← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း ၃၃ - ရွှမ်းဖုန်းဂိုဏ်းနှင့် ချင်မိသားစုကို ရှင်းလင်းခြင်း။

"မင်းရဲ့ မိသားစုအတွက် ဒီလောက်ကြီးမားတဲ့ ဘေးဒုက္ခကျရောက်နေတာကို ဘာလို့ ဒီလောက် အေးဆေးတည်ငြိမ်နေရတာလဲ။ အဲဒီအစား ဒီအခြေအနေကနေ ဘယ်လို အကျိုးအမြတ်ရမလဲဆိုတာပဲ တွေးနေတာလား။"

ဝေ့ဝူက စမ်းသပ်မေးမြန်းလိုက်သည်။

ကျူးမေသည် မျက်လွှာချလိုက်ပြီး ခဏတာ တိတ်ဆိတ်နေပြီးနောက် ကျူးမိသားစုက သူမကို ယွီထျန်းကန်နှင့် လက်ထပ်စေရန် မည်သို့အတင်းအကျပ် စေခိုင်းခဲ့ကြောင်း ရှင်းပြသည်။

ဝေ့ဝူ ခေါင်းညိတ်လိုက်သည်။ အကြောင်းရင်းမှာ ထိုသို့ဖြစ်နေသည်။

"ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ မင်းလိုလူမျိုးကို ယုံကြည်ဖို့ ခက်ခဲမှန်း မင်းလည်းသိမှာပါ။ နောက်နောင်မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ဖို့ မျှော်လင့်ပါတယ်။"

"မဟုတ်ရင် ကျွန်တော့်နည်းလမ်းတွေကို မင်းသိပြီးသားဖြစ်မှာပါ။ မင်းရဲ့ ကိုယ်ခန္ဓာနဲ့ ဝိညာဉ်ပါမကျန် ပျက်စီးသွားအောင် ကျွန်တော် လုပ်ပစ်နိုင်တယ်။"

အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

"အဲဒီအကြောင်းကြောင့်ပဲ အခုနက ကျူးမိသားစုအတွက် ခွဲဝေပေးတဲ့ လုပ်ငန်းတွေက နည်းပါးနေတာလား။"

အစည်းအဝေးတွင် ကျူးမိသားစုသည် လီမိသားစုနှင့် ချင်မိသားစုတို့ထံမှ လုပ်ငန်းအနည်းငယ်ကိုသာ ရရှိခဲ့ပြီး အခြားမိသားစုများနှင့် ယှဉ်လျှင် အလွန်နည်းပါးနေသည်။

"မင်းတို့ ကျူးမိသားစုရဲ့ အခန်းကဏ္ဍက အစကတည်းက ကွဲပြားပါတယ်။ မင်းတို့က ရွှမ်းဖုန်းဂိုဏ်းနဲ့ ချင်မိသားစုတို့နဲ့ အရင်ကတည်းက ပူးပေါင်းခဲ့တာလေ။ အခုလို အသက်ဘေးကင်းကင်းနဲ့ ကျန်ရစ်နေတာကိုပဲ ကျေနပ်သင့်တယ်။"

ကျူးမေသည် နှုတ်ခမ်းကိုကိုက်ကာ ခေါင်းငုံ့ပြီး အတွေးနယ်ချဲ့နေသည်။

"ကျွန်တော်ပြောတာကို မှတ်ထား။ မင်း သွားလို့ရပြီ"

ကျူးမေသည် အခြေအနေကို သိမြင်နိုင်သောသူဖြစ်ရာ သူက သတိပေးရုံသာ သတိပေးလိုက်ခြင်းဖြစ်သည်။

"ကျွန်မမှာ လူနှစ်ယောက်ကို စာချုပ်နဲ့ ချည်နှောင်နိုင်တဲ့ ယန္တရားတစ်ခုရှိတယ်။စိတ်ကူးလိုက်တာနဲ့ ကျွန်မ သေဆုံးသွားမှာဖြစ်ပြီး ခုခံနိုင်စွမ်း လုံးဝရှိမှာ မဟုတ်ဘူး။"

