← Chapters

ရိတ်သိမ်းခြင်း

Vol. 83 Ch. 1171

ရိတ်သိမ်းခြင်း

Vol. 83 Ch. 1171

"ဒါက မင်းကို သတ်နိုင်တဲ့စိတ်ဝိညာဉ်ရတနာတစ်ခုလေ" လီဖူချန်းက ပြောလိုက်တယ်။

ရွှေရောင်အဆောင်က ဘာလဲဆိုတာတော့ လီဖူချန်းက မသိဘူး။

လက်ရှိအချိန်ထိ ရွှေရောင်အဆောင်မှာ လုပ်ဆောင်ချက်သုံးခုရှိတယ်။

ပထမကတော့ စိတ်ဝိညာဉ်ကို အားဖြည့်ပေးဖို့၊ ဒုတိယကတော့ စိတ်ဝိညာဉ်စွမ်းအားမှ မသန့်စင်မှုတွေကို ဖယ်ရှားပေးဖို့၊ တတိယကတော့ စိတ်ဝိညာဉ်ကို ကာကွယ်ဖို့။

"ငါ မှတ်မိပြီ၊ ငါ့နာမည်က ဝူပထျန်း၊ ငါက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ပဲ၊ မင်း ငါ့ကို သတ်လို့မရဘူး၊ မင်းရဲ့စိတ်ဝိညာဉ်ရတနာကို အမြန်ဆုံးသိမ်းထားလိုက်" ပုံရိပ်က ကြောက်ရွံ့မှုအောက်မှ မှတ်ဉာဏ်အရိပ်အမြွက်တစ်ခုကို ပြန်ရလာခဲ့တယ်။

"အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားလား"

လီဖူချန်းက ရှင်းလင်းသွားပြီ။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားက အလွန်အားကောင်းတယ်။ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနှစ်ယောက်အကြားတိုက်ပွဲမှာ သူတို့က စနေဂြိုလ်ကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့ရတယ်။

ကံမကောင်းစွာနဲ့ ဆန်းကြယ်နတ်ဘုရားတစ်ယောက်က ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ သူ့ရဲ့စိတ်ဝိညာဉ်ကို ဝါးမျိုချင်ရင်တော့ သေရလိမ့်မယ်။

ရွှေရောင်အဆောင်က အခြားသူတွေရဲ့စိတ်ဝိညာဉ်ကို စတင်မတိုက်ခိုက်ပေမယ့် ကျူးကျော်လာတဲ့စိတ်ဝိညာဉ်တွေကိုတော့ အညှာအတာကင်းမဲ့တယ်။

ရွှေရောင်အဆောင်ရဲ့ရွှေရောင်အလင်းအောက်မှာ ဝူပထျန်းရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်က လျင်မြန်စွာအရည်ပျော်ကျလာပြီး လိမ္မော်ရောင်ရောင်အရည်တစ်စက်သာ ချန်ထားရစ်ခဲ့တယ်။

ဒါက မသန့်စင်မှုတွေမပါတဲ့စိတ်ဝိညာဉ်အဆီအနှစ်ဖြစ်ကာ တိုက်ရိုက်စုပ်ယူနိုင်တယ်။

အခြားသူတွေက နတ်ဘုရားစိတ်ဝိညာဉ်ရဲ့အဆီအနှစ်ကို ဝါးမျိုတဲ့အခါ သူတို့က မသန့်စင်မှုတွေ၊ စိတ်ဝိညာဉ်အမှတ်အသားတွေကို အနည်းအများဝါးမျိုရပါလိမ့်မယ်။

သူ့မှာ ရွှေရောင်အဆောင်ရှိတာကြောင့် ဒီလိုပြဿနာမရှိပါဘူး။

ဝေါင်း.......

