်ဝိညာဥ် နှစ်ကမ္ဘာဆက်စပ်လမ်းကြောင်း ပေါ်လာသဖြင့် Host အနေဖြင့် သတိကြီးစွာဖြင့် ရှောင်ကွင်းသွားပါရန် ]

အိပ်ပျော်နေသော ချန်ကျိုးသည် နှာခေါင်းကို ကလော်လိုက်ပြီး တစ်ဖက်သို့ လှည့်အိပ်လိုက်ကာ ဆက်လက်၍ အိပ်မောကျနေဆဲ ဖြစ်သည်။

[စနစ်အနေနဲ့ ဒီလိုအပြုအမူတွေကြောင့် အရမ်းပင်ပန်းရပါတယ်]

[နှစ်ကမ္ဘာကြား နေရာလွတ် အက်ကြောင်းကို ပြုပြင်နေသည်]

မျက်စိရှေ့တွင် ရှိနေသော အက်ကြောင်းကြီးသည် သရဲတစ္ဆေများ ခြေလှမ်းလှမ်းလိုက်သည့် အချိန်၌ပင် အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဦးဆောင်လာသော သရဲစစ်သူကြီးသည် ခြေလှမ်းအောက်ရှိ သစ်ပင်ချုံနွယ်များကို ကြည့်ရင်း ကြောင်အမ်းသွားခဲ့ရသည်။

“ဘယ်လိုဖြစ်လို့လဲ၊ ဘယ်လိုဖြစ်လို့ ရုတ်တရက် ပျောက်သွားရတာလဲ”

သရဲစစ်သူကြီး၏ ခန္ဓာကိုယ်ပတ်လည်တွင် အမည်းရောင်ငွေ့များ ပိုမိုထူထပ်လာပြီး သရဲဘုရင်မထံသို့ သတင်းပို့ရန် ပြင်ဆင်လိုက်သည်။

[စနစ် - Host ၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုကို ကာကွယ်ရန်အတွက် ဤစနစ်တွင် Host ၏ အသက်ကို ခြိမ်းခြောက်နေသော အန္တရာယ်အားလုံးကို ဖယ်ရှားပစ်ရန် အခွင့်အာဏာ ရှိသည်၊ လက်ရှိတွင် သရဲအဖွဲ့ကို တပြိုင်နက်တည်း ယဉ်ပါးအောင် ပြုလုပ်နေသည်၊ လက်ရှိ တိုးတက်မှု ၅ ရာခိုင်နှုန်း ဖြစ်သည်]

မမြင်ရသော အတားအဆီးတစ်ခုသည် သရဲစစ်သူကြီး၏ အမည်းရောင်ငွေ့များကို ပိတ်ဆို့လိုက်သဖြင့် သူသည် သရဲဘုရင်မထံသို့ သတင်းမပို့နိုင်တော့ပေ။

အဆင့်ခြောက် သရဲစစ်သူကြီးသည် ချန်ကျိုးရှိနေသည့် ဘက်သို့ မသိမသာ လှမ်းကြည့်လိုက်ရာ ချန်ကျိုးကမူ အိပ်ပျော်နေဆဲ ဖြစ်သည်။

“ဆန်းတော့ ဆန်းသား၊ ဘယ်လိုဖြစ်လို့ ဒီစိတ်ဝေဒနာရှင်ကို ကြည့်ရတာ မျက်စိထဲ အဆင်ပြေနေရတာလဲ”

စိတ်ကျန်းမာရေးဆေးရုံအတွင်း၌ ထန်ထိုက်မင်ယွဲ့သည် အဝတ်ဗီရိုထဲမှ အနီရောင်ငွေစက္ကူ အထပ်လိုက်နှင့် ဖိနပ်အိမ်စီးဖိနပ်အကြီးကြီး တစ်ဖက်ကို ရှာတွေ့လိုက်သည်။

“ဒါက လူ့လောကမှာ သုံးစွဲတဲ့ ငွေကြေး ဖြစ်ရမယ်၊ ဒီဖိနပ်အကြီးကြီးကကော”

ထန်ထိုက်မင်ယွဲ့သည် ချန်ကျိုး၏ ဆက်သွယ်ရေးကိရိယာကို ကိုင်ဆောင်ကာ ညှစ်ကြည့်၊ ကွေးကြည့်ရင်း ချန်ကျိုး၏ ကုတင်ဘေးရှိ ဖိနပ်ကို လှမ်းကြည့်လိုက်ရာ လက်ထဲက ဖိနပ်တစ်ဖက်မှာ သိသိသာသာပင် ပိုမိုဟောင်းနွမ်းနေသဖြင့် ဤအရာထဲတွင် တစ်ခုခု လျှို့ဝှက်ချက် ရှိနေသေးသလားဟု တွေးတောမိသည်။

