← Chapters

စိတ်ဝိညာဉ်အကြွင်းအကျန်

Vol. 83 Ch. 1170

စိတ်ဝိညာဉ်အကြွင်းအကျန်

Vol. 83 Ch. 1170

"ဒါ ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်လား"

သူ့လက်ထဲရှိအစီအရင်ချပ်ပြားကို ကြည့်ရင်း လီဖူချန်းက မေးငေါ့လိုက်တယ်။

အစီအရင်ချပ်ပြားရဲ့တန်ဖိုးက အလွန်ဈေးကြီးပြီး နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ရဲ့တန်ဖိုးနီးပါးရှိတယ်။

ဒီလောက်ဈေးကြီးရတဲ့အကြောင်းရင်းကတော့ အစီအရင်ချပ်ပြားက နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့နတ်ဘုရားအစီအရင်တစ်ခုရဲ့ပေါင်းစပ်မှူတစ်ခုဖြစ်လို့ပဲ။

မင်းက ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်ချပ်ပြားတစ်ခုကို သန့်စင်ချင်ရင် ပထမဆုံး ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းပန်းပဲဆရာတစ်ယောက်ဖြစ်ရမယ်၊ ပြီးရင် ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားအစီအရင်ဆရာသခင်တစ်ယောက်ဖြစ်ရမယ်။

ဒါပေမယ့် ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းပန်းပဲဆရာက တစ်ယောက်၊ ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားအစီအရင်ဆရာသခင်က တစ်ယောက်၊ နှစ်ယောက်ပေါင်းပြီးလဲ သန့်စင်နိုင်ပေမယ့် သန့်စင်ခြင်းကျရှုံးဖို့ဖြစ်နိုင်ချေက ဆယ်ဆအထိ တိုးလာပြီး အရည်အသွေးကလဲ တိုးလာပါလိမ့်မယ်။

လက်ရှိအချိန်မှာ ယွမ်တစ်ဂိုဏ်းရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ရာကျော်က လီဖူချန်းထံ မှင်တက်စရာကောင်းတဲ့ကြွယ်ဝမှုတစ်ခုကို ယူဆောင်လာပေးခဲ့တယ်။ လီဖူချန်းက ရေတွက်ကြည့်လိုက်ရာ အညံ့စားနတ်ဘုရားကျောက်တုံးနှစ်ဆယ်ထရီလီယံ၊ အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ရာကျော်ကို တွေ့ရှိခဲ့တယ်။

"အမ်၊ ဒီလောက်များတဲ့နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံး‌တွေ....."

ရှင်းတာအိုယွမ်ရဲ့နေရာလပ်လက်စွပ်ထဲမှာ နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံး‌တစ်ရာကျော်ကို လီဖူချန်းက တွေ့ရှိခဲ့တယ်။

သူ့မျက်လုံးကို ဝှေ့ယမ်းလျက် အလတ်စားခန်းမတွေထဲမှာ နတ်ဘုရားခန်းမတစ်ဝက်လောက်က ထိုးဖောက်ခံထားရတာကို လီဖူချန်းက တွေ့ရှိခဲ့တယ်၊ ဒီနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေက နတ်ဘုရားအတတ်ခန်းမမှ လာတယ်လို့တော့ ခန့်မှန်းထားတယ်။

လီဖူချန်း ထင်ထားသလိုပါပဲ၊ ဒီနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေက နတ်ဘုရားအတတ်ခန်းမတွေမှ လာတာ။ အထဲရှိချိတ်ပိတ်ထားတဲ့နတ်ဘုရားအတတ်တွေအားလုံးက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်တွေနဲ့အဆင့်နိမ့်စိတ်ဝိညာဥ်နတ်ဘုရားအတတ်‌တွေပါပဲ။

"ငါ့ကြောင့်သာမဟုတ်ရင် ဒီယွမ်တစ်ဂိုဏ်းက အစီအရင်စွမ်းအားကို မှီခိုပြီး ကျန်ရှိနေတဲ့အလတ်စားခန်းအနည်းငယ်နဲ့လင်းယွင်ခယ်လိုဏ်ဂူထဲရှိအခြားနေရာတွေကို ဖြည်းဖြည်းချင်း သိမ်းပိုက်သွားလောက်မှာ"

