← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

Chapter 116

လော့ယွီမင်သည် လျိုပန်ချန်းတို့နှင့်အတူ ဝိညာဉ်ချုပ်ထိန်းရေးဌာနသို့ တန်း၍ပြန်မသွားဘဲ ဆန့်ကျင်ဘက်အရပ်သို့ ကားကို မောင်းနှင်သွားလေသည်။

ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံသို့ အဆင့်ခုနစ် သရဲဘုရင်မတစ်ပါး ရောက်ရှိလာခြင်းသည် အလွန်ကြီးမားသော ကိစ္စရပ်ဖြစ်ရာ ဆေးရုံ၏ ပထမဆုံး တာဝန်ရှိသူဖြစ်သော လီချင်ရှန်းသည် ထိုနေရာ၌ ရှိနေသင့်သည်ဖြစ်သော်လည်း လီချင်ရှန်း၏ ဖုန်းမှာ မည်သို့မျှ ဆက်သွယ်၍ မရခဲ့ပေ။

လော့ယွီမင်သည် လီချင်ရှန်း၏ အိမ်သို့ သွားရောက်ကြည့်ရှုရန် ပြင်ဆင်လိုက်သည်။

မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် လော့ယွီမင်၏ကားသည် လီချင်ရှန်းတို့ နေထိုင်ရာ အိမ်ရာဝင်း အောက်၌ ရပ်တန့်သွား၏။

ဓာတ်လှေကားမှာ ပြုပြင်နေဆဲဖြစ်ကြောင်း အကြောင်းကြားစာပြသနေသဖြင့် လော့ယွီမင်သည် ရှစ်ထပ်မြောက်သို့ ခြေကျင်သာ တက်ခဲ့ရလေသည်။

လော့ယွီမင် တစ်ကိုယ်လုံး ချွေးစိုရွှဲလျက် ရှစ်ထပ်သို့ ရောက်ရှိလာသောအခါ တစ်ထပ်လုံးမှာ ပရမ်းပတာ ဖြစ်နေပြီး စ္စာရံနှင့် ကြမ်းပြင်မှ ကြွေပြားများပင် အက်ကွဲနေသည်ကို တွေ့ရသည်။

လော့ယွီမင်သည် မှားယွင်းခြင်း မရှိစေရန် အထပ်နံပါတ်ကို သေချာစွာ ကြည့်ရှုလိုက်ရာ ရှစ်ထပ်မြောက် ဖြစ်သည်မှာ အမှန်ပင် ဖြစ်၏။

လီချင်ရှန်း၏ အိမ်ရှေ့သို့ ထပ်မံကြည့်ရှုရာတွင် သံပန်းတံခါးမှာ နံရံပေါ်၌ စောင်းရွဲ့ကာ တင်နေပြီး အလုပ်သမားများသည် ၎င်းတို့အိမ်မှ ပစ္စည်းများကို ရှင်းလင်းနေကြသည်။

အဖိုးကြီးလီတစ်ယောက် အိမ်ပြင်ဆင်နေတာလား။

မဖြစ်နိုင်ပေ။ လီချင်ရှန်းသည် ဤအိမ်သို့ ပြောင်းရွှေ့နေထိုင်သည်မှာ နှစ်နှစ်မျှသာ ရှိသေးသဖြင့် အိမ်ကို ထပ်မံပြင်ဆင်ရန် မလိုအပ်ချေ။

လော့ယွီမင် အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသည်။

ထိုစဉ် အိမ်ထဲမှ ရန်ဖြစ်နေသံများ ထွက်ပေါ်လာ၏။

"လီချင်ရှန်း လီချင်ရှန်း ရှင်လုပ်ထားတဲ့ အလုပ်ကိုလည်း ကြည့်ဦး၊ အိမ်မှာ လူမရှိလို့ တော်သေးတာပေါ့၊ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ရှင် ဘယ်လိုလုပ်မလဲ"

