← Chapters

ကျောက်တုံးကြိတ်အစီအရင်

Vol. 83 Ch. 1169

ကျောက်တုံးကြိတ်အစီအရင်

Vol. 83 Ch. 1169

နတ်ဘုရားသတ်ဖြတ်သူပျားပိုးလောင်းတွေ ထွက်ပေါ်လာတာနဲ့ နတ်ဘုရားဝင်္ကပါကို တိုက်ခိုက်ခဲ့တဲ့ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက ပြန့်ကျဲသွားပြီး တတိယမြောက်တားမြစ်နေရာရှိရာဆီ ပြေးသွားတော့တယ်။

ပျားရဲ့စွမ်းအားကို သူတို့က နက်နက်ရှိုင်းရှိုင်း သဘောပေါက်ထားပြီးလေ။

သူတို့ရဲ့တိုက်ခိုက်မှုတွေက နတ်ဘုရားသတ်ဖြတ်သူပျားအပေါ်  ကျရောက်လာတဲ့အခါ ယားလို့ကုတ်တာနဲ့ မခြားပါဘူး၊ ရန်သူရဲ့အမွေးနုကိုတောင် မထိုးဖောက်နိုင်ပါဘူး။

ဒါ ဘယ်လိုတိုက်ခိုက်ရမလဲ၊ လုံးဝမမျှတဘူးလေ။

တစ်ခဏကြာပြီးနောက် လီဖူချန်းတစ်ယောက်ကပဲ နတ်ဘုရားမြက်ဥယျာဉ်ထဲမှာ ကျန်တော့တယ်။

အစစ်အမှန်သွေးကြောမြက်ကို လီဖူချန်းက လက်မလျော့ပါဘူး။ သူ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအဆင့်ကို အချိန်တိုအတွင်း ချိုးဖြတ်နိုင်မလားဆိုတာက အစစ်အမှန်သွေးကြောဆေးအပေါ်မှာ မူတည်တယ်။

ဝီဝီ.....

သူတို့ရဲ့ပစ်မှတ်ကို ဆုံးရှုံးသွားတဲ့ နတ်ဘုရားသတ်ဖြတ်ခြင်းပျားက လီဖူချန်းဆီ ပျံသန်းလာတယ်။

"သွားစမ်း"

မီးခိုးရောငိအရိပ်ဓားကို ဆွဲထုတ်လျက် လီဖူချန်းက ဓားတစ်ချက်နဲ့ ခုတ်ပိုင်းလိုက်တယ်။

မိုးရွာကျလာသလိုပဲ၊ နတ်ဘုရားသတ်ဖြတ်သူပိုးလောင်းတွေအားလုံးက မြေပြင်ပေါ်သို့ ကျသွားပေမယ့် သူတို့က ချက်ချင်း တောင်ပံတွေ ခတ်ကာ ထပ်မံပျံသန်းလာပြန်တယ်။

"မလုံလောက်သေးဘူးပဲ၊ သူတို့ခန္ဓာကိုယ်ရဲ့မာကျောမှုက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ယှဉ်နိုင်တယ်"

လီဖူချန်းက နောက်ထပ်ဓားတစ်ချက် ထုတ်လိုက်တယ်၊ ပြီးနောက် ဒိီအခွင့်အရေးကို ရယူကာ အစစ်အမှန်သွေးကြောပန်းတည်ရှိရာ သေးငယ်တဲ့နတ်ဘုရားမြက်ဥယျာဉ်ရဲ့နတ်ဘုရားဝင်္ကပါဆီ လာခဲ့တယ်။

ဝှစ်......