ဝူပထျန်းရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်က လိမ္မော်ရောင်အရည်စက်အဖြစ် ပြောင်းသွားတာကြောင့် နတ်ဘုရားစိတ်ဝိညာဉ်နေရာလပ်က အလိုအလျောက် ပျောက်ကွယ်သွားတယ်၊ လိမ္မော်‌ရောင်အရည်စက်က လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်လာပြီး လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က နတ်ဘုရားစိတ်ဝိညာဉ်ခန္ဓာကိုယ်အဖြစ် ပြန်ရောက်လာခဲ့တယ်။

လေးဆယ်ရာခိုင်နှုန်း။

ငါးဆယ်ရာခိုင်နှုန်း။

ဒီလိမ္မော်ရောင်အရည်စက်ကို စုပ်ယူပြီးနောက် လီဖူချန်းရဲ့အဝါရောင်ဖျော့ဖျော့စိတ်ဝိညာဉ်က အဝါရောင်ပြောင်းသွားခဲ့တယ်။

"ဆန်းကြယ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်ဆိုတဲ့အတိုင်းပဲ"

လီဖူချန်းက ချီးကျူးလိုက်တယ်။

ဒါက ဆန်းကြယ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်ရဲ့အဆီအနှစ်ဖြစ်တယ်။ ဆန်းကြယ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်အကုန်လုံးဆိုရင် သူ့ရဲ့စိတ်ဝိညာဉ်က အဝါရောင်အဖြစ် အလွယ်တကူ ပြောင်းနိုင်ပြီး လိမ္မော်ရောင်စိတ်ဝိညာဉ်အဖြစ်တောင် တိုးတက်သွားနိုင်တယ်။

ဝူပထျန်းရဲ့စိတ်ဝိညာဉ်အကြွင်းအကျန်ပျောက်ကွယ်သွားခြင်းနဲ့အတူ အသက်အား(မူလချီ)ကန်က ပုံမှန်အခြေအနေသို့ ပြန်ရောက်လာခဲ့တယ်။

လီဖူချန်းက တွက်ချက်မှုပြုလုပ်ခဲ့ပြီး သူက ကျောက်တုံးကြိတ်နတ်ဘုရားအစီအရင်ကို ပုံမှန်အတိုင်း ထိန်းသိမ်းရုံမျှပဲဆိုရင် ကျောက်တုံးကြိတ်နတ်ဘုရားအစီအရင်က တစ်နေ့မှာ အညံ့စားနတ်ဘုရားကျောက်တုံးတစ်ဘီလီယံလောက်ပဲ အသုံးပြုပေလိမ့်မယ်။

အစီအရင်ကို ချိုးဖြတ်ဖို့ဆိုရင် တစ်နေ့မှာ အညံ့စားနတ်ဘုရားကျောက်တုံးဘီလီယံတစ်ရာအထိ သုံးစွဲလိမ့်မယ်။

အသက်အား(မူလချီ)ကန်ကို ဖြည့်ပြီးနောက် လီဖူချန်းက ကျောက်တုံးကြိတ်နတ်ဘုရားအစီအရင်ကို အသက်သွင်းကာ အလတ်စားပန်းပဲခန်းမကို ကာကွယ်ထားတဲ့နတ်ဘုရားအစီအရင်ကို စတင်ဖယ်ရှားခဲ့တယ်။

အုန်း.......

နောက်ထပ်နာရီဝက် ကြာသွားတယ်၊ နတ်ဘုရားအစီအရင်ကို ချိုးဖြတ်သွားတယ်။

ခန်းမတံခါးကို တွန်းဖွင့်လျက် လီဖူချန်းက ဝင်လာတယ်။

မူလပန်းပဲခန်းမနဲ့ ယှဉ်ရင် အလတ်စားပန်းပဲခန်းမက ပိုပေါ်လွင်ပြီး ပန်းပဲပစ္စည်းတွေကလဲ ပိုအဆင့်မြင့်တယ်။ မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့သတ္တုရိုင်းတွေက ကြယ်နှစ်လုံးအဆင့်မြင့်ဒါမှမဟုတ်ကြယ်သုံးလုံးအဆင့်နိမ့်အဆင့်မှာ ရှိကြတယ်။

ဘေးခန်းမကို ဝင်ရောက်ပြီးနောက် လီဖူချန်းက ပြုံးလိုက်တယ်။

ဘေးခန်းမထဲမှာ နတ်ဘုရားသုံးအဆောင်ပစ္စည်းတွေ ရှိတယ်။

လီဖူချန်း ထွက်လာပြီးနောက် သူ့လက်ထဲမှာ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ရာကျော်ပါလာတယ်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ခုနှစ်ဆယ်ရာခိုင်နှုန်းရှိပြီး အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက သုံးဆယ်ရာခိုင်နှုန်းရှိတယ်။