ထိုအသံမှာ လီချင်ရှန်း၏ ဇနီးဖြစ်သူ အသံ ဖြစ်သည်။

"တစ်ခုခု ဖြစ်ရင်လည်း ငါ အရင်ဖြစ်မှာပေါ့၊ ပြီးတော့ နတ်ဆေးရည်ကျိုတဲ့ အိုးက မီးအရှိန်ကို မထိန်းနိုင်ဘဲ ပေါက်ကွဲသွားလိမ့်မယ်လို့ ငါလည်း မသိဘူးလေ"

လီချင်ရှန်းမှာ အပြစ်လုပ်ထားသော ကလေးငယ်တစ်ဦးကဲ့သို့ လေသံဖြင့် ပြန်ပြောလိုက်သည်။

နတ်ဆေးရည်ကျိုတဲ့အိုး

ပေါက်ကွဲမှု

တကယ့်ကို စိတ်လှုပ်ရှားစရာပဲ အဖိုးကြီးလီ

အိမ်မှာ နတ်ဆေးရည်ကျိုရင်း အိမ်ကိုပါ ဗုံးခွဲပစ်လိုက်သည်တကား။

လော့ယွီမင်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလေသည်။

"ရှင်က အဘိုးကြီးဖြစ်နေပြီ၊ အဲဒီလို လေလွင့်သူငယ်ချင်းတွေနဲ့ လျှောက်ပြီး လျှောက်လုပ်နေတုန်းပဲ၊ ဟို ကျိုးအိုက်ကော် ဆိုတဲ့လူလည်း ကြည့်ဦး၊ အသက်က ဘယ်လောက်ရှိပြီလဲ၊ ကျင့်ကြံဖို့ စဉ်းစားနေတုန်း၊ ရှင်တို့နှစ်ယောက် အတူတူရှိရင် လေကြီးတာကလွဲလို့ တခြား ဘာမှမလုပ်တတ်ဘူး"

လော့ယွီမင်သည် အိမ်အပြင်ဘက်၌ ခိုး၍ရယ်မောနေမိသည်။ ပြောသည်မှာ တစ်လုံးမှ မမှားချေ။ ထိုနှစ်ယောက်သည် နေ့တိုင်း ဟန်ကိုယ်ဖို့နှင့် လေကြီးနေကြသော်လည်း လက်တွေ့တွင်မူ ဘာမSမတတ်ကြချေ။

"ပြီးတော့ ဟို လုယွီမင်ဆိုတဲ့လူလည်း ရှိသေးတယ်၊ ဝိညာဉ်ချုပ်ထိန်းရေးဌာနရဲ့ ဌာနမှူး ဖြစ်ပြီးတော့ နေ့တိုင်း အလုပ်မရှိဘဲ ဟို ချန်ကျိုးကို အတုခိုးပြီး နေပူထဲမှာ သွားကျင့်ကြံနေတယ်၊ အပူလျှပ်လို့ ဘယ်နှစ်ခါတောင် ဆေးရုံတက်ခဲ့ရပြီလဲ၊ ရှင်တို့က သူ့ကို အတုခိုးနေကြသေးတယ်၊ သူများတွေက လူညံ့သုံးယောက်ပေါင်းရင် လူတော်တစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ ရှင်တို့သုံးယောက် ပေါင်းလိုက်ရင်တော့ အနံ့ဆိုးထွက်တဲ့ ပိုးကောင်သုံးကောင်လိုပဲ၊ အနံ့က နံစော်နေတာပဲ"

"လော့ယွီမင်ပါ"

လီချင်ရှန်း အမည်ကို ပြင်ပေးလိုက်သည်။

"ရှင် ဒါကိုကျတော့ အမှတ်ရသားပဲ"

လော့ယွီမင်၏အပြုံးများ ချက်ချင်း ရပ်တန့်သွားလေသည်။

“အင်း.....ဒီနေ့လာတာ အချိန်ကောင်းမဟုတ်ဘူးပဲ”

လော့ယွီမင်သည် တွေဝေမနေဘဲ လှည့်၍အောက်ထပ်သို့ ပြန်ဆင်းသွားတော့သည်။

အိမ်ရာဝင်းမှ ထွက်ခွာလာပြီးနောက် လော့ယွီမင်သည် သူ့ လက်ကိုင်ဖုန်းကို ထုတ်ကာ ကျိုးအိုက်ကော်ထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။