ရုတ်တရက် ထန်ထိုက်မင်ယွဲ့၏ လက်တစ်ချက် တုန်ခါသွားပြီး မိမိစေလွှတ်လိုက်သော သရဲအဖွဲ့၏ တည်နေရာကို အာရုံခံ၍ မရတော့ချေ။

ထန်ထိုက်မင်ယွဲ့သည် ဖိနပ်ကို ပစ်ချလိုက်ပြီး လက်တစ်ဖက်ဖြင့် မန္တန်ရွတ်ကာ အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း မိမိ၏ လက်အောက်ငယ်သားများနှင့် ဆက်သွယ်၍ မရတော့ပေ။

“ဒီစိတ်ဝေဒနာရှင်က ငါ့ရဲ့ အစီအစဉ်ကို ရိပ်မိသွားတာလား”

ထန်ထိုက်မင်ယွဲ့သည် အခန်းငယ်လေးထဲမှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့သည်။

စိတ်ကျန်းမာရေးဆေးရုံအပြင်ဘက်တွင်မူ လော့ယွီမင်သည် အေးစက်သော လေပြင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားသည်ဟု ခံစားလိုက်ရပြီး တစ်စုံတစ်ခုက မိမိ၏ မျက်နှာရှေ့မှနေ၍ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည့်အလား ဖြစ်သည်။

"သရဲဘုရင် ထွက်သွားပြီ၊ လိုက်မယ်"

လျိုပန်ချန်းသည် ပထမဆုံးအချိန်၌ပင် သတိပြုမိလိုက်ပြီး ဓားပျံနှစ်စင်းကို ထုတ်ကာ အပေါ်သို့ ခုန်တက်လိုက်သည်။

ပိုင်ကျန့်ချန်သည် လော့ယွီမင်ကို ဆွဲမလိုက်ပြီး ဓားပျံပေါ်သို့ ပစ်တင်လိုက်ကာ မိမိကိုယ်တိုင်လည်း ဓားပျံပေါ်သို့ ခုန်တက်လိုက်သည်။

ဓားပျံမှာ မကြီးမားလှသည့်အပြင် လော့ယွီမင်မှာလည်း ဝဖြိုးသော လူဝကြီးတစ်ဦး ဖြစ်သဖြင့် တည်ငြိမ်မှု အလွန်အားနည်းကာ အလေးချိန်မှာ အလွန်အမင်း စောင်းနေခဲ့သည်။ ပိုင်ကျန့်ချန်သည် နောက်မှနေ၍ ဓားဖျားပေါ်တွင် ခြေဖျားထောက်ရပ်ထားရပြီး လော့ယွီမင် ပြုတ်မကျစေရန် ထိန်းသိမ်းပေးနေရသဖြင့် အလွန်ပင်ပန်းလှပေသည်။

ဓားပျံသည် လော့ယွီမင်၏ အလေးချိန်ကြောင့် ယိမ်းထိုးလျက် ပျောက်ကွယ်သွားပြီဖြစ်သော သရဲဘုရင်မ၏ နောက်သို့ လိုက်ပါသွားကြတော့သည်။

ထန်ထိုက်မင်ယွဲ့သည် သရဲတစ္ဆေများ နောက်ဆုံး ပျောက်ကွယ်သွားသည့် နေရာသို့ ရောက်ရှိလာခဲ့ပြီး ရှေ့မှောက်ရှိ ဟာလာဟင်းလင်း ဖြစ်နေသော နေရာလွတ်ကို ကြည့်ရှုနေမိသည်။

သူမ ခက်ခက်ခဲခဲ ဖောက်လုပ်ထားခဲ့တဲ့ နှစ်ကမ္ဘာဆက်စပ်လမ်းကြောင်းကော။

သူမ အရင်းအမြစ်မြောက်မြားစွာ အကုန်အကျခံပြီး ဖောက်လုပ်ထားတဲ့ လမ်းကြောင်းက ထိုအတိုင်းပဲ ပျောက်ဆုံးသွားတာလား။