ဒီနည်းလမ်းအတိုင်းပဲ လီဖူချန်းက ‌ဆေးခန်းမနဲ့ပစ္စည်းခန်းမတို့ကို ထိုးဖောက်ခဲ့တယ်။

ဆေးခန်းမထဲမှာ ကြယ်နှစ်လုံးအဆင့်မြင့်ဆေးတွေ၊ ကြယ်သုံးလုံးအဆင့်နိမ့်ဆေးတွေကို တွေ့ရှိခဲ့တယ်။ ပစ္စည်းခန်းမထဲမှာ ပန်းပဲပစ္စည်းတွေနဲ့‌ဆေးပစ္စည်းအမြောက်အများကို တွေ့ရှိခဲ့တယ်။

နောက်ထပ်တားမြစ်နေရာကို သွားတဲ့အခါ လီဖူချန်းက အတားအဆီးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး ကြီးမားတဲ့ဓားအမှတ်အသားက သူ့ရဲ့လမ်းကို ဟန့်တားခဲ့တယ်။

ဒီဓားအမှတ်အသားက အလွန်ကြောက်စရာကောင်းတယ်။ ဓားအမှတ်အသားပေါ်ကနေ ပျံသန်းလိုက်တာနဲ့ သူက ဓားအမှတ်အသားမှ ထုတ်လွှတ်တဲ့ဓားအရှိန်အဝါကြောင့် သေချာပေါက်အသတ်ခံရမယ်လို့ လီဖူချန်းက စိတ်ထင်နေတယ်။

ဒီလမ်းကို တားဆီးထားတာကြောင့် လီဖူချန်းက ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချခဲ့ပြီး မူလလမ်းကြောင်းအတိုင်း ချက်ချင်း လှည့်ပြန်လာကာ လင်းယွင်ခယ်လိုဏ်ဂူရဲ့ကျန်နေရာများကို စတင်ရှာဖွေခဲ့တယ်။

ကျောက်တုံးကြိတ်နတ်ဘုရားအစီအရင်နဲ့အတူ လီဖူချန်းရဲ့ရိတ်သိမ်းမှုက ကြီးမားတယ်။ တစ်ပတ်ကြာပြီးနောက် လီဖူချန်းက အလတ်စားလေ့ကျင့်ရေးခန်းမတစ်ခုကို တွေ့ခဲ့တယ်။ အလတ်စားလေ့ကျင့်ရေးခန်းမရဲ့အတွင်းပိုင်းကို လေ့ကျင့်ရေးအခန်းဒါဇင်ကျော်အဖြစ် ခွဲခြားထားတယ်။ စိတ်ဝိညာဉ်စုစည်းခြင်းနတ်ဘုရားအစီအရင်ကို ဆင်ထားတာကြောင့် လေ့ကျင့်ရေးအခန်းမှာ ကျင့်ကြံရတာက အသက်အား(မူလချီ)စုပ်ယူမှုကို ပိုမြန်စေတဲ့အပြင် စိတ်ဝိညာဉ်စုစည်းခြင်းနတ်ဘုရားအစီအရင် ရဲ့အားဖြည့်မှုအောက်မှာ စိတ်ဝိညာဉ်က ပိုပိုပြီးခွန်အားပြည့်ဝလာလိမ့်မယ်။

ဝိညာဉ်စုစည်းခြင်းနတ်ဘုရားအစီအရင်က လုပ်ဆောင်မှုကို ထိန်းသိမ်းဖို့ နတ်ဘုရားကျောက်တုံးတွေ လိုအပ်တယ်။ လီဖူချန်းက တစ်ခဏ ရှာဖွေခဲ့ပြီး အလတ်စား‌လေ့ကျင်ရေးခန်းထဲမှာ စက်ယန္တရားတစ်ခုကို တွေ့ခဲ့တယ်။ ယန္တရားကို ဖွင့်လိုက်တဲ့အခါ ကြီးမားတဲ့လျှို့ဝှက်ခန်းတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာတယ်။

လျှို့ဝှက်ခန်းထဲမှာ ဘာမှမရှိဘူး၊ နတ်ဘုရားကျောက်တုံးတွေကပဲ တောင်ပုံရာပုံရှိတယ်။

လီဖူချန်းက ရေတွက်ကြည့်လိုက်ရာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ရာဘီလီယံနဲ့ အလယ်ဆင့်နတ်ဘုရားကျောက်တုံးဆယ်သန်းတို့ကို တွေ့ရှိခဲ့တယ်။

အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေနဲ့ နှိုင်းယှဉ်ရင် အလယ်ဆင့်နတ်ဘုရားကျောက်တုံးတွေထဲရှိအသက်အား(မူလချီ)က ပိုသိပ်သည်းပြီးပိုသန်စင်တယ်။ အထဲရှိဥပဒေသကလဲ ပိုရှင်းလင်းပြီး ပိုပြီးပြည့်စုံတယ်။

ယေဘုယျပြောရရင် ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ ဆန်းကြယ်နတ်ဘုရားတွေကပဲ ကျင့်ကြံဖို့အတွက် အလယ်ဆင့်နတ်ဘုရားကျောက်တုံးတွေကို အသုံးပြုနိုင်တယ်။

"အလယ်ဆင့်နတ်ဘုရားကျောက်တုံးဆယ်သန်းက စိတ်ဝိညာဉ်နတ်ဘုရားတွေအတွက်တောင် ဘာမှ မဟုတ်ဘူးဆိုပေမယ့် ငါ့အတွက်တော့ သူတို့က အချိန်အကြာကြီးသုံးစွဲဖို့ လုံလောက်တယ်"

လီဖူချန်းက အစစ်အမှန်နတ်ဘုရားတစ်ယောက်သာ ဖြစ်တယ်။ သူက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေနဲ့ ကျင့်ကြံမယ်ဆိုရင် တစ်နေ့မှာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်သောင်းသုံးစွဲရင် တစ်နှစ်ကို အများဆုံးသန်းအနည်းငယ် ရှိလိမ့်မယ်။

ပြီးတော့ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်တုံးကို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်သောင်းနဲ့ ဖလှယ်နိုင်တယ်။ ဒီနည်းလမ်းအရ အလယ်ဆင့်နတ်ဘုရားကျောက်တုံးကို သုံးပြီး ကျင့်ကြံမယ်ဆိုရင် လီဖူချန်းက တစ်နေ့ကို တစ်ဒါဇင်လောက်ပဲ အသုံးပြုဖို့ လိုအပ်လိမ့်မယ်၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးဆယ်သန်းက သူ့အတွက် နှစ်ထောင်ချီအသုံးပြုဖို့ လုံလောက်တယ်။

လဝက်ခန့်ကြာပြီးနောက် လီဖူချန်းက နောက်ထပ်နတ်ဘုရားဆေးဥယျာဉ်တစ်ခုကို ရှာတွေ့ခဲ့တယ်။

ဒီနတ်ဘုရားဆေးဥယျာဉ်ထဲမှာ အဆင့်နိမ့်ဆုံးနတ်ဘုရားဆေးပင်တွေက ကြယ်နှစ်လုံးအဆင့်မြင့်အဆင့်ရှိပြဖိး အဆင့်မြင့်ဆုံးက ကြယ်သုံးလုံးအလယ်ဆင့်ကို ရောက်ရှိနေတယ်။

အရင်က လီဖူချန်းက ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားဆေးပင်တွေကို ဂရုမစိုက်ခဲ့ပါဘူး၊ ဘာလို့ဆို ဒီကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားဆေးပင်တွေက ပေါများပြီး တန်ဖိုးနိမ့်လို့ပဲ၊ ဒါပေမယ့် ဒီနေရာရဲ့နတ်ဘုရားဆေးပင်တစ်ခုစီက အတော်လေးတန်ဖိုးရှိပြီး သူတို့အများစုက အစစ်အမှန်သွေးကြောဆေးအတွက် အဓိကပါဝင်ပစ္စည်းဒါမှမဟုတ်အကူပစ္စည်းတွေ ဖြစ်ကြတယ်လေ။

"ကြယ်နှစ်လုံးအဆင့်မြင့်အစစ်အမှန်သွေးကြောဆေး‌အတွက် ပါဝင်ပစ္စည်းအားလုံးက စုံနေပြီ၊ အစစ်အမှန်သွေးကြောဆေး‌ကို သန့်စင်နိုင်တဲ့ ကြယ်နှစ်လုံးအဆင့်မြင့်‌ဆေးဆရာတစ်ယောက်ပဲ လိုတော့တယ်"

လီဖူချန်းရဲ့ဓားတာအိုဥပဒေသအဆင့်က လုံလောက်ပေမယ့် သူ့ရဲ့အသက်နယ်ပယ်က မလုံလောက်ဘူး။ အစစ်အမှန်သွေးကြောဆေးက သူ့ရဲ့အသက်နယ်ပယ်ကို အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအထိ ရောက်ရှိစေနိုင်တာလေ။