ကျိုးအိုက်ကော်သည် ကားနောက်ခန်း၌ ထိုင်နေပြီး ကားပြတင်းပေါက်အပြင်ဘက်တွင်မူ ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ၏ အဝင်ဝကို မြင်တွေ့နေရသည်။

"ဟဲလို"

လော့ယွီမင်သည် သတင်းကို ချက်ချင်း မျှဝေချင်နေသဖြင့် ပြောလိုက်သည်။

"အဘိုးကြီးကျိုး၊ အဖိုးကြီးလီတစ်ယောက် နတ်ဆေးရည်ကျိုရင်း အိမ်ကို ဗုံးခွဲပစ်လိုက်ပြီ"

ကျိုးအိုက်ကော် စကားမပြောရသေးမီ ရှေ့ခန်း၌ ထိုင်နေသော ချန်ကျိုး ကြားသွားပြီး လှည့်ကာ အော်ပြောလေသည်။

"ဘာလဲ၊ အဲ့တောင်ကြီးဆိုတဲ့ကောင်က သူ့အိမ်ကို ဗုံးခွဲပစ်လိုက်တာလား"

သူ့အသံထဲတွင် စိတ်လှုပ်ရှားမှုများပါဝင်နေသော်လည်း ယခင်ကဲ့သို့ အားအင်အပြည့် ရှိမနေပေ။

သူ့ မျက်နှာကို ပြန်ကြည့်လိုက်သောအခါ

ဝက်ခေါင်းကြီးတစ်လုံးကဲ့သို့ ဖူးဖူးယောင်နေပြီး ပန်းရောင်သန်းနေကာ နှုတ်ခမ်းအပေါ်အောက်မှာလည်း ဝက်အူချောင်း နှစ်ချောင်းကဲ့သို့ ဖြစ်နေသည်။ အရည်လဲ့နေသော မျက်လုံးကြီးများမှာလည်း ယခုအခါ အနည်းငယ်မျှသာ ဖွင့်နိုင်တော့ပြီး မျက်တောင်ကြားတွင် အရည်ကြည်များ စို့နေသည်။

ထိုမျက်နှာကြီးနှင့် ယှဉ်လျှင် သူ့ ဦးခေါင်းနောက်စေ့မှာ လက်ဝါးခန့်သာ ရှိတော့ပုံရသည်။

ကျိုးအိုက်ကော်သည် ချန်ကျိုး၏ဖူးယောင်နေသော မျက်နှာကို မကြည့်ရဲတော့သဖြင့် ရယ်ချင်စိတ်ကို အောင့်ကာ ဘေးသို့ လှည့်ကြည့်လိုက်ရသည်။

"ဟွတ် ဟွတ်၊ ဟားဟားဟားဟား..."

လှည့်ကြည့်လိုက်သည့် ခဏ၌ပင် သူ့ စိတ်ဓာတ်များ ပြိုလဲသွားရသည်။

ဟွမ်ရှောင်မော့သည် နောက်ခန်း၏ တခြားတစ်ဖက်တွင် ထိုင်နေပြီး မူလက လက်သီးအရွယ်ခန့်သာ ရှိသော ဦးခေါင်းမှာ မုန့်လုံးကြီးကဲ့သို့ ဖူးယောင်နေကာ မူလကပင် သေးငယ်သော မျက်လုံးများမှာ လုံးဝပိတ်သွားပြီး မျက်နှာဝိုင်းကြီး ဖြစ်နေသဖြင့် ပါးစပ်ပင် ဟ၍ မရတော့ဟု ထင်ရသည်။ အထူးသဖြင့် ရှေ့ခြေနှစ်ဖက်မှာ နောက်ခြေများထက် နှစ်ဆခန့် ကြီးမားနေလေသည်။

"သုန်းသုန်းချီ၊ မင်း ငါ ချန်ကျိုးကြီးကို ရယ်နေတာလား"

ချန်ကျိုး ဗလုံးဗထွေးဖြင့် မေးလိုက်သည်။

"မဟုတ် ဟားဟား ပါဘူး၊ ငါက ဟားဟား ငါ ဟွမ်ရှောင်မော့ကို ကြည့်ပြီး ရယ်နေတာ၊ ဟားဟားဟားဟား"

