← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

Chapter 115

ပျားအုံသည် တုန်လှုပ်ခြင်းမရှိဘဲ ငြိမ်သက်နေဆဲဖြစ်ပြီး လက်ညှိုးမှာမူ ပျားအုံထဲသို့ နစ်ဝင်သွားကာ စေးကပ်ကပ် အရည်များ ပေကျံသွားတော့သည်။

လက်ကို ပြန်ရုပ်သိမ်းလိုက်သောအခါ လက်ညှိုးပေါ်တွင် စေးကပ်လှသော အရည်များ ကပ်ပါလာပြီး ထိုအရည်ပေါ်၌ ပိုးကောင်ဥတစ်လုံးလည်း ရှိနေပေသည်။

ဤအရာသည် ချိုမြိန်လှသော ပျားရည်ဖြစ်ရမည်ဟု တွေးတောမိသည်။

သစ်ပင်ပေါ်၌ ဝပ်နေသော ချန်ကျိုးသည် လျှာကို ရှည်လျားစွာ ထုတ်လိုက်ပြီး လက်ညှိုးကို လျက်လိုက်တော့သည်။

သူသည် ပျားရည်ကို မြိန်ရည်ရှက်ရည် မြည်းစမ်းနေပေသည်။

ဤအရာသည် ပန်းရနံ့ သင်းပျံ့နေသော ပျားရည်ချိုချို ဖြစ်ပေသည်။

သူနာပြုက သူ့ကို လိမ်ညာခဲ့ခြင်းဖြစ်ပြီး ပျားရည်နှင့် သကြားနီရည်သည် အရသာတူတူပဲဟု ပြောခဲ့ဖူးသည်။

အလိမ်အညာစကား ဖြစ်သည်။

ချန်ကျိုးသည် ဒုတိယတစ်ကြိမ် ထပ်မံစားသုံးလိုသဖြင့် လက်ညှိုးတစ်ချောင်းကို ထပ်မံဆန့်ထုတ် လိုက်ပြီး စောစောက ထိုးဆွထားသော အပေါက်အတိုင်း ထပ်မံနှိုက်လိုက်ပြန်သည်။

ထိုပျားအုပ်စုသည် အံ့ဩစရာကောင်းလောက်အောင်ပင် ချန်ကျိုး၏ လက်ညှိုးကို ရန်ပြုတိုက်ခိုက်ခြင်း မရှိကြချေ။

ယခုတစ်ကြိမ်တွင်မူ ပျားအုံအကျိုးအပဲ့များနှင့်အတူ အတုံးလိုက် အတစ်လိုက် ထွက်လာခဲ့သည်။

ထိုအရာကို ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။

“ဝိုး”

လွန်စွာ ချိုအီလှပေသည်။

ဟွမ်ရှောင်မော့သည် သစ်ပင်အောက်တွင် ရပ်နေရင်း သစ်ပင်ပေါ်ရှိ ချန်ကျိုး သေမင်းနှင့် ကစားနေသည်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရှုနေရရှာသည်။

"ချန်ကျိုး၊ မြန်မြန်ဆင်းလာခဲ့၊ ငါတို့ သွားကြစို့"

သစ်ပင်ပေါ်ရှိ ချန်ကျိုးသည် ပါးစပ်ထဲတွင် လက်ညှိုးကို ငုံထားရင်း အိမ်အသေးလေး၏ တံခါးဝတွင် ထိုင်ကာ ပျားအုံကြီးကို ပွေ့ပိုက်ပြီး လက်ညှိုးဖြင့် တို့ကာ ပါးစပ်ထဲ ထည့်နေသည်ကို စိတ်ကူးယဉ်နေပေသည်။

[စနစ် - ဂြိုလ်ပေါ်တွင် အစွမ်းအထက်ဆုံး စစ်သည်တော် သုန်းသုန်းယောင်ကို၊ ဌာနချုပ်မှ အမြင့်ဆုံး ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်၊ သုန်းသုန်းယောင်အနေဖြင့် အန္တရာယ်ရှိသော ပျားအုံကို စွန့်လွှတ်ပြီး အမြန်ဆုံး အိမ်ပြန်ရန် ညွှန်ကြားသည်၊ အိုး....အိုး]