လီဖူချန်းက စိတ်ထဲမှာ ရေရွတ်လိုက်တယ်။

ကျန်ရှိနေတဲ့အလတ်စားခန်းမတွေက အလတ်စားပန်းပဲခန်းမ၊ ဆေးခန်းမနဲ့ ပစ္စည်းခန်းမတွေပါပဲ။

ယွမ်တစ်ဂိုဏ်းလက်ရှိတိုက်ခိုက်နေတာက အလတ်စားပန်းပဲခန်းမပါပဲ။

"ဒီခန်းမတွေကို ဝင်ချင်ရင် အစီအရင်စွမ်းအားကိုပဲ မှီခိုရမယ်၊ ဒီတေ့ အဲဒါကို အရင်သန့်စင်ရမှာပေါ့"

မျက်စိတစ်မှိတ်အတွင်း အစီအရင်ချပ်ပြားထဲရှိ ခန်းထိုက်ယွမ်ချန်ထားခဲ့တဲ့ နတ်ဘုရားစွမ်းအားအမှတ်အသားနဲ့နတ်ဘုရားစိတ်ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးပစ်ခဲ့တယ်၊ ဒါပေမယ့် ‌နောက်ထပ်တစ်ကြိမ်သန့်စင်မှုကိုတော့ လအနည်းငယ်အတွင်း မပြုလုပ်နိုင်လောက်ဘူးဆိုတာ လီဖူချန်းက နားလည်တယ်။

ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်ချပ်ပြားရဲ့အတွင်းပိုင်းဖွဲ့စည်းပုံက သူ စိတ်ကူးထားတာထက် ဆယ်ဆပိုရှုပ်ထွေးတယ်။ ဒါတောင် သူ ဖြစ်နေလို့နော်။ သူ့နေရာမှာ အခြားတစ်ယောက်ဆိုရင် ရာစုနှစ်ကြာတောင် သန့်စင်နိုင်မှာ မဟုတ်လောက်ဘူး။

"အေးဆေးပေါ့၊ ဘာနတ်ဘုရားအတတ်အမျိုးအစားတွေရရှိမလဲကို ကြည့်ရတာပေါ့"

လီဖူချန်းက နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးကို ယူထုတ်ပြီးနောက် တစ်ခုပြီးတစ်ခု စစ်ဆေးလိုက်တယ်။

အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတစ်တုံးကို စစ်ဆေးပြီးတဲ့အခါမှာတော့ လီဖူချန်းရဲ့မျက်လုံးတွေက ရုတ်တရက် ကျဉ်းမြောင်းသွားတော့တယ်။

"နေရာလပ်အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုရှိတာပဲ"

လီဖူချန်းက အနည်းငယ်မှင်တက်သွားတယ်၊ ဒါပေမယ့် ပိုတောင် အံ့အားသင့်သွားတယ်။

ဥပဒေသအ‌ဆင့်အရ နေရာလပ်-အချိန်ဥပဒေသက အချိန်ဥပဒေသနဲ့နေရာလပ်ဥပဒေသအထက်မှာ ရှိတယ်၊ ဒါပေမယ့် စတင်ခြင်းအခက်အခဲအရ နေရာလပ်-အချိန်ဥပဒေသက အချိန်ဥပဒေသနဲ့နေရာလပ်ဥပဒေသကို မကျော်လွန်ပါဘူး။

‌အချိန်ဥပဒေသနဲ့နေရာလပ်ဥပဒေသတို့ကို အမြဲတမ်း ခွဲခြားလို့မရဘူး။ မင်းက အချိန်ဥပဒေသဒါမှမဟုတ်နေရာလပ်ဥပဒေသတစ်ခုတည်းကိုပဲ နားလည်ချင်တယ်ဆိုရင် မင်းက နေရာလပ်-အချိန်ဥပဒေသမှ သူတို့က ခွဲခြားရမယ်။

တစ်ဖက်မှာတော့ နေရာလပ်-အချိန်ဥပဒေသကို တိုက်ရိုက်နားလည်ဖို့က ပိုလွယ်ကူတယ်။

ဒါပေမယ့် နေရာလပ်-အချိန်ဥပဒေသနားလည်မှုက နောက်ပိုင်းရောက်လေ ပိုပိုခက်ခဲလာလေပါပဲ။

အချိန်ဥပဒေသနဲ့နေရာလပ်ဥပဒေသတို့ကို ခွဲခြားနားလည်ခြင်းက အစပိုင်းမှာတော့ နေရာလပ်-အချိန်ဥပဒေသထက် နားလည်ရပိုခက်ခဲပေမယ့် နောက်ပိုင်းနားလည်မှုက နေရာလပ်-အချိန်ဥပဒေသထက် ပိုလွယ်ကူတယ်။