"ဒါမှမဟုတ် နောက်ကျရင် ဆေးပညာကို သင်ယူပြီး ဆေးဆရာတစ်ယောက်လုပ်ရင် ကောင်းမလား"

လီဖူချန်းက စဉ်းစားနေလေတယ်။

ကုသမလား၊ ကျင့်ကြံမလား၊ နယ်ပယ်ချိုးဖြတ်မလား၊ နတ်ဘုရားဆေးတွေ လိုအပ်တယ်။

ကိုယ်တိုင်က ဆေးဆရာတစ်ယောက်ဆိုရင် ရိုးရှင်းတဲ့ဆေးအချို့ကိုပဲ သန့်စင်နိုင်ရင်တောင် ဝယ်တာထက် အများကြီးပိုကောင်းတယ်။

ဒါပေမယ့် ဆေးဆရာတစ်ယောက်ဖြစ်ချင်ရင် အခြေအနေတွေ ကိုက်ညီဖို့လိုအပ်တယ်။

ပထမ၊ ဆေးတာအိုနဲ့ပတ်သက်ပြီး ပါရမီရှိရမယ်။

ဒုတိယ၊ စိတ်ဝိညာဉ်က လုံလုံလောက်လောက်သန်မာရမယ်။ သာမန်စိတ်ဝိညာဉ်ဒါမှမဟုတ်အားနည်းတဲ့စိတ်ဝိညာဉ်တွေရှိတဲ့သူတွေအနေနဲ့ ဆေးတာအိုမှာ အောင်မြင်မှုရဖို့ ခက်ခဲတယ်။

တတိယ၊ မီးတာအိုဥပ‌ဒေသ၊ ရေတာအိုဥပ‌ဒေသတို့လို ဆေးတာအိုဥပဒေသတစ်ခုခုကို ကျွမ်းကျင်ဖို့ လိုအပ်တယ်၊ မင်းက ဒြပ်စင်ငါးခုဥပဒေသဒါမှမဟုတ်ယင်ယန်ဥပဒေသတို့ကို ကျွမ်းကျင်ရင် ပိုတောင်‌ ကောင်းပါလိမ့်မယ်။

ပထမတစ်ခုကလွဲပြီး အခြားနှစ်ခုကတော့ လီဖူချန်းအတွက် ပြဿနာမရှိပါဘူး။

ပထမတစ်ခုကတော့ ကြိုးစားကြည့်မှပဲ သိနိုင်မှာ။

"အလျင်လိုစရာမလိုဘူး၊ အနာဂတ်မှာ အချိန်တွေရလာမှာ ဒါကို ဖြည်းဖြည်းချင်း လေ့လာရမယ်"

လက်ရှိမှာ လီဖူချန်းမှာ အချိန်လုံလုံလောက်လောက် မရှိဘူး၊ ဆေးတာအိုကို သင်ယူဖို့က အတွေးတစ်ခုမျှပဲ။

နတ်ဘုရားဆေးဥယျာဉ်ရဲ့နတ်ဘုရားအစီအရင်ကို ချိူးဖြတ်ပြီးနောက် လီဖူချန်းက နတ်ဘုရားဆေးပင်အားလုံးကို ရိတ်သိမ်းလိုက်တော့တယ်။

ဒီအတောအတွင်း နတ်ဘုရားသတ်ဖြတ်သူပြားပိုးလောင်းတွေက လီဖူချန်းကို ပြဿနာရှာဖို့ လာကြပေမယ့် ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး။

သူက စိတ်ဝိညာဉ်တာအိုကျွန်ပြုခြင်းအတတ်ကို မသင်ယူထားရလို့ပဲ၊ မဟုတ်ရင် သူက ဒီစိတ်ဝိညာဉ်သတ်ဖြတ်သူပြားပိုးလောင်းတွေကို ကျွန်ပြုဖို့ ကြိုးစားနေလောက်ပြီ။

တကယ်တော့ စိတ်ဝိညာဉ်သတ်ဖြတ်သူပြားပိုးလောင်းတွေက အရွယ်ရောက်လာရင် ဆန်းကြယ်နတ်ဘုရားနဲ့တောင် ယှဉ်နိုင်တဲ့တည်ရှိမှုတွေ ဖြစ်ကြတာလေ။

All Chapters