ဟွမ်ရှောင်မော့မှာမူ မျက်စိ လုံးဝမဖွင့်နိုင်လောက်အောင် ဖူးယောင်နေရှာသည်။

ချန်ကျိုးသည် ဟွမ်ရှောင်မော့ကို ကြည့်လိုက်ရာ ပါးစပ်ဟ၍ မရသဖြင့် ညည်းတွားသံဖြင့် ပြောလိုက်သည်။

"ဟဟ၊ ဟွမ်ရှောင်မော့၊ မင်းက ဝက်တစ်ကောင်နဲ့ တူနေတာပဲ"

မောင်းနှင်သူနေရာမှ ကျန်းယိုယိုသည် ကားပြတင်းပေါက် အပြင်ဘက်သို့လှည့်ကြည့်ကာ ရယ်ချင်စိတ်ကို အတင်းအောင့်ရင်း ပြောလိုက်သည်။

"ဆရာ၊ အိမ်ကိုရောက်ပါပြီ"

ချန်ကျိုးသည် မျက်ခွံကို မနည်းဖွင့်ကာ ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ၏အဝင်ဝကို မရေမရာ ကြည့်လိုက်သည်။

"နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ"

ချန်ကျိုးသည် ကားပေါ်မှဆင်းလာခဲ့ပြီး သူ့ ရင်ခွင်ထဲတွင်မူ သူ၏ တိုက်ပွဲဝင်ဆုလာဘ်ဖြစ်သော ပျားအုံကြီးကို ပိုက်ထားလေသည်။

ချန်ကျိုး စိတ်ရောဂါကုဆေးရုံထဲသို့ လမ်းလျှောက်ဝင်လာသောအခါ ဆေးရုံဝင်းအတွင်းရှိ စိတ်ဝေဒနာရှင်များသည် စုရုံးရောက်ရှိလာကြပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းပြူ၍ ကြည့်ကြသည်။

"မင်းက လူသစ်လား"

"မင်း မျက်လုံးကို နည်းနည်းလောက် ဖွင့်ကြည့်ပါဦး"

"မင်း နာမည် ဘယ်လိုခေါ်လဲ"

"မင်းက ယောက်ျားလား မိန်းမလား"

"မင်းက တကယ် ရုပ်ဆိုးတာပဲ၊ မင်းက ရုပ်ဆိုးတဲ့ ချန်ကျိုးနဲ့တူတယ်၊ ပြီးတော့ ရုပ်ဆိုးတဲ့ ကြောင်လေးတစ်ကောင်လည်း ပါသေးတယ်"

"ငါ မင်းကို ပြောပြမယ်၊ ရုပ်ဆိုးတဲ့ ချန်ကျိုးက တကယ်ဆိုးတာ၊ သူက နေ့တိုင်း လူတွေကို လိုက်ရိုက်တယ်၊ သန်းခေါင်ယံ အိပ်မပျော်ရင် ငါ့ကို ခိုးရိုက်တတ်သေးတယ်၊ သူက တကယ်ဆိုးတာ၊ နေ့တိုင်း အမှောင်ခန်းထဲ ပိတ်ခံရတယ်"

ချန်ကျိုး၏ဖူးယောင်နေသော မျက်လုံးကြီးများကြောင့် စကားပြောနေသူမှာ မည်သူမှန်းသေချာမမြင်ရသဖြင့် ရင်ခွင်ထဲမှ ပျားအုံကို သူ့နောက်ကွယ်ရှိ ကျန်းယိုယို ရင်ခွင်ထဲသို့ တွန်းပို့လိုက်သည်။

"လုံးလုံးလေး၊ ငါ့အတွက် ကိုင်ထားပေး"

"ဟုန်... ဟေး..."