နတ်ဘုရားဝင်္ကပါက ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားဝင်္ကပါတစ်ခုဖြစ်တယ်။ ပုံမှန်အားဖြင့် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေကတောင် ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားဝင်္ကပါကို မချိုးဖြတ်နိုင်ဘူး။

ဒါပေမယ့် လီဖူချန်းက မတူဘူး၊ သူက နတ်ဘုရားဝင်္ကပါထဲရှိချို့ယွင်းချက်တွေကို အလွယ်တကူ ရှာတွေ့နိုင်တယ်။

ဒုတိယ၊ လီဖူချန်းရဲ့လက်ထဲရှိ မီးခိုးရောင်အရိပ်ဓားက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး ၎င်းရဲ့တိုက်ခိုက်ရေးစွမ်းအားကို အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက မယှဉ်နိုင်ပါဘူး။

အမျိုးမျိုးသောအကြောင်းပြချက်တွေကြောင့် လီဖူချန်းက နတ်ဘုရားဝင်္ကပါကို ဓားတစ်ချက်နဲ့ ချိုးဖြတ်ခဲ့တယ်။

သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အစစ်အမှန်သွေးကြောပန်းခုနှစ်ပွင့်က လီဖူချန်းရဲ့လက်ထဲသို့ ကျရောက်လာတယ်။ အခြားကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားဆေးပင်တွေ‌အတွက်ကတော့ လီဖူချန်းက မစုဆောင်းခဲ့ပါဘူး။ အစစ်အမှန်သွေးကြောပန်းမှလွဲပြိး ဒီကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားဆေးပင်တွေက လီဖူချန်းရဲ့မျက်လုံးထဲမှာ ဘာတန်ဖိုးမှ မရှိပါဘူး။

အစစ်အမှန်သွေးကြောပန်းကို လက်ခံပြီးနောက် လီဖူချန်းက အလျင်အမြန်ထွက်ခွာလာခဲ့တယ်။

……

တတိယမြောက်တားမြစ်နေရာကို သွားတဲ့အခါ ရွေးချယ်စရာလမ်းကြောင်းနှစ်ခုရှိတယ်၊ လီဖူချန်းက ဘယ်ဘက်ရှိတစ်ခုကို ရွေးချယ်လိုက်တယ်။

လမ်းကြောင်းရဲ့အဆုံးမှာ ကန္တရတစ်ခု ရှိတယ်။ ကန္တရပေါ်မှာ နူးညံ့ညင်သာတဲ့လေအေးအေးတိုက်ခတ်၊ မိုးဖွဲဖွဲရွာသွန်းလျက်ရှိတယ်၊ ကြည့်ရတာ ဘာအန္တရာယ်မှ မရှိသလိုပဲ။

ဒါပေမယ့် ဒီကန္တရက လိုရယ်တောအုပ်ထက် ပိုအန္တရာယ်များတာကို လီဖူချန်းက သိတယ်။

ကန္တရအရှေ့ရှိ ကျောက်ပြားပေါ်မှာ အက္ခရာလေးလုံးရှိတယ်-လေနဲ့မိုး၊ ဒီအက္ခရာလေးလုံးမှာ သတ်ဖြတ်ခြင်းအရှိန်အဝါ ပါရှိတယ်။

မျှော်မှန်းထားသလိုပဲ၊ လီဖူချန်းက ကန္တရကို ဝင်ရောက်သွားတာနဲ့ နူးညံ့တဲ့လေမိုး‌တွေက ကြမ်းတမ်းတဲ့မုန်တိုင်းတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားတယ်။

အဆင့်မြင့်လေတာအိုအစစ်အမှန်နတ်ဘုရားတွေ စုဝေးနေသလို ကြောက်စရာကောင်းတဲ့လေတွေက လေဓားသွားတစ်ခုပြီးတစ်ခု ထုတ်လွှတ်နေတယ်။

အဆင့်မြင့်ရေနတ်ဘုရားတွေ စုဝေးနေသလို ကြမ်းတမ်းတဲ့မိုးတွေက ရေမြားတွေ ပို့လွှတ်နေတယ်။

လေဓားသွားနဲ့ရေမြားတွေရောယှက်ခြင်းက အသက်ရှုကျပ်စေတယ်။

သူက မီးခိုးရောင်အရိပ်ဓားကိုတောင် မဆွဲထုတ်ခဲ့ဘူး၊ သူတို့က ချဉ်းကပ်လာလျှင်ချင်း သူ့ကိုတိုက်ခိုက်နေတဲ့လေဓားသွားနဲ့ရေမြားတွေက ချက်ချင်း ချေမှုန်းခံလိုက်ရတယ်။