“ဟင်”

ဌာနချုပ်က သုန်းသုန်းယောင်ကို အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။

ချန်ကျိုးသည် မျက်လုံးအစုံကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး မိမိကိုယ်ပေါ်ရှိ ဆက်သွယ်ရေးကိရိယာကို ရှာဖွေနေတော့သည်။ ဌာနချုပ်နှင့် ဆက်သွယ်ရမည့် ဖိနပ်အစုတ်ကြီးလည်း မရှိသလို အဝတ်အစား ပေါ်တွင်လည်း ကြယ်သီးများ မပါရှိသဖြင့် ပြန်လည်အကြောင်းကြားရန် မဖြစ်နိုင်ချေ။

ချန်ကျိုးက မိမိဘာသာ ရေရွတ်လိုက်သည်။

"ဂြိုလ်ပေါ်တွင် အစွမ်းအထက်ဆုံး စစ်သည်တော် သုန်းသုန်းယောင် နားလည်ပါပြီ၊ မကောင်းတဲ့ အင်အားစုတွေကို ရဲရဲဝံ့ဝံ့ စိန်ခေါ်ရမယ်၊ အိုး….အိုး"

ပြောပြီးသည်နှင့် ချန်ကျိုးသည် သစ်ကိုင်းပေါ်တွင် ဂရုတစိုက် ဆောင့်ကြောင့်ထိုင်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်သည်။

သူသည် ပျားအုံကြီးကို မြေပြင်ပေါ်သို့ လက်သီးဖြင့် ထိုးချလိုက်ခြင်း ဖြစ်သည်။

ဝူး......

ပျားအုံပတ်ပတ်လည်တွင် ပျံသန်းနေသော ပျားများသည် ချက်ချင်းပင် ဒေါသထွက်သွားကြပြီး ဦးတည်ရာကို ပြောင်းလဲကာ ချန်ကျိုးထံသို့ စုပြုံ၍ ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

တစ်ချိန်တည်းမှာပင် မြောက်မြားစွာသော ပျားများသည် ပျားအုံအတွင်းမှ အုံနှင့်ကျင်းနှင့် တိုးဝှေ့ထွက်လာကြသည်။

"အား"

ဖွတ်.....

ဘုန်း......

ချန်ကျိုးသည် ပျားတုပ်ခံရသဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဟွမ်ရှောင်မော့သည် အခြေအနေ မဟန်သည်ကို မြင်သောအခါ အော်ဟစ်လိုက်သည်။

"ချန်ကျိုး၊ မြန်မြန်ပြေး"

ဟွမ်ရှောင်မော့သည် လှစ်ခနဲ ထွက်ပြေးသွားတော့သည်။

ချန်ကျိုးသည် မြေပြင်ပေါ်တွင် လဲကျနေပြီး နာကျင်မှုကိုပင် မခံစားရသေးမီမှာပင် ပိုမိုများပြားသော ပျားများသည် သူ့ထံသို့ ပျံသန်းလာကြပြန်သည်။

ချန်ကျိုးသည် မြေပြင်ပေါ်တွင် တစ်ပတ်လိမ့်လိုက်ပြီး မြေပြင်ပေါ်ရှိ ပျားအုံကို ကောက်ယူကာ စတင်ပြေးလွှားတော့သည်။

သူ၏ လှုပ်ရှားမှုသည် ဘတ်စကတ်ဘောကြယ်ပွင့်တစ်ဦးကဲ့သို့ လွန်စွာ ခန့်ညားလှပေသည်။

ပျားအုံအတွင်းရှိ ပျားများသည် အပြင်သို့ ဆက်လက်တိုးထွက်နေဆဲဖြစ်ပြီး လေထုထဲတွင် ပျားအုပ်စုကြီးတစ်ခုအဖြစ် စုစည်းကာ ချန်ကျိုးနောက်သို့ စုပေါင်း၍လိုက်လံ တိုက်ခိုက်ကြတော့သည်။

[စနစ် - အားတင်းထားပါ၊ ကမ္ဘာမြေပေါ်တွင် အစွမ်းအထက်ဆုံးစစ်သည်တော် သုန်းသုန်းယောင်၊ သုန်းသုန်းယောင် အပြေးမြန်နေသရွေ့ ပျားများ လိုက်မီမည်မဟုတ်ပါ]