ကျူးမေက ရုတ်တရက် ဆိုလာသည်။

ဝေ့ဝူ အံ့အားသင့်သွားပြီး ဤမိန်းမသည် အလွန်ရက်စက်လှသည်ဟု လျှို့ဝှက်စွာ သက်ပြင်းချလိုက်မိသည်။

ယုံကြည်မှုရရှိပြီး အကျိုးအမြတ် ပိုရရန်အတွက် သူမကိုယ်တိုင်ပင် ဤသို့လုပ်ဆောင်ပေးရန် ကမ်းလှမ်းလာခြင်းဖြစ်သည်။

ဝေ့ဝူသည် လက်နောက်ပစ်ကာ နက်နက်နဲနဲ စဉ်းစားလိုက်သည်။ သူသည် ကျူးမေကို ထိန်းချုပ်ရန် စိတ်မဝင်စားပေ။

သူမသည် သူမကိုယ်သူမ အထင်ကြီးလွန်းနေသည်။ ချီသန့်စင်ခြင်းအဆင့် (၅) ရှိသူတစ်ယောက်ကို သတ်ရန်အတွက် သူက ဤမျှအထိ နည်းလမ်းမျိုးစုံ သုံးရဦးမည်လော။ ထို့အပြင် ကျူးမေသည် လျူရှုယွီ သဘောကျသည့်သူဖြစ်သည်။

သူမ၏ အသက်ကို မိမိလက်ထဲတွင် ကိုင်ထားခြင်းက ဘာများထူးခြားသွားမည်နည်း။ မည်သို့ပင်ဖြစ်စေ သူသည် အသက်သေဆုံးခြင်းနှင့် ဆိုင်သော စာချုပ်မျိုး လိုအပ်မည်မဟုတ်ဘဲ အဆင်ပြေအောင် လုပ်ပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

"ကောင်းပြီ မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ ဒါပေမဲ့ မင်းနဲ့ စာချုပ်ချုပ်ဖို့တော့ ကျွန်တော် စိတ်မဝင်စားဘူး။ တခြားသူတစ်ယောက်နဲ့ပဲ လုပ်ရမယ်။"

ကျူးမေ အံ့အားသင့်သွားသော်လည်း ဝေ့ဝူ၏ အဓိပ္ပာယ်ကို ခန့်မှန်းမိကာ ခေါင်းညိတ်၍ သဘောတူလိုက်သည်။

ဝေ့ဝူသည် ကျူးမေကို ခေါ်ဆောင်ကာ လျူမိသားစုထံ သွားရောက်ခဲ့သည်။ လျူမိသားစုသို့ ရောက်သောအခါ လျူရှုယွီကို ခေါ်ထုတ်လိုက်သည်။

ဝေ့ဝူကို မြင်သည်နှင့် လျူရှုယွီက ဟွမ်

ယွမ် နှင့်ယွီထျန်းကန်းတို့ကို သတ်ဖြတ်လိုက်သည့် သတင်းများကို အတည်ပြုရန် မေးမြန်းကာ ရှောင်ချွီနှင့် လီယိုကို မြင်ချင်ကြောင်း ပြောဆိုသည်။

ဝေ့ဝူမှာစကားမပြောနိုင်ဖြစ်သွားသည်။

ကျူးမေ ထွက်ပေါ်လာမှသာ လျူရှုယွီ၏ အာရုံစိုက်မှုမှာ သူမထံသို့ ရောက်သွားသည်။

ကျူးမေက သူနှင့် အသက်စာချုပ် ချုပ်ဆိုလိုကြောင်း ကြားသောအခါ လျူရှုယွီသည် အလေးအနက် စဉ်းစားပြီးနောက် အလွန်ဝမ်းသာသွားသည်။

ဤသို့ဆိုလျှင် ကျူးမေသည် သူခိုင်းသမျှ လုပ်ရတော့မည် မဟုတ်လော။ ဝေ့ဝူမှာလည်း ထိုအကြံအစည်ပင် ရှိနေခြင်းဖြစ်သည်။

လျူရှုယွီက ကျူးမေကို အလွန်ချစ်မြတ်နိုးသည် မဟုတ်ပါလော။

သူကိုယ်တိုင် လူကောင်းနေရာမှ ဝင်လုပ်ပေးပြီး ဆန္ဒဖြည့်ဆည်းပေးခြင်းမှာ အကောင်းဆုံးပင်။