"ငါ့ကို ကယ်ပေး"

ကန္တရထဲမှာ အခြားအဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေ ရှိတယ်။ အဆင့်မြင့်နတ်ဘုရားတစ်‌‌ယောက်ကို လေဓားသွားနဲ့ရေမြားတွေက ခုတ်ပိုင်းခံလိုက်ပြီး အရိုးသာကျန်တော့တယ်၊ ကြည့်ရတာ အရမ်းသနားစရာကောင်းတယ်၊ သူက သူ့လက်ကို ဆန့်ထုတ်ကာ လီဖူချန်းကို အကူအညီတောင်းလိုက်တယ်။

သူက အကူအညီ‌တစ်ခါပဲ ခေါ်နိုင်ခဲ့တယ်၊ လေဓားသွားနဲ့ရေမြားတွေကြောင့် သွေးနဲ့ရေတွေ ဖြစ်သွားပြီး ကန္တရရဲ့အစာအာဟာရဖြစ်သွားတော့တယ်။

လီဖူချန်းက သူ့ခေါင်းကို ခါယမ်းလိုက်တယ်။ တစ်ဖက်လူက လင်းယွင်ခယ်လိုဏ်ဂူနေအိမ်ကို လာရဲမှတော့ သူက သူ့ရဲ့ကျရှုံးမှုအတွက် ပြင်ဆင်ထားရပါမယ်။

အန္တရာယ်မရှိတဲ့အလား လီဖူချန်းက ကန္တရကို ဖြတ်လျှောက်လာခဲ့တယ်။

သူက လွဲပြီး အခြားသူတွေက ကန္တရထဲသို့ ကျရင်ကျ၊ ဒါမှမဟုတ် ပြန်ဆုတ်လာခဲ့ကြတယ်၊ တစ်ယောက်မှ မချိုးဖြတ်နိုင်ခဲ့ဘူး။

"သူက ယွမ်တစ်ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ။ သူက မှင်တက်စရာပဲ။ သူက ဒီနေရာကို ဒီလောက်များတဲ့သူတွေကို ခေါ်လာနိုင်တာ"

အရှေ့မှာ အဆောက်အအုံအမျိုးမျိုးက စုပေါင်းတည်ရှိနေတယ်၊ အလယ်ဆင့်အရွယ်အစားခန်းမတွေ၊ ခြံဝင်းတွေ၊ ရေပန်းတစ်ခုပါတဲ့အလယ်ဆင့်အရွယ်အစားကွက်လပ်တစ်ခုက အပါအဝင်ဖြစ်တယ်။

အလယ်ဆင့်အရွယ်အစားခန်းမတစ်ခုရဲ့အရှေ့မှာ ယွမ်တစ်ဂိုဏ်းရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ရာကျော်က နတ်ဘုရားအစီအရင်တစ်ခုကို တိုက်ခိုက်နေပြီး ခေါင်းဆောင်ရဲ့ခွန်အားက လောရှီကွမ်းထက် အများကြီးပိုသန်မာတယ်။

ယွမ်တစ်ဂိုဏ်းရဲ့အဆင့်မြင့်နတ်ဘုရားတစ်ရာကျော်က အဓိကခန်းမကိုကာကွယ်နေတဲ့အစီအရင်ကို ထိုးဖောက်နေတဲ့အပြင် ယွမ်တစ်ဂိုဏ်းရဲ့နတ်ဘုရားအစီအရင်ဆရာသခင်တစ်ယောက်ကလဲ အစီအရင်တစ်ခုကို တပ်ဆင်နေတယ်။ ထိုအစီအရင်က အညံ့စားနတ်ဘုရားကျောက်တုံးတွေကို အလွန်သုံးစွဲနေတယ်ဆိုတာ မြင်နိုင်တယ်။ မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားအစီအရင်ဆရာသခင်က နတ်ဘုရားကျောက်တုံးထရီလီယံချီ ပစ်သွင်းလိုက်ပြီဖြစ်တယ်။