ချန်ကျိုးသည် ခြေနှစ်ဖက်ကို ကားလိုက်ပြီး ဖူးယောင်နေသော လက်နှစ်ဖက်ဖြင့် ထိုစိတ်ဝေဒနာရှင်များကို ရမ်းသန်းကာ လိုက်လံရိုက်နှက်တော့သည်။

ချန်ကျိုး ပြန်ရောက်လာသည်ကို သိရှိရသော အားယွမ်သည် အပေါ်ထပ် ဝရန်တာတွင် ရပ်လျက် လှမ်းပြောလေသည်။

"ချန်ကျိုး၊ မင်း လူတွေကို ထပ်ရိုက်ပြန်ပြီ"

ချန်ကျိုး တစ်ကိုယ်လုံး တုန်ရင်သွားပြီး အားယွမ်ရှိရာသို့ မော့ကြည့်လိုက်သော်လည်း သူသည် ယခုအခါ စကားကို သေချာမပြောနိုင်သဖြင့် လက်မောင်းကိုဆန့်တန်းကာ အပေါ်ထပ်သို့ ဖူးယောင်နေသော လက်ခလယ်ကို ထောင်ပြလိုက်လေသည်။

ထန်ထိုက်မင်ယွဲ့သည် အိမ်လေး၏တံခါးဝတွင် ရပ်ကာ ချန်ကျိုးနှင့် စိတ်ဝေဒနာရှင်များ ဆော့ကစားနေသည်ကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်။

“ဒီကောင် ဘယ်သွားပြီး ကိုယ့်ကိုကိုယ် ဒီလိုဖြစ်အောင် လုပ်လာတာလဲ”

“ဝက်ခေါင်းကြီးတစ်လုံးနဲ့ တူနေတာပဲ”

ထန်ထိုက်မင်ယွဲ့၏စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ ကျေနပ်အားရမှုတစ်ခု ဖြစ်ပေါ်လာသည်။

သို့သော် သူမ အနည်းငယ်ထူးဆန်းသည်ဟုလည်း ခံစားရသည်။ ပျားအုံတစ်အုံကြောင့် ဤစိတ်ဝေဒနာရှင်ကို ဝက်ကဲ့သို့ ဖူးယောင်သွားအောင် လုပ်နိုင်သည်မှာ မဖြစ်နိုင်ပေ။

ဤကောင်၏စွမ်းအားနှင့်ဆိုလျှင် မဖြစ်နိုင်ချေ။

မဟုတ်သေး..

ရှေးရိုးရာအရ အဆိပ်ကျင့်စဉ် ကျင့်ကြံသူတစ်မျိုး ရှိသည်။ ၎င်းတို့သည် ကျင့်ကြံသည့် နေ့မှစ၍ မိမိခန္ဓာကိုယ်အတွင်းသို့ အဆိပ်များကို အဆက်မပြတ် ထည့်သွင်းကာ ခန္ဓာကိုယ်ကိုအဆိပ်မတိုးနိုင်အောင် မွေးမြူကြသည်။

ထိုသို့သော အဆိပ်ကျင့်ကြံသူများသည် အလွန် အစွမ်းထက်ကြပြီး သွေးတစ်စက်ဖြင့်ပင် အဆင့်မြင့် ကျွမ်းကျင်သူများကို သတ်ဖြတ်နိုင်သည်။ သရဲဘုရင်အဆင့်ရှိသူပင် ချွင်းချက်မရှိချေ။

ယခင်က ဝိညာဉ်ခေါ်အရက်၏အဆိပ်သည်ပင် ဤကောင်ကို တစ်ခါမျှသာ မူးယစ်စေခဲ့သည်။

ချန်ကျိုးကြီးသည် ထိုကဲ့သို့သော အဆိပ်ကျင့်ကြံသူတစ်ဦးဖြစ်နေခြင်းလော။

ပြီးတော့ ဟိုအားယွမ်ဆိုတဲ့လူလည်း ရှိသေးသည်။ ကြည့်ရသည်မှာ ချန်ကျိုးက သူ့ကို အရမ်းကြောက်ပုံရပြီး အားယွမ်ကလည်း မိမိကိုယ်ကိုယ် ဖုံးကွယ်ထားတဲ့ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်လား။

“ဒါပေမဲ့ အားယွမ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာဝိညာဉ်စွမ်းအား လှိုင်းမှလည်း မခံစားရပါဘူး”

“ဒီစိတ်ကျန်းမာရေးဆေးရုံထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ”