ဒါကြောင့် အတိတ်မှာ လီဖူချန်းက အဆင့်နိမ့်နေရာလပ်-အချိန်နတ်ဘုရားအတတ်အချို့ကို ရနိုင်ခဲ့ပေမယ့် သူက အချိန်နတ်ဘုရားအတတ်နဲ့နေရာလပ်နတ်ဘုရားအတတ်တွေကို မမြင်ခဲ့ဘူး။ ဒါက အကြောင်းပြချက်ပါပဲ။

အခု သူက အဆင့်မြင့်အစစ်အမှန်နေရာလပ်နတ်ဘုရားအတတ်တစ်ခုကို မြင်တဲ့အခါ သူက တကယ်အံ့အားသင့်မိတယ်။

"စမှတ်က ကောင်းနေပြီ"

လီဖူချန်းရဲ့နေရာလပ်ဥပဒေသက သေချာပေါက် မနိမ့်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့ရဲ့နေရာလပ်-အချိန်ဥ‌ပဒေသက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှနယ်ပယ်ကို ရောက်ရှိထားတယ်။ နေရာလပ်ဥပဒေသကို ခွဲထုတ်လိုက်ရင်တောင် သူက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်မှာ ရှိမယ်လို့ ခန့်မှန်းထားတယ်။

"ငါ့ရဲ့ထိုးထွင်းသိမြင်မှုမရ ဒီအစစ်အမှန်နေရာလပ်နတ်ဘုရားအတတ်ကို ကျင့်ကြံရတာ ပြဿနာတစ်ခုမဟုတ်လောက်ဘူး၊ အချိန်အများကြီး ယူရမယ်လို့တော့ ခန့်မှန်းထားတယ်။ အဆင့်နိမ့်နေရာလပ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကို ရရင် အချိန်ပိုသက်သာစေမှာ"

တစ်ဆင့်ပြီးတစ်ဆင့်သွားတာက ကျင့်ကြံဖို့ နည်းလမ်းမှန်ပဲ။ ဒါနဲ့ ပတ်သက်ပြီး လီဖူချန်းက အရမ်းရှင်းလင်းတယ်။

အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးကို စစ်ဆေးပြီးနောက် လီဖူချန်းက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးကို စတင်စစ်ဆေးခဲ့တယ်။

အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးသုံးဆယ့်ငါးတုံးရှိတယ်၊ သူတို့အထဲမှာ မီးတာအိုက သုံးခု၊ ဓားတာအိုက တစ်ခုရှိတယ်။

"ကောင်းတယ်"

လီဖူချန်းက အလွန်ကျေနပ်မိတယ်။

အဆင့်နိမ့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခု၊ သူ့ရဲ့ဓားတာအိုဥပဒေသကို အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်သို့ မြှင့်တင်ရတာ ခက်ခဲပေမယ့် အနည်းဆုံးတော့ အနာဂတ်မှာ ဓားတာအိုအခြေခံအုတ်မြစ်ကို ချမှတ်ပေးနိုင်တယ်။

နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးကို သိမ်းပြီးနောက် လီဖူချန်းက အစီအရင်ချပ်ပြားကို ထပ်မံယူထုတ်လိုက်တယ်။ သူက လအနည်းငယ်သုံးစွဲပြီး အစီအရင်ချပ်ပြားကို သန့်စင်ဖို့ စီစဉ်ထားတယ်။

"အသုံးအဆောင်ပစ္စည်းအင်းကွက်နဲ့အစီအရင်အင်းကွက်တွေက အတူတကွယှက်နွယ်နေတာ၊ လအနည်းငယ်ကြာတေင် နားလည်နိုင်ပါ့မလား"

အစီအရင်ချပ်ပြားကို ပိုသန့်စင်လေ၊ အစီအရင်ချပ်ပြားရဲ့ဖွဲ့စည်းပုံက ဘယ်လောက်တောင် ရှုပ်ထွေးသလဲကို လီဖူချန်းက ခံစားနိုင်တယ်။

"သေးငယ်တဲ့အစီအရင်ချပ်ပြားတစ်ခုက နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ရဲ့တန်ဖိုးနဲ့ ယှဉ်နိုင်တယ်ဆိုတာ အံ့ဩစရာမရှိဘူးပဲ"

နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ရဲ့တန်ဖိုးက အဆင့်တူညီတဲ့နတ်ဘုရားအသုံးအဆောင်ပစ္စည်းထက် အဆတစ်ရာပိုတဲ့ အကြောင်းပြချက်ကတော့ ၎င်းမှာ ပစ္စည်းတွေ များလွန်းလို့လေ။ နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးကို သန့်စင်ဖို့ လိုအပ်တဲ့ပစ္စည်းအရေအတွက်က နတ်ဘုရားအသုံးအဆောင်ပစ္စည်းဒါဇင်ကျော်ကို သန့်စင်ဖို့ လုံလောက်တယ်။

နောက်ထပ်သုံးလကြာတယ်၊ အစီအရင်ရဲ့ငါးဆယ်ရာခိုင်နှုန်းကို သန့်စင်ခဲ့တယ်။

နောက်ထပ်ငါးလမှု ကိုးဆယ်ရာခိုင်နှုန်းကို သန့်စင်ခဲ့တယ်။

ခုနှစ်လကြာပြီးနောက် ကျန်ရှိတဲ့တစ်ဆယ်ရာခိုင်နှုန်းကို သန့်စင်ခဲ့တယ်။

"နောက်ဆုံးတော့ သန့်စင်ခြင်းက အောင်မြင်သွားပြီ"

လီဖူချန်းက သက်ပြင်းချလိုက်တယ်။

ကံကောင်းစွာနဲ့ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်က်ု ရောက်ရှိနေတာ။ သို့မဟုတ်ရင် တစ်နှစ်ကြာရင်တောင် အစီအရင်ချပ်ပြားကို သန့်စင်ဖို့က မဖြစ်နိုင်ဘူး။

"စမ်းကြည့်ရမယ်"

အစီအရင်ချပ်ပြားရဲ့အတွင်းအမြုတေမှာ အသက်အား(မူလချီ)ရေကန်တစ်ခု ရှိတယ်၊လီဖူချန်းက အညံ့စားနတ်ဘုရားကျောက်တုံးတွေကို အသက်အား(မူလချီ)ရေကန်ထဲသို့ စတင်ထည့်လိုက်တယ်။

သန်းတစ်ရာ။

တစ်ဆယ်ဘီလီယံ။

တစ်ထရီလီယံ။

"ဒါ မဟုတ်တော့ဘူး"  အညံ့စားနတ်ဘုရားကျောက်တုံးထရီလီယံအချို့ကို ထည့်သွင်းပြီးနောက် အသက်အား(မူလချီ)ရေကန်ထဲရှိအသက်အား(မူလချီ)က နည်းနည်းလေးတောင် မမြင့်တက်လာခဲ့ဘူး။ အဲဒါက ကျောက်တုံးပိတ်နတ်ဘုရားအစီအရင်ကိုပဲ အသက်သွင်းခဲ့တယ်၊ ဒါက လီဖူချန်းကို အလွန်ထူးဆန်းစေတယ်။

သူက ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်တစ်ခုနဲ့ မထိတွေ့ခင် ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်က ဒိီနည်းလမ်းအတိုင်း အညံ့စားနတ်ဘုရားကျောက်တုံးတွေကို အသုံးပြုတယ်လို့ လီဖူချန်းက တွေးထားခဲ့တာ။

ဒါပေမယ့် ကျောက်တုံးကြိတ်အစီအရင်ချပ်ပြားကို သန့်စင်ပြီးနောက် ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်ချပ်ပြားက အညံ့စားနတ်ဘုရားကျောက်တုံးအများကြီး အသုံးမပြုသင့်ဘူးလို့ လီဖူချန်းက ခံစားမိတယ်၊ တစ်ခုခုမှားနေတာ ရှိရမယ်။

မသိစိတ်အရ လီဖူချန်းက အသက်အား(မူလချီ)ကန်ကို ကြည့်လိုက်တယ်။

အောက်ခြေမရှိတဲ့အသက်အား(မူလချီ)ကန်ရဲ့အလယ်မှာ အလွန်သေးငယ်တဲ့စုပ်ဝဲတစ်ခု ရှိတယ်။ ဒီစုပ်ဝဲက အလွန်လျင်မြန်စွာ လည်ပတ်နေတယ်။ ၎င်းကို ရုတ်တရက် ကြည့်လိုက်ရင် အနက်ရောင်အပေါက်တစ်ခုနဲ့ တူတယ်။ နတ်ဘုရားကျောက်တုံးရဲ့အသက်အား(မူလချီ)က စုပ်ဝဲထဲကို ဝင်လာပြီးနောက် ၎င်းက ချက်ချင်း ပျောက်သွားတယ်။

"ဘယ်လိုကြီးလဲ"

လီဖူချန်းက ဒါနဲပတ်သက်ပြီး စဉ်းစားမိကာ စိတ်ဝိညာဉ်စွမ်းအားက ဝဲကို ကျူးကျော်လာခဲ့တယ်။

ဝိုး.......