နောက်ပိုင်းမှာ အညံ့စားနတ်ဘုရားကျောက်တုံးတွေ ပိုပိုထည့်သွင်းလာလေလေ၊ နတ်ဘုရားအစီအရင်ရဲ့အလင်းက ပိုပိုတောက်ပလာပြီး ပင်မခန်းမထဲရှိနတ်ဘုရားအစိီအရင်ကို တဖြည်းဖြည်း အားပျော့သွားစေတယ်။

"ယွမ်တစ်ဂိုဏ်းက ပစ္စည်းကောင်းတွေအများကြီးကို လေလံတင်ခဲ့တာ၊ အညံ့စားနတ်ဘုရားကျောက်တုံးတွေကို စုဆောင်းဖို့ ထင်တယ်"

လီဖူချန်းက ခန့်မှန်းလိုက်တယ်။

သူ့ရဲ့အမြင်အာရုံအရ အကြည့်တစ်ချက်နဲ့ ပင်မခန်းမကို ကာကွယ်ထားတဲ့ နတ်ဘုရားအစီအရင်က ကြယ်နှစ်လုံးအဆင့်မြင့်အဆင့်ကို ကျော်လွန်ပြီး ကြယ်သုံးလုံးအဆင့်နိမ့်အဆင့်ကို ရောက်ရှိနေမယ်ဆိုတာ သူ စိုးရိမ်မိတယ်။

ကြယ်သုံးလုံးအဆင့်နိမ့်က စိတ်ဝိညာဉ်နတ်ဘုရားတွေနဲ့ ညီမျှတယ်။ ပုံမှန်အခြေအနေအောက်မှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ရာကျော်မဆိုနဲ့၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်သောင်းကျော်က မိုးဖွဲဖွဲရွာသလိုပဲ၊ သူတို့က ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်ကို ဘာတစ်ခုမှ လုပ်နိုင်မှာမဟုတ်ဘူး။

ဒါကြောင့် အဓိကသော့ချက်က အစီအရင်ကို တပ်ဆင်နေတဲ့ နတ်ဘုရားအစီအရင်ဆရာသခင်ပါပဲ။

လေးနက်စွာပြောရရင် ဒီနတ်ဘုရားအစီအရင်ဆရာသခင်က အစီအရင်တစ်ခုကို တပ်ဆင်နေတာမဟုတ်ဘဲ အညံ့စားနတ်ဘုရားကျောက်တုံးတွေကို အစီအရင်ပြားထဲသို့ ပစ်သွင်းနေတာပဲ။

ပင်မခန်းမရဲ့နတ်ဘုရားအစီအရင်ကို တိုက်ခိုက်ဖို့ဆိုရင် ဒီဝင်္ကပါက ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်တစ်ခုပဲ ဖြစ်ရမယ်။

ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်ပြားရဲ့နတ်ဘုရားကျောက်တုံးသုံးစွဲမှုအရှိန်က လူအများစု စဉ်းစားနိုင်တဲ့အရာမဟုတ်ဘူး။ ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်ချပ်ပြားကို အပြည့်အဝနှိုးဆွနိုင်ဖို့ဆိုရင် အညံ့စားနတ်ဘုရားကျောက်တုံးဆယ်သန်းမပြောနဲ့၊ ထရီလီယံချီတောင် လုံလောက်မလား မသေချာဘူး။

"ဂိုဏ်းခေါင်းဆောင်၊ ဒီမှာ"

လီဖူချန်းထွက်ပေါ်လာမှုက ယွမ်တစ်ဂိုဏ်းရဲ့လူတိုင်းရဲ့အာရုံကို ဆွဲဆောင်ခဲ့တယ်။

"သူ့ကို သတ်"

ဂိုဏ်းခေါင်းဆောင်ရှင်းတာယွမ်က အေးစက်စွာ အော်လိုက်တယ်။

"ဟုတ်"