ချန်ကျိုးသည် လက်နှစ်ဖက်ဖြင့် ပျားအုံကို ပွေ့ပိုက်ထားပြီး ခြေထောက်နှစ်ဖက်ကို မြေပြင်ပေါ်တွင် အလျင်အမြန် လွှဲပြောင်းပြေးလွှားနေကာ ဘောင်းဘီတို ဝတ်ဆင်ထားသော ခြေတံနှစ်ချောင်းသည် ချုံ နွယ်ပိတ်ပေါင်းများ၏ ရိုက်ခတ်ခြင်းကို ပြင်းထန်စွာ ခံနေရပေသည်။

ချန်ကျိုး၏ မျက်နှာကို ထပ်မံကြည့်ရှုရာတွင်မူ ပျားများ အဆိပ်ဆူးဖြင့် ထိုးထားသဖြင့် အဖုအပိမ့် အနီကွက်များစွာ ထွက်ပေါ်နေပြီး မျက်ဝန်းအစုံတွင် မျက်ရည်များ ပြည့်လျှံနေကာ ပါးစပ်ကို ဖြဲထားရင်း ငိုရမလို ရယ်ရမလို အခြေအနေတွင် ရောက်ရှိနေပေသည်။

[အားတင်းထားပါ၊ သုန်းသုန်းယောင်]

“စနစ်၊ မင်းက အလုပ်မရှိ အလုပ်ရှာနေတာလား”

ချန်ကျိုးသည် စိတ်ထဲတွင် အားတင်းလိုက်သည်။

လက်တစ်ဖက်က ပျားအုံကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က အဝတ်အစားကို မတင်ကာ ပျားအုံကို အဝတ်အစားထဲသို့ ထိုးထည့်လိုက်ရာ ပျားအုံနှင့် ဗိုက်သားသည် အနီးကပ် ထိတွေ့သွားတော့သည်။

[စနစ်သည် Host ၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကိုသာ သန့်စင်ပေးနိုင်ပြီး နာကျင်မှု နောက်ဆက်တွဲများကိုမူ Host ကိုယ်တိုင်သာ ခံစားရမည် ဖြစ်သည်၊ Host အနေဖြင့် ယခုသင်ခန်းစာကို မှတ်သားထားပါရန်]

“ဝူး”

“ဝူးဝူး”

“ဝါး”

ချန်ကျိုးသည် မည်သို့မှ အောင့်အည်းမထားနိုင်တော့ဘဲ ငိုကြွေးသံသည် တောင်တန်းများ ဆီသို့ ပဲ့တင်ထပ်သွားတော့သည်။

တောအုပ်၏ ကောင်းကင်ထက်တွင် မောင်းသူမဲ့လေယာဉ်တစ်စီးသည် အနီအောက်ရောင်ခြည် ကင်မရာမှတစ်ဆင့် ရိုက်ကူးထားသော အချက်အလက်များကို ကီလိုမီတာ အနည်းငယ်အကွာရှိ မိစ္ဆာနှိမ်နင်းရေး ရဲစခန်း၏ တက်ဘလက်ကွန်ပျူတာဆီသို့ ပေးပို့နေပေသည်။

"အကြီးအကဲ၊ ပစ်မှတ်ကို တွေ့ပါပြီ"

"ရှာတွေ့ပြီလား"

ရေသောက်နေသော ကျိုးအိုက်ကော်သည် တက်ဘလက်ကွန်ပျူတာကို လှမ်းယူလိုက်ပြီး ကင်မရာမှ ပေးပို့လာသော တိုက်ရိုက်ရုပ်သံကို ကြည့်ရှုလိုက်သည်။

မောင်းနှင်သူနေရာမှ ကျန်းယိုယိုက ကျိုးအိုက်ကော်ကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

"ကျွန်မရဲ့ ဆရာ့ကို ရှာတွေ့ပြီလားရှင့်"

……

ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ အပြင်ဘက်တွင် ဌာနချုပ်လိုင်စင်နံပါတ် တပ်ဆင်ထားသော ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ရုံးသုံးမော်တော်ယာဉ်တစ်စီး ဆိုက်ရောက်လာသည်။