"မင်းရဲ့ သူငယ်ချင်း တစ်ယောက်အနေနဲ့ ဒါက ငါကူညီပေးနိုင်တဲ့ အကောင်းဆုံးအရာပဲ။"

သူတို့နှစ်ဦး ရွတ်ဖတ်ကာ စာချုပ်ကို အသက်သွင်းလိုက်ကြသည်။

"ဟားဟား ညီလေး မင်းက တကယ့်သူငယ်ချင်းကောင်းပဲ။"

လျူရှုယွီက ရယ်မောကာ ဆိုသည်။

"ရပြီ နောက်နောင် ကျူးမေကို စည်းကမ်းတကျ ထိန်းသိမ်းပါ။ငါ သွားတော့မယ်။"

နောက်တစ်နေ့တွင် ဝေ့ဝူ၊ ဘိုးဘေး ဝေ့ချွမ်ဟဲ၊ ဝေ့ကျွင်းချန်၊ ဝေ့ဇန်တို့နှင့်အတူ လျိူမိသားစု၊ လျူမိသားစု၊ ကျူးမိသားစုနှင့် ချင်းမင်ဂိုဏ်းတို့သည် ရွှမ်းဖုန်းဂိုဏ်းသို့ ဦးစွာရောက်ရှိသွားသည်။

ယခုအခါ ရွှမ်းဖုန်းဂိုဏ်းတွင် အဆင့်မြင့်ကျင့်ကြံသူ မရှိတော့သည့်အပြင် ချီသန့်စင်ခြင်းအဆင့် (၇) နှင့်အထက် အကြီးအကဲ အများစုလည်း အသတ်ခံလိုက်ရသဖြင့် ခုခံရဲခြင်း မရှိကြပေ။

ဂိုဏ်းတစ်ခုအနေဖြင့် မိသားစုကဲ့သို့ စည်းလုံးမှုမရှိသဖြင့် ခြိမ်းခြောက်လိုက်ရုံဖြင့် အသာတကြည် လိုက်လျောကြသည်။

အချို့သော အဆုံးထိ မလျှော့ပေးသူများကို ချက်ချင်း သတ်ဖြတ်လိုက်ရာ အခြားသူများကိုလည်း သူတို့သည် သနားညှာတာတတ်သူများ မဟုတ်ကြောင်း သိစေလိုက်သည်။ ထို့နောက် ရွှမ်းဖုန်းဂိုဏ်း၏ စက်မှုလုပ်ငန်းများကို စာရင်းပြုစုပြီး ခွဲဝေကြရာ ဝေ့မိသားစုက အများစုကို ရယူခဲ့သည်။

ရွှမ်းဖုန်းဂိုဏ်းကို ရှင်းလင်းပြီးနောက် ချင်မိသားစုထံ ရောက်သွားသည်။

ချင်မိသားစု၏ အင်အားမှာလည်း အလွန်လျော့နည်းသွားပြီး ချီသန့်စင်ခြင်းအဆင့် (၇) နှင့်အထက် ငါးဦးသာ ကျန်ရှိတော့ပြီး ချီသန့်စင်ခြင်းအဆင့် (၉) ရှိသူ တစ်ဦးမျှပင် မရှိတော့ပေ။

ဝေ့ဝူသည် သူတို့၏ ဘိုးဘေးနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး မိသားစုခေါင်းဆောင်နှင့် အခြားသူများကိုပါ ရှင်းလင်းခဲ့သဖြင့် ချင်မိသားစုဝင်များမှာ အလွန်အမင်း မုန်းတီးနေကြသည်။

"ဒီလိုအမုန်းတရားတွေနဲ့ ပြည့်နေတဲ့သူတွေကို ထားထားတာ အမြဲ စိတ်မချမ်းသာစရာပဲ။ ချင်မိသားစုဝင် ကျင့်ကြံသူအားလုံးရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်လိုက်ရင်ကော။"