ယွမ်တစ်ဂိုဏ်းရဲ့အကြီးအကဲရှစ်‌ယောက်က တစ်ဟုန်ထိုးပြေးဝင်တိုက်ခိုက်လာကြတယ်။

မနီးမဝေးမှ လီဖူချန်းက ဓားနတ်ဘုရားရှောင်ဖန်းရဲ့ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့တယ်၊ သူ့ကို ယွမ်တစ်ဂိုဏ်းက သတ်ဖြတ်ခဲ့ပုံရတယ်။ ခေါင်းကို ခါယမ်းပြီးနောက် လီဖူချန်းက သူ့ရဲ့‌သေမင်းဓားကို ဝှေ့ယမ်းလိုက်တယ်။

သွေးတွေ ပန်းထွက်လာပြီး ယွမ်တစ်ဂိုဏ်းရဲ့အကြီးအကဲရှစ်ယောက်လုံးက လဲကျသွားတယ်၊ သူတို့ရဲ့စိတ်ဝိညာဉ်က ပြန့်ကျဲသွားတော့တယ်။

"ဘာ"

ဒီမြင်ကွင်းကို မြင်ပြီး ယွမ်တစ်ဂိုဏ်းရဲ့လူတိုင်းက ထုံကျင်သလို ခံစားခဲ့ရတယ်၊ အထူးသဖြင့် ရှင်းတာအိုယွမ်ပဲ၊ သူ့မျက်နှာက မည်းမှောင်သွားတယ်၊ တစ်ဖက်လူက ယွမ်တစ်ဂိုဏ်းရဲ့အကြီးအကဲရှစ်ယောက်ကို တစ်ချက်တည်း သတ်ဖြတ်ခဲ့တာလား။

"ဂိုဏ်းခေါင်းဆောင်၊ ဒီလူက အရမ်းအားကောင်းတယ်။ အစီအရင်ထဲကို ဝင်လာ"

နတ်ဘုရားအစီအရင်ဆရာသခင်ကို ခန်းထိုက်ယွမ်လို့ခေါ်ပြီး ယွမ်တစ်ဂိုဏ်းရဲ့ဒု‌ဂိုဏ်းခေါင်းဆောင်တွေထဲကတစ်ယောက် ဖြစ်တယ်။

"ဝင်ကြ"

ရှင်းတာအိုယွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ အစီအရင်ချပ်ပြားက အသက်သွင်းထားတဲ့ နတ်ဘုရားအစီအရင်ထဲသို့ ပူးပေါင်းလာခဲ့တယ်။

"ကောင်လေး၊ မင်း ဘယ်သူပဲဖြစ်ဖြစ်၊ မင်း သေရမယ်" ခန်းထိုက်ယွမ်က အံကြိတ်လိုက်တယ်။ နတ်ဘုရားအစီအရင်က စတင်ကြီးမားလာပြီး လီဖူချန်းကို ဝိုင်းရံလာတယ်။

"ချိုးဖြတ်စမ်း"

လီဖူချန်းက နတ်ဘုရားအစီအရင်ကို ခုတ်ပိုင်းချလိုက်တယ်။

အုန်း......

ဒီတစ်ခါမှာတော့ လီဖူချန်းက နတ်ဘုရားအစီအရင်ကို ချိုးဖြတ်ဖို့ ကျဆုံးသွားခဲ့တယ်။

ယခု ဒိီအစီအရင်က ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်တစ်ခုဆိုတာ လီဖူချန်းက သေချာတယ်။ ကြယ်နှစ်လုံးအဆင့်မြင့်အစီအရင်တစ်ခုအနေနဲ့ ဒီလိုသက်ရောက်မှုရှိဖို့က မဖြစ်နိုင်ဘူး။

လီဖူချန်းက သေမင်းဓားကို ပြန်သိမ်းပြီး သူ့ရဲ့မီးခိုးရောင်အရိပ်ဓားကို ဆွဲထုတ်လိုက်ပြန်တယ်။

"ငါ့အတွက် ချိုးဖြတ်စမ်း"

မီးခိုးရောင်အရိပ်ဓားက ကြောက်စရာကောင်းတဲ့မီးခိုးရောင်ဓားအလင်းတစ်ခုအဖြစ် ပြောင်းသွားပြီး နတ်ဘုရားအစီအရင်ကို လျင်မြန်စွာ ခုတ်ပိုင်းလိုက်တယ်။

အုန်း.......