အားကောင်းတဲ့စုပ်အားတစ်ခုက မွေးဖွားလာပြီး လီဖူချန်းရဲ့စိတ်ဝိညာဥ်ကို ဆန်းကြယ်တဲ့နေရာလပ်တစ်ခုထဲသို့ ချက်ချင်း စုပ်ယူသွားတယ်။

"ဒါ ဘယ်နေရာလဲ" လီဖူချန်းက ထိတ်လန့်သွားတယ်။

"ဟားဟား၊ မင်း တွေ့ပြီးပေါ့၊ ကျောက်တုံးကြိတ်အစီအရင်ကို သန့်စင်ဖို့ ခုနှစ်လပဲ ယူရတာ အံ့ဩစရာမရှိဘူးပဲ" မိုးချုန်းသံအလားကျယ်လောင်တဲ့အသံတစ်ခုက ဦးတည်ဘက်တိုင်းမှ ထွက်လာတယ်။

"မင်း ဘယ်သူလဲ"

လီဖူချန်းက တည်ငြိမ်စွာ မေးလိုက်တယ်။

"ငါ ဘယ်သူလဲ။ ငါ ဘယ်သူလဲကို ငါလဲ သိချင်နေတာ။ မင်းရဲ့စိတ်ဝိညာဉ်အဆီအနှစ်ကို ဝါးမျိုရရင် ငါ ဘယ်သူလဲဆိုတာ သိလာနိုင်လောက်မယ်" အသံက အနည်းငယ်ရှုပ်ထွေးနေတယ်။

အတိတ်မေ့ရောဂါလား။ သန်မာတဲ့လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်လား။

သန်မာတဲ့လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်ဆိုရင် ရှင်းပြရတာ ပိုလွယ်ကူလိမ့်မယ်။

ပုံမှန်အခြေအနေအောက်မှာ စိတ်ဝိညာဉ်အကြွင်းအကျန်က အချိန်အကြာကြီးမတည်ရှိနိုင်ဘူး။ အချိန်ကြာလာတာနဲ့အမျှ စိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးတဲ့ရတနာကို မတွေ့ရင် ဒါမှမဟုတ် ပိုင်ဆိုင်ရမယ့်ခန္ဓာကိုယ်ကို မတွေ့ရင် စိတ်ဝိညာဉ်အကြွင်းအကျန်က တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။

ဒါပေမယ့် ဒါက ပုံမှန်အခြေအနေအောက်မှာပဲ။ လုံလုံလောက်လောက်သန်မာရင် စိတ်ဝိညာဉ်အကြွင်းအကျန်အသာထား၊ အသိစိတ်အာရုံအနည်းငယ်ပဲဆိုရင်တောင် ပြန်သက်သာလာပါလိမ့်မယ်။

လီဖူချန်းသိထားတာအရ ဆန်းကြယ်နတ်ဘုရားတွေရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်က အချိန်အကြာကြီး တည်ရှိနိုင်ပါလိမ့်မယ်။

ဒါပေမယ့် အချိန်ကြာရင်တော့ ဆန်းကြယ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်ကလဲ ပျောက်ကွယ်သွားလိမ့်မယ်။

ဒီစိတ်ဝိညာဉ်အကြွင်းအကျန်က လင်းယွင်ခယ်နဲ့ တစ်ခုခုသက်ဆိုင်ရမယ်၊ လင်းယွင်ခယ်ရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်မဟုတ်ရင် လင်းယွင်ခယ်ရန်သူရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်ပဲ ဖြစ်ရမယ်။

"ယခင်လူ ကျောက်တုံးကြိတ်အစီအရင်ကို မရခင်ကတည်းက မင်း အထဲမှာ ရှိနေတာမလား" လီဖူချန်းက မေးလိုက်တယ်။