ကားပေါ်မှ အသက်ကြီးကြီး ပုဂ္ဂိုလ်တစ်ဦး ဆင်းလာသည်။ သူသည် ရိုးရှင်းသော ဝတ်စုံရှည်ကို ဝတ်ဆင်ထားကာ ဆံပင်ဖြူများကို ထုံးထားလေသည်။ ကိုယ်ပေါ်တွင် မည်သည့်တန်ဆာပလာမျှ ဆင်ယင်ထားခြင်း မရှိသော်လည်း ပန်းချီကားထဲမှ ထွက်ပေါ်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ လူသားတို့၏ လောကီအပူအပင်များနှင့် ကင်းဝေးကာ လောကပြင်ပသို့ လွင့်မျောနေသည့် အသွင်ရှိပေသည်။

ထိုပုဂ္ဂိုလ်နှင့် နှိုင်းယှဉ်ပါက နတ်ဘုရားကဲ့သို့ အသွင်အပြင်ရှိသော လျိုပန်ချန်းသည်ပင် ရွှ့ဗွက်များပေကျံနေသော လယ်သမားကြီးကဲ့သို့ ဖြစ်နေပြီး လော့ယွီမင်ဆိုလျှင်မူ မြေအောက်သုံးပေတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသော အလောင်းကြီးကဲ့သို့ပင် ဖြစ်နေတော့သည်။

လျိုပန်ချန်းနှင့် ပိုင်ကျန့်ချန်တို့သည် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ရိုသေစွာ ဂါရဝပြုကြသည်။

"အငယ်လေး လျိုပန်ချန်း၊ ဆရာကြီး ကြွယ်ချန်ကို ဂါရဝပြုပါတယ်"

"အငယ်လေး ပိုင်ကျန့်ချန်၊ ဆရာကြီးကြွယ်ချန်ကို ဂါရဝပြုပါတယ်"

လော့ယွီမင်သည် ရောက်ရှိလာသူကို မိန်းမောစွာ ကြည့်ရှုနေမိပြီး ဤပုဂ္ဂိုလ်သည် ဘယ်ကရောက်လာတဲ့ နတ်ဘုရားလဲဟု တွေးတောနေမိသည်။

လျိုပန်ချန်းက အသံတိုးတိုးဖြင့် တင်းမာစွာ ပြောလိုက်သည်။

"တူလေးလော့၊ ဂါရဝမပြုသေးဘူးလား"

လော့ယွီမင်သည် ပျာပျာသလဲဖြင့် လျိုဦးလေး၏ ပုံစံအတိုင်း အတုယူကာ ဂါရဝပြုလိုက်သည်။

"အငယ်လေး လော့ယွီမင်၊ ဆရာကြီး ကြွယ်ချန်ကို ဂါရဝပြုပါတယ်"

ဆရာကြီး ကြွယ်ချန်သည် မျက်နှာအမူအရာ မရှိဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း မည်သည့်နေရာမှ ထွက်ပေါ်လာသည်မသိသော အသံဖြင့် ပြောကြားလိုက်သည်။

"ဒါတွေက လောကီထုံးစံတွေပဲ၊ နောက်ဆိုရင် မလုပ်ပါနဲ့"

ပြောပြီးသည်နှင့် ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားတော့သည်။

လော့ယွီမင်သည် ဆရာကြီး ကြွယ်ချန် ဝင်ရောက်သွားသည်ကို လိုက်လံကြည့်ရှုရင်း ပိုင်ကျန့်ချန်ကို အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။

"ဦးလေးပိုင်၊ ဆရာကြီးက ဘာလို့ ပါးစပ်မဟဘဲ စကားပြောတာလဲဟင်"

ပိုင်ကျန့်ချန်သည် လျိုပန်ချန်းကဲ့သို့ ရှေးရိုးစွဲမဟုတ်သဖြင့် သိသမျှကို အမြဲပြောပြလေ့ရှိသည်။