ထန်ထိုက်မင်ယွဲ့သည် မျက်စိရှေ့ရှိ အရာအားလုံးကို ကြောင်အမ်းစွာ ကြည့်နေမိသည်။ ချန်ကျိုးကိုလည်း လှည့်စားပြီး ခေါ်မသွားနိုင်ခဲ့သည့်အပြင် မိမိကိုယ်တိုင်လည်း ပြန်လို့မရတော့ဘဲ လက်အောက်ရှိ သရဲတစ္ဆေများလည်း ဘယ်ရောက်ကုန်သည်မသိတော့ချေ။

သူမအနေဖြင့် ချန်ကျိုး၏ စွမ်းရည်ကို လျှော့တွက်မိခဲ့ခြင်း ဖြစ်ရမည်လား။

"ချန်ကျိုး၊ ငါနဲ့နင် ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး"

ထန်ထိုက်မင်ယွဲ့သည် သွားများကို တင်းတင်းကြိတ်ရင်း ပြောလိုက်သည်။

ခန့်ညားထည်ဝါလှသော ဝိညာဉ်ဈေး၏ အရှင်သခင်။

ဝိညာဉ်ကမ္ဘာ၏ မိစ္ဆာမကြီး။

ယခုအချိန်တွင်မူ ပြန်စရာအိမ်မရှိသော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေရှာတော့သည်။

ဤညသည် လူပေါင်းများစွာအတွက် အိပ်မပျော်သော ညတစ်ည ဖြစ်ခဲ့ရသည်မှာ သေချာလှပေသည်။

လျိုပန်ချန်းသည် လော့ယွီမင်ကြောင့် နှောင့်နှေးခဲ့ရသဖြင့် သရဲဘုရင်မ၏ ခြေလှမ်းများကို အချိန်မီ မလိုက်နိုင်ခဲ့ပေ။ သရဲဘုရင်မသည် ချန်ကျန်းစိတ်ကျန်းမာရေးဆေးရုံသို့ ပြန်သွားခဲ့သည်မှာ တစ်နာရီကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ဤသုံးဦးမှာမူ သရဲတစ္ဆေများ ပျောက်ကွယ်သွားသည့် နေရာသို့ ယခုမှသာ ရောက်ရှိလာကြသည်။

ရှန့်စစ်ပေ့၊ လောင်ဝမ်ရှားနှင့် ဝူကျန်း သရဲသုံးကောင်မှာ ညတစ်ဝက်ခန့် ငိုကြွေးပြီးနောက် လက်ရှိအခြေအနေကို လက်ခံလိုက်ကြရပြီး ဆွေမျိုးမိတ်ဆွေများနှင့် တွေ့ဆုံရန် ထွက်ခွာသွားကြတော့သည်။

ချန်ကျိုးကမူ စိတ်အေးလက်အေးဖြင့် မိုးလင်းသည့်အထိ အိပ်မောကျနေခဲ့သည်။

[လက်ရှိ ယဉ်ပါးအောင် ပြုလုပ်မှု တိုးတက်မှု ၁၀၀ ရာခိုင်နှုန်း ဖြစ်သည်]

စနစ်၏ စက်ရုပ်သံ ထွက်ပေါ်လာပြီးနောက် သရဲအဖွဲ့ကြီးသည် နေမင်းကြီး မိုးကုတ်စက်ဝိုင်းပေါ်သို့ မတက်မီ တစ်စက္ကန့်အလိုတွင် ကြယ်တာရာ အလင်းစက်ကလေးများအဖြစ်သို့ ပြောင်းလဲကာ ချန်ကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြတော့သည်။

ဟွမ်ရှောင်မော့သည် လေဟာနယ်ထဲမှ ပြုတ်ကျသွားခဲ့ပြီး ချန်ကျိုးမှာမူ သစ်ကိုင်းတစ်ခုကြားတွင် ညှပ်ပိတ်ကျန်ရစ်ခဲ့သည်။

ဟွမ်ရှောင်မော့သည် ပြုတ်ကျနေစဉ်အတွင်းမှာပင် သတိပြန်လည်လာပြီး ဟန်ချက်ကို ထိန်းညှိကာ မြေပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

သူမ၏ ပဲစေ့ခန့်ရှိသော မျက်လုံးလေးဖြင့် ဘေးပတ်ပတ်လည်ရှိ အခြေအနေများကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

“ဒါ... ဒါက ဘယ်နေရာလဲ၊ ထိုသရဲအုပ်စုက သူတို့ကို ဘာလို့ တောနက်ကြီးထဲ ခေါ်လာရတာလဲ၊ ချန်ကျိုးကော”