ဘိုးဘေး ဝေ့ချွမ်ဟဲက ဆိုသည်။ ဝေ့ကျွင်းချန်နှင့် အခြားသူများလည်း သဘောတူကြသည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချင်မိသားစုဝင်များ ထိတ်လန့်နေစဉ်မှာပင် တစ်ဦးချင်းစီကို ဖမ်းဆီးကာ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်လိုက်သည်။

ကျူးမေမှလွဲ၍ ကျန်သူအားလုံးမှာ ချီသန့်စင်ခြင်းအဆင့် (၉) နှင့်အထက်ရှိသူများဖြစ်ရာ ချင်မိသားစုဝင်များကို ကိုင်တွယ်ရန် လွယ်ကူသည်။

ရှောင်ချီနှင့် လီယိုတို့ကလည်း ကာကွယ်ပေးထားသဖြင့် မည်သူမျှ ထွက်ပြေး၍ မရနိုင်ပေ။

ကျူးမေသည် အဝေးမှရပ်ကြည့်နေရင်း ဝေ့ဝူတို့က ချင်မိသားစုဝင်များကို ကြက်ကလေးများကို ဖမ်းသကဲ့သို့ ကိုင်တွယ်နေသည်ကို မြင်ရသည်။ သူမသည် တစ်ခွန်းမှပင် ဝင်မပြောနိုင်ခဲ့ပေ။

တစ်နာရီကြာပြီးနောက် ချင်မိသားစုဝင်များ၏ စွမ်းအင်ဗဟိုများကို ဖျက်ဆီးကာ သာမန်လူသားများအဖြစ် ပြောင်းလဲလိုက်သည်။

ထို့နောက် ချင်မိသားစုဝင်များကို နေထိုင်ရာ ဝိညာဉ်တောင်များမှ နှင်ထုတ်လိုက်သည်။ ဘိုးဘေး ဝေ့ချွမ်ဟဲက စောင့်ကြည့်ရန် လူများကို ခန့်အပ်ထားလိုက်သည်။

ထိုအရာများပြီးနောက် ချင်မိသားစု၏ ပိုင်ဆိုင်မှုများကို ခွဲဝေကြသည်။

ဝိညာဉ်ကျောက်တုံးများအပါအဝင် ရရှိလာသော ပိုင်ဆိုင်မှုအများစုမှာ ဝေ့မိသားစု၏ အိတ်ကပ်ထဲသို့ ရောက်သွားပြန်သည်။

"အားလုံးပဲ ငါတို့ရဲ့ အဓိကတာဝန်က ရရှိလာတဲ့ အရင်းအမြစ်တွေကို အပြည့်အဝ စုပ်ယူပြီး အင်အားကို မြှင့်တင်ဖို့ပဲ။ ဒါမှသာ ဒီအခြေခံအုတ်မြစ်တွေကို ထိန်းထားနိုင်မှာပါ။ မဟုတ်ရင် ငါတို့ရဲ့ အစွမ်းအစက ပိုင်ဆိုင်မှုနဲ့ မမျှတရင် မနာလိုမှုတွေ မုန်းတီးမှုတွေပဲ ဖြစ်လာလိမ့်မယ်။"

ဘိုးဘေး ဝေ့ချွမ်ဟဲက ပြောသည်။

ချင်မိသားစု၏ ဘဏ္ဍာတိုက်ကို ဆက်လက်ရှာဖွေနေစဉ် လူတစ်ယောက်က ရုတ်တရက် သတင်းပို့လာသည်။

"မြောက်ဘက်ကနေ လူအုပ်စုတစ်ခု ရောက်လာပါတယ်။ လန်ယွဲ့ဂိုဏ်းက ဖြစ်ပုံရပါတယ်။"

ဘိုးဘေး ဝေ့ချွမ်ဟဲ၏ အပြုံးများ ပျောက်ကွယ်သွားသည်။

ချင်မိသားစုသည် ကူယွန်းတောင်တန်း၏ အမြောက်ဘက်အစွန်ဆုံးဖြစ်သည်။

ထိုထက်ကျော်လွန်ပါက ပိုင်ရှန်းချိုင့်ဝှမ်းဟု ခေါ်ပြီး လန်ယွဲ့ဂိုဏ်း တည်ရှိသည်။ ၎င်းဂိုဏ်းတွင် လင်းထိုင်အဆင့် (၃) ရှိသူ တစ်ဦးနှင့်အတူ မန်ရှင်းအဆင့်ရှိသူ လေးဦးအထိ ရှိသည်။