"ဆရာကြီးက အရင်က ဒီလိုမဟုတ်ဘူး၊ သူက အဆင့်ခြောက် အထွတ်အထိပ်ကနေ အဆင့်ခုနစ်ကို တက်လှမ်းခါနီးမှာ ငါတို့လူသားမျိုးနွယ်မှာ နောက်ထပ် သူတော်စင်တစ်ယောက် ထပ်မံ မပေါ်ပေါက်လာစေဖို့အတွက် ကောင်းကင်မိစ္ဆာဂိုဏ်းက ဝိညာဉ်ကမ္ဘာရဲ့ အားကောင်းတဲ့ သရဲအချို့နဲ့အတူ ဆရာကြီးကို ချုံခိုတိုက်ခိုက်ခဲ့ကြတယ်”

“ဆရာကြီးဟာ မိစ္ဆာလမ်းစဉ်ထဲကို ဝင်ရောက်လုနီးပါး ဖြစ်ခဲ့ရတယ်၊ အဲဒီအချိန်ကစပြီး သူက ဒီလိုဖြစ်သွားတာပဲ၊ ကြားသိရ သလောက်တော့ ဆရာကြီးဟာ ဗုဒ္ဓဘာသာရဲ့ နှုတ်ပိတ်ကျင့်စဉ်ကို ကျင့်ကြံနေတာဖြစ်ပြီး အဆင့်ခုနစ်ကို မရောက်မချင်း ဘယ်တော့မှ ပါးစပ်ဟမှာ မဟုတ်ဘူး၊ တခြားလူတွေနဲ့ ဆက်သွယ်ရင် အမြဲတမ်း ဝမ်းဗိုက်ကထွက်တဲ့ အသံနဲ့ပဲ ပြောဆိုလေ့ရှိတယ်"

လော့ယွီမင်သည် နားလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်သော်လည်း သူတော်စင်အဆင့် ကျင့်ကြံသူများ၏ ကမ္ဘာကိုမူ သူနားမလည်နိုင်ချေ။

ချန်ကျိုး၏ အိမ်အသေးလေးအတွင်း၌ ထန်ထိုက်မင်ယွဲ့သည် ပျင်းရိငြီးငွေ့စွာဖြင့် ဆိုဖာပေါ်တွင် ထိုင်ကာ ရုဘစ်တုံးကို ကစားနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ မျက်ဝန်းများကို အနည်းငယ် ဖွင့်လိုက်ပြီး အိမ်အပြင်ဘက်သို့ လျှပ်တပြက် ထွက်ခွာကာ ရောက်ရှိလာသူကို စိုက်ကြည့်လိုက်တော့သည်။

"ထန်ထိုက်အရှင်မ ရောက်ရှိနေမှန်း မသိရတဲ့အတွက် ကြိုဆိုဖို့ ပျက်ကွက်ခဲ့ရပါတယ်၊ ကြိုဆိုပါတယ်"

ဆရာကြီးကြွယ်ချန်က ထန်ထိုက်မင်ယွဲ့ကို လက်ဝါးချင်းယှက်ကာ နှုတ်ဆက်လိုက်သည်။

ထန်ထိုက်မင်ယွဲ့က လှောင်ပြုံးပြုံးလိုက်ပြီး မျက်ဝန်းအစုံမှာ ဓားကဲ့သို့ ထက်မြက်လှပေသည်။

"ဆရာကြီး ကြွယ်ချန်ပဲကိုး၊ ဆရာကြီး ရောက်လာတာ ဘာကိစ္စရှိလို့လဲ"

"အရှင်မအနေနဲ့ လူနဲ့ သရဲ နှစ်ကမ္ဘာလုံးက ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို သိပါသလား၊ သရဲဘုရင်အဆင့် ကျင့်ကြံသူတွေဟာ တစ်ဖက်လူရဲ့ နယ်မြေထဲကို သဘောအလျောက် ဝင်ရောက်ခွင့်မရှိပါဘူး"