"ဟားဟား၊ ငါ ကျောက်တုံးကြိတ်အစီအရင်ထဲမှာ ပုန်းနေတာ။ မင်းလဲ နောက်တစ်ခုကို သိမှာပါ၊ မင်း တို့ ထောက်ပံ့ပေးတဲ့အသက်အား(မူလချီ)ကို မှီခိုပြီး ငါ့ရဲ့စွမ်းအားက တဖြည်းဖြည်း တိုးလာနေတာ။ ကံမကောင်းစွာနဲ့ နတ်ဘုရားကျောက်တုံးအသက်အား(မူလချီ)က ငါ့ရဲ့ခွန်အားကိုပဲ ပြန်ရစေနိုင်တာ၊ ငါ့ရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်မဟုတ်ဘူး။ အရင်လူရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အားနည်းလွန်းတယ်။ အဲလိုစိတ်ဝိညာဉ်တစ်ထောင်‌လောက် ဝါးမျိုရင်တောင် ငါ့ရဲ့စိတ်ဝိညာဉ် ပြန်ကောင်းဖို့ မလုံလောက်ဘူး"

အသံက တဖြည်းဖြည်း ပိုသန်မာလာတယ်။

မင်းက စိတ်ဝိညာဉ်အကြွင်းအကျန်လောက်နဲ့ ငါ့ကို ဝါးမျိုဖို့ တွေးရဲတယ်ပေါ့လေ" လီဖူချန်းက မကြောက်ပါဘူး။

အသံက ရယ်လိုက်တယ်" မင်း‌ ပြောတာ မှန်ပါတယ်၊ စိတ်ဝိညာဉ်အကြွင်းအကျန်စွမ်းအားတစ်ခုလောက်နဲ့ ငါ မင်းကို ဘာမှ မလုပ်နိုင်ဘူး၊ ဒါပေမယ့် ဒါက ငါ့ရဲ့စိတ်ဝိညာဉ်နေရာလပ်ပဲ၊ စိတ်ဝိညာဉ်နေရာလပ်ကြောင့်ပဲ ငါ့ရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်ကို ထိန်းသိမ်းထားနိုင်တာ"

"စိတ်ဝိညာဉ်နေရာလပ်လား"

လီဖူချန်းက နတ်ဘုရားစိတ်ဝိညာဉ်နေရာလပ်ဆိုတဲ့စကားလုံးကို ဘယ်တုန်းကမှ မကြားဖူးပါဘူး။

အသံက ရှင်းပြခဲ့တယ်"ငါ့ရဲ့ကျန်ရှိနေတဲ့မှတ်ဉာဏ်က ပြောတယ်၊ စိတ်ဝိညာဉ်နေရာလပ်က အားကောင်းတဲ့စိတ်ဝိညာဉ်အတတ်တစ်ခုပဲ၊ ၎င်းကို အသုံးပြုပြီး ရန်သူရဲ့တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာမက ရန်သူရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကိုလဲ ပိတ်ထားနိုင်တယ်၊ စိတ်ဝိညာဉ်အကြွင်အကျန်တွေကို ထိန်းသိမ်းပေးနိုင်တဲ့လုပ်ဆောင်ချက်လဲ ရှိတယ်"

"ဒီလိုကိုး"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

"ဘာလို့ မင်းက လုံးဝမကြောက်တာလဲ၊ ထားလိုက်တော့၊ မင်းနဲ့ စကားပြောတာ ရပ်လိုက်မယ်၊ မင်းကိ ငါ့ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာစေမယ်......" လီဖူချန်းရဲ့စိတ်ဝိညာဉ်နောက်မှာ ပုံရိပ်တစ်ခုက ထွက်ပေါ်လာပြီး လီဖူချန်းဆီ ပြေးဝင်လာတယ်။

အမ်......

ရွှေရောင်အလင်းက လီဖူချန်းရဲ့စိတ်တိညာဉ်မှ ဖူးပွင့်လာပြီး ပုံရိပ်ကို ရွှေရောင်အလင်းက ဖယောင်းတိုင်တစ်တိုင်ပမာ ထွန်းလင်းသွားစေတယ်၊ မမြင်နိုင်တဲ့ပုံရိပ်ခန္ဓာကိုယ်က စတင်အရည်ပျော်ကျလာတယ်။

"အာ..... ဒါ ဘယ်လိုစိတ်ဝိညာဉ်ရတနာမျိုးလဲ"

ပုံရိပ်က ကြောက်လန့်တကြား အော်ဟစ်လိုက်လေတယ်။

All Chapters