ဘိုးဘေး ဝေ့ချွမ်ဟဲက ဝေ့ဝူကို ကြည့်လိုက်သည်။ ဝေ့ဝူကမူ နားလည်သဘောပေါက်ဟန်ဖြင့် ပေါ့ပါးစွာ ပြုံးလိုက်သည်။

အခန်း ၃၄- ကျင့်စဉ်များကို လက်ဆင့်ကမ်းခြင်း။

ကူယွန်းတောင်တန်း၏ မြောက်ဘက်အစွန်ဆုံး အကိုင်းအခက်တွင် ထင်းရှူးပင်များစွာရှိပြီး တောင်စမ်းရေတံခွန်များစွာ စီးဆင်းနေသဖြင့် ရှုခင်းမှာ အလွန်လှပလှသည်။

ထိုတောင်စောင်းမှ ဆင်းလာလျှင် တောင်ကုန်းများစွာကို တွေ့ရပြီး နေရာအနှံ့တွင် အရွယ်အစားအမျိုးမျိုးရှိသည့် ချိုင့်ဝှမ်းများစွာကို မြင်တွေ့နိုင်သည်။

ဤဧရိယာကို ပိုင်ရှန်းချိုင့်ဝှမ်းဟု ခေါ်သည်။

ယခုအချိန်တွင် ကူယွန်းတောင်တန်းနှင့် ပိုင်ရှန်းချိုင့်ဝှမ်း ဆုံမှတ်တွင် လူအချို့မှာ လေထဲတွင် ဝဲပျံနေလျက် တောင်ဘက်သို့ ငေးကြည့်နေကြသည်။

သူတို့ထဲတွင် မန်ရှင်းအဆင့် ကျင့်ကြံသူ နှစ်ဦးရှိပြီး တစ်ဦးမှာ အဆင့် ၁၊ ကျန်တစ်ဦးမှာ အဆင့် ၂ ဖြစ်သည်။

တစ်ဦးမှာ အမျိုးသားဖြစ်ပြီး ကျန်တစ်ဦးမှာ လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။

သူတို့ တစ်စုံတစ်ခုကို ဆွေးနွေးနေစဉ် လေကို ထိုးဖောက်သွားသည့် အသံကျယ်ကြီးတစ်ခု ပေါ်လာပြီး ရောင်စုံငှက်ကြီးတစ်ကောင်ပေါ်တွင် ထိုင်နေသည့် သူရဲကောင်းတစ်ယောက် ပေါ်လာသည်။

လန်ယွဲ့ဂိုဏ်း ၏ သူလျှိုများသည် ဝေ့ဝူအကြောင်းကို ကြိုတင်သတင်းပေးထားပြီးဖြစ်ရာ သူတို့သည် ဝေ့ဝူကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။

"လာနေတဲ့သူက လူငယ်လေးက ဝေ့ဝူ မဟုတ်လား။"

"ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ။ ကျွန်တော့်ရဲ့ ဘိုးဘေးက ဒဏ်ရာရနေပြီး တခြားအကြီးအကဲတွေကလည်း အလုပ်ရှုပ်နေတာမို့ ကျွန်တော်ပဲ အဆင်ပြေအောင် လာရောက်တွေ့ဆုံရတာပါ။ ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်"

ဝေ့ဝူသည် သူတို့ရှေ့တွင် ရပ်လိုက်ပြီး လက်ယှက်နှုတ်ဆက်ကာ ပြုံး၍ ဆိုသည်။

"ဘာကို ခွင့်လွှတ်ရမှာလဲရှင်။ ကျွန်မတို့က မ မရဲဝံ့ ပါဘူး။ ကျင့်ကြံခြင်းလောကမှာ အစွမ်းသတ္တိကိုသာ လေးစားကြတာမို့ ဝေ့ဝူကို ကျွန်မတို့ကပဲ ရိုသေလေးစားရမှာပါ။"