ထန်ထိုက်မင်ယွဲ့က အေးစက်စွာ ရယ်မောလိုက်သည်။

"ပထမအချက်ကတော့ ရှင်တို့ လူသားတွေနဲ့ သရဲမင်းဆယ်ပါး ချုပ်ဆိုထားတဲ့ သဘောတူညီချက်ဟာ ငါ့ရဲ့ ဝိညာဉ်စျေးနဲ့ ဘာဆိုင်လို့လဲ၊ ဝိညာဉ်စျေးဟာ သရဲမင်းဆယ်ပါးရဲ့ အုပ်ချုပ်မှုအပြင်ဘက်မှာ ရှိတာဖြစ်ပြီး ဝိညာဉ်စျေးက လူသားကမ္ဘာနဲ့ ဘယ်တုန်းက သဘောတူညီချက် ရှိခဲ့ဖူးလဲဆိုတာ ငါမသိဘူး၊ ဒုတိယအချက်ကတော့ ငါနဲ့ ချန်ကျိုးဟာ လင်မယားအဖြစ် လက်ထပ်ထားကြတာ ဖြစ်တယ်၊ ချန်ကျိုးက လူသားဖြစ်တဲ့အတွက် ငါလူသားကမ္ဘာမှာ နေထိုင်တာ ဘာဖြစ်လို့ မရရမှာလဲ"

ဆရာကြီး ကြွယ်ချန်သည် မျက်နှာအမူအရာ မပျက်ဘဲ တည်ငြိမ်စွာ ဆက်လက်ပြောကြားလိုက်သည်။

"အရှင်မအနေနဲ့ ဘယ်အချိန်မှာ ပြန်ဖို့ စီစဉ်ထားပါသလဲ"

ထန်ထိုက်မင်ယွဲ့ နှာခေါင်းရှုံ့လိုက်သည်။

"ငါပြန်ချင်တဲ့အချိန် ပြန်မယ်၊ ငါမပြန်ချင်ရင် မပြန်ဘူး"

နောက်ဆုံးစကားလုံးနှစ်လုံးကိုမူ သိသာစွာ အသံမြှင့်၍ ပြောလိုက်သည်။

သူမသည် အမှန်တကယ်ပင် ပြန်လိုသော်လည်း လူသားကမ္ဘာနှင့် ဝိညာဉ်ကမ္ဘာကြားရှိ လမ်းကြောင်းကို အသစ်တစ်ဖန် ထပ်မံဖွင့်လှစ်ရန်မှာမူ တိုတောင်းသော အချိန်ကာလအတွင်း မဖြစ်နိုင်သေးပေ။

စကားသုံးလေးခွန်းဖြင့်ပင် အဓိကအချက်ကို ရှင်းလင်းပြီးနောက် ဆရာကြီး ကြွယ်ချန်သည် ဂါရဝပြုကာ လှည့်ထွက်သွားတော့သည်။

တံခါးဝတွင် အကဲခတ်နေသော လော့ယွီမင်သည် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။

"ဒီဆရာကြီး ကြွယ်ချန်က ခန့်ညားထည်ဝါစွာ ရောက်လာပြီးတော့ စကားနှစ်ခွန်းပဲ ပြောပြီး ထွက်သွားတာလား"

လျိုပန်ချန်းက လော့ယွီမင်၏ ခေါင်းကို လက်ဖြင့် ပုတ်လိုက်သည်။

"ဆရာကြီးကို မရိုမသေ မလုပ်နဲ့၊ ထန်ထိုက်အရှင်မက ဝိညာဉ်စျေးရဲ့ အရှင်သခင်ဖြစ်ပြီး သရဲမင်းဆယ်ပါးရဲ့ အုပ်ချုပ်မှုကနေ ကင်းလွတ်နေပေမဲ့ နောက်ကွယ်က အင်အားစုတွေက ရှုပ်ထွေးလွန်းတယ်”

“အနည်းငယ် အမှားအယွင်းရှိရင် လူနဲ့ သရဲ နှစ်ကမ္ဘာလုံးရဲ့ စစ်ပွဲကြီး ဖြစ်ပွားစေနိုင်တာမို့ ဒီလောက်အလွယ်တကူ ပြစ်မှားလို့မရဘူး၊ သွားကြစို့၊ ဘာလို့ ကြောင်ကြည့်နေတာလဲ၊ မင်းကိုယ်မင်း ချန်ကျိုးထင်မနေနဲ့၊ ထန်ထိုက်အရှင်မက မင်းကို သံယောဇဉ်တွယ်ပြီး မသွားခိုင်းဘဲ နေမယ်ထင်နေလား"

ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ လူများသည် ထန်ထိုက်မင်ယွဲ့ကို မပြစ်မှားရဲကြသော်လည်း စိတ်ကျန်းမာရေးဆေးရုံအတွင်း၌မူ သူမကို လာရောက်နှောင့်ယှက်ရဲသူများစွာ ရှိနေပေသည်။