နတ်ဘုရားအစီအရင်ထဲမှာ လှိုင်းဂယက်တစ်ခုဖြစ်လာတယ်၊ ဒါကို မြင်တဲ့အခါ ခန်းထိုက်ယွမ်က မျက်မှောင်ကြုတ်လိုက်တယ်။

သူ့လက်ထဲရှိအစီအရင်ချပ်ပြားက တကယ်တော့ ကျောက်တုံးကြိတ်အစီအရင်ချပ်ပြားလို့‌ခေါ်တဲ့ ကြယ်သုံးအဆင့်နိမ့်အစီအရင်ချပ်ပြားတစ်ခု ဖြစ်တယ်။ နောက်ဆုံးအကြိမ် လင်းယွင်ခယ်လိုဏ်ဂူနေအိမ်ကို သူ ရောက်တဲ့အခါတုန်းက ရရှိခဲ့တာဖြစ်ပြီး နှစ်ဝက်ကြာတဲ့အထိ သူက အပြည့်အဝမသန့်စင်ရသေးပါဘူး။

ကျောက်တုံးကြိတ်အစီအရင်ချပ်ပြားက အသက်သွင်းထားတဲ့နတ်ဘုရားအစီအရင်က အလွန်ထူးခြားတယ်။ ကျောက်တုံးကြိတ်နတ်ဘုရားအစီအရင်ဝန်းရံခံထားရတဲ့ဘယ်သူမဆို နတ်ဘုရားအစီအရင်ရဲ့စွမ်းအားကြောင့် အပိုင်းပိုင်းဖြစ်သွားရလိမ့်မယ်။ တစ်ချိန်တည်းမှာ ကျောက်တုံးကြိတ်နတ်ဘုရားအစီအရင်က အခြားနတ်ဘုရားအစီအရင်သက်ရောက်မှုကို ပယ်ဖျက်နိုင်တဲ့စွမ်းရည် ရှိတယ်။

မကောင်းတာ တစ်ခုပဲ ရှိတယ်၊ ၎င်းက အညံ့စားနတ်ဘုရားကျောက်တုံးအများကြီးသုံးစွဲတာပဲ။

"ဒါ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ၊ သူ့လက်ထဲကဓားက စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ" ခန်းထိုက်ယွမ်က တစ်ခုခုကို စဉ်းစားမိကာ ပြောလိုက်တယ်။

စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကပဲ ကျောက်တုံးနတ်ဘုရားအစီအရင်ကို တုန်ခါစေနိုင်မှာ။

"ဟဲဟဲ၊ ငါတို့ယွမ်တစ်ဂိုဏ်းက ကံကောင်းမှုတစ်ခု ကြုံတွေ့ရတဲ့ပုံပဲ" အကြီးအကဲရှစ်ယောက်သေပြီးနောက် ရှင်းတာအိုယွမ်ရဲ့မျက်နှာက အနည်းငယ်အရုပ်ဆိုးသွားတယ်။ လီဖူချန်းရဲ့လက်ထဲရှိဓားက စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဆိတာ သူ သိတဲ့အခါ စိတ်အခြေအနေပြန်ကောင်းလာတယ်။ သူ့လက်ထဲကို စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု ရလာရင် အကြီးအကဲရှစ်‌ယောက်ဆုံးရှုံးမှုကို ဖာထေးဖို့ လုံလောက်တယ်။

လက်ရှိအချိန်မှာ အခြားတစ်ယောက်ယောက်ဆိုရင် ဒီလိုကြောက်စရာကောင်းတဲ့ကျောက်တုံးကြိတ်နတ်ဘုရားအစီအရင်နဲ့ ရင်ဆိုင်ရတဲ့အခါ ဘာမှမလုပ်နိုင်ဘဲ သေဖို့ကိုပဲ စောင့်နေရလိမ့်မယ်။