လန်ယွဲ့ဂိုဏ်းမှ လှပသော အမျိုးသမီးက အနည်းငယ်ပြုံးပြီး ပြန်ပြောသည်။

စကားပြောနေစဉ် မန်ရှင်းအဆင့် ကျင့်ကြံသူနှစ်ဦးစလုံးသည် ရှောင်ချီ အရှိန်အဝါကို စမ်းသပ်ကြည့်နေကြသည်။

လင်းထုံ အဆင့် ၆၏ ကြီးမားသော စွမ်းအင်လှိုင်းများကြောင့် သူတို့၏ နှလုံးသားမှာ တုန်လှုပ်သွားကြသော်လည်း မျက်နှာတွင်မူ မပေါ်လွင်အောင် ထိန်းထားသည်။

ထိုအမျိုးသမီးသည် ဝေ့ဝူ၏ မျက်နှာကို ထပ်မံကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

"အကြီးအကဲနှစ်ယောက် ဘာကိစ္စနဲ့ ရောက်လာကြတာလဲခင်ဗျာ။"

"မနေ့က ကူယွန်းတောင်တန်းမှာ တစ်ခုခုဖြစ်ပျက်နေတာကို ကြားလို့ လာကြည့်တာပါ။ ရွှမ်းဖုန်းဂိုဏ်းနဲ့ ချင်မိသားစုက ဝေ့မိသားစုကို ကြံစည်ကြတယ်လို့ ကြားသိရလို့ပါ။ ဝေ့မိသားစုအနေနဲ့ အကူအညီ လိုအပ်ပါသလား။"

"အကြီးအကဲရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ အဲဒါကတော့ အရေးမပါတဲ့လူတွေရဲ့ အပြုအမူတွေမို့ ကျွန်တော်တို့ ဝေ့မိသားစုကပဲ အကုန်ဖြေရှင်းလိုက်ပါပြီ။ အကူအညီ မလိုတော့ပါဘူး။"

"အဲဒီလိုဆိုရင်တော့ ကျွန်မတို့ ပြန်လိုက်ပါဦးမယ်။"

"ကျွန်တော် လိုက်မပို့တော့ပါဘူး။"

လန်ယွဲ့ဂိုဏ်းမှ နှစ်ဦးစလုံးသည် ချက်ချင်းပင် ထွက်ခွာသွားကြသည်။ ဝေ့ဝူသည် သူတို့၏ ကျောပြင်ကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"သတင်းလာစုံစမ်းတာပဲ။ ရယ်စရာကောင်းလိုက်တာ။"

သူတို့သည် ကူယွန်းတောင်တန်းတွင် ဖြစ်ပျက်ခဲ့သည်များကို မယုံကြည်နိုင်၍ အမှန်တကယ် ဟုတ်မဟုတ် လာကြည့်ကြခြင်းဖြစ်သည်။

လင်းထုံအဆင့် ၆ ၏ စွမ်းအားကို သိလိုက်ရသောအခါ သူတို့သည် နောက်ကွယ်က ကြံစည်မှုများကို ဖျက်သိမ်းပြီး ထွက်သွားကြခြင်းဖြစ်သည်။

"အခုဆိုရင် စိတ်ပူရမှာက ငါမဟုတ်ဘဲ လန်ယွဲ့ဂိုဏ်း ဖြစ်သွားပြီ။"

ဝေ့ဝူက ရယ်မောရင်း ပြောသည်။ သူသည် ခေါင်းခါကာ ရှောင်ချီပေါ် ပြန်တက်လိုက်

သည်။

"ရှောင်ချီ မင်းက အထီးလား... ဒါမှမဟုတ် အမလား။"

"ကျိ ကျိ ကျိ"

"... ကဲ အထီးဆို တစ်ခါအော် အမဆို နှစ်ခါအော်။"

"ကျိ ကျိ"

"အော်... အမပဲ။"

သူသည် ချင်မိသားစု၏ ဘိုးဘွားပိုင်မြေသို့ ပြန်ရောက်လာခဲ့သည်။

သူဖြစ်ပျက်ခဲ့သည်များကို ဘိုးဘေး ဝေ့ချွမ်ဟဲနှင့် အကြီးအကဲများကို ပြောပြလိုက်ရာ အားလုံးက နားလည်သဘောပေါက်စွာ ပြုံးကြသည်။