ချန်ကျိုးကဲ့သို့သော ပုဂ္ဂိုလ်သည် စိတ်ကျန်းမာရေးဆေးရုံတွင် ပုန်းအောင်းနေပြီး စိတ်ဝေဒနာရှင်တစ်ဦးအဖြစ် ဟန်ဆောင်နေသည်။

ထို့ပြင် ဤအားယွမ်သည် ချန်ကျိုးကိုပင် ကြောက်လန့်စေနိုင်စွမ်းရှိသည်။

ဤနာမည်မကြီးသော စိတ်ကျန်းမာရေးဆေးရုံတွင် အဆင့်ခုနစ်ထက်မြင့်မားသော ချန်ကျိုး ရှိနေသလို ချန်ကျိုးနှင့် ရင်ဘောင်တန်းနိုင်သော အားယွမ်လည်း ရှိနေသည်။

ဤနေရာသည် အလွန်ထူးဆန်းလှပေသည်။ ထိုသို့သော အဆင့်မြင့်ကျွမ်းကျင်သူများသည် သရဲကမ္ဘာ၏ သတင်းအချက်အလက် ထိန်းချုပ်မှုအတွင်း၌ လုံးဝ မရှိခဲ့ချေ။

လူသားမျိုးနွယ်တွင် ဤမျှလောက်များပြားသော ထိပ်သီးကျင့်ကြံသူများ မည်သည့်အချိန်က ပေါ်ထွက်လာရသနည်း။

ထန်ထိုက်မင်ယွဲ့သည် မိမိကိုယ်ကိုယ် ဤမျှ အထင်ကြီးစွာဖြင့် ရောက်ရှိလာခဲ့မိခြင်းကို အနည်းငယ် နောင်တရမိသွားသည်။ ရောက်ရှိလာသည်နှင့် မိမိ၏ ဝှက်ဖဲများကို ထုတ်ပြလိုက်သဖြင့် ရန်သူ့ထံတွင် မိမိအစွမ်းကို လှစ်ဟပြသသကဲ့သို့ ဖြစ်သွားရသည်။

ချန်ကျိုးသည် အားယွမ်၏စကားကြောင့် စိတ်ပျက်သွားကာ သူ့ အိမ်လေးဆီသို့ စိတ်ပျက်လက်ပျက်ဖြင့် လမ်းလျှောက်ပြန်လာခဲ့သည်။

မှုန်ဝါးနေသော အမြင်အာရုံထဲတွင် အိမ်တံခါးဝ၌ ရဲရဲတောက်နေသော လူရိပ်တစ်ခု ရပ်နေသည်ကို မြင်လိုက်ရသည်။

"ဖယ်... ဖယ်... ဖယ်စမ်း"

ချန်ကျိုးသည် လက်ဖြင့် ထန်ထိုက်မင်ယွဲ့ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး အိမ်ထဲသို့ဝင်ကာ ကိုကာကိုလာကို ရှာဖွေ၍ သောက်လေသည်။

ကျိုးအိုက်ကော်သည် ကျန်းယိုယို၏တံတောင်ဆစ်ကို တို့လိုက်ပြီး ပြောလိုက်သည်။

"ဟိုမိန်းကလေးက ချန်ကျိုးရဲ့ဇနီး ထန်ထိုက်မင်ယွဲ့ပဲ၊ လော့ယွီမင် ပြောတာတော့ သူက ဝိညာဉ်ကမ္ဘာရဲ့တစ်ဦးတည်းသော သရဲဘုရင်မပဲ၊ အရမ်းအစွမ်းထက်တယ်၊ မင်း သွားပြီး ရင်းနှီးအောင်လုပ်လိုက်ဦး..."

ကျန်းယိုယိုသည် ထန်ထိုက်မင်ယွဲ့ကို ခိုးကြည့်လိုက်ပြီး ချန်ကျိုး၏ တိုက်ပွဲဝင်ဆုလာဘ်ဖြစ်သော ပျားအုံကြီးကို ပိုက်လျက် အိမ်လေး၏ ရှေ့သို့ လမ်းလျှောက်သွားကာ ပြောလိုက်သည်။

"ဆရာကတော် မင်္ဂလာပါ"

All Chapters