ထိုအလုပ်မရှိ အလုပ်ရှာနေကြသော စိတ်ဝေဒနာရှင်များသည် ချန်ကျိုး၏ အိမ်အသေးလေးအတွင်း၌ အလွန်လှပသော အမျိုးသမီးတစ်ဦး ရောက်ရှိနေသည်ကို မည်သည့်အချိန်က သိရှိသွားကြသည်မသိဘဲ တစ်ယောက်ပြီးတစ်ယောက် ချန်ကျိုး၏ အိမ်တံခါးဝသို့ လာရောက်ကာ အကဲခတ်နေကြတော့သည်။

ထန်ထိုက်မင်ယွဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"မသေချင်ရင် အားလုံး ထွက်သွားကြ"

ချန်ကျိုး၏ ခြေအိတ်များကို ခိုးယူဖူးသော ဝတုတ်ကြီးက ယုတ်မာသောအပြုံးဖြင့် ပြုံးလိုက်သည်။

"ဒီမိန်းမငယ်လေးက တော်တော်လေး မောက်မာပါလား၊ မင်း မနေ့ညက ချန်ကျိုးနဲ့ အတူတူ အိပ်ခဲ့တာလား"

"မင်းက ချန်ကျိုးရဲ့ မိန်းမလား၊ ချန်ကျိုးလို လူဖျင်းက မင်းလိုလှပတဲ့ ညီမလေးကို ဘယ်လိုလုပ် ရှာနိုင်တာလဲ"

ညီမလေးဟူသော စကားလုံးသုံးလုံးကိုမူ အလွန်ယုတ်ညံ့စွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စိတ်ဝေဒနာရှင်တစ်ဦးက ပြတင်းပေါက်ဝတွင် ကပ်ကာ ရမ္မက်မျက်လုံးများဖြင့် ပြောလိုက်သည်။

"မင်းရဲ့ ဗိုက်ထဲမှာ ချန်ကျိုးလေးရှိနေပြီလား"

ထန်ထိုက်မင်ယွဲ့က ထိုစိတ်ဝေဒနာရှင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ထိုစိတ်ဝေဒနာရှင်သည် အကြောက်တရားမရှိဘဲ ညစ်ပတ်ပေရေနေသော လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ပြောလိုက်ပြန်သည်။

"မင်းရဲ့ အဝတ်အစားကို ဘယ်လောက်နဲ့ဝယ်ခဲ့တာလဲ၊ ငါ့ကို လင့်ခ်လေး ပေးပါဦး"

ထန်ထိုက်မင်ယွဲ့သည် လက်ကိုမြှောက်ကာ ရိုက်ပုတ်လိုက်ရာ ထိုလူကို တိုက်ရိုက် လွင့်စင်သွားစေတော့သည်။

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်

မကြာမီမှာပင် အိမ်အသေးလေး၏ပြတင်းပေါက်ဝတွင် ကပ်နေသော စိတ်ဝေဒနာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ရိုက်ပုတ်ခြင်း ခံလိုက်ရသဖြင့် မြေပြင်ပေါ်တွင်လှိမ့်ကာ မျက်နှာကို အုပ်၍အော်ဟစ်နေကြတော့သည်။

"မိစ္ဆာမ၊ မင်းက လူသားစားတဲ့ မိစ္ဆာမပဲ၊ ချန်ကျိုးကို မင်း စားလိုက်တာ သေချာတယ်"

"မိန်းမယုတ်၊ ငါ ထောင်ရှောင်ကျဲကို တိုင်ပြောပြီး မင်းကို အမှောင်ခန်းထဲ ပိတ်ခိုင်းမယ်"

"ငါက အဆိုးဝါးဆုံး ကျိန်စာတိုက်မှာ၊ မင်းကို ချန်ကျိုးလေး တစ်ရာလောက်မွေးဖွားစေရမယ်"

"မိန်းမဆိုးကြီး၊ ငါ ချန်ကျိုးကို တိုင်ပြောပြီး မင်းရဲ့ဖင်ကို ရိုက်ခိုင်းမယ်"

All Chapters