ရှေးယခင်က လန်ယွဲ့ဂိုဏ်းသည် ရွှမ်းဖုန်းဂိုဏ်းထက် ပိုမိုအင်အားကြီးမားပြီး သူတို့နှင့် ကုန်သွယ်တိုင်း သတိထားခဲ့ရသည်။

ယခုမူ အင်အားကြီးသူနှင့် အားနည်းသူတို့၏ နေရာမှာ ပြောင်းလဲသွားပြီဖြစ်သည်။

"လန်ယွဲ့ဂိုဏ်းက ဒါအစပဲရှိဦးမယ်။ နောက်ထပ် အင်အားကြီးတဲ့သူတွေ ထပ်လာမှာကို စိုးရိမ်မိတယ်။"

လန်ယွဲ့ဂိုဏ်းသည် ပိုင်ရှန်းချိုင့်ဝှမ်းတွင် အလယ်အလတ်သာရှိပြီး ပိုမိုအားကောင်းသည့် ဂိုဏ်းများ၊ မိသားစုများစွာ ရှိသေးသည်။

"ကဲပါ လက်ရှိကိစ္စတွေကို အရင်ဖြေရှင်းကြရအောင်။ လက်ရှိမှာ လီမိသားစု၊ ချင်မိသားစုနဲ့ ရွှမ်းဖုန်းဂိုဏ်းဆိုပြီး နေရာသုံးခုကို စီမံခန့်ခွဲရမယ်။"

"အဖွဲ့ငါးဖွဲ့လုံးက နေရာတစ်ခုစီမှာ လူသုံးယောက်စီ ပို့ကြရအောင်။ ဝေ့မိသားစုကတော့ ခေါင်းဆောင်နေရာမှာ ရှိရမယ်။"

ကျူးမိသားစုအတွက်မူ ကျူးမေသည် လျူရှုယွီနှင့် စာချုပ်ချုပ်ထားပြီးဖြစ်၍ ဝေ့ဝူက တန်းတူအခွင့်အရေးပေးရန် အဆိုပြုလိုက်သည်။

သူတို့သည် စားပွဲဝိုင်းတွင် အသေးစိတ် ဆွေးနွေးကြသည်။ တစ်နာရီကြာပြီးနောက် အဖြေတစ်ခု ရရှိသည်။

ဝေ့မိသားစုမှ တာဝန်ယူရမည့်သူများမှာ ဝေ့ကျွင်းချန် (လီမိသားစု)၊ ဝေ့ဇန် (ရွှမ်းဖုန်းဂိုဏ်း) နှင့် ဒုတိယအကြီးအကဲ ဝေ့ဒုံချန် (ချင်မိသားစု) တို့ ဖြစ်ကြသည်။

"ငါတို့မှာ လူအင်အား မလုံလောက်သေးဘူး။ အဖွဲ့ဝင် ၅၀ ကျော်ပဲ ရှိတာ ဘယ်လိုလုပ် လုံလောက်မှာလဲ။"

အစည်းအဝေးပြီးနောက် ဘိုးဘေး ဝေ့ချွမ်ဟဲက သက်ပြင်းချသည်။

"အရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေကို ကျင့်ကြံနိုင်ဖို့ပဲ။ ဒီတစ်ခါ သိမ်းဆည်းရမိတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ မန်ရှင်းဆေးလုံးတွေ ဝယ်ကြရအောင်။"

"တခြားဆေးလုံးတွေ ဝိညာဉ်ဆေးဝါးတွေနဲ့ ထိပ်တန်းကျင့်စဉ်တွေကိုလည်း မိသားစုဝင်တွေကို ဝေပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ စွမ်းအားတွေ တိုးတက်လာမှာပါ။"

ဝေ့ကျွင်းချန်က အကြံပြုသည်။

ဝေ့ဝူ၏ မျက်လုံးများ အရောင်တောက်သွားသည်။ ကျင့်စဉ်များနှင့် ပတ်သက်၍ သူ၏ တာအိုကျမ်းနှင့်စစ်မဟာဗျူဟာ ၃၆ ခုတို့သည် ဤမျှလောက် မညံ့ဖျင်းပေ။