“ဒုက္ခပါပဲ၊ ချန်ကျိုး ဘယ်ရောက်သွားတာလဲ”

ဟွမ်ရှောင်မော့သည် နားရွက်ထဲတွင် အေးစက်သွားသည်ဟု ခံစားရသဖြင့် ခြေသည်းဖြင့် ထိကြည့်လိုက်ရာ စေးကပ်ကပ် ဖြစ်နေသဖြင့် ခေါင်းမော့ကြည့်လိုက်သည်။

ချန်ကျိုးသည် သစ်ကိုင်းတစ်ခုပေါ်တွင် မှောက်လျက်သားဖြင့် ဟောက်ကာ အိပ်ပျော်နေပြီး တောက်ပသော တံတွေးတစ်ပေါက်သည် သူ၏ နှုတ်ခမ်းထောင့်မှနေ၍ တွဲလောင်းကျနေခဲ့သည်။

ဘေးပတ်ပတ်လည်တွင် ပျားများ ပျံသန်းနေကြပြီး သူ၏ မျက်နှာအောက် တည့်တည့်တွင် ကြီးမားသော ပျားအုံကြီးတစ်ခု ရှိနေသည်။

ဟွမ်ရှောင်မော့က လေသံတိုးတိုးဖြင့် လှမ်းခေါ်သည်။

"ချန်ကျိုး၊ နိုးတော့၊ မြန်မြန်နိုးပါတော့"

"ဟီး... ဟီးဟီး၊ အားယွမ်မျောက်လေး၊ ငါ့ရဲ့ ဓားတစ်ချက်ကို ထပ်ပြီး ခံစားကြည့်စမ်း..."

ဟွမ်ရှောင်မော့သည် ခြေဆောင့်ရင်း အလွန်ပူပန်နေမိသည်။ ချန်ကျိုးအနေဖြင့် အတုပ်မခံရပါစေနှင့်ဟု ဆုတောင်းနေမိသည်။ သို့မဟုတ်ပါက သူ့အနေဖြင့် အကြောင်းပြချက်မရှိဘဲ ပြင်းပြင်းထန်ထန် အရိုက်ခံရပေလိမ့်မည်။

"ချန်ကျိုး၊ မနက်စာ စားရတော့မယ်၊ နောက်ကျရင် အသားတုံးတွေ စားရမှာ မဟုတ်တော့ဘူးနော်"

ဟွမ်ရှောင်မော့၏ အသံမှာ ပျားများကို လန့်မသွားစေရန် အလွန်တိုးညှင်းနေဆဲ ဖြစ်သည်။

"အသားတုံးတွေလား"

ထိုစကားလုံး သုံးလုံးသည် စိတ်ကို လန်းဆန်းစေသော နတ်ဆေးရည်ကဲ့သို့ ချန်ကျိုးကို အိပ်မက်ကောင်းထဲမှ နှိုးဆွပေးလိုက်သည်။

ချန်ကျိုးသည် မျက်စိဖွင့်လိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်တော့သည်။

"ငါချန်ကျိုးကြီးက ဘာလို့ ဒီကို ရောက်နေတာလဲ၊ ဘယ်က မိစ္ဆာက ငါချန်ကျိုးကြီးကို ဒီနေရာ ခေါ်လာတာလဲ"

"ချန်ကျိုး၊ မင်း ဂရုစိုက်ဦး၊ မင်းအောက်မှာ ပျားအုံ ရှိတယ်၊ ဖြည်းဖြည်းလုပ်ပါ၊ မလှုပ်နဲ့ဦး"

ချန်ကျိုးသည် အောက်သို့ ငုံ့ကြည့်လိုက်သည်။

ထိုပျားအုံကြီးမှာ အလွန်တရာ ကြီးမားလှပြီး သူ၏ ခေါင်းထက်ပင် ပိုမိုကြီးမားနေသည်။

ချန်ကျိုးသည် လက်ကို လက်သီးဆုပ်လိုက်ပြီး လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

မြေပြင်ပေါ်ရှိ ဟွမ်ရှောင်မော့သည် အခြေအနေ မဟန်သည်ကို မြင်သောအခါ အလျင်အမြန်ပင် တားဆီးလိုက်သည်။

"ဟာ... ချန်ကျိုး၊ မလုပ်နဲ့..."

ထိုလက်ညှိုးလေးသည် နတ်ပူးသကဲ့သို့ ပျားအုံကြီးပေါ်သို့ စိုက်ဝင်သွားခဲ့လေတော့သည်။

All Chapters