ဒါပေမယ့် လီဖူချန်းမှာ စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု ရှိသေးတယ်။

စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်ကို အသက်သွင်းလိုက်တယ်၊ နွားမွေးလောက်‌သိပ်သည်းတဲ့စိတ်ဝိညာဉ်အပ်တွေကို ပစ်လွှတ်လိုက်ပြီး သူတို့ထဲကသုံးဆယ်ရာခိုင်နှုန်းလောက်က ခန်းထိုက်ယွမ်ဆီ ပြေးဝင်လာတယ်။

ယွမ်တစ်ဂိုဏ်းရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ပြီးတစ်‌ယောက်က လဲကျသွားတယ်။

ကြောက်စရာကောင်းတဲ့စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်နဲ့ရင်ဆိုင်ရတဲ့အခါ သူတို့က လုံးဝမခုခံနိုင်ဘဲ စိတ်ဝိညာဉ်ကို တိုက်ရိုက်ထိုးဖောက်သွားတယ်။

ယွမ်တစ်ဂိုဏ်းရဲ့ဒုခေါင်းဆောင်ဖြစ်တဲ့ခန်းထိုက်ယွမ်က နတ်ဘုရားအစီအရင်ဆရာသခင်တစ်ယောက်ဖြစ်တယ်၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က သာမန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားထက် ပိုသန်မာတယ်၊ ဒါပေမယ့် စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်တစ်ခုနှစ်ခုလောက်ပဲ သူ့ဆီ ဝင်လာတာ မဟုတ်ဘူးလေ။

ဒိီလောက်များတဲ့စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်နဲ့ ရင်ဆိုင်ရတဲ့အခါ ခန်းထိုက်ယွမ်ရဲ့စိတ်ဝိညာဉ်က ပျားတူအုံတစ်ခုအလား ဖြစ်လာခဲ့တယ်။ သူ မသေခင် သူ့မျက်နှာပေါ်ရှိအပြုံးကတောင် မပျောက်ပြယ်သွားခဲ့ဘူး။

.

ယွမ်တစ်ဂိုဏ်းရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ရာကျော်မှာ ရှင်းတာအိုယွမ်တစ်ယောက်ကပဲ ရပ်နေနိုင်တော့တယ်။

"မင်းက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ပဲ"

ဒါကို ပြောပြီးနောက် ရှင်းတာအိုယွမ်က သူ့ရဲ့စိတ်ဝိညာဉ်ကို ဆုံးရှုံးကာ လဲကျသွားတော့တယ်။

အစီအရင်ချပ်ပြားက စွမ်းအင်ဆုံးရှုံးပြီး နတ်ဘုရားအစီအရင်က တဖြည်းဖြည်းသေးငယ်လာတယ်။ မကြာမီမှာ နတ်ဘုရားအစီအရင်က ပျောက်ကွယ်သွားခဲ့တယ်။

"စိတ်ဝိညာဉ်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်ရှိနေပြီ၊ စိတ်ဝိညာဉ်တိုက်ခိုက်မှုက သုံးဆယ်ရာခိုင်နှုန်း ပိုသန်မာလာတယ်"

သူက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားမဖြစ်ခင် လီဖူချန်းရဲ့စိတ်ဝိညာဉ်က အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာပဲ ရှိတယ်။ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ပြီးနောက် လီဖူချန်းရဲ့စိတ်ဝိညာဉ်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်ရှိလာပြီး သုံးဆယ်ရာခိုင်နှုန်းကျော်က အဝါရောင်ဖျော့ဖျော့မှ အဝါရောင်ဖြစ်လာခဲ့တယ်။

သူတို့အားလုံးက အဝါရောင်ဖြစ်သွားရင် အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအထွတ်အထိပ်အဆင့်ကို ရောက်ရှိပြီးပေါ့။

All Chapters