"ကျွန်တော့်ဆီမှာ ထိပ်တန်းကျင့်စဉ် တစ်ခုနဲ့ ယန္တရားအစုံအလင် ရှိတယ်။ အဲဒါတွေကို ကျင့်စဉ်ခန်းမထဲ ထည့်လိုက်မယ်။"

သူသည် ကျောက်စိမ်းပြားခုနစ်ခုကို ထုတ်ပေးလိုက်သည်။ တစ်ခုတွင် တာအိုကျမ်း၏ အစပိုင်းသုံးခန်းစာ ပါဝင်ပြီး ကျန်ခြောက်ခုတွင်စစ်မဟာဗျူဟာ ၃၆ ခု၏ အဆင့်သုံးဆင့်စီ ပါဝင်သည်။

တာအိုကျမ်းနှင့်စစ်မဟာဗျူဟာ ၃၆ ခုတို့မှာ အလွန်နက်နဲလွန်းသဖြင့် အားလုံးကို ချက်ချင်းထုတ်ပြလျှင် အသုံးမဝင်နိုင်ပေ။

ဖြည်းဖြည်းချင်း သင်ပေးခြင်းက ပိုကောင်းသည်။

"ဝေ့ဝူ ဒါက အကောင်းဆုံး ကျောက်စိမ်းပြားတွေပဲ။ ဒါ ဘာကျင့်စဉ်အဆင့်လဲ။"

ဘိုးဘေး ဝေ့ချွမ်ဟဲက ကျောက်စိမ်းပြားကို ကြည့်ပြီး အံ့အားသင့်စွာ မေးသည်။

"ဘာအဆင့်လဲတော့ မသိဘူး ဒါပေမဲ့ ကမ္ဘာမြေအဆင့်ထက်တော့ မနိမ့်ပါဘူး။"

"ဒီကျောက်စိမ်းပြားတွေကို သုံးကြိမ်ပဲ ဖတ်လို့ရမယ်။ ပြီးရင် ကွဲသွားလိမ့်မယ်။ ဒါပေမဲ့ ဒီကျင့်စဉ်တွေက အစပိုင်းမှာ ကျင့်ရလွယ်ပေမဲ့ ကျွမ်းကျင်ဖို့တော့ ခက်တယ်။"

တာအိုကျမ်းသည် စိတ်တည်ငြိမ်သူတိုင်း အကျိုးရလဒ် ရနိုင်သည့် မြင့်မြတ်သော ကျမ်းစာဖြစ်သည်။

"ဒါဆိုရင် ဒါက ကောင်းကင်ဘုံ ကျင့်စဉ်တွေ ဖြစ်နေမှာပေါ့။"

ဝေ့ကျွင်းချန်လည်း အံ့ဩသွားတော့သည်။

ဝေ့ဝူက ပြုံးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော် ထပ်ရေးပေးပါ့မယ်။ ဒါကို ကျင့်စဉ်ခန်းမထဲ ထားပါ။ ဒါပေမဲ့ မိသားစုဝင်တွေ အကုန်လုံးကိုတော့ မပေးနိုင်ဘူး။ လျှို့ဝှက်ချက် ပေါက်ကြားသွားမှာ စိုးရိမ်တယ်။ အကြီးအကဲတွေပဲ အရင်ကျင့်ကြပါ။"

"မှန်တယ် ဒါက အရမ်းအရေးကြီးတယ်။ အကြီးအကဲတွေပဲ ကိုင်ထားပါ။ တခြားသူတွေကတော့ အရင်က ရထားတဲ့ ကျင့်စဉ်တွေကိုပဲ ကျင့်ပါစေ။"

ဝေ့ဝူသည် ဤသို့ အဖိုးတန်ပစ္စည်းများကို ထုတ်ပေးနိုင်သည်ကို ဝေ့မိသားစုဝင်များက အသားကျနေကြပြီ ဖြစ်သည်။

သူတို့သည် မည်သည့်အရာမှ ထပ်မမေးတော့ပေ။ သို့သော် ဝေ့ဝူသည် ဝေ့မိသားစု၏ အဓိကကျသော ပုဂ္ဂိုလ်ဖြစ်လာမှန်း သူတို့မသိလိုက်ကြပေ။